Unicode
ရှီရှန်းက လွီရော့နှင့်သူမ၏systemက သူမမှာ spaceရှိနေကြောင်း တွက်ဆနေကြသည်ကို မသိပေ။
ယခုအချိန်တွင် ရှီရှန်းသည် ရှောင်ဟေး ၏လည်ပင်းကို ဆုပ်ကိုင်ထားပြီး နောက်တစ်ကြိမ် ပြုံးပြုံးလေး မေးလိုက်သည်
"နောက်ထပ် အခွင့်အရေး တစ်ခုပေးမယ် မင်းကို ဘယ်သူက အမိန့်ပေးတာလဲ"
မကြာသေးမီကပင် ရှောင်ဟေးတစ်ယောက် နှိပ်စက်ခံခဲ့ရပြီး ယခု ရှီရှန်းသည် သူမ၏လည်ပင်းကို ဖြစ်ညှစ်ထားသည့်အချက်ကို ပေါင်းထည့်လိုက်ရာ သူမ၏မျက်နှာ နီမြန်းလာပြီး အသက်ရှုရခက်လာသည်။
ရှောင်ဟေး၏ မှုန်ဝါးသော အမြင်အာရုံတွင်သူမကို လည်ပင်းညှစ်ထားသည့် အမျိုးသမီးမှာ တောက်ပသောအပြုံးနှင့် အေးဆေးသော မျက်လုံးများကို ပန်ဆင်ထားစဲဖြစ်သည်။
ရှောင်ဟေးသည် ရှီရှန်း၏ အကြည့်ကိုတွေ့သောအခါ သူမကိုယ်သူမ ချောက်ကမ်းပါးတွင် တွယ်ကပ်နေရပြီး သတိမထားမိပါက အောက်ခြေမရှိသောချောက်ထဲသို့ ပြုတ်ကျတော့မလို ခံစားလိုက်ရသည်။
ရှီရှန်းသည် တော်၀င်အစောင့်များ၏ ဝိုင်းရံထားခြင်းကိုခံနေရသော်လည်း ၎င်းတို့အား လေကဲ့သို့ပင် သဘောထားကာ သူမအား အသက်အန္တရာယ်ပေးမည်ကို လုံးဝ မကြောက်ပေ။
'သူမသေရမှာ မကြောက်ဘူးလား?'
ဒီအတွေးက ရှောင်ဟေးရဲ့စိတ်ထဲမှာ ပေါ်လာပေမယ့် ကြာကြာဆက်မတွေးနိုင်ဘဲ ရေထဲက ငါးတစ်ကောင်လို ပါးစပ်ကိုဖွင့်ပြီး အသက်ရှူဖို့ မနဲရုန်းကန်နေရသည်။
သူမ၏ အဆုတ်အတွင်း အောက်ဆီဂျင် လျော့နည်းလာသည်။
"စိတ်မပူပါနဲ့ မင်းသေရင် မင်းရဲ့မောင်လေးဆီကို ငါ သေချာပေါက်သွားပေးမယ်"
ရှီရှန်းက ခေါင်းငုံ့ကာ ရက်စက်စွာပြောလိုက်သည်။
"မဖြစ်ဘူး…"
'သူက ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုပဲ— သူ့ကို သေစေလို့ မရဘူး လူတိုင်းက ငါ့ကို ခြိမ်းခြောက်ဖို့ သူ့ကို ဘာလို့သုံးနေကြတာလဲ ငါတို့က ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရုံလေးပါ ဘာကြောင့် ဒီလောက်ခက်ခဲရတာလဲ'
"ဘာလို့လဲဆိုတော့ သူက မင်းရဲ့အားနည်းချက်မို့လို့ပဲ"
ရှီရှန်းသည် သူမ၏ လက်ကို ဖြေလျှော့လိုက်ပြီး ရှောင်ဟေး ကို အသက်ရှုခွင့်ပေးလိုက်သည်။
"ဒါကြောင့် သူတို့က မင်းရဲ့ကံကြမ္မာကို လွယ်လွယ်နဲ့ ခြယ်လှယ်လို့ရတယ်"
ရှီရှန်း၏ မျက်လုံးများက ပြုံးကာ ကွေးညွတ်သွားကြသည်။
"အခြားသူတွေနဲ့ ယှဉ်ရင် ငါ့မှာ ဆုံးရှုံးစရာ ဘာမှမရှိဘူး ဘာကို ကြောက်ရမှာလဲ ငါက သေရမှာကိုလည်း မကြောက်ဘူး သူတို့ကလည်း ငါ့ကို နိုင်မှာမဟုတ်ဘူး"
'ဒါပေမယ့်... မင်းမျိုးနွယ်စုကရော!'
