ရှီရှန်း ( ႐ွီ႐ွန္း) Book 3...

By Hanpandora

475K 68.4K 747

ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ႐ွီ႐ွန္း arc 11 က​ေန စတင္တာပါ arc... More

💜💙
Arc 11.1
Arc 11.2
Arc 11.3
Arc 11.4
Arc 11.5
Arc 11.6
Arc 11.7
Arc 11.8
Arc 11.9
Arc 11.10
Arc 11.11
Arc 11.12
Arc 11.13
Arc 11.14
Arc 11.15
Arc 11.16
Arc 11.17
Arc 11.18
Arc 11.19
Arc 11.20
Arc 10.21
Arc 11.22
Arc 11.23
Arc 11.24
Arc 11.25
Arc 11.26
Arc 11.27
Arc 11.28
Arc 11.29
Arc 11.30
Arc 11.31 END
Extra 1
Extra 2
Arc 12.1
Arc 12.2
Arc 12.3
Arc 12.4
Arc 12.5
Arc 12.6
Arc 12.7
Arc 12.8
Arc 12.9
Arc 12.10
Arc 12.11
Arc 12.12
Arc 12.13
Arc 12.14
Arc 12.15
Arc 12.16
Arc 12.17
Arc 12.18
Arc 12.19
Arc 12.20
Arc 12.21
Arc 12.22
Arc 12.23
Arc 12.24
Arc 12.25
Arc 12.26
Arc 12.27
Arc 12.28
Arc 12.29
Arc 12.30
Arc 12.31
Arc 12.32
Arc 12.33
Arc 12.34
Arc 12.35
Arc 12.36
Arc 12.37
Arc 12.38
Arc 12.39
Arc 12.40END
Arc 12 Extra
Arc 13.1
Arc 13.2
Arc 13.3
Arc 13.4
Arc 13.5
Arc 13.6
Arc 13.7
Arc 13.8
Arc 13.9
Arc 13.10
Arc 13.11
Arc 13.12
Arc 13.13
Arc 13.14
Arc 13.15
Arc 13.16
Arc 13.17
Arc 13.18
Arc 13.20
Arc 13.21
Arc 13.22
Arc 13.23
Arc 13.24
Arc 13.25
Arc 13.26
Arc 13.27
Arc 13.28
Arc 13.29
Arc 13.30
Arc 13.31
Arc 13.32
Arc 13.33
Arc 13.34
Arc 13.35
Arc 13.36 END
ကျန့်ကျန်း SPECIAL EPISODE
Arc 14.1
Arc 14.2
Arc 14.3
Arc 14.4
Arc 14.5
Arc 14.6
Arc 14.7
Arc 14.8
Arc 14.9
Arc 14.10
Arc 14.11
Arc 14.12
Arc 14.13
Arc 14.14
Arc 14.15
Arc 14.16
Arc 14.17
Arc 14.18
Arc 14.19
Arc 14.20
Arc 14.21
Arc 14.22
Arc 14.23
Arc 14.24
Arc 14.25
Arc 14.26
Arc 14.27
Arc 14.28
Arc 14.29
Arc 14.30
Arc 14.31
Arc 14.32
Arc 14.33
Arc 14.34 END
Arc 15.1
Arc 15.2
Arc 15.3
Arc 15.4
Arc 15.5
Arc 15.6
Arc 15.7
Arc 15.8
Arc 15.9
Arc 15.10
Arc 15.11
Arc 15.12
Arc 15.13
Arc 15.14
Arc 15.15
Arc 15.16
Arc 15.17
Arc 15.18
Arc 15.19
Arc 15.20
Arc 15.21
Arc 15.22
Arc 15.23
Arc 15.24
Arc 15.25

Arc 13.19

1.9K 267 1
By Hanpandora

Unicode

ထိုလူဟာ ​ကျေနပ်သွားပုံ​ပေါ်ပြီး လျှို့ရွှီရဲ့လည်ပင်းကိုလွှတ်လိုက်တယ် "မင်းငါ့ကိုမလိမ်တာပိုကောင်းမယ်"
"ကျွန်မ မလုပ်ရဲပါဘူး…"လျှို့ရွှီကနူးညံ့စွာပြောလိုက်တယ်

ထိုလူဟာ သူမရဲ့မေးစေ့ကိုပင့်ကာ နူးညံ့သောပုံစံဖြင့်နမ်းလိုက်​​လေတယ် သူလွှတ်လိုက်တဲ့အခါ လျှို့ရွှီရဲ့မျက်နှာက နီမြန်းနေပြီဖြစ်တယ်
ထိုသူဟာ သိမ်မွေ့သောအရိပ်အယောင်ဖြင့်သူမကိုကြည့်လိုက်တယ်

"မင်းငါ့အတွက်ဒါကိုလုပ်ပြီးတာနဲ့ငါမင်းကိုလက်ထပ်မယ်" ထိုလူသည်လျှို့ရွှီအားလျစ်လျူရှုပြီး သူမကိုကြွေပုလင်းတစ်လုံးပေးခဲ့တယ် "နေကောင်း​အောင်​​နေ..ငါ့ကိုစိတ်မချမ်းသာစေမယ့် ဘယ်အရာကိုမှမလုပ်ပါနဲ့"

လျှို့ရွှီက သူ့ဆီကပုလင်းကိုယူလိုက်တယ်
"ဟုတ်ကဲ့"

ထိုလူဟာ မကြာမီထွက်သွားတယ်

လျှို့ရွှီဟာလည်း ကြွေပုလင်းကိုယူပြီး ခန​လောက်အကြာမှာ ထွက်သွားတယ်

ရှီရှန်းဟာ  မူလဇာတ်​ကြောင်းမှာ လျှို့ရွှီဟာ ဖူယိယွင်ကို အဆိပ်ခတ်ခဲ့မှန်းသတိရသွားတယ်။ ဒါကဝတ္ထုရဲ့အထွတ်အထိပ်ဖြစ်ခဲ့တယ်။

ထိုအဆိပ်ဟာ အလွန်အစွမ်းထက်ပြီး ဖြေဆေးမရှိပါ။ ပိုင်​လော့ဟာ  သူမရဲ့သွေးကိုလဲလှယ်လိုက်တာကြောင့်သာ သူ အသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်တယ်၊ သို့​ပေမယ့် ရလဒ်က​တော့ သူမရဲ့အသွင်သဏ္ဍာန်ကိုရုပ်ဆိုးသွားစေခဲ့တာပဲ

ဒီလို၀တ္ထု​တွေမှာ သွေးအမျိုးအစားများကိုထည့်သွင်းစဉ်းစားစရာမလိုဘူး​လေ
ရှီရှန်းပိုသိချင်သောအရာက သူတို့သွေးဖလှယ်ကြပုံသာဖြစ်တယ်

