Unicode
နောက်တစ်နေ့ ဖူယိယွင်နိုးလာသောအခါ လျို့ရွှီနှင့် ဓါးနှစ်ပျောက်ဆုံးနေကြောင်း တွေ့လိုက်ရသည်။
သူ့ရဲ့ ပထမဆုံး အတွေးက လျို့ရွှီလည်းပြန်ပေးဆွဲခံလိုက်ရပြီဟုပင်။
သူမကို တစ်စုံတစ်ယောက်များ တွေ့မိလိုက်သေးလားဟု မေးရန် စိတ်လှုပ်ရှားစွာနဲ့ အောက်ထပ်ကိုဆင်းလာခဲ့သည်။
လူအများစုက သူမလို ချစ်စဖွယ် မိန်းမပျိုလေးကို မှတ်မိကြသည်။
သို့သော် ရလဒ်က ဖူယိယွင်ကို ထိတ်လန့်သွားစေသည်။
မနေ့ညက လူတစ်ယောက် အရက်သောက်သောက်ပြီး အပြန်တွင် တည်းခိုခန်းမှ ခက်သုတ်သုတ်ထွက်သွားသော လျို့ရွှီကို တွေ့လိုက်သည်။အရက်အလွန်အကျွံသောက်ထားတာကြောင့် သူမမှာ ဓါးပါသွားသလားတော့ မမှတ်မိပေ။
သို့သော် လူတစ်ယောက်မျှထပ်၀င်လာခြင်းမရှိသော တည်းခိုခန်းတွင် ဓါးကို လျို့ရွှီ ခိုးယူသွားကြောင်း ဖြစ်နိုင်ချေ 80% လောက်ရှိသည်။
သိုင်းလောကတွင် ဖူယိယွင်နာမည်ကြီးမလာခင်ကတည်းက ဓါးကို ရရှိခဲ့ခြင်း ဖြစ်သည်။လူနည်းစုကသာ သူ့ရဲ့ နောက်ခံအကြောင်းကို သိကြပြီး ချို့ယွင်းချက်မရှိသော ဓားရေးနည်းကြောင့် လောက နံပါတ်တစ် ဓားသမားဖြစ်လာခဲ့သည်။
သို့သော် လောကနံပါတ်တစ်ဓားသမား၏ ဓားကို အမျိုးသမီးတစ်ဦးက ခိုးယူသွားခဲ့ပြီဖြစ်သည်။
ယခုအချိန်သည် နတ်ဆိုးဂိုဏ်း၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသဖြင့် အတွင်းရေးရန်ပွဲများကို ဘေးဖယ်ထားရမည့်အချိန်ဖြစ်သော်လည်း ပွဲကောင်းကောင်းကို တိတ်တဆိတ် ကြည့်ရှုနေသူအချို့လည်း ရှိပါသေးသည်။
ဖူယိယွင်သည် သူတို့၏ သရော်လှောင်ပြောင်မှုကို ကိုင်တွယ်ဖြေရှင်းရန် ခွန်အားမရှိပေ။ လျို့ရွှီက သူ့ဓားကို ဘာ့ကြောင့်ခိုးယူနိုင်သွားမှန်း သူ သေချာသဘောမပေါက်သေး။
ထို့နောက် သူ့ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် သွေးများ ပါးစပ်ထဲက ထွက်လာသည်။
"အာ့!"
"သခင်လေးဖူ!"
"မင်း ဘယ်လိုလုပ်ပြီး သွေးအန်နေတာလဲ! အမြန် ဆေးဆရာကိုခေါ်ကြပါ သခင်လေးဖူကို ကူညီကြပါ!"
လူအုပ်ကြီး ကမောက်ကမ ဖြစ်သွားခဲ့သည်။
......