"ငါသူတို့ကိုလည်း ဂရုမစိုက်ဘူး"
ရှီရှန်းက ရှောင်ဟေး၏အတွေးကို သိနေပုံရပြီး တစ်ခုပြီးတစ်ခုပြောနေခဲ့သည်။
သူမသည် ကျွင်းအိမ်တော်ကို အမှန်တကယ်ဂရုမစိုက်သောကြောင့် ၎င်းတို့ အသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ သူမကိုမသက်ရောက်ပေ။
"ငါ့မောင်လေးကို ကယ်မှာလား"
ရှောင်ဟေး က တိုးညှင်းစွာပြောလိုက်သည်။
"မကယ်ဘူး"
ရှောင်ဟေး၏ မျက်လုံးများတွင် စိတ်ပျက်မှုများ ပေါ်လာခဲ့လေသည်။
"ဘာလို့လဲဆိုတော့ သူက သေပြီးနေပြီလေ" ရှီရှန်းက ရွှီးရွှမ်းလိုက်သည်။
ရှောင်ဟေး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"မင်း လိမ်နေတာ မင်းဘယ်လိုလုပ်သိမှာလဲ"
"ငါက ကျွမ့်မျိုးရိုးပါ"
ရှောင်ဟေးရဲ့မျက်နှာတွင် မျှော်လင့်ချက်လုံး၀ မရှိတော့ပေ။
"လက်စားချေချင်လား?"
ရှီရှန်း သည် ပေါ့ပေါ့ပါးပါးရယ်မောကာ ပြောလိုက်သည်။ သူမက ငရဲမှ တွားထွက်လာသော နတ်ဆိုးတစ်ကောင်လိုပင် ချောက်ကမ်းပါးအစွန်း၌ ရပ်နေသောသူများကို တွင်းနက်ကြီးထဲသို့ ခုန်ချသွားစေရန် သွေးဆောင်နေလေသည်။
" မင်းကို ဘယ်သူက အမိန့်ပေးခဲ့လဲ ပြောပါ"
ရှောင်ဟေးက မောဟိုက်နေပြီး ရှုဖေးဘက်ကို လှည့်ကြည့်ဖို့ ရုန်းကန်နေရသည်။
"အရှင်မင်းကြီး ယွင်ကျဲယွီရဲ့ အမူအရာက သစ္စာဖောက်နေတာပဲ! အရှင် ဘာကိုစောင့်နေတာလဲ?"
ရှူးဖေးက ဖြောင့်မတ်မှန်ကန်စွာပြောလိုက်သည်။
ရှီရှန်း၏ မာနကြီးပြီးမောက်မာသော အပြုအမူများက ယွီ၀မ်ရှင်းကို အမှန်တကယ် ဒေါသထွက်စေခဲ့သည်။
"သူမကို ဖမ်းစမ်း!"
တော်၀င်အစောင့်တွေက ချက်ချင်းနာခံပြီး သူမဆီကို တိုးလာကြသည်။ ရှီရှန်းသည် သူမ၏ spaceထဲမှ ထူးဆန်းသော ကျောက်တုံးတစ်ခုကို ယူပြီး ညင်သာစွာ ဆုပ်ကိုင်လိုက်ရာ မမြင်နိုင်သော စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့သည်။
'ငါ့မှာ ဓားမရှိဘူး... ဘယ်လိုလုပ်ပြီး ဒီကောင်တွေနဲ့ တိုက်နိုင်မှာလဲ'
တော်၀င်အစောင့်တွေအားလုံးက မမြင်ရတဲ့ အတားအဆီးကို တိုက်မိပြီး မူးဝေကုန်ကြသည်။သူတို့က ဘာတွေဖြစ်နေလဲ မသိကြပဲ လက်ကိုဆန့်လိုက်သည့်အခါတွင်ပင် အတားအဆီး ကို မခံစားရပေ။ သို့ပေမယ့် ရှေ့ကို တစ်ကြိမ်ပြေးလာဖို့ ကြိုးစားတဲ့အခါမှာတော့ တူညီသည့် တွန်းကန်အားကို ကြုံတွေ့ကြရပြန်သည်။
သူတို့ အကြီးအကျယ် အံသြသွားကြသည်။ 'ဒါကဘာလဲ?'
"နတ်ဆိုး!!!…"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ဤရှေးခေတ်အခြေအနေမျိုးတွင် နတ်ဆိုးများ၊ နတ်ဘုရားများကို ယုံကြည်ကြပြီး နတ်ဆိုးများနှင့် သရဲတစ္ဆေများမှာ အလွန်ကြောက်စရာကောင်းလှသည်။
တော်၀င်အစောင့်များသည် ရှီရှန်းအား လှပသောမိန်းမပျိုဟု မမြင်တော့ဘဲ ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်း၊ မျက်နှာစိမ်းနှင့် အစွယ်များပါသော ရွံရှာဖွယ်ရာ မိစ္ဆာမကဲ့လို ကြောက်ရွံ့စွာ ကြည့်နေကြသည်။
ရှီရှန်း မျက်လုံးပြူးသွားသည်။
'နင့်ရဲ့ဘိုးအေကို နတ်ဆိုး! ငါက ဘယ်နတ်ဆိုးနဲ့တူနေလို့လဲ'
"လူကြီးမင်းမင် မြန်မြန်လာ!"
တစ်စုံတစ်ယောက်က မင်ကျင့်ကို လှမ်းခေါ်သည်။
"ဒီ ယွင်ကျဲယွီ က ပုံမှန်မဟုတ်ဘူး!"