ရှီရှန်း က ဖူယိယွင်လည်းဒီမှာရှိနေတာကိုတွေ့ခဲ့ရတယ်။ လျှို့ရွှီကဘာမှမဖြစ်ခဲ့သလိုပဲဟန်ဆောင်ပြီးသူ့ဘက်ကိုပြန်လာပြီးသူနဲ့အရမ်းရင်းနှီး​နေပုံရတယ်။

ရှီရှန်းရပ်​နေတဲ့​နေရာက အလွန်ဝေးလွန်းတာကြောင့် သူတို့ဘာပြောနေမှန်း မကြားရဘူး

ခေါင်းဆောင်များဟာ တိ​တောင်ကုန်း နှင့်အနီးဆုံးနေရာတွင်ရပ်​နေကြပြီး သူတို့အသံများက အ​တော်​လေး တိုးညှင်းတာ​ကြောင့် အတွင်းစိတ်စွမ်းအင်ကိုအသုံးပြုနား​ထောင်ရင်​တောင် ကြားနိုင်မှာမဟုတ်ဘူး

ရှီရှန်းဟာ နတ်ဆိုးဂိုဏ်း၀င်များ စခန်းချထားတဲ့နေရာကို မပြန်​ခင် ဧရိယာတစ်ဝိုက်ကိုအနည်းငယ်စူးစမ်းကြည့်ခဲ့တယ်

နတ်ဆိုးဂိုဏ်းဝင်များဟာ တစ်နေရာမှယုန်တစ်ကောင်ကို ရှာ​တွေ့ခဲ့ပြီး လက်ရှိမှာ အသားကင်နေတယ်

'မင်းတို့တွေတကယ်ပဲဘာကိုမှစိတ်မပူကြတာပဲ!'

သူတို့ရဲ့စခန်းက အနောက်နားကျကျမှာရှိနေတာကြောင့် တစ်ယောက်ယောက်ကဒီလမ်းကြောင်းကို တမင်ရည်ရွယ်ပြီးမလာသ​ရွေ့ သူတို့ကိုရှာမတွေ့နိုင်ဘူး၊ ဒါကြောင့် ရှီရှန်း က သူတို့ကိုယုန်ကိုဆက်လက်ကင်ဖို့ခွင့်ပြုလိုက်တယ်။

"အင်း...အမ်း...အွမ်း.…" ရှီရှန်း ပြန်လာသည်ကိုမြင်တဲ့အခါ ကျန့်ကျန်းက သူ့ကို ဖက်ထုပ်တစ်ထုပ်လို ချည်နှောင်ထားတဲ့ကြိုး​တွေကို ရုန်းကန်​တော့တယ်

ရှီရှန်းကသူ့ကို ကြိုးဖြည်​ပေးဖို့လမ်းလျှောက်သွားတယ်

"​ဖီ..ဖွီ! ၀ူကျန်း၊ မင်းငါ့ကိုချည်နှောင်ဖို့သတ္တိရှိတယ် - အိုး! မင်းဘာလုပ်တာလဲ?! "
ကျန့်ကျန်းကသူ့လက်ကိုဆုပ်ကိုင်ပြီး ​နောက်ဆုတ်သွားတယ်

ရှီရှန်းက တည်တည်ငြိမ်ငြိမ်မျက်နှာထားနှင့်ပြောတယ် "မင်းကိုငါ ကြိုးနဲ့ချည်ထားရုံမက မင်းကိုလိမ်ဆွဲဖို့တောင် သတ္တိရှိ​ကြောင်း သက်​သေပြတာ"

ကျန့်ကျန်း" …"

'ဒီအရူးမ! သူမဟာ ငယ်စဉ်အခါစက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ယခုအချိန်ထိယုတ်မာ​ကောက်ကျစ်နေဆဲပဲ '

"ဂိုဏ်းချုပ် ကျေးဇူးပြုပြီး စားပါ"
ထင်ဖုန်းဟာ ရှီရှန်းကို ချက်ပြုတ်ပြီးသောအသားတစ်ပိုင်း ကမ်းပေးလိုက်တယ်

ကျန့်ကျန်းဟာ ချက်ချင်းပဲ ဒေါသထွက်သွားတယ်
"ထင်ဖုန်း! ငါကမှ မင်းရဲ့ဂိုဏ်းချုပ် "

ထင်ဖုန်းက ယုန်ခြေထောက်ကိုအလျင်အမြန်ဆွဲယူလိုက်ပြီး ကျန့်ကျန်းကို ပေးလိုက်တယ်

ရှီရှန်း" …" 'ဒီကောင်...'

……

ညဉ့်သန်းခေါင်ယံမှာ ကျန့်ကျန်းရဲ့ပိတ်ထားသောမျက်လုံးများ တဖြည်းဖြည်းပွင့်လာ​လေရဲ့။ သူကသူ့ဘေးမှာလှဲနေတဲ့ ထင်ဖုန်းနဲ့ ကုယွီကိုတွန်းလိုက်တယ်။
သူတို့ဟာ တစ်ခနသာ​မှေးနေခဲ့တာကြောင့်အလွန်လွယ်ကူစွာနိုးထခဲ့ကြတယ် ကျန့်ကျန်း ကသူ့လက်ညိုးကိုမြှောက်ပြီးသူတို့ကိုတိတ်တိတ်နေဖို့ပြောဖို့ သူ့ပါးစပ်ရှေ့မှာထားလိုက်တယ်။
ရှီရှန်းက အဝေးမှသစ်ပင်တစ်ပင်ကိုမှီပြီး ခေါင်းကိုအခြားသို့လှည့်ကာ အိပ်​နေတယ် ကျန့်ကျန်း ကသူမအသက်ရှူသံပုံမှန်နှင့်အိပ်ပျော်နေကြောင်းသေချာစေရန် သူမကိုခဏစောင့်ကြည့်တယ်

ထင်ဖုန်း နှင့် ကုယွီ တို့သတိကြီးစွာထားပြီး မျက်ဝန်းချင်းဖလှယ်လိုက်ကြတယ် သူတို့သုံးဦးဟာ စခန်းအစွန်းသို့ကပ်သွားပြီးအမှောင်ထဲသို့လျင်မြန်စွာ ​ပျောက်ကွယ်သွားကြတယ်

ရှီရှန်းရဲ့ ဦးခေါင်းလည်း ရွေ့သွားပြီးလှည့်ကြည့်လိုက်တယ် သူမရဲ့မျက်လုံးများက ​တောက်ပ​နေပြီး သူတို့ကိုပျောက်ကွယ်သွားတာကို ​စောင့်ကြည့်​နေကြတယ်

