ၾကင္ယာေတာ္ေရွာင္၏လက္စားေခ်ျခင...

By NanThancho

518K 58.7K 1.7K

ေရွာင္က်န္႔ : စိတ္မပူနဲ႔ မင္းတို႔ေတြကို ဒီအစ္ကိုေလးက ေကာင္းေကာင္းလက္စားေခ်မွာ ဇာတ္လိုက္ကို လည္း အလြတ္မေပးဘူး ... More

part - 1 (Z+U)
part -2 (Z+U)
part - 3 (Z+U)
part - 4 (Z+U)
part - 5 (Z+U)
part - 6 (Z+U)
part -7 (Z+U)
part - 8 (Z+U)
part - 9 (Z+U)
part - 10 (Z+U)
part - 11 (Z+U)
part - 12 (Z+U)
part - 13 (Z+U)
part - 15 (Z+U)
part - 16 (Z+U)
part - 17 ( Z+U )
part - 18 ( Z+U ) 🔞🚨🚫
part - 19 ( Z+U )
part - 20 ( Z+U )
part - 21 ( Z+U )
part - 22 ( Z+U )
part - 23 ( Z+U )
part - 24
part - 25
part - 26
part - 27
part - 28
part - 29
part - 30
part - 31
part - 32
part - 33
part - 34
part - 35
part - 36
part - 37
part - 38
part - 39
(အသိေပး စာ / အသိပေး စာ)
part - 40
part - 41
part - 42
part - 43
part - 44
part - 45
part - 46
part - 47
part - 48
part - 49
စာဖတ္သူတို႔အား ေပးစာ / စာဖတ်သူတို့အား ပေးစာ
part - 50
part - 51
part. 52
ဝန္ခံျခင္း / ဝန်ခံခြင်း
part. 53
part - 54
part - 55
part. 56
part. 57
part. 58
59.
စာဖတ္သူတို႔အား ေပးစာ
60.
61.
62.
63.
64.
65.
66.
67.
68.
69.
70.
71.
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87 (end)

part - 14 (Z+U)

9.7K 1.2K 19
By NanThancho

[Zawgyi]

ကိုယ့္အလွည့္မွ မႏြဲ႕တန္းေပါ့

ေရွာင္က်န္႔ ဟာ မင္းသမီး ေဖးရင္ ကို စကားမဆိုဘဲ ေလွာင္ၿပံဳးေလးနဲ႔ ၾကည့္ေနသည္။

မင္းသမီး ေဖးရင္ မွာ အေစခံ အကူညီ ျဖင့္ ရပ္ေနၿပီး သူမကို ၾကည့္ၿပီး ေလွာင္ၿပံဳးေလးနဲ႔ ၿပံဳးေနတဲ့ လူကို မုန္းတီးစြာ ခပ္တင္းတင္း ၾကည့္လိုက္သည္။

ဤသို႔ေသာအခ်ိန္မွာ ခ်ယ္ရီဦးယ်ာဥ္ တစ္ခုလံုးရိွ လူေတြသည္ ၾကင္ယာေတာ္ေရွာင္ နဲ႕ မင္းသမီး ေဖးရင္ တို႔ ေရွ႕ဆက္ဘာလုပ္ မလဲဆိုတာ ေတြးၾကည့္ရင္း တစ္ခ်က္မွ မလြတ္ေအာင္ ေငးၾကည့္ၾက၏။

ေနာက္ဆံုးမွာ ေရွာင္က်န္႔ က စကားစလိုက္သည္။

" မင္းသမီး ေဖးရင္ ခုနက လဲက်တာ ဖင္က်ဳိးသြားလို႔  အဲ.. မွားလို႔.. ခါးက်ဳိးသြားလို႔ စကာမေျပာႏိုင္ေအာင္ နာက်င္ၿပီး စြံ႕အသြားတာလား "

" ဘာ... နင္...နင္ ေသခ်င္ေနတာလား ေရွာင္က်န္႔ "

ထိုသို႔ၾကားရေသာအခါ ေဖးရင္ က ေဒါသထြက္ရလြန္းလို႔ စကားေတာင္ ထစ္လာသည္။
သူမကို ထိုသို႔ ေျပာလိုက္တာ တကယ္ကို အရွက္ခြဲေနတာ သူမ ဘဝမွာ တစ္ခါမွ ဒီလို မေျပာမခံရဖူး။

သူမသည္ ေမြးကတည္းက အလိုလိုက္ခံရတဲ့ ခ်င္အိမ္ေတာ္က သခင္မေလး ျဖစ္ၿပီး ငယ္စဥ္ထဲက ေဒၚေလး အေခၚေၾကာင့္ နန္းေတာ္ကို ဝင္လာရသည္။
သူမ ဆယ္ႏွစ္အရြယ္မွာ မင္းသမီး ေဖးရင္ အျဖစ္နဲ႔ ခ်ီးေျမာက္ခံရတဲ့ အခ်ိန္မွစ၍ သူမ ေဒၚေလး မိဖုရားႀကီး ရဲ႕ အကာကြယ္နဲ႔ မင္းသမီး ဘြဲ႕က နန္းေတာ္မွာ လိုခ်င္တာ၊ ျဖစ္ခ်င္တာကို ရေအာင္လုပ္ယူႏိုင္ခဲ့တယ္။

ဘယ္သူမွ သူမကို အျပစ္ မျပဳရဲဘူး အခုေတာ့ ဒီလို မေကာင္းတဲ့ မိန္းမလိုေကာင္က သူမကို ေလွာင္ၿပံဳးေလးနဲ႔ ေစာ္ကားတဲ့ စကားေတာင္ ေျပာဆိုလာသည္။ ဒါက သူမအတြက္ ႀကီးက်ယ္ တဲ့ အရွက္ရမႈ တစ္ခုဘဲ။

မင္းသမီး ေဖးရင္ ေဒါသထြက္လို႔ လမ္းေပ်ာက္ေနတဲ့ အခ်ိန္မွာ ၾကင္ယာေတာ္ က်င္းယုံ က ထိုင္ရာမွ ထကာ မင္းသမီး ေဖးရင္ ဆီကို သြားလိုက္ျပီး စကားေျပာလိုက္သည္။

" ေဖးရင္ စိတ္ကို ေရွာ့ထား ငါ့မွာ နည္းလမ္းရိွတယ္ "

သူမက ေျပာၿပီးေတာ့ မင္းသမီး ေဖးရင္ ၏ နားနဲ႔ကပ္ၿပီး တိုးတိုးေလး တစ္စံုတစ္ခုကို ေျပာလိုက္၏။

ေဖးရင္ ဟာ သူမဆီမွာ ေရွာင္က်န္႔ကို လက္တုႏု္႔ျပန္ႏိုင္မဲ့ နည္းလမ္းကို ၾကားရတဲ့အခါ  ေဒါသကို ဖိႏိွပ္ၿပီး စိတ္ကို ၿငိမ္ေအာင္ထားလိုက္ရင္း ေရွာင္က်န္႔ ကို ၾကည့္ၿပီး ေျပာလိုက္သည္။

" ေရွာင္က်န္႔... နင္ သတၱိ ရိွရင္ ငါနဲ႔ ၿပိဳင္ ဒီလို သရဲေဘာေၾကာင္ျပီး မိန္းမလို စကားနာ မထိုးနဲ႔...နင္က ေယာက်္ားေလး မဟုတ္လား...ေအာ ေမ့သြားလို႔.... နင္က ေယာက်္ားေလး မွန္ရင္ ဘာလို႔ ေယာက်္ားတန္မဲ့ ေယာက်္ားတစ္ေယာက္ရဲ႕ ၾကင္ယာေတာ္ ျဖစ္ရမလဲ...

