ၾကင္ယာေတာ္ေရွာင္၏လက္စားေခ်ျခင...

Galing kay NanThancho

518K 58.7K 1.7K

ေရွာင္က်န္႔ : စိတ္မပူနဲ႔ မင္းတို႔ေတြကို ဒီအစ္ကိုေလးက ေကာင္းေကာင္းလက္စားေခ်မွာ ဇာတ္လိုက္ကို လည္း အလြတ္မေပးဘူး ... Higit pa

part - 1 (Z+U)
part -2 (Z+U)
part - 3 (Z+U)
part - 4 (Z+U)
part - 5 (Z+U)
part - 6 (Z+U)
part -7 (Z+U)
part - 8 (Z+U)
part - 9 (Z+U)
part - 10 (Z+U)
part - 11 (Z+U)
part - 12 (Z+U)
part - 13 (Z+U)
part - 14 (Z+U)
part - 15 (Z+U)
part - 16 (Z+U)
part - 17 ( Z+U )
part - 18 ( Z+U ) 🔞🚨🚫
part - 19 ( Z+U )
part - 20 ( Z+U )
part - 21 ( Z+U )
part - 22 ( Z+U )
part - 23 ( Z+U )
part - 24
part - 25
part - 26
part - 27
part - 28
part - 29
part - 30
part - 31
part - 32
part - 34
part - 35
part - 36
part - 37
part - 38
part - 39
(အသိေပး စာ / အသိပေး စာ)
part - 40
part - 41
part - 42
part - 43
part - 44
part - 45
part - 46
part - 47
part - 48
part - 49
စာဖတ္သူတို႔အား ေပးစာ / စာဖတ်သူတို့အား ပေးစာ
part - 50
part - 51
part. 52
ဝန္ခံျခင္း / ဝန်ခံခြင်း
part. 53
part - 54
part - 55
part. 56
part. 57
part. 58
59.
စာဖတ္သူတို႔အား ေပးစာ
60.
61.
62.
63.
64.
65.
66.
67.
68.
69.
70.
71.
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87 (end)

part - 33

6K 771 29
Galing kay NanThancho

[Zawgyi]

အိမ္ေတာ္ က လစ္ထြက္တယ္

ညေနေစာင္း အခ်ိန္ မွာ အပန္းေျဖ ဇရပ္ တြင္ ေရွာင္က်န္႔ တစ္ေယာက္ထဲ ထိုင္ရင္းနဲ႔ အေတြးမ်ားေနသည္။

ဝမ္ရိေပၚ က သူ႕ရဲ႕ မိတ္ေဆြေတြနဲ႕ သိုင္းေလာကကို ခ်ဳပ္ကိုင္ခ်င္တဲ့ ေနာက္ကြယ္က ႀကိဳးကိုင္သူ အေၾကာင္းကို ေဆြးေႏြးဖို႔ သိုင္းေလာကကို က်င္လည္တဲ့ သိုင္းသမားေတြကို ဖိတ္ၾကားထားတဲ့ ေတာင္ပိုင္းၿမိဳ႕ ရဲ႕ ၿမိဳ႕စား  တုဖုန္း စံအိမ္ကို ထြက္သြားၾကၿပီး ျဖစ္သည္။

သူ ဝမ္ရိေပၚ အေၾကာင္းကို ႂကြားေနတာ ဘယ္ေလာက္ ၾကာသြားမွန္းမသိ ၿမိဳ႕စား အိမ္ေတာ္ က လူ ဝမ္ရိေပၚ တို႔ကို လာဖိတ္တဲ့အခါမွ သူနဲ႕ မု႐ုန္ယြဲ႕ တို႔ရဲ႕ စကားဝိုင္း က ၿပီးဆံုးသြားခဲ့သည္။ သူ႕တို႔ စကားဝိုင္း ၿပီးမွ ေဘးကို ၾကည့္ေတာ့ သူ႕ကို ၾကည့္ၿပီး ၿပံဳးတံုးတံုး ျဖစ္ၾကတဲ့ ဝမ္ရိေပၚ နဲ႕ သူ႕ရဲ႕ မိတ္ေဆြေတြ က သူ႕ကို အေနရခက္ေစ ခဲ့တယ္။ ဒါေပမဲ့ ဝမ္ရိေပၚ က သူမပါဘဲ မု႐ုန္ယြဲ႕ ကိုအတူ ေခၚသြားေတာ့ သူ႕ကို ပိုၿပီး အေနရခက္ေစျပီး စိတ္တိုေစတယ္။ သူလည္း သြားခ်င္တယ္ ဒါေပမဲ့ ဝမ္ရိေပၚ က သူ႕ကို မသြားေစခ်င္လို႔ အိမ္ေတာ္မွာ က်န္ခဲ့တယ္။