မင်ကျင့်သည် ရှီရှန်းကို အကဲခတ်လိုက်ပြီးသူ၏ နူးညံ့သော အကြည့်များက သူမလက်ပေါ်သို့ ကျရောက်လာသည်။ သူမ အခုလေးတင် တစ်ခုခုကို ထုတ်ယူလိုက်ကြောင့်ကို သူမြင်လိုက်ရသည်။ သို့ပေမယ့် ပစ္စည်းက သေးလွန်းတဲ့အတွက် သူမ၏လက်က လုံးလုံးဖုံးနေတော့ ဘာလဲဆိုတာ မပြောနိုင်ပေ။
ရှီရှန်းက သူမကို တစ်စုံတစ်ခုက စကင်န်ဖတ်နေသလို ခံစားရသဖြင့် တရားခံကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဘာကြည့်နေတာလဲ?"
မင်ကျင့်က မျက်တောင်ခတ်ပြီး ပုခုံးတွန့်ကာ ပြုံးပြလိုက်သည်။
"သူမ အသက်ရှူကျပ်တော့မယ်"
ရှီရှန်း ခေါင်းငုံ့ကာ ကြည့်လိုက်သည်။ သူမ၏ ဂရုမစိုက်မိခြင်းကြောင့် ခွန်အားကို အလွန်အကျွံအသုံးပြုမိခဲ့ပြီး ရှောင်ဟေး၏ မျက်နှာသည် အချိန်မရွေး သတိလစ်သွားတော့မလို ပြာနှမ်းနေပြီဖြစ်သည်။
အတားအဆီးအတွင်း မည်သူမျှ မဝင်ရောက်နိုင်သောကြောင့် ရှီရှန်းက ရှောင်ဟေး ကို လွှတ်ပေးလိုက်သည်။
ရှောင်ဟေးလည်း ကမန်းကတန်းအသက်ရှုနေရပြီး သေလုနီးပါးဖြစ်ခဲ့ရသောကြောင့် ဖြဖြစ်နိုင်သည်။ ရှီရှန်းကို ကြောက်ရွံ့နေခြင်းမရှိတော့ဘဲ ရှူးဖေးကို မုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။
"ရှူးဖေးပဲ"
ရှောင်ဟေးက အံကြိတ်ကာ ပြောလိုက်သည်။
"ဒါတွေအကုန်လုံးကို သူစီစဉ်ထားတာ ဒီတစ်ခါတော့ တကယ်အမှန်အတိုင်းပြောတာပဲ ငါလိမ်ရင် ကောင်းကင်ဘုံက ငါ့ကို မိုးကြိုးပစ်ပါစေ!"
ရှီရှန်းက ရှူးဖေးကိုကြည့်လိုက်သည်။
သို့သော် လူတိုင်းသည် "နတ်ဆိုး" ရှီရှန်း ကို ကြောက်လန့်နေကြပြီး ရှောင်ဟေး ပြောခဲ့သည့်စကားကို မည်သို့အာရုံစိုက်နိုင်မည်နည်း။
သိပ္ပံပညာနှင့် ကြီးပြင်းလာသူတစ်ဦးအနေဖြင့် လွီရော့သည် နတ်ဆိုးကဲ့သို့ အရာများမရှိဟု ပြောချင်နေခဲ့သည်။ သို့ပေမယ့် ထပ်တွေးကြည့်တော့ သူမ၏စကားတွေကို ပြန်မျိုချလိုက်ရသည်။
သူမကိုယ်တိုင်တောင် ခန္ဓာကိုယ်ကူးပြောင်းခဲ့သဖြင့် နတ်ဆိုးလိုအရာများလည်း ရှိကောင်းရှိနိုင်ပေမည်။
"ငါပြောသားပဲ…"
ရှီရှန်း က မေးငေါ့လိုက်သည်။
"နတ်ဆိုး မင်းဒီကိုမလာနဲ့!"
သဲ့ကုန်းကုန်းသည် ရှီရှန်း၏ရန်မှကာကွယ်ရန် ယွီ၀မ်ရှင်း ၏ရှေ့တွင် ကာရပ်လိုက်သည်။
ရှီရှန်း"... " 'ငါ့ ဓား ဘယ်မှာလဲ'
ယွီ၀မ်ရှင်းသည် ရှီရှန်း ကို တချိန်လုံး အကဲခတ်နေခဲ့ပြီး သူက ကြောက်နေပုံမပေါ်ပေမယ့် အကြည့်တွေက သေချာပေါက်ဖော်ရွေခြင်းမရှိပေ။
'ဟေး! ဒီ ဇာတ်လိုက်ကောင်က အခု ဘာတွေကြံနေပြန်ပြီလဲ'
"ရှူးဖေး"
ရှီရှန်းက သူမကို လှည့်ကြည့်လိုက်သည်။
ရှူးဖေး၏ ခန္ဓာကိုယ် တုန်ယင်သွားကာ ယွီ၀မ်ရှင်း၏ အင်္ကျီလက်ကို ဆုပ်ကိုင်ထားပြီး သူ့နောက်တွင် ပုန်းအောင်းရန် ကြိုးစားနေသည်။
"အဲဒါ ငါမဟုတ်ဘူး… ငါ့နောက်ကို လိုက်မလာနဲ့…"
ရှူးဖေး၏မျက်နှာက ဖြူဖျော့နေပြီး ခေါင်းယမ်းကာ တတွတ်တွတ် ရေရွတ်နေရင်းနဲ့ သူမ၏ မျက်လုံးတွေက ထိတ်လန့်တကြားဖြစ်နေကြသည်။
"မင်း ငြင်းရဲသေးတယ်!"
