တကယ်တမ်းတော့ ဝမ်ချောင်က ရှဲ့ကျူရှင်းနှင့်ကျိကျဲကို အတူတူအဆောင်မပြန်စေချင်ရုံသာ။

ရှဲ့ကျူရှင်း မဟုတ်တမ်းတရားများ ကြားချိန်တွင် ပိုလို့တောင် ဒေါသထွက်လာတော့သည်။ "လူတိုင်းက တစ်နေကုန် အတန်းမှာ အကောင်းဆုံးကြိုးစားလုပ်နေရတာ။ နောက်ကျမကျန်ချင်လို့၊ တစ်ဖက်လူအတွက် ဝန်ပို မဖြစ်ရအောင်လို့။ အဆောင်ပြန်ရောက်ရင် ငါတို့အကုန် သေမတတ် ပင်ပန်းနေကြပြီ။ ဒရမ်မာဆန်ဆန် ဇာတ်ကွက်တွေဖြစ်မယ်လို့ တွေးနေရအောင် လူတိုင်းကို မင်းလိုများ ထင်နေလား။ မင်းက အတန်းကိုလည်း သေသေချာချာ လိုက်မတက်ဘူး။ မင်းလုပ်တာဆိုလို့ ဘယ်လိုအပျင်းတစ်ရမလဲ တွေးနေတာချည်းပဲ။"

ဝမ်ချောင် : "..."

သူ မယုံနိုင်သေးသလို ပြောလိုက်သည်။ "မင်း ငါ့ကို စိတ်ဆိုးနေတာလား။"

ရှဲ့ကျုရှင်း : "..."

ဝမ်ချောင် ထပ်မေးသည်။ "ငါမေးနေတယ်လေ၊ မင်း ငါ့ကို စိတ်ဆိုးနေတာလားလို့?!"

ရှဲ့ကျူရှင်း အနည်းငယ်မျှ စိတ်ရှုပ်လာတော့သည်။ "မင်း ပြောသလိုပဲ။"

"ဘာကို 'ငါပြောသလိုပဲ'လဲ။ မင်း ရှင်းရှင်းပြောစမ်းပါ။"

ရှဲ့ကျူရှင်း သူသာ စကားဆက်ပြောနေပါက ပိုဆိုးလာတော့မည်ဟု တွေးမိပြီး ဘာစကားမှ ပြန်မပြောပဲ ဆိတ်ဆိတ်နေရင်းနှင့်သာ ကားဆက်မောင်းနေလိုက်သည်။

ဝမ်ချောင်မှာ ဒေါသထွက်နေသည်ထက် ခေါင်းရှုပ်ခြင်းက ပိုသွားတော့သည်။

သူ နားမလည်။ ဘာလို့ စိတ်သဘောကောင်းလွန်းတဲ့ ရှဲ့ကျူရှင်းက ရုတ်တရက် စိတ်ဆိုးသွားရတာလဲ။ ခုနကအထိ အဆင်ပြေနေသေးတာ မဟုတ်ဘူးလား။

ဘာလို့ သူ အတန်းထဲ ပျင်းရိနေတဲ့ကိစ္စကို ရုတ်တရက် အပြစ်တင်ဆုံးမရတာလဲ။ သူ အပျင်းတစ်နေသည်က ဒီနေ့မှ ဖြစ်တာလဲ မဟုတ်။

သူတို့ ပြန်လာရာလမ်းတစ်လျှောက် စကားတစ်ခွန်းမှ မပြောဖြစ်ခဲ့ကြ။

သူတို့ပြန်ရောက်သည့်အချိန်တွင် ၁၂နာရီ ထိုးပြီးနေပြီ။ ဧည့်ခန်းမီးက ထွန်းထားလျက် ရှိပေမယ့် ဘယ်သူမှ ရှိမနေတော့။ လူတိုင်း အိပ်ပျော်နေပုံပေါ်ကာ တိတ်ဆိတ်လို့နေလေသည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now