Unicode
"သခင်မ ဘာကိုရှာနေတာလဲ"
ထောင်ချင်းသည် ရွာထဲသို့ ဝင်လာသည့် ဓားပြများကဲ့သို့ ရှီရှန်းတစ်ယောက် စာကြည့်တိုက်ထဲသို့ ဒရောသောပါးပြေးဝင်သွားသည်ကို ကြည့်နေသည်။
ရှီရှန်းကိုယ်တိုင်လည်း သူမ ဘာကိုရှာနေသလဲမသိပေ။ ကြုံရာကျပန်းရှာဖွေခြင်းဖြင့် သူမ၏ကံကို ကြိုးစားနေခြင်းသာဖြစ်သည်။
'အယ်? ဒီပန်းချီက သိပ်မဆိုးဘူးပဲ'
"သခင်မ…"
ထောင်ချင်း၏ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ပုံများကို လက်ဖြင့် အမြန်ပိတ်လိုက်သည်။
"ဘာလို့...စာကြည့်တိုက်မှာ ဒါတွေရောက်နေတာလဲ"
'ဒါက စာသင်ကျောင်းတစ်ခုလေ ဘာလို့ ဒီလို မသင့်လျော်တဲ့ပစ္စည်းက ရှိနေတာပါလိမ့် ပြီးတော့ သခင်မက အဲ့ဒါကို တည်ငြိမ်တဲ့အမူအရာနဲ့တောင် ကြည့်နေသေးတယ်...'
ရှီရှန်းသည် စာအုပ်ကို ထောင်ချင်း၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
"ယူခဲ့နော်"
"အာ? ဒါ.."
'ဒီစာအုပ်ကို ဘာလို့ ယူသွားချင်တာလဲ'
ရှီရှန်းသည် နောက်ထပ်မတော်တလျော်စာအုပ်များစွာကို ရှာတွေ့ခဲ့ပြီး အရည်အသွေးကောင်းပုံရမည့် စာအုပ်အချို့ကို ထောင်ချင်းထံ ပေးလိုက်သည်။
"သခင်မ... ဒီကနေ မြန်မြန်ထွက်သွားရအောင်"
ထောင်ချင်းရဲ့အသံက စတင်တုန်လှုပ်လာခဲ့သည်။
ရှီရှန်းက စာကြည့်တိုက်ထဲရှိစာအုပ်တစ်အုပ်ချင်းစီကို အကြမ်းဖျင်းကြည့်ရှုစစ်ဆေးနေသည်။
'နားမလည်ဘူး ဒီစာကိုဖတ်လို့မရဘူး ဒီဟာကို ဘယ်သူရေးတာလဲ ခွေးခြစ်ထားသလိုပဲ!'
ရှီရှန်းက စာအုပ်ကို ဘေးသို့ပစ်ချလိုက်ပြီး စင်ကို မှီလိုက်သည်။
'ဒီမှာ စာအုပ်တွေ အများကြီးရှိတယ် ငါလိုအပ်တာကို ရှာတွေ့ဖို့ ဘယ်လောက်ကြာမလဲ နောက်ပြီး ဝေ့ယန်နန်းဆောင်က ဘယ်မှာလဲ'
"ဝေ့ယန်နန်းဆောင်အကြောင်း တကယ်မကြားဖူးဘူးလား" ရှီရှန်းက ရုတ်တရက် မေးလိုက်သည်။
ထောင်ချင်း ခေါင်းယမ်းလိုက်သည်။
"တကယ်ပါ သခင်မ အရင်တုန်းက ရှိချင်ရှိနိုင်ခဲ့ပေမယ့် နာမည်ပြောင်းလိုက်တာလည်းဖြစ်နိုင်တာပဲ"
' ဝေ့ယန်နန်းဆောင်အကြောင်းကို ဒီနန်းတော်ထဲဝင်လာကတည်းက တစ်ခါမှ မကြားဖူးဘူး သခင်မက ဒီအကြောင်းကို ဘာကြောင့် ရုတ်တရက် မေးတာလဲ'
ရှီရှန်းက စာအုပ်စင်ကို မှီ၍ စဉ်းစားရင်း ခေါင်းကုတ်လိုက်သည်။
ထို့နောက် သူမ၏အကြည့်များ ရုတ်တရက်ပြောင်းလဲသွားကာ ပါးစပ်ပေါ်တွင် လက်ညှိုးတစ်ချောင်းထောင်ပြီး ထောင်ချင်းကို တိတ်ဆိတ်နေရန် ညွှန်ပြလိုက်၏။
ထောင်ချင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များအားလုံး ထောင်သွားသလိုခံစားလိုက်ရသည်။
'တစ်ယောက်ယောက် ဒီမှာသခင်မကိုတွေ့သွားရင် ပြသနာတက်ပြီပဲ အား!! ချီး ချီး ချီး!! သခင်မ ဘယ်သွားမလို့လဲ!!!!'