ရှီရှန်း က မျက်ခုံးပင့်လိုက်သည်။
"မင်းရဲ့ နန်းတွင်းသူက ဝန်ခံပြီးပြီ!"
"မဟုတ်ဘူး...အဲဒါ ငါမဟုတ်ဘူး...-သူမ...သူမ...လိမ်နေတာ"
ရှူးဖေး က ကယောင်ကတမ်း ထအော်သည်။
"မင်းက ငါမှားယွင်းစွပ်စွဲတယ်လို့ ပြောချင်တာလား"
ရှီရှန်း၏အမူအရာမှာ လေးနက်လာသည်။
ရှူးဖေးက ယွီ၀မ်ရှင်း၏ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားသည်။
"အရှင်မင်းကြီး သူမက နတ်ဆိုးပဲ! မြန်မြန်သတ်လိုက်!"
"ဒီနတ်သခင်ကို နတ်ဆိုးလို့ မင်းဘယ်လိုခေါ်ရဲတာလဲ"
ရှီရှန်း ရုတ်တရက် အော်လိုက်သည်။
[......]
'Hostက ဟန်ဆောင်ပြန်ပြီ...'
ရှီရှန်း၏အော်သံကြောင့် ရှူးဖေး တုန်လှုပ်ခြောက်ခြားသွားပြီး ချွေးများက သူမ၏ ထူထဲသောအဝတ်များအောက်တွင် စိုရွှဲနေခဲ့သည်။
"ဆရာသခင်ရွှီခွန်းကို သွားခေါ်လိုက်"
ယွီ၀မ်ရှင်းကသဲ့ကုန်းကုန်း ကို တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
ပြည်သူများအကြားတွင် နတ်ဆိုးများသည် လူ့အသားကို စားသုံးသည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။
သဲ့ကုန်းကုန်းလည်း ရှီရှန်းက သူ့ကို တားဖို့ အရိပ်အယောင် မပြတာကို မြင်တော့ သူ့ဘဝမှာ အလျင်မြန်ဆုံး အရှိန်နဲ့ အခန်းထဲက ပြေးထွက်သွားသည်။
သူ ခန်းမထဲက ထွက်လာတဲ့ အချိန်မှာတော့ သူ့ခန္ဓာကိုယ်ကြီးက ကြောက်စိတ်ကြောင့် မေ့လဲကျလုနီးပါး ဖြစ်နေလေပြီ။
'နတ်ဆိုး! နတ်ဆိုး! ဆရာသခင်ရွှီခွန်း ကို ရှာရမယ် ဆရာသခင်ရွှီခွန်း...'
သဲ့ကုန်းကုန်းက သူ့ကိုယ်သူအားတင်းပြီးမီတာတစ်ရာ အပြေးပြိုင်ပွဲတွင် ပါဝင်နေသကဲ့သို့ ပြေးထွက်သွားခဲ့သည်။
တော်၀င်မျိုးနွယ်စုသည် သဘာဝလွန်အန္တရာယ်များကို ကာကွယ်ရန် ဘုန်းတော်ကြီးအနည်းငယ်ကို ပင့်ဖိတ်ထားလေ့ရှိကြသည်။ ဤနေရာတွင် ရည်ညွှန်းသည့် "ဆရာသခင်ရွှီခွန်း" ကလည်း ၎င်းတို့ထဲမှ တစ်ဦးဖြစ်ကြောင်း ထင်ရှားပေသည်။
Transalated by Dora💜
Nov 16,2023
Zawgyi
႐ွီ႐ွန္းက လြီေရာ့ႏွင့္သူမ၏systemက သူမမွာ space႐ွိေနေၾကာင္း တြက္ဆေနၾကသည္ကို မသိေပ။
ယခုအခ်ိန္တြင္ ႐ွီ႐ွန္းသည္ ေ႐ွာင္ေဟး ၏လည္ပင္းကို ဆုပ္ကိုင္ထားၿပီး ေနာက္တစ္ႀကိမ္ ျပဳံးျပဳံးေလး ေမးလိုက္သည္
"ေနာက္ထပ္ အခြင့္အေရး တစ္ခုေပးမယ္ မင္းကို ဘယ္သူက အမိန္႔ေပးတာလဲ"
မၾကာေသးမီကပင္ ေ႐ွာင္ေဟးတစ္ေယာက္ ႏွိပ္စက္ခံခဲ့ရၿပီး ယခု ႐ွီ႐ွန္းသည္ သူမ၏လည္ပင္းကို ျဖစ္ညႇစ္ထားသည့္အခ်က္ကို ေပါင္းထည့္လိုက္ရာ သူမ၏မ်က္ႏွာ နီျမန္းလာၿပီး အသက္႐ႈရခက္လာသည္။
ေ႐ွာင္ေဟး၏ မႈန္ဝါးေသာ အျမင္အာ႐ုံတြင္သူမကို လည္ပင္းညႇစ္ထားသည့္ အမ်ိဳးသမီးမွာ ေတာက္ပေသာအျပဳံးႏွင့္ ေအးေဆးေသာ မ်က္လုံးမ်ားကို ပန္ဆင္ထားစဲျဖစ္သည္။
ေ႐ွာင္ေဟးသည္ ႐ွီ႐ွန္း၏ အၾကည့္ကိုေတြ႕ေသာအခါ သူမကိုယ္သူမ ေခ်ာက္ကမ္းပါးတြင္ တြယ္ကပ္ေနရၿပီး သတိမထားမိပါက ေအာက္ေျခမ႐ွိေသာေခ်ာက္ထဲသို႔ ျပဳတ္က်ေတာ့မလို ခံစားလိုက္ရသည္။
႐ွီ႐ွန္းသည္ ေတာ္၀င္အေစာင့္မ်ား၏ ဝိုင္းရံထားျခင္းကိုခံေနရေသာ္လည္း ၎တို႔အား ေလကဲ့သို႔ပင္ သေဘာထားကာ သူမအား အသက္အႏၲရာယ္ေပးမည္ကို လုံးဝ မေၾကာက္ေပ။
'သူမေသရမွာ မေၾကာက္ဘူးလား?'
