"မင်းကြားပြီးပြီလား။ ဖူယိယွင်နဲ့ ကျန့်ကျန်း တို့ ​ကျောက်စိမ်း​ရေစင်ရွာမှာ ပြိုင်ပွဲတစ်ပွဲရှိတယ်  နံပါတ်တစ်ဓားသမားနဲ့နံပါတ်တစ်နတ်ဆိုး ... ဒါဟာကြည့်​ကောင်းမယ့်ပွဲတစ်ခုဖြစ်လိမ့်မယ်! "

ရှီရှန်းရဲ့ခြေလှမ်း​တွေ ရပ်တန့်သွားပြီး လမ်းဘေးမှာထိုင်ပြီး ​ဆွေး​နွေးနေကြတဲ့သူတောင်းစား​တွေကိုကြည့်လိုပ်တယ်

ကျန််ကျန်းဟာ မူလဇာတ်​ကြောင်းမှာ နတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ် ဖြစ်ပြီး အခြေခံအားဖြင့်မယုံကြည်နိုင်​လောက်​တဲ့ အပြစ်သား​တွေရဲ့ ပြယုဒ်ဖြစ်တယ်

'ဒီလူက ဝတ္ထုရဲ့finalbossများလား '
ရှီရှန်အနည်းငယ်မျက်မှောင်ကြုတ်လိုက်တယ်
'ဒီတခါတော့ System ကဘာလို့သူ့အချက်အလက်တွေကိုမဖျက်တာလဲ '

"​ကျောက်စိမ်း​ရေစင်ရွာ? ဘယ်တော့လဲ?"

"အခုကနေတစ်လ​နေရင်...
သူတို့ကဒီပွဲအတွက်ဖိတ်စာတွေပို့နေတယ်လို့လည်းကြားတယ်"

"နှ​မျောစရာပဲ...ငါတို့သူတောင်းစားဂိုဏ်းကပြောစမှတ်အများကြီးမရှိဘူး.. ဒါကြောင့်ငါတို့သွားလို့မရ​လောက်ဘူး"

[Side Quest: ပြုပြင်ပြောင်းလဲရေး [၃] ။ ]
Systemရဲ့ ရုတ်တရက်​ပေါ်လာမှုကြောင့် ရှီရှန်းရဲ့ နှုတ်ခမ်း​တွေ တွန့်ကွေးသွားတယ်

'ဘယ်လိုပြုပြင်ပြောင်းလဲရေးလဲ။ ပြီးတော့side questတဲ့လား။ '
[နတ်ဆိုးဂိုဏ်းကိုပြုပြင်ပြောင်းလဲဖို့ ဦးတည်ပါ။ ]

ရှီရှန်း "... "
"နတ်ဆိုးဂိုဏ်းကိုပြုပြင်ပြောင်းလဲမှုတွေလုပ်ရင်အဲ့ဒါက“ နတ်ဆိုးဂိုဏ်း” ဖြစ်နေသေးလား..system..နင် ဂိုဏ်းနာမည်ကို ဒီတိုင်း မ​ကျေနပ်​နေတာ မဟုတ်ဘူးလား "

[Host ၊ ဥာဏ်နီဥာဏ်နက်​တွေ မထုတ်ပါနဲ့ ]

ရှီရှန်းမျက်လုံးပြူးသွားတယ်။ 'ဒါဆိုငါဘာလုပ်ရမှာလဲ..နင်ငါ့ကိုကိုက်နိုင်လား'

[……] 'ဒီ Quest ကိုထုတ်ပေးတာကိုရုတ်တရက်နောင်တရမိတယ်။ သခင်! ကျေးဇူးပြုပြီး Quest တွေကိုပြန်ရုပ်သိမ်းပေးနိုင်မယ့် function တစ်ခုလောက်​ပေးလို့ရမလား? '

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now