နင့္ဆီမွာ ေယာက်္ားေလး တစ္ေယာက္ လို အင္အားေရာရိွလို႔လား... ငါနဲ႔ေရာ တစ္ေယာက္ ခ်င္း သိုင္းၿပိဳင္ရဲလား....
နင့္မွာ အစြမ္းရိွရင္ ငါနဲ႔ၿပိဳင္ မိန္းမလို စကားမမ်ားနဲ႔ "

ေရွာင္က်န္႔ ဟာ သူမ စကားကိုၾကားရတဲ့အခါ သူ႕တစ္ကိုယ္လံုး လူသတ္ခ်င္စိတ္ေတြ တားမရေအာင္ ျဖစ္ေပၚၿပီး သူမကို ၾကည့္တဲ့မ်က္လုံးေတြဟာ ေလွာင္ေနတဲ့ အၾကည့္ကေန ေအးစက္စက္ အၾကည့္နဲ႔ ေသေစႏိုင္မဲ့ ရက္စက္တဲ့ အၾကည့္ေတြအျဖစ္ ေျပာင္းလဲသြားတယ္။

ထိုအခါ ဦးယ်ာဥ္မွာ ရိွတဲ့လူေတြဟာ သူတို႔ရင္ထဲမွာ မျဖစ္ေပၚဖူးတဲ့ အေၾကာက္တရား တစ္ခုကို ျပင္းထန္စြာ ခံစားရလို႔ ေရွာင္က်န္႔ ကို ေၾကာက္စရာ ေကာင္းတဲ့ လူတစ္ေယာက္ လို တစ္ၿပိဳင္တည္း ၾကည့္လိုက္ၾကသည္။

အဆိုးဆံုး ကေတာ့ မင္းသမီး ေဖးရင္ နဲ႕ ၾကင္ယာေတာ္ က်င္းယုံ တို႔လို တည့္တည့္အၾကည့္ခံရတဲ့လူေတြဘဲ သူမတို႔
အရမ္းဘဲ ေၾကာက္သသြားလို ဘာျဖစ္မွန္းမသိဘဲ ေၾကာင္လည္းေၾကာင္သြားတယ္ ။

လုဟြာယင္ မွာ ေရွာင္က်န္႔ ကို ၾကည့္ၿပီး ဒီလို ထူးျခားတဲ့အေျခေနကို မွတ္ထားလိုက္သည္။

ဝမ္လီခ်န္ က ေရွာင္က်န္႔ ရဲ႕ စိတ္အေျခေနေၾကာင့္ ျဖစ္ေပၚေနတဲ့ အေၾကာက္တရား ေၾကာင့္ သူ႕ညီေတာ္ကို သတိရသြားတယ္။

ေရွာင္က်န္႔ ဟာ သူတို႔ တုန္႔ျပန္မႈကို ေတြ႕ေသာအခါ သူ႕ရဲ႕ စိတ္ကိုထိန္းခ်ဳပ္ၿပီး မင္းသမီး ေဖးရင္ ကို ၾကည့္ၿပီး တစ္လံုးခ်င္း ေျပာလိုက္သည္။

" ေကာင္းပါၿပီ.... မင္းသမီး ေဖးရင္ က ၿပိဳင္ခ်င္ရင္...
ကြၽန္ေတာ္ လည္း မျငင္းေတာ့ဘူး...ကြၽန္ေတာ္ လည္း ဒီမၾကာခင္အခ်ိန္မွာ.... သိုင္းပညာ ကို ေလ့လာေနတာနဲ႔ အေတာ္ဘဲ... မင္းသမီး ေဖးရင္ ကို သိုင္းက်င့္ေဖာ္လို႔...
ထင္မွတ္ထားလိုက္မယ္... "

ေရွာင္က်န္႔ စိတ္ေလ်ာ့ထားရင္း ေဒါသကို မင္းသမီး ေဖးရင္ ဘက္ကို လွည့္သြားသည္ ထိုအခါမွ လူေတြက သတိဝင္လာၿပီး အသက္႐ႉလည္း ေခ်ာင္သြားသည္။

ေဖးရင္ မွာ ခုနက ေရွာင္က်န္႔ ေၾကာင့္ ေၾကာက္တာကို ခံစားရလို႔ ခံျပင္းလာၿပီး သူမက သိုင္းၿပိဳင္ပြဲမွာ သူ႕ကို မွတ္သားေလာက္ေအာင္ ပညာေပးဖို႔ ဆံုးျဖတ္လိုက္သည္။

သူမ မသိသည္မွာ ေရွာင္က်န္႔ က သူမကို တစ္စဆီ ခုတ္ျဖတ္ခ်င္ေအာင္ ေဒါသထြက္ေနသည္ကိုပါ။

အေမွာင္ေလာက ထဲမွာ ဖိန္႔ဖိန္႔တုန္ေအာင္ ေၾကာက္ရတဲ့ ေရွာင္အိမ္ေတာ္၏ မာဖီးယားဂိုဏ္း ေခါင္းေဆာင္ ေရွာင္က်န္႔ကို ဘယ္သူမွ မစေနာက္ရဲပါ။ သူ႕လိုလူကို မိန္းမလို လို႔ ေျပာရဲရေအာင္ သူမမွာ သတၱိ နဲ႕ အသက္ပို ဘယ္ႏွစ္ခု ပါသလဲ။

ထိုေနာက္ သူတို႔သည္ လူအမ်ားက ေစာင့္ေမွ်ာ္ၾကသည့္ အတိုင္း စင္ျမင့္ေပၚမွာ တက္လိုက္သည္။

စင္ျမင့္ေပၚမွာ ေရွာင္က်န္႔ နဲ႕ ေဖးရင္ တို႔ ဓားကိုယ္စီျဖင့္ တစ္ေယာက္ ကို တစ္ေယာက္ ဦးၫြတ္ၿပီး  ေဖးရင္ က အရင္ စတိုက္လိုက္သည္။