နတ်ဆိုးဂိုဏ်းကို လက်ရှိတွင် ဝိုင်းထားကြသော်လည်း အမှန်တကယ် မတိုက်ခိုက်နိုင်ကြသေးပေ။
တောင်တက်လမ်းအတိုင်းတက်ခဲ့ကြသော်လည်း မူလနေရာသို့သာ အမြဲတမ်းပြန်ရောက်လာကြသည်။
"ချီးပဲ ဘယ်လိုသွားသွား စထွက်ခဲ့တဲ့နေရာကိုပဲ ပြန်ရောက်လာတယ်"
"ငါတို့ လမ်းပျောက်ပြီး မျက်စိလည်နေတာလား"
လူအုပ်ကြီးက သူတို့နှင့် သိပ်မဝေးသော လမ်းကြောင်းကို ထူးဆန်းစွာ ငေးကြည့်နေကြသည် ။
"ဒါဟာ ၀င်္ကပါနည်းဗျူဟာပဲ"
မဟာမိတ်ဂိုဏ်းခေါင်းဆောင်အနေဖြင့် ရှန့်ရှင်းယန်က အားလုံးထဲတွင် အတည်ငြိမ်ဆုံးဖြစ်သည်။
သူ့ဘေးရှိ ကျောက်စိမ်းရေစင်ကျေးရွာမှ ရွာသူကြီးက ရှန့်ရှင်းယန်၏ စကားကို တုံ့ပြန်ပြောဆိုခဲ့သည်။
"နတ်ဆိုးဂိုဏ်းက ဒီလောက်ထိ အရည်အချင်းရှိလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"
၀င်္ကပါနည်းဗျူဟာသည် သိုင်းလောက၏ လျှို့ဝှက်ဆန်းကြယ်သော ဗျူဟာတစ်ခုဖြစ်သည်။ ရှန့်ရှင်းယန်၏ စကားကြောင့် လူတိုင်း ငြိမ်သက်သွားကြသည်။ မည်သူကမှပညာရပ်ကို ကောင်းစွာ တတ်မြောက်ခြင်း မရှိခဲ့ပေ။
"နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ဖို့ သိပ်မလွယ်ဘူး" ရှန့်ရှင်းယန် သက်ပြင်းချလိုက်သည်။
'အဲ့ဒီမိန်းမက ၀ူကျန်း လို့ခေါ်တယ်... ဒီလူအုပ်ကြီးကြောင့်သာ မဟုတ်ရင် ငါ ဒီကိုတောင် ရောက်လာမှာ မဟုတ်ဘူး'
"မဟာမိတ်ဂိုဏ်းခေါင်းဆောင် မင်းမှာ အကြံ ရှိလား"
ရှန့်ရှင်းယန် ခေါင်းယမ်းလိုက်သည်။ ၀င်္ကပါနည်းဗျူဟာကို သူမသိပေ။
ရွာသူကြီးကျိုးက ရှန့်ရှင်းယန်ကို ၀မ်းသာအားရကြည့်လိုက်သည်။
"ငါတို့ မီးနဲ့တိုက်ခိုက်ကြမလား"
၀င်္ကပါနည်းဗျူဟာကို ပြင်ပအရာဝတ္ထုများပေါ်တွင် အားကိုးအားထားပြု၍ ပုံဖော်ကြသဖြင့် တောင်ကြီးတစ်ခုလုံးကို မီးရှို့လိုက်ပါက ပြိုကွဲသွားနိုင်ပေသည်။
ရှန့်ရှင်းယန်ကက ဘာမှပြန်မပြောခဲ့ပေ။
'ပြောရတာတော့ လွယ်တာပေါ့'
သို့ပေမယ့် သူတို့မှာ တခြားရွေးချယ်စရာမရှိလို့ ကြိုးစားကြည့်ရုံပဲရှိတော့သည်။
မီးရှို့တာ အောင်မြင်သော်လည်း... အကွာအဝေးတစ်ခုအထိသာရောက်ပြီး ဝေးဝေးမရောက်ခင်မှာပင် ငြိမ်းသွားကြသည်။
မမြင်နိုင်သော အတားအဆီးတချို့ ရှိနေသကဲ့သို့ အပြင်မှာ မီးတောက်ကြီးများ တောက်လောင်နေကြသော်လည်း အတွင်းရှိ အပင်များကို မီးပွားတစ်ပေါက်စာမျှပင်ထိခိုက်စေနိုင်ခြင်းမရှိပေ။
အပြင်ရှိလူများ အံ့အားသင့်နေကြသကဲ့သို့ ပင် ထုံးကျောက်လမ်းကြောင်းပေါ်တွင်လည်း လူအချို့ပေါ်လာကြပြီး မီးတောက်နှင့် ခြေတစ်လှမ်းအကွာတွင် ရပ်တန့်ကာ ဟန်ရေးပြနေကြသည်။
"ဂိုဏ်းချုပ်ပြောတာ မှန်တယ် မီးက တကယ်မဝင်လာနိုင်ဘူး.."
"ဂိုဏ်းချုပ်က တော်လိုက်တာ သူတို့လာတိုက်ခိုက်လို့တောင်မရဘူးလို့တောင် ပြောခဲ့သေးတယ် စမ်းကြည့်ကြမလား"
"ငါတို့သေရင် ဘယ်သူတာဝန်ယူမှာလဲ"
"ငတုံးလား? ငါတို့ကဘာလို့ ဒီတိုင်းရပ်ပြီး အရိုက်ခံနေရမှာလဲ ဘယ်လိုပြန်ပြေးရမလဲ ဆိုတာ မင်းမသိဘူးလား"
ထို့ကြောင့် ပြင်ပမှလူများက စိန်ခေါ်ခြင်းခံနေရပြီး သူတို့ရဲ့ တိုက်ခိုက်မှုတွေကလည်း မီးလောက်များကဲ့သို့ပင် မထိရောက်ပဲ တစ်ခါတရံမှာ သူတို့ဆီကိုပင် ပြန်ဦးတည်လာကြသည်။
"သေလိုက်ပါလား! အထဲမှာ ပုန်းပြီး ရန်ရှာနေရလား သတ္တိရှိရင် အဲ့ဒီကနေထွက်ခဲ့ကြ!"
"နတ်ဆိုးဂိုဏ်းသား ငကြောက်တွေ အဲ့ဒီထဲကနေ ထွက်လာခဲ့ကြစမ်းပါ ဒီဘိုးဘိုးက မင်းကိုတို့ကို စောင့်နေတယ်!"
နတ်ဆိုးဂိုဏ်းဝင်များက အချင်းချင်း အကြည့်ဖလှယ်ကာ တောင်ပေါ်ကို ပြန်ပြေးသွားကြသည်။
"မင်းတို့ လိပ်မြေးတွေ...ဘာကို ပြေးနေကြတာလဲ! မင်းတို့ အဲဒီမှာ အမြဲတမ်းပုန်းမနေနိုင်ပါဘူး!"
သူတို့၏ ကဲ့ရဲ့သံများ ပိုကျယ်လောင်လာသော်လည်း လမ်းပေါ်တွင် မည်သူမျှ ပေါ်မလာပေ။ သူတို့ ရပ်တန့်လိုက်ချိန်မှာပဲ နတ်ဆိုးဂိုဏ်းသား လူအုပ်ကြီးက အပေါ်ကနေ ပြေးဆင်းလာခဲ့ကြသည်။
အမှန်တရားဂိုဏ်းများ"..."
'ဘာတွေဖြစ်နေတာလဲ'
လူအုပ်ကြီး၏ ကဲ့ရဲ့သံများ ပိုမိုကျယ်လောင်လာပြီး နတ်ဆိုးဂိုဏ်းကို အကာအကွယ်အတွင်းမှ ထွက်လာကြရန် လှုံ့ဆော်နေကြသည်။
သို့ပေမယ့် အသုံးမဝင်ခဲ့ပေ။ နတ်ဆိုးဂိုဏ်းသားများသည် တောင်လမ်းပေါ်တွင်သာ ရပ်နေကြပြီး တစ်စုံတရာ တုန့်ပြန်ခြင်း မရှိကြပေ။
"ဟို အသားမဲမဲနဲ့အကောင်က ငါတို့ကို လိပ်မြေးလို့ပဲ ခေါ်တတ်တယ် လူတွေကို ဘယ်လို ဆဲရမှန်းတောင်မသိဘူးထင်တယ် သူ့ကိုယ်သူ ရှက်နေရမှာမဟုတ်ဘူးလား"
"ဟိုမျက်နှာဖြူလေးကို ဖူယိယွင်ကို မတွေ့ပါလား"
"ငါကြားတာတော့ သူသေလုနီးပါးဒဏ်ရာရနေတယ်တဲ့...အဲဒါက မိန်းမတစ်ယောက်ကြောင့်လို့လည်း ပြောကြတယ် ပြီးတော့ သူ့မှာ တကယ့်ကို ထူးခြားတဲ့ နောက်ကြောင်းလည်းရှိတယ် သိလား"
"ဟေး ခွေးကောင် ငါတို့အားလုံး တောင်ပေါ်မှာ တစ်ချိန်လုံးရှိနေကြတာကို ဒါတွေအားလုံးကို မင်းဘယ်ကနေ သိလာတာလဲ"
တစ်စုံတစ်ယောက်က ဖြတ်ပြောလိုက်သည်။
ဂိုဏ်းချုပ် တောင်ကို ချိပ်ပိတ်ပြီးကတည်းက မည်သူမျှ မထွက်သွားကြပေ။
"ကျွန်တော် ညဘက်ဆို အပြင်ခိုးထွက်ပြီး အတင်းနားထောင်တယ်လေ"
ထိုသူက ရယ်မောရင်း ပြောလိုက်သည်။
"တော်တော် ရဲရင့်တင်းနေတယ်ပေါ့ ဟုတ်လား"
"မနှောင့်ယှက်နဲ့ ငါ စကားပြောပါရစေ" သူတို့ကို ငြိမ်သက်စေရန် လက်ဟန်ပြလိုက်သည်။
"ဖူယိယွင်က တစ်ချိန်က ကမ္ဘာကျော် နံပါတ်တစ်အလှပဂေးရဲ့ ကိုးယောက်မြောက်မင်းသားလို့ ငါကြားခဲ့ရတယ်"
"နဝမမြောက်မင်းသားတဲ့လား?"
"ဂိုဏ်းချုပ် "
ရှီရှန်းက လှေကားမှဆင်းလာပြီး လူအုပ်ကြီးက သူမကို လမ်းဖယ်ပေးလိုက်ကြသည်။
" ဖူယိယွင် က တော်ဝင်မျိုးနွယ်ဝင်လား"
'မင်းသားတဲ့လား...၀ိုး!'
ဇာတ်ကြောင်းတွင်မပါ၀င်သဖြင့် ရှီရှန်းက မသိခဲ့ပေ။
သတင်းပေးက ခေါင်းကုတ်လိုက်သည်။ "ဂိုဏ်းချုပ်၊ သူတို့ဆီကတော့ ဒီလောက်ပဲသိရတယ် အသေးစိတ်တော့ မသိဘူး"
ရှီရှန်းက ဤအကြောင်းအရာကို ဆက်မပြောဘဲ သူမ အပြင်ကိုလှမ်းကြည့်နေသည်။ အပြင်မှလူများက ဆဲဆိုနေကြခြင်းကို ရပ်လိုက်ပြီး သူမဆီသို့ လှမ်းကြည့်နေကြသည်။
"ဂိုဏ်းချုပ် ကျွန်တော်တို့ ဘယ်တော့တိုက်ခိုက်ကြမှာလဲ"
'သူတို့ကို တစ်ချိန်လုံး လွှတ်ထားလို့တော့မရဘူးလားလို့လေ'
"မင်းသွားချင်ရင် ထွက်သွားလို့ရတယ်၊ ငါမင်းကိုမတားဘူး"
ရှီရှန်းက မေးခွန်းမေးသူကို မျက်စောင်းထိုးလိုက်သည်။
"ဒါပေမယ့် မင်းထွက်သွားပြီးရင် ဘယ်တော့မှ ပြန်မလာရဘူး မင်းသေရင်လည်း ငါတာဝန်မယူဘူး"
သေမှာကြောက်တဲ့ သူရဲဘောကြောင်တဲ့ ဂိုဏ်းဝင်များ"..."
'ငါတို့ ဒီမှာ ဂူအောင်းနေသင့်တယ်...'
သူတို့ကို ဘာမှမလုပ်နိုင်တာကြောင့် နတ်ဆိုးဂိုဏ်းသားများသည် နေ့စဉ်နှင့်အမျှ အပြင်မှလူများကို ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းသစ်များ တီထွင်လာကြသဖြင့် နောက်ဆုံးတော့ သူတို့လည်း သည်းမခံနိုင်တော့ဘဲ အဝေးကို ဆုတ်ခွာသွားကြသည်။ သူတို့ကြားက လက်ရှိအကွာအဝေးကြောင့် နတ်ဆိုးဂိုဏ်းက ဘာအနှောင့်အယှက်မျှမပေးနိုင်တော့ပေ။
မမြင်နိုင်သော အတားအဆီးရှိနေရင်းနှင့်ပင် ဆန့်ကျင်ဘက်အဖွဲ့အစည်းနှစ်ရပ်ကပဋိပက္ခဖြစ်နေကြဆဲဖြစ်သည်။
ရှီရှန်းက "အရူးတွေ" ဟုသာ တုံ့ပြန်နိုင်တော့သည်။
'သူတို့အားလုံးကို တစ်ခါထဲ ဖြုတ်ချဖို့ တစ်နေရာတည်းမှာ စုစည်းထားခဲ့ပါတယ်ဆိုမှ မင်းတို့က မောင်းထုတ်လိုက်တယ်..အခုတော့ တကယ်ပါပဲ...'
"၀ု...၀ု..၀ု" ခွေးကလေးက ရှီရှန်း ၏ခြေရင်းတွင် လှည့်ပတ်နေသည်။
ရှီရှန်း "... "
'မင်းဘာလို့ ဒီလောက်ငယ်နေသေးတာလဲ ဒီခေတ်မှာ Tea-cup sizeခွေးတွေ ရှိမယ်မထင်ပါဘူး...? စာရေးဆရာရေ သိုင်း၀တ္ထုမှာ ဒီလိုဟာတွေထည့်ဖို့ တကယ်အဆင်ပြေရဲ့လား?!'
Transalated by Dora💜
Oct 19,2023
Zawgyi
ေနာက္တစ္ေန႔ ဖူယိယြင္ႏိုးလာေသာအခါ လ်ိဳ႕႐ႊီႏွင့္ ဓါးႏွစ္ေပ်ာက္ဆုံးေနေၾကာင္း ေတြ႕လိုက္ရသည္။
သူ႕ရဲ႕ ပထမဆုံး အေတြးက လ်ိဳ႕႐ႊီလည္းျပန္ေပးဆြဲခံလိုက္ရၿပီဟုပင္။
သူမကို တစ္စုံတစ္ေယာက္မ်ား ေတြ႕မိလိုက္ေသးလားဟု ေမးရန္ စိတ္လႈပ္႐ွားစြာနဲ႔ ေအာက္ထပ္ကိုဆင္းလာခဲ့သည္။
လူအမ်ားစုက သူမလို ခ်စ္စဖြယ္ မိန္းမပ်ိဳေလးကို မွတ္မိၾကသည္။
သို႔ေသာ္ ရလဒ္က ဖူယိယြင္ကို ထိတ္လန္႔သြားေစသည္။
မေန႔ညက လူတစ္ေယာက္ အရက္ေသာက္ေသာက္ၿပီး အျပန္တြင္ တည္းခိုခန္းမွ ခက္သုတ္သုတ္ထြက္သြားေသာ လ်ိဳ႕႐ႊီကို ေတြ႕လိုက္သည္။အရက္အလြန္အကြၽံေသာက္ထားတာေၾကာင့္ သူမမွာ ဓါးပါသြားသလားေတာ့ မမွတ္မိေပ။
သို႔ေသာ္ လူတစ္ေယာက္မွ်ထပ္၀င္လာျခင္းမ႐ွိေသာ တည္းခိုခန္းတြင္ ဓါးကို လ်ိဳ႕႐ႊီ ခိုးယူသြားေၾကာင္း ျဖစ္ႏိုင္ေခ် 80% ေလာက္႐ွိသည္။
သိုင္းေလာကတြင္ ဖူယိယြင္နာမည္ႀကီးမလာခင္ကတည္းက ဓါးကို ရ႐ွိခဲ့ျခင္း ျဖစ္သည္။လူနည္းစုကသာ သူ႕ရဲ႕ ေနာက္ခံအေၾကာင္းကို သိၾကၿပီး ခ်ိဳ႕ယြင္းခ်က္မ႐ွိေသာ ဓားေရးနည္းေၾကာင့္ ေလာက နံပါတ္တစ္ ဓားသမားျဖစ္လာခဲ့သည္။
သို႔ေသာ္ ေလာကနံပါတ္တစ္ဓားသမား၏ ဓားကို အမ်ိဳးသမီးတစ္ဦးက ခိုးယူသြားခဲ့ၿပီျဖစ္သည္။
ယခုအခ်ိန္သည္ နတ္ဆိုးဂိုဏ္း၏ ၿခိမ္းေျခာက္မႈမ်ားႏွင့္ ရင္ဆိုင္ေနရသျဖင့္ အတြင္းေရးရန္ပြဲမ်ားကို ေဘးဖယ္ထားရမည့္အခ်ိန္ျဖစ္ေသာ္လည္း ပြဲေကာင္းေကာင္းကို တိတ္တဆိတ္ ၾကည့္႐ႈေနသူအခ်ိဳ႕လည္း ႐ွိပါေသးသည္။
ဖူယိယြင္သည္ သူတို႔၏ သေရာ္ေလွာင္ေျပာင္မႈကို ကိုင္တြယ္ေျဖ႐ွင္းရန္ ခြန္အားမ႐ွိေပ။ လ်ိဳ႕႐ႊီက သူ႕ဓားကို ဘာ့ေၾကာင့္ခိုးယူႏိုင္သြားမွန္း သူ ေသခ်ာသေဘာမေပါက္ေသး။
ထို႔ေနာက္ သူ႕ရင္ဘတ္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္ၿပီး ႐ုတ္တရက္ ေသြးမ်ား ပါးစပ္ထဲက ထြက္လာသည္။
"အာ့!"
"သခင္ေလးဖူ!"
"မင္း ဘယ္လိုလုပ္ၿပီး ေသြးအန္ေနတာလဲ! အျမန္ ေဆးဆရာကိုေခၚၾကပါ သခင္ေလးဖူကို ကူညီၾကပါ!"
လူအုပ္ႀကီး ကေမာက္ကမ ျဖစ္သြားခဲ့သည္။
......
နတ္ဆိုးဂိုဏ္းကို လက္႐ွိတြင္ ဝိုင္းထားၾကေသာ္လည္း အမွန္တကယ္ မတိုက္ခိုက္ႏိုင္ၾကေသးေပ။
ေတာင္တက္လမ္းအတိုင္းတက္ခဲ့ၾကေသာ္လည္း မူလေနရာသို႔သာ အၿမဲတမ္းျပန္ေရာက္လာၾကသည္။
"ခ်ီးပဲ ဘယ္လိုသြားသြား စထြက္ခဲ့တဲ့ေနရာကိုပဲ ျပန္ေရာက္လာတယ္"
"ငါတို႔ လမ္းေပ်ာက္ၿပီး မ်က္စိလည္ေနတာလား"
လူအုပ္ႀကီးက သူတို႔ႏွင့္ သိပ္မေဝးေသာ လမ္းေၾကာင္းကို ထူးဆန္းစြာ ေငးၾကည့္ေနၾကသည္ ။
"ဒါဟာ ၀ကၤပါနည္းဗ်ဴဟာပဲ"
မဟာမိတ္ဂိုဏ္းေခါင္းေဆာင္အေနျဖင့္ ႐ွန္႔႐ွင္းယန္က အားလုံးထဲတြင္ အတည္ၿငိမ္ဆုံးျဖစ္သည္။