ရှီရှန်းက သူမကို နှုတ်ဆိတ်နေစေရန် လက်ဟန်ပြကာ စင်နောက်သို့ ၀င်သွားပြီး ထောင်ချင်း၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး သူမ ထိတ်လန့်စပြုလာချိန်တွင် ရုတ်တရတ် ဆူညံသံကို ကြားလိုက်ရသဖြင့် ထောင်ချင်းလည်း အသံကြားရာဆီသို့ ပြေးထွက်သွားသည်။
စာအုပ်စင်ပေါင်းများစွာကို ဖြတ်သွားပြီးနောက် သူမကိုအေးခဲသွားစေမည့် မြင်ကွင်းကို ထောင်ချင်း မြင်လိုက်ရသည်။
ရှီရှန်းသည် အမျိုးသားတစ်ဦးနှင့် စာအုပ်စင်ကြားတွင်ပိတ်မိနေပြီး အမျိုးသား၏လက်တစ်ဖက်က သူမ လက်ကောက်ဝတ်ကို ကိုင်ထားပြီး ဓားကိုမလှုပ်ရှားနိုင်စေရန် သေချာဖိထားသည်။
ခုနက ကြားလိုက်ရသော ဆူညံသံမှာ သူမတို့နှစ်ဦး ရုန်းရင်းဆန်ခတ် ဖြစ်ရာမှ စင်ပေါ်ရှိ စာအုပ်များ ကြမ်းပြင်ပေါ် ပြုတ်ကျကုန်ခြင်းကြောင့်ပေ။
သူမတို့နှစ်ယောက်သည် သိပ်ပြီး အမြင်မတော်သည့် အနေအထားမှာ ရှိနေကြပြီး ထောင်ချင်းက သူမတို့ကို မကြည့်ရဲပေ။ အမှန်ကတော့ ရှီရှန်းသည် ထိုအမျိုးသား၏ဝမ်းဗိုက်ကို ဓားမြှောင်တစ်ချောင်းဖြင့်ထောက်ထားသော်လည်း ထောင်ချင်းက သတိထားမိမှာမဟုတ်ချေ။
"လွှတ်!"
ရှီရှန်း က အေးအေးဆေးဆေး ပြောလိုက်သည်။
အမျိုးသားက ရှီရှန်းကို နူးညံ့ညင်သာစွာ ကြည့်နေသည်။
"မိန်းကလေးက အရင်တိုက်ခိုက်တာလေ ကျွန်တော်ကဘာလို့ လွှတ်ပေးရမှာလဲ "
"ရှင်သာ ခိုးကြောင်ခိုး၀ှက်မလှုပ်ရှားရင် ရှင့်ကို ကျွန်မက ဘာလို့ တိုက်ခိုက်ရမှာလဲ"
*စားပွဲကိုလှန်လိုက်*
'ဒီလို ပျော့ညံ့တဲ့ခန္ဓာကိုယ်ကြောင့်သာမဟုတ်ရင် ငါရှုံးမှာမဟုတ်ဘူး ဟိုနေ့ညက ယွီ၀မ်ရှင်း သူ့လူတွေကို လှမ်းမခေါ်လိုက်တဲ့အတွက် ငါတကယ်ကျေးဇူးတင်မိတယ်...'
"မိန်းကလေးသာ ပြတင်းပေါက်ကနေ ခိုးမဝင်လာရင် ကျွန်တော်လည်း ဘာလို့ ခိုးကြောင်ခိုး၀ှက်လှုပ်ရှားရမှာလဲ "
'...သေရော! ဒါ ငါ့ရဲ့ အမှားပဲပေါ့?!'
"ကျွန်မပြောနေတယ် လွှတ်!"
ရှီရှန်းက ဓားမြှောင်ကို သူ့ဆီ တွန်းလိုက်သည်။
အမျိုးသား၏ နှုတ်ခမ်းများက လေးကိုင်းသဏ္ဌာန်ကွေးညွတ်သွားကြ၏။
ရှီရှန်း အံတင်းတင်းကြိတ်လိုက်သည်။
'သွေးဆောင်မှုဟာ ငါ့အတွက် အသုံးမဝင်ဘူး! နင်ကြည့်ကောင်းနေလို့လည်း ငါလေးက ကရုဏာသက်မယ်မထင်နဲ့'
"အာ့.."
အမျိုးသားက ရှီရှန်း ကို လွှတ်ပေးလိုက်သည်။
'သူမ ငါ့ကို တကယ်ကြီး ဓားနဲ့ထိုးတာ...'
ရှီရှန်းက နူးညံ့သိမ်မွေ့ခြင်းမရှိခဲ့ပေ။ ဓားမြှောင်သည် သူ့အရေပြားကို စင်တီမီတာအနည်းငယ် ဖောက်ထွင်းသွားပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု သေချာပေါက်ကျန်ခဲ့ပေမည်။
ဖြူဖွေးနေသော နှင်းပွင့်များကြားတွင် အနီရောင်ဇီးပန်းပွင့်များ ပွင့်လန်းလာသကဲ့သို့ သူ့အဝတ်ဖြူပေါ်တွင် သွေးများ စိမ့်လာခဲ့သည်။
"ရှင် ကျွန်မနောက်ကို ဘာအတွက် လိုက်လာတာလဲ"
ရှီရှန်းသည် အမျိုးသားကို သူမ၏ဓားဖြင့် ချက်ချင်း ချိန်ရွယ်လိုက်သည်။
'ဒီကောင်က ယွီ၀မ်ရှင်းရဲ့ ဝေါယာဥ်ဘေးမှာ ဟိုနေ့က တွေ့ဖူးတဲ့လူပဲ သူကအရမ်းကြည့်ကောင်းနေပေမယ့် ဇာတ်ကြောင်းထဲမှာ မပါဘူး... ပြီးတော့ ကျွမ့်ချုံရဲ့ မှတ်ဥာဏ်တွေထဲမှာလည်းမပါဘူး... သူက final bossဖြစ်နိုင်မလား?'
