Unicode
ရှီရှန်းက သူမကို အားလုံးက လျစ်လျူရှုထားကြသလို ခံစားနေရသည်။
'ငါကမှနတ်ဆိုးဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ပါနော်? မင်းတို့အားလုံးက ဘာကိစ္စ ကျန့်ကျန်းကိုပဲ ပြောနေကြတာလဲ ဒီစောက်ပေါက ငါ့ဆီကနေ အဓိကနေရာကို ခိုးယူနေတာပဲ'
ရှီရှန်း က ကျန့်ကျန်းကို သူမနောက်ပို့လိုက်သည်။
"အရူးမ မင်းဘာလုပ်နေတာလဲ!" ကျန့်ကျန်းက ရှီရှန်းကို ဒေါသတကြီးပြောလိုက်သည်။
"မင်း စကားအရမ်းများတယ်" ရှီရှန်းက သူ့ကို အေးအေးဆေးဆေးပဲ ပြောလိုက်သည်။ "ရှေ့ကို ခြေတစ်လှမ်းထပ်လှမ်းတာနဲ့ မင့်ခွေးလေးကို ငါသတ်ပစ်မယ်"
မျှော်လင့်ထားသည့်အတိုင်း ကျန့်ကျန်း၏ ခန္ဓာကိုယ် ရပ်တန့်သွားပြီး လိမ်လိမ်မာမာလေး မတ်တပ်ရပ်နေတော့သည်။
သို့သော်လည်း ပါးစပ်ကနေ အဆက်မပြတ် ရန်တွေ့ခြင်းကိုတော့ မရပ်တန့်နိုင်ပေ။
"မင်းက မိန်းကလေးပဲ ငါ့နောက်မှာနေစမ်းပါ"
"ဘာလဲ မင်းက လူသားဒိုင်းလုပ်ပေးချင်လို့လား "
ကျန့်ကျန်းက ဒေါသအလွန်ထွက်သွားပြီး မြေကြီးကို ခြေထောက်နဲ့ ဆောင့်ချင်လာသည်။
"ငါ့ကို အထင်မသေးစမ်းနဲ့! ငါက အခုလက်ရှိမှာပဲ မသန်မာသေးတာ!"
ရှီရှန်း ပုခုံးတွန့်လိုက်သည်။
"ဒါပေမယ့် အခု တိုက်ခိုက်နေတာလေ"
ကျန့်ကျန်းလည်း လုံး၀တိတ်ဆိတ်သွားပြီး အသာအယာချထားတဲ့ လက်များက လက်သီးဆုပ်များအဖြစ် ပြောင်းလဲသွားတော့သည်။
"ဂိုဏ်းချုပ် မဆင်မခြင်မနေနဲ့" ထင်ဖုန်းကသူ့ကို ခပ်တိုးတိုးသတိပေးသည်။
"သူမသာ ငါ့ရှေ့မှာရပ်နေပေးရမယ်ဆိုရင် ငါ့ကို ဘယ်လိုလုပ်ပြီးယောက်ျားလို့ခေါ်လို့ရမှာလဲ" ကျန့်ကျန်းက စိတ်လက်ပျက်ပြောလိုက်သည်။
"ဂိုဏ်းချုပ်…" ထင်ဖုန်းက သူ့ကို စိုးရိမ်စွာ ကြည့်နေ၏။
"မိန်းကလေး၀ူကျန်းက တော်တော်သန်မာတယ် အခု မင်းမှာ တခြားရွေးချယ်စရာမရှိဘူး... ဒါပေမယ့် နောက်ထပ်နှစ်ဝက်ပြီးတာနဲ့ မင်း သူ့ရှေ့မှာ ရပ်တည်နိုင်လိမ့်မယ်"
ကျန့်ကျန်းသည် ခဏစိတ်လောမှုကြောင့် ကြိုးစားထားသမျှအားလုံးကို စွန့်လွှတ်မှာကြောင့် အကောင်းဆုံးဖြောင်းဖြပြီး နောက်ဆုံးတွင် ဆွဲဆောင်နိုင်ခဲ့သည်။
ကျန့်ကျန်း၏အမူအရာလည်း အနည်းငယ် သက်သာသွားတော့သည်။ သူ၏ ကျင့်ကြံဆင့်သည် နဝမအဆင့်ရောက်ရန်အတွက် နောက်ထပ်တစ်နှစ်ခွဲခန့်သာ စောင့်ရန်လိုတော့သည်။
ကျန့်ကျန်း၏ကျင့်ကြံဆင့်မျိုးသည် အစပိုင်းတွင် အလွန်အားနည်းပြီး အခြေခံအားဖြင့် အသုံးမဝင်ပေ။ ထို့ပြင် အခြားနည်းပညာများကိုလည်းတွဲဖက်လေ့ကျင့်၍မရ။
ကျန့်ကျန်းသည် ငယ်စဉ်ကတည်းက ဤလေ့ကျင့်စဥ်ကို လေ့ကျင့်ခဲ့သည်။ ဂိုဏ်းတစ်ခုလုံးကိုပါ လေ့ကျင့်ပေးချင်ပေမယ့် အဖြစ်အပျက်များက နောက်ကျသွားခဲ့ပြီ။ ထို့ကြောင့် သူသည် အံကြိတ်သည်းခံကာ မိမိ၏ကျင့်ကြံစဥ်တိုးတက်ရန် လျို့၀ှက်လုပ်ဆောင်နေရတော့၏။
န၀မအဆင့်ရောက်သည်နှင့် သဘာဝတရားကိုပါ အမိန့်ပေးနိုင်မည်ဟု ကောလဟာလများရှိသည်။
အမှန်မှာ နတ်ဆိုးဂိုဏ်းတွင်ပင် မည်သူမျှ နဝမအဆင့်သို့ မရောက်ဖူးကြချေ။ ကျန့်ကျန်းသာ ဤမျှကြာရှည်စွာ ခံနိုင်ရည်ရှိသော တစ်ဦးတည်းသောသူဖြစ်ပြီး အောင်မြင်မှုဆီသို့ နီးကပ်လာခဲ့သည်။
"၀ူကျန်း မင်း ဘာလုပ်နေတာလဲ!"