ခုနတုန္းက သူ ဝမ္ရိေပၚ ေကာင္းေၾကာင္း ကို ေျပာထားတာေတြ အကုန္႐ုပ္သိမ္းမယ္။ သူ ဝမ္ရိေပၚ  ကို မခ်စ္ခ်င္ေတာ့ဘူး။

မနီးမေဝးမွာ ရပ္ၾကည့္ေနတဲ့ ယဲ့လင္က တစ္ေယာက္ထဲ အထီးက်န္ သလိုနဲ႔ ထိုင္ေနတဲ့ ၾကင္ယာေတာ္ ကို ၾကည့္ၿပီး သက္ျပင္းခ်လိုက္တယ္။ ခုနတုန္းက ေပ်ာ္ရႊင္စြာ နဲ႕ တတ္ႂကြေနတဲ့ ၾကင္ယာေတာ္ က သခင္ မေခၚသြားေတာ့ ငိုမဲ့မဲ့ ေလးနဲ႔ ျဖစ္ေနတာ သနားစရာ ေကာင္းေနခဲ့တယ္။ ဘာေၾကာင့္မ်ား အသည္းမာ ရတာလဲ သခင္ရာ သူဆိုရင္ ခ်စ္စရာေကာင္းတဲ့ သူေလးကို အသည္းမမာႏိုင္ဘဲ ေခၚသြားခဲ့မယ္။

ဒါေပမဲ့ သူ႕သခင္ကို နားလည္ေပးႏိုင္တယ္။ ၾကင္ယာေတာ္ေလးက အရမ္း ခ်စ္စရာေကာင္းေနေတာ့ သူစိမ္းေတြနဲ႔ စိတ္မခ်ႏိုင္ေအာင္ ျဖစ္ေနတာကို ေဟး ခက္လိုက္တာေနာ္။

သူတို႔ႏွစ္ေယာက္က အေတြးယွဥ္မွာ ေမ်ာေနတုန္း ဦးေလးလု နဲ႕ အားလင္ တို႔ ေရာက္လာသည္။

အားလင္က ေရာက္ေရာက္ခ်င္း သူ႕ရဲ႕ သခင္ေလးဆီကို လ်င္ျမန္စြာ ေျပးလာသည္။

" သခင္ေလး အားလင္ လာၿပီ "

" မင္း လာေတာ့ ငါ ဘာလုပ္ရမလဲ " 

ေရွာင္က်န္႔ က တတ္ႂကြစြာ ေျပာလာတဲ့ အားလင္ကို္ မ်က္လုံး လွည့္ျပၿပီး ေအးစက္စက္ ေမးလိုက္၏။

" သခင္ေလး မေပ်ာ္မရႊင္ ျဖစ္ေနတာလား "

အားလင္က သူ႕သခင္ေလး ရဲ႕ စကားကို မတုန္မလႈပ္ နဲ႕ ျပန္ေမးလိုက္သည္။

" မင္း ေမးမွျဖစ္မွာလား ဒီအတိုင္း ၾကည့္မတတ္ဘူးလား "

" အယ္....  သခင္ေလး ရယ္ ဘာလိုမ်ား မေပ်ာ္မရႊင္ ျဖစ္ရလဲ အားလင္ က သခင္ေလး ေပ်ာ္ရႊင္ေအာင္ စကားေျပာေပးရမလား "

" စကားမ်ားလိုက္တာ ေျပာစရာရိွတာ ေျပာ ငါ နားေထာင္ မွာ မဟုတ္ဘူး "

ေရွာင္က်န္႔ က အားလင္ကို္ လစ္လ်ဴ႐ႈလိုက္ျပီး ဝမ္ရိေပၚ ေနာက္ကို လိုက္သြားဖို႔ ေတြးလိုက္သည္။ သူက မနီးမေဝးမွာ  ရပ္ေနတဲ့ ယဲ့လင္ ကို ေခ်ာင္းၾကည့္လိုက္သည္။ဝမ္ရိေပၚ က သူ႕ကို ေစာင့္ၾကည့္ဖို႔ ယဲ့လင္ကို ထားခဲ့သည္။ အက်င့္မေကာင္းလိုက္တာ ဒီလိုမ်ဳိးရပ္ေစာင့္ေနေတာ့ သူ ဘယ္လို လစ္ထြက္ရမလဲ။

" သခင္ေလး ကိုယ္ရံေတာ္ ယဲ့လင္က အားလင္ထက္ေခ်ာလို႔ သူ႕ကို ၾကည့္ျပီး အားလင္ကို္ ဂ႐ုမစိုက္တာလား "  