နောက်ဆုံးကမ္ဘာကို ဖြတ်သန်းခဲ့ရပြီးနောက် ရှီရှန်းလည်း အလွန်သံသယထားတတ်လာသည်။
အမျိုးသားက သူ့ဝမ်းဗိုက်ကို ဖိထားပြီး အနည်းငယ် တုန်ယင်နေသည်။
" မိန်းကလေးက ကျွန်တော့်ကို ဒီလို အန္တရာယ်များတဲ့ လက်နက်နဲ့ ချိန်ထားရက်တယ်လား "
"စောက်ရေးမပါတာတွေ သိပ်မပြောနဲ့ အာ့!!!"
အမျိုးသားက ရှီရှန်း၏လက်ကောက်ဝတ်ကို နောက်တစ်ကြိမ် ဖမ်းဆွဲပြီး သူမကို နံရံမှာ ဖိထားလိုက်သည်။ သူက ရှီရှန်း၏အခြားလက်တစ်ဖက်ကိုလည်း လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပြီး လက်နှစ်ဖက်လုံးကို သူမ၏ခေါင်းပေါ်ဆွဲတင်ကာ ဖိထားသည်။
ရှီရှန်း၏ ဦးနှောက်သည် ယခုချိန်တွင် အတွေးများဖြင့် ပြည့်နှက်နေပြီး တစ်ယောက်ယောက်က သူမကို ဖိနှိပ်နေတယ် ဆိုတဲ့အချက်ကြောင့် တစ်ယောက်ယောက်ကိုဓါးနဲ့ခုတ်ချင်နေသလို ခံစားနေရသည်။
ထောင်ချင်းကလည်း အကြောက်လွန်ပြီး တောင့်တင်းနေပြီ ဖြစ်တာကြောင့်အကူအညီရစရာ မရှိပေ။
အမျိုးသား၏ ပူနွေးသော ၀င်လေထွက်လေက ရှီရှန်း၏ မျက်နှာပေါ် ကျရောက်နေသည်။
"မိန်းကလေးတစ်ယောက်က အရမ်းကြမ်းတမ်းမနေသင့်ဘူး ဒါက ဆွဲဆောင်မှု သိပ်မရှိဘူးလေ"
"ရှင် ကျွန်မကို ကြိုက်ပါလို့ ဘယ်သူကတောင်းဆိုနေလို့လဲ ကျွန်မ ဘယ်လိုနေနေ ရှင်နဲ့ ဘာဆိုင်လဲ!"
ရှီရှန်းက သူ့ကို စိုက်ကြည့်နေသည်။
ထိုအမျိုးသားသည် အလွန်နူးညံ့သိမ်မွေ့သူဖြစ်ပုံရသော်လည်း သူ့မျက်လုံးများက လျှို့ဝှက်သောအန္တရာယ်များနှင့် ပြည့်နှက်နေသည့် ရေကန်များလိုပင်။
'ဒီလူက အရမ်းအန္တရာယ်များတယ် ချူးထန်လိုပဲ '
(TN/ချူးထန်က arc 1က final boss)
"တကယ်လို့ မိန်းကလေးဘက်က မငြိုငြင်ဘူးဆိုရင်ကျွန်တော်က ဆိုင်ပေးချင်ပါတယ်"
သူက သူမ နားရွက်ဘေးကို လေအနည်းငယ်ရှူထုတ်လိုက်သည်။
'ချီး မို့လို့ စိတ်မရှိ! ငါဒီလို အန္တရာယ်ရှိတဲ့လူတွေနဲ့ မပတ်သက်ချင်ဘူး!'
ရှီရှန်းက သူ့ကို ကန်ဖို့လုပ်ခဲ့ပေမယ့် အမျိုးသားက သူမရဲ့ခြေထောက်ကို ဖိထားတာကြောင့် သူမရဲ့အပြုအမူတွေကို ခန့်မှန်းမိနေပုံရပြီး ဒီလှုပ်ရှားမှုက ခန္ဓာကိုယ်နှစ်ခုကို ပိုနီးကပ်လာစေသည်။
ရှီရှန်း၏နှာခေါင်းထဲသို့ သွေးညှီနံ့တွေ ၀င်လာကြသည်။
"ရှင်ဘာလိုချင်တာလဲ?"
ရှီရှန်းက အသက်ပြင်းပြင်းရှူလိုက်သည်။
'ငါ့ကို အရင်လွှတ်ပေးခိုင်းပြီးရင် သူ့ကို သတ်ပစ်လိုက်မယ် သူက ဖုန်းစီဆိုရင်တောင် ငါသူ့ကို ဓါးနဲ့ခုတ်ချင်နေတုန်းပဲ!'