မိနစ်အနည်းငယ်အကြာမှာတာ​တော့ သူမမျက်လုံးများကိုပြန်မှိတ်လိုက်တယ်

နောက်တစ်နေ့မှာ ဂိုဏ်းဝင်များဟာ သူတို့ဂိုဏ်းချုပ်ဟောင်းနဲ့ ကိုယ်ရံ​တော် နှစ်ဦးလုံး​ပျောက်သွားပြီး ခွေးကလေးတစ်ကောင်သာကျန်ရစ်ခဲ့မှန်းတွေ့ရှိခဲ့ရတယ်။ ဒါကသူတို့ကိုအရမ်းစိတ်ပူစေခဲ့​ပေမယ့် လက်ရှိဂိုဏ်းချုပ်က​တော့ နည်းနည်းလေးမှစိတ်မပူခဲ့ပါ။  သူမက ထုပ်ပိုးပြီးအိမ်ပြန်ဖို့တောင်ပြင်​နေပြီ။

"ဂိုဏ်းချုပ်…ငါတို့ဒီအတိုင်းထွက်သွား​တော့မှာလား"
"ဂိုဏ်းချုပ်ဟောင်းနဲ့ ကိုယ်ရံ​တော်​တွေ ပျောက်သွားတယ်​လေ.. ငါတို့သူတို့ကိုလိုက်ရှာမှာမဟုတ်ဘူးလား"

"မင်းဒီအဖွဲ့ကို သေတွင်းထဲပို့ဖို့စီစဉ်နေတာလား " ရှီရှန်းက ပွင့်ပွင့်လင်းလင်း​မေးလိုက်တယ်
ကျန့်ကျန်းက အစွမ်းပြချင်တယ်ဆိုမှ​တော့ သူမ ခွင့်ပြုလိုက်မှာ​ပေါ့..နောက်ဆုံးတော့ သူက သူမနဲ့ ဘာများဆိုင်လို့လဲ

အခြားသူများက ဒီတိုင်းထွက်သွားဖို့ ဆန္ဒမရှိကြ​ပေမယ့်လည်း ရှီရှန်းရဲ့ဓါး​ကြောင့် ဘယ်သူမှ ကလန်ကဆန်မပြုရဲကြဘူး

……

ကျန်းကျန်းဟာ ညတွင်းချင်းပဲ တိ​တောင်ကုန်း​ပေါ် ကိုတက်ခဲ့တယ် တစ်ချိန်ကဒီနေရာမှာ အဆောက်အဦးများစွာ ရှိခဲ့ဖူးတာ​ကြောင့် အပျက်အယွင်းများကြားမှ မြေအောက်ဥမင်လိုဏ်ခေါင်း ၀င်ပေါက်ကိုရှာ​တွေ့ဖို့ သူတို့ အချိန်တော်တော်ယူခဲ့ရတယ်

အထဲဝင်လိုက်ပြီးတာနဲ့တစ်ပြိုင်နက် ထင်ဖုန်းနဲ့ကုယွီတို့လည်း အတော်လေးငြိမ်သက်သွားပြီး သူတို့ရဲ့လေးနက်တည်ကြည်သောမျက်လုံးများက လင်းလက်တောက်ပနေ​လေတယ်

ဥမင်လိုဏ်ခေါင်းစနစ်မှာ အဆင့်များစွာရှိပြီး ကျန့်ကျန်းက အောက်ဘက်သို့ဆက်သွားတယ်  နောက်ဆုံးအလွှာကို​ရောက်တာနဲ့ သူတို့ကရပ်လိုက်တယ်။

"ဂိုဏ်းချုပ်၊ အပြင်ကလူတွေ ဒီအတွက်လာကြတာလား…" ထင်ဖုန်းက မ​နေနိုင်​တော့ဘဲမေးလိုက်တယ်

ကျန့်ကျန်းဟာ ဘိုးဘွားမျာရဲ့ကမ္ဗည်တိုင်များကိုကြည့်လိုက်တယ် ဒီနေရာဟာ အတိတ်မှာတုန်းက နတ်ဆိုးဂိုဏ်းအုပ်​တွေနံ့အဖွဲ့ဝင်​တွေကို မှတ်​ကျောက်တင်ထားတဲ့နေရာဖြစ်တယ်

ကျန့်ကျန်းက သူတို့ရှိရာကိုလျှောက်သွားပြီး ဦး ညွှတ်လိုက်တယ်

"သူတို့ကရတနာကိုရှာနေတာ"
ကျန့်ကျန်းပြန်လှည့်လာတဲ့အခါသူ့မျက်၀န်းထဲမှာ ​အေးစက်မှု​တွေပြန့်ကျဲနေတယ်။

"အရင်မင်းဆက်ရဲ့ ရတနာ​တွေကို ဖွက်ထားတဲ့ မြေပုံအကြောင်းကောလာဟလကိုမင်းသိလား။ "

ထင်ဖုန်း ခေါင်းညိတ်လိုက်တယ် ယခင်မင်းဆက်ကိုဖြုတ်ချခဲ့တာဟာ နှစ်ပေါင်းသုံးရာရှိပြီဖြစ်သော်လည်း သူတို့ရဲ့ဝှက်ထားတဲ့ ရတနာ​တွေအ​ကြောင်းကောလဟာလ​တွေဟာ သိုင်း​လောကမှာ  ယနေ့တိုင်ပျံ့နှံ့နေဆဲဖြစ်တယ်

အဲ့ဒါက ရတနာကိုရှာ​တွေ့ဖို့အတွက် မြေပုံတစ်ခုကိုရှာဖွေရန်သာလိုတယ်လို့ ဟုဆိုတယ်။ ဒါပေမယ့်မြေပုံကိုဘယ်သူမှမတွေ့ဖူးဘူး။

ထင်ဖုန်းအတွက်က​တော့ အဲ့​ကောလဟာလက လူ​တွေ ထင်​ကြေးနဲ့မှန်းဆ​နေကြတဲ့ မ​ရေရာမှုတစ်ခုသာသာပဲ
ဒါပေမယ့် ကျန့်ကျန်း ရဲ့ရုတ်တရက်မေးခွန်းက သူ့နှလုံးသားထဲမှာ သံသယတစ်ခုဖြစ်စေတယ်။

"ရတနာ​တွေကဒီ​အောက်မှာရှိတယ်" ကျန့်ကျန်းက သူ့​အောက်ကကြမ်းပြင်ကို ခြေဖြင့်ပုတ်လိုက်တယ်

ထင်ဖုန်းရဲ့ မျက်လုံးများပြူးကျယ်သွားကြတယ်  'တကယ်ရှိနေတာလား?!'