အားလင္က သူ႕ကို အဖက္မလုပ္ဘဲ  ယဲ့လင္ကို ၾကည့္ေနတဲ့ သူ႕ သခင္ေလး ကို ႏႈတ္ခမ္းစူကာ ေျပာလိုက္သည္။

" အားလင္ " 

ေရွာင္က်န္႔ ကေလးလို ျဖစ္ေနတဲ့ အားလင္ကို္ ဘယ္လိုေျပာရမလဲ မသိေတာ့ပါ။ ၾကည့္ပါဦး စကားေျပာရင္ ႏႈတ္ခမ္းက ဒီေလာက္ထိ စူ ဖို႔လိုလား။ ဘယ္က အက်င့္ကို ကူးလာတာလဲ။ ကေလးကလားနဲ႔ သူ႕သခင္ေလး ကို ကာကြယ္တတ္သည့္ ရင့္က်က္သန္မာတဲ့ ဝတၳဳ ထဲက သူရဲေကာင္း အားလင္ နဲ႕ မတူ လိုက္တာ။

" သခင္ေလး ကြၽန္ေတာ္ က မေခ်ာဘူးလား "  အားလင္က သူ႕သခင္ေလး အေတြးကို မသိပဲ ကေလးလို ၿပံဳးရင္းနဲ႔ ေမးလိုက္၏။

" ငါ့ေလာက္မေခ်ာလို႔ မေျပာတတ္ဘူး ဘယ္ေလာက္ ေခ်ာလဲသိခ်င္ရင္ ယဲ့လင္ ကို သြားေမးလိုက္ " 

" ဟြင္း...  အားလင္က သခင္ေလး ေလာက္ မေခ်ာေပမဲ့ လူေခ်ာေလးပဲေနာ္.... သခင္ေလး "

" မင္းနဲ႔ေတာ့ စကားေျပာရင္း ငါ တစ္ခုခု လုပ္မိမယ္ ဒါေၾကာင့္ သြားေတာ့မယ္ "

ေရွာင္က်န္႔ က အားလင္ ကို ထားခဲ့ၿပီး အခန္းကို ျပန္လိုက္သည္။

ဘယ္လိုေတာင္ စကားမ်ားတဲ့ လူလဲ ေျပာတဲ့ စကားကလည္း ေပါက္ကရေတြ သူ႕ အရင္ဘဝမွာ သူ႕တပည့္ေတြ ဒီလိုမ်ဳိး စကားမ်ားတဲ့ အက်င့္ရိွရင္ သူ ဝိုင္သီးၿပီး မေသဘဲ ေခါင္းကိုက္ၿပီး ေသသြားမယ္။

အားလင္က ထြက္သြားတဲ့ သူ႕သခင္ေလး ရဲ႕ ပံုရိပ္ကို ၾကည့္ၿပီး မေပ်ာ္မရႊင္ ျဖစ္သြားတယ္။ သူကေတာ့ သခင္ေလး မပ်င္းေအာင္ စကားမရိွစကားရွာၿပီး ေျပာရလိုက္တာ သခင္ေလး က သူ႕ကို အဖက္ေတာင္မလုပ္ဘူး။ ဒါေတြက ဟိုလူေၾကာင့္ သူသာမရိွရင္ သခင္ေလး က အားလင္ကို္ ဂ႐ုစိုက္အံုးမယ္။ အစက အိမ္ေရွ႕စံ အခုေတာ့ သူ႕ရဲ႕ ကိုယ္ရံေတာ္ ကပါ သခင္ေလးကို သူ႕ဆီက ေခၚထုတ္သြားတယ္။

ဟိုတုန္းက သခင္ေလး ဟာ အားလင္ မွ အားလင္ အခုေတာ့ လူသစ္ေတြေတြ႕ေတာ့ လူေဟာင္းျဖစ္တဲ့သူ႕ကို႔ သခင္ေလး အေရးမလုပ္ေတာ့ဘူး။ အား ဝမ္းနည္း လိုက္တာ။

ၾကင္ယာေတာ္ အခန္းကို ျပန္သြားတာကို ေတြ႕တဲ့ ယဲ့လင္က  လိုက္သြားဖို႔ လိုေပမဲ့ ခုနက အထီးက်န္ ေနတဲ့ ၾကင္ယာေတာ္ ေနရာကို ဝင္ေနတဲ့ လူ႐ိုးေလး အားလင္ကို္ ေတြ႕ရေတာ့ အေဖာ္လုပ္ေပးဖို႔ သြားလိုက္သည္။  သူက လူေကာင္းပါ ၾကင္ယာေတာ္ ကို အေဖာ္လုပ္ေပးခ်င္ေပမဲ့ သခင္ မႀကိဳက္မွာစိုးလို႔ အားလင္ကေတာ့ သခင္ မႀကိဳက္မွာ ေၾကာက္စရာ မလိုဘူးေလ။