ေရွာင္က်န္႔ ဟာ အေသအလဲ ေရွာင္တိမ္းလိုက္သည္။ ထိုေနာက္ မွာလည္း ေရွာင္ရတာ တစ္မ်ဳိးဘဲ ျဖစ္သြားသည္။ ေရွာင္ရင္းနဲ႔ အခြင့္အေရးမရိွသလို ျဖစ္လာေတာ့ သူသင္ထားတဲ့ ကိုယ္ေဖာ့သိုင္းကို သံုးၿပီး စင္အဖ်ားနားကို ပ်ံသန္းသြားသည္။

ဦးေလးလု က ဒီရက္အတြင္း  ေန႔အခ်ိန္မွာ အေျခခံ သိုင္းပညာ ကို ေလ့က်င့္ေစၿပီး ညအခ်ိန္ မွာ အတြင္းအားက်င့္စဥ္နဲ႔ ကိုယ္ေဖာ့သိုင္းကို သင္ေပးၿပီး ေလ့က်င့္ေစလို႔ သူဟာ သိုင္းသမား ေပါက္စ ျဖစ္လာၿပီ။

ထိုအျပင္ သူ႕အရင္ဘဝက ဂိုဏ္းေခါင္းေဆာင္ျဖစ္ဖို႔ အတြက္ မေရတြက္ႏိုင္ေအာင္ တိုက္ပြဲအမ်ဳိးမ်ဳိး နဲ႕ စစ္ေဆးခံရၿပီး သူ႕ရဲ႕ ဂိုဏ္းကို အတိုက္ခံ လုပ္သူေတြနဲ႔လည္း တိုက္ပြဲ အမ်ားျပား ဆင္ႏြဲရလို႔ ဤကဲ့သို႔ အလွသေဘာသာ သိုင္းပညာ ေလ့က်င္တဲ့ မင္းသမီး ေဖးရင္ ၏ တိုက္ကြက္ကို ေရွာင္တိမ္းရသည္မွာ သူ႕အတြက္ ငွက္ေပ်ာသီး ႏြံခြာသလို လြယ္သည္မွာ ေျပာစရာမလို။

သို႔ေသာ္ သူ႕အႀကံစည္ အတြက္ သိုင္းပညာ မတတ္တေခါက္နဲ႔ ဟန္ေဆာင္ၿပီး သူမ၏ ဓားကို အေသအလဲ ေရွာင္တိမ္းလိုက္သည္။

ေဖးရင္ က ေရွာင္တာ တစ္မ်ဳိးဘဲ ျဖစ္ေနတဲ့ ေရွာင္က်န္႔ ကိုၾကည့္ၿပီး ေလွာင္ေျပာလိုက္သည္။

" ဟက္... တတ္ႏိုင္ရင္ မေရွာင္နဲ႔ေလ ခုနက ေျပာေတာ့ သိုင္းပညာ သင္ထားတာဆို... အခု ေတြ႕ရတာ အေျပး ပညာဘဲ သံုးေနပါလား... မႏိုင္ရင္ အ႐ံႈးေပးလိုက္ ဒီမင္းသမီး က နင့္ကို ခြင့္လြတ္ေပးမယ္... ဒါေပမဲ့ နင္ဒီမင္းသမီးကို ဦးခ်ၿပီး ေတာင္းပန္ရမယ္...."

ထိုအခါမွ ေရွာင္က်န္႔ ဟာ ေရွာင္ေနတာကို ရပ္ၿပီး သူမကို ဓားတစ္ခ်က္ ခုတ္လိုက္သည္။

ေဖးရင္ က လြယ္ကူစြာ ေရွာင္လိုက္ၿပီး သူမထက္ လွပတဲ့ ေရွာင္က်န္႔ မ်က္ႏွာကို ဓားနဲ႔ ထိုးခုတ္လိုက္၍ ေရွာင္က်န္႔ ဟာ အလ်င္ျမန္ ေရွာင္တိမ္းလို႔ ဟန္ခ်က္ပ်က္ၿပီး ဓားဟာ သူ႕ မ်က္ႏွာ နဲ႕ လြဲၿပီး လည္ပင္း ကို ရွပ္ထိလိုက္သည္။

ေရွာင္က်န္႔ ဟာ ထိတ္လန္႔သလိုနဲ႔ လႊတ္ေနတဲ့  လက္နဲ႕ လည္ပင္း နားက ဓားဖ်ားကို ဆုပ္ကိုင္ၿပီး ေဖးရင္ ၏ မ်က္ႏွာ ကို သူ႕ရဲ႕ ဓားနဲ႔ ခ်ိန္ကာ မ်က္လုံး မွာ ေအးစက္တဲ့ အရိပ္တစ္ခု ျဖတ္ေျပးသြားျပီး ဓားကို အဆက္မျပတ္ ေဝ့ယမ္းလိုက္သည္။ စိတ္ထဲမွာလည္း ကိုယ့္အလွည့္မွ မႏြဲ႕တန္းေပါ့ လို႔သာ ေျပာလိုက္သည္။

သူ၏ ဓားမွာ မင္းသမီး ေဖးရင္ ၏ မ်က္ႏွာ ေပၚ မေရတြက္ႏိုင္ေအာင္ ခုတ္ရွမိသြားလို႔ သူမ၏ စူးစူးဝါးဝါးေအာ္သံ ကိုၾကားရသည္။ ထိုအျပင္
သူမ မ်က္ႏွာ ကို ဓားနဲ႔ မြန္းခံရသလို ခံစားမိေတာ့ ေဖးရင္ ဟာ ေရွာင္က်န္႔ ကို ႀကံဳးဝါးၿပီး ေအာ္လိုက္သည္။

" အားးး!!... ေရွာင္က်န္႔ နင့္ကို သတ္မယ္ "

ေဖးရင္ က ေရွာင္က်န္႔ ဆုပ္ကိုင္ထားတဲ့ သူမရဲ႕ ဓားကို အရိွန္နဲ႕ ဆြဲလိုက္ေတာ့ ေရွာင္က်န္႔ ၏ လက္ဟာ ဓားဖ်ား၏ ထိခိုက္မႈေၾကာင့္ နီရဲရဲေသြးေတြ နဲ႕  လ်ံထြက္သြားလို႔
ေရွာင္က်န္႔ ဟာ လက္ထဲက ကိုင္ထားတဲ့ ဓားကို လြတ္လိုက္ျပီး ေသြးထြက္ေနတဲ့ သူ၏ လက္ကို ဓားရွပ္ရာေၾကာင့္ ဒဏ္ရာ ရလို႔ အနည္းငယ္ ေသြ႕စို႔တဲ့ လည္ပင္းနားကပ္လိုက္သည္။  သူ၏ လက္မွ ေသြးေၾကာင့္ လည္ပင္း တစ္ဝိုက္ ေသြးျဖင့္ နီရဲသြားသလို အျဖဴေရာင္ ဝတ္စံုမွာလည္း နီရဲရဲေသြးေတြ နဲ႕ ျခယ္သသလို ျဖစ္သြားသည္။