ကုယွီက​တော့ ဒီလိုနိမ့်ကျတဲ့ အရာများကိုစိတ်၀င်စား​နေပုံမရဘူး

"ဒီရတနာကြောင့် နတ်ဆိုးဂိုဏ်းရဲ့ပထမဆုံးဂိုဏ်းချုပ်က အသက်ခံလိုက်ရတာပဲ" ကျန့်ကျန်းရဲ့ အသံက မြေအောက်ခန်းမှာ ပဲ့တင်ထပ်နေပြီး သူက ထင်ဖုန်း နဲ့ ကုယွီတို့ ယခင်ကမကြားဖူးခဲ့သော ပုံပြင်တစ်ပုဒ်ကိုဖြည်းဖြည်းချင်းပြောပြ​တော့တယ်

နတ်ဆိုးဂိုဏ်းကိုတည်ထောင်သူကသူရဲကောင်းတစ်ယောက်ဖြစ်ချင်တဲ့ သူ့ဘဝရဲ့အိပ်မက်ကို ဖြည့်ဆည်းနိုင်ခဲ့တယ်။ သူဟာ မမျှော်လင့်ဘဲ ရတနာမြေပုံတစ်ခုကိုရခဲ့ပြီး ရတနာ​တွေကို ရှာဖွေအောင်မြင်ခဲ့တယ်

သူက ဆင်းရဲသားတွေကို ကူညီဖို့ဒီရတနာတွေကိုသုံးချင်တယ်၊ ဒါပေမယ့် ဒါကသူ့ဘ ၀ အတွက်သာ အခက်အခဲတွေဖြစ်​စေခဲ့တယ်။ အဆုံးမှာတော့သူက တိ​တောင်ကုန်းမှာပုန်းနေပြီး နတ်ဆိုးဂိုဏ်းကိုတည်ထောင်ခဲ့တယ်။

ရတနာတိုက်ရဲ့ လျှို့၀ှက်ချက်ကို ဂိုဏ်းချုပ်​တွေအဆင့်ဆင့် နှုတ်စကားနဲ့ လွှဲ​ပြောင်း​ပေးခဲ့ကြပြီး ကျန့်ကျန်းက သူ့အဖေမသေခင်မှာဒီအကြောင်းကိုသာသိခဲ့တာဖြစ်တယ်။

"ငါဒီနေရာကိုဖျက်ဆီးချင်တယ်" ကျန့်ကျန်းက နိဂုံးချုပ်လိုက်တယ်

"??" ကျန့်ကျန်းရဲ့နောက်ဆုံးစကားက ထင်ဖုန်းကိုအံ့အားသင့်သွားစေတယ်
'ဘာကြောင့်ဖျက်ဆီးပစ်ရမှာလဲ '

"ဘယ်လိုလဲ?" ကုယွီ က ပိုပြီးရိုးရှင်းတယ်။

"ငါတို့ လွတ်​မြောက်ဖို့ အခွင့်အ​ရေးရှိချင်မှရှိမယ်"  ကျန့်ကျန်းရဲ့ လေသံက ပိုလေးနက်လာတယ် "အခုချိန်မှာမင်းတို့ထွက်သွားဖို့အခွင့်အလမ်းရှိနေသေးတယ်"

ထင်ဖုန်းက ရတနာတိုက်ကို ဖျက်ဆီးပစ်ရမယ့်အ​ကြောင်းပြချက်ကို မသိ​ပေမယ့် သူ့​နေရာသူ​တော့သိတယ်

"ဂိုဏ်းချုပ်၊ ငါတို့က မင်းနဲ့ကြီးပြင်းခဲ့တာ၊ ဒါကြောင့်ငါတို့မင်းစကားကိုနားထောင်မယ်"

ကျန့်ကျန်းက သူတို့ပုခုံးတွေကိုပုတ်လိုက်တယ်။ "ဒီမှာယမ်းမှုန့်တွေရှိတယ်  ငါတို့ အဲ့ဒါ​တွေကိုသုံးပြီး ​ဖောက်ခွဲရမယ်  နေရာတိုင်းမှာလွတ်လမ်းတစ်ခုရှိတယ် ဒါကြောင့် မြန်မြန်ဆန်ဆန်လုပ်ပြီး မင်းတို့ထွက်သွားသင့်တယ်"

ကုယွီက ကျန့်ကျန်းညွှန်ပြတဲ့ ဦး တည်ရာအတိုင်းလျှောက်သွားခဲ့ပြီး သူလမ်းတစ်ဝက်ရောက်ပြီးနောက် ရုတ်တရက်လှည့်ကြည့်လိုက်တယ်
"ဂိုဏ်းချုပ်၊ မင်း ၀ူကျန်းကို လက်လိုက်ခံဖို့ငါတို့ကို ပြောတဲ့အချိန်ကတည်းက မင်းဆုံးဖြတ်ပြီးသားလား"

နတ်ဆိုးဂိုဏ်းဝင်များဟာ ယဉ်ပါးဖို့ ဒီ​လောက်မလွယ်ကူဘူး  ကျန့်ကျန်းကသာ သူတို့ကိုအမိန့်မပေးခဲ့ရင် သေမယ့်လမ်းကို ​ရောက်​နေရင်တောင် သူတို့က သူမကိုဂိုဏ်းချုပ်အဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူး

ကျန့်ကျန်းက ခေါင်းယမ်းလိုက်ပြီး သူ့အကြည့်တွေကအဝေးကို​ရောက်သွားတယ်

"ငါက သူမအတွက်ပြန်ဖို့လုံခြုံတဲ့အိမ်တစ်ခုပေးချင်တာပါ"

သူက ဒီကိစ္စဟာ အခု​လောက်မြန်မြန် လူသိသွားကြမယ်လို့ မမျှော်လင့်မိခဲ့ဘူး။ နတ်ဆိုးဂိုဏ်းပျက်သုဥ်းသွားပြီးတဲ့အခါ ဒီလျှို့ဝှက်ချက်ကို သူတို့ရဲ့အရိုး​တွေထဲမှာ အစဉ်အမြဲမြှုပ်နှံထားလိမ့်မယ်လို့ သူထင်ခဲ့တယ်

သို့​ပေမယ့် တစ်စုံတစ်ဦးက ထုတ်ဖော်ပြောလိုက်မယ်လို့ ဘယ်သူကသိမှာလဲ

တစ်ခါတစ်ရံမှာ မင်းလျှို့၀ှက်ချက်လို့ထင်ထားတဲ့အရာ​တွေက လူအများအတွက်​တော့ ​ကျော်ကြားတဲ့ကိစ္စတစ်ခုဖြစ်ချင်ဖြစ်​နေမှာ

