Unicode
ရှီရှန်းသည် နံရံကိုမှီကာ သူမရှေ့ရှိ စာအုပ်စင်ကို စိုက်ကြည့်နေသော်လည်း ထိုညက မင်ကျင့် ပြောသည့်စကားကြောင့် သူမစိတ်ထဲတွင် မွန်းကြပ်နေသည်။
'သူ့မှာ မှတ်ဥာဏ်တွေ ရှိနေတာလား? မဟုတ်ဘူး အဲ့ဒါ မဖြစ်နိုင်ဘူး'
ရှီရှန်း က ခေါင်းခါလိုက်သည်။
'မှတ်ဥာဏ်တွေသာရှိနေရင် သူနှုတ်ဆိတ်နေမှာမဟုတ်ဘူး ဒါ...သူငါနဲ့ အတူကမ္ဘာပေါင်းများစွာကို ဖြတ်သန်းခဲ့ရလို့များလား'
ထိုညက မင်ကျင့်ကို ဖုန်းစီ ဖြစ်ကြောင်း သူမ သိခဲ့ရပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူ့အပေါ်၌ ပျော့ပျောင်းသော အရှိန်အ၀ါတစ်ခုကို ခံစားမိသောကြောင့်ပင်။
ချင်ကောနဲ့ကမ္ဘာကတည်းက သူမမှာ ဒီခံစားချက်ကို စတင်ခံစားလာရတာဖြစ်သည်။
'ဒါဆို ငါတို့ ဖြတ်သန်းရတဲ့ ကမ္ဘာတွေ ပိုများလာလေလေ ဒီအရှိန်အ၀ါက ပိုအားကောင်းလာလေလေဖြစ်လိမ့်မယ်'
ဘုတ် !
တစ်စုံတစ်ခု ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး စူးရှသောအသံက ရှီရှန်း၏အတွေးရထားကို ဖြိုခွင်းလိုက်သည်။ ဆူညံသံလာရာဘက်ကို လှည့်ကြည့်လိုက်တော့ ကလေးလေးတစ်ယောက်က စာအုပ်စင်နောက်ကွယ်တွင် ရပ်နေပြီး ရွှန်းစိုနေသော မျက်၀န်းများဖြင့် သူမကို စိုက်ကြည့်နေကြသည်။
ရှီရှန်း သူ့ကိုကြည့်လိုက်သည်နှင့် ကလေးက ချက်ချင်းလှည့်ထွက်ပြေးသွား၏။
ရှီရှန်း"…"
'ငါက ဒီလောက်တောင်ကြောက်စရာကောင်းနေတာလား ဘုရားရေ!'
ရှီရှန်းက စာအုပ်ကို စင်ပေါ်ပြန်တင်ပြီး လှည့်ထွက်သွားတယ်။ သို့သော် သူမ၏ဆံနွယ်များသည် နောက်က ပန်းချီကားတစ်ချပ်နှင့် မတော်တဆ ညိမိသွားကာ ပန်းချီကားတစ်ခုလုံးကို နံရံပေါ်မှ ပြုတ်သွားစေသည်။
"ချွက်!"
'*စားပွဲမှောက်* မုဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတာ တကယ်ဟ!'
ရှီရှန်းသည် သူမ၏ဆံပင်များကို ပြန်ဖြီးလိုက်ပြီး မျက်လုံးများ ရုတ်တရက် တောက်ပလာကြသည်။ သူမသည် ယခင်က စာအုပ်များကိုသာ ကြည့်နေခဲ့သော်လည်း ဤနေရာတွင် စစ်ဆေးရန် ပန်းချီကားများနှင့် နံရံများလည်း ရှိသေးသည်။
ရှီရှန်းကသူမနှင့် အနီးဆုံး နံရံကို စစ်ဆေးခဲ့သော်လည်း ထူးထူးခြားခြား ဘာမှမတွေ့ရပေ။
သူမသည် ကျောက်စိမ်းမျှော်စင်ရှိ ပန်းချီကားအားလုံးကို ရှာဖွေခဲ့သော်လည်း တစ်စုံတစ်ရာကိုမှာ မတွေ့ရှိခဲ့ပေ။
'ငါ System ကို ဓါးနဲ့ခုတ်ချင်လာပြီ သေရော! ကျောက်စိမ်းမျှော်စင် က ဘာကိုရည်ညွှန်းတာလဲ'
ရှီရှန်းမှာ ဘာတိုးတက်မှုမျှမရှိသေးပေ။
ထိုအချိန်တွင် ကောလဟာလများ ရုတ်တရက် ထွက်ပေါ်လာကြသည်။
သူမနှင့် မင်ကျင့် အကြောင်း။
တစ်စုံတစ်ယောက်က သူမတို့ လျှို့ဝှက်စွာ တွေ့ဆုံနေသည်ကို ထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။
သူမသည် တော်၀င်မင်းဆရာ (အနည်းဆုံးအမည်ခံ) ဖြစ်နေပြီဖြစ်သော်လည်း ယခင်က ယွီ၀မ်ရှင်း ၏ ကိုယ်လုပ်တော်တစ်ပါးဖြစ်ခဲ့သေးသည်- အခြားအမျိုးသားများနှင့် မည်သို့ ပတ်သက်နိုင်မည်နည်း။
ဒီလိုကိစ္စမျိုးကို တော်၀င်မိသားစုကလုံးဝ လက်မခံနိုင်ပေ။
ဤအပြုအမူမျိုးတွင် ပါဝင်ပတ်သက်သူများကို ဝက်လှောင်အိမ်ထဲတွင်ထည့်ပြီး ရေနစ်သတ်ခြင်းဖြင့် အပြစ်ပေးလေ့ရှိသည်။
ရလဒ်အနေဖြင့် ရှီရှန်းအား စွပ်စွဲပြစ်တင်ရန် အဆိုပြုချက်များကို ယွီ၀မ်ရှင်းထံ ပေးပို့ခဲ့ကြသည်။
"အရှင်မင်းကြီး ကျွမ့်ချုံနဲ့ မင်ကျင့် တို့ရဲ့ ဆက်ဆံရေးက ဒီလောက်မရိုးရှင်းဘူးဆိုတာ ကျွန်တော်မျိုးသိတယ် မင်ကျင့်က သူမဘက်က ရပ်တည်ပေးခဲ့ပြီး အခုလည်း ဒီလို ကောလဟာလတွေတောင် ရှိနေပြီ"
ယွီ၀မ်ရှင်းက စွပ်စွဲပြစ်တင်ထားသည့်လျှောက်လွှာကို ဘေးဖယ်ထားလိုက်ပြီး သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။
"ရှီးလျန်က မကြာသေးခင်အတောအတွင်း သိပ် အချိုးမပြေဘူး မင်ကျင့်ဘက်က တစ်ခုခုလှုပ်ရှားလုပ်သေးလား"
'ပြည်တွင်းရေးပဋိပက္ခတွေရော ပြည်ပပြဿနာတွေရော... ငါ ကျွမ့်အိမ်တော်ကိုတောင် မဖြေရှင်းရသေးဘူး ရှီးလျန်က မငြိမ်မသက်ဖြစ်နေပြီ'
"အရှင်မင်းကြီး မိန့်ကြားတော်မူပါ။"
"သူ့ကို အနီးကပ် စောင့်ကြည့်နေပါ"
"ဒါဆို ဒီကိစ္စကိုဘယ်လိုလုပ်ရပါမလဲ မင်းကြီး...?"