ေဖးရင္ က ေရွာင္က်န္႔ ကို မုန္းတီးစြာၾကည့္ၿပီး သူမ၏ ဓားနဲ႔ သူ႕ကို ခုတ္လိုက္သည္။ သို႔ေသာ္ ေျခေထာက္တစ္ဖက္က သူမ၏ ဓားကို က်ဴိးေက်ေအာင္ ကန္လိုက္သည္။

ထိုသူဟာ မင္းသား ဝမ္လီခ်န္ ပါဘဲ။ သူ႕နားမွာေတာ့ လုဟြာယင္ လည္း လိုက္ပါလာသည္။

" ေတာ္ေတာ့ ေဖးရင္ ေရွ႕ဆက္ၿပီး ျပသနာရွာတာ ရပ္လိုက္ေတာ့....မင္းနဲ႔ ၾကင္ယာေတာ္ေရွာင္ လည္း ဒဏ္ရာ ရထားတယ္... ဒဏ္ရာ အရင္ကုရမယ္ "

မင္းသမီး ေဖးရင္ က နာက်င္ေနတဲ့ သူမ မ်က္ႏွာ ကို ကိုင္ျပီး
လက္ကို ျပန္ၾကည့္ၿပီးေတာ့ လက္မခံ ႏိုင္ေအာင္ ေသြးေတြ ရြဲေနသည္။ ေသခ်ာတယ္ သူမ မ်က္ႏွာ ဟာ ဓားျခစ္ရာ နဲ႕ အက်ီးတန္ ကာ ၾကည့္မရေအာင္ ႐ုပ္ဆိုးတဲ့လူ ျဖစ္သြားေတာ့မယ္။

" အားးး!!!!... ငါ့မ်က္ႏွာ ငါ့မ်က္ႏွာကို ဘယ္လိုလုပ္ မလဲ ဒီအတိုင္း မေနခ်င္ဘူး... ေရွာင္က်န္႔ ကို အလြတ္မေပးနဲ႕ ငါခံစားရတာကို သူလည္း ခံစားရမယ္ သူ႕ကို ဖမ္းထား...

အစ္ကိုေတာ္ ညီမေတာ္ အတြက္ သူ႕ကို လက္စားေခ်ေပးရမယ္ သူ႕မ်က္ႏွာကို ဖ်က္စီးပစ္ ညီမေတာ္ ႐ုပ္ဆိုးတဲ့လူ ျဖစ္သလို သူလည္း ႐ုပ္ဆိုးရမယ္ "

ေရွာင္က်န္႔ က အ႐ႉးလို ေအာ္ေနတဲ့ သူမကို ၾကည့္ၿပီး သူ႕မ်က္လံုးထဲ အလင္းတစ္ခု ျဖတ္ေျပးသြားတယ္။ ဒါေပမဲ့ ခဏ ပါဘဲ ေနာက္ေတာ့ သူ႕ေၾကာင့္နဲ႔ မ်က္ႏွာ ပ်က္စီးသြားတဲ့ သူမကို မယံုႏိုင္ေအာင္ျဖစ္ေနသလို ေၾကာင္ၾကည့္လိုက္သည္။

ထိုအခါမွာ စင္ေအာက္က လူေတြဟာ သူတို႔ကို ၾကည့္ၿပီး အံ့ဩသူ အံ့ဩ၊ ထိတ္လန္႔သူ ထိတ္လန္႔သြားၿပီး ေၾကာက္သူလည္း ေၾကာက္သြားသည္။

ဒါေပမဲ့ ၾကင္ယာေတာ္ က်င္းယုံ က သူ႕လူေတြကို ေခၚလိုက္ျပီး စင္ေပၚက ေရွာင္က်န္႔ ကို ဖမ္းခိုင္းလိုက္သည္။

" မင္းသမီး ေဖးရင္ ကို ဒဏ္ရာ ရေစတဲ့ ၾကင္ယာေတာ္ေရွာင္ကို ဖမ္း..... "

ထိုအခါ သူမ၏ လူေတြက ညီညာစြာ ျပန္ေျဖလိုက္သည္။

" ဟုတ္ကဲ့ ပါ ၾကင္ယာေတာ္ က်င္းယုံ "

လူငါးေယာက္က ေရွာင္က်န္႔ ကို ဖမ္းဖို႔အတြက္ စင္ေပၚကို တတ္ၿပီး ဖမ္းဖို႔ လုပ္ေနသည့္အခါ လုဟြာယင္ ရဲ႕ ေအးစက္တဲ့အသံကို ၾကားရ၍ တုန္႔ခနဲ ရပ္သြားသည္။

" မင္းတို႔ေတြ ေရွာင္က်န္႔ေကာ ကို ဖမ္းခ်င္တယ္... အိမ္ေရွ႕စံ ရိေပၚေကာ ေဒါသကို ရင္ဆိုင္ႏိုင္လို႔လား....
ေရွာင္က်န္႔ေကာ ကို ထိရင္ ေသဖို႔သာျပင္ထား... "

လုဟြာယင္ က ေျပာၿပီး သူတို႔ကို လစ္လ်ဴ႐ႈကာ ဓားဒဏ္ရာ ရထားတဲ့ မင္းသမီး ေဖးရင္ ၏ မ်က္ႏွာ ကို ေၾကာင္ၾကည့္ေနတဲ့ ေရွာင္က်န္႔ ကို ေပြ႕ခ်ီကာ စင္ျမင့္ေပၚမွ ေျမျပင္သို႔ ကိုယ္ေဖာ့သိုင္းျဖင့္ ဆင္းသက္လာသည္။

ေရွာင္က်န္႔ ဟာ မိန္းကေလး တစ္ေယာက္ က သူ႕ကို ေပါ့ေပါ့ပါးပါး နဲ႕ အလြယ္တကူ ေပြ႕ခ်ီတာ ခံရတဲ့ အခါ ရွက္သြားေပမဲ့ အားနည္းသလို ဟန္ေဆာင္ခ်င္လို႔ ဘာမွမေျပာဘဲ အသံတိတ္ေနလိုက္သည္။

ၾကင္ယာေတာ္ က်င္းယုံ က သူတို႔ကို တားလိုက္သည္။

" ရပ္လိုက္ ၾကင္ယာေတာ္ေရွာင္က အျပစ္ လုပ္ထားတယ္
သူ႕ကို ဘယ္မွ သြားခြင့္မျပဳႏိုင္ဘူး ေကာင္မေလး မင္း ဒုကၡ မေရာက္ခ်င္ရင္ သူ႕ကို ထားခဲ့လိုက္ "

လုဟြာယင္ က သူမကို မၾကည့္ဘဲ ကိုယ္ေဖာ့သိုင္းကို အသံုးျပဳၿပီး ထြက္သြားရင္း စကားပါးလိုက္သည္။

