Unicode
သူတို့ နတ်ဆိုးဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ဂိုဏ်းဝင်အများအပြား ထိတ်လန့်တကြား ပြေးလာကြတာကြောင့် ရှီရှန်းမှာ အသက်ရှုရန်ပင် အခွင့်အရေး မရှိခဲ့ပေ။
"ဂိုဏ်းချုပ် ငါတို့ တိုက်ခိုက်ခံနေရတယ်!"
နတ်ဆိုးဂိုဏ်းက ဝေးလံခေါင်သီသော အရပ်တွင် တည်ရှိသည်။ systemထံမှသိရသော ဇာတ်ကြောင်းအပြင် သူမကိုယ်တိုင်လည်း ကြိုးစားအားထုတ်ပြီးမှသာ ဤနေရာကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
'တစ်ယောက်ယောက်က ဒီနေရာကို တကယ်ကြီးရှာတွေ့ခဲ့တယ်လား...'
"သွားကြည့်ရအောင်" ရှီရှန်းက သူမဓားကိုဆွဲထုတ်ပြီး ဂိုဏ်းဂိတ်၀ဆီသို့ လိုက်သွားခဲ့သည်။ ဂိတ်၀တွင် "နတ်ဆိုးဂိုဏ်း" ဟူသော စကားလုံးကို ပြီးစီးအောင်ပင် မထွင်းထုရသေးပေ။
ရှီရှန်းရောက်ရှိလာချိန်တွင် ကျန့်ကျန်း သည် တစ်စုံတစ်ဦးနှင့် စကားများရန်ဖြစ်နေပြီဖြစ်သည်။
အခြားတစ်ဖက်မှာ လူရှစ်ယောက်ပဲရှိသည်။ သူတို့အားလုံးက ဆင်တူဝတ်စုံကို ၀တ်ဆင်ထားကြပြီး တိုက်ခိုက်ရန် သို့မဟုတ် ခုခံကာကွယ်ရန် အသင့်ဖြစ်နေကြသည်။
"မင်းပြောတိုင်းယုံရမှာလား သက်သေပြစမ်း အထောက်အထားမရှိရင် မင်းတို့တွေက နတ်ဆိုးဂိုဏ်းနဲ့ ပြဿနာရှာဖို့ ဒီကိုရောက်နေရုံသက်သက်ပဲလို့ ငါသံသယရှိတယ်"
"ကျွန်တော်တို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပါ.. ဂိုဏ်းချုပ် ကျန့် ၊ သူမကို လက်လွှဲပေးလိုက်ပါ ငါတို့ အချင်းချင်း ဘာမှ ပြသနာတက်စရာမလိုတော့ဘဲ ပြန်သွားနိုင်ပါတယ်"
တစ်ဖက်အဖွဲ့က ကျန့်ကျန်းထက် တည်ငြိမ်နေကြသည်။
"ဘာတွေဖြစ်နေတာလဲ?"
ရှီရှန်းက အနောက်မှာ ရပ်နေတဲ့ ထင်ဖုန်းကို ခပ်တိုးတိုး မေးလိုက်သည်။
"ဒီလူတွေက ကျောက်စိမ်းရေစင်ရွာကပါ သူတို့ ရဲ့ အကြီးဆုံးမမလေးကို ကျွန်တော်တို့ကဖမ်းထားတယ်လို့ ပြောနေကြတယ်... အဲဒါ အဓိပ္ပာယ် မရှိဘူး မဟုတ်လား? ငါတို့ ဘယ်အချိန်တုန်းကက သူမကို ပြန်ပေးဆွဲမိလို့လဲ"
ထင်ဖုန်းက အခြေအနေကို ရှီရှန်းကို အမြန်ရှင်းပြသည်။
"သူတို့က ဒီနေရာကို ဘယ်လိုရှာတွေ့သွားကြမှန်း မသိပေမယ့် ဒုက္ခရောက်အောင် လုပ်နေကြတာလို့ ကျွန်တော်ထင်ပါတယ်"
ရှီရှန်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ ကျန့်ကျန်းကို သူမနောက်ဆွဲခေါ်လိုက်သည်။
"သူတို့နဲ့ ဘာလို့အချိန်ဖြုန်းနေမှာလဲ တိုက်ခိုက်စမ်းပါ!"
ကျန့်ကျန်းလည်း ဆွံ့အသွားခဲ့သည်။
နတ်ဆိုးဂိုဏ်းသားများသည် အခြေအနေကို ကိုကြားသိပြီးနောက် ကျန့်ကျန်း၏အမိန့်ပေးချက်အရ အားလုံးစုဝေးခဲ့ကြပြီး လူစိမ်းရှစ်ယောက်ဆီသို့ ဝိုင်းအုံလာခဲ့ကြသည်။
"ဖီ! ဒီလူတွေက အလကားနေရင်း ပြသနာလာရှာနေကြတာပဲ"
"လူ့အရေခွံခြုံထားတဲ့ မကောင်းဆိုး၀ါးကောင်တွေ!"