ထက်မြက်လွန်းတဲ့လူတွေကို သူမအနားမှာ မထားချင်ပေ။
"ကျွန်တော်က အငြိုးမထားတတ်ပါဘူး"
"ဒီလိုဖြစ်ပြီးတာတောင် အငြိုးမထားဘူးလို့ပြောတာလား ရှင့်ကို ဓားနဲ့ထိုးတာ 'မငြိုငြင်ဘူး' တဲ့လား"
ရှီရှန်း ဒေါသအကြီးအကျယ်ထွက်လာသည်။
'System! ထွက်ခဲ့စမ်းပါ !! ဘ၀အကြောင်းဆွေးနွေးကြရအောင်'
System"..."
'host ဘာတွေပြောနေတာလဲ ကျွန်တော် ဘာမှနားမလည်ဘူးနော် ကျွန်တော် စက်တွေ restartချလိုက်အုံးမယ်..'
"အရမ်းလှတဲ့မိန်းကလေးတစ်ယောက်ကို ကျွန်တော်က ဘယ်လိုလုပ်သတ်ပစ်ချင်ပါ့မလဲ "
ရှီရှန်း"..."
ထိုအမျိုးသားသည် ရုတ်တရက် သူမဘက် စောင်းလာကာ သူ၏ အေးမြသော နှုတ်ခမ်းများက ရှီရှန်း၏ ပါးပြင်ကို မသိမသာထိပွတ်သွားပြီး သူမနားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။
"မင်ကျင့်... ကျွန်တော့်နာမည် မှတ်ထားပါ"
"အာ့ဆို ငါ့နာမည်က မနက်ဖြန်ပဲ!! "
( TN/ မင်ကျင့် ရဲ့ နာမည်က 明衿 ပါ။ မနက်ဖြန်ကို 'မင်ထျန်း'လို့အသံထွက်တယ် ဒီနေ့ကို 'ကျင့်ထျန်း' လို့ အသံထွက်တယ်
ဒါကြောင့် ရှီရှန်းက စကားလုံးတွေ ရောပစ်ပြီး 'ငါ နင့် နာမည် ဒီနေ့ ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် စောက်ဂရုမစိုက်ဖူး ' ဆိုပြီး ပြောလိုက်တာပါ)
ရှီရှန်းရဲ့ လူသတ်ချင်နေတဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း မင်ကျင့်သည် သူမကို လွှတ်ပေးလိုက်ပြီး ပထမထပ်သို့ လျင်မြန်စွာ ပြေးဆင်းသွားသည်။
ရှီရှန်း က သူ့ကို ဓားနဲ့ ပစ်လိုက်ပေမယ့် မင်ကျင့် က သွက်သွက်လက်လက် ရှောင်ထွက်သွားပြီး ဓါးသွားကို လှမ်းဖမ်းနိုင်ခဲ့လေသည်။
'သူ တကယ်ကြီး ဖမ်းလိုက်တယ်... ဟာ! ဒီကောင်က လက်ဗလာနဲ့ ဓါးသွားတွေကို ဖမ်းရဲတယ် ချီးပဲ!'
"မိန်းကလေးက ကျွန်တော့်ကို တော်တော်ကောင်းတဲ့ ဓားတစ်လက် ပေးလိုက်တာပဲ- ကျွန်တော် ကောင်းကောင်း ဂရုစိုက်လိုက်ပါ့မယ်"
မင်ကျင့်သည် သူမ၏ဓားကိုယူကာ လှေကားတစ်လျှောက်ပြေးဆင်းသွားပြီး စာအုပ်စင်များကြားတွင် ပျောက်ကွယ်သွားခဲ့သည်။
ရှီရှန်း "..."
'ငါ့ဓားလေး!'
Transalated by Dora💜
Nov 8,2023
Zawgyi
"သခင္မ ဘာကို႐ွာေနတာလဲ"
ေထာင္ခ်င္းသည္ ႐ြာထဲသို႔ ဝင္လာသည့္ ဓားျပမ်ားကဲ့သို႔ ႐ွီ႐ွန္းတစ္ေယာက္ စာၾကည့္တိုက္ထဲသို႔ ဒေရာေသာပါးေျပးဝင္သြားသည္ကို ၾကည့္ေနသည္။
႐ွီ႐ွန္းကိုယ္တိုင္လည္း သူမ ဘာကို႐ွာေနသလဲမသိေပ။ ၾကဳံရာက်ပန္း႐ွာေဖြျခင္းျဖင့္ သူမ၏ကံကို ႀကိဳးစားေနျခင္းသာျဖစ္သည္။
'အယ္? ဒီပန္းခ်ီက သိပ္မဆိုးဘူးပဲ'
"သခင္မ…"
ေထာင္ခ်င္း၏ မ်က္ႏွာတစ္ခုလုံး နီျမန္းလာၿပီး ပုံမ်ားကို လက္ျဖင့္ အျမန္ပိတ္လိုက္သည္။
"ဘာလို႔...စာၾကည့္တိုက္မွာ ဒါေတြေရာက္ေနတာလဲ"
'ဒါက စာသင္ေက်ာင္းတစ္ခုေလ ဘာလို႔ ဒီလို မသင့္ေလ်ာ္တဲ့ပစၥည္းက ႐ွိေနတာပါလိမ့္ ၿပီးေတာ့ သခင္မက အဲ့ဒါကို တည္ၿငိမ္တဲ့အမူအရာနဲ႔ေတာင္ ၾကည့္ေနေသးတယ္...'
႐ွီ႐ွန္းသည္ စာအုပ္ကို ေထာင္ခ်င္း၏လက္ထဲသို႔ ထိုးထည့္ေပးလိုက္သည္။
"ယူခဲ့ေနာ္"
"အာ? ဒါ.."
'ဒီစာအုပ္ကို ဘာလို႔ ယူသြားခ်င္တာလဲ'
႐ွီ႐ွန္းသည္ ေနာက္ထပ္မေတာ္တေလ်ာ္စာအုပ္မ်ားစြာကို ႐ွာေတြ႕ခဲ့ၿပီး အရည္အေသြးေကာင္းပုံရမည့္ စာအုပ္အခ်ိဳ႕ကို ေထာင္ခ်င္းထံ ေပးလိုက္သည္။
"သခင္မ... ဒီကေန ျမန္ျမန္ထြက္သြားရေအာင္"
ေထာင္ခ်င္းရဲ႕အသံက စတင္တုန္လႈပ္လာခဲ့သည္။
႐ွီ႐ွန္းက စာၾကည့္တိုက္ထဲ႐ွိစာအုပ္တစ္အုပ္ခ်င္းစီကို အၾကမ္းဖ်င္းၾကည့္႐ႈစစ္ေဆးေနသည္။
'နားမလည္ဘူး ဒီစာကိုဖတ္လို႔မရဘူး ဒီဟာကို ဘယ္သူေရးတာလဲ ေခြးျခစ္ထားသလိုပဲ!'
႐ွီ႐ွန္းက စာအုပ္ကို ေဘးသို႔ပစ္ခ်လိုက္ၿပီး စင္ကို မွီလိုက္သည္။
'ဒီမွာ စာအုပ္ေတြ အမ်ားႀကီး႐ွိတယ္ ငါလိုအပ္တာကို ႐ွာေတြ႕ဖို႔ ဘယ္ေလာက္ၾကာမလဲ ေနာက္ၿပီး ေဝ့ယန္နန္းေဆာင္က ဘယ္မွာလဲ'
"ေဝ့ယန္နန္းေဆာင္အေၾကာင္း တကယ္မၾကားဖူးဘူးလား" ႐ွီ႐ွန္းက ႐ုတ္တရက္ ေမးလိုက္သည္။
ေထာင္ခ်င္း ေခါင္းယမ္းလိုက္သည္။
"တကယ္ပါ သခင္မ အရင္တုန္းက ႐ွိခ်င္႐ွိႏိုင္ခဲ့ေပမယ့္ နာမည္ေျပာင္းလိုက္တာလည္းျဖစ္ႏိုင္တာပဲ"
' ေဝ့ယန္နန္းေဆာင္အေၾကာင္းကို ဒီနန္းေတာ္ထဲဝင္လာကတည္းက တစ္ခါမွ မၾကားဖူးဘူး သခင္မက ဒီအေၾကာင္းကို ဘာေၾကာင့္ ႐ုတ္တရက္ ေမးတာလဲ'
႐ွီ႐ွန္းက စာအုပ္စင္ကို မွီ၍ စဥ္းစားရင္း ေခါင္းကုတ္လိုက္သည္။
ထို႔ေနာက္ သူမ၏အၾကည့္မ်ား ႐ုတ္တရက္ေျပာင္းလဲသြားကာ ပါးစပ္ေပၚတြင္ လက္ညိႇဳးတစ္ေခ်ာင္းေထာင္ၿပီး ေထာင္ခ်င္းကို တိတ္ဆိတ္ေနရန္ ၫႊန္ျပလိုက္၏။
ေထာင္ခ်င္း၏ ခႏၶာကိုယ္ေပၚ႐ွိ အေမြးအမွ်င္မ်ားအားလုံး ေထာင္သြားသလိုခံစားလိုက္ရသည္။
'တစ္ေယာက္ေယာက္ ဒီမွာသခင္မကိုေတြ႕သြားရင္ ျပသနာတက္ၿပီပဲ အား!! ခ်ီး ခ်ီး ခ်ီး!! သခင္မ ဘယ္သြားမလို႔လဲ!!!!'