ယဲ့လင္က အားလင္ ရိွရာကို အပန္းေျဖ တဲ့ ဇရပ္ကို လာလိုက္သည္။

" တစ္ေယာက္ထဲ ထိုင္ေနတာ မပ်င္းဘူးလား အားလင္ "

" တစ္ေယာက္ထဲ မထိုင္ခ်င္ရင္ ဘယ္သူက ငါ့ကို အေဖာ္လုပ္ေပးမလဲ "

စိတ္မၾကည္တဲ့ အားလင္က ယဲ့လင္ကို သူ႕သခင္ေလး သူ႕ကို ၾကည့္ရသလိုမ်ဳိး မ်က္လုံး လွည့္ျပၿပီး ၾကည့္လိုက္သည္။

" ကိုယ္ရိွတယ္ေလ အေဖာ္လုပ္ေပးမွာေပါ့ ဒီေနရာ က ကိုယ္ေနတာ ၾကာၿပီ ဒါေၾကာင့္ ဒီကအေၾကာင္းေတြေျပာျပမယ္ "

" တကယ္လား ေကာင္းၿပီ ေျပာျပ အားလင္ နားေထာင္မယ္ "

အားလင္က ခ်က္ခ်င္း မ်က္လုံးေလး ေတာက္ပလာၿပီး ၿပံဳးရင္းနဲ႔ ေျပာသည္။ အခ်ဳိးမေျပတဲ့ သူ႕စကားကို အၿပံဳးမပ်က္ဘဲ သူ႕ကို ဂရုစိုက္ ေပးတဲ့ ယဲ့လင္ကို စိတ္မစိုးခ်င္ေတာ့ပါ။ သူ႕အေပၚ သခင္ေလး ထက္ေတာင္ သေဘာေကာင္းေသးတယ္။

ယဲ့လင္က စိတ္ေကာက္သလို ျပဳမႈတဲ့ အားလင္က သူ႕ကို ျပန္ၿပီး ၿပံဳးျပရင္း တတ္ႂကြစြာ ေျပာလာေတာ့ သူ စိုးရိမ္စိတ္ေလ်ာ့သြားသည္။ သူက ကေလးေတြ စိတ္ေကာက္ရင္ ေခ်ာ့မတတ္ဘူး။ အားလင္က သူ႕အတြက္ ခ်စ္စရာေကာင္းတဲ့ ကေလးတစ္ေယာက္လိုပဲ။

ေရွာင္က်န္႔ က အခန္းထဲေရာက္ေတာ့ ဗီဒိုထဲမွာ ၾကည့္ေကာင္းတဲ့ အျဖဴေရာင္ ဝတ္စံုကို ယူဝတ္လိုက္သည္။သူက ဝတ္လို႔ၿပီးေတာ့ အခန္းထဲက တိတ္တိတ္ေလး ထြက္သြားသည္။ ထိုေနာက္ စံအိမ္က လူေတြကို ေရွာင္လိုက္ ပုန္းလိုက္ နဲ႕ ခိုးေၾကာင္ခိုးဝွက္ ထြက္လာခဲ့သည္။

အိမ္ေတာ္၏ အျပင္ကို ေရာက္တဲ့အခါ ေရွာင္က်န္႔ ၿပံဳးလိုက္သည္။

" ဟြန္း ဟြန္း.... ငါ ငယ္ငယ္ထဲက လံုၿခံဳေရးတင္းက်ပ္တဲ့ ေရွာင္အိမ္ေတာ္ ရဲ႕ ေလ့က်င့္မႈကေန ခိုးထြက္တတ္တာ... ဒီအိမ္ေတာ္က ငါ့အတြက္ ခိုးထြက္လာဖို႔ ကေလးသာသာဘဲ "

ေရွာင္က်န္႔ က ႀကီးမားတဲ့ အိမ္ေတာ္ကို တစ္ခ်က္ ၾကည့္ၿပီး တာ့တာ ျပလိုက္သည္။ ထိုေနာက္ လွည့္မၾကည့္ဘဲ လစ္ခနဲ ကိုယ္ေဖာ့သိုင္းကို အသံုးျပဳၿပီး ထြက္သြားသည္။

သူထြက္သြားလို႔ၿပီးေတာ့ ဦးေလးလု နဲ႕ လုဟြာယင္ တို႔ သူရပ္ခဲ့ေသာ ေနရာကို ထြက္လာၿပီး သူသြားတဲ့ဘက္ကို လွည့္ၾကည့္လိုက္သည္။

