ၾကင္ယာေတာ္ေရွာင္၏လက္စားေခ်ျခင...

By NanThancho

521K 58.8K 1.7K

ေရွာင္က်န္႔ : စိတ္မပူနဲ႔ မင္းတို႔ေတြကို ဒီအစ္ကိုေလးက ေကာင္းေကာင္းလက္စားေခ်မွာ ဇာတ္လိုက္ကို လည္း အလြတ္မေပးဘူး ... More

part - 1 (Z+U)
part -2 (Z+U)
part - 3 (Z+U)
part - 4 (Z+U)
part - 5 (Z+U)
part - 6 (Z+U)
part -7 (Z+U)
part - 8 (Z+U)
part - 9 (Z+U)
part - 10 (Z+U)
part - 11 (Z+U)
part - 12 (Z+U)
part - 13 (Z+U)
part - 14 (Z+U)
part - 15 (Z+U)
part - 16 (Z+U)
part - 17 ( Z+U )
part - 18 ( Z+U ) 🔞🚨🚫
part - 19 ( Z+U )
part - 20 ( Z+U )
part - 21 ( Z+U )
part - 22 ( Z+U )
part - 23 ( Z+U )
part - 24
part - 25
part - 26
part - 27
part - 28
part - 29
part - 30
part - 31
part - 32
part - 33
part - 34
part - 35
part - 36
part - 37
part - 38
part - 39
(အသိေပး စာ / အသိပေး စာ)
part - 40
part - 41
part - 42
part - 43
part - 44
part - 45
part - 46
part - 47
part - 48
part - 49
စာဖတ္သူတို႔အား ေပးစာ / စာဖတ်သူတို့အား ပေးစာ
part - 50
part - 51
part. 52
ဝန္ခံျခင္း / ဝန်ခံခြင်း
part. 53
part - 54
part - 55
part. 56
part. 57
part. 58
59.
စာဖတ္သူတို႔အား ေပးစာ
60.
61.
62.
63.
64.
65.
66.
67.
68.
69.
70.
71.
72
73
74
76
77
78
79
80
81
82
83
84
85
86
87 (end)

75

849 116 0
By NanThancho

((Z))

- ဝမ္ရီခ်န္း ရဲ႕ ကတိ

ဝမ္ရီခ်န္း က မလာစဖူး အလာထူးတဲ့ သူ႕ရဲ႕ထူးကဲတဲ့ ညီေတာ္ကို ၾကည့္လိုက္သည္။

" ဘာအေၾကာင္းေၾကာင့္ မင္းက ငါ့ကို လာရွာရတာလဲ။
ပံုမွန္ဆို ငါကသာ မင္းကို သြားေတြ႕ေနၾကပါ။
မင္းက ငါ့ဆီကို လာတာက ရွားမွရွား"

ဝမ္ရိေပၚ က ထိုသို႔ၾကားေတာ့ ေခါင္းညိတ္ၿပီးၿပံဳးကာ
" အစ္ကိုေတာ္ က ကြၽန္ေတာ့္ကို နားလည္တာ ဝမ္းသာစရာပဲ။
ဒါဆို ကြၽန္ေတာ္ အခ်ိန္အမ်ားႀကီး သံုးစရာမလိုေတာ့ဘူး "

ဝမ္ရီခ်န္း က ထိုသို႔ၾကားေတာ့ ဆက္ေျပာခ်င္တဲ့စကားေတြကို ျပန္မ်ဳိခ်လိုက္လို႔ နင္သြားမတတ္ျဖစ္သြားရသည္။ သူက သူ႕ညီေတာ္ကို ေျပာစရာမဲ့စြာ ၾကည့္လိုက္သည္။

ဝမ္ရိေပၚက ထိုသိုျမင္ေပမယ့္ မတုန္မလႈပ္ျဖင့္ သူလိုရာကို တည္ၿငိမ္စြာ ေျပာလိုက္သည္။

" ကြၽန္ေတာ္ အိမ္ေရွ႕စံရာထူးကို စြန္႔လြတ္ဖို႔ ဆံုးျဖတ္လိုက္ၿပီး...။
ဒါေၾကာင့္ မၾကာခင္ အိမ္ေရွ႕စံကို ျပန္ေရြးရမယ္။
အစ္ကိုေတာ္က အဲဒီလူ ျဖစ္မယ္။
ကြၽန္ေတာ္ မယ္ေတာ္ႀကီး နဲ႔ သေဘာတူညီခ်က္ေတြ လုပ္ၿပီး မိဖုရားႀကီးကို လြတ္ဖို႔ေတြးလိုက္ၿပီး။
ဒါေၾကာင့္ အစ္ကိုေတာ္က သူမအတြက္ စိတ္ပူစရာမလိုပဲ အိမ္ေရွ႕စံရာထူးကို ယူၿပီး ဝမ္တိုင္းျပည္ရဲ႕တာဝန္ကို ေကာင္းေကာင္းလုပ္ပါ"

" ေနအံုး... ေနအံုး...
ငါ့ စိတ္ကို ၿငိမ္ၿငိမ္ေလးထားပါရေစအံုး "

ဝမ္ရီခ်န္းက ထိတ္လန္႔စရာအေၾကာင္းအရာမ်ားစြာကို တခါတည္း ၾကားသိလိုက္ရလို႔ စိတ္ကို ဘယ္လိုထားရမလဲ မသိျဖစ္သြားသည္။ သူက စိတ္ကို တည္ၿငိမ္ေအာင္ အရင္ထိန္းလိုက္ၿပီး ေခါင္းကိုရွင္းေအာင္ထားလိုက္သည္။
ထိုေနာက္ သူ႕ကို စိတ္လႈပ္ရွားၿပီး ေသေစခ်င္တဲ့ ညီေတာ္ကို ၾကည့္လိုက္သည္။

"အခု စိတ္ၿငိမ္လာၿပီးလား...
ဒီေလာက္ေလးနဲ႔ စိတ္႐ႈပ္ေထြးေနရင္ အိမ္ေရွ႕စံေနရာကို
ေမွ်ာ္လင့္ခ်က္ရိွပါ့မလား "

ဝမ္ရီခ်န္းက ထိုသို႔ၾကားေတာ့ မ်က္လံုးကိုလိွမ့္မိသြားၿပီး ထိန္းထားတဲ့စိတ္ေတြလြတ္ခ်င္သြားသည္။ သူက စကားတစ္လံုးစီကို ဤသို႔တည္ၿငိမ္စြာ ေျပာလိုက္သည္။

" ငါ...အခု စိတ္ၿငိမ္ၿပီး...
မင္း ဘာေျပာခ်င္ေသးလဲ
ေျပာခ်င္တာေျပာ"

ထိုသို႔ၾကားေတာ့ ဝမ္ရိေပၚက လက္ခနဲၿပံဳးၿပီး ေခါင္းညိတ္လိုက္သည္။

" ဒါမွေပါ့...
ကြၽန္ေတာ္ အစ္ကိုေတာ္ဆီက ကတိတစ္ခု ေတာင္းခ်င္လို႔"

ဝမ္ရီခ်န္းက ထိုသို႔ၾကားေတာ့ ေလးနက္သြားၿပီး ဝမ္ရိေပၚကို တည္ၿငိမ္စြာ ေမးလိုက္သည္။

" ဘာကတိလဲ "

" ဝမ္တိုင္းျပည္ရဲ႕တာဝန္ကို ထမ္းေဆာင္ေနခ်ိန္ ေရွာင္အိမ္ေတာ္ကို မထိပါးဘူးဆိုတဲ့ ကတိေပး "

" ဟမ္...'' ဝမ္ရီခ်န္းက ဝမ္ရိေပၚကို နားမလည္တဲ့မ်က္လံုးနဲ႔ ၾကည့္လိုက္သည္။

" မင္းက ဘာကိုဆိုလိုတာလဲ။
မင္းက မင္း ၾကင္ယာေတာ္ရဲ႕ မိသားစုကို မ်က္ႏွာသာေပးၿပီး ကာကြယ္မလို႔လား။
သူတို႔ဘာလုပ္လုပ္ ငါက ခြင့္လြတ္ရမလား။
ငါက အိမ္ေရွ႕စံ ရာထူးကို ယူၿပီး အနာဂတ္ မွာ ဝမ္တိုင္းျပည္ကို အုပ္ခ်ဳပ္ဖို႔ သူတို႔မ်က္ႏွာၾကည့္ရမလား။
မင္းက သူ႕တိုကို ဘက္မလိုက္လြန္းဘူးလား..."