႐ွီ႐ွန္းက သူမကို ႏႈတ္ဆိတ္ေနေစရန္ လက္ဟန္ျပကာ စင္ေနာက္သို႔ ၀င္သြားၿပီး ေထာင္ခ်င္း၏ အျမင္အာ႐ုံထဲမွ ေပ်ာက္ကြယ္သြားခဲ့သည္။
အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေနခဲ့ၿပီး သူမ ထိတ္လန္႔စျပဳလာခ်ိန္တြင္ ႐ုတ္တရတ္ ဆူညံသံကို ၾကားလိုက္ရသျဖင့္ ေထာင္ခ်င္းလည္း အသံၾကားရာဆီသို႔ ေျပးထြက္သြားသည္။
စာအုပ္စင္ေပါင္းမ်ားစြာကို ျဖတ္သြားၿပီးေနာက္ သူမကိုေအးခဲသြားေစမည့္ ျမင္ကြင္းကို ေထာင္ခ်င္း ျမင္လိုက္ရသည္။
႐ွီ႐ွန္းသည္ အမ်ိဳးသားတစ္ဦးႏွင့္ စာအုပ္စင္ၾကားတြင္ပိတ္မိေနၿပီး အမ်ိဳးသား၏လက္တစ္ဖက္က သူမ လက္ေကာက္ဝတ္ကို ကိုင္ထားၿပီး ဓားကိုမလႈပ္႐ွားႏိုင္ေစရန္ ေသခ်ာဖိထားသည္။
ခုနက ၾကားလိုက္ရေသာ ဆူညံသံမွာ သူမတို႔ႏွစ္ဦး ႐ုန္းရင္းဆန္ခတ္ ျဖစ္ရာမွ စင္ေပၚ႐ွိ စာအုပ္မ်ား ၾကမ္းျပင္ေပၚ ျပဳတ္က်ကုန္ျခင္းေၾကာင့္ေပ။
သူမတို႔ႏွစ္ေယာက္သည္ သိပ္ၿပီး အျမင္မေတာ္သည့္ အေနအထားမွာ ႐ွိေနၾကၿပီး ေထာင္ခ်င္းက သူမတို႔ကို မၾကည့္ရဲေပ။ အမွန္ကေတာ့ ႐ွီ႐ွန္းသည္ ထိုအမ်ိဳးသား၏ဝမ္းဗိုက္ကို ဓားေျမႇာင္တစ္ေခ်ာင္းျဖင့္ေထာက္ထားေသာ္လည္း ေထာင္ခ်င္းက သတိထားမိမွာမဟုတ္ေခ်။
"လႊတ္!"
႐ွီ႐ွန္း က ေအးေအးေဆးေဆး ေျပာလိုက္သည္။
အမ်ိဳးသားက ႐ွီ႐ွန္းကို ႏူးညံ့ညင္သာစြာ ၾကည့္ေနသည္။
"မိန္းကေလးက အရင္တိုက္ခိုက္တာေလ ကြၽန္ေတာ္ကဘာလို႔ လႊတ္ေပးရမွာလဲ "
"႐ွင္သာ ခိုးေၾကာင္ခိုးဝွက္မလႈပ္႐ွားရင္ ႐ွင့္ကို ကြၽန္မက ဘာလို႔ တိုက္ခိုက္ရမွာလဲ"
*စားပြဲကိုလွန္လိုက္*
'ဒီလို ေပ်ာ့ညံ့တဲ့ခႏၶာကိုယ္ေၾကာင့္သာမဟုတ္ရင္ ငါ႐ႈံးမွာမဟုတ္ဘူး ဟိုေန႔ညက ယြီ၀မ္႐ွင္း သူ႕လူေတြကို လွမ္းမေခၚလိုက္တဲ့အတြက္ ငါတကယ္ေက်းဇူးတင္မိတယ္...'
"မိန္းကေလးသာ ျပတင္းေပါက္ကေန ခိုးမဝင္လာရင္ ကြၽန္ေတာ္လည္း ဘာလို႔ ခိုးေၾကာင္ခိုးဝွက္လႈပ္႐ွားရမွာလဲ "
'...ေသေရာ! ဒါ ငါ့ရဲ႕ အမွားပဲေပါ့?!'
"ကြၽန္မေျပာေနတယ္ လႊတ္!"
႐ွီ႐ွန္းက ဓားေျမႇာင္ကို သူ႕ဆီ တြန္းလိုက္သည္။
အမ်ိဳးသား၏ ႏႈတ္ခမ္းမ်ားက ေလးကိုင္းသဏၭာန္ေကြးၫြတ္သြားၾက၏။
႐ွီ႐ွန္း အံတင္းတင္းႀကိတ္လိုက္သည္။
'ေသြးေဆာင္မႈဟာ ငါ့အတြက္ အသုံးမဝင္ဘူး! နင္ၾကည့္ေကာင္းေနလို႔လည္း ငါေလးက က႐ုဏာသက္မယ္မထင္နဲ႔'
"အာ့.."
အမ်ိဳးသားက ႐ွီ႐ွန္း ကို လႊတ္ေပးလိုက္သည္။
'သူမ ငါ့ကို တကယ္ႀကီး ဓားနဲ႔ထိုးတာ...'
႐ွီ႐ွန္းက ႏူးညံ့သိမ္ေမြ႕ျခင္းမ႐ွိခဲ့ေပ။ ဓားေျမႇာင္သည္ သူ႕အေရျပားကို စင္တီမီတာအနည္းငယ္ ေဖာက္ထြင္းသြားၿပီး သူ႕ခႏၶာကိုယ္ေပၚတြင္ ဒဏ္ရာတစ္ခု ေသခ်ာေပါက္က်န္ခဲ့ေပမည္။
ျဖဴေဖြးေနေသာ ႏွင္းပြင့္မ်ားၾကားတြင္ အနီေရာင္ဇီးပန္းပြင့္မ်ား ပြင့္လန္းလာသကဲ့သို႔ သူ႕အဝတ္ျဖဴေပၚတြင္ ေသြးမ်ား စိမ့္လာခဲ့သည္။
"႐ွင္ ကြၽန္မေနာက္ကို ဘာအတြက္ လိုက္လာတာလဲ"
႐ွီ႐ွန္းသည္ အမ်ိဳးသားကို သူမ၏ဓားျဖင့္ ခ်က္ခ်င္း ခ်ိန္႐ြယ္လိုက္သည္။
'ဒီေကာင္က ယြီ၀မ္႐ွင္းရဲ႕ ေဝါယာဥ္ေဘးမွာ ဟိုေန႔က ေတြ႕ဖူးတဲ့လူပဲ သူကအရမ္းၾကည့္ေကာင္းေနေပမယ့္ ဇာတ္ေၾကာင္းထဲမွာ မပါဘူး... ၿပီးေတာ့ ကြၽမ့္ခ်ံဳရဲ႕ မွတ္ဥာဏ္ေတြထဲမွာလည္းမပါဘူး... သူက final bossျဖစ္ႏိုင္မလား?'