" ေရွာင္က်န္႔ေကာ ကို ဖမ္းခ်င္ရင္ ၿမိဳ႕ျပင္က ေတာင္ကုန္းေပၚမွာ ရိွတဲ့ စံအိမ္ကို လာခဲ့လိုက္ လာရဲရင္ေပါ့ "

ထိုေနာက္ သူတို႔ ႏွစ္ေယာက္၏ ပံုရိပ္ဟာ ခ်ယ္ရီဦးယ်ာဥ္မွာ ရိွတဲ့ လူေတြ၏ အျမင္ကေန ေပ်ာက္ကြယ္သြားတယ္။

+++++

နန္းေတာ္ အျပင္ကို ေရာက္တဲ့အခါ ေရွာင္က်န္႔ ဟာ သူ႕ကို ခ်ီထားတဲ့ လုဟြာယင္ ကို ေမာ့ၾကည့္ၿပီး စကားေျပာလိုက္သည္။

" ဟြာယင္ ငါ့ကို ေရွာင္အိမ္ေတာ္ ေခၚသြားေပး "

" ေရွာင္က်န္႔ေကာ ဘာသြားလုပ္မလဲ အခု ဒဏ္ရာ အရင္ကုဖို႔ စံအိမ္ကို အရင္ေရာက္ေအာင္ ျပန္ရမယ္ "

" ငါ့ ဒဏ္ရာ က ေသးငယ္တယ္ သူတို႔က မဆိုင္တဲ့ ေရွာင္အိမ္ေတာ္ကို ပစ္မွတ္ထားမွာ ငါမလိုခ်င္ဘူး ငါ အဲဒီ ကို သြားျပီး အေဖကို ေျပာျပခ်င္တယ္ "

လုဟြာယင္ က ခဏ ေတြးၿပီး ေခါင္းညိတ္ ကာ ေရွာင္အိမ္ေတာ္ကို သြားလိုက္သည္။

ေရွာင္အိမ္ေတာ္၏ ၿခံဝန္းထဲက ကြက္လပ္တစ္ခုမွာ ေရွာင္ခ်င္းဖုန္း က ဓားေရးေလ့က်င့္ေနသည္။ ထိုအခါ အၾကားအာ႐ံုေကာင္းတဲ့ သူ႕နားက ေလတိုးသံၾကားရလို႔ သူ႕ေနာက္ကို လွည့္ၾကည့္လိုက္သည္။

=========== ========== ======= ===== ====== ======= ======

[Unicode]

ကိုယ့်အလှည့်မှ မနွဲ့တန်းပေါ့

ရှောင်ကျန့် ဟာ မင်းသမီး ဖေးရင် ကို စကားမဆိုဘဲ လှောင်ပြုံးလေးနဲ့ ကြည့်နေသည်။

မင်းသမီး ဖေးရင် မှာ အစေခံ အကူညီ ဖြင့် ရပ်နေပြီး သူမကို ကြည့်ပြီး လှောင်ပြုံးလေးနဲ့ ပြုံးနေတဲ့ လူကို မုန်းတီးစွာ ခပ်တင်းတင်း ကြည့်လိုက်သည်။

ဤသို့သောအချိန်မှာ ချယ်ရီဦးယျာဉ် တစ်ခုလုံးရှိ လူတွေသည် ကြင်ယာတော်ရှောင် နဲ့ မင်းသမီး ဖေးရင် တို့ ရှေ့ဆက်ဘာလုပ် မလဲဆိုတာ တွေးကြည့်ရင်း တစ်ချက်မှ မလွတ်အောင် ငေးကြည့်ကြ၏။

နောက်ဆုံးမှာ ရှောင်ကျန့် က စကားစလိုက်သည်။

" မင်းသမီး ဖေးရင် ခုနက လဲကျတာ ဖင်ကျိုးသွားလို့  အဲ.. မှားလို့.. ခါးကျိုးသွားလို့ စကာမပြောနိုင်အောင် နာကျင်ပြီး စွံ့အသွားတာလား "

" ဘာ... နင်...နင် သေချင်နေတာလား ရှောင်ကျန့် "

ထိုသို့ကြားရသောအခါ ဖေးရင် က ဒေါသထွက်ရလွန်းလို့ စကားတောင် ထစ်လာသည်။
သူမကို ထိုသို့ ပြောလိုက်တာ တကယ်ကို အရှက်ခွဲနေတာ သူမ ဘဝမှာ တစ်ခါမှ ဒီလို မပြောမခံရဖူး။

သူမသည် မွေးကတည်းက အလိုလိုက်ခံရတဲ့ ချင်အိမ်တော်က သခင်မလေး ဖြစ်ပြီး ငယ်စဉ်ထဲက ဒေါ်လေး အခေါ်ကြောင့် နန်းတော်ကို ဝင်လာရသည်။
သူမ ဆယ်နှစ်အရွယ်မှာ မင်းသမီး ဖေးရင် အဖြစ်နဲ့ ချီးမြောက်ခံရတဲ့ အချိန်မှစ၍ သူမ ဒေါ်လေး မိဖုရားကြီး ရဲ့ အကာကွယ်နဲ့ မင်းသမီး ဘွဲ့က နန်းတော်မှာ လိုချင်တာ၊ ဖြစ်ချင်တာကို ရအောင်လုပ်ယူနိုင်ခဲ့တယ်။

ဘယ်သူမှ သူမကို အပြစ် မပြုရဲဘူး အခုတော့ ဒီလို မကောင်းတဲ့ မိန်းမလိုကောင်က သူမကို လှောင်ပြုံးလေးနဲ့ စော်ကားတဲ့ စကားတောင် ပြောဆိုလာသည်။ ဒါက သူမအတွက် ကြီးကျယ် တဲ့ အရှက်ရမှု တစ်ခုဘဲ။

မင်းသမီး ဖေးရင် ဒေါသထွက်လို့ လမ်းပျောက်နေတဲ့ အချိန်မှာ ကြင်ယာတော် ကျင်းယုံ က ထိုင်ရာမှ ထကာ မင်းသမီး ဖေးရင် ဆီကို သွားလိုက်ပြီး စကားပြောလိုက်သည်။

" ဖေးရင် စိတ်ကို ရှော့ထား ငါ့မှာ နည်းလမ်းရှိတယ် "

သူမက ပြောပြီးတော့ မင်းသမီး ဖေးရင် ၏ နားနဲ့ကပ်ပြီး တိုးတိုးလေး တစ်စုံတစ်ခုကို ပြောလိုက်၏။

ဖေးရင် ဟာ သူမဆီမှာ ရှောင်ကျန့်ကို လက်တုနု့်ပြန်နိုင်မဲ့ နည်းလမ်းကို ကြားရတဲ့အခါ  ဒေါသကို ဖိနှိပ်ပြီး စိတ်ကို ငြိမ်အောင်ထားလိုက်ရင်း ရှောင်ကျန့် ကို ကြည့်ပြီး ပြောလိုက်သည်။

" ရှောင်ကျန့်... နင် သတ္တိ ရှိရင် ငါနဲ့ ပြိုင် ဒီလို သရဲဘောကြောင်ပြီး မိန်းမလို စကားနာ မထိုးနဲ့...နင်က ယောကျ်ားလေး မဟုတ်လား...အော မေ့သွားလို့.... နင်က ယောကျ်ားလေး မှန်ရင် ဘာလို့ ယောကျ်ားတန်မဲ့ ယောကျ်ားတစ်ယောက်ရဲ့ ကြင်ယာတော် ဖြစ်ရမလဲ...