ဒီအေတြးက ေ႐ွာင္ေဟးရဲ႕စိတ္ထဲမွာ ေပၚလာေပမယ့္ ၾကာၾကာဆက္မေတြးႏိုင္ဘဲ ေရထဲက ငါးတစ္ေကာင္လို ပါးစပ္ကိုဖြင့္ၿပီး အသက္႐ွဴဖို႔ မနဲ႐ုန္းကန္ေနရသည္။
သူမ၏ အဆုတ္အတြင္း ေအာက္ဆီဂ်င္ ေလ်ာ့နည္းလာသည္။
"စိတ္မပူပါနဲ႔ မင္းေသရင္ မင္းရဲ႕ေမာင္ေလးဆီကို ငါ ေသခ်ာေပါက္သြားေပးမယ္"
႐ွီ႐ွန္းက ေခါင္းငုံ႔ကာ ရက္စက္စြာေျပာလိုက္သည္။
"မျဖစ္ဘူး…"
'သူက ငါ့ရဲ႕ တစ္ဦးတည္းေသာ မိသားစုပဲ— သူ႕ကို ေသေစလို႔ မရဘူး လူတိုင္းက ငါ့ကို ၿခိမ္းေျခာက္ဖို႔ သူ႕ကို ဘာလို႔သုံးေနၾကတာလဲ ငါတို႔က ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းခ်င္႐ုံေလးပါ ဘာေၾကာင့္ ဒီေလာက္ခက္ခဲရတာလဲ'
"ဘာလို႔လဲဆိုေတာ့ သူက မင္းရဲ႕အားနည္းခ်က္မို႔လို႔ပဲ"
႐ွီ႐ွန္းသည္ သူမ၏ လက္ကို ေျဖေလွ်ာ့လိုက္ၿပီး ေ႐ွာင္ေဟး ကို အသက္႐ႈခြင့္ေပးလိုက္သည္။
"ဒါေၾကာင့္ သူတို႔က မင္းရဲ႕ကံၾကမၼာကို လြယ္လြယ္နဲ႔ ျခယ္လွယ္လို႔ရတယ္"
႐ွီ႐ွန္း၏ မ်က္လုံးမ်ားက ျပဳံးကာ ေကြးၫြတ္သြားၾကသည္။
"အျခားသူေတြနဲ႔ ယွဥ္ရင္ ငါ့မွာ ဆုံး႐ႈံးစရာ ဘာမွမ႐ွိဘူး ဘာကို ေၾကာက္ရမွာလဲ ငါက ေသရမွာကိုလည္း မေၾကာက္ဘူး သူတို႔ကလည္း ငါ့ကို ႏိုင္မွာမဟုတ္ဘူး"
'ဒါေပမယ့္... မင္းမ်ိဳးႏြယ္စုကေရာ!'
"ငါသူတို႔ကိုလည္း ဂ႐ုမစိုက္ဘူး"
႐ွီ႐ွန္းက ေ႐ွာင္ေဟး၏အေတြးကို သိေနပုံရၿပီး တစ္ခုၿပီးတစ္ခုေျပာေနခဲ့သည္။
သူမသည္ ကြၽင္းအိမ္ေတာ္ကို အမွန္တကယ္ဂ႐ုမစိုက္ေသာေၾကာင့္ ၎တို႔ အသက္႐ွင္သည္ျဖစ္ေစ ေသဆုံးသည္ျဖစ္ေစ သူမကိုမသက္ေရာက္ေပ။
"ငါ့ေမာင္ေလးကို ကယ္မွာလား"
ေ႐ွာင္ေဟး က တိုးညႇင္းစြာေျပာလိုက္သည္။
"မကယ္ဘူး"
ေ႐ွာင္ေဟး၏ မ်က္လုံးမ်ားတြင္ စိတ္ပ်က္မႈမ်ား ေပၚလာခဲ့ေလသည္။
"ဘာလို႔လဲဆိုေတာ့ သူက ေသၿပီးေနၿပီေလ" ႐ွီ႐ွန္းက ႐ႊီး႐ႊမ္းလိုက္သည္။
ေ႐ွာင္ေဟး၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားၾကသည္။
"မင္း လိမ္ေနတာ မင္းဘယ္လိုလုပ္သိမွာလဲ"
"ငါက ကြၽမ့္မ်ိဳး႐ိုးပါ"
ေ႐ွာင္ေဟးရဲ႕မ်က္ႏွာတြင္ ေမွ်ာ္လင့္ခ်က္လုံး၀ မ႐ွိေတာ့ေပ။
"လက္စားေခ်ခ်င္လား?"