" ေဖေဖ သမီး ေရွာင္က်န္႔ေကာ ေနာက္ကို လိုက္သြားလိုက္မယ္ "

" သူ႕ကို ေသခ်ာ ေစာင့္ေရွာက္ သခင္ေလး က ၾကင္ယာေတာ္ေလးကို အထိမခံႏိုင္တဲ့ ရတနာ တစ္ခုလို ျမတ္ႏိုးတာ "

" ဟုတ္ ဟြာယင္ သိတယ္ သြားျပီး ေဖေဖ "

လုဟြာယင္ က ေျပာၿပီး ေရွာင္က်န္႔ ထြက္သြားတဲ့ ဘက္ကို လိုက္သြားလိုက္သည္။

ဦးေလးလု က လုဟြာယင္ ထြက္သြားေတာ့ သက္ျပင္းခ်လိုက္တယ္။

" ၾကင္ယာေတာ္ေလးရယ္ သခင္ေလးက ၾကင္ယာေတာ္ ကို ေစာင့္ၾကည့္ဖို႔ လူတစ္ေယာက္ ပဲ ထားခဲ့ပါ့မလား....  သိပ္ၿပီးမေမႊပါနဲ႔ ၾကင္ယာေတာ္ရယ္ သခင္ေလး က စိတ္ဆိုးရင္ ေၾကာက္စရာေကာင္းတယ္ "

ဦးေလးလု က ေခါင္းခါၿပီး အိမ္ေတာ္ ထဲ ျပန္ဝင္သြားတယ္။

=======================================================

[Unicode]

အိမ်တော် က လစ်ထွက်တယ်

ညနေစောင်း အချိန် မှာ အပန်းဖြေ ဇရပ် တွင် ရှောင်ကျန့် တစ်ယောက်ထဲ ထိုင်ရင်းနဲ့ အတွေးများနေသည်။

ဝမ်ရိပေါ် က သူ့ရဲ့ မိတ်ဆွေတွေနဲ့ သိုင်းလောကကို ချုပ်ကိုင်ချင်တဲ့ နောက်ကွယ်က ကြိုးကိုင်သူ အကြောင်းကို ဆွေးနွေးဖို့ သိုင်းလောကကို ကျင်လည်တဲ့ သိုင်းသမားတွေကို ဖိတ်ကြားထားတဲ့ တောင်ပိုင်းမြို့ ရဲ့ မြို့စား  တုဖုန်း စံအိမ်ကို ထွက်သွားကြပြီး ဖြစ်သည်။

သူ ဝမ်ရိပေါ် အကြောင်းကို ကြွားနေတာ ဘယ်လောက် ကြာသွားမှန်းမသိ မြို့စား အိမ်တော် က လူ ဝမ်ရိပေါ် တို့ကို လာဖိတ်တဲ့အခါမှ သူနဲ့ မုရုန်ယွဲ့ တို့ရဲ့ စကားဝိုင်း က ပြီးဆုံးသွားခဲ့သည်။ သူ့တို့ စကားဝိုင်း ပြီးမှ ဘေးကို ကြည့်တော့ သူ့ကို ကြည့်ပြီး ပြုံးတုံးတုံး ဖြစ်ကြတဲ့ ဝမ်ရိပေါ် နဲ့ သူ့ရဲ့ မိတ်ဆွေတွေ က သူ့ကို အနေရခက်စေ ခဲ့တယ်။ ဒါပေမဲ့ ဝမ်ရိပေါ် က သူမပါဘဲ မုရုန်ယွဲ့ ကိုအတူ ခေါ်သွားတော့ သူ့ကို ပိုပြီး အနေရခက်စေပြီး စိတ်တိုစေတယ်။ သူလည်း သွားချင်တယ် ဒါပေမဲ့ ဝမ်ရိပေါ် က သူ့ကို မသွားစေချင်လို့ အိမ်တော်မှာ ကျန်ခဲ့တယ်။

ခုနတုန်းက သူ ဝမ်ရိပေါ် ကောင်းကြောင်း ကို ပြောထားတာတွေ အကုန်ရုပ်သိမ်းမယ်။ သူ ဝမ်ရိပေါ်  ကို မချစ်ချင်တော့ဘူး။