"ဂိုဏ်းချုပ်၊ ငါတို့ အခု ဘာလုပ်ရမလဲ"
လူအချို့က သူတို့၏တည်နေရာကို ရှာတွေ့သွားပြီးဖြစ်တာကြောင့် အခြားသူတွေလည်း လိုက်လာကြတာတော့မှာ သေချာသလောက်ပင်ဖြစ်သည်။
ရှီရှန်းက သူ့ဓားကို မြှောက်လိုက်ပြီး ၀င့်၀ါစွာ ပြောလိုက်သည်။
"ဘာတွေကြောက်နေတာလဲ ဘယ်လောက်ပဲ လာလာ အကုန်လုံးကို သတ်ပစ်လိုက် !"
နတ်ဆိုးဂိုဏ်းသားများ "... "
'ဂိုဏ်းချုပ် ကျွန်တော်တို့ရဲ့ဒူးထောက်ခစားခြင်းကို လက်ခံပေးပါ'
ကျန့်ကျန်းကတော့ ရှီရှန်းကိုကြည့်ကာ တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး အေးစက်စက်ပုံစံဖြင့် ထွက်ခွာသွားခဲ့သည်။
ရှီရှန်းက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည် ။
'ငါ နင့်ကို ဘာလုပ်မိလို့လဲ နင်က ဘာကိုစိတ်ကောက်ပြန်တာလဲ?!'
ရှီရှန်းသည် ပိုင်လော့နှင့် အနီရောင်ဝတ်အမျိုးသမီးဆီကို သွားသောအခါတွင် သူမတို့၂ဦးလုံး နိုးနေကြပြီဖြစ်သည်။အနီရောင်၀တ်အမျိုးသမီးက ကုတင်ပေါ်တွင် ထိုင်နေပြီး အတွေးများပျောက်ဆုံးနေပုံရသည်။
ပိုင်လော့က ဆေးပန်းကန်လုံးကိုကိုင်ပြီး ဘေးမှာ ရပ်နေပြီး ဂရုတစိုက်ဖျောင်းဖျနေလေ၏။
"အစ်မဝေဝေ အစ်ကိုကြီးရှန်က အရည်အချင်းရှိသူပါ သူ အဆင်ပြေပါလိမ့်မယ် သူ့ကို မရှာခင် မင်း အနားယူပြီး သက်သာအောင်လုပ်ရမယ်လေ...."
"ဂိုဏ်းချုပ်.."
ရှီရှန်းကိုမြင်တော့ ပိုင်လော့က လှမ်းနှုတ်ဆက်လိုက်သဖြင့် ကျိုးဝေဝေ၏အာရုံကို ပစ္စုပ္ပန်ဆီသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
သူမက ရှီရှန်းကို လှမ်း၍ စူးစမ်းသည်။
"မင်းက ၀ူကျန်းလား" သူမက လုံး၀ယဉ်ကျေးမှုမရှိသောလေသံဖြင့် မေးလိုက်သည်။
"ဘာလဲ? ပြဿနာရှိလား?"
ရှီရှန်းက ကျိုးဝေဝေကိုကြည့်ရင်း လက်ပိုက်ကာ ကုလားထိုင်ပေါ်တွင်ထိုင်လိုက်သည်။
ကျိုးဝေဝေ ရုတ်တရက် ချောင်းဆိုးသွားသဖြင့် ပိုင်လော့ က သူမနောက်ကျောကို ပွတ်ပေးဖို့ ဆေးပန်းကန်လုံးကို အမြန်ချလိုက်သည်။ချောင်းဆိုးရပ်တန့်သွားသည်နှင့် သူမ၏မျက်နှာသည် ဖြူဖျော့လာပြီး ကျောက်စိမ်းနှင့်တူသော လက်ချောင်းများက ဂါ၀န်စကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသောကြောင့် လက်ဆစ်များ ဖြူစုပ်လာကြသည်။
ထို့နောက် "ရှန်းရှင်းဟိုင်းက မင်းနဲ့ ဘာအပေးအယူလုပ်ခဲ့တာလဲ" ဟု သူမက မေးခဲ့သည်။
"အခုချိန်ကစပြီး မင်းကို ငါပိုင်သွားပြီ"
ရှီရှန်းက ပြုံးလိုက်သည်။
ကျိုးဝေဝေတစ်ယောက် အံ့အားသင့်သွားပြီး ပိုင်လော့လည်း ထိတ်လန့်သွားခဲ့သည်။
"ဂိုဏ်းချုပ်.."
'အစ်ကိုကြီးရှန်က အဲ့လိုပြောခဲ့တာမဟုတ်ပါဘူး...?'
ရှီရှန်းက ရှန့်ရှင်းဟိုင် သူမကို အမှန်တကယ်ပဲပြောခဲ့သလို ပြုံးပြီးကြည့်နေတယ်။
ကျိုးဝေဝေ ကုတင်ပေါ်ကနေ ရုတ်တရက်ထလာပေမယ့် သူမရဲ့ခြေထောက်တွေ မြေပြင်ကိုထိလိုက်တာနဲ့ ဒဏ်ရာတွေက ကိုက်ခဲနာကျင်လာတာကြောင့် ခန္ဓာကိုယ်က ခွန်အားတွေ ပျောက်ဆုံးသွားခဲ့ပြန်သည်။
"အစ်မဝေဝေ အလျင်မလိုနဲ့ မင်းဒဏ်ရာတွေက အရမ်းပြင်းထန်တယ်!"