ဝမ္ရီခ်န္းက ေျပာရင္းနဲ႔ ခနဲ႔ၿပံဳးတစ္ခ်က္ၿပံဳးၿပီး ဝမ္ရိေပၚကို  ၾကည့္လိုက္သည္။

ဝမ္ရိေပၚက ေခါင္းခါလိုက္ၿပီး
" အဲ့လို မဟုတ္ဘူး...
ကြၽန္ေတာ္ ဆိုလိုတာ ေရွာင္အိမ္ေတာ္ကို အျပစ္မရိွအျပစ္မရွာဖို႔ပဲ။
သူတို႔ကို ဘက္လိုက္ရေအာင္ သူတို႔က က်န္႔က်န္႔အေပၚ ေကာင္းခဲ့တာမဟုတ္ဘူး။
ကြၽန္ေတာ္ က ဝမ္တိုင္းျပည္ရဲ႕ကာကြယ္ေရးတာဝန္ကို ၾကာရွည္စြာ ထမ္းေဆာင္လာတဲ့ စစ္သူႀကီးေရွာင္ကို ညီလာခံသဘင္မွာ မႏိွပ္ကြပ္ေစခ်င္တာပဲရိွတယ္။
သူ႕ရဲ႕ သားသမီးေတြနဲ႔ေဆြမ်ဳိးေတြကိုေတာ့ သူတို႔ဘာလုပ္လုပ္ သူတို႔ရဲ႕လုပ္ရပ္ေတြကို တာဝန္ယူေစရမယ္။
သူတို႔မွာ အရည္အခ်င္းနဲ႔ လုပ္ႏိုင္စြမ္းရိွရင္ သူတို႔နဲ႔သက္ဆိုင္ရာ ရာထူးတာဝန္ကို ရမွာပဲ။
မရိွရင္ ေမ့လိုက္ေတာ့။
ကြၽန္ေတာ္ သူတို႔ကို ဂ႐ုစိုက္ခ်င္တာ မဟုတ္ဘူး။
ေရွာင္အိမ္ေတာ္ အဆင္ေျပေနေသးသ၍ ဘာမွမျဖစ္ဘူး"

ဝမ္ရီခ်န္းက ထိုသို႔ၾကားေတာ့ ဝမ္ရိေပၚကို ၾကည့္ၿပီး ၿငိမ္သြားသည္။ ခဏၾကာေတာ့ သူက မ်က္ေတာင္ကို ခပ္ၿပီး ဝမ္ရိေပၚကို ေလးနက္စြာၾကည့္လိုက္သည္။

" ေကာင္းၿပီ...
ငါ မင္းကို ကတိေပးတယ္။
ငါ နန္းတက္ခ်ိန္ ဘာအေၾကာင္းေၾကာင့္ဘဲျဖစ္ျဖစ္ ေရွာင္အိမ္ေတာ္ကို မၿပိဳလဲေစရဘူး။ "

ဝမ္ရိေပၚ စိတ္ခ်စြာ ၿပံဳးလိုက္ၿပီး
" ေက်းဇူးပဲ အစ္ကိုေတာ္..
ေနာင္တခ်ိန္မွာ အစ္ကိုေတာ္ လိုအပ္တာရိွရင္ ကြၽန္ေတာ့္ကို ေျပာပါ...
ကြၽန္ေတာ္ ကူညီေပးမယ္"

ဝမ္ရီခ်န္းက ထိုသို႔ၾကားေတာ့ သူ႕ကို မေက်နပ္စြာ တစ္ခ်က္ၾကည့္ၿပီး
" ဟန္႔... မင္းက ငါကတိမေပးရင္ ငါလိုအပ္ခ်ိန္ မကူညီဘူးေပါ့"

ဝမ္ရိေပၚက ေခါင္းခါလိုက္သည္။
" မဟုတ္ပါဘူး... "

ထိုမွ ဝမ္ရီခ်န္းက ေက်နပ္စြာ ေခါင္းညိတ္လိုက္သည္။ ဒါေပမဲ့ သူက ဝမ္ရိေပၚ ဆက္ေျပာတာကို ၾကားလိုက္ရသည္။