မနီးမဝေးမှာ ရပ်ကြည့်နေတဲ့ ယဲ့လင်က တစ်ယောက်ထဲ အထီးကျန် သလိုနဲ့ ထိုင်နေတဲ့ ကြင်ယာတော် ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။ ခုနတုန်းက ပျော်ရွှင်စွာ နဲ့ တတ်ကြွနေတဲ့ ကြင်ယာတော် က သခင် မခေါ်သွားတော့ ငိုမဲ့မဲ့ လေးနဲ့ ဖြစ်နေတာ သနားစရာ ကောင်းနေခဲ့တယ်။ ဘာကြောင့်များ အသည်းမာ ရတာလဲ သခင်ရာ သူဆိုရင် ချစ်စရာကောင်းတဲ့ သူလေးကို အသည်းမမာနိုင်ဘဲ ခေါ်သွားခဲ့မယ်။

ဒါပေမဲ့ သူ့သခင်ကို နားလည်ပေးနိုင်တယ်။ ကြင်ယာတော်လေးက အရမ်း ချစ်စရာကောင်းနေတော့ သူစိမ်းတွေနဲ့ စိတ်မချနိုင်အောင် ဖြစ်နေတာကို ဟေး ခက်လိုက်တာနော်။

သူတို့နှစ်ယောက်က အတွေးယှဉ်မှာ မျောနေတုန်း ဦးလေးလု နဲ့ အားလင် တို့ ရောက်လာသည်။

အားလင်က ရောက်ရောက်ချင်း သူ့ရဲ့ သခင်လေးဆီကို လျင်မြန်စွာ ပြေးလာသည်။

" သခင်လေး အားလင် လာပြီ "

" မင်း လာတော့ ငါ ဘာလုပ်ရမလဲ " 

ရှောင်ကျန့် က တတ်ကြွစွာ ပြောလာတဲ့ အားလင်ကို မျက်လုံး လှည့်ပြပြီး အေးစက်စက် မေးလိုက်၏။

" သခင်လေး မပျော်မရွှင် ဖြစ်နေတာလား "

အားလင်က သူ့သခင်လေး ရဲ့ စကားကို မတုန်မလှုပ် နဲ့ ပြန်မေးလိုက်သည်။

" မင်း မေးမှဖြစ်မှာလား ဒီအတိုင်း ကြည့်မတတ်ဘူးလား "

" အယ်....  သခင်လေး ရယ် ဘာလိုများ မပျော်မရွှင် ဖြစ်ရလဲ အားလင် က သခင်လေး ပျော်ရွှင်အောင် စကားပြောပေးရမလား "

" စကားများလိုက်တာ ပြောစရာရှိတာ ပြော ငါ နားထောင် မှာ မဟုတ်ဘူး "

ရှောင်ကျန့် က အားလင်ကို လစ်လျူရှုလိုက်ပြီး ဝမ်ရိပေါ် နောက်ကို လိုက်သွားဖို့ တွေးလိုက်သည်။ သူက မနီးမဝေးမှာ  ရပ်နေတဲ့ ယဲ့လင် ကို ချောင်းကြည့်လိုက်သည်။ဝမ်ရိပေါ် က သူ့ကို စောင့်ကြည့်ဖို့ ယဲ့လင်ကို ထားခဲ့သည်။ အကျင့်မကောင်းလိုက်တာ ဒီလိုမျိုးရပ်စောင့်နေတော့ သူ ဘယ်လို လစ်ထွက်ရမလဲ။

" သခင်လေး ကိုယ်ရံတော် ယဲ့လင်က အားလင်ထက်ချောလို့ သူ့ကို ကြည့်ပြီး အားလင်ကို ဂရုမစိုက်တာလား "  

အားလင်က သူ့ကို အဖက်မလုပ်ဘဲ  ယဲ့လင်ကို ကြည့်နေတဲ့ သူ့ သခင်လေး ကို နှုတ်ခမ်းစူကာ ပြောလိုက်သည်။

" အားလင် " 

ရှောင်ကျန့် ကလေးလို ဖြစ်နေတဲ့ အားလင်ကို ဘယ်လိုပြောရမလဲ မသိတော့ပါ။ ကြည့်ပါဦး စကားပြောရင် နှုတ်ခမ်းက ဒီလောက်ထိ စူ ဖို့လိုလား။ ဘယ်က အကျင့်ကို ကူးလာတာလဲ။ ကလေးကလားနဲ့ သူ့သခင်လေး ကို ကာကွယ်တတ်သည့် ရင့်ကျက်သန်မာတဲ့ ဝတ္ထု ထဲက သူရဲကောင်း အားလင် နဲ့ မတူ လိုက်တာ။

" သခင်လေး ကျွန်တော် က မချောဘူးလား "  အားလင်က သူ့သခင်လေး အတွေးကို မသိပဲ ကလေးလို ပြုံးရင်းနဲ့ မေးလိုက်၏။