ပိုင်လော့က ကျိုးဝေဝေကို စိုးရိမ်စွာ ကူညီပေးခဲ့သည်။
"ဂိုဏ်းချုပ်က စနောက်နေရုံပါ....စိတ်မပူပါနဲ့ အစ်ကိုကြီးရှန်က အဲ့လိုပြောခဲ့တာမဟုတ်ပါဘူး"
ရှီရှန်းကသူမကို လှမ်းကြည့်လာတာကြောင့် ပိုင်လော့လည်း အနည်းငယ် စိတ်မသက်မသာ ခံစားရပြီး ရှီရှန်း၏အကြည့်ကို ရှောင်ရှားရန် ခေါင်းငုံ့ထားလိုက်သည်။
"ထွက်သွားဖို့ မင်းရွေးချယ်နိုင်တယ် ဒါပေမယ့် ငါ ရှန့်ရှင်းဟိုင်ကို အလျှော့ပေးမှာမဟုတ်ဘူး"
ရှီရှန်းက စကားလုံးအနည်းငယ်ပြောပြီး ထွက်သွားခဲ့သည်။
သူမကသူတို့ကို နတ်ဆိုးဂိုဏ်းထံ ခေါ်သွားမည်ဟုသာ ကတိပေးခဲ့ပြီး စောင့်ကြည့်နေမည်ဟု မဆိုလိုပေ။
ကျိုးဝေဝေသည် တံခါးမှမထွက်မီမှာပင်မူးလဲသွားခဲ့သောကြောင့် အဆုံးတွင် ထွက်မသွားခဲ့ပေ။
နတ်ဆိုးဂိုဏ်းသို့ ရောက်လာသူများ ပိုမိုများပြားလာခဲ့ပြီး သိုင်းလောကသားများ၊နိုင်ငံရေးသမားများအပြင် သာမန်ပြည်သူများပင်ပါ၀င်သည်။
"ငါတို့ နတ်ဆိုးဂိုဏ်းက အဲဒီလူတွေနဲ့ ဘယ်တုန်းက ရန်ငြှိုး ရှိခဲ့တာလဲ"
တတိယအသုတ်လူတွေကိုသတ်ပြီးနောက် ရှီရှန်းက သူမဘေးနားကလူတွေကို မေးရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။
ဇာတ်လိုက်မနှစ်ယောက်ရောက်လာသည်မှလွဲ၍ နတ်ဆိုးဂိုဏ်းတွက် ဘာမှပြောင်းလဲခြင်းမရှိခဲ့ချေ။
"ဂိုဏ်းချုပ် ကျွန်တော်သိပြီ! ကျွန်တော်သိပြီ!" ဂိုဏ်းသားတစ်ဦးက သူ့လက်ကို မြှောက်လိုက်သည်။
"ပြောပါ"
ဂိုဏ်းသားက သူသိသမျှကို ချက်ချင်းပြောပြလာသည်။
သိုင်းလောကတွင် လူပျောက်မှုများစွာ ဖြစ်ပွားခဲ့ပြီး ၎င်းတို့အားလုံးသည် အဆင့်မြင့်အရာရှိများ၏ သမီးများ သို့မဟုတ် နောက်ခံအမျိုးမျိုးရှိကြသော နုပျိုလှပသော အမျိုးသမီးများဖြစ်ကြသည်၊၊
"အဲ့ဒီမိန်းမတွေအားလုံးကို ပြန်ပေးဆွဲတာ ငါတို့လို့ထင်နေကြတာ" ဂိုဏ်းသားက သူ့စကားကို နိဂုံးချုပ်လိုက်သည်။
ရှီရှန်း သူတို့တွေကို ရုတ်တရက် ဓားနဲ့ရွယ်ပြီးရန်တွေ့လိုက်သည်။ "နင်တို့ ငါ မသိဘဲ မိန်းမတွေ ထွက်ခိုးနေကြတာလား!"
နတ်ဆိုးဂိုဏ်းသားများ "…"
'ဂိုဏ်းချုပ်...ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အဲ့လောက် အထင်မသေးပါနဲ့လား'
"ဂိုဏ်းချုပ်၊ လူတွေပိုများလာပြီ"
စောင့်ကြည့်ရန် စေလွှတ်ခံရသူက ပြန်ပြေးလာခဲ့ပြီး အနောက်တွင် လူအများအပြား လိုက်ပါလာခဲ့သည်။
"ဒါက ဖူယိယွင်..."
ထင်ဖုန်းက တစ်နေရာမှ ပေါ်လာပြီး ကျန့်ကျန်းက သူ့ကို ရှီရှန်းဘေးတွန်းပို့လိုက်သည်။
ထို့နောက်သူက ခါးထောက်လျက် ရပ်နေပြီး ထီမထင်သော အပြုအမူဖြင့်လှမ်းအော်လိုက်သည်။
"ဖူယိယွင်! မင်းဒီကိုဘာလာလုပ်တာလဲ!?"
ရှီရှန်းက ထင်ဖုန်းကို ကြည့်လိုက်သည်။
'ဒီငကြောင်ကို သော့ခတ်ထားဖို့ မင်းကို ငါပြောခဲ့တယ် မဟုတ်ဖူးလား'
ထင်ဖုန်းက အပြစ်မကင်းခံစားလိုက်ရသည်။ 'ကျွန်တော်မလုပ်နိုင်ခဲ့ဘူး!'
ဖူယိယွင် နှင့် အခြားသူများ ဆယ်မီတာအကွာတွင် ရပ်သွားကြသည်။
"ကျန့်ကျန်း...ပိုင်လော့ကို လက်လွှဲပေးလိုက်စမ်း"
"မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ မင်းပြောတိုင်း ငါကဘာလုပ်ရမှာလဲ"
ကျန့်ကျန်းက အေးစက်စွာ ခနဲ့လိုက်သည်။
"ကျန့်ကျန်း ငါ့သမီး ဘယ်မှာလဲ"
ဖူယိယွင်အနားက လူတစ်ယောက်က ဒေါသတကြီး မေးလိုက်သည်။
'ဒီဘိုးတော်က ပိုင်လော့ရဲ့အဖေဖြစ်ရမယ်...'
"မင်း သမီးကဘယ်သူလဲ .. သူမ ပျောက်သွားတာနဲ့ နတ်ဆိုးဂိုဏ်းနဲ့ဘာဆိုင်လဲ မင်းခေါင်းထဲမှာ တစ်ခုခုလွတ်နေလား"
ကျန့်ကျန်းက လူတွေကို ရန်စတဲ့နေရာမှာတော့ သူမနဲ့ တန်းတူပဲလို့ ခံစားရသည်။ တစ်ခုတည်းသော ချွင်းချက်မှာ သူသည်တိုက်ခိုက်ရာတွင် အလွန်ညံ့ဖျင်းလှသည်။
"ကျန့်ကျန်း!"
"မင်းဘိုးအေပဲ... ဘာကိုခေါ်နေတာလဲ!"
အောက်ကလူတွေက ဒေါသထွက်လွန်းသဖြင့် မျက်နှာတွေပင် စိမ်းလုနီးပါးဖြစ်ကုန်ကြသည်။
ပိုင်ဖုနှင့် ဖူယိယွင်တို့သည် အသံတိုးတိုးဖြင့် ဆွေးနွေးကြလိုက်ပြီး ပိုင်ဖုက ညှိနှိုင်းဖို့ကြိုးစားသည်။
"ဂိုဏ်းချုပ်ကျန့် ကျွန်တော်က သမီးကို ရှာချင်ရုံပါပဲ မင်းသူ့ကို ကျွန်တော့်လက်ထဲပြန်အပ်မယ်ဆိုရင် ဒီကိစ္စကို မေ့ပြီးပြန်သွားလိုက်ပါ့မယ်"
ကျန့်ကျန်းအံ့သြသွားချင်ယောင်ဆောင်လိုက်သည်။ "ဒါဆို ငါက သူမကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်ဆိုရင်တောင် မင်း ငါ့ကို အပြစ်မတင်ဘူးလား မင်း သမီးဖြစ်ရတာ တကယ်ကံဆိုးတာပဲ"
ပိုင်ဖု "... "
"နတ်ဆိုးဂိုဏ်းချုပ်ကျန့် မင်းတကယ်လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား ငါတို့ ဒီနေရာကို ဝိုင်းထားတယ် တိုက်ပွဲမရှိဘဲ လက်နက်ချမယ်ဆိုရင် ဒီဘိုးဘိုးက မင်းကို လွယ်လွယ်ကူကူသေနိုင်အောင် လုပ်ပေးနိုင်တယ်!"
"သူတို့ကို လွှဲပေး! သူတို့ကို လက်လွှဲပေး!"
"နတ်ဆိုးဂိုဏ်းချုပ်ကျန့် သူတို့ကို လက်လွှဲပေးလိုက်ပါ..."
Translated by Dora💜
Oct 15,2023
Zawgyi
သူတို႔ နတ္ဆိုးဂိုဏ္းသို႔ ျပန္ေရာက္ၿပီးေနာက္ ဂိုဏ္းဝင္အမ်ားအျပား ထိတ္လန္႔တၾကား ေျပးလာၾကတာေၾကာင့္ ႐ွီ႐ွန္းမွာ အသက္႐ႈရန္ပင္ အခြင့္အေရး မ႐ွိခဲ့ေပ။
"ဂိုဏ္းခ်ဳပ္ ငါတို႔ တိုက္ခိုက္ခံေနရတယ္!"
နတ္ဆိုးဂိုဏ္းက ေဝးလံေခါင္သီေသာ အရပ္တြင္ တည္႐ွိသည္။ systemထံမွသိရေသာ ဇာတ္ေၾကာင္းအျပင္ သူမကိုယ္တိုင္လည္း ႀကိဳးစားအားထုတ္ၿပီးမွသာ ဤေနရာကို ႐ွာေတြ႕ခဲ့ျခင္းျဖစ္သည္။
'တစ္ေယာက္ေယာက္က ဒီေနရာကို တကယ္ႀကီး႐ွာေတြ႕ခဲ့တယ္လား...'
"သြားၾကည့္ရေအာင္" ႐ွီ႐ွန္းက သူမဓားကိုဆြဲထုတ္ၿပီး ဂိုဏ္းဂိတ္၀ဆီသို႔ လိုက္သြားခဲ့သည္။ ဂိတ္၀တြင္ "နတ္ဆိုးဂိုဏ္း" ဟူေသာ စကားလုံးကို ၿပီးစီးေအာင္ပင္ မထြင္းထုရေသးေပ။
႐ွီ႐ွန္းေရာက္႐ွိလာခ်ိန္တြင္ က်န္႔က်န္း သည္ တစ္စုံတစ္ဦးႏွင့္ စကားမ်ားရန္ျဖစ္ေနၿပီျဖစ္သည္။
အျခားတစ္ဖက္မွာ လူ႐ွစ္ေယာက္ပဲ႐ွိသည္။ သူတို႔အားလုံးက ဆင္တူဝတ္စုံကို ၀တ္ဆင္ထားၾကၿပီး တိုက္ခိုက္ရန္ သို႔မဟုတ္ ခုခံကာကြယ္ရန္ အသင့္ျဖစ္ေနၾကသည္။
"မင္းေျပာတိုင္းယုံရမွာလား သက္ေသျပစမ္း အေထာက္အထားမ႐ွိရင္ မင္းတို႔ေတြက နတ္ဆိုးဂိုဏ္းနဲ႔ ျပႆနာ႐ွာဖို႔ ဒီကိုေရာက္ေန႐ုံသက္သက္ပဲလို႔ ငါသံသယ႐ွိတယ္"
"ကြၽန္ေတာ္တို႔ ကိုယ္တိုင္ မ်က္ျမင္ေတြ႕ခဲ့ရတာပါ.. ဂိုဏ္းခ်ဳပ္ က်န္႔ ၊ သူမကို လက္လႊဲေပးလိုက္ပါ ငါတို႔ အခ်င္းခ်င္း ဘာမွ ျပသနာတက္စရာမလိုေတာ့ဘဲ ျပန္သြားႏိုင္ပါတယ္"
တစ္ဖက္အဖြဲ႕က က်န္႔က်န္းထက္ တည္ၿငိမ္ေနၾကသည္။
"ဘာေတြျဖစ္ေနတာလဲ?"
႐ွီ႐ွန္းက အေနာက္မွာ ရပ္ေနတဲ့ ထင္ဖုန္းကို ခပ္တိုးတိုး ေမးလိုက္သည္။
"ဒီလူေတြက ေက်ာက္စိမ္းေရစင္႐ြာကပါ သူတို႔ ရဲ႕ အႀကီးဆုံးမမေလးကို ကြၽန္ေတာ္တို႔ကဖမ္းထားတယ္လို႔ ေျပာေနၾကတယ္... အဲဒါ အဓိပၸာယ္ မ႐ွိဘူး မဟုတ္လား? ငါတို႔ ဘယ္အခ်ိန္တုန္းကက သူမကို ျပန္ေပးဆြဲမိလို႔လဲ"
ထင္ဖုန္းက အေျခအေနကို ႐ွီ႐ွန္းကို အျမန္႐ွင္းျပသည္။
"သူတို႔က ဒီေနရာကို ဘယ္လို႐ွာေတြ႕သြားၾကမွန္း မသိေပမယ့္ ဒုကၡေရာက္ေအာင္ လုပ္ေနၾကတာလို႔ ကြၽန္ေတာ္ထင္ပါတယ္"
႐ွီ႐ွန္းက အနည္းငယ္ မ်က္ေမွာင္ၾကဳတ္ကာ က်န္႔က်န္းကို သူမေနာက္ဆြဲေခၚလိုက္သည္။
"သူတို႔နဲ႔ ဘာလို႔အခ်ိန္ျဖဳန္းေနမွာလဲ တိုက္ခိုက္စမ္းပါ!"
က်န္႔က်န္းလည္း ဆြံ႕အသြားခဲ့သည္။
နတ္ဆိုးဂိုဏ္းသားမ်ားသည္ အေျခအေနကို ကိုၾကားသိၿပီးေနာက္ က်န္႔က်န္း၏အမိန္႔ေပးခ်က္အရ အားလုံးစုေဝးခဲ့ၾကၿပီး လူစိမ္း႐ွစ္ေယာက္ဆီသို႔ ဝိုင္းအုံလာခဲ့ၾကသည္။
"ဖီ! ဒီလူေတြက အလကားေနရင္း ျပသနာလာ႐ွာေနၾကတာပဲ"
"လူ႕အေရခြံျခဳံထားတဲ့ မေကာင္းဆိုး၀ါးေကာင္ေတြ!"
"ဂိုဏ္းခ်ဳပ္၊ ငါတို႔ အခု ဘာလုပ္ရမလဲ"
လူအခ်ိဳ႕က သူတို႔၏တည္ေနရာကို ႐ွာေတြ႕သြားၿပီးျဖစ္တာေၾကာင့္ အျခားသူေတြလည္း လိုက္လာၾကတာေတာ့မွာ ေသခ်ာသေလာက္ပင္ျဖစ္သည္။
႐ွီ႐ွန္းက သူ႕ဓားကို ေျမႇာက္လိုက္ၿပီး ၀င့္၀ါစြာ ေျပာလိုက္သည္။
"ဘာေတြေၾကာက္ေနတာလဲ ဘယ္ေလာက္ပဲ လာလာ အကုန္လုံးကို သတ္ပစ္လိုက္ !"
