" ဝါး... ဒီနေရာက အရမ်းလှတာပဲ "
" ဟုတ်တယ် " ရှောင်ကျန့် က ပြုံးရင်းနဲ့ ပြောလိုက်သည်။
ဝမ်ရှောင်ယွီ က အသံတိတ် နဲ့ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး
မက်မွန်ပင်ကြီးကိုတွေ့တော့ အကြည့်မလွှဲဘဲ တည့်တည့်ကြည့်လိုက်သည်။
ဝမ်ရိပေါ် က ရှောင်ကျန့် နဲ့ သူ့ကလေးတွေကို စောင့်ကြည့်နေလို့ ဝမ်ရှောင်ယွီ ရဲ့ အကြည့်ကို သတိထားမိပြီး မေးလိုက်၏။
" ရှောင်ယွီလေး က မက်မွန်သီးလေးတွေကို စားချင်တာလား "
ဝမ်ရှောင်ယွီ က သူ့ဖေဖေကိုကြည့်လိုက်ပြီး ပြုံးရင်းနဲ့ ခေါင်းညိတ်ပြသည်။ ဝမ်ပိုင်ယွိ က သူတို့ကို သတိထားမိတော့ စိတ်လှုပ်ရှားစွာနဲ့ ပြောလာသည်။
" ဖေဖေ ပိုင်ယွိလည်း စားချင်တယ် "
" ဟုတ်ပြီလေ ... "
ရှောင်ကျန့် က သူတို့သားအဖတွေ ပြောတာကိုကြားတော့ ပြုံးရယ်ပြီး ပြောလာသည်။
" ကလေးတို့ရေ မပူနဲ့ ပါးပါးက မင်းတို့်အတွက် ခူးပေးမယ် "
ပြောပြီးတာနဲ့ မက်မွန်ပင်ပေါ်ကို လျှင်မြန်စွာ တက်လိုက်သည်။ အခုတလော သူက သစ်ပင်ပေါ်ကိုတက်ပြီး အသီးခူးတာ ကျွမ်းကျင်နေပြီး ဖြစ်သည်။ ထိုကြောင့်  လှလှပပလေး နဲ့ မက်မွန်ပင် ပေါ်က မက်မွန်သီးတွေကို လျှင်မြန်စွာ ခူးလိုက်သည်။ မက်မွန်သီးတွေကို လက်နှစ်ဖက်နဲ့ အပြည့်ခူးပြီး ပွေ့ယူကာ အပင်ပေါ်က ခုန်ဆင်းလာသည်။
ဝမ်ရိပေါ် က မက်မွန်ပင်ပေါ်က အသီးတပိုက် နဲ့ ခုန်းဆင်းလာတဲ့ သူ့ကြင်ယာတော်အလှလေးကို ကြည့်ပြီး ပြုံးလိုက်သည်။  သူကလေးတွေကို မြေပေါ်ချပေးပြီး ခုန်ဆင်းလာတဲ့သူကို ပွေ့ချီဖို့ နေရာရွှေ့ရင်း လက်ဆန့်ပြီး ရပ်ကြိုလိုက်သည်။
ရှောင်ကျန့် က ဝမ်ရိပေါ် အပြုမှုကို မြင်တော့ ကြောင်အသွားသည်။ သူက သစ်ပင်ပေါ်က ပြုတ်ကျလာတာမှ မဟုတ်တာကို ဘာကြောင့် အဲ့လိုလုပ်တာလဲ။ ဒီလိုမျိုးဆို မကောင်းတော့ဘူး တည့်တည့်တိုက်မိတော့မယ်။ သူအော်ပြောလိုက်သည်။