" ဂိုဏ်းချုပ်…" ထင်ဖုန်းရဲ့အမူအရာက မှင်တက်သွားပုံ​ပေါ်တယ်

ကုယွီက တုံ့ဆိုင်းမ​နေဘဲလှည့်ကာ ရှေ့ဆက်သွားတယ်

Transalated  by Dora💜 Mia💙

Zawgyi

ထိုလူဟာ ​ေက်နပ္သြားပုံ​ေပၚၿပီး လွ်ိဳ႕႐ႊီရဲ႕လည္ပင္းကိုလႊတ္လိုက္တယ္ "မင္းငါ့ကိုမလိမ္တာပိုေကာင္းမယ္"
"ကြၽန္မ မလုပ္ရဲပါဘူး…"လွ်ိဳ႕႐ႊီကႏူးညံ့စြာေျပာလိုက္တယ္

ထိုလူဟာ သူမရဲ႕ေမးေစ့ကိုပင့္ကာ ႏူးညံ့ေသာပုံစံျဖင့္နမ္းလိုက္​​ေလတယ္ သူလႊတ္လိုက္တဲ့အခါ လွ်ိဳ႕႐ႊီရဲ႕မ်က္ႏွာက နီျမန္းေနၿပီျဖစ္တယ္
ထိုသူဟာ သိမ္ေမြ႕ေသာအရိပ္အေယာင္ျဖင့္သူမကိုၾကည့္လိုက္တယ္

"မင္းငါ့အတြက္ဒါကိုလုပ္ၿပီးတာနဲ႔ငါမင္းကိုလက္ထပ္မယ္" ထိုလူသည္လွ်ိဳ႕႐ႊီအားလ်စ္လ်ဴ႐ႈၿပီး သူမကိုေႂကြပုလင္းတစ္လုံးေပးခဲ့တယ္ "ေနေကာင္း​ေအာင္​​ေန..ငါ့ကိုစိတ္မခ်မ္းသာေစမယ့္ ဘယ္အရာကိုမွမလုပ္ပါနဲ႔"

လွ်ိဳ႕႐ႊီက သူ႕ဆီကပုလင္းကိုယူလိုက္တယ္
"ဟုတ္ကဲ့"

ထိုလူဟာ မၾကာမီထြက္သြားတယ္

လွ်ိဳ႕႐ႊီဟာလည္း ေႂကြပုလင္းကိုယူၿပီး ခန​ေလာက္အၾကာမွာ ထြက္သြားတယ္

႐ွီ႐ွန္းဟာ  မူလဇာတ္​ေၾကာင္းမွာ လွ်ိဳ႕႐ႊီဟာ ဖူယိယြင္ကို အဆိပ္ခတ္ခဲ့မွန္းသတိရသြားတယ္။ ဒါကဝတၳဳရဲ႕အထြတ္အထိပ္ျဖစ္ခဲ့တယ္။

ထိုအဆိပ္ဟာ အလြန္အစြမ္းထက္ၿပီး ေျဖေဆးမ႐ွိပါ။ ပိုင္​ေလာ့ဟာ  သူမရဲ႕ေသြးကိုလဲလွယ္လိုက္တာေၾကာင့္သာ သူ အသက္႐ွင္က်န္ရစ္ခဲ့တာျဖစ္တယ္၊ သို႔​ေပမယ့္ ရလဒ္က​ေတာ့ သူမရဲ႕အသြင္သ႑ာန္ကို႐ုပ္ဆိုးသြားေစခဲ့တာပဲ

ဒီလို၀တၳဳ​ေတြမွာ ေသြးအမ်ိဳးအစားမ်ားကိုထည့္သြင္းစဥ္းစားစရာမလိုဘူး​ေလ
႐ွီ႐ွန္းပိုသိခ်င္ေသာအရာက သူတို႔ေသြးဖလွယ္ၾကပုံသာျဖစ္တယ္

႐ွီ႐ွန္း က ဖူယိယြင္လည္းဒီမွာ႐ွိေနတာကိုေတြ႕ခဲ့ရတယ္။ လွ်ိဳ႕႐ႊီကဘာမွမျဖစ္ခဲ့သလိုပဲဟန္ေဆာင္ၿပီးသူ႕ဘက္ကိုျပန္လာၿပီးသူနဲ႔အရမ္းရင္းႏွီး​ေနပုံရတယ္။

႐ွီ႐ွန္းရပ္​ေနတဲ့​ေနရာက အလြန္ေဝးလြန္းတာေၾကာင့္ သူတို႔ဘာေျပာေနမွန္း မၾကားရဘူး

ေခါင္းေဆာင္မ်ားဟာ တိ​ေတာင္ကုန္း ႏွင့္အနီးဆုံးေနရာတြင္ရပ္​ေနၾကၿပီး သူတို႔အသံမ်ားက အ​ေတာ္​ေလး တိုးညႇင္းတာ​ေၾကာင့္ အတြင္းစိတ္စြမ္းအင္ကိုအသုံးျပဳနား​ေထာင္ရင္​ေတာင္ ၾကားႏိုင္မွာမဟုတ္ဘူး

႐ွီ႐ွန္းဟာ နတ္ဆိုးဂိုဏ္း၀င္မ်ား စခန္းခ်ထားတဲ့ေနရာကို မျပန္​ခင္ ဧရိယာတစ္ဝိုက္ကိုအနည္းငယ္စူးစမ္းၾကည့္ခဲ့တယ္

နတ္ဆိုးဂိုဏ္းဝင္မ်ားဟာ တစ္ေနရာမွယုန္တစ္ေကာင္ကို ႐ွာ​ေတြ႕ခဲ့ၿပီး လက္႐ွိမွာ အသားကင္ေနတယ္

'မင္းတို႔ေတြတကယ္ပဲဘာကိုမွစိတ္မပူၾကတာပဲ!'

သူတို႔ရဲ႕စခန္းက အေနာက္နားက်က်မွာ႐ွိေနတာေၾကာင့္ တစ္ေယာက္ေယာက္ကဒီလမ္းေၾကာင္းကို တမင္ရည္႐ြယ္ၿပီးမလာသ​ေ႐ြ႕ သူတို႔ကို႐ွာမေတြ႕ႏိုင္ဘူး၊ ဒါေၾကာင့္ ႐ွီ႐ွန္း က သူတို႔ကိုယုန္ကိုဆက္လက္ကင္ဖို႔ခြင့္ျပဳလိုက္တယ္။

"အင္း...အမ္း...အြမ္း.…" ႐ွီ႐ွန္း ျပန္လာသည္ကိုျမင္တဲ့အခါ က်န္႔က်န္းက သူ႕ကို ဖက္ထုပ္တစ္ထုပ္လို ခ်ည္ေႏွာင္ထားတဲ့ႀကိဳး​ေတြကို ႐ုန္းကန္​ေတာ့တယ္