႐ွီ႐ွန္း သည္ ေပါ့ေပါ့ပါးပါးရယ္ေမာကာ ေျပာလိုက္သည္။ သူမက ငရဲမွ တြားထြက္လာေသာ နတ္ဆိုးတစ္ေကာင္လိုပင္ ေခ်ာက္ကမ္းပါးအစြန္း၌ ရပ္ေနေသာသူမ်ားကို တြင္းနက္ႀကီးထဲသို႔ ခုန္ခ်သြားေစရန္ ေသြးေဆာင္ေနေလသည္။
" မင္းကို ဘယ္သူက အမိန္႔ေပးခဲ့လဲ ေျပာပါ"
ေ႐ွာင္ေဟးက ေမာဟိုက္ေနၿပီး ႐ႈေဖးဘက္ကို လွည့္ၾကည့္ဖို႔ ႐ုန္းကန္ေနရသည္။
"အ႐ွင္မင္းႀကီး ယြင္က်ဲယြီရဲ႕ အမူအရာက သစၥာေဖာက္ေနတာပဲ! အ႐ွင္ ဘာကိုေစာင့္ေနတာလဲ?"
႐ွဴးေဖးက ေျဖာင့္မတ္မွန္ကန္စြာေျပာလိုက္သည္။
႐ွီ႐ွန္း၏ မာနႀကီးၿပီးေမာက္မာေသာ အျပဳအမူမ်ားက ယြီ၀မ္႐ွင္းကို အမွန္တကယ္ ေဒါသထြက္ေစခဲ့သည္။
"သူမကို ဖမ္းစမ္း!"
ေတာ္၀င္အေစာင့္ေတြက ခ်က္ခ်င္းနာခံၿပီး သူမဆီကို တိုးလာၾကသည္။ ႐ွီ႐ွန္းသည္ သူမ၏ spaceထဲမွ ထူးဆန္းေသာ ေက်ာက္တုံးတစ္ခုကို ယူၿပီး ညင္သာစြာ ဆုပ္ကိုင္လိုက္ရာ မျမင္ႏိုင္ေသာ စြမ္းအားတစ္ခု ေပၚထြက္လာခဲ့သည္။
'ငါ့မွာ ဓားမ႐ွိဘူး... ဘယ္လိုလုပ္ၿပီး ဒီေကာင္ေတြနဲ႔ တိုက္ႏိုင္မွာလဲ'
ေတာ္၀င္အေစာင့္ေတြအားလုံးက မျမင္ရတဲ့ အတားအဆီးကို တိုက္မိၿပီး မူးေဝကုန္ၾကသည္။သူတို႔က ဘာေတြျဖစ္ေနလဲ မသိၾကပဲ လက္ကိုဆန္႔လိုက္သည့္အခါတြင္ပင္ အတားအဆီး ကို မခံစားရေပ။ သို႔ေပမယ့္ ေ႐ွ႕ကို တစ္ႀကိမ္ေျပးလာဖို႔ ႀကိဳးစားတဲ့အခါမွာေတာ့ တူညီသည့္ တြန္းကန္အားကို ၾကဳံေတြ႕ၾကရျပန္သည္။
သူတို႔ အႀကီးအက်ယ္ အံၾသသြားၾကသည္။ 'ဒါကဘာလဲ?'
"နတ္ဆိုး!!!…"
တစ္စုံတစ္ေယာက္က ေအာ္ဟစ္လိုက္သည္။
ဤေ႐ွးေခတ္အေျခအေနမ်ိဳးတြင္ နတ္ဆိုးမ်ား၊ နတ္ဘုရားမ်ားကို ယုံၾကည္ၾကၿပီး နတ္ဆိုးမ်ားႏွင့္ သရဲတေစၧမ်ားမွာ အလြန္ေၾကာက္စရာေကာင္းလွသည္။
ေတာ္၀င္အေစာင့္မ်ားသည္ ႐ွီ႐ွန္းအား လွပေသာမိန္းမပ်ိဳဟု မျမင္ေတာ့ဘဲ ေခါင္းသုံးလုံး၊ လက္ေျခာက္ေခ်ာင္း၊ မ်က္ႏွာစိမ္းႏွင့္ အစြယ္မ်ားပါေသာ ႐ြံ႐ွာဖြယ္ရာ မိစၧာမကဲ့လို ေၾကာက္႐ြံ႕စြာ ၾကည့္ေနၾကသည္။
႐ွီ႐ွန္း မ်က္လုံးျပဴးသြားသည္။
'နင့္ရဲ႕ဘိုးေအကို နတ္ဆိုး! ငါက ဘယ္နတ္ဆိုးနဲ႔တူေနလို႔လဲ'
"လူႀကီးမင္းမင္ ျမန္ျမန္လာ!"
တစ္စုံတစ္ေယာက္က မင္က်င့္ကို လွမ္းေခၚသည္။
"ဒီ ယြင္က်ဲယြီ က ပုံမွန္မဟုတ္ဘူး!"
မင္က်င့္သည္ ႐ွီ႐ွန္းကို အကဲခတ္လိုက္ၿပီးသူ၏ ႏူးညံ့ေသာ အၾကည့္မ်ားက သူမလက္ေပၚသို႔ က်ေရာက္လာသည္။ သူမ အခုေလးတင္ တစ္ခုခုကို ထုတ္ယူလိုက္ေၾကာင့္ကို သူျမင္လိုက္ရသည္။ သို႔ေပမယ့္ ပစၥည္းက ေသးလြန္းတဲ့အတြက္ သူမ၏လက္က လုံးလုံးဖုံးေနေတာ့ ဘာလဲဆိုတာ မေျပာႏိုင္ေပ။
႐ွီ႐ွန္းက သူမကို တစ္စုံတစ္ခုက စကင္န္ဖတ္ေနသလို ခံစားရသျဖင့္ တရားခံကို ေဒါသတႀကီး စိုက္ၾကည့္လိုက္သည္။
"ဘာၾကည့္ေနတာလဲ?"
မင္က်င့္က မ်က္ေတာင္ခတ္ၿပီး ပုခုံးတြန္႔ကာ ျပဳံးျပလိုက္သည္။
"သူမ အသက္႐ွဴက်ပ္ေတာ့မယ္"
႐ွီ႐ွန္း ေခါင္းငုံ႔ကာ ၾကည့္လိုက္သည္။ သူမ၏ ဂ႐ုမစိုက္မိျခင္းေၾကာင့္ ခြန္အားကို အလြန္အကြၽံအသုံးျပဳမိခဲ့ၿပီး ေ႐ွာင္ေဟး၏ မ်က္ႏွာသည္ အခ်ိန္မေ႐ြး သတိလစ္သြားေတာ့မလို ျပာႏွမ္းေနၿပီျဖစ္သည္။
အတားအဆီးအတြင္း မည္သူမွ် မဝင္ေရာက္ႏိုင္ေသာေၾကာင့္ ႐ွီ႐ွန္းက ေ႐ွာင္ေဟး ကို လႊတ္ေပးလိုက္သည္။
ေ႐ွာင္ေဟးလည္း ကမန္းကတန္းအသက္႐ႈေနရၿပီး ေသလုနီးပါးျဖစ္ခဲ့ရေသာေၾကာင့္ ျဖျဖစ္ႏိုင္သည္။ ႐ွီ႐ွန္းကို ေၾကာက္႐ြံ႕ေနျခင္းမ႐ွိေတာ့ဘဲ ႐ွဴးေဖးကို မုန္းတီးစြာ စိုက္ၾကည့္ေနခဲ့သည္။
"႐ွဴးေဖးပဲ"
ေ႐ွာင္ေဟးက အံႀကိတ္ကာ ေျပာလိုက္သည္။
"ဒါေတြအကုန္လုံးကို သူစီစဥ္ထားတာ ဒီတစ္ခါေတာ့ တကယ္အမွန္အတိုင္းေျပာတာပဲ ငါလိမ္ရင္ ေကာင္းကင္ဘုံက ငါ့ကို မိုးႀကိဳးပစ္ပါေစ!"
႐ွီ႐ွန္းက ႐ွဴးေဖးကိုၾကည့္လိုက္သည္။
သို႔ေသာ္ လူတိုင္းသည္ "နတ္ဆိုး" ႐ွီ႐ွန္း ကို ေၾကာက္လန္႔ေနၾကၿပီး ေ႐ွာင္ေဟး ေျပာခဲ့သည့္စကားကို မည္သို႔အာ႐ုံစိုက္ႏိုင္မည္နည္း။
သိပၸံပညာႏွင့္ ႀကီးျပင္းလာသူတစ္ဦးအေနျဖင့္ လြီေရာ့သည္ နတ္ဆိုးကဲ့သို႔ အရာမ်ားမ႐ွိဟု ေျပာခ်င္ေနခဲ့သည္။ သို႔ေပမယ့္ ထပ္ေတြးၾကည့္ေတာ့ သူမ၏စကားေတြကို ျပန္မ်ိဳခ်လိုက္ရသည္။
သူမကိုယ္တိုင္ေတာင္ ခႏၶာကိုယ္ကူးေျပာင္းခဲ့သျဖင့္ နတ္ဆိုးလိုအရာမ်ားလည္း ႐ွိေကာင္း႐ွိႏိုင္ေပမည္။
"ငါေျပာသားပဲ…"
႐ွီ႐ွန္း က ေမးေငါ့လိုက္သည္။
"နတ္ဆိုး မင္းဒီကိုမလာနဲ႔!"
