အရေးအကြီးဆုံးအချက်က​တော့ ကြည့်စရာ ​မြောက်ပွဲရှိ​နေတယ်ဆိုတာပဲ
​ကျောက်စိမ်း​ရေစင် ကျေးရွာက အတော်လေးဝေးကွာလှတယ် ရှီရှန်းလည်း  ရထားတစ်စင်းငှားရမ်းခဲ့တာ​တောင် နှစ်ပတ်ကြာတဲ့အထိ မရောက်သေးဘူး

"မိန်းက​လေး..ကျွန်​တော် ငါးသွားဖမ်းလို့ရမလား" ခပ်လှမ်းလှမ်းကမြစ်ကိုလှမ်းကြည့်ရင်း ယာဉ်မောင်းကစိတ်ထက်သန်စွာအကြံပြုတယ်

ရှီရှန်းကဘာမှပြန်မပြောသောကြောင့်သူကအင်္ကျီလက်​တွေကို ဆွဲတင်ကာမြစ်ကမ်းပါးဆီသို့လျှောက်လာခဲ့တယ်
ဒီလွန်ခဲ့သော သီတင်း၂ပတ်အတွင်း ရထားမောင်းက သူမစကားများများပြောလေ့မရှိကြောင်းသတိပြုမိခဲ့တယ်။
သူမကိုတစ်ခုခုမေးခဲ့လို့ မငြင်းဆန်ဘူးဆိုရင် ဒါကသူမသဘောတူသွားပြီလို့ဆိုလိုတာပဲ

ရှီရှန်းက သူ့နောက်သို့လိုက်သွားပြီး ငါးမျှားတာကို ရပ်ကြည့်​နေခဲ့တယ်။ အချိန်အ​တော်ကြာမြင့်တဲ့အထိ မဖမ်းနိုင်ဘဲဖြစ်​နေတာ​ကြောင့်  သူနည်းနည်းရှက်သွားသလိုခံစားရတယ်။
ရှီရှန်း ရပ်ကြည့်နေစဉ်အတွင်း ငါးတစ်ကောင်မျှမဖမ်းနိုင်ခဲ့ရင် သူ့အတွက် အခ​ကြေး​​ငွေ​လျော့လိမ့်မယ်လို့ ခံစားခဲ့ရတယ်

ရှီရှန်းက သူမရဲ့ ဓားရှည်ကိုရုတ်တရတ်ဆွဲလိုက်ပြီး မြစ်ဘက်ကို ညင်ညင်သာသာပ ​ေ၀ှ့ယမ်းလိုက်တယ်
မြစ်ဟာ ဟက်တက်ကွဲသွားပြီး အထက်ကိုမြင့်တက်လာတာနှင့်အမျှ  ​ရေပြန်ကျလာချိန်မှာ အရင်က ငြိမ်သက်နေတဲ့ ​ရေမျက်နှာပြင်တစ်လျှောက်မှာ ငါး​တွေအများကြီး​ပေါ​လော​ပေါ်​နေတာကို ​တွေ့ရတယ်
ရထားမောင်းသူဟာ မြစ်ကို အံ့ဩတကြီး
ငေးကြည့်​နေ​လေတယ် 

'ကိုယ်ခံပညာကိုဒီအတိုင်းသုံးလို့ရလား'

ဒီအမျိုးသမီးက ဓားပြအချို့ကိုဘယ်လို​တောင် လွယ်လွယ်ကူကူရှင်းလင်းနိုင်ခဲ့တယ်ဆိုတာကို မျက်မြင်တွေ့ခဲ့ရတဲ့အတွက် သူမရဲ့ ဓါး​​ရေးအစွမ်းကို သူမအံ့ဩ​တော့ဘူး
ဒါပေမယ့် သူ့တစ်သက် ဒီလိုငါးဖမ်းတဲ့သူကိုတစ်ခါမှမမြင်ဖူးဘူး။

"ရှင်ဘာအတွက်​​ငေးနေတာလဲ။ ရှင် အခုမဖမ်းရင် ငါးထွက်ပြေးလိမ့်မယ်"
ရှီရှန်းကသူမရဲ့ဓားကို မြေပြင်သို့ထိုးစိုက်လိုက်တယ်.

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now