႐ွီ႐ွန္းကသူ႕ကို ႀကိဳးျဖည္​ေပးဖို႔လမ္းေလွ်ာက္သြားတယ္

"​ဖီ..ဖြီ! ဝူက်န္း၊ မင္းငါ့ကိုခ်ည္ေႏွာင္ဖို႔သတၱိ႐ွိတယ္ - အိုး! မင္းဘာလုပ္တာလဲ?! "
က်န္႔က်န္းကသူ႕လက္ကိုဆုပ္ကိုင္ၿပီး ​ေနာက္ဆုတ္သြားတယ္

႐ွီ႐ွန္းက တည္တည္ၿငိမ္ၿငိမ္မ်က္ႏွာထားႏွင့္ေျပာတယ္ "မင္းကိုငါ ႀကိဳးနဲ႔ခ်ည္ထား႐ုံမက မင္းကိုလိမ္ဆြဲဖို႔ေတာင္ သတၱိ႐ွိ​ေၾကာင္း သက္​ေသျပတာ"

က်န္႔က်န္း" …"

'ဒီအ႐ူးမ! သူမဟာ ငယ္စဥ္အခါစက္ဆုပ္႐ြံ႐ွာဖြယ္ေကာင္းၿပီး ယခုအခ်ိန္ထိယုတ္မာ​ေကာက္က်စ္ေနဆဲပဲ '

"ဂိုဏ္းခ်ဳပ္ ေက်းဇူးျပဳၿပီး စားပါ"
ထင္ဖုန္းဟာ ႐ွီ႐ွန္းကို ခ်က္ျပဳတ္ၿပီးေသာအသားတစ္ပိုင္း ကမ္းေပးလိုက္တယ္

က်န္႔က်န္းဟာ ခ်က္ခ်င္းပဲ ေဒါသထြက္သြားတယ္
"ထင္ဖုန္း! ငါကမွ မင္းရဲ႕ဂိုဏ္းခ်ဳပ္ "

ထင္ဖုန္းက ယုန္ေျခေထာက္ကိုအလ်င္အျမန္ဆြဲယူလိုက္ၿပီး က်န္႔က်န္းကို ေပးလိုက္တယ္

႐ွီ႐ွန္း" …" 'ဒီေကာင္...'

……

ညဥ့္သန္းေခါင္ယံမွာ က်န္႔က်န္းရဲ႕ပိတ္ထားေသာမ်က္လုံးမ်ား တျဖည္းျဖည္းပြင့္လာ​ေလရဲ႕။ သူကသူ႕ေဘးမွာလွဲေနတဲ့ ထင္ဖုန္းနဲ႔ ကုယြီကိုတြန္းလိုက္တယ္။
သူတို႔ဟာ တစ္ခနသာ​ေမွးေနခဲ့တာေၾကာင့္အလြန္လြယ္ကူစြာႏိုးထခဲ့ၾကတယ္ က်န္႔က်န္း ကသူ႕လက္ညိဳးကိုေျမႇာက္ၿပီးသူတို႔ကိုတိတ္တိတ္ေနဖို႔ေျပာဖို႔ သူ႕ပါးစပ္ေ႐ွ႕မွာထားလိုက္တယ္။
႐ွီ႐ွန္းက အေဝးမွသစ္ပင္တစ္ပင္ကိုမွီၿပီး ေခါင္းကိုအျခားသို႔လွည့္ကာ အိပ္​ေနတယ္ က်န္႔က်န္း ကသူမအသက္႐ွဴသံပုံမွန္ႏွင့္အိပ္ေပ်ာ္ေနေၾကာင္းေသခ်ာေစရန္ သူမကိုခဏေစာင့္ၾကည့္တယ္

ထင္ဖုန္း ႏွင့္ ကုယြီ တို႔သတိႀကီးစြာထားၿပီး မ်က္ဝန္းခ်င္းဖလွယ္လိုက္ၾကတယ္ သူတို႔သုံးဦးဟာ စခန္းအစြန္းသို႔ကပ္သြားၿပီးအေမွာင္ထဲသို႔လ်င္ျမန္စြာ ​ေပ်ာက္ကြယ္သြားၾကတယ္

႐ွီ႐ွန္းရဲ႕ ဦးေခါင္းလည္း ေ႐ြ႕သြားၿပီးလွည့္ၾကည့္လိုက္တယ္ သူမရဲ႕မ်က္လုံးမ်ားက ​ေတာက္ပ​ေနၿပီး သူတို႔ကိုေပ်ာက္ကြယ္သြားတာကို ​ေစာင့္ၾကည့္​ေနၾကတယ္

မိနစ္အနည္းငယ္အၾကာမွာတာ​ေတာ့ သူမမ်က္လုံးမ်ားကိုျပန္မွိတ္လိုက္တယ္

ေနာက္တစ္ေန႔မွာ ဂိုဏ္းဝင္မ်ားဟာ သူတို႔ဂိုဏ္းခ်ဳပ္ေဟာင္းနဲ႔ ကိုယ္ရံ​ေတာ္ ႏွစ္ဦးလုံး​ေပ်ာက္သြားၿပီး ေခြးကေလးတစ္ေကာင္သာက်န္ရစ္ခဲ့မွန္းေတြ႕႐ွိခဲ့ရတယ္။ ဒါကသူတို႔ကိုအရမ္းစိတ္ပူေစခဲ့​ေပမယ့္ လက္႐ွိဂိုဏ္းခ်ဳပ္က​ေတာ့ နည္းနည္းေလးမွစိတ္မပူခဲ့ပါ။  သူမက ထုပ္ပိုးၿပီးအိမ္ျပန္ဖို႔ေတာင္ျပင္​ေနၿပီ။

"ဂိုဏ္းခ်ဳပ္…ငါတို႔ဒီအတိုင္းထြက္သြား​ေတာ့မွာလား"
"ဂိုဏ္းခ်ဳပ္ေဟာင္းနဲ႔ ကိုယ္ရံ​ေတာ္​ေတြ ေပ်ာက္သြားတယ္​ေလ.. ငါတို႔သူတို႔ကိုလိုက္႐ွာမွာမဟုတ္ဘူးလား"

"မင္းဒီအဖြဲ႕ကို ေသတြင္းထဲပို႔ဖို႔စီစဥ္ေနတာလား " ႐ွီ႐ွန္းက ပြင့္ပြင့္လင္းလင္း​ေမးလိုက္တယ္
က်န္႔က်န္းက အစြမ္းျပခ်င္တယ္ဆိုမွ​ေတာ့ သူမ ခြင့္ျပဳလိုက္မွာ​ေပါ့..ေနာက္ဆုံးေတာ့ သူက သူမနဲ႔ ဘာမ်ားဆိုင္လို႔လဲ

