"သူမက ရှန်းရှီ Group ကို အချိန်တိုအတွင်းပြန်တည်​ထောင်နိုင်ရင် ရှန်းယန်တစ်​ယောက်ရဲ့ တည်ရှိမှုနဲ့ တုန်လှုပ်သွားလိမ့်မယ်လို့မင်းထင်လား"

"ဒါဆို သူမကဘာလို့ကျွန်မကိုမဆက်သွယ်တာလဲ . " ရှန့်ကျားရင်းက ရင်း​မော့ရဲ့လှုံ့​ဆော်မှုကြောင့်ညည်းညူပြီးသူ့ကိုတွန်းဖယ်ပစ်လိုက်ချင်ပေမယ့် သူကပိုမြန်လာတဲ့အပြင် သူမကိုဆိုဖာပေါ်ဆွဲချလိုက်ပြီး သူမခါးကို ​ပွေ့လိုက်တာ​ကြောင့် သူမက  သူ့ပေါင်ပေါ်မှာ ထိုင်ချလျက်သားဖြစ်သွားတယ်

ရှန့်ကျားရင်းတုန်လှုပ်သွားပြီး အသံမထွက်အောင် နှုတ်ခမ်းကိုကိုက်လိုက်တယ်
သူမရဲ့ခန္ဓာကိုယ်က အ​တော်​လေးအကဲဆတ်ပြီး ဒီ​ယောက်ျားက ဘယ်​နေရာက အထိခိုက်လွယ်ဆုံးဆိုတာကိုသိတယ်

ရင်း​မော့က သူမရဲ့နားရွက်နားမှာ ကပ်ပြီး​ပြောလိုက်တယ်  "သူမက စောင့်နေတုံး ဒါမှမဟုတ် စုံစမ်းနေတုံး ဖြစ်မှာ​ပေါ့..  မမေ့နဲ့​လေ.. သူမမှာ  ယွိကျိုရှိတယ်..ရှန့်မိသားစုဆုံးပါးသွားကြတုန်းက သူမက သိပ်ပြီးအသက်မငယ်တော့ဘူး ..ရှန်းယန်ဆိုရင် သူမအတွက်သူစိမ်းတစ်ယောက်​လောက်နီးပါးပဲ...အဲ့ဒါကြောင့် သူမက ငါးစာကိုအလျင်အမြန် လာမဟပ်တာပုံမှန်ပဲ.."

ရင်း​မော့ရဲ့လက်ချောင်း​တွေက  ရှန့်ကျားရင်း ရဲ့ စကတ်အစွန်းသို့လျှောသွားပြီးအအ​ပေါ်ကိုအနည်းငယ် လှန်တင်လိုက်တယ်

"အင်း...သူမနဲ့ယှဉ်ရင်မင်းကတော်တော်​လေး စိတ်မရှည်တတ်တာပဲ"

ဒါဟာ ရင်း​မော့နဲ့ပထမဆုံးအကြိမ်မဟုတ်​တော့သလို သူမရဲ့စိတ်ကလည်း မိန်းကလေးငယ်တစ်ဦးလိုမျိုးမဟုတ်​တော့တာကြောင့်​နောက်ဆုံးမှာ​တော့ ရှန့်ကျားရင်းက ရင်း​မော့ ရဲ့ပုခုံးကိုမှီရင်း ဖြည်းဖြည်းချင်း ​အောက်ပိုင်းကိုလှုပ်ယမ်း​နေခဲ့တယ်

"ရှင် နေရာကိုတွေ့ပြီလား " ရှန့်ကျားရင်းက အားယူပြီး​မေးလိုက်တယ်

"ယွိကျို ကဆက်ဆံရတာမလွယ်ဘူး...အဲ့ဒီလည်ဆွဲက ငါ့လက်ထဲအခုထိမ​ရောက်သေးဘူး"
ရင်း​မော့ က အေးစက်စွာပြန်ဖြေတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now