နတ္ဆိုးဂိုဏ္းသားမ်ား "... "
'ဂိုဏ္းခ်ဳပ္ ကြၽန္ေတာ္တို႔ရဲ႕ဒူးေထာက္ခစားျခင္းကို လက္ခံေပးပါ'
က်န္႔က်န္းကေတာ့ ႐ွီ႐ွန္းကိုၾကည့္ကာ တစ္စုံတစ္ခုကို ေတြးေတာေနပုံရၿပီး ေအးစက္စက္ပုံစံျဖင့္ ထြက္ခြာသြားခဲ့သည္။
႐ွီ႐ွန္းက သူ႕ကို စိတ္႐ႈပ္ေထြးစြာ ၾကည့္လိုက္သည္ ။
'ငါ နင့္ကို ဘာလုပ္မိလို႔လဲ နင္က ဘာကိုစိတ္ေကာက္ျပန္တာလဲ?!'
႐ွီ႐ွန္းသည္ ပိုင္ေလာ့ႏွင့္ အနီေရာင္ဝတ္အမ်ိဳးသမီးဆီကို သြားေသာအခါတြင္ သူမတို႔၂ဦးလုံး ႏိုးေနၾကၿပီျဖစ္သည္။အနီေရာင္၀တ္အမ်ိဳးသမီးက ကုတင္ေပၚတြင္ ထိုင္ေနၿပီး အေတြးမ်ားေပ်ာက္ဆုံးေနပုံရသည္။
ပိုင္ေလာ့က ေဆးပန္းကန္လုံးကိုကိုင္ၿပီး ေဘးမွာ ရပ္ေနၿပီး ဂ႐ုတစိုက္ေဖ်ာင္းဖ်ေနေလ၏။
"အစ္မေဝေဝ အစ္ကိုႀကီး႐ွန္က အရည္အခ်င္း႐ွိသူပါ သူ အဆင္ေျပပါလိမ့္မယ္ သူ႕ကို မ႐ွာခင္ မင္း အနားယူၿပီး သက္သာေအာင္လုပ္ရမယ္ေလ...."
"ဂိုဏ္းခ်ဳပ္.."
႐ွီ႐ွန္းကိုျမင္ေတာ့ ပိုင္ေလာ့က လွမ္းႏႈတ္ဆက္လိုက္သျဖင့္ က်ိဳးေဝေဝ၏အာ႐ုံကို ပစၥဳပၸန္ဆီသို႔ ျပန္လည္ေရာက္႐ွိေစခဲ့သည္။
သူမက ႐ွီ႐ွန္းကို လွမ္း၍ စူးစမ္းသည္။
"မင္းက ဝူက်န္းလား" သူမက လုံး၀ယဥ္ေက်းမႈမ႐ွိေသာေလသံျဖင့္ ေမးလိုက္သည္။
"ဘာလဲ? ျပႆနာ႐ွိလား?"
႐ွီ႐ွန္းက က်ိဳးေဝေဝကိုၾကည့္ရင္း လက္ပိုက္ကာ ကုလားထိုင္ေပၚတြင္ထိုင္လိုက္သည္။
က်ိဳးေဝေဝ ႐ုတ္တရက္ ေခ်ာင္းဆိုးသြားသျဖင့္ ပိုင္ေလာ့ က သူမေနာက္ေက်ာကို ပြတ္ေပးဖို႔ ေဆးပန္းကန္လုံးကို အျမန္ခ်လိုက္သည္။ေခ်ာင္းဆိုးရပ္တန္႔သြားသည္ႏွင့္ သူမ၏မ်က္ႏွာသည္ ျဖဴေဖ်ာ့လာၿပီး ေက်ာက္စိမ္းႏွင့္တူေသာ လက္ေခ်ာင္းမ်ားက ဂါ၀န္စကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားေသာေၾကာင့္ လက္ဆစ္မ်ား ျဖဴစုပ္လာၾကသည္။
ထို႔ေနာက္ "႐ွန္း႐ွင္းဟိုင္းက မင္းနဲ႔ ဘာအေပးအယူလုပ္ခဲ့တာလဲ" ဟု သူမက ေမးခဲ့သည္။
"အခုခ်ိန္ကစၿပီး မင္းကို ငါပိုင္သြားၿပီ"
႐ွီ႐ွန္းက ျပဳံးလိုက္သည္။
က်ိဳးေဝေဝတစ္ေယာက္ အံ့အားသင့္သြားၿပီး ပိုင္ေလာ့လည္း ထိတ္လန္႔သြားခဲ့သည္။
"ဂိုဏ္းခ်ဳပ္.."
'အစ္ကိုႀကီး႐ွန္က အဲ့လိုေျပာခဲ့တာမဟုတ္ပါဘူး...?'
႐ွီ႐ွန္းက ႐ွန္႔႐ွင္းဟိုင္ သူမကို အမွန္တကယ္ပဲေျပာခဲ့သလို ျပဳံးၿပီးၾကည့္ေနတယ္။
က်ိဳးေဝေဝ ကုတင္ေပၚကေန ႐ုတ္တရက္ထလာေပမယ့္ သူမရဲ႕ေျခေထာက္ေတြ ေျမျပင္ကိုထိလိုက္တာနဲ႔ ဒဏ္ရာေတြက ကိုက္ခဲနာက်င္လာတာေၾကာင့္ ခႏၶာကိုယ္က ခြန္အားေတြ ေပ်ာက္ဆုံးသြားခဲ့ျပန္သည္။
"အစ္မေဝေဝ အလ်င္မလိုနဲ႔ မင္းဒဏ္ရာေတြက အရမ္းျပင္းထန္တယ္!"
ပိုင္ေလာ့က က်ိဳးေဝေဝကို စိုးရိမ္စြာ ကူညီေပးခဲ့သည္။
"ဂိုဏ္းခ်ဳပ္က စေနာက္ေန႐ုံပါ....စိတ္မပူပါနဲ႔ အစ္ကိုႀကီး႐ွန္က အဲ့လိုေျပာခဲ့တာမဟုတ္ပါဘူး"
႐ွီ႐ွန္းကသူမကို လွမ္းၾကည့္လာတာေၾကာင့္ ပိုင္ေလာ့လည္း အနည္းငယ္ စိတ္မသက္မသာ ခံစားရၿပီး ႐ွီ႐ွန္း၏အၾကည့္ကို ေ႐ွာင္႐ွားရန္ ေခါင္းငုံ႔ထားလိုက္သည္။
"ထြက္သြားဖို႔ မင္းေ႐ြးခ်ယ္ႏိုင္တယ္ ဒါေပမယ့္ ငါ ႐ွန္႔႐ွင္းဟိုင္ကို အေလွ်ာ့ေပးမွာမဟုတ္ဘူး"
႐ွီ႐ွန္းက စကားလုံးအနည္းငယ္ေျပာၿပီး ထြက္သြားခဲ့သည္။
သူမကသူတို႔ကို နတ္ဆိုးဂိုဏ္းထံ ေခၚသြားမည္ဟုသာ ကတိေပးခဲ့ၿပီး ေစာင့္ၾကည့္ေနမည္ဟု မဆိုလိုေပ။
က်ိဳးေဝေဝသည္ တံခါးမွမထြက္မီမွာပင္မူးလဲသြားခဲ့ေသာေၾကာင့္ အဆုံးတြင္ ထြက္မသြားခဲ့ေပ။
နတ္ဆိုးဂိုဏ္းသို႔ ေရာက္လာသူမ်ား ပိုမိုမ်ားျပားလာခဲ့ၿပီး သိုင္းေလာကသားမ်ား၊ႏိုင္ငံေရးသမားမ်ားအျပင္ သာမန္ျပည္သူမ်ားပင္ပါ၀င္သည္။
"ငါတို႔ နတ္ဆိုးဂိုဏ္းက အဲဒီလူေတြနဲ႔ ဘယ္တုန္းက ရန္ၿငႇိဳး ႐ွိခဲ့တာလဲ"
တတိယအသုတ္လူေတြကိုသတ္ၿပီးေနာက္ ႐ွီ႐ွန္းက သူမေဘးနားကလူေတြကို ေမး႐ုံမွတစ္ပါး အျခားမတတ္ႏိုင္ခဲ့ေပ။
ဇာတ္လိုက္မႏွစ္ေယာက္ေရာက္လာသည္မွလြဲ၍ နတ္ဆိုးဂိုဏ္းတြက္ ဘာမွေျပာင္းလဲျခင္းမ႐ွိခဲ့ေခ်။
"ဂိုဏ္းခ်ဳပ္ ကြၽန္ေတာ္သိၿပီ! ကြၽန္ေတာ္သိၿပီ!" ဂိုဏ္းသားတစ္ဦးက သူ႕လက္ကို ေျမႇာက္လိုက္သည္။
"ေျပာပါ"
ဂိုဏ္းသားက သူသိသမွ်ကို ခ်က္ခ်င္းေျပာျပလာသည္။
သိုင္းေလာကတြင္ လူေပ်ာက္မႈမ်ားစြာ ျဖစ္ပြားခဲ့ၿပီး ၎တို႔အားလုံးသည္ အဆင့္ျမင့္အရာ႐ွိမ်ား၏ သမီးမ်ား သို႔မဟုတ္ ေနာက္ခံအမ်ိဳးမ်ိဳး႐ွိၾကေသာ ႏုပ်ိဳလွပေသာ အမ်ိဳးသမီးမ်ားျဖစ္ၾကသည္၊၊
"အဲ့ဒီမိန္းမေတြအားလုံးကို ျပန္ေပးဆြဲတာ ငါတို႔လို႔ထင္ေနၾကတာ" ဂိုဏ္းသားက သူ႕စကားကို နိဂုံးခ်ဳပ္လိုက္သည္။
႐ွီ႐ွန္း သူတို႔ေတြကို ႐ုတ္တရက္ ဓားနဲ႔႐ြယ္ၿပီးရန္ေတြ႕လိုက္သည္။ "နင္တို႔ ငါ မသိဘဲ မိန္းမေတြ ထြက္ခိုးေနၾကတာလား!"
နတ္ဆိုးဂိုဏ္းသားမ်ား "…"
'ဂိုဏ္းခ်ဳပ္...ေက်းဇူးျပဳၿပီး ကြၽန္ေတာ္တို႔ကို အဲ့ေလာက္ အထင္မေသးပါနဲ႔လား'
"ဂိုဏ္းခ်ဳပ္၊ လူေတြပိုမ်ားလာၿပီ"
ေစာင့္ၾကည့္ရန္ ေစလႊတ္ခံရသူက ျပန္ေျပးလာခဲ့ၿပီး အေနာက္တြင္ လူအမ်ားအျပား လိုက္ပါလာခဲ့သည္။
"ဒါက ဖူယိယြင္..."