သဲ့ကုန်းကုန်းက မရဲတရဲမေးလိုက်သည်။
ယွီ၀မ်ရှင်းက သူ့မျက်ခုံးတွေကို နှိပ်နယ်ပြီး အေးစက်စွာပြောလိုက်သည်။
"အခုလောလောဆယ်တော့ လျစ်လျူရှုထားလိုက်"
ကျွမ့်ချုံ ကို အခုချိန်မှာ သွားမထိချင်သေးပေ။ အရင်က ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ တွေးကြည့်ပြီးနောက် မမြင်နိုင်တဲ့ အတားအဆီးအပြင် ဘယ်ကမှ ပေါ်လာမှန်းမသိတဲ့ ဓားတစ်ချောင်းရှိသည့် ဒီမိန်းမကို သွားရှုပ်ဖို့ မလွယ်ဘူးလို့ သူခံစားလိုက်ရသည်။
' သူတို့နှစ်ယောက်ကို တစ်ချိန်တည်းမှာ ဖယ်ရှားဖို့ နည်းလမ်းရှာနိုင်ရင် အကောင်းဆုံးပဲ...'
......
နန်းတော်တစ်ခုလုံးမှာ ကောလဟာလတွေ ပျံ့နှံ့နေပြီး ပြင်ပက သာမန်ပြည်သူတွေတောင် ဒီသတင်းကို ကြားသိကြသည်။
ဧကရာဇ်မင်း၏ မောင်းမမိဿံတစ်ဦးသည် တော်၀င်မင်းဆရာဘွဲ့ ခန့်အပ်ခြင်းခံရပြီးအခြားအမျိုးသားတစ်ယောက်နှင့် ဆက်ဆံရေးရှိနေသည်။
ဤကိစ္စက အတင်းအဖျင်းပြောဖို့ တောင်းဆိုနေတာ မဟုတ်ပေလား?
ကျွမ့်အိမ်တော်သည်လည်း အတင်းအဖျင်းထဲတွင် ပါဝင်လာခဲ့ပြီး ရှေးခေတ်က အမျိုးသမီးများဟာ ရိုးရာဓလေ့ကို မလိုက်နာပါက တံတွေးခွက်တွင် ပက်လက်မျောကြရလိမ့်မည်။
ကျွမ့်သခင်ကြီးသည် မကြာသေးမီက ဧကရာဇ်မင်းနှင့် စိတ်၀မ်းကွဲမှုမှပြန်လည်နာလန်ထူရန် မလွယ်ကူခဲ့ပေ။ ဤကိစ္စကို ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ တရားရုံးတွင် သူ့ကို ဖိနှိပ်ဖို့ အခွင့်ကောင်းယူချင်သူတွေ ရှိလာခဲ့သည်။
အခြားတွေအားလုံးနဲ့ ယှဉ်လျှင် ကောလဟာလ၏ အဓိက ဇာတ်ဆောင်နှစ်ယောက်ဖြစ်သည့် ရှီရှန်းနဲ့ မင်ကျင့်တို့ဟာ ပိုပြီးငြိမ်သက်နေကြသည်။
မင်ကျင့်သည် အိမ်နေအကျယ်ချုပ်အချုပ်အနှောင်ခံရပြီး မည်သူမျှအပြင်မထွက်လာသလို မည်သူ့ကိုမျှလည်း အတွေ့မခံပေ။
ရှီရှန်းကလည်း ကျောက်စိမ်းမျှော်စင်တွင် တစ်နေကုန် ခိုအောင်းနေခဲ့သည်။
ထိုစဥ်တစ်စုံတစ်ယောက်က သူမကို လာတွေ့ခဲ့သည်။
ယွီ၀မ်ကျင့်၊ ယွီ၀မ်ရှင်း ၏ အဖိုးတန် ရင်သွေး။
ရှီရှန်း ကျောက်စိမ်းမျှော်စင်မှာ ရှိနေစဉ်မှာ ဒီကလေးဟာ အမြဲတမ်း ခိုးဝင်နေခဲ့သည်။ သို့ပေမယ့် သူမ သူ့ကိုတွေ့တိုင်း ထွက်ပြေးသွားလေ့ရှိသည်။
"ကောင်လေး ဒီကိုလာ"
ရှီရှန်း သည် စာအုပ်စင်နောက်ကွယ်တွင် ပုန်းနေသော ယွီ၀မ်ကျင့်ကို လက်ယပ်ခေါ်ခဲ့သည်။
ယွီ၀မ်ကျင့် ၏ မျက်လုံးလေးများ ပြူးကျယ်သွားပြီး အဆီလေးများရှိနေသေးသည့် လက်ညိုးဖောင်းဖောင်းလေးဖြင့် သူ့ကိုယ်သူ ညွှန်ပြလိုက်သည်။
"ဒီနေရာမှာ တခြားတစ်ယောက်ရှိနေသေးလို့လား"
ယွီ၀မ်ကျင့်သည် သူ့ခေါင်းကို အနည်းငယ်ခါယမ်းကာ လှည့်ကြည့်လိုက်ပြီး ရှီရှန်းအနားကို ဖြည်းဖြည်းချင်း တိုးကပ်လာသည်။
"ဘာလို့ ငါ့ကို ချောင်းကြည့်နေတာလဲ"
'ဒီကောင်လေး ဘာတွေကြံနေမှန်း မသိဘူး'
ရှီရှန်းက ပြတင်းပေါက်ဘောင်မှာ ထိုင်နေသဖြင့် ယွီ၀မ်ကျင့်က သူမကို ကြည့်ဖို့ ခေါင်းကို မော့ထားရသည်။