" ကြၽန္ေတာ္ ေတာ္ဝင္မိသားစုနဲ႔ကို မဆက္သြယ္ခ်င္တာ။
ခမည္းေတာ္ကိုေတာ့ သတိရရင္ လာေတြ႕ႏိုင္ေပမယ့္
အလုပ္႐ႈပ္မယ့္ အစ္ကိုေတာ္ကိုေတာ့ လာေတြ႕ေတာ့မွာ မဟုတ္ဘူး "

ဝမ္ရီခ်န္းက စိတ္ပ်က္စြာနဲ႔ သူ႕ကိုၾကည့္လိုက္ၿပီး သက္ျပင္းခ်လိုက္သည္။

" ဟား... ငါ မွားတာ မင္းကို ခံစားခ်က္ရိွလာၿပီလို႔ထင္တာ။
အခုက မင္းက မင္းၾကင္ယာေတာ္နဲ႔မင္းရဲ႕ကိုယ္ပိုင္မိသားစု ကိုသာ အေလးထားၿပီး ဂ႐ုတစိုက္ရိွတာ။
ငါ့လို အေမမတူတဲ့ အစ္ကိုေတာ္ကို ရိွတယ္လို႔သာ မထင္တာ "
သူက ေျပာၿပီး ဝမ္းနည္းစြာနဲ႔ မ်က္လံုးကို မိွတ္လိုက္တယ္။

ဝမ္ရိေပၚက အျဖစ္သည္းတဲ့ သူ႕ကိုၾကည့္လိုက္ၿပီး
" အစ္ကိုေတာ္ကို ရိွတယ္လို႔သာမထင္ရင္ ကြၽန္ေတာ္ က အေရးတႀကီးနဲ႔ ဒီေန႔ဒီအခ်ိန္ လာေတြ႕ပါ့မလား "

ဝမ္ရီခ်န္းက ဖ်က္ခနဲ မ်က္လံုးဖြင့္ကာ သူ႕ကိုၾကည့္လိုက္ၿပီး
" မင္းေျပာမွ ပိုဆိုးတယ္။
တိတ္တိတ္ေနေတာ့ ငါ စိတ္နာေနတယ္။
ဒီလိုစ႐ိုက္နဲ႔ မင္း ဘယ္လိုမ်ဳိးနဲ႔ ေရွာင္က်န္႔ရဲ႕ ႏွလံုးသားကို ရတာလဲ။
ငါ နားမလည္ေတာ့ဘူး။
မင္းလိုလူက အထီးက်န္က်န္နဲ႔ေနရမွ မွတ္မွာ"

ဝမ္ရိေပၚက သူ႕ကို မေက်နပ္စြာ ၾကည့္လိုက္သည္။
" ကြၽန္ေတာ္ က ဘာလို႔ အထီးက်န္ရမွာလဲ။
က်န္႔က်န္႔က ကြၽန္ေတာ့္ကို သိပ္ခ်စ္တာ။
ပိုင္ယိြေလးနဲ႔ေရွာင္ယီြေလးလည္း ကြၽန္ေတာ့္ကို အရမ္းခ်စ္တာ။
ကြၽန္ေတာ္ က သူတို႔ကို အရမ္းခ်စ္ၿပီး သူတို႔နဲ႔တသက္လံုးအတူတူေနမွာ။
ဒီေန႔ေတာ့ ဒါပဲ...။
ကြၽန္ေတာ္ ေျပာခ်င္တာ ေျပာၿပီး အခု ျပန္ေတာ့မယ္။
ကြၽန္ေတာ့္မိသားစု ကြၽန္ေတာ့္ကို လြမ္းေနၿပီး။ "

ဝမ္ရီခ်န္းက သူ႕ကို အံ့အားသင့္တဲ့မ်က္လံုးနဲ႔ၾကည့္ၿပီး
" ျပန္ေတာ့မွာလား။
လာရင္းကိစၥၿပီးလို႔ ငါ့ကို စကားစျမည္ေျပာဖို႔ေတာင္ မေနေတာ့ဘူးေပါ့။
မဟုတ္မွ ခုနကစကားကိုမေက်နပ္လို႔ ေျပးျပန္ေတာ့မလို႔လား။
ငါက စတာကို ဒီေလာက္ထိ တုန္႔ျပန္စရာလိုလို႔လား။
မင္းက စတာကို နားမလည္ဘူးလား"