နင့်ဆီမှာ ယောကျ်ားလေး တစ်ယောက် လို အင်အားရောရှိလို့လား... ငါနဲ့ရော တစ်ယောက် ချင်း သိုင်းပြိုင်ရဲလား....
နင့်မှာ အစွမ်းရှိရင် ငါနဲ့ပြိုင် မိန်းမလို စကားမများနဲ့ "

ရှောင်ကျန့် ဟာ သူမ စကားကိုကြားရတဲ့အခါ သူ့တစ်ကိုယ်လုံး လူသတ်ချင်စိတ်တွေ တားမရအောင် ဖြစ်ပေါ်ပြီး သူမကို ကြည့်တဲ့မျက်လုံးတွေဟာ လှောင်နေတဲ့ အကြည့်ကနေ အေးစက်စက် အကြည့်နဲ့ သေစေနိုင်မဲ့ ရက်စက်တဲ့ အကြည့်တွေအဖြစ် ပြောင်းလဲသွားတယ်။

ထိုအခါ ဦးယျာဉ်မှာ ရှိတဲ့လူတွေဟာ သူတို့ရင်ထဲမှာ မဖြစ်ပေါ်ဖူးတဲ့ အကြောက်တရား တစ်ခုကို ပြင်းထန်စွာ ခံစားရလို့ ရှောင်ကျန့် ကို ကြောက်စရာ ကောင်းတဲ့ လူတစ်ယောက် လို တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။

အဆိုးဆုံး ကတော့ မင်းသမီး ဖေးရင် နဲ့ ကြင်ယာတော် ကျင်းယုံ တို့လို တည့်တည့်အကြည့်ခံရတဲ့လူတွေဘဲ သူမတို့
အရမ်းဘဲ ကြောက်သသွားလို ဘာဖြစ်မှန်းမသိဘဲ ကြောင်လည်းကြောင်သွားတယ် ။

လုဟွာယင် မှာ ရှောင်ကျန့် ကို ကြည့်ပြီး ဒီလို ထူးခြားတဲ့အခြေနေကို မှတ်ထားလိုက်သည်။

ဝမ်လီချန် က ရှောင်ကျန့် ရဲ့ စိတ်အခြေနေကြောင့် ဖြစ်ပေါ်နေတဲ့ အကြောက်တရား ကြောင့် သူ့ညီတော်ကို သတိရသွားတယ်။

ရှောင်ကျန့် ဟာ သူတို့ တုန့်ပြန်မှုကို တွေ့သောအခါ သူ့ရဲ့ စိတ်ကိုထိန်းချုပ်ပြီး မင်းသမီး ဖေးရင် ကို ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။

" ကောင်းပါပြီ.... မင်းသမီး ဖေးရင် က ပြိုင်ချင်ရင်...
ကျွန်တော် လည်း မငြင်းတော့ဘူး...ကျွန်တော် လည်း ဒီမကြာခင်အချိန်မှာ.... သိုင်းပညာ ကို လေ့လာနေတာနဲ့ အတော်ဘဲ... မင်းသမီး ဖေးရင် ကို သိုင်းကျင့်ဖော်လို့...
ထင်မှတ်ထားလိုက်မယ်... "

ရှောင်ကျန့် စိတ်လျော့ထားရင်း ဒေါသကို မင်းသမီး ဖေးရင် ဘက်ကို လှည့်သွားသည် ထိုအခါမှ လူတွေက သတိဝင်လာပြီး အသက်ရှူလည်း ချောင်သွားသည်။

ဖေးရင် မှာ ခုနက ရှောင်ကျန့် ကြောင့် ကြောက်တာကို ခံစားရလို့ ခံပြင်းလာပြီး သူမက သိုင်းပြိုင်ပွဲမှာ သူ့ကို မှတ်သားလောက်အောင် ပညာပေးဖို့ ဆုံးဖြတ်လိုက်သည်။

သူမ မသိသည်မှာ ရှောင်ကျန့် က သူမကို တစ်စဆီ ခုတ်ဖြတ်ချင်အောင် ဒေါသထွက်နေသည်ကိုပါ။

အမှောင်လောက ထဲမှာ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ရှောင်အိမ်တော်၏ မာဖီးယားဂိုဏ်း ခေါင်းဆောင် ရှောင်ကျန့်ကို ဘယ်သူမှ မစနောက်ရဲပါ။ သူ့လိုလူကို မိန်းမလို လို့ ပြောရဲရအောင် သူမမှာ သတ္တိ နဲ့ အသက်ပို ဘယ်နှစ်ခု ပါသလဲ။

ထိုနောက် သူတို့သည် လူအများက စောင့်မျှော်ကြသည့် အတိုင်း စင်မြင့်ပေါ်မှာ တက်လိုက်သည်။

စင်မြင့်ပေါ်မှာ ရှောင်ကျန့် နဲ့ ဖေးရင် တို့ ဓားကိုယ်စီဖြင့် တစ်ယောက် ကို တစ်ယောက် ဦးညွတ်ပြီး  ဖေးရင် က အရင် စတိုက်လိုက်သည်။

ရှောင်ကျန့် ဟာ အသေအလဲ ရှောင်တိမ်းလိုက်သည်။ ထိုနောက် မှာလည်း ရှောင်ရတာ တစ်မျိုးဘဲ ဖြစ်သွားသည်။ ရှောင်ရင်းနဲ့ အခွင့်အရေးမရှိသလို ဖြစ်လာတော့ သူသင်ထားတဲ့ ကိုယ်ဖော့သိုင်းကို သုံးပြီး စင်အဖျားနားကို ပျံသန်းသွားသည်။

ဦးလေးလု က ဒီရက်အတွင်း  နေ့အချိန်မှာ အခြေခံ သိုင်းပညာ ကို လေ့ကျင့်စေပြီး ညအချိန် မှာ အတွင်းအားကျင့်စဉ်နဲ့ ကိုယ်ဖော့သိုင်းကို သင်ပေးပြီး လေ့ကျင့်စေလို့ သူဟာ သိုင်းသမား ပေါက်စ ဖြစ်လာပြီ။