" ခင်ဗျားက တော်၀င်မင်းဆရာလား "
ယွီ၀မ်ကျင့်၏ အသံက အလွန်နူးညံ့ပြီး ချစ်စဖွယ်ကောင်းတာကြောင့် ကြားရသူအပေါင်း၏ နားစည်ကို ချိုမြိန်စေသည်။
"ဟုတ်တယ်" ရှီရှန်း ခေါင်းညိတ်လိုက်၏။
"ဒါဆို သရဲတစ္ဆေတွေကို ဘယ်လိုဖမ်းရမလဲဆိုတာ သိလား"
ယွီ၀မ်ကျင့်က သေသေချာချာ မေးတော့သည်။
'တစ္ဆေတွေ ဖမ်းတာလား? ဒါက နန်းတွင်းအာဏာလုတဲ့ဝတ္ထုမဟုတ်ဘူးလား သဘာဝလွန်ဝတ္ထုအဖြစ် ဘယ်လိုပြောင်းသွားတာလဲ'
"ငါက သရဲတစ္ဆေဖမ်းနိုင်တယ်ဆိုတာ မင်းကို ဘယ်သူပြောလဲ"
"သမိုင်းမှတ်တမ်းတွေအရလေ"
ယွီ၀မ်ကျင့် က လေးနက်စွာ ပြန်ဖြေသည်။
"တော်၀င်မင်းဆရာတွေဟာ နတ်ဘုရားတွေရဲ့ အစေအပါးတွေဖြစ်ကြတယ် သူတို့ကကောင်းကင်ဘုံရဲ့မြင့်မြတ်တဲ့အလိုတော်အရ တိုင်းပြည်အတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို အာမခံနိုင်ကြတယ် ပြီးတော့ သရဲတစ္ဆေတွေကို ဖမ်းဆီးနိုင်ပြီး မကောင်းမှုကိုလည်းဖယ်ရှားပေးနိုင်တယ်"
ရှီရှန်း"…"
'မင်းက တော်၀င်မင်းဆရာတွေအကြောင်း ပြောနေတာ သေချာလား? စူပါမန်းမဟုတ်ဖူးနော် တော်၀င်မင်းဆရာတွေက အံ့သြဖို့ကောင်းလောက်အောင်တော်တတ်နေရင် ငရဲမင်း ရှိစရာလိုမှာလား'
ယွီ၀မ်ကျင့်က သူမကို မရဲတရဲမေးလိုက်သည်။
"ရလား?"
"မရဘူး"
'တော်၀င်မင်းဆရာဖြစ်လာရတဲ့ အကြောင်းရင်းက ယွီ၀မ်ရှင်း ရဲ့ ကိုယ်လုပ်တော်အဖြစ်ကနေ လွတ်မြောက်ဖို့နဲ့ ငါ ဆန္ဒရှိတဲ့အခါတိုင်း ကျောက်စိမ်းမျှော်စင်ကိုလာနိုင်ဖို့ပဲ....အဟမ်းအရေးကြီးဆုံးကတော့ ရာထူးက နားထောင်လို့ကောင်းတယ်လေ"
ယွီ၀မ်ကျင့် စိတ်ပျက်စွာ ခေါင်းငုံ့လိုက်သည်။
ရှီရှန်းက ကိုယ့်ပြဿနာမဟုတ်တဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်နေမှာမဟုတ်သောကြောင့် ယွီ၀မ်ကျင့် ထွက်သွားသောအခါ သူမ ဘာမှမပြောပေ။
သို့ပေမယ့် ရက်အတော်ကြာတော့ ယွီ၀မ်ကျင့် နာမကျန်းဖြစ်နေကြောင်း ကြားသိလိုက်ရသည်။
မင်းသားငယ်ဟာ သတိလစ်နေပြီး
အဖျားကြီးကာ ကယောင်ကတမ်း ရေရွတ်နေသည်ဟု ကောလဟာလများ ထွက်ပေါ်နေပြီး တော်၀င်သမားတော်များက သူ့ကို ကုသရန် အကူအညီမဲ့ ဖြစ်နေကြသည်။
'ဒီသနားစရာကလေး'
ယွီ၀မ်ကျင့်ဟာ လုပ်ကြံမှုတွင် သေဆုံးသွားခဲ့ရပြီး ဒါဟာ ဇာတ်ကြောင်းရဲ့ တစိတ်တပိုင်း ဖြစ်သည်။
ဤဖြစ်ရပ်ပြီးနောက် ဇာတ်လိုက်မဟာ တော်၀င်ကြင်ယာတော်အဆင့် ကိုယ်လုပ်တော်အဖြစ်သို့ ရာထူးတိုးမြှင့်ခံရပြီး သူမ၏အိမ်ပြန်ရန် ဆန္ဒမှာလည်းလျော့နည်းသွားကာ နန်းတော်၏ပရိယာယ်များကို အာရုံစိုက်ကာ ဘုရင့်၏မျက်နှာသာရရှိရေးအတွက်သာ တိုက်ပွဲဝင်တော့သည်။
ရှီရှန်း သက်ပြင်းချလိုက်သည်။
ညသန်းခေါင်မှာ သူမဟာ ယွီ၀မ်ကျင့် ရဲ့နန်းတော်ထဲကို ခိုး၀င်ခဲ့သည်။
ဤနေရာမှာ အစောင့်အကြပ် ထူထပ်သောကြောင့် ရှီရှန်း အတွက်ပင် အားထုတ်မှု အနည်းငယ် လိုအပ်ခဲ့သည်။
ခန်းမတစ်ခုကို ဖြတ်သွားရင်း၊ ရှီရှန်းရုတ်တရက် ရပ်သွားသည်။
ယွိလုံမျှော်စင်။
"အဲဒီမှာဘယ်သူလဲ?!"