ေနာက္ဆုံးကမ႓ာကို ျဖတ္သန္းခဲ့ရၿပီးေနာက္ ႐ွီ႐ွန္းလည္း အလြန္သံသယထားတတ္လာသည္။
အမ်ိဳးသားက သူ႕ဝမ္းဗိုက္ကို ဖိထားၿပီး အနည္းငယ္ တုန္ယင္ေနသည္။
" မိန္းကေလးက ကြၽန္ေတာ္႕ကို ဒီလို အႏၲရာယ္မ်ားတဲ့ လက္နက္နဲ႔ ခ်ိန္ထားရက္တယ္လား "
"ေစာက္ေရးမပါတာေတြ သိပ္မေျပာနဲ႔ အာ့!!!"
အမ်ိဳးသားက ႐ွီ႐ွန္း၏လက္ေကာက္ဝတ္ကို ေနာက္တစ္ႀကိမ္ ဖမ္းဆြဲၿပီး သူမကို နံရံမွာ ဖိထားလိုက္သည္။ သူက ႐ွီ႐ွန္း၏အျခားလက္တစ္ဖက္ကိုလည္း လ်င္ျမန္စြာ ဆုပ္ကိုင္လိုက္ၿပီး လက္ႏွစ္ဖက္လုံးကို သူမ၏ေခါင္းေပၚဆြဲတင္ကာ ဖိထားသည္။
႐ွီ႐ွန္း၏ ဦးေႏွာက္သည္ ယခုခ်ိန္တြင္ အေတြးမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး တစ္ေယာက္ေယာက္က သူမကို ဖိႏွိပ္ေနတယ္ ဆိုတဲ့အခ်က္ေၾကာင့္ တစ္ေယာက္ေယာက္ကိုဓါးနဲ႔ခုတ္ခ်င္ေနသလို ခံစားေနရသည္။
ေထာင္ခ်င္းကလည္း အေၾကာက္လြန္ၿပီး ေတာင့္တင္းေနၿပီ ျဖစ္တာေၾကာင့္အကူအညီရစရာ မ႐ွိေပ။
အမ်ိဳးသား၏ ပူေႏြးေသာ ၀င္ေလထြက္ေလက ႐ွီ႐ွန္း၏ မ်က္ႏွာေပၚ က်ေရာက္ေနသည္။
"မိန္းကေလးတစ္ေယာက္က အရမ္းၾကမ္းတမ္းမေနသင့္ဘူး ဒါက ဆြဲေဆာင္မႈ သိပ္မ႐ွိဘူးေလ"
"႐ွင္ ကြၽန္မကို ႀကိဳက္ပါလို႔ ဘယ္သူကေတာင္းဆိုေနလို႔လဲ ကြၽန္မ ဘယ္လိုေနေန ႐ွင္နဲ႔ ဘာဆိုင္လဲ!"
႐ွီ႐ွန္းက သူ႕ကို စိုက္ၾကည့္ေနသည္။
ထိုအမ်ိဳးသားသည္ အလြန္ႏူးညံ့သိမ္ေမြ႕သူျဖစ္ပုံရေသာ္လည္း သူ႕မ်က္လုံးမ်ားက လွ်ိဳ႕ဝွက္ေသာအႏၲရာယ္မ်ားႏွင့္ ျပည့္ႏွက္ေနသည့္ ေရကန္မ်ားလိုပင္။
'ဒီလူက အရမ္းအႏၲရာယ္မ်ားတယ္ ခ်ဴးထန္လိုပဲ '
(TN/ခ်ဴးထန္က arc 1က final boss)
"တကယ္လို႔ မိန္းကေလးဘက္က မၿငိဳျငင္ဘူးဆိုရင္ကြၽန္ေတာ္က ဆိုင္ေပးခ်င္ပါတယ္"
သူက သူမ နား႐ြက္ေဘးကို ေလအနည္းငယ္႐ွဴထုတ္လိုက္သည္။
'ခ်ီး မို႔လို႔ စိတ္မ႐ွိ! ငါဒီလို အႏၲရာယ္႐ွိတဲ့လူေတြနဲ႔ မပတ္သက္ခ်င္ဘူး!'
႐ွီ႐ွန္းက သူ႕ကို ကန္ဖို႔လုပ္ခဲ့ေပမယ့္ အမ်ိဳးသားက သူမရဲ႕ေျခေထာက္ကို ဖိထားတာေၾကာင့္ သူမရဲ႕အျပဳအမူေတြကို ခန္႔မွန္းမိေနပုံရၿပီး ဒီလႈပ္႐ွားမႈက ခႏၶာကိုယ္ႏွစ္ခုကို ပိုနီးကပ္လာေစသည္။
႐ွီ႐ွန္း၏ႏွာေခါင္းထဲသို႔ ေသြးညႇီနံ႔ေတြ ၀င္လာၾကသည္။
"႐ွင္ဘာလိုခ်င္တာလဲ?"
