Transalated by Mia💙

Zawgyi

နှစ်​ယောက်သားနောက်တစ်ကြိမ်ထပ်လုပ်ပြီးတဲ့အခါမှာ ရှီရှန်းက အပြန်ပြည့်ဖို့ဝိညဉ်စွမ်းအင်သုံးထားရာကနေ တစ်ဖန်ပြန်လည် မောပန်းသွားတယ်

'ရှင့်ကို သားရဲတစ်ကောင်လို့ခေါ်ကြတာမထူးဆန်းတော့ပါဘူးလေ တစ်ကယ်လဲသားရဲတစ်ကောင်ပဲကို'

"ကျွန်မရှင့်ကို ပြောထားမယ်နော် ရှင်နဲ့တစ်ခါလုပ်တိုင်း ကျွန်မ ငွေဆယ်သန်းပေးမှာမဟုတ်ဘူး ဒါပေမဲ့အနာဂတ်မှာတော့ ရှင်နဲ့တစ်ခါလုပ်တိုင်း ကျွန်မရှင့်အပေါ်မှာ စိတ်ဝင်စားမှုများလာမှာပဲ
ရှင်ကျွန်မကို သန်းတစ်ရာပေးရမယ်"

"ရတယ်လေ"
သူမလိုချင်တာမှန်သမျှ သူပေးမှာပဲ

ချင်ကောက ကပ်စေးနည်းတဲ့သူမဟုတ်ဘူး သူမကသူ့ကိုပိုက်ဆံပေးရင်လည်း လက်ခံမှာပဲ သူကဂုဏ်တောင်ယူနေသေးတယ် သူ့ခန္ဓာကိုယ်နဲ့ ပိုက်ဆံရှာတာလေ...... အခြားသူတွေရော လုပ်ချုင်ပါတယ်ဆို လုပ်လို့ရလို့လား?

ရှီရှန်းရဲ့ အခြေအနေကို စဉ်းစားမိတဲ့အခါမှာ ချင်ကောက အတော်လေး ဖိအားများလာတယ်
'တစ်ခါလုပ်ဖို့ကိုတောင် သန်းတစ်ရာတဲ့.....ငါငွေဘယ်လောက်တောင်ရှာရမှာပါလိမ့်'

ရှီရှန်းက ချင်ကောကို ကဒ်တစ်ကဒ်ကမ်းပေးလိုက်တယ်ပြီးတော့ နတ်ဘုရားတိုင်းကွန်းရဲ့ ပုံစံနဲ့ပြောလိုက်တယ်
" ဘေဘီ သုံးချင်သလောက်သာသုံးလိုက်"

ချင်ကောကရယ်ပြီး ကဒ်ကိုယူလိုပ်တယ်
'သူအရင်တုန်းကငါ့ကို သိမ်းပိုက်မယ်လို့ပြောဖူးတယ်နေယ် အတည်ကြီးဖြစ်သွားမယ်လို့မထင်ထားဘူး'

ရှီရှန်းနဲ့ ချင်ကော ဟိုတယ်ကနေထွက်လာတဲ့အခါမှာ ထျန်းကျင်းချန်နဲ့ချောင်ချန်းချန်းကို သူတို့တွေ့လိုက်ရတယ်

သူတို့နှစ်ယောက်က ကောင်တာမှာရပ်နေ့ပြီးတော့ သိပ်ပြီးပျော်ရွှင်နေတဲ့ပုံတော့မပေါက်ဘူး

ရှီရှန်းရဲ့ လက်တွေက ချင်ကောရဲ့လက်မောင်းကို ချိတ်ထားတာကိုသူမြင်ရတဲ့အခါမှာ ချောင်ချန်းချန်းရဲ့မျက်နှာက ပိုပြီးတော့တောင် စိတ်ပျက်သွားတယ် ရှီရှန်းကလည်းဒါကို ဖုံးကွယ်ဖို့မကြိုးစားဘူး

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now