ထိုအပြင် သူ့အရင်ဘဝက ဂိုဏ်းခေါင်းဆောင်ဖြစ်ဖို့ အတွက် မရေတွက်နိုင်အောင် တိုက်ပွဲအမျိုးမျိုး နဲ့ စစ်ဆေးခံရပြီး သူ့ရဲ့ ဂိုဏ်းကို အတိုက်ခံ လုပ်သူတွေနဲ့လည်း တိုက်ပွဲ အများပြား ဆင်နွဲရလို့ ဤကဲ့သို့ အလှသဘောသာ သိုင်းပညာ လေ့ကျင်တဲ့ မင်းသမီး ဖေးရင် ၏ တိုက်ကွက်ကို ရှောင်တိမ်းရသည်မှာ သူ့အတွက် ငှက်ပျောသီး နွံခွာသလို လွယ်သည်မှာ ပြောစရာမလို။

သို့သော် သူ့အကြံစည် အတွက် သိုင်းပညာ မတတ်တခေါက်နဲ့ ဟန်ဆောင်ပြီး သူမ၏ ဓားကို အသေအလဲ ရှောင်တိမ်းလိုက်သည်။

ဖေးရင် က ရှောင်တာ တစ်မျိုးဘဲ ဖြစ်နေတဲ့ ရှောင်ကျန့် ကိုကြည့်ပြီး လှောင်ပြောလိုက်သည်။

" ဟက်... တတ်နိုင်ရင် မရှောင်နဲ့လေ ခုနက ပြောတော့ သိုင်းပညာ သင်ထားတာဆို... အခု တွေ့ရတာ အပြေး ပညာဘဲ သုံးနေပါလား... မနိုင်ရင် အရှုံးပေးလိုက် ဒီမင်းသမီး က နင့်ကို ခွင့်လွတ်ပေးမယ်... ဒါပေမဲ့ နင်ဒီမင်းသမီးကို ဦးချပြီး တောင်းပန်ရမယ်...."

ထိုအခါမှ ရှောင်ကျန့် ဟာ ရှောင်နေတာကို ရပ်ပြီး သူမကို ဓားတစ်ချက် ခုတ်လိုက်သည်။

ဖေးရင် က လွယ်ကူစွာ ရှောင်လိုက်ပြီး သူမထက် လှပတဲ့ ရှောင်ကျန့် မျက်နှာကို ဓားနဲ့ ထိုးခုတ်လိုက်၍ ရှောင်ကျန့် ဟာ အလျင်မြန် ရှောင်တိမ်းလို့ ဟန်ချက်ပျက်ပြီး ဓားဟာ သူ့ မျက်နှာ နဲ့ လွဲပြီး လည်ပင်း ကို ရှပ်ထိလိုက်သည်။

ရှောင်ကျန့် ဟာ ထိတ်လန့်သလိုနဲ့ လွှတ်နေတဲ့  လက်နဲ့ လည်ပင်း နားက ဓားဖျားကို ဆုပ်ကိုင်ပြီး ဖေးရင် ၏ မျက်နှာ ကို သူ့ရဲ့ ဓားနဲ့ ချိန်ကာ မျက်လုံး မှာ အေးစက်တဲ့ အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး ဓားကို အဆက်မပြတ် ဝေ့ယမ်းလိုက်သည်။ စိတ်ထဲမှာလည်း ကိုယ့်အလှည့်မှ မနွဲ့တန်းပေါ့ လို့သာ ပြောလိုက်သည်။

သူ၏ ဓားမှာ မင်းသမီး ဖေးရင် ၏ မျက်နှာ ပေါ် မရေတွက်နိုင်အောင် ခုတ်ရှမိသွားလို့ သူမ၏ စူးစူးဝါးဝါးအော်သံ ကိုကြားရသည်။ ထိုအပြင်
သူမ မျက်နှာ ကို ဓားနဲ့ မွန်းခံရသလို ခံစားမိတော့ ဖေးရင် ဟာ ရှောင်ကျန့် ကို ကြုံးဝါးပြီး အော်လိုက်သည်။

" အားးး!!... ရှောင်ကျန့် နင့်ကို သတ်မယ် "

ဖေးရင် က ရှောင်ကျန့် ဆုပ်ကိုင်ထားတဲ့ သူမရဲ့ ဓားကို အရှိန်နဲ့ ဆွဲလိုက်တော့ ရှောင်ကျန့် ၏ လက်ဟာ ဓားဖျား၏ ထိခိုက်မှုကြောင့် နီရဲရဲသွေးတွေ နဲ့  လျံထွက်သွားလို့
ရှောင်ကျန့် ဟာ လက်ထဲက ကိုင်ထားတဲ့ ဓားကို လွတ်လိုက်ပြီး သွေးထွက်နေတဲ့ သူ၏ လက်ကို ဓားရှပ်ရာကြောင့် ဒဏ်ရာ ရလို့ အနည်းငယ် သွေ့စို့တဲ့ လည်ပင်းနားကပ်လိုက်သည်။  သူ၏ လက်မှ သွေးကြောင့် လည်ပင်း တစ်ဝိုက် သွေးဖြင့် နီရဲသွားသလို အဖြူရောင် ဝတ်စုံမှာလည်း နီရဲရဲသွေးတွေ နဲ့ ခြယ်သသလို ဖြစ်သွားသည်။

ဖေးရင် က ရှောင်ကျန့် ကို မုန်းတီးစွာကြည့်ပြီး သူမ၏ ဓားနဲ့ သူ့ကို ခုတ်လိုက်သည်။ သို့သော် ခြေထောက်တစ်ဖက်က သူမ၏ ဓားကို ကျိူးကျေအောင် ကန်လိုက်သည်။

ထိုသူဟာ မင်းသား ဝမ်လီချန် ပါဘဲ။ သူ့နားမှာတော့ လုဟွာယင် လည်း လိုက်ပါလာသည်။

" တော်တော့ ဖေးရင် ရှေ့ဆက်ပြီး ပြသနာရှာတာ ရပ်လိုက်တော့....မင်းနဲ့ ကြင်ယာတော်ရှောင် လည်း ဒဏ်ရာ ရထားတယ်... ဒဏ်ရာ အရင်ကုရမယ် "

မင်းသမီး ဖေးရင် က နာကျင်နေတဲ့ သူမ မျက်နှာ ကို ကိုင်ပြီး
လက်ကို ပြန်ကြည့်ပြီးတော့ လက်မခံ နိုင်အောင် သွေးတွေ ရွဲနေသည်။ သေချာတယ် သူမ မျက်နှာ ဟာ ဓားခြစ်ရာ နဲ့ အကျီးတန် ကာ ကြည့်မရအောင် ရုပ်ဆိုးတဲ့လူ ဖြစ်သွားတော့မယ်။

" အားးး!!!!... ငါ့မျက်နှာ ငါ့မျက်နှာကို ဘယ်လိုလုပ် မလဲ ဒီအတိုင်း မနေချင်ဘူး... ရှောင်ကျန့် ကို အလွတ်မပေးနဲ့ ငါခံစားရတာကို သူလည်း ခံစားရမယ် သူ့ကို ဖမ်းထား...