ဝမ္ရိေပၚက သူ႕ကို တည္ၿငိမ္စြာ ၾကည့္ၿပီး
" မဟုတ္ဘူး။
ကြၽန္ေတာ္ ထြက္လာတာၾကာၿပီမို႔ က်န္႔က်န္႔နဲ႕
ကေလးေတြကို သတိရတာ။
ကြၽန္ေတာ္ သူတို႔ကို ေတြ႕ဖို႔ သြားၿပီး...
ႏႈတ္ဆက္ပါတယ္ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ "

ထိုသို႔ေျပာၿပီးေတာ့ သူက ထြက္သြားလိုက္သည္။

" ေဟ့... " ဝမ္ရီခ်န္းက သူ႕ကို လိုက္ေခၚသည္။ ဒါေပမဲ့ ခဏေလးနဲ႔ သူ႕အရိပ္ကိုေတာင္ မေတြ႕ရေတာ့လို႔ ေခါင္းခါလိုက္သည္။

"တကယ္ပဲ သြားၿပီဟ။
ငါေတာင္ သူနဲ႔စကားေျပာလို႔ မဝေသးတာ။
ငယ္ငယ္တုန္းက သူ႕ကို တခါမွမစဖူးဘူး။
အခုမွ စဖူးတာ ထြက္ေျပးသြားၿပီး။
ေနာက္ဆို သူ႕ကိုစဖို႔ေနေနသာ စကားေတာင္ေျပာခ်ိန္ရိွပါ့မေလား။
ေဟး... " သူက သက္ျပင္းရွည္ခ်လိုက္ၿပီးေတာ့ ေခါင္းခါလိုက္ျပန္သည္။

_________________________________________________________



((U))

- ဝမ်ရီချန်း ရဲ့ ကတိ

ဝမ်ရီချန်း က မလာစဖူး အလာထူးတဲ့ သူ့ရဲ့ထူးကဲတဲ့ ညီတော်ကို ကြည့်လိုက်သည်။

" ဘာအကြောင်းကြောင့် မင်းက ငါ့ကို လာရှာရတာလဲ။
ပုံမှန်ဆို ငါကသာ မင်းကို သွားတွေ့နေကြပါ။
မင်းက ငါ့ဆီကို လာတာက ရှားမှရှား"

ဝမ်ရိပေါ် က ထိုသို့ကြားတော့ ခေါင်းညိတ်ပြီးပြုံးကာ
" အစ်ကိုတော် က ကျွန်တော့်ကို နားလည်တာ ဝမ်းသာစရာပဲ။
ဒါဆို ကျွန်တော် အချိန်အများကြီး သုံးစရာမလိုတော့ဘူး "

ဝမ်ရီချန်း က ထိုသို့ကြားတော့ ဆက်ပြောချင်တဲ့စကားတွေကို ပြန်မျိုချလိုက်လို့ နင်သွားမတတ်ဖြစ်သွားရသည်။ သူက သူ့ညီတော်ကို ပြောစရာမဲ့စွာ ကြည့်လိုက်သည်။

ဝမ်ရိပေါ်က ထိုသိုမြင်ပေမယ့် မတုန်မလှုပ်ဖြင့် သူလိုရာကို တည်ငြိမ်စွာ ပြောလိုက်သည်။

" ကျွန်တော် အိမ်ရှေ့စံရာထူးကို စွန့်လွတ်ဖို့ ဆုံးဖြတ်လိုက်ပြီး...။
ဒါကြောင့် မကြာခင် အိမ်ရှေ့စံကို ပြန်ရွေးရမယ်။
အစ်ကိုတော်က အဲဒီလူ ဖြစ်မယ်။
ကျွန်တော် မယ်တော်ကြီး နဲ့ သဘောတူညီချက်တွေ လုပ်ပြီး မိဖုရားကြီးကို လွတ်ဖို့တွေးလိုက်ပြီး။
ဒါကြောင့် အစ်ကိုတော်က သူမအတွက် စိတ်ပူစရာမလိုပဲ အိမ်ရှေ့စံရာထူးကို ယူပြီး ဝမ်တိုင်းပြည်ရဲ့တာဝန်ကို ကောင်းကောင်းလုပ်ပါ"

" နေအုံး... နေအုံး...
ငါ့ စိတ်ကို ငြိမ်ငြိမ်လေးထားပါရစေအုံး "