ရှေ့မှ ကျယ်လောင်သော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒီမှာဘယ်သူမှမရှိဘူး?"
"ဟမ်? ထူးဆန်းလိုက်တာ ငါဘာတွေကိုမြင်နေတာလဲ"
"ငါ သွားကြည့်အုံးမယ်"
လူအများအပြားက ထပ်ခါထပ်ခါ ကင်းလှည့်စစ်ဆေးခဲ့သော်လည်း မည်သူ့ကိုမျှ မတွေ့ခဲ့ရဘဲ တုန်လှုပ်သောအမူအရာဖြင့် ထွက်ခွာသွားကြသည်။
ဤနေရာနှင့်ကပ်လျက် ခေါင်မိုးပေါ်တွင် မင်ကျင့်သည် ရှီရှန်းကို ဖက်ထားပြီး အောက်မှလူများ လူစုခွဲရန် စောင့်ဆိုင်းနေလေသည်။
"ရှင်ဘာလို့ဒီကိုရောက်နေတာလဲ?"
"ကိုယ် မင်းနောက်ကို လိုက်ခဲ့တာ"
"ကျွန်မနောက်လိုက်ခဲ့တာလား"
" မင်းက ညတိုင်း အပြင်ခိုးထွက်နေတာ ကာကွယ်ပေးမယ့်သူလိုတယ်"
ရှီရှန်းက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
"ရှင့်ကို ယွီ၀မ်ကျင့် ကိုသတ်ခိုင်းရင်တောင် ရှင်သွားမှာလား"
"မင်းအတွက် ယွီ၀မ်ရှင်း ကိုတောင် သတ်ပေးနိုင်တယ်"
ရှီရှန်းသည် သူ၏ပွေ့ဖက်မှုမှ ရုန်းထွက်ပြီး ခေါင်မိုးပေါ်မှ ခုန်ဆင်းကာ ယွိလုံမျှော်စင်ကို သွားခဲ့သည်။
မင်ကျင့်သည် သူမ၏အရှိန်ကို အမှီလိုက်လာခဲ့သည်။
"မိန်းကလေးကျွမ့် ဒီလောက် အလျင်စလို မဖြစ်သင့်ဘူး မင်း ထိခိုက်သွားရင်မကောင်းဘူး "
"ကျွန်မ ရုပ်ဆိုးသွားရင် ရှင် ကျွန်မကို မလိုချင်တော့ဘူးလား"
ရှီရှန်းသည် ယွိလုံမျှော်စင်တံခါးကိုဖွင့်ပြီး အထဲသို့ ခုန်ဆင်းသွားသည်။
"မင်းဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်ပါတယ်"
Transalated by Dora💜
April 12,2024
Zawgyi
႐ွီ႐ွန္းသည္ နံရံကိုမွီကာ သူမေ႐ွ႕႐ွိ စာအုပ္စင္ကို စိုက္ၾကည့္ေနေသာ္လည္း ထိုညက မင္က်င့္ ေျပာသည့္စကားေၾကာင့္ သူမစိတ္ထဲတြင္ မြန္းၾကပ္ေနသည္။
'သူ႕မွာ မွတ္ဥာဏ္ေတြ ႐ွိေနတာလား? မဟုတ္ဘူး အဲ့ဒါ မျဖစ္ႏိုင္ဘူး'
႐ွီ႐ွန္း က ေခါင္းခါလိုက္သည္။
'မွတ္ဥာဏ္ေတြသာ႐ွိေနရင္ သူႏႈတ္ဆိတ္ေနမွာမဟုတ္ဘူး ဒါ...သူငါနဲ႔ အတူကမ႓ာေပါင္းမ်ားစြာကို ျဖတ္သန္းခဲ့ရလို႔မ်ားလား'
ထိုညက မင္က်င့္ကို ဖုန္းစီ ျဖစ္ေၾကာင္း သူမ သိခဲ့ရၿပီးျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူမသည္ သူ႕အေပၚ၌ ေပ်ာ့ေပ်ာင္းေသာ အ႐ွိန္အ၀ါတစ္ခုကို ခံစားမိေသာေၾကာင့္ပင္။
ခ်င္ေကာနဲ႔ကမ႓ာကတည္းက သူမမွာ ဒီခံစားခ်က္ကို စတင္ခံစားလာရတာျဖစ္သည္။
'ဒါဆို ငါတို႔ ျဖတ္သန္းရတဲ့ ကမ႓ာေတြ ပိုမ်ားလာေလေလ ဒီအ႐ွိန္အ၀ါက ပိုအားေကာင္းလာေလေလျဖစ္လိမ့္မယ္'
ဘုတ္ !