ထင္ဖုန္းက တစ္ေနရာမွ ေပၚလာၿပီး က်န္႔က်န္းက သူ႕ကို ႐ွီ႐ွန္းေဘးတြန္းပို႔လိုက္သည္။
ထို႔ေနာက္သူက ခါးေထာက္လ်က္ ရပ္ေနၿပီး ထီမထင္ေသာ အျပဳအမူျဖင့္လွမ္းေအာ္လိုက္သည္။
"ဖူယိယြင္! မင္းဒီကိုဘာလာလုပ္တာလဲ!?"
႐ွီ႐ွန္းက ထင္ဖုန္းကို ၾကည့္လိုက္သည္။
'ဒီငေၾကာင္ကို ေသာ့ခတ္ထားဖို႔ မင္းကို ငါေျတယ္ မဟုတ္ဖူးလား'
ထင္ဖုန္းက အျပစ္မကင္းခံစားလိုက္ရသည္။ 'ကြၽန္ေတာ္မလုပ္ႏိုင္ခဲ့ဘူး!'
ဖူယိယြင္ ႏွင့္ အျခားသူမ်ား ဆယ္မီတာအကြာတြင္ ရပ္သြားၾကသည္။
"က်န္႔က်န္း...ပိုင္ေလာ့ကို လက္လႊဲေပးလိုက္စမ္း"
"မင္းကိုယ္မင္း ဘယ္သူလို႔ထင္ေနတာလဲ မင္းေျပာတိုင္း ငါကဘာလုပ္ရမွာလဲ"
က်န္႔က်န္းက ေအးစက္စြာ ခနဲ႔လိုက္သည္။
"က်န္႔က်န္း ငါ့သမီး ဘယ္မွာလဲ"
ဖူယိယြင္အနားက လူတစ္ေယာက္က ေဒါသတႀကီး ေမးလိုက္သည္။
'ဒီဘိုးေတာ္က ပိုင္ေလာ့ရဲ႕အေဖျဖစ္ရမယ္...'
"မင္း သမီးကဘယ္သူလဲ .. သူမ ေပ်ာက္သြားတာနဲ႔ နတ္ဆိုးဂိုဏ္းနဲ႔ဘာဆိုင္လဲ မင္းေခါင္းထဲမွာ တစ္ခုခုလြတ္ေနလား"
က်န္႔က်န္းက လူေတြကို ရန္စတဲ့ေနရာမွာေတာ့ သူမနဲ႔ တန္းတူပဲလို႔ ခံစားရသည္။ တစ္ခုတည္းေသာ ခြၽင္းခ်က္မွာ သူသည္တိုက္ခိုက္ရာတြင္ အလြန္ညံ့ဖ်င္းလွသည္။
"က်န္႔က်န္း!"
"မင္းဘိုးေအပဲ... ဘာကိုေခၚေနတာလဲ!"
ေအာက္ကလူေတြက ေဒါသထြက္လြန္းသျဖင့္ မ်က္ႏွာေတြပင္ စိမ္းလုနီးပါးျဖစ္ကုန္ၾကသည္။
ပိုင္ဖုႏွင့္ ဖူယိယြင္တို႔သည္ အသံတိုးတိုးျဖင့္ ေဆြးေႏြးၾကလိုက္ၿပီး ပိုင္ဖုက ညႇိႏိႈင္းဖို႔ႀကိဳးစားသည္။
"ဂိုဏ္းခ်ဳပ္က်န္႔ ကြၽန္ေတာ္က သမီးကို ႐ွာခ်င္႐ုံပါပဲ မင္းသူ႕ကို ကြၽန္ေတာ္႕လက္ထဲျပန္အပ္မယ္ဆိုရင္ ဒီကိစၥကို ေမ့ၿပီးျပန္သြားလိုက္ပါ့မယ္"
က်န္႔က်န္းအံ့ၾသသြားခ်င္ေယာင္ေဆာင္လိုက္သည္။ "ဒါဆို ငါက သူမကို ဒဏ္ရာရေအာင္လုပ္ခဲ့တယ္ဆိုရင္ေတာင္ မင္း ငါ့ကို အျပစ္မတင္ဘူးလား မင္း သမီးျဖစ္ရတာ တကယ္ကံဆိုးတာပဲ"
ပိုင္ဖု "... "
"နတ္ဆိုးဂိုဏ္းခ်ဳပ္က်န္႔ မင္းတကယ္လြတ္ေျမာက္ႏိုင္မယ္လို႔ ထင္ေနတာလား ငါတို႔ ဒီေနရာကို ဝိုင္းထားတယ္ တိုက္ပြဲမ႐ွိဘဲ လက္နက္ခ်မယ္ဆိုရင္ ဒီဘိုးဘိုးက မင္းကို လြယ္လြယ္ကူကူေသႏိုင္ေအာင္ လုပ္ေပးႏိုင္တယ္!"
"သူတို႔ကို လႊဲေပး! သူတို႔ကို လက္လႊဲေပး!"
"နတ္ဆိုးဂိုဏ္းခ်ဳပ္က်န္႔ သူတို႔ကို လက္လႊဲေပးလိုက္ပါ..."
Translated by Dora💜
Oct 15,2023