ဝမ်ရီချန်းက ထိတ်လန့်စရာအကြောင်းအရာများစွာကို တခါတည်း ကြားသိလိုက်ရလို့ စိတ်ကို ဘယ်လိုထားရမလဲ မသိဖြစ်သွားသည်။ သူက စိတ်ကို တည်ငြိမ်အောင် အရင်ထိန်းလိုက်ပြီး ခေါင်းကိုရှင်းအောင်ထားလိုက်သည်။
ထိုနောက် သူ့ကို စိတ်လှုပ်ရှားပြီး သေစေချင်တဲ့ ညီတော်ကို ကြည့်လိုက်သည်။

"အခု စိတ်ငြိမ်လာပြီးလား...
ဒီလောက်လေးနဲ့ စိတ်ရှုပ်ထွေးနေရင် အိမ်ရှေ့စံနေရာကို
မျှော်လင့်ချက်ရှိပါ့မလား "

ဝမ်ရီချန်းက ထိုသို့ကြားတော့ မျက်လုံးကိုလှိမ့်မိသွားပြီး ထိန်းထားတဲ့စိတ်တွေလွတ်ချင်သွားသည်။ သူက စကားတစ်လုံးစီကို ဤသို့တည်ငြိမ်စွာ ပြောလိုက်သည်။

" ငါ...အခု စိတ်ငြိမ်ပြီး...
မင်း ဘာပြောချင်သေးလဲ
ပြောချင်တာပြော"

ထိုသို့ကြားတော့ ဝမ်ရိပေါ်က လက်ခနဲပြုံးပြီး ခေါင်းညိတ်လိုက်သည်။

" ဒါမှပေါ့...
ကျွန်တော် အစ်ကိုတော်ဆီက ကတိတစ်ခု တောင်းချင်လို့"

ဝမ်ရီချန်းက ထိုသို့ကြားတော့ လေးနက်သွားပြီး ဝမ်ရိပေါ်ကို တည်ငြိမ်စွာ မေးလိုက်သည်။

" ဘာကတိလဲ "

" ဝမ်တိုင်းပြည်ရဲ့တာဝန်ကို ထမ်းဆောင်နေချိန် ရှောင်အိမ်တော်ကို မထိပါးဘူးဆိုတဲ့ ကတိပေး "

" ဟမ်...'' ဝမ်ရီချန်းက ဝမ်ရိပေါ်ကို နားမလည်တဲ့မျက်လုံးနဲ့ ကြည့်လိုက်သည်။

" မင်းက ဘာကိုဆိုလိုတာလဲ။
မင်းက မင်း ကြင်ယာတော်ရဲ့ မိသားစုကို မျက်နှာသာပေးပြီး ကာကွယ်မလို့လား။
သူတို့ဘာလုပ်လုပ် ငါက ခွင့်လွတ်ရမလား။
ငါက အိမ်ရှေ့စံ ရာထူးကို ယူပြီး အနာဂတ် မှာ ဝမ်တိုင်းပြည်ကို အုပ်ချုပ်ဖို့ သူတို့မျက်နှာကြည့်ရမလား။
မင်းက သူ့တိုကို ဘက်မလိုက်လွန်းဘူးလား..."

ဝမ်ရီချန်းက ပြောရင်းနဲ့ ခနဲ့ပြုံးတစ်ချက်ပြုံးပြီး ဝမ်ရိပေါ်ကို  ကြည့်လိုက်သည်။

ဝမ်ရိပေါ်က ခေါင်းခါလိုက်ပြီး
" အဲ့လို မဟုတ်ဘူး...
ကျွန်တော် ဆိုလိုတာ ရှောင်အိမ်တော်ကို အပြစ်မရှိအပြစ်မရှာဖို့ပဲ။
သူတို့ကို ဘက်လိုက်ရအောင် သူတို့က ကျန့်ကျန့်အပေါ် ကောင်းခဲ့တာမဟုတ်ဘူး။
ကျွန်တော် က ဝမ်တိုင်းပြည်ရဲ့ကာကွယ်ရေးတာဝန်ကို ကြာရှည်စွာ ထမ်းဆောင်လာတဲ့ စစ်သူကြီးရှောင်ကို ညီလာခံသဘင်မှာ မနှိပ်ကွပ်စေချင်တာပဲရှိတယ်။
သူ့ရဲ့ သားသမီးတွေနဲ့ဆွေမျိုးတွေကိုတော့ သူတို့ဘာလုပ်လုပ် သူတို့ရဲ့လုပ်ရပ်တွေကို တာဝန်ယူစေရမယ်။
သူတို့မှာ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းရှိရင် သူတို့နဲ့သက်ဆိုင်ရာ ရာထူးတာဝန်ကို ရမှာပဲ။
မရှိရင် မေ့လိုက်တော့။
ကျွန်တော် သူတို့ကို ဂရုစိုက်ချင်တာ မဟုတ်ဘူး။
ရှောင်အိမ်တော် အဆင်ပြေနေသေးသ၍ ဘာမှမဖြစ်ဘူး"