သူ႕ေဘး႐ွိ ေက်ာက္စိမ္းေရစင္ေက်း႐ြာမွ ႐ြာသူႀကီးက ႐ွန္႔႐ွင္းယန္၏ စကားကို တုံ႔ျပန္ေျပာဆိုခဲ့သည္။
"နတ္ဆိုးဂိုဏ္းက ဒီေလာက္ထိ အရည္အခ်င္း႐ွိလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားမိဘူး"
၀ကၤပါနည္းဗ်ဴဟာသည္ သိုင္းေလာက၏ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ ဗ်ဴဟာတစ္ခုျဖစ္သည္။ ႐ွန္႔႐ွင္းယန္၏ စကားေၾကာင့္ လူတိုင္း ၿငိမ္သက္သြားၾကသည္။ မည္သူကမွပညာရပ္ကို ေကာင္းစြာ တတ္ေျမာက္ျခင္း မ႐ွိခဲ့ေပ။
"နတ္ဆိုးဂိုဏ္းကို တိုက္ခိုက္ဖို႔ သိပ္မလြယ္ဘူး" ႐ွန္႔႐ွင္းယန္ သက္ျပင္းခ်လိုက္သည္။
'အဲ့ဒီမိန္းမက ဝူက်န္း လို႔ေခၚတယ္... ဒီလူအုပ္ႀကီးေၾကာင့္သာ မဟုတ္ရင္ ငါ ဒီကိုေတာင္ ေရာက္လာမွာ မဟုတ္ဘူး'
"မဟာမိတ္ဂိုဏ္းေခါင္းေဆာင္ မင္းမွာ အၾကံ ႐ွိလား"
႐ွန္႔႐ွင္းယန္ ေခါင္းယမ္းလိုက္သည္။ ၀ကၤပါနည္းဗ်ဴဟာကို သူမသိေပ။
႐ြာသူႀကီးက်ိဳးက ႐ွန္႔႐ွင္းယန္ကို ၀မ္းသာအားရၾကည့္လိုက္သည္။
"ငါတို႔ မီးနဲ႔တိုက္ခိုက္ၾကမလား"
၀ကၤပါနည္းဗ်ဴဟာကို ျပင္ပအရာဝတၳဳမ်ားေပၚတြင္ အားကိုးအားထားျပဳ၍ ပုံေဖာ္ၾကသျဖင့္ ေတာင္ႀကီးတစ္ခုလုံးကို မီး႐ိႈ႕လိုက္ပါက ၿပိဳကြဲသြားႏိုင္ေပသည္။
႐ွန္႔႐ွင္းယန္ကက ဘာမွျပန္မေျပာခဲ့ေပ။
'ေျပာရတာေတာ့ လြယ္တာေပါ့'
သို႔ေပမယ့္ သူတို႔မွာ တျခားေ႐ြးခ်ယ္စရာမ႐ွိလို႔ ႀကိဳးစားၾကည့္႐ုံပဲ႐ွိေတာ့သည္။
မီး႐ိႈ႕တာ ေအာင္ျမင္ေသာ္လည္း... အကြာအေဝးတစ္ခုအထိသာေရာက္ၿပီး ေဝးေဝးမေရာက္ခင္မွာပင္ ၿငိမ္းသြားၾကသည္။
မျမင္ႏိုင္ေသာ အတားအဆီးတခ်ိဳ႕ ႐ွိေနသကဲ့သို႔ အျပင္မွာ မီးေတာက္ႀကီးမ်ား ေတာက္ေလာင္ေနၾကေသာ္လည္း အတြင္း႐ွိ အပင္မ်ားကို မီးပြားတစ္ေပါက္စာမွ်ပင္ထိခိုက္ေစႏိုင္ျခင္းမ႐ွိေပ။
အျပင္႐ွိလူမ်ား အံ့အားသင့္ေနၾကသကဲ့သို႔ ပင္ ထုံးေက်ာက္လမ္းေၾကာင္းေပၚတြင္လည္း လူအခ်ိဳ႕ေပၚလာၾကၿပီး မီးေတာက္ႏွင့္ ေျခတစ္လွမ္းအကြာတြင္ ရပ္တန္႔ကာ ဟန္ေရးျပေနၾကသည္။
"ဂိုဏ္းခ်ဳပ္ေျပာတာ မွန္တယ္ မီးက တကယ္မဝင္လာႏိုင္ဘူး.."
"ဂိုဏ္းခ်ဳပ္က ေတာ္လိုက္တာ သူတို႔လာတိုက္ခိုက္လို႔ေတာင္မရဘူးလို႔ေတာင္ ေျပာခဲ့ေသးတယ္ စမ္းၾကည့္ၾကမလား"
"ငါတို႔ေသရင္ ဘယ္သူတာဝန္ယူမွာလဲ"
"ငတုံးလား? ငါတို႔ကဘာလို႔ ဒီတိုင္းရပ္ၿပီး အ႐ိုက္ခံေနရမွာလဲ ဘယ္လိုျပန္ေျပးရမလဲ ဆိုတာ မင္းမသိဘူးလား"
ထို႔ေၾကာင့္ ျပင္ပမွလူမ်ားက စိန္ေခၚျခင္းခံေနရၿပီး သူတို႔ရဲ႕ တိုက္ခိုက္မႈေတြကလည္း မီးေလာက္မ်ားကဲ့သို႔ပင္ မထိေရာက္ပဲ တစ္ခါတရံမွာ သူတို႔ဆီကိုပင္ ျပန္ဦးတည္လာၾကသည္။
"ေသလိုက္ပါလား! အထဲမွာ ပုန္းၿပီး ရန္႐ွာေနရလား သတၱိ႐ွိရင္ အဲ့ဒီကေနထြက္ခဲ့ၾက!"
"နတ္ဆိုးဂိုဏ္းသား ငေၾကာက္ေတြ အဲ့ဒီထဲကေန ထြက္လာခဲ့ၾကစမ္းပါ ဒီဘိုးဘိုးက မင္းကိုတို႔ကို ေစာင့္ေနတယ္!"
နတ္ဆိုးဂိုဏ္းဝင္မ်ားက အခ်င္းခ်င္း အၾကည့္ဖလွယ္ကာ ေတာင္ေပၚကို ျပန္ေျပးသြားၾကသည္။
"မင္းတို႔ လိပ္ေျမးေတြ...ဘာကို ေျပးေနၾကတာလဲ! မင္းတို႔ အဲဒီမွာ အၿမဲတမ္းပုန္းမေနႏိုင္ပါဘူး!"
သူတို႔၏ ကဲ့ရဲ႕သံမ်ား ပိုက်ယ္ေလာင္လာေသာ္လည္း လမ္းေပၚတြင္ မည္သူမွ် ေပၚမလာေပ။ သူတို႔ ရပ္တန္႔လိုက္ခ်ိန္မွာပဲ နတ္ဆိုးဂိုဏ္းသား လူအုပ္ႀကီးက အေပၚကေန ေျပးဆင္းလာခဲ့ၾကသည္။
အမွန္တရားဂိုဏ္းမ်ား"..."
'ဘာေတြျဖစ္ေနတာလဲ'
လူအုပ္ႀကီး၏ ကဲ့ရဲ႕သံမ်ား ပိုမိုက်ယ္ေလာင္လာၿပီး နတ္ဆိုးဂိုဏ္းကို အကာအကြယ္အတြင္းမွ ထြက္လာၾကရန္ လႈံ႕ေဆာ္ေနၾကသည္။
သို႔ေပမယ့္ အသုံးမဝင္ခဲ့ေပ။ နတ္ဆိုးဂိုဏ္းသားမ်ားသည္ ေတာင္လမ္းေပၚတြင္သာ ရပ္ေနၾကၿပီး တစ္စုံတရာ တုန္႔ျပန္ျခင္း မ႐ွိၾကေပ။
"ဟို အသားမဲမဲနဲ႔အေကာင္က ငါတို႔ကို လိပ္ေျမးလို႔ပဲ ေခၚတတ္တယ္ လူေတြကို ဘယ္လို ဆဲရမွန္းေတာင္မသိဘူးထင္တယ္ သူ႕ကိုယ္သူ ႐ွက္ေနရမွာမဟုတ္ဘူးလား"
"ဟိုမ်က္ႏွာျဖဴေလးကို ဖူယိယြင္ကို မေတြ႕ပါလား"
"ငါၾကားတာေတာ့ သူေသလုနီးပါးဒဏ္ရာရေနတယ္တဲ့...အဲဒါက မိန္းမတစ္ေယာက္ေၾကာင့္လို႔လည္း ေျပာၾကတယ္ ၿပီးေတာ့ သူ႕မွာ တကယ့္ကို ထူးျခားတဲ့ ေနာက္ေၾကာင္းလည္း႐ွိတယ္ သိလား"
"ေဟး ေခြးေကာင္ ငါတို႔အားလုံး ေတာင္ေပၚမွာ တစ္ခ်ိန္လုံး႐ွိေနၾကတာကို ဒါေတြအားလုံးကို မင္းဘယ္ကေန သိလာတာလဲ"
တစ္စုံတစ္ေယာက္က ျဖတ္ေျပာလိုက္သည္။
ဂိုဏ္းခ်ဳပ္ ေတာင္ကို ခ်ိပ္ပိတ္ၿပီးကတည္းက မည္သူမွ် မထြက္သြားၾကေပ။
"ကြၽန္ေတာ္ ညဘက္ဆို အျပင္ခိုးထြက္ၿပီး အတင္းနားေထာင္တယ္ေလ"
ထိုသူက ရယ္ေမာရင္း ေျပာလိုက္သည္။
"ေတာ္ေတာ္ ရဲရင့္တင္းေနတယ္ေပါ့ ဟုတ္လား"
"မေႏွာင့္ယွက္နဲ႔ ငါ စကားေျပာပါရေစ" သူတို႔ကို ၿငိမ္သက္ေစရန္ လက္ဟန္ျပလိုက္သည္။
"ဖူယိယြင္က တစ္ခ်ိန္က ကမ႓ာေက်ာ္ နံပါတ္တစ္အလွပေဂးရဲ႕ ကိုးေယာက္ေျမာက္မင္းသားလို႔ ငါၾကားခဲ့ရတယ္"
"နဝမေျမာက္မင္းသားတဲ့လား?"
"ဂိုဏ္းခ်ဳပ္ "
႐ွီ႐ွန္းက ေလွကားမွဆင္းလာၿပီး လူအုပ္ႀကီးက သူမကို လမ္းဖယ္ေပးလိုက္ၾကသည္။
" ဖူယိယြင္ က ေတာ္ဝင္မ်ိဳးႏြယ္ဝင္လား"
'မင္းသားတဲ့လား...ဝိုး!'
ဇာတ္ေၾကာင္းတြင္မပါ၀င္သျဖင့္ ႐ွီ႐ွန္းက မသိခဲ့ေပ။
သတင္းေပးက ေခါင္းကုတ္လိုက္သည္။ "ဂိုဏ္းခ်ဳပ္၊ သူတို႔ဆီကေတာ့ ဒီေလာက္ပဲသိရတယ္ အေသးစိတ္ေတာ့ မသိဘူး"
႐ွီ႐ွန္းက ဤအေၾကာင္းအရာကို ဆက္မေျပာဘဲ သူမ အျပင္ကိုလွမ္းၾကည့္ေနသည္။ အျပင္မွလူမ်ားက ဆဲဆိုေနၾကျခင္းကို ရပ္လိုက္ၿပီး သူမဆီသို႔ လွမ္းၾကည့္ေနၾကသည္။
"ဂိုဏ္းခ်ဳပ္ ကြၽန္ေတာ္တို႔ ဘယ္ေတာ့တိုက္ခိုက္ၾကမွာလဲ"
'သူတို႔ကို တစ္ခ်ိန္လုံး လႊတ္ထားလို႔ေတာ့မရဘူးလားလို႔ေလ'
"မင္းသြားခ်င္ရင္ ထြက္သြားလို႔ရတယ္၊ ငါမင္းကိုမတားဘူး"
႐ွီ႐ွန္းက ေမးခြန္းေမးသူကို မ်က္ေစာင္းထိုးလိုက္သည္။
"ဒါေပမယ့္ မင္းထြက္သြားၿပီးရင္ ဘယ္ေတာ့မွ ျပန္မလာရဘူး မင္းေသရင္လည္း ငါတာဝန္မယူဘူး"
ေသမွာေၾကာက္တဲ့ သူရဲေဘာေၾကာင္တဲ့ ဂိုဏ္းဝင္မ်ား"..."
'ငါတို႔ ဒီမွာ ဂူေအာင္းေနသင့္တယ္...'
သူတို႔ကို ဘာမွမလုပ္ႏိုင္တာေၾကာင့္ နတ္ဆိုးဂိုဏ္းသားမ်ားသည္ ေန႔စဥ္ႏွင့္အမွ် အျပင္မွလူမ်ားကို ညႇဥ္းပန္းႏွိပ္စက္ရန္ နည္းလမ္းသစ္မ်ား တီထြင္လာၾကသျဖင့္ ေနာက္ဆုံးေတာ့ သူတို႔လည္း သည္းမခံႏိုင္ေတာ့ဘဲ အေဝးကို ဆုတ္ခြာသြားၾကသည္။ သူတို႔ၾကားက လက္႐ွိအကြာအေဝးေၾကာင့္ နတ္ဆိုးဂိုဏ္းက ဘာအေႏွာင့္အယွက္မွ်မေပးႏိုင္ေတာ့ေပ။
မျမင္ႏိုင္ေသာ အတားအဆီး႐ွိေနရင္းႏွင့္ပင္ ဆန္႔က်င္ဘက္အဖြဲ႕အစည္းႏွစ္ရပ္ကပဋိပကၡျဖစ္ေနၾကဆဲျဖစ္သည္။
႐ွီ႐ွန္းက "အ႐ူးေတြ" ဟုသာ တုံ႔ျပန္ႏိုင္ေတာ့သည္။
'သူတို႔အားလုံးကို တစ္ခါထဲ ျဖဳတ္ခ်ဖို႔ တစ္ေနရာတည္းမွာ စုစည္းထားခဲ့ပါတယ္ဆိုမွ မင္းတို႔က ေမာင္းထုတ္လိုက္တယ္..အခုေတာ့ တကယ္ပါပဲ...'
"ဝု...ဝု..ဝု" ေခြးကေလးက ႐ွီ႐ွန္း ၏ေျခရင္းတြင္ လွည့္ပတ္ေနသည္။
႐ွီ႐ွန္း "... "
'မင္းဘာလို႔ ဒီေလာက္ငယ္ေနေသးတာလဲ ဒီေခတ္မွာ Tea-cup sizeေခြးေတြ ႐ွိမယ္မထင္ပါဘူး...? စာေရးဆရာေရ သိုင္း၀တၳဳမွာ ဒီလိုဟာေတြထည့္ဖို႔ တကယ္အဆင္ေျပရဲ႕လား?!'
Transalated by Dora💜
Oct 19,2023