တစ္စုံတစ္ခု ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားၿပီး စူး႐ွေသာအသံက ႐ွီ႐ွန္း၏အေတြးရထားကို ၿဖိဳခြင္းလိုက္သည္။ ဆူညံသံလာရာဘက္ကို လွည့္ၾကည့္လိုက္ေတာ့ ကေလးေလးတစ္ေယာက္က စာအုပ္စင္ေနာက္ကြယ္တြင္ ရပ္ေနၿပီး ႐ႊန္းစိုေနေသာ မ်က္၀န္းမ်ားျဖင့္ သူမကို စိုက္ၾကည့္ေနၾကသည္။
႐ွီ႐ွန္း သူ႕ကိုၾကည့္လိုက္သည္ႏွင့္ ကေလးက ခ်က္ခ်င္းလွည့္ထြက္ေျပးသြား၏။
႐ွီ႐ွန္း"…"
'ငါက ဒီေလာက္ေတာင္ေၾကာက္စရာေကာင္းေနတာလား ဘုရားေရ!'
႐ွီ႐ွန္းက စာအုပ္ကို စင္ေပၚျပန္တင္ၿပီး လွည့္ထြက္သြားတယ္။ သို႔ေသာ္ သူမ၏ဆံႏြယ္မ်ားသည္ ေနာက္က ပန္းခ်ီကားတစ္ခ်ပ္ႏွင့္ မေတာ္တဆ ညိမိသြားကာ ပန္းခ်ီကားတစ္ခုလုံးကို နံရံေပၚမွ ျပဳတ္သြားေစသည္။
"ခြၽက္!"
'*စားပြဲေမွာက္* မုဆိုးမသြားရာ မိုးလိုက္လို႔႐ြာ ဆိုတာ တကယ္ဟ!'
႐ွီ႐ွန္းသည္ သူမ၏ဆံပင္မ်ားကို ျပန္ၿဖီးလိုက္ၿပီး မ်က္လုံးမ်ား ႐ုတ္တရက္ ေတာက္ပလာၾကသည္။ သူမသည္ ယခင္က စာအုပ္မ်ားကိုသာ ၾကည့္ေနခဲ့ေသာ္လည္း ဤေနရာတြင္ စစ္ေဆးရန္ ပန္းခ်ီကားမ်ားႏွင့္ နံရံမ်ားလည္း ႐ွိေသးသည္။
႐ွီ႐ွန္းကသူမႏွင့္ အနီးဆုံး နံရံကို စစ္ေဆးခဲ့ေသာ္လည္း ထူးထူးျခားျခား ဘာမွမေတြ႕ရေပ။
သူမသည္ ေက်ာက္စိမ္းေမွ်ာ္စင္႐ွိ ပန္းခ်ီကားအားလုံးကို ႐ွာေဖြခဲ့ေသာ္လည္း တစ္စုံတစ္ရာကိုမွာ မေတြ႕႐ွိခဲ့ေပ။
'ငါ System ကို ဓါးနဲ႔ခုတ္ခ်င္လာၿပီ ေသေရာ! ေက်ာက္စိမ္းေမွ်ာ္စင္ က ဘာကိုရည္ၫႊန္းတာလဲ'
႐ွီ႐ွန္းမွာ ဘာတိုးတက္မႈမွ်မ႐ွိေသးေပ။
ထိုအခ်ိန္တြင္ ေကာလဟာလမ်ား ႐ုတ္တရက္ ထြက္ေပၚလာၾကသည္။
သူမႏွင့္ မင္က်င့္ အေၾကာင္း။
တစ္စုံတစ္ေယာက္က သူမတို႔ လွ်ိဳ႕ဝွက္စြာ ေတြ႕ဆုံေနသည္ကို ထင္႐ွားစြာ ျမင္ေတြ႕ခဲ့ရသည္။
သူမသည္ ေတာ္၀င္မင္းဆရာ (အနည္းဆုံးအမည္ခံ) ျဖစ္ေနၿပီျဖစ္ေသာ္လည္း ယခင္က ယြီ၀မ္႐ွင္း ၏ ကိုယ္လုပ္ေတာ္တစ္ပါးျဖစ္ခဲ့ေသးသည္- အျခားအမ်ိဳးသားမ်ားႏွင့္ မည္သို႔ ပတ္သက္ႏိုင္မည္နည္း။
ဒီလိုကိစၥမ်ိဳးကို ေတာ္၀င္မိသားစုကလုံးဝ လက္မခံႏိုင္ေပ။
ဤအျပဳအမူမ်ိဳးတြင္ ပါဝင္ပတ္သက္သူမ်ားကို ဝက္ေလွာင္အိမ္ထဲတြင္ထည့္ၿပီး ေရနစ္သတ္ျခင္းျဖင့္ အျပစ္ေပးေလ့႐ွိသည္။
ရလဒ္အေနျဖင့္ ႐ွီ႐ွန္းအား စြပ္စြဲျပစ္တင္ရန္ အဆိုျပဳခ်က္မ်ားကို ယြီ၀မ္႐ွင္းထံ ေပးပို႔ခဲ့ၾကသည္။
"အ႐ွင္မင္းႀကီး ကြၽမ့္ခ်ံဳနဲ႔ မင္က်င့္ တို႔ရဲ႕ ဆက္ဆံေရးက ဒီေလာက္မ႐ိုး႐ွင္းဘူးဆိုတာ ကြၽန္ေတာ္မ်ိဳးသိတယ္ မင္က်င့္က သူမဘက္က ရပ္တည္ေပးခဲ့ၿပီး အခုလည္း ဒီလို ေကာလဟာလေတြေတာင္ ႐ွိေနၿပီ"
ယြီ၀မ္႐ွင္းက စြပ္စြဲျပစ္တင္ထားသည့္ေလွ်ာက္လႊာကို ေဘးဖယ္ထားလိုက္ၿပီး သူ႕မ်က္ႏွာမွာ ပင္ပန္းႏြမ္းနယ္ေနပုံေပၚသည္။
"႐ွီးလ်န္က မၾကာေသးခင္အေတာအတြင္း သိပ္ အခ်ိဳးမေျပဘူး မင္က်င့္ဘက္က တစ္ခုခုလႈပ္႐ွားလုပ္ေသးလား"
'ျပည္တြင္းေရးပဋိပကၡေတြေရာ ျပည္ပျပႆနာေတြေရာ... ငါ ကြၽမ့္အိမ္ေတာ္ကိုေတာင္ မေျဖ႐ွင္းရေသးဘူး ႐ွီးလ်န္က မၿငိမ္မသက္ျဖစ္ေနၿပီ'
"အ႐ွင္မင္းႀကီး မိန္႔ၾကားေတာ္မူပါ။"
"သူ႕ကို အနီးကပ္ ေစာင့္ၾကည့္ေနပါ"
"ဒါဆို ဒီကိစၥကိုဘယ္လိုလုပ္ရပါမလဲ မင္းႀကီး...?"
သဲ့ကုန္းကုန္းက မရဲတရဲေမးလိုက္သည္။
ယြီ၀မ္႐ွင္းက သူ႕မ်က္ခုံးေတြကို ႏွိပ္နယ္ၿပီး ေအးစက္စြာေျပာလိုက္သည္။
"အခုေလာေလာဆယ္ေတာ့ လ်စ္လ်ဴ႐ႈထားလိုက္"
ကြၽမ့္ခ်ံဳ ကို အခုခ်ိန္မွာ သြားမထိခ်င္ေသးေပ။ အရင္က ျဖစ္ပ်က္ခဲ့တာေတြကို ေသေသခ်ာခ်ာ ေတြးၾကည့္ၿပီးေနာက္ မျမင္ႏိုင္တဲ့ အတားအဆီးအျပင္ ဘယ္ကမွ ေပၚလာမွန္းမသိတဲ့ ဓားတစ္ေခ်ာင္း႐ွိသည့္ ဒီမိန္းမကို သြား႐ႈပ္ဖို႔ မလြယ္ဘူးလို႔ သူခံစားလိုက္ရသည္။
' သူတို႔ႏွစ္ေယာက္ကို တစ္ခ်ိန္တည္းမွာ ဖယ္႐ွားဖို႔ နည္းလမ္း႐ွာႏိုင္ရင္ အေကာင္းဆုံးပဲ...'
......
နန္းေတာ္တစ္ခုလုံးမွာ ေကာလဟာလေတြ ပ်ံ႕ႏွံ႔ေနၿပီး ျပင္ပက သာမန္ျပည္သူေတြေတာင္ ဒီသတင္းကို ၾကားသိၾကသည္။
ဧကရာဇ္မင္း၏ ေမာင္းမမိႆံတစ္ဦးသည္ ေတာ္၀င္မင္းဆရာဘြဲ႕ ခန္႔အပ္ျခင္းခံရၿပီးအျခားအမ်ိဳးသားတစ္ေယာက္ႏွင့္ ဆက္ဆံေရး႐ွိေနသည္။
ဤကိစၥက အတင္းအဖ်င္းေျပာဖို႔ ေတာင္းဆိုေနတာ မဟုတ္ေပလား?
ကြၽမ့္အိမ္ေတာ္သည္လည္း အတင္းအဖ်င္းထဲတြင္ ပါဝင္လာခဲ့ၿပီး ေ႐ွးေခတ္က အမ်ိဳးသမီးမ်ားဟာ ႐ိုးရာဓေလ့ကို မလိုက္နာပါက တံေတြးခြက္တြင္ ပက္လက္ေမ်ာၾကရလိမ့္မည္။
ကြၽမ့္သခင္ႀကီးသည္ မၾကာေသးမီက ဧကရာဇ္မင္းႏွင့္ စိတ္၀မ္းကြဲမႈမွျပန္လည္နာလန္ထူရန္ မလြယ္ကူခဲ့ေပ။ ဤကိစၥကို ထိပ္တိုက္ရင္ဆိုင္ရသည့္အခါ တရား႐ုံးတြင္ သူ႕ကို ဖိႏွိပ္ဖို႔ အခြင့္ေကာင္းယူခ်င္သူေတြ ႐ွိလာခဲ့သည္။
အျခားေတြအားလုံးနဲ႔ ယွဥ္လွ်င္ ေကာလဟာလ၏ အဓိက ဇာတ္ေဆာင္ႏွစ္ေယာက္ျဖစ္သည့္ ႐ွီ႐ွန္းနဲ႔ မင္က်င့္တို႔ဟာ ပိုၿပီးၿငိမ္သက္ေနၾကသည္။
မင္က်င့္သည္ အိမ္ေနအက်ယ္ခ်ဳပ္အခ်ဳပ္အေႏွာင္ခံရၿပီး မည္သူမွ်အျပင္မထြက္လာသလို မည္သူ႕ကိုမွ်လည္း အေတြ႕မခံေပ။
႐ွီ႐ွန္းကလည္း ေက်ာက္စိမ္းေမွ်ာ္စင္တြင္ တစ္ေနကုန္ ခိုေအာင္းေနခဲ့သည္။
ထိုစဥ္တစ္စုံတစ္ေယာက္က သူမကို လာေတြ႕ခဲ့သည္။
ယြီ၀မ္က်င့္၊ ယြီ၀မ္႐ွင္း ၏ အဖိုးတန္ ရင္ေသြး။
႐ွီ႐ွန္း ေက်ာက္စိမ္းေမွ်ာ္စင္မွာ ႐ွိေနစဥ္မွာ ဒီကေလးဟာ အၿမဲတမ္း ခိုးဝင္ေနခဲ့သည္။ သို႔ေပမယ့္ သူမ သူ႕ကိုေတြ႕တိုင္း ထြက္ေျပးသြားေလ့႐ွိသည္။
"ေကာင္ေလး ဒီကိုလာ"
႐ွီ႐ွန္း သည္ စာအုပ္စင္ေနာက္ကြယ္တြင္ ပုန္းေနေသာ ယြီ၀မ္က်င့္ကို လက္ယပ္ေခၚခဲ့သည္။
ယြီ၀မ္က်င့္ ၏ မ်က္လုံးေလးမ်ား ျပဴးက်ယ္သြားၿပီး အဆီေလးမ်ား႐ွိေနေသးသည့္ လက္ညိဳးေဖာင္းေဖာင္းေလးျဖင့္ သူ႕ကိုယ္သူ ၫႊန္ျပလိုက္သည္။
"ဒီေနရာမွာ တျခားတစ္ေယာက္႐ွိေနေသးလို႔လား"
ယြီ၀မ္က်င့္သည္ သူ႕ေခါင္းကို အနည္းငယ္ခါယမ္းကာ လွည့္ၾကည့္လိုက္ၿပီး ႐ွီ႐ွန္းအနားကို ျဖည္းျဖည္းခ်င္း တိုးကပ္လာသည္။
"ဘာလို႔ ငါ့ကို ေခ်ာင္းၾကည့္ေနတာလဲ"
'ဒီေကာင္ေလး ဘာေတြၾကံေနမွန္း မသိဘူး'
႐ွီ႐ွန္းက ျပတင္းေပါက္ေဘာင္မွာ ထိုင္ေနသျဖင့္ ယြီ၀မ္က်င့္က သူမကို ၾကည့္ဖို႔ ေခါင္းကို ေမာ့ထားရသည္။
" ခင္ဗ်ားက ေတာ္၀င္မင္းဆရာလား "
ယြီ၀မ္က်င့္၏ အသံက အလြန္ႏူးညံ့ၿပီး ခ်စ္စဖြယ္ေကာင္းတာေၾကာင့္ ၾကားရသူအေပါင္း၏ နားစည္ကို ခ်ိဳၿမိန္ေစသည္။
"ဟုတ္တယ္" ႐ွီ႐ွန္း ေခါင္းညိတ္လိုက္၏။
"ဒါဆို သရဲတေစၧေတြကို ဘယ္လိုဖမ္းရမလဲဆိုတာ သိလား"
ယြီ၀မ္က်င့္က ေသေသခ်ာခ်ာ ေမးေတာ့သည္။
'တေစၧေတြ ဖမ္းတာလား? ဒါက နန္းတြင္းအာဏာလုတဲ့ဝတၳဳမဟုတ္ဘူးလား သဘာဝလြန္ဝတၳဳအျဖစ္ ဘယ္လိုေျပာင္းသြားတာလဲ'
"ငါက သရဲတေစၧဖမ္းႏိုင္တယ္ဆိုတာ မင္းကို ဘယ္သူေျပာလဲ"
"သမိုင္းမွတ္တမ္းေတြအရေလ"
ယြီ၀မ္က်င့္ က ေလးနက္စြာ ျပန္ေျဖသည္။
"ေတာ္၀င္မင္းဆရာေတြဟာ နတ္ဘုရားေတြရဲ႕ အေစအပါးေတြျဖစ္ၾကတယ္ သူတို႔ကေကာင္းကင္ဘုံရဲ႕ျမင့္ျမတ္တဲ့အလိုေတာ္အရ တိုင္းျပည္အတြင္း ၿငိမ္းခ်မ္းမႈႏွင့္ တည္ၿငိမ္မႈကို အာမခံႏိုင္ၾကတယ္ ၿပီးေတာ့ သရဲတေစၧေတြကို ဖမ္းဆီးႏိုင္ၿပီး မေကာင္းမႈကိုလည္းဖယ္႐ွားေပးႏိုင္တယ္"
႐ွီ႐ွန္း"…"
'မင္းက ေတာ္၀င္မင္းဆရာေတြအေၾကာင္း ေျပာေနတာ ေသခ်ာလား? စူပါမန္းမဟုတ္ဖူးေနာ္ ေတာ္၀င္မင္းဆရာေတြက အံ့ၾသဖို႔ေကာင္းေလာက္ေအာင္ေတာ္တတ္ေနရင္ ငရဲမင္း ႐ွိစရာလိုမွာလား'
ယြီ၀မ္က်င့္က သူမကို မရဲတရဲေမးလိုက္သည္။
"ရလား?"