ဒီအော်သံကြောင့် ကျန့်ကျန်းလည်း သူ့အတွေးတွေထဲက လွတ်မြောက်လာခဲ့ပြီး ဆူညံသံများဆီသို့ လှမ်းမျှော်ကြည့်လိုက်မိသည်။
ရှီရှန်းက တစ်စုံတစ်ဦးထံသို့ သူမ၏ဓားကိုရွယ်လိုက်သည်နှင့် လူအုပ်ကြီးက အလန့်တကြား ဆုတ်ခွာပြေးကြပြီး ချော်လဲကာ တောင်ပေါ်မှ ပြုတ်ကျကုန်ကြသည်။
"ငါ့အပြစ်မဟုတ်ဘူးနော် သူတို့ဘာသာ ပြုတ်ကျသွားတာ" ရှီရှန်းက ပုခုံးတွန့်ကာ အမှန်တကယ်ပင် အပြစ်ကင်းစင်သယောင် ပြောလိုက်သည်။
'မင်း သူ့ကို မတိုက်ခိုက်ရင် ဘယ်လိုလုပ် ပြုတ်ကျမလဲ'
"သတ်!"
နတ်ဆိုးဂိုဏ်းက ရန်သူများနှင့် တိုက်ခိုက်နေစဥ်တွင် ရှီရှန်းက သူမ၏ နေရာတွင်ပင် မလှုပ်မယှက် ရပ်နေခဲ့သည်။
ဖူယိယွင်နှင့် ပိုင်ဖုတို့ကလည်း မလှုပ်ရှားသေးပေ။ ဘယ်သူက ပိုစိတ်ရှည်လဲဆိုတာကို ပြိုင်ဆိုင်နေကြသလိုပင်။
ကျောက်တုံးများပေါ်၌ သွေးများ စီးကျနေသကဲ့သို့ ဓါးသွားများလည်း တောက်ပနေခဲ့သည်။
ရှီရှန်း သူမ၏လက်ကို ဖြည်းညှင်းစွာပင့်လိုက်သည်နှင့် ဓားကို လေထုကိုပိုင်းဖြတ်လိုက်သယောင် ပတ်ဝန်းကျင်ရှိ အပင်များ မှ အရွက်များ ကြွေကျလာကာ လေလှိုင်းဂယက်များ ထွက်လာခဲ့သည်။ အဖြစ်အပျက်တစ်ခုလုံးမှာ မြင်သာထင်သာရှိလှ၏။
ပိုင်ဖု နဲ့ ဖူယိယွင်က သတိကြီးသွာစိုက်ကြည့်နေကြသည်။
ရှီရှန်း၏ တည်ငြိမ်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြည်းညှင်းစွာပေါ်ပေါက်လာသည်။ ထိုအပြုံးသည် မှောင်မိုက်သောနေ့တွင် တိမ်ညိုများကို ဖောက်ထွင်းဝင်ရောက်လာသော ပထမဆုံးနေရောင်ခြည်ကဲ့သို့၊ သို့မဟုတ် ညှိုးနွမ်းနေသောပန်းပွင့်များ၏ ရုတ်တရက် ပြန်လည်နုပျိုလာမှုကဲ့သို့ပင် တောက်ပလွန်းလှသည်။
သူမပုံရိပ်က ဖျက်ခနဲပျောက်သွားပြီး လူအုပ်ထဲသို့ ၀င်ရောက်ရောနှောသွားချိန်တွင် တောက်ပသောအပြုံးကသာ သူမ၏မူလနေရာ၌ ကျန့်ရှိနေခဲ့သယောင်ထင်ရသည်။
ဖူယိယွင်နှင့် ပိုင်ဖုတို့ ပြန်လည်တုံ့ပြန်ချိန်တွင် ၎င်းတို့၏လူများမှာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရကြောင်း မြင်ရတော့သည်။
"ငါတို့ဂိုဏ်းချုပ်ကွ!"
"ဂိုဏ်းချုပ်က သိုင်းလောကတစ်ခုလုံးကို အောင်နိုင်လိမ့်မယ်!"
နတ်ဆိုးဂိုဏ်းတစ်ခုလုံးက သူမကို အော်ဟစ်အားပေးနေကြသည်။
ပိုင်ဖုကို တောင်ပေါ်ကနေ ဆုတ်ခွာဖို့ ခေါ်ဆောင်လာချိန်မှာ ဖူယိယွင်၏ အမူအရာက အနည်းငယ် ပြောင်းလဲနေခဲ့သည်။
'ဒီမိန်းမ ပိုသန်မာလာတယ်!'