အျခားသူမ်ားက ဒီတိုင္းထြက္သြားဖို႔ ဆႏၵမ႐ွိၾက​ေပမယ့္လည္း ႐ွီ႐ွန္းရဲ႕ဓါး​ေၾကာင့္ ဘယ္သူမွ ကလန္ကဆန္မျပဳရဲၾကဘူး

……

က်န္းက်န္းဟာ ညတြင္းခ်င္းပဲ တိ​ေတာင္ကုန္း​ေပၚ ကိုတက္ခဲ့တယ္ တစ္ခ်ိန္ကဒီေနရာမွာ အေဆာက္အဦးမ်ားစြာ ႐ွိခဲ့ဖူးတာ​ေၾကာင့္ အပ်က္အယြင္းမ်ားၾကားမွ ေျမေအာက္ဥမင္လိုဏ္ေခါင္း ၀င္ေပါက္ကို႐ွာ​ေတြ႕ဖို႔ သူတို႔ အခ်ိန္ေတာ္ေတာ္ယူခဲ့ရတယ္

အထဲဝင္လိုက္ၿပီးတာနဲ႔တစ္ၿပိဳင္နက္ ထင္ဖုန္းနဲ႔ကုယြီတို႔လည္း အေတာ္ေလးၿငိမ္သက္သြားၿပီး သူတို႔ရဲ႕ေလးနက္တည္ၾကည္ေသာမ်က္လုံးမ်ားက လင္းလက္ေတာက္ပေန​ေလတယ္

ဥမင္လိုဏ္ေခါင္းစနစ္မွာ အဆင့္မ်ားစြာ႐ွိၿပီး က်န္႔က်န္းက ေအာက္ဘက္သို႔ဆက္သြားတယ္  ေနာက္ဆုံးအလႊာကို​ေရာက္တာနဲ႔ သူတို႔ကရပ္လိုက္တယ္။

"ဂိုဏ္းခ်ဳပ္၊ အျပင္ကလူေတြ ဒီအတြက္လာၾကတာလား…" ထင္ဖုန္းက မ​ေနႏိုင္​ေတာ့ဘဲေမးလိုက္တယ္

က်န္႔က်န္းဟာ ဘိုးဘြားမ်ာရဲ႕ကမၺည္တိုင္မ်ားကိုၾကည့္လိုက္တယ္ ဒီေနရာဟာ အတိတ္မွာတုန္းက နတ္ဆိုးဂိုဏ္းအုပ္​ေတြနံ႔အဖြဲ႕ဝင္​ေတြကို မွတ္​ေက်ာက္တင္ထားတဲ့ေနရာျဖစ္တယ္

က်န္႔က်န္းက သူတို႔႐ွိရာကိုေလွ်ာက္သြားၿပီး ဦး ၫႊတ္လိုက္တယ္

"သူတို႔ကရတနာကို႐ွာေနတာ"
က်န္႔က်န္းျပန္လွည့္လာတဲ့အခါသူ႕မ်က္၀န္းထဲမွာ ​ေအးစက္မႈ​ေတြျပန္႔က်ဲေနတယ္။

"အရင္မင္းဆက္ရဲ႕ ရတနာ​ေတြကို ဖြက္ထားတဲ့ ေျမပုံအေၾကာင္းေကာလာဟလကိုမင္းသိလား။ "

ထင္ဖုန္း ေခါင္းညိတ္လိုက္တယ္ ယခင္မင္းဆက္ကိုျဖဳတ္ခ်ခဲ့တာဟာ ႏွစ္ေပါင္းသုံးရာ႐ွိၿပီျဖစ္ေသာ္လည္း သူတို႔ရဲ႕ဝွက္ထားတဲ့ ရတနာ​ေတြအ​ေၾကာင္းေကာလဟာလ​ေတြဟာ သိုင္း​ေလာကမွာ  ယေန႔တိုင္ပ်ံ႕ႏွံ႔ေနဆဲျဖစ္တယ္

အဲ့ဒါက ရတနာကို႐ွာ​ေတြ႕ဖို႔အတြက္ ေျမပုံတစ္ခုကို႐ွာေဖြရန္သာလိုတယ္လို႔ ဟုဆိုတယ္။ ဒါေပမယ့္ေျမပုံကိုဘယ္သူမွမေတြ႕ဖူးဘူး။

ထင္ဖုန္းအတြက္က​ေတာ့ အဲ့​ေကာလဟာလက လူ​ေတြ ထင္​ေၾကးနဲ႔မွန္းဆ​ေနၾကတဲ့ မ​ေရရာမႈတစ္ခုသာသာပဲ
ဒါေပမယ့္ က်န္႔က်န္း ရဲ႕႐ုတ္တရက္ေမးခြန္းက သူ႕ႏွလုံးသားထဲမွာ သံသယတစ္ခုျဖစ္ေစတယ္။

"ရတနာ​ေတြကဒီ​ေအာက္မွာ႐ွိတယ္" က်န္႔က်န္းက သူ႕​ေအာက္ကၾကမ္းျပင္ကို ေျချဖင့္ပုတ္လိုက္တယ္

ထင္ဖုန္းရဲ႕ မ်က္လုံးမ်ားျပဴးက်ယ္သြားၾကတယ္  'တကယ္႐ွိေနတာလား?!'

ကုယြီက​ေတာ့ ဒီလိုနိမ့္က်တဲ့ အရာမ်ားကိုစိတ္၀င္စား​ေနပုံမရဘူး

"ဒီရတနာေၾကာင့္ နတ္ဆိုးဂိုဏ္းရဲ႕ပထမဆုံးဂိုဏ္းခ်ဳပ္က အသက္ခံလိုက္ရတာပဲ" က်န္႔က်န္းရဲ႕ အသံက ေျမေအာက္ခန္းမွာ ပဲ့တင္ထပ္ေနၿပီး သူက ထင္ဖုန္း နဲ႔ ကုယြီတို႔ ယခင္ကမၾကားဖူးခဲ့ေသာ ပုံျပင္တစ္ပုဒ္ကိုျဖည္းျဖည္းခ်င္းေျပာျပ​ေတာ့တယ္

နတ္ဆိုးဂိုဏ္းကိုတည္ေထာင္သူကသူရဲေကာင္းတစ္ေယာက္ျဖစ္ခ်င္တဲ့ သူ႕ဘဝရဲ႕အိပ္မက္ကို ျဖည့္ဆည္းႏိုင္ခဲ့တယ္။ သူဟာ မေမွ်ာ္လင့္ဘဲ ရတနာေျမပုံတစ္ခုကိုရခဲ့ၿပီး ရတနာ​ေတြကို ႐ွာေဖြေအာင္ျမင္ခဲ့တယ္

