Transalated by Mia💙

Zawgyi

ရှီရှန်းပြောထားတဲ့အတိုင်းပဲ ကျောက်ကျုံရဲ့စက်ရုံတွေက အစပိုင်းမှာ အရမ်းကောင်းနေပေမယ့် သူတို့တွေအော်ဒါတွေတင်ပြီးတဲ့နောက်မှာပဲ ပြဿနာတွေမျိုးစုံပေါ်လာတယ် လူတွေကသူတို့စက်ရုံတွေကထိန်းချုပ်မရဘူးလို့ ထင်မြင်ချက်တွေပေးလာကြတယ်

အစပိုင်းမှာတုန်းကတော့ အစိုးရကတောင်အားပေးထောက်ပံပေးတဲ့အထိကို ရောင်းကောင်းနေတယ် ဒါကြောင့်ဘသူတို့လည်းထပ်ပြီးထုတ်လုပ်လို့ရအောင်ဆိုပြီး ကုန်ကြမ်းတွေဝယ်ထားတယ်

ဒါပေမဲ့အခု ဘယ်သူကဒါကို သုံးရဲတော့မှာလဲ ရလဒ်အနေနဲ့ စက်ရုံတွေတစ်ပြုံလိုက်ကြီး သိုလှောင်ခန်းထဲမှာဖုန်တက်နေတော့တယ်

ကျောက်ကျုံတစ်ယောက် ဘာလုပ်ရမလဲမသိသလို ချင်ကောကို ရှီရှန်းက အကြံညဏ်တစ်ခုပေးလိုက်တယ်

"အဲ့စက်ရုပ်တွေကို ဈေးနည်းနည်းပေးပြီးတော့ ပြန်ဝယ်လိုက် ကျွန်မ စစ်ဆေးကြည့်ပြီးသွားပြီ အပြင်ခွံတွေက ဘာမှပြဿနာမရှိဘူး သူတို့ကအကောင်းဆုံးတွေပဲရွေးသုံးထားတာ"

ချင်ကောကသူမကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တယ်
"ကိုယ်တို့အဲ့ဟာတွေ သွားဝယ်ရင်အလဟသတ် ဖြစ်ကုန်မှာပေါ့
ကိုယ်တို့ဟာတောင် သေသေချာချာ မတိုးတက်သေးတာ အခြားအသုံးမကျတဲ့ ပရောဂျက်ကို ဘာလို့ဝယ်မှာလဲ"

"သွားသာဝယ်ပါ, ရှင်လုပ်ရမှာဆိုလို့ သူတို့ဆီကဒါကိုဝယ်ဖို့ပဲ"

ချင်ကောက အမြဲတမ်းသူ့ဇနီ စကားကိုနားထောင်တယ် သူမက သူ့ပိုက်ဆံတွေအားလုံးကို ဖြုန်းပစ်မယ်ဆိုရင်တောင်ပေးနေဦးမှာပဲ ဒါကြောင်ကုမ္ပဏီက ကန့်ကွက်တဲ့သူတွေရဲ့ စကားကို လျစ်လျူရှုပြီး စက်ရုပ်တွေကို ဝယ်လိုပ်တယ် ရှီရှန်းက အဲတာတွေကို ရှာဖွေရေးအခန်းကို ခေါ်သွားပြီး ပညာရှင်တွေကို ပရောဂျက်နည်းနည်းပြောင်းပေးဖို့ပြောလိုက်တယ်

'CEOရဲ့မိန်းမက အတော်လေးကိုပညာရှိတာပဲ သူမျကိုညစ်တဲ့နေရာမှာ ဟုတ်တယ်မလား'

"အမ, ကျွန်တော်တို့ ဒီဗီဒီရိုကို ပရိုမိုးရှင်းဆင်းတဲ့အခါမှာ သုံးချင်တယ် အဆင်ပြေမလားမသိဘူး"
ဈေးကွက်ဆိုင်ရာမှာ တာဝန်ယူထားတဲ့သူက ဝင်ပြောတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now