ကျန်သူများကို ရှီရှန်းက ဖြေရှင်းနေစဥ်အတွင်း ဖူယိယွင်နှင့် ပိုင်ဖုတို့အောင်မြင်စွာ ဆုတ်ခွာသွားနိုင်ခဲ့ကြသည်။
ရှီရှန်းက အလောင်းတွေကို လွှင့်ပစ်ဖို့ အမိနိ့ပေးခဲ့သည်။
ထို့နောက် မပြန်မီတွင် သူမ လွတ်သွားသော ရန်သူမရှိကြောင်း သေချာစေရန် တောင်တစ်ခုလုံးကို တစ်ကြိမ် လှည့်ပတ်စစ်ဆေးခဲ့သည်။ သူမ တိုက်ပွဲနေရာသို့ ပြန်ရောက်လာသောအခါ အလောင်းတွေကို ဖယ်ရှားပြီးဖြစ်သည်။
ကျန့်ကျန်းနှင့် ထင်ဖုန်းတို့က ထိုနေရာတွင် ရှိနေသေးသည်။
"ဂိုဏ်းချုပ် ကျွန်တော် တစ်ခုလောက်မေးချင်တယ် မင်းအရင်က နှင်းလွှာလမင်းဓါးကို သုံးတာမဟုတ်ဖူးလား မင်း အခုသုံးနေတဲ့ ဓားက ဘာလဲ အရမ်းအစွမ်းထက်တာပဲ!"
သူမလက်ထဲကဓားကို စိုက်ကြည့်ရင်း ထင်ဖုန်း၏ မျက်လုံးများက တောက်ပနေသည်။
ခပ်လှမ်းလှမ်းတွင်ရပ်နေသော ကူယွိကလည်း သူမ၏ဓားကို အလွန်စိတ်ဝင်စားနေပုံရသည်။
ရှီရှန်းက သူမ၏ဓားကို ပြန် ကြည့်လိုက်သည်။
'ဘာနာမည်ပေးရင်ကောင်းမလဲ'
သံဓား"…"
'ငါ့နာမည်ထပ်ပြောင်းသွားပြန်ပြီလား..သခင် .အခု ငါ့ဒီအချိန်မှာ ငါ့ရဲ့ မူရင်းနာမည်ကိုတောင် မေ့သွားပြီထင်တယ်'
ရှီရှန်းက လေးလေးနက်နက်ပြန်ဖြေလိုက်သည်။
"လောကနံပါတ် ၁ ဓား"
ထင်ဖုန်း"…" 'ဘယ်လို နာမည်ကြီးလဲ'
ကူယွိ"..." 'ဆိုးရွားချက်ပဲ'
ကျန့်ကျန်းကတော့ ဘာစကားမှမပြောဘဲ စိတ်ရှုပ်ထွေးနေပုံရသည်။
ရှီရှန်း"...."
'ဒီကလေး ဘာဖြစ်နေတာလဲ ရုတ်တရက်ကြီး တိတ်ဆိတ်နေတာ နည်းနည်းမှ အလေ့အကျင့်မရဘူးနော်'
"ငါ တံခါးပိတ်ကျင့်ကြံတော့မယ်"
ကျန့်ကျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ရှီရှန်းက သူမ မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ "မင်းပြန်လာပြီးရင် ငါ့ကိုရိုက်မလို့လား"
"ဟုတ်တယ်!"
ကျန့်ကျန်း၏ တည်ငြိမ်မှုသည် တစ်မိနစ်ပင် မကြာလိုက်ပေ။
ရှီရှင်းက ဘာမှပြန်မပြောသဖြင့် ကျန့်ကျန်း စိတ်တိုသွားသည်။
"မင်းယုံတာ အကောင်းဆုံးပဲ! စောင့်ကြည့်နေ!"
ရှီရှန်း ပုခုံးတွန့်လိုက်သည်။ "မင်း သဘောပဲ"
ကျန့်ကျန်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
"ခဏလောက် ငါနဲ့လိုက်ခဲ့"
"ဘာအတွက်လဲ?"
"လိုက်ခဲ့စမ်းပါ! မင်းဘာလို့အဲ့လောက်စကားများရတာလဲ"
ရှီရှန်း "... "
'ဒီမှာ ဘယ်သူက စကားများတာလဲ?!'
ကျန့်ကျန်းသည် သူမကို သီးခြားနေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက်သူက ရှီရှန်းကို ရုတ်တရက် ပွေ့ဖက်လိုက်ပြီး သူမ ဘာမှမတုံ့ပြန်နိုင်မီ ပြန် လွှတ်ပေးလိုက်သည်။
"၀ူကျန်း ငါပြန်ထွက်လာတာနဲ့ မင်းကိုလက်ထပ်မယ်"
ရှီရှန်း လုံးဝ အံသြသွားခဲ့သည်။
'ဘာကြီး!'
ကျန့်ကျန်း၏ မျက်နှာသည် အနည်းငယ်နီရဲနေသည်။
"မင်းကို ကြိုက်မယ့်သူမရှိဘူးဆိုတော့ ငါပဲ မင်းကိုယူလိုက်မယ်"
'နင်က အနစ်နာခံလိုက်တာပေါ့...ဘယ်သူက နင်ကိုလက်ထပ်ချင်နေလို့လဲ!'
ကျန့်ကျန်း၏ အသံက ရုတ်တရက်ဖျော့တော့သွားသည်။
"ငါ အပြင်ကို ပြန်ထွက်လာနိုင်ရင်ပေါ့"
ကျင့်ကြံစဥ် နဝမအဆင့်သို့ ရောက်ရှိရန် ကြိုးစားခြင်းတွင် ရလဒ်နှစ်ခုသာ ရှိသည်။
အောင်မြင်မှု သို့မဟုတ် သေခြင်း။
လေထုက အနည်းငယ်လေးလံသွားသည်။ ကျန့်ကျန်းက ရွှံ့နံ့သင်းနေသော လေကို ရှုရှိုက်လိုက်ပြီး အခန်းထဲတွင် အချိန်အတော်ကြာအောင် ပစ္စည်းအချို့ကို ရှာဖွေနေခဲ့ပြီး အားလုံးကို ရှီရှင်းအား ပေးခဲ့သည်။
"ငါ အခု သွားမယ် ငါပြန်မထွက်လာနိုင်ရင် နတ်ဆိုးဂိုဏ်းက မင်းအပိုင်ပဲ"
သူ ခဏရပ်လိုက်သည်။
"သေချာပေါက် ငါပြန်ထွက်လာမှာ"
ဤနောက်ဆုံးစကားက သူ့အတွက်လား ရှီရှန်းအတွက်လား မကွဲပြားပေ။
အခန်းအပြင်ကို ပြန်ထွက်လာတော့ နေရောင်က သူ့ကို မျက်စိစူးပြီး အနည်းငယ် မူးဝေစေသည်။
သူ မစောင့်နိုင်တော့ပေ။ ထင်ဖုန်းပြောတာ မှန်သည်။ သူမက သန်မာပြီး ဘာကိုမျှ ကြောက်လန့်စရာမလိုပေ။ သူသာ အခု မတိုးတက်ရင် သူမကို ဘယ်တော့မှ လိုက်မမီမှာ ကြောက်မိသည်။
ရှီရှန်းသည် ကြုံရာကျပန်းပစ္စည်းအစုံအလင်ကို ကိုင်ရင်း မတ်တပ်ရပ်နေခဲ့ပြီးအနည်းငယ် မှင်တက်နေခဲ့သည်။
ထို့နောက် အချိန်အတော်ကြာပြီးနောက်တွင်မှသာ သူမတုံ့ပြန်နိုင်ခဲ့သည်။
'ကျန့်ကျန်း က ၀ူကျန်းကို ကြိုက်နေတာ ဖြစ်နိုင်တယ် ငယ်ငယ်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို သူကောင်းကောင်းမှတ်မိပုံပဲ ပြီးတော့ သူတို့မှာ ရန်ငြိုးလည်းရှိပုံမရတဲ့အတွက် တစ်ခုတည်းသောရှင်းပြချက်က သူ ၀ူကျန်းကို ကြိုက်နေတာ'
နှမျောစရာပင်...သူမက ၀ူကျန်းမဟုတ်။
သူမတို့ကြားတွင် ဘာမှမဖြစ်နိုင်ပေ။
ကျန့်ကျန်း၏ တံခါးပိတ်ကျင့်ကြံခြင်းနတ်ဆိုးဂိုဏ်းအပေါ် မသက်ရောက်ပေ။
အများစု ရှီရှန်းကို ဂိုဏ်းချုပ်ကောင်းတစ်ယောက်ဟု အသိအမှတ်ပြုကြသည်။ သူမရောက်ကတည်းက အသားစားရန်နှင့် သုံးစွဲရန်ငွေ အမြဲရှိနေခဲ့သည်။
Translated by Dora💜
Oct 16,2023
Zawgyi
႐ွီ႐ွန္းက သူမကို အားလုံးက လ်စ္လ်ဴ႐ႈထားၾကသလို ခံစားေနရသည္။
'ငါကမွနတ္ဆိုးဂိုဏ္းရဲ႕ လက္႐ွိဂိုဏ္းခ်ဳပ္ပါေနာ္? မင္းတို႔အားလုံးက ဘာကိစၥ က်န္႔က်န္းကိုပဲ ေျပာေနၾကတာလဲ ဒီေစာက္ေပါက ငါ့ဆီကေန အဓိကေနရာကို ခိုးယူေနတာပဲ'
႐ွီ႐ွန္း က က်န္႔က်န္းကို သူမေနာက္ပို႔လိုက္သည္။
"အ႐ူးမ မင္းဘာလုပ္ေနတာလဲ!" က်န္႔က်န္းက ႐ွီ႐ွန္းကို ေဒါသတႀကီးေျပာလိုက္သည္။
"မင္း စကားအရမ္းမ်ားတယ္" ႐ွီ႐ွန္းက သူ႕ကို ေအးေအးေဆးေဆးပဲ ေျပာလိုက္သည္။ "ေ႐ွ႕ကို ေျခတစ္လွမ္းထပ္လွမ္းတာနဲ႔ မင့္ေခြးေလးကို ငါသတ္ပစ္မယ္"
ေမွ်ာ္လင့္ထားသည့္အတိုင္း က်န္႔က်န္း၏ ခႏၶာကိုယ္ ရပ္တန္႔သြားၿပီး လိမ္လိမ္မာမာေလး မတ္တပ္ရပ္ေနေတာ့သည္။
သို႔ေသာ္လည္း ပါးစပ္ကေန အဆက္မျပတ္ ရန္ေတြ႕ျခင္းကိုေတာ့ မရပ္တန္႔ႏိုင္ေပ။
"မင္းက မိန္းကေလးပဲ ငါ့ေနာက္မွာေနစမ္းပါ"
"ဘာလဲ မင္းက လူသားဒိုင္းလုပ္ေပးခ်င္လို႔လား "
က်န္႔က်န္းက ေဒါသအလြန္ထြက္သြားၿပီး ေျမႀကီးကို ေျခေထာက္နဲ႔ ေဆာင့္ခ်င္လာသည္။
"ငါ့ကို အထင္မေသးစမ္းနဲ႔! ငါက အခုလက္႐ွိမွာပဲ မသန္မာေသးတာ!"