အစ်ကိုတော် ညီမတော် အတွက် သူ့ကို လက်စားချေပေးရမယ် သူ့မျက်နှာကို ဖျက်စီးပစ် ညီမတော် ရုပ်ဆိုးတဲ့လူ ဖြစ်သလို သူလည်း ရုပ်ဆိုးရမယ် "

ရှောင်ကျန့် က အရှူးလို အော်နေတဲ့ သူမကို ကြည့်ပြီး သူ့မျက်လုံးထဲ အလင်းတစ်ခု ဖြတ်ပြေးသွားတယ်။ ဒါပေမဲ့ ခဏ ပါဘဲ နောက်တော့ သူ့ကြောင့်နဲ့ မျက်နှာ ပျက်စီးသွားတဲ့ သူမကို မယုံနိုင်အောင်ဖြစ်နေသလို ကြောင်ကြည့်လိုက်သည်။

ထိုအခါမှာ စင်အောက်က လူတွေဟာ သူတို့ကို ကြည့်ပြီး အံ့ဩသူ အံ့ဩ၊ ထိတ်လန့်သူ ထိတ်လန့်သွားပြီး ကြောက်သူလည်း ကြောက်သွားသည်။

ဒါပေမဲ့ ကြင်ယာတော် ကျင်းယုံ က သူ့လူတွေကို ခေါ်လိုက်ပြီး စင်ပေါ်က ရှောင်ကျန့် ကို ဖမ်းခိုင်းလိုက်သည်။

" မင်းသမီး ဖေးရင် ကို ဒဏ်ရာ ရစေတဲ့ ကြင်ယာတော်ရှောင်ကို ဖမ်း..... "

ထိုအခါ သူမ၏ လူတွေက ညီညာစွာ ပြန်ဖြေလိုက်သည်။

" ဟုတ်ကဲ့ ပါ ကြင်ယာတော် ကျင်းယုံ "

လူငါးယောက်က ရှောင်ကျန့် ကို ဖမ်းဖို့အတွက် စင်ပေါ်ကို တတ်ပြီး ဖမ်းဖို့ လုပ်နေသည့်အခါ လုဟွာယင် ရဲ့ အေးစက်တဲ့အသံကို ကြားရ၍ တုန့်ခနဲ ရပ်သွားသည်။

" မင်းတို့တွေ ရှောင်ကျန့်ကော ကို ဖမ်းချင်တယ်... အိမ်ရှေ့စံ ရိပေါ်ကော ဒေါသကို ရင်ဆိုင်နိုင်လို့လား....
ရှောင်ကျန့်ကော ကို ထိရင် သေဖို့သာပြင်ထား... "

လုဟွာယင် က ပြောပြီး သူတို့ကို လစ်လျူရှုကာ ဓားဒဏ်ရာ ရထားတဲ့ မင်းသမီး ဖေးရင် ၏ မျက်နှာ ကို ကြောင်ကြည့်နေတဲ့ ရှောင်ကျန့် ကို ပွေ့ချီကာ စင်မြင့်ပေါ်မှ မြေပြင်သို့ ကိုယ်ဖော့သိုင်းဖြင့် ဆင်းသက်လာသည်။

ရှောင်ကျန့် ဟာ မိန်းကလေး တစ်ယောက် က သူ့ကို ပေါ့ပေါ့ပါးပါး နဲ့ အလွယ်တကူ ပွေ့ချီတာ ခံရတဲ့ အခါ ရှက်သွားပေမဲ့ အားနည်းသလို ဟန်ဆောင်ချင်လို့ ဘာမှမပြောဘဲ အသံတိတ်နေလိုက်သည်။

ကြင်ယာတော် ကျင်းယုံ က သူတို့ကို တားလိုက်သည်။

" ရပ်လိုက် ကြင်ယာတော်ရှောင်က အပြစ် လုပ်ထားတယ်
သူ့ကို ဘယ်မှ သွားခွင့်မပြုနိုင်ဘူး ကောင်မလေး မင်း ဒုက္ခ မရောက်ချင်ရင် သူ့ကို ထားခဲ့လိုက် "

လုဟွာယင် က သူမကို မကြည့်ဘဲ ကိုယ်ဖော့သိုင်းကို အသုံးပြုပြီး ထွက်သွားရင်း စကားပါးလိုက်သည်။

" ရှောင်ကျန့်ကော ကို ဖမ်းချင်ရင် မြို့ပြင်က တောင်ကုန်းပေါ်မှာ ရှိတဲ့ စံအိမ်ကို လာခဲ့လိုက် လာရဲရင်ပေါ့ "

ထိုနောက် သူတို့ နှစ်ယောက်၏ ပုံရိပ်ဟာ ချယ်ရီဦးယျာဉ်မှာ ရှိတဲ့ လူတွေ၏ အမြင်ကနေ ပျောက်ကွယ်သွားတယ်။

+++++

နန်းတော် အပြင်ကို ရောက်တဲ့အခါ ရှောင်ကျန့် ဟာ သူ့ကို ချီထားတဲ့ လုဟွာယင် ကို မော့ကြည့်ပြီး စကားပြောလိုက်သည်။

" ဟွာယင် ငါ့ကို ရှောင်အိမ်တော် ခေါ်သွားပေး "

" ရှောင်ကျန့်ကော ဘာသွားလုပ်မလဲ အခု ဒဏ်ရာ အရင်ကုဖို့ စံအိမ်ကို အရင်ရောက်အောင် ပြန်ရမယ် "

" ငါ့ ဒဏ်ရာ က သေးငယ်တယ် သူတို့က မဆိုင်တဲ့ ရှောင်အိမ်တော်ကို ပစ်မှတ်ထားမှာ ငါမလိုချင်ဘူး ငါ အဲဒီ ကို သွားပြီး အဖေကို ပြောပြချင်တယ် "

လုဟွာယင် က ခဏ တွေးပြီး ခေါင်းညိတ် ကာ ရှောင်အိမ်တော်ကို သွားလိုက်သည်။

ရှောင်အိမ်တော်၏ ခြံဝန်းထဲက ကွက်လပ်တစ်ခုမှာ ရှောင်ချင်းဖုန်း က ဓားရေးလေ့ကျင့်နေသည်။ ထိုအခါ အကြားအာရုံကောင်းတဲ့ သူ့နားက လေတိုးသံကြားရလို့ သူ့နောက်ကို လှည့်ကြည့်လိုက်သည်။

=========== ========== ======= ===== ====== ======= ======

Continue Reading

You'll Also Like

34.5K 4.6K 4
FOR GREENHOUSE GIRL @RUNAWAYMATCHA 💚
910K 47K 53
Start Date _ 1st July 2021 End Date _ ကိုယ့်ရဲ့ လိုအပ်ချက်တွေနဲ့ လက်ရာလေးကို ဖတ်ပေးကြပါအုံး ✨💛
861K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
3life 3world love By Mp🍁

Historical Fiction

34.3K 1.8K 50
မှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည...