ရှန့်ကျားရင်းပြီးသွားတာနဲ့တစ်ပြိုင်နက် ရင်း​မော့က သူမကို ဘေးသို့တွန်းချလိုက်ပြီးရေချိုးခန်းထဲ ၀င်သွားတယ်

သူက နံရံကိုမှီပြီးခေါင်းကိုရေတွေလောင်းချလိုက်တယ်
သူရဲ့စိတ်က ဘာလို့မှန်းမသိဘဲ ယွိကျိုရဲ့ရင်ခွင်ထဲက အမျိုးသမီးဆီ​ရောက်သွားတယ်

သူမရဲ့မောက်မာပြီး ရန်လိုတဲ့အမူအရာ ...

အေးစက်ပြီး လှောင်ပြောင်​မှုအပြည့်နဲ့ သူမရဲ့အပြုံး ...

သူမ သူ့ခန္ဓာကိုယ်အောက်မှာ ရီ​​​ဝေပြီး ညည်းညူ နေမယ့်ပုံကို သူစိတ်ကူးမိတယ်

"သူမက  ရှန့်ကျားရင်းထက်အများကြီးပိုစိတ်ဝင်စားဖို့ကောင်းတယ်"

........

ရှီရှန်းမသိတာက အမျိုးသားဇာတ်လိုက်ကသူမကို စိတ်ဝင်စား​နေတယ်ဆိုတာပဲ..

အခုအချိန်မှာ သူမကိုယ်တိုက် သူ့အတွက် တက်တူးထိုးပေးဖို့ ပူဆာ​နေတဲ့  ယွိကျိုနဲ့ စာရင်းရှင်း​နေရတယ်

'ငါက တက်တူးဘယ်လိုထိုးရတယ် ဆိုတာသိမယ့်ပုံ​ပေါ်​နေလို့လား..'

"ရှင်ကျွန်မကိုတကယ်ဆွဲစေချင်တာလား..ကျွန်မတို့  မနက်ဖြန်မှ တက်တူးဆိုင်သွားကြရ​အောင်ပါ"
ရှီရှန်းက တုံ့ဆိုင်း​နေတယ်

"မလိုချင်ပါဘူး! ကိုယ်က မင်းကိုပဲလုပ်စေချင်တာ! ကိုယ့်ခန္ဓာကိုယ်ကို တခြားသူတွေမမြင်စေချင်ဘူး! "  ယွိကျိုက ကုတင်ပေါ်မှာ ​မှောက်ရက်လှဲနေပြီး ဂျီကျ​နေတယ်

ရှီရှန်းက တက်တူးထိုးကိရိယာကို ဘယ်လို ကိုင်ရမလဲ မသိတာကြောင့် ချွေး​တွေပြန်လာတယ်
'ငါသူ့ကို ရိုက်သတ်လိုက်ရမလား ... '

အဆုံးမှာ​တော့ ရှီရှန်းက ယွိကျိုရဲ့ခါးမှာ ပန်းတစ်ပွင့်ပုံ တက်တူးထိုးလိုက်တယ်

ပန်းချပ်​တွေက ငွေရောင်အဖြူရောင်သမုဒ္ဒရာလှိုင်း​တွေနဲ့တူပြီး ရုတ်တရပ်ကြည့်မယ်ဆိုရင်  dandelionပန်းနဲ့ ဆင်တူတယ်
ဒါ​ပေမယ့် အဲ့ဒါရဲ့ ​အောက်ခံအ​ရောင်က အနီရောင်ဖြစ်​နေခဲ့တယ်
ရှီရှန်းရဲ့ တက်တူးထိုးစွမ်းရည်က သိပ်​တော့မ​ကောင်းဘူး

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now