႐ွီ႐ွန္း ပုခုံးတြန္႔လိုက္သည္။
"ဒါေပမယ့္ အခု တိုက္ခိုက္ေနတာေလ"
က်န္႔က်န္းလည္း လုံး၀တိတ္ဆိတ္သြားၿပီး အသာအယာခ်ထားတဲ့ လက္မ်ားက လက္သီးဆုပ္မ်ားအျဖစ္ ေျပာင္းလဲသြားေတာ့သည္။
"ဂိုဏ္းခ်ဳပ္ မဆင္မျခင္မေနနဲ႔" ထင္ဖုန္းကသူ႕ကို ခပ္တိုးတိုးသတိေပးသည္။
"သူမသာ ငါ့ေ႐ွ႕မွာရပ္ေနေပးရမယ္ဆိုရင္ ငါ့ကို ဘယ္လိုလုပ္ၿပီးေယာက်္ားလို႔ေခၚလို႔ရမွာလဲ" က်န္႔က်န္းက စိတ္လက္ပ်က္ေျပာလိုက္သည္။
"ဂိုဏ္းခ်ဳပ္…" ထင္ဖုန္းက သူ႕ကို စိုးရိမ္စြာ ၾကည့္ေန၏။
"မိန္းကေလးဝူက်န္းက ေတာ္ေတာ္သန္မာတယ္ အခု မင္းမွာ တျခားေ႐ြးခ်ယ္စရာမ႐ွိဘူး... ဒါေပမယ့္ ေနာက္ထပ္ႏွစ္ဝက္ၿပီးတာနဲ႔ မင္း သူ႕ေ႐ွ႕မွာ ရပ္တည္ႏိုင္လိမ့္မယ္"
က်န္႔က်န္းသည္ ခဏစိတ္ေလာမႈေၾကာင့္ ႀကိဳးစားထားသမွ်အားလုံးကို စြန္႔လႊတ္မွာေၾကာင့္ အေကာင္းဆုံးေျဖာင္းျဖၿပီး ေနာက္ဆုံးတြင္ ဆြဲေဆာင္ႏိုင္ခဲ့သည္။
က်န္႔က်န္း၏အမူအရာလည္း အနည္းငယ္ သက္သာသြားေတာ့သည္။ သူ၏ က်င့္ၾကံဆင့္သည္ နဝမအဆင့္ေရာက္ရန္အတြက္ ေနာက္ထပ္တစ္ႏွစ္ခြဲခန္႔သာ ေစာင့္ရန္လိုေတာ့သည္။
က်န္႔က်န္း၏က်င့္ၾကံဆင့္မ်ိဳးသည္ အစပိုင္းတြင္ အလြန္အားနည္းၿပီး အေျခခံအားျဖင့္ အသုံးမဝင္ေပ။ ထို႔ျပင္ အျခားနည္းပညာမ်ားကိုလည္းတြဲဖက္ေလ့က်င့္၍မရ။
က်န္႔က်န္းသည္ ငယ္စဥ္ကတည္းက ဤေလ့က်င့္စဥ္ကို ေလ့က်င့္ခဲ့သည္။ ဂိုဏ္းတစ္ခုလုံးကိုပါ ေလ့က်င့္ေပးခ်င္ေပမယ့္ အျဖစ္အပ်က္မ်ားက ေနာက္က်သြားခဲ့ၿပီ။ ထို႔ေၾကာင့္ သူသည္ အံႀကိတ္သည္းခံကာ မိမိ၏က်င့္ၾကံစဥ္တိုးတက္ရန္ လ်ိဳ႕ဝွက္လုပ္ေဆာင္ေနရေတာ့၏။
န၀မအဆင့္ေရာက္သည္ႏွင့္ သဘာဝတရားကိုပါ အမိန္႔ေပးႏိုင္မည္ဟု ေကာလဟာလမ်ား႐ွိသည္။
အမွန္မွာ နတ္ဆိုးဂိုဏ္းတြင္ပင္ မည္သူမွ် နဝမအဆင့္သို႔ မေရာက္ဖူးၾကေခ်။ က်န္႔က်န္းသာ ဤမွ်ၾကာ႐ွည္စြာ ခံႏိုင္ရည္႐ွိေသာ တစ္ဦးတည္းေသာသူျဖစ္ၿပီး ေအာင္ျမင္မႈဆီသို႔ နီးကပ္လာခဲ့သည္။
"ဝူက်န္း မင္း ဘာလုပ္ေနတာလဲ!"