႐ွီ႐ွန္းက အသက္ျပင္းျပင္း႐ွဴလိုက္သည္။
'ငါ့ကို အရင္လႊတ္ေပးခိုင္းၿပီးရင္ သူ႕ကို သတ္ပစ္လိုက္မယ္ သူက ဖုန္းစီဆိုရင္ေတာင္ ငါသူ႕ကို ဓါးနဲ႔ခုတ္ခ်င္ေနတုန္းပဲ!'
ထက္ျမက္လြန္းတဲ့လူေတြကို သူမအနားမွာ မထားခ်င္ေပ။
"ကြၽန္ေတာ္က အၿငိဳးမထားတတ္ပါဘူး"
"ဒီလိုျဖစ္ၿပီးတာေတာင္ အၿငိဳးမထားဘူးလို႔ေျပာတာလား ႐ွင့္ကို ဓားနဲ႔ထိုးတာ 'မၿငိဳျငင္ဘူး' တဲ့လား"
႐ွီ႐ွန္း ေဒါသအႀကီးအက်ယ္ထြက္လာသည္။
'System! ထြက္ခဲ့စမ္းပါ !! ဘ၀အေၾကာင္းေဆြးေႏြးၾကရေအာင္'
System"..."
'host ဘာေတြေျပာေနတာလဲ ကြၽန္ေတာ္ ဘာမွနားမလည္ဘူးေနာ္ ကြၽန္ေတာ္ စက္ေတြ restartခ်လိုက္အုံးမယ္..'
"အရမ္းလွတဲ့မိန္းကေလးတစ္ေယာက္ကို ကြၽန္ေတာ္က ဘယ္လိုလုပ္သတ္ပစ္ခ်င္ပါ့မလဲ "
႐ွီ႐ွန္း"..."
ထိုအမ်ိဳးသားသည္ ႐ုတ္တရက္ သူမဘက္ ေစာင္းလာကာ သူ၏ ေအးျမေသာ ႏႈတ္ခမ္းမ်ားက ႐ွီ႐ွန္း၏ ပါးျပင္ကို မသိမသာထိပြတ္သြားၿပီး သူမနားထဲသို႔ တိုးတိုးေလး ေျပာလိုက္သည္။
"မင္က်င့္... ကြၽန္ေတာ္႕နာမည္ မွတ္ထားပါ"
"အာ့ဆို ငါ့နာမည္က မနက္ျဖန္ပဲ!! "
( TN/ မင္က်င့္ ရဲ႕ နာမည္က 明衿 ပါ။ မနက္ျဖန္ကို 'မင္ထ်န္း'လို႔အသံထြက္တယ္ ဒီေန႔ကို 'က်င့္ထ်န္း' လို႔ အသံထြက္တယ္
ဒါေၾကာင့္ ႐ွီ႐ွန္းက စကားလုံးေတြ ေရာပစ္ၿပီး 'ငါ နင့္ နာမည္ ဒီေန႔ ျဖစ္ျဖစ္ မနက္ျဖန္ျဖစ္ျဖစ္ ေစာက္ဂ႐ုမစိုက္ဖူး ' ဆိုၿပီး ေျပာလိုက္တာပါ)
႐ွီ႐ွန္းရဲ႕ လူသတ္ခ်င္ေနတဲ့ မ်က္လုံးေတြကို စိုက္ၾကည့္ရင္း မင္က်င့္သည္ သူမကို လႊတ္ေပးလိုက္ၿပီး ပထမထပ္သို႔ လ်င္ျမန္စြာ ေျပးဆင္းသြားသည္။
႐ွီ႐ွန္း က သူ႕ကို ဓားနဲ႔ ပစ္လိုက္ေပမယ့္ မင္က်င့္ က သြက္သြက္လက္လက္ ေ႐ွာင္ထြက္သြားၿပီး ဓါးသြားကို လွမ္းဖမ္းႏိုင္ခဲ့ေလသည္။
'သူ တကယ္ႀကီး ဖမ္းလိုက္တယ္... ဟာ! ဒီေကာင္က လက္ဗလာနဲ႔ ဓါးသြားေတြကို ဖမ္းရဲတယ္ ခ်ီးပဲ!'
"မိန္းကေလးက ကြၽန္ေတာ့္ကို ေတာ္ေတာ္ေကာင္းတဲ့ ဓားတစ္လက္ ေပးလိုက္တာပဲ- ကြၽန္ေတာ္ ေကာင္းေကာင္း ဂ႐ုစိုက္လိုက္ပါ့မယ္"
မင္က်င့္သည္ သူမ၏ဓားကိုယူကာ ေလွကားတစ္ေလွ်ာက္ေျပးဆင္းသြားၿပီး စာအုပ္စင္မ်ားၾကားတြင္ ေပ်ာက္ကြယ္သြားခဲ့သည္။
႐ွီ႐ွန္း "..."
'ငါ့ဓားေလး!'
Transalated by Dora💜
Nov 8,2023