ရှီရှန်းကသူတို့နဲ့ ခပ်ဝေးဝေးမှာထိုင်နေပြီးသူတို့အတင်းပြောနေကြတာကို ကြည့်နေတယ်

"အာ...ဟုတ်သားပဲ နင်တို့တွေ ထျန်းကျင်းချန်က ဘယ်သူ့ကိုကြိုက်နေတာလဲဆိုတာကိုရော သိကြလား"

မိန်းကလေးတစ်ယောက်က ခေါင်းစဥ်လွှဲလိုက်တယ် 

"ဘယ်သူလဲဘယ်သူလဲ.... ငါသိတဲ့သူလား"

ကောင်မလေးတစ်ယောက်က အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်

"ဘဏ္ဍာရေး မေဂျာက ချောင်ချန်းချန်းတဲ့"

"သူမလား? ...သူမက ဘွဲ့လွန်ရနေပြီလေ"

ကောင်မလေးတစ်ယောက်က ဝင်ပြောတယ်

"အဲတာဆို သူက ထျန်းကျင်းချန်ထက်အသက်ကြီးမှာပေါ့"

"ဟုတ်တယ်.....ထျန်းကျင်းချန် က ရင့်ကျက်တဲ့ ပုံစံကို ကြိုက်တာလေ"

ဖောင်း!!!....

အနောက်မှာ ထိုင်နေတဲ့မိန်းကလေးက စားပွဲကို ရိုက်ပြီး ထသွားတယ်

အတင်းပြောနေတဲ့ မိန်းကလေးတွေကလည်း အသံလာရာကို လှည့်ကြည့်မိကြတယ်

"သူမလား ချောင်ချန်းချန်းဆိုတာ"

"သူမပဲ"

"ကြည့်ရတာတော့ လှပါတယ်"

"လှတော့ရော ဘာဖြစ်လဲ ထျန်းကျင်းချန်ထက်ပဲ အသက်ကကြီးနေပြီကို"

"နွားအိုမြက်နုကြိုက်နေတာလေ"

ချောင်ချန်းချန်းက ဒီဘက်ကိုလှည့်လိုက်် သူမလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတာကြောင့် ဖြူဖတ်​ေနပြီ

ပတ်ဝန်းကျင်က အသံတွေက သူမကိုဒေါသထွက်စေတယ် ထျန်းကျင်ချန်လိုက်နေတာ သူမဆိုတာသိကတည်းက ကျောင်းသူတွေက သူမကိုအသက်နဲ့ပတ်သတ်ပြီး ကဲ့ရဲ့ကြတာမပြီးတော့ဘူး သူမကိုယ်တိုင်ကပဲ အပြစ်ကြီးကြီးမားမားတစ်ခု ကျူးလွန်ထားသလို ပြောဆိုနေကြတယ်

ချောင်ချန်းချန်း တစ်ယောက်အတွေးနယ်ပယ်ထဲမှာ လမ်းပျောက်နေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူမနောက်ကနေပေါ်လာပြီးတော့ ရင်ခွင်ထဲဆွဲထည့်လိုက်တယ် ပြီးတော့ ကော်ဖီဆိုင်ကို ထွက်လာတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now