ဒီေအာ္သံေၾကာင့္ က်န္႔က်န္းလည္း သူ႕အေတြးေတြထဲက လြတ္ေျမာက္လာခဲ့ၿပီး ဆူညံသံမ်ားဆီသို႔ လွမ္းေမွ်ာ္ၾကည့္လိုက္မိသည္။
႐ွီ႐ွန္းက တစ္စုံတစ္ဦးထံသို႔ သူမ၏ဓားကို႐ြယ္လိုက္သည္ႏွင့္ လူအုပ္ႀကီးက အလန္႔တၾကား ဆုတ္ခြာေျပးၾကၿပီး ေခ်ာ္လဲကာ ေတာင္ေပၚမွ ျပဳတ္က်ကုန္ၾကသည္။
"ငါ့အျပစ္မဟုတ္ဘူးေနာ္ သူတို႔ဘာသာ ျပဳတ္က်သြားတာ" ႐ွီ႐ွန္းက ပုခုံးတြန္႔ကာ အမွန္တကယ္ပင္ အျပစ္ကင္းစင္သေယာင္ ေျပာလိုက္သည္။
'မင္း သူ႕ကို မတိုက္ခိုက္ရင္ ဘယ္လိုလုပ္ ျပဳတ္က်မလဲ'
"သတ္!"
နတ္ဆိုးဂိုဏ္းက ရန္သူမ်ားႏွင့္ တိုက္ခိုက္ေနစဥ္တြင္ ႐ွီ႐ွန္းက သူမ၏ ေနရာတြင္ပင္ မလႈပ္မယွက္ ရပ္ေနခဲ့သည္။
ဖူယိယြင္ႏွင့္ ပိုင္ဖုတို႔ကလည္း မလႈပ္႐ွားေသးေပ။ ဘယ္သူက ပိုစိတ္႐ွည္လဲဆိုတာကို ၿပိဳင္ဆိုင္ေနၾကသလိုပင္။
ေက်ာက္တုံးမ်ားေပၚ၌ ေသြးမ်ား စီးက်ေနသကဲ့သို႔ ဓါးသြားမ်ားလည္း ေတာက္ပေနခဲ့သည္။
႐ွီ႐ွန္း သူမ၏လက္ကို ျဖည္းညႇင္းစြာပင့္လိုက္သည္ႏွင့္ ဓားကို ေလထုကိုပိုင္းျဖတ္လိုက္သေယာင္ ပတ္ဝန္းက်င္႐ွိ အပင္မ်ား မွ အ႐ြက္မ်ား ေႂကြက်လာကာ ေလလိႈင္းဂယက္မ်ား ထြက္လာခဲ့သည္။ အျဖစ္အပ်က္တစ္ခုလုံးမွာ ျမင္သာထင္သာ႐ွိလွ၏။
ပိုင္ဖု နဲ႔ ဖူယိယြင္က သတိႀကီးသြာစိုက္ၾကည့္ေနၾကသည္။
႐ွီ႐ွန္း၏ တည္ၿငိမ္ေနေသာ မ်က္ႏွာေပၚတြင္ အျပဳံးတစ္ခု ျဖည္းညႇင္းစြာေပၚေပါက္လာသည္။ ထိုအျပဳံးသည္ ေမွာင္မိုက္ေသာေန႔တြင္ တိမ္ညိဳမ်ားကို ေဖာက္ထြင္းဝင္ေရာက္လာေသာ ပထမဆုံးေနေရာင္ျခည္ကဲ့သို႔၊ သို႔မဟုတ္ ညိႇဳးႏြမ္းေနေသာပန္းပြင့္မ်ား၏ ႐ုတ္တရက္ ျပန္လည္ႏုပ်ိဳလာမႈကဲ့သို႔ပင္ ေတာက္ပလြန္းလွသည္။
သူမပုံရိပ္က ဖ်က္ခနဲေပ်ာက္သြားၿပီး လူအုပ္ထဲသို႔ ၀င္ေရာက္ေရာေႏွာသြားခ်ိန္တြင္ ေတာက္ပေသာအျပဳံးကသာ သူမ၏မူလေနရာ၌ က်န္႔႐ွိေနခဲ့သေယာင္ထင္ရသည္။
ဖူယိယြင္ႏွင့္ ပိုင္ဖုတို႔ ျပန္လည္တုံ႔ျပန္ခ်ိန္တြင္ ၎တို႔၏လူမ်ားမွာ တစ္ေယာက္ၿပီးတစ္ေယာက္ အသတ္ခံလိုက္ရေၾကာင္း ျမင္ရေတာ့သည္။
"ငါတို႔ဂိုဏ္းခ်ဳပ္ကြ!"
"ဂိုဏ္းခ်ဳပ္က သိုင္းေလာကတစ္ခုလုံးကို ေအာင္ႏိုင္လိမ့္မယ္!"
နတ္ဆိုးဂိုဏ္းတစ္ခုလုံးက သူမကို ေအာ္ဟစ္အားေပးေနၾကသည္။
ပိုင္ဖုကို ေတာင္ေပၚကေန ဆုတ္ခြာဖို႔ ေခၚေဆာင္လာခ်ိန္မွာ ဖူယိယြင္၏ အမူအရာက အနည္းငယ္ ေျပာင္းလဲေနခဲ့သည္။
'ဒီမိန္းမ ပိုသန္မာလာတယ္!'
က်န္သူမ်ားကို ႐ွီ႐ွန္းက ေျဖ႐ွင္းေနစဥ္အတြင္း ဖူယိယြင္ႏွင့္ ပိုင္ဖုတို႔ေအာင္ျမင္စြာ ဆုတ္ခြာသြားႏိုင္ခဲ့ၾကသည္။
႐ွီ႐ွန္းက အေလာင္းေတြကို လႊင့္ပစ္ဖို႔ အမိနိ႔ေပးခဲ့သည္။
ထို႔ေနာက္ မျပန္မီတြင္ သူမ လြတ္သြားေသာ ရန္သူမ႐ွိေၾကာင္း ေသခ်ာေစရန္ ေတာင္တစ္ခုလုံးကို တစ္ႀကိမ္ လွည့္ပတ္စစ္ေဆးခဲ့သည္။ သူမ တိုက္ပြဲေနရာသို႔ ျပန္ေရာက္လာေသာအခါ အေလာင္းေတြကို ဖယ္႐ွားၿပီးျဖစ္သည္။
က်န္႔က်န္းႏွင့္ ထင္ဖုန္းတို႔က ထိုေနရာတြင္ ႐ွိေနေသးသည္။
"ဂိုဏ္းခ်ဳပ္ ကြၽန္ေတာ္ တစ္ခုေလာက္ေမးခ်င္တယ္ မင္းအရင္က ႏွင္းလႊာလမင္းဓါးကို သုံးတာမဟုတ္ဖူးလား မင္း အခုသုံးေနတဲ့ ဓားက ဘာလဲ အရမ္းအစြမ္းထက္တာပဲ!"
သူမလက္ထဲကဓားကို စိုက္ၾကည့္ရင္း ထင္ဖုန္း၏ မ်က္လုံးမ်ားက ေတာက္ပေနသည္။
ခပ္လွမ္းလွမ္းတြင္ရပ္ေနေသာ ကူယြိကလည္း သူမ၏ဓားကို အလြန္စိတ္ဝင္စားေနပုံရသည္။
႐ွီ႐ွန္းက သူမ၏ဓားကို ျပန္ ၾကည့္လိုက္သည္။
'ဘာနာမည္ေပးရင္ေကာင္းမလဲ'
သံဓား"…"
'ငါ့နာမည္ထပ္ေျပာင္းသြားျပန္ၿပီလား..သခင္ .အခု ငါ့ဒီအခ်ိန္မွာ ငါ့ရဲ႕ မူရင္းနာမည္ကိုေတာင္ ေမ့သြားၿပီထင္တယ္'
႐ွီ႐ွန္းက ေလးေလးနက္နက္ျပန္ေျဖလိုက္သည္။
"ေလာကနံပါတ္ ၁ ဓား"
ထင္ဖုန္း"…" 'ဘယ္လို နာမည္ႀကီးလဲ'
ကူယြိ"..." 'ဆိုး႐ြားခ်က္ပဲ'
က်န္႔က်န္းကေတာ့ ဘာစကားမွမေျပာဘဲ စိတ္႐ႈပ္ေထြးေနပုံရသည္။
႐ွီ႐ွန္း"...."
'ဒီကေလး ဘာျဖစ္ေနတာလဲ ႐ုတ္တရက္ႀကီး တိတ္ဆိတ္ေနတာ နည္းနည္းမွ အေလ့အက်င့္မရဘူးေနာ္'
"ငါ တံခါးပိတ္က်င့္ၾကံေတာ့မယ္"
က်န္႔က်န္းက တည္ၿငိမ္စြာ ေျပာလိုက္သည္။
႐ွီ႐ွန္းက သူမ မ်က္ခုံးကို အနည္းငယ္ပင့္လိုက္သည္။ "မင္းျပန္လာၿပီးရင္ ငါ့ကို႐ိုက္မလို႔လား"
"ဟုတ္တယ္!"
က်န္႔က်န္း၏ တည္ၿငိမ္မႈသည္ တစ္မိနစ္ပင္ မၾကာလိုက္ေပ။
႐ွီ႐ွင္းက ဘာမွျပန္မေျပာသျဖင့္ က်န္႔က်န္း စိတ္တိုသြားသည္။
"မင္းယုံတာ အေကာင္းဆုံးပဲ! ေစာင့္ၾကည့္ေန!"
႐ွီ႐ွန္း ပုခုံးတြန္႔လိုက္သည္။ "မင္း သေဘာပဲ"
က်န္႔က်န္းက ပတ္ဝန္းက်င္ကို အကဲခတ္လိုက္သည္။
"ခဏေလာက္ ငါနဲ႔လိုက္ခဲ့"
"ဘာအတြက္လဲ?"
"လိုက္ခဲ့စမ္းပါ! မင္းဘာလို႔အဲ့ေလာက္စကားမ်ားရတာလဲ"
႐ွီ႐ွန္း "... "
'ဒီမွာ ဘယ္သူက စကားမ်ားတာလဲ?!'
က်န္႔က်န္းသည္ သူမကို သီးျခားေနရာတစ္ခုသို႔ ေခၚေဆာင္သြားခဲ့သည္။
ထို႔ေနာက္သူက ႐ွီ႐ွန္းကို ႐ုတ္တရက္ ေပြ႕ဖက္လိုက္ၿပီး သူမ ဘာမွမတုံ႔ျပန္ႏိုင္မီ ျပန္ လႊတ္ေပးလိုက္သည္။
"ဝူက်န္း ငါျပန္ထြက္လာတာနဲ႔ မင္းကိုလက္ထပ္မယ္"
႐ွီ႐ွန္း လုံးဝ အံၾသသြားခဲ့သည္။
'ဘာႀကီး!'
က်န္႔က်န္း၏ မ်က္ႏွာသည္ အနည္းငယ္နီရဲေနသည္။
"မင္းကို ႀကိဳက္မယ့္သူမ႐ွိဘူးဆိုေတာ့ ငါပဲ မင္းကိုယူလိုက္မယ္"
'နင္က အနစ္နာခံလိုက္တာေပါ့...ဘယ္သူက နင္ကိုလက္ထပ္ခ်င္ေနလို႔လဲ!'
က်န္႔က်န္း၏ အသံက ႐ုတ္တရက္ေဖ်ာ့ေတာ့သြားသည္။
"ငါ အျပင္ကို ျပန္ထြက္လာႏိုင္ရင္ေပါ့"
က်င့္ၾကံစဥ္ နဝမအဆင့္သို႔ ေရာက္႐ွိရန္ ႀကိဳးစားျခင္းတြင္ ရလဒ္ႏွစ္ခုသာ ႐ွိသည္။
ေအာင္ျမင္မႈ သို႔မဟုတ္ ေသျခင္း။
ေလထုက အနည္းငယ္ေလးလံသြားသည္။ က်န္႔က်န္းက ႐ႊံ႕နံ႔သင္းေနေသာ ေလကို ႐ႈ႐ိႈက္လိုက္ၿပီး အခန္းထဲတြင္ အခ်ိန္အေတာ္ၾကာေအာင္ ပစၥည္းအခ်ိဳ႕ကို ႐ွာေဖြေနခဲ့ၿပီး အားလုံးကို ႐ွီ႐ွင္းအား ေပးခဲ့သည္။
"ငါ အခု သြားမယ္ ငါျပန္မထြက္လာႏိုင္ရင္ နတ္ဆိုးဂိုဏ္းက မင္းအပိုင္ပဲ"
သူ ခဏရပ္လိုက္သည္။
"ေသခ်ာေပါက္ ငါျပန္ထြက္လာမွာ"
ဤေနာက္ဆုံးစကားက သူ႕အတြက္လား ႐ွီ႐ွန္းအတြက္လား မကြဲျပားေပ။
အခန္းအျပင္ကို ျပန္ထြက္လာေတာ့ ေနေရာင္က သူ႕ကို မ်က္စိစူးၿပီး အနည္းငယ္ မူးေဝေစသည္။
သူ မေစာင့္ႏိုင္ေတာ့ေပ။ ထင္ဖုန္းေျပာတာ မွန္သည္။ သူမက သန္မာၿပီး ဘာကိုမွ် ေၾကာက္လန္႔စရာမလိုေပ။ သူသာ အခု မတိုးတက္ရင္ သူမကို ဘယ္ေတာ့မွ လိုက္မမီမွာ ေၾကာက္မိသည္။
႐ွီ႐ွန္းသည္ ၾကဳံရာက်ပန္းပစၥည္းအစုံအလင္ကို ကိုင္ရင္း မတ္တပ္ရပ္ေနခဲ့ၿပီးအနည္းငယ္ မွင္တက္ေနခဲ့သည္။
ထို႔ေနာက္ အခ်ိန္အေတာ္ၾကာၿပီးေနာက္တြင္မွသာ သူမတုံ႔ျပန္ႏိုင္ခဲ့သည္။
'က်န္႔က်န္း က ဝူက်န္းကို ႀကိဳက္ေနတာ ျဖစ္ႏိုင္တယ္ ငယ္ငယ္တုန္းက ျဖစ္ပ်က္ခဲ့တာေတြကို သူေကာင္းေကာင္းမွတ္မိပုံပဲ ၿပီးေတာ့ သူတို႔မွာ ရန္ၿငိဳးလည္း႐ွိပုံမရတဲ့အတြက္ တစ္ခုတည္းေသာ႐ွင္းျပခ်က္က သူ ဝူက်န္းကို ႀကိဳက္ေနတာ'
ႏွေမ်ာစရာပင္...သူမက ဝူက်န္းမဟုတ္။
သူမတို႔ၾကားတြင္ ဘာမွမျဖစ္ႏိုင္ေပ။
က်န္႔က်န္း၏ တံခါးပိတ္က်င့္ၾကံျခင္းနတ္ဆိုးဂိုဏ္းအေပၚ မသက္ေရာက္ေပ။
အမ်ားစု ႐ွီ႐ွန္းကို ဂိုဏ္းခ်ဳပ္ေကာင္းတစ္ေယာက္ဟု အသိအမွတ္ျပဳၾကသည္။ သူမေရာက္ကတည္းက အသားစားရန္ႏွင့္ သုံးစြဲရန္ေငြ အၿမဲ႐ွိေနခဲ့သည္။
Translated by Dora💜
Oct 16,2023