"မရဘူး"
'ေတာ္၀င္မင္းဆရာျဖစ္လာရတဲ့ အေၾကာင္းရင္းက ယြီ၀မ္႐ွင္း ရဲ႕ ကိုယ္လုပ္ေတာ္အျဖစ္ကေန လြတ္ေျမာက္ဖို႔နဲ႔ ငါ ဆႏၵ႐ွိတဲ့အခါတိုင္း ေက်ာက္စိမ္းေမွ်ာ္စင္ကိုလာႏိုင္ဖို႔ပဲ....အဟမ္းအေရးႀကီးဆုံးကေတာ့ ရာထူးက နားေထာင္လို႔ေကာင္းတယ္ေလ"
ယြီ၀မ္က်င့္ စိတ္ပ်က္စြာ ေခါင္းငုံ႔လိုက္သည္။
႐ွီ႐ွန္းက ကိုယ့္ျပႆနာမဟုတ္တဲ့ ကိစၥေတြမွာ ပါဝင္ပတ္သက္ေနမွာမဟုတ္ေသာေၾကာင့္ ယြီ၀မ္က်င့္ ထြက္သြားေသာအခါ သူမ ဘာမွမေျပာေပ။
သို႔ေပမယ့္ ရက္အေတာ္ၾကာေတာ့ ယြီ၀မ္က်င့္ နာမက်န္းျဖစ္ေနေၾကာင္း ၾကားသိလိုက္ရသည္။
မင္းသားငယ္ဟာ သတိလစ္ေနၿပီး
အဖ်ားႀကီးကာ ကေယာင္ကတမ္း ေရ႐ြတ္ေနသည္ဟု ေကာလဟာလမ်ား ထြက္ေပၚေနၿပီး ေတာ္၀င္သမားေတာ္မ်ားက သူ႕ကို ကုသရန္ အကူအညီမဲ့ ျဖစ္ေနၾကသည္။
'ဒီသနားစရာကေလး'
ယြီ၀မ္က်င့္ဟာ လုပ္ၾကံမႈတြင္ ေသဆုံးသြားခဲ့ရၿပီး ဒါဟာ ဇာတ္ေၾကာင္းရဲ႕ တစိတ္တပိုင္း ျဖစ္သည္။
ဤျဖစ္ရပ္ၿပီးေနာက္ ဇာတ္လိုက္မဟာ ေတာ္၀င္ၾကင္ယာေတာ္အဆင့္ ကိုယ္လုပ္ေတာ္အျဖစ္သို႔ ရာထူးတိုးျမႇင့္ခံရၿပီး သူမ၏အိမ္ျပန္ရန္ ဆႏၵမွာလည္းေလ်ာ့နည္းသြားကာ နန္းေတာ္၏ပရိယာယ္မ်ားကို အာ႐ုံစိုက္ကာ ဘုရင့္၏မ်က္ႏွာသာရ႐ွိေရးအတြက္သာ တိုက္ပြဲဝင္ေတာ့သည္။
႐ွီ႐ွန္း သက္ျပင္းခ်လိုက္သည္။
ညသန္းေခါင္မွာ သူမဟာ ယြီ၀မ္က်င့္ ရဲ႕နန္းေတာ္ထဲကို ခိုး၀င္ခဲ့သည္။
ဤေနရာမွာ အေစာင့္အၾကပ္ ထူထပ္ေသာေၾကာင့္ ႐ွီ႐ွန္း အတြက္ပင္ အားထုတ္မႈ အနည္းငယ္ လိုအပ္ခဲ့သည္။
ခန္းမတစ္ခုကို ျဖတ္သြားရင္း၊ ႐ွီ႐ွန္း႐ုတ္တရက္ ရပ္သြားသည္။
ယြိလုံေမွ်ာ္စင္။
"အဲဒီမွာဘယ္သူလဲ?!"
ေ႐ွ႕မွ က်ယ္ေလာင္ေသာ ေအာ္သံတစ္ခု ႐ုတ္တရက္ ထြက္ေပၚလာသည္။
"ဒီမွာဘယ္သူမွမ႐ွိဘူး?"
"ဟမ္? ထူးဆန္းလိုက္တာ ငါဘာေတြကိုျမင္ေနတာလဲ"
"ငါ သြားၾကည့္အုံးမယ္"
လူအမ်ားအျပားက ထပ္ခါထပ္ခါ ကင္းလွည့္စစ္ေဆးခဲ့ေသာ္လည္း မည္သူ႕ကိုမွ် မေတြ႕ခဲ့ရဘဲ တုန္လႈပ္ေသာအမူအရာျဖင့္ ထြက္ခြာသြားၾကသည္။
ဤေနရာႏွင့္ကပ္လ်က္ ေခါင္မိုးေပၚတြင္ မင္က်င့္သည္ ႐ွီ႐ွန္းကို ဖက္ထားၿပီး ေအာက္မွလူမ်ား လူစုခြဲရန္ ေစာင့္ဆိုင္းေနေလသည္။
"႐ွင္ဘာလို႔ဒီကိုေရာက္ေနတာလဲ?"
"ကိုယ္ မင္းေနာက္ကို လိုက္ခဲ့တာ"
"ကြၽန္မေနာက္လိုက္ခဲ့တာလား"
" မင္းက ညတိုင္း အျပင္ခိုးထြက္ေနတာ ကာကြယ္ေပးမယ့္သူလိုတယ္"
႐ွီ႐ွန္းက မ်က္ခုံးတစ္ခ်က္ပင့္လိုက္သည္။
"႐ွင့္ကို ယြီ၀မ္က်င့္ ကိုသတ္ခိုင္းရင္ေတာင္ ႐ွင္သြားမွာလား"
"မင္းအတြက္ ယြီ၀မ္႐ွင္း ကိုေတာင္ သတ္ေပးႏိုင္တယ္"
႐ွီ႐ွန္းသည္ သူ၏ေပြ႕ဖက္မႈမွ ႐ုန္းထြက္ၿပီး ေခါင္မိုးေပၚမွ ခုန္ဆင္းကာ ယြိလုံေမွ်ာ္စင္ကို သြားခဲ့သည္။
မင္က်င့္သည္ သူမ၏အ႐ွိန္ကို အမွီလိုက္လာခဲ့သည္။
"မိန္းကေလးကြၽမ့္ ဒီေလာက္ အလ်င္စလို မျဖစ္သင့္ဘူး မင္း ထိခိုက္သြားရင္မေကာင္းဘူး "
"ကြၽန္မ ႐ုပ္ဆိုးသြားရင္ ႐ွင္ ကြၽန္မကို မလိုခ်င္ေတာ့ဘူးလား"
႐ွီ႐ွန္းသည္ ယြိလုံေမွ်ာ္စင္တံခါးကိုဖြင့္ၿပီး အထဲသို႔ ခုန္ဆင္းသြားသည္။
"မင္းဘာပဲျဖစ္ျဖစ္ ကိုယ္လိုခ်င္ပါတယ္"
Transalated by Dora💜
April 12,2024