ဘယ်လိုတောင်မဆီလျော်တာလဲ...ကျွတ်ကျွတ်'

ရှီရှန်းက တက္ကသိုလ်တွေဖွင့်တော့လည်း ကျောင်းမတက်ဘူး သူမအရင်ကတည်းက တက္ကသိုလ်တွေများစွာတက်ခဲ့ပြီးနေပြီမို့ဆက်တက်ဖို့ဆန္ဒမရှိဘူး

ကုရန်နဲ့ယွီရှင်းရွှမ်က ဘယ်လောက်ပဲသူမကို​ဖျောင်းဖျဖျောင်းဖျ 'ဘုရင်မကသရဖူဆောင်းချိန်တန်ပြီ' ဆိုတဲ့အတိုင်းသူမကတော့မပြောင်းလဲဘူး

ယွီရှင်းရွှမ်နဲ့ ယွိကျိုနဲ့ရောက သူမကိုမဲဆွယ်ပေမယ့်လည်းအရှုံးပေးလိုက်ရတယ် ယွိကျိုကတော့သူမကိုမဆန့်ကျင်ဘူး ထောက်ပံ့ပေးလိုက်တယ်

နောက်ဆုံးတော့နှစ်ဖက်လုံးအရှုံးပေးသွားကြရတယ်

......

"ဦးလေးကုနဲ့ ဦးလေးယွီ သမီးကို လက်ခံနိုင်လောက်မယ့်အကြောင်းပြချက်မပေးမချင်းမရှုံးမပေးဘူးနော်"

ရှီရှန်းကမေးတယ်

"အင်း..နားလည်ပါတယ်" ကုရန်က သက်ပြင်းချလိုက်တယ်

"ဒီနေ့ဦးလေးတို့သမီးကို ရှန်းရှီအုပ်စုအကြောင်း ဆွေးနွေးဖို့လာခဲ့တာပဲ"

"ယွိကျို မင်းကဘာလို့ရှောင်ရှကို ကိုင်ထားရတာလည်း သွားစမ်း...လက်ဖက်ရည်သွားဖျော်..ရိုးရိုးသားသားပြောရရင် မင်းအသုံးကျတဲ့နေရာရောရှိသေးရဲ့လား ဒါလေးကိုတောင်ပြောယူနေရတယ်"

ယွိကျိုရဲ့ ခြေထောက်ကို ယွီရှင်းရွှမ်က ကန်ထည့်တယ်

ယွိကျို"...."

'ဘာလို့ငါ့အပြစ်ဖြစ်လာပြန်ရတာလဲ'

အဖေရဲ့စူးရှတဲ့အကြည့်တွေအောက်မှာ ယွီကျိုတစ်ယောက်လန့်သွားတယ်သူလက်ဖက်ရည်သွားဖျော်ပြီးမှ ရှီရှန်း းနားပြန်လာတယ်

လူကြီးနှစ်ယောက်ကတော့ ချွေးစေးတွေပြန်နေကြပြီ

"အဟမ်း" ကုရန်ကချောင်းဟန့်လိုက်တယ်

"ရှန်းရှီလုပ်ငန်းစုက စက်မှုလုပ်ငန်းတွေနဲ့အများကြီး ချိတ်ထားတယ် ပြီးဆော့နောက်ပိုင်းမှာသူပယကနည်းနည်းစီ အရှုံးပေါ်လာတယ် အစိုးရကလည်းအစုရှယ်ယာတွေကို ယူထားတယ် အဲလိုလေးနည်းနည်းစီယို့ယွင်းလာတေယ့ အဆက်အသွယ်ရှိတဲ့သူတွေက ရောင်းပစ်ကြတယ် ရှောင်ရှသမီးသာ ဒါကို ကိုင်တွယ်ချင်ရင် ဒါကခက်ခဲလိမ့်မယ်''

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now