" ငါ့လောက်မချောလို့ မပြောတတ်ဘူး ဘယ်လောက် ချောလဲသိချင်ရင် ယဲ့လင် ကို သွားမေးလိုက် " 

" ဟွင်း...  အားလင်က သခင်လေး လောက် မချောပေမဲ့ လူချောလေးပဲနော်.... သခင်လေး "

" မင်းနဲ့တော့ စကားပြောရင်း ငါ တစ်ခုခု လုပ်မိမယ် ဒါကြောင့် သွားတော့မယ် "

ရှောင်ကျန့် က အားလင် ကို ထားခဲ့ပြီး အခန်းကို ပြန်လိုက်သည်။

ဘယ်လိုတောင် စကားများတဲ့ လူလဲ ပြောတဲ့ စကားကလည်း ပေါက်ကရတွေ သူ့ အရင်ဘဝမှာ သူ့တပည့်တွေ ဒီလိုမျိုး စကားများတဲ့ အကျင့်ရှိရင် သူ ဝိုင်သီးပြီး မသေဘဲ ခေါင်းကိုက်ပြီး သေသွားမယ်။

အားလင်က ထွက်သွားတဲ့ သူ့သခင်လေး ရဲ့ ပုံရိပ်ကို ကြည့်ပြီး မပျော်မရွှင် ဖြစ်သွားတယ်။ သူကတော့ သခင်လေး မပျင်းအောင် စကားမရှိစကားရှာပြီး ပြောရလိုက်တာ သခင်လေး က သူ့ကို အဖက်တောင်မလုပ်ဘူး။ ဒါတွေက ဟိုလူကြောင့် သူသာမရှိရင် သခင်လေး က အားလင်ကို ဂရုစိုက်အုံးမယ်။ အစက အိမ်ရှေ့စံ အခုတော့ သူ့ရဲ့ ကိုယ်ရံတော် ကပါ သခင်လေးကို သူ့ဆီက ခေါ်ထုတ်သွားတယ်။

ဟိုတုန်းက သခင်လေး ဟာ အားလင် မှ အားလင် အခုတော့ လူသစ်တွေတွေ့တော့ လူဟောင်းဖြစ်တဲ့သူ့ကို့ သခင်လေး အရေးမလုပ်တော့ဘူး။ အား ဝမ်းနည်း လိုက်တာ။

ကြင်ယာတော် အခန်းကို ပြန်သွားတာကို တွေ့တဲ့ ယဲ့လင်က  လိုက်သွားဖို့ လိုပေမဲ့ ခုနက အထီးကျန် နေတဲ့ ကြင်ယာတော် နေရာကို ဝင်နေတဲ့ လူရိုးလေး အားလင်ကို တွေ့ရတော့ အဖော်လုပ်ပေးဖို့ သွားလိုက်သည်။  သူက လူကောင်းပါ ကြင်ယာတော် ကို အဖော်လုပ်ပေးချင်ပေမဲ့ သခင် မကြိုက်မှာစိုးလို့ အားလင်ကတော့ သခင် မကြိုက်မှာ ကြောက်စရာ မလိုဘူးလေ။

ယဲ့လင်က အားလင် ရှိရာကို အပန်းဖြေ တဲ့ ဇရပ်ကို လာလိုက်သည်။

" တစ်ယောက်ထဲ ထိုင်နေတာ မပျင်းဘူးလား အားလင် "

" တစ်ယောက်ထဲ မထိုင်ချင်ရင် ဘယ်သူက ငါ့ကို အဖော်လုပ်ပေးမလဲ "

စိတ်မကြည်တဲ့ အားလင်က ယဲ့လင်ကို သူ့သခင်လေး သူ့ကို ကြည့်ရသလိုမျိုး မျက်လုံး လှည့်ပြပြီး ကြည့်လိုက်သည်။

" ကိုယ်ရှိတယ်လေ အဖော်လုပ်ပေးမှာပေါ့ ဒီနေရာ က ကိုယ်နေတာ ကြာပြီ ဒါကြောင့် ဒီကအကြောင်းတွေပြောပြမယ် "

" တကယ်လား ကောင်းပြီ ပြောပြ အားလင် နားထောင်မယ် "

အားလင်က ချက်ချင်း မျက်လုံးလေး တောက်ပလာပြီး ပြုံးရင်းနဲ့ ပြောသည်။ အချိုးမပြေတဲ့ သူ့စကားကို အပြုံးမပျက်ဘဲ သူ့ကို ဂရုစိုက် ပေးတဲ့ ယဲ့လင်ကို စိတ်မစိုးချင်တော့ပါ။ သူ့အပေါ် သခင်လေး ထက်တောင် သဘောကောင်းသေးတယ်။