ဝမ်ရီချန်းက ထိုသို့ကြားတော့ ဝမ်ရိပေါ်ကို ကြည့်ပြီး ငြိမ်သွားသည်။ ခဏကြာတော့ သူက မျက်တောင်ကို ခပ်ပြီး ဝမ်ရိပေါ်ကို လေးနက်စွာကြည့်လိုက်သည်။

" ကောင်းပြီ...
ငါ မင်းကို ကတိပေးတယ်။
ငါ နန်းတက်ချိန် ဘာအကြောင်းကြောင့်ဘဲဖြစ်ဖြစ် ရှောင်အိမ်တော်ကို မပြိုလဲစေရဘူး။ "

ဝမ်ရိပေါ် စိတ်ချစွာ ပြုံးလိုက်ပြီး
" ကျေးဇူးပဲ အစ်ကိုတော်..
နောင်တချိန်မှာ အစ်ကိုတော် လိုအပ်တာရှိရင် ကျွန်တော့်ကို ပြောပါ...
ကျွန်တော် ကူညီပေးမယ်"

ဝမ်ရီချန်းက ထိုသို့ကြားတော့ သူ့ကို မကျေနပ်စွာ တစ်ချက်ကြည့်ပြီး
" ဟန့်... မင်းက ငါကတိမပေးရင် ငါလိုအပ်ချိန် မကူညီဘူးပေါ့"

ဝမ်ရိပေါ်က ခေါင်းခါလိုက်သည်။
" မဟုတ်ပါဘူး... "

ထိုမှ ဝမ်ရီချန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဒါပေမဲ့ သူက ဝမ်ရိပေါ် ဆက်ပြောတာကို ကြားလိုက်ရသည်။

" ကျွန်တော် တော်ဝင်မိသားစုနဲ့ကို မဆက်သွယ်ချင်တာ။
ခမည်းတော်ကိုတော့ သတိရရင် လာတွေ့နိုင်ပေမယ့်
အလုပ်ရှုပ်မယ့် အစ်ကိုတော်ကိုတော့ လာတွေ့တော့မှာ မဟုတ်ဘူး "

ဝမ်ရီချန်းက စိတ်ပျက်စွာနဲ့ သူ့ကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

" ဟား... ငါ မှားတာ မင်းကို ခံစားချက်ရှိလာပြီလို့ထင်တာ။
အခုက မင်းက မင်းကြင်ယာတော်နဲ့မင်းရဲ့ကိုယ်ပိုင်မိသားစု ကိုသာ အလေးထားပြီး ဂရုတစိုက်ရှိတာ။
ငါ့လို အမေမတူတဲ့ အစ်ကိုတော်ကို ရှိတယ်လို့သာ မထင်တာ "
သူက ပြောပြီး ဝမ်းနည်းစွာနဲ့ မျက်လုံးကို မှိတ်လိုက်တယ်။

ဝမ်ရိပေါ်က အဖြစ်သည်းတဲ့ သူ့ကိုကြည့်လိုက်ပြီး
" အစ်ကိုတော်ကို ရှိတယ်လို့သာမထင်ရင် ကျွန်တော် က အရေးတကြီးနဲ့ ဒီနေ့ဒီအချိန် လာတွေ့ပါ့မလား "

ဝမ်ရီချန်းက ဖျက်ခနဲ မျက်လုံးဖွင့်ကာ သူ့ကိုကြည့်လိုက်ပြီး
" မင်းပြောမှ ပိုဆိုးတယ်။
တိတ်တိတ်နေတော့ ငါ စိတ်နာနေတယ်။
ဒီလိုစရိုက်နဲ့ မင်း ဘယ်လိုမျိုးနဲ့ ရှောင်ကျန့်ရဲ့ နှလုံးသားကို ရတာလဲ။
ငါ နားမလည်တော့ဘူး။
မင်းလိုလူက အထီးကျန်ကျန်နဲ့နေရမှ မှတ်မှာ"