သဲ့ကုန္းကုန္းသည္ ႐ွီ႐ွန္း၏ရန္မွကာကြယ္ရန္ ယြီ၀မ္႐ွင္း ၏ေ႐ွ႕တြင္ ကာရပ္လိုက္သည္။
႐ွီ႐ွန္း"... " 'ငါ့ ဓား ဘယ္မွာလဲ'
ယြီ၀မ္႐ွင္းသည္ ႐ွီ႐ွန္း ကို တခ်ိန္လုံး အကဲခတ္ေနခဲ့ၿပီး သူက ေၾကာက္ေနပုံမေပၚေပမယ့္ အၾကည့္ေတြက ေသခ်ာေပါက္ေဖာ္ေ႐ြျခင္းမ႐ွိေပ။
'ေဟး! ဒီ ဇာတ္လိုက္ေကာင္က အခု ဘာေတြၾကံေနျပန္ၿပီလဲ'
"႐ွဴးေဖး"
႐ွီ႐ွန္းက သူမကို လွည့္ၾကည့္လိုက္သည္။
႐ွဴးေဖး၏ ခႏၶာကိုယ္ တုန္ယင္သြားကာ ယြီ၀မ္႐ွင္း၏ အက်ႌလက္ကို ဆုပ္ကိုင္ထားၿပီး သူ႕ေနာက္တြင္ ပုန္းေအာင္းရန္ ႀကိဳးစားေနသည္။
"အဲဒါ ငါမဟုတ္ဘူး… ငါ့ေနာက္ကို လိုက္မလာနဲ႔…"
႐ွဴးေဖး၏မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး ေခါင္းယမ္းကာ တတြတ္တြတ္ ေရ႐ြတ္ေနရင္းနဲ႔ သူမ၏ မ်က္လုံးေတြက ထိတ္လန္႔တၾကားျဖစ္ေနၾကသည္။
"မင္း ျငင္းရဲေသးတယ္!"
႐ွီ႐ွန္း က မ်က္ခုံးပင့္လိုက္သည္။
"မင္းရဲ႕ နန္းတြင္းသူက ဝန္ခံၿပီးၿပီ!"
"မဟုတ္ဘူး...အဲဒါ ငါမဟုတ္ဘူး...-သူမ...သူမ...လိမ္ေနတာ"
႐ွဴးေဖး က ကေယာင္ကတမ္း ထေအာ္သည္။
"မင္းက ငါမွားယြင္းစြပ္စြဲတယ္လို႔ ေျပာခ်င္တာလား"
႐ွီ႐ွန္း၏အမူအရာမွာ ေလးနက္လာသည္။
႐ွဴးေဖးက ယြီ၀မ္႐ွင္း၏ လက္ကို အားကိုးတႀကီး ဆုပ္ကိုင္ထားသည္။
"အ႐ွင္မင္းႀကီး သူမက နတ္ဆိုးပဲ! ျမန္ျမန္သတ္လိုက္!"
"ဒီနတ္သခင္ကို နတ္ဆိုးလို႔ မင္းဘယ္လိုေခၚရဲတာလဲ"
႐ွီ႐ွန္း ႐ုတ္တရက္ ေအာ္လိုက္သည္။
[......]
'Hostက ဟန္ေဆာင္ျပန္ၿပီ...'
႐ွီ႐ွန္း၏ေအာ္သံေၾကာင့္ ႐ွဴးေဖး တုန္လႈပ္ေျခာက္ျခားသြားၿပီး ေခြၽးမ်ားက သူမ၏ ထူထဲေသာအဝတ္မ်ားေအာက္တြင္ စို႐ႊဲေနခဲ့သည္။
"ဆရာသခင္႐ႊီခြန္းကို သြားေခၚလိုက္"
ယြီ၀မ္႐ွင္းကသဲ့ကုန္းကုန္း ကို တည္ၿငိမ္စြာ အမိန္႔ေပးလိုက္သည္။
ျပည္သူမ်ားအၾကားတြင္ နတ္ဆိုးမ်ားသည္ လူ႕အသားကို စားသုံးသည္ဟု ေကာလဟာလမ်ား ထြက္ေပၚေနခဲ့သည္။
သဲ့ကုန္းကုန္းလည္း ႐ွီ႐ွန္းက သူ႕ကို တားဖို႔ အရိပ္အေယာင္ မျပတာကို ျမင္ေတာ့ သူ႕ဘဝမွာ အလ်င္ျမန္ဆုံး အ႐ွိန္နဲ႔ အခန္းထဲက ေျပးထြက္သြားသည္။
သူ ခန္းမထဲက ထြက္လာတဲ့ အခ်ိန္မွာေတာ့ သူ႕ခႏၶာကိုယ္ႀကီးက ေၾကာက္စိတ္ေၾကာင့္ ေမ့လဲက်လုနီးပါး ျဖစ္ေနေလၿပီ။
'နတ္ဆိုး! နတ္ဆိုး! ဆရာသခင္႐ႊီခြန္း ကို ႐ွာရမယ္ ဆရာသခင္႐ႊီခြန္း...'
သဲ့ကုန္းကုန္းက သူ႕ကိုယ္သူအားတင္းၿပီးမီတာတစ္ရာ အေျပးၿပိဳင္ပြဲတြင္ ပါဝင္ေနသကဲ့သို႔ ေျပးထြက္သြားခဲ့သည္။
ေတာ္၀င္မ်ိဳးႏြယ္စုသည္ သဘာဝလြန္အႏၲရာယ္မ်ားကို ကာကြယ္ရန္ ဘုန္းေတာ္ႀကီးအနည္းငယ္ကို ပင့္ဖိတ္ထားေလ့႐ွိၾကသည္။ ဤေနရာတြင္ ရည္ၫႊန္းသည့္ "ဆရာသခင္႐ႊီခြန္း" ကလည္း ၎တို႔ထဲမွ တစ္ဦးျဖစ္ေၾကာင္း ထင္႐ွားေပသည္။
Transalated by Dora💜
Nov 16,2023