သူက ဆင္းရဲသားေတြကို ကူညီဖို႔ဒီရတနာေတြကိုသုံးခ်င္တယ္၊ ဒါေပမယ့္ ဒါကသူ႕ဘ ၀ အတြက္သာ အခက္အခဲေတြျဖစ္​ေစခဲ့တယ္။ အဆုံးမွာေတာ့သူက တိ​ေတာင္ကုန္းမွာပုန္းေနၿပီး နတ္ဆိုးဂိုဏ္းကိုတည္ေထာင္ခဲ့တယ္။

ရတနာတိုက္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ဂိုဏ္းခ်ဳပ္​ေတြအဆင့္ဆင့္ ႏႈတ္စကားနဲ႔ လႊဲ​ေျပာင္း​ေပးခဲ့ၾကၿပီး က်န္႔က်န္းက သူ႕အေဖမေသခင္မွာဒီအေၾကာင္းကိုသာသိခဲ့တာျဖစ္တယ္။

"ငါဒီေနရာကိုဖ်က္ဆီးခ်င္တယ္" က်န္႔က်န္းက နိဂုံးခ်ဳပ္လိုက္တယ္

"??" က်န္႔က်န္းရဲ႕ေနာက္ဆုံးစကားက ထင္ဖုန္းကိုအံ့အားသင့္သြားေစတယ္
'ဘာေၾကာင့္ဖ်က္ဆီးပစ္ရမွာလဲ '

"ဘယ္လိုလဲ?" ကုယြီ က ပိုၿပီး႐ိုး႐ွင္းတယ္။

"ငါတို႔ လြတ္​ေျမာက္ဖို႔ အခြင့္အ​ေရး႐ွိခ်င္မွ႐ွိမယ္"  က်န္႔က်န္းရဲ႕ ေလသံက ပိုေလးနက္လာတယ္ "အခုခ်ိန္မွာမင္းတို႔ထြက္သြားဖို႔အခြင့္အလမ္း႐ွိေနေသးတယ္"

ထင္ဖုန္းက ရတနာတိုက္ကို ဖ်က္ဆီးပစ္ရမယ့္အ​ေၾကာင္းျပခ်က္ကို မသိ​ေပမယ့္ သူ႕​ေနရာသူ​ေတာ့သိတယ္

"ဂိုဏ္းခ်ဳပ္၊ ငါတို႔က မင္းနဲ႔ႀကီးျပင္းခဲ့တာ၊ ဒါေၾကာင့္ငါတို႔မင္းစကားကိုနားေထာင္မယ္"

က်န္႔က်န္းက သူတို႔ပုခုံးေတြကိုပုတ္လိုက္တယ္။ "ဒီမွာယမ္းမႈန္႔ေတြ႐ွိတယ္  ငါတို႔ အဲ့ဒါ​ေတြကိုသုံးၿပီး ​ေဖာက္ခြဲရမယ္  ေနရာတိုင္းမွာလြတ္လမ္းတစ္ခု႐ွိတယ္ ဒါေၾကာင့္ ျမန္ျမန္ဆန္ဆန္လုပ္ၿပီး မင္းတို႔ထြက္သြားသင့္တယ္"

ကုယြီက က်န္႔က်န္းၫႊန္ျပတဲ့ ဦး တည္ရာအတိုင္းေလွ်ာက္သြားခဲ့ၿပီး သူလမ္းတစ္ဝက္ေရာက္ၿပီးေနာက္ ႐ုတ္တရက္လွည့္ၾကည့္လိုက္တယ္
"ဂိုဏ္းခ်ဳပ္၊ မင္း ဝူက်န္းကို လက္လိုက္ခံဖို႔ငါတို႔ကို ေျပာတဲ့အခ်ိန္ကတည္းက မင္းဆုံးျဖတ္ၿပီးသားလား"

နတ္ဆိုးဂိုဏ္းဝင္မ်ားဟာ ယဥ္ပါးဖို႔ ဒီ​ေလာက္မလြယ္ကူဘူး  က်န္႔က်န္းကသာ သူတို႔ကိုအမိန္႔မေပးခဲ့ရင္ ေသမယ့္လမ္းကို ​ေရာက္​ေနရင္ေတာင္ သူတို႔က သူမကိုဂိုဏ္းခ်ဳပ္အျဖစ္ အသိအမွတ္ျပဳမွာမဟုတ္ဘူး

က်န္႔က်န္းက ေခါင္းယမ္းလိုက္ၿပီး သူ႕အၾကည့္ေတြကအေဝးကို​ေရာက္သြားတယ္

"ငါက သူမအတြက္ျပန္ဖို႔လုံျခဳံတဲ့အိမ္တစ္ခုေပးခ်င္တာပါ"

သူက ဒီကိစၥဟာ အခု​ေလာက္ျမန္ျမန္ လူသိသြားၾကမယ္လို႔ မေမွ်ာ္လင့္မိခဲ့ဘူး။ နတ္ဆိုးဂိုဏ္းပ်က္သုဥ္းသြားၿပီးတဲ့အခါ ဒီလွ်ိဳ႕ဝွက္ခ်က္ကို သူတို႔ရဲ႕အ႐ိုး​ေတြထဲမွာ အစဥ္အၿမဲျမႇဳပ္ႏွံထားလိမ့္မယ္လို႔ သူထင္ခဲ့တယ္

သို႔​ေပမယ့္ တစ္စုံတစ္ဦးက ထုတ္ေဖာ္ေျပာလိုက္မယ္လို႔ ဘယ္သူကသိမွာလဲ

တစ္ခါတစ္ရံမွာ မင္းလွ်ိဳ႕ဝွက္ခ်က္လို႔ထင္ထားတဲ့အရာ​ေတြက လူအမ်ားအတြက္​ေတာ့ ​ေက်ာ္ၾကားတဲ့ကိစၥတစ္ခုျဖစ္ခ်င္ျဖစ္​ေနမွာ

" ဂိုဏ္းခ်ဳပ္…" ထင္ဖုန္းရဲ႕အမူအရာက မွင္တက္သြားပုံ​ေပၚတယ္

ကုယြီက တုံ႔ဆိုင္းမ​ေနဘဲလွည့္ကာ ေ႐ွ႕ဆက္သြားတယ္

Transalated  by Dora💜 Mia💙

Continue Reading

You'll Also Like

551K 57K 200
Book 1 အပိုင်း (1- 200) Title: Reincarnation of Businesswoman at School Author: Warm Color Su Eng Translator: Henyee Translations Mm Translator : Cha...
1M 122K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
19.6K 1K 5
Author : Celine Gu Xi Jue Short chinese story Not Mine Myanmar Translation (Zawgyi&Unicode) 5July-8July(2020)