ဝမ်ရိပေါ်က သူ့ကို မကျေနပ်စွာ ကြည့်လိုက်သည်။
" ကျွန်တော် က ဘာလို့ အထီးကျန်ရမှာလဲ။
ကျန့်ကျန့်က ကျွန်တော့်ကို သိပ်ချစ်တာ။
ပိုင်ယွိလေးနဲ့ရှောင်ယွီလေးလည်း ကျွန်တော့်ကို အရမ်းချစ်တာ။
ကျွန်တော် က သူတို့ကို အရမ်းချစ်ပြီး သူတို့နဲ့တသက်လုံးအတူတူနေမှာ။
ဒီနေ့တော့ ဒါပဲ...။
ကျွန်တော် ပြောချင်တာ ပြောပြီး အခု ပြန်တော့မယ်။
ကျွန်တော့်မိသားစု ကျွန်တော့်ကို လွမ်းနေပြီး။ "

ဝမ်ရီချန်းက သူ့ကို အံ့အားသင့်တဲ့မျက်လုံးနဲ့ကြည့်ပြီး
" ပြန်တော့မှာလား။
လာရင်းကိစ္စပြီးလို့ ငါ့ကို စကားစမြည်ပြောဖို့တောင် မနေတော့ဘူးပေါ့။
မဟုတ်မှ ခုနကစကားကိုမကျေနပ်လို့ ပြေးပြန်တော့မလို့လား။
ငါက စတာကို ဒီလောက်ထိ တုန့်ပြန်စရာလိုလို့လား။
မင်းက စတာကို နားမလည်ဘူးလား"

ဝမ်ရိပေါ်က သူ့ကို တည်ငြိမ်စွာ ကြည့်ပြီး
" မဟုတ်ဘူး။
ကျွန်တော် ထွက်လာတာကြာပြီမို့ ကျန့်ကျန့်နဲ့
ကလေးတွေကို သတိရတာ။
ကျွန်တော် သူတို့ကို တွေ့ဖို့ သွားပြီး...
နှုတ်ဆက်ပါတယ် ကိုယ့်ကိုယ်ကို ဂရုစိုက် "

ထိုသို့ပြောပြီးတော့ သူက ထွက်သွားလိုက်သည်။

" ဟေ့... " ဝမ်ရီချန်းက သူ့ကို လိုက်ခေါ်သည်။ ဒါပေမဲ့ ခဏလေးနဲ့ သူ့အရိပ်ကိုတောင် မတွေ့ရတော့လို့ ခေါင်းခါလိုက်သည်။

"တကယ်ပဲ သွားပြီဟ။
ငါတောင် သူနဲ့စကားပြောလို့ မဝသေးတာ။
ငယ်ငယ်တုန်းက သူ့ကို တခါမှမစဖူးဘူး။
အခုမှ စဖူးတာ ထွက်ပြေးသွားပြီး။
နောက်ဆို သူ့ကိုစဖို့နေနေသာ စကားတောင်ပြောချိန်ရှိပါ့မလေား။
ဟေး... " သူက သက်ပြင်းရှည်ချလိုက်ပြီးတော့ ခေါင်းခါလိုက်ပြန်သည်။

_________________________________________________________





Continue Reading

You'll Also Like

399K 39.6K 64
"ဘာလို့လဲ" "မသိဘူး...ငါ့သားနဲ့တူလို့နေမှာပေါ့" "ဘာလို႔လဲ" "မသိဘူး...ငါ့သားနဲ႕တူလို႔ေနမွာေပါ့" Start Date - January 10,2020 End Date - July 11,2021
946K 81.1K 89
ခ်စ္ျခင္းေမတၲာစစ္စစ္ေတြက ဘ၀မွာ ႏွစ္ခါရိွႏိုင္လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??
908K 50.4K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
912K 47.1K 53
Start Date _ 1st July 2021 End Date _ ကိုယ့်ရဲ့ လိုအပ်ချက်တွေနဲ့ လက်ရာလေးကို ဖတ်ပေးကြပါအုံး ✨💛