ယဲ့လင်က စိတ်ကောက်သလို ပြုမှုတဲ့ အားလင်က သူ့ကို ပြန်ပြီး ပြုံးပြရင်း တတ်ကြွစွာ ပြောလာတော့ သူ စိုးရိမ်စိတ်လျော့သွားသည်။ သူက ကလေးတွေ စိတ်ကောက်ရင် ချော့မတတ်ဘူး။ အားလင်က သူ့အတွက် ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်လိုပဲ။

ရှောင်ကျန့် က အခန်းထဲရောက်တော့ ဗီဒိုထဲမှာ ကြည့်ကောင်းတဲ့ အဖြူရောင် ဝတ်စုံကို ယူဝတ်လိုက်သည်။သူက ဝတ်လို့ပြီးတော့ အခန်းထဲက တိတ်တိတ်လေး ထွက်သွားသည်။ ထိုနောက် စံအိမ်က လူတွေကို ရှောင်လိုက် ပုန်းလိုက် နဲ့ ခိုးကြောင်ခိုးဝှက် ထွက်လာခဲ့သည်။

အိမ်တော်၏ အပြင်ကို ရောက်တဲ့အခါ ရှောင်ကျန့် ပြုံးလိုက်သည်။

" ဟွန်း ဟွန်း.... ငါ ငယ်ငယ်ထဲက လုံခြုံရေးတင်းကျပ်တဲ့ ရှောင်အိမ်တော် ရဲ့ လေ့ကျင့်မှုကနေ ခိုးထွက်တတ်တာ... ဒီအိမ်တော်က ငါ့အတွက် ခိုးထွက်လာဖို့ ကလေးသာသာဘဲ "

ရှောင်ကျန့် က ကြီးမားတဲ့ အိမ်တော်ကို တစ်ချက် ကြည့်ပြီး တာ့တာ ပြလိုက်သည်။ ထိုနောက် လှည့်မကြည့်ဘဲ လစ်ခနဲ ကိုယ်ဖော့သိုင်းကို အသုံးပြုပြီး ထွက်သွားသည်။

သူထွက်သွားလို့ပြီးတော့ ဦးလေးလု နဲ့ လုဟွာယင် တို့ သူရပ်ခဲ့သော နေရာကို ထွက်လာပြီး သူသွားတဲ့ဘက်ကို လှည့်ကြည့်လိုက်သည်။

" ဖေဖေ သမီး ရှောင်ကျန့်ကော နောက်ကို လိုက်သွားလိုက်မယ် "

" သူ့ကို သေချာ စောင့်ရှောက် သခင်လေး က ကြင်ယာတော်လေးကို အထိမခံနိုင်တဲ့ ရတနာ တစ်ခုလို မြတ်နိုးတာ "

" ဟုတ် ဟွာယင် သိတယ် သွားပြီး ဖေဖေ "

လုဟွာယင် က ပြောပြီး ရှောင်ကျန့် ထွက်သွားတဲ့ ဘက်ကို လိုက်သွားလိုက်သည်။

ဦးလေးလု က လုဟွာယင် ထွက်သွားတော့ သက်ပြင်းချလိုက်တယ်။

" ကြင်ယာတော်လေးရယ် သခင်လေးက ကြင်ယာတော် ကို စောင့်ကြည့်ဖို့ လူတစ်ယောက် ပဲ ထားခဲ့ပါ့မလား....  သိပ်ပြီးမမွှေပါနဲ့ ကြင်ယာတော်ရယ် သခင်လေး က စိတ်ဆိုးရင် ကြောက်စရာကောင်းတယ် "

ဦးလေးလု က ခေါင်းခါပြီး အိမ်တော် ထဲ ပြန်ဝင်သွားတယ်။

=======================================================

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

910K 47K 53
Start Date _ 1st July 2021 End Date _ ကိုယ့်ရဲ့ လိုအပ်ချက်တွေနဲ့ လက်ရာလေးကို ဖတ်ပေးကြပါအုံး ✨💛
879K 49K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင္ခုန္စရာ ဇာက္လမ္းေလးတစ္ပုဒ္ကုိ ငါ အခုေျပာျပမယ္ ..... ဇာက္လမ္းေလးက ဒီလိ...
413K 54K 45
ပျော်ရွှင်မှုဟာ အတူရှိနေရုံနဲ့ ခရီးတွင်တယ် အဝါရောင်ပန်းတွေ အိမ်ခန်းထဲထည့်စိုက်ခဲ့တယ် 🌻 ေပ်ာ္႐ႊင္မႈဟာ အတူရွိေန႐ုံနဲ႔ ခရီးတြင္တယ္ အဝါေရာင္ပန္းေတြ အိမ္...