ရှီရှန်း ( ရှီရှန်း) Book 3...
By Hanpandora
474K 68.4K 747
ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ရှီရှန်း arc 11 က​နေ စတင်တာပါ arc... More
💜💙
Arc 11.1
Arc 11.2
Arc 11.3
Arc 11.4
Arc 11.5
Arc 11.6
Arc 11.7
Arc 11.8
Arc 11.9
Arc 11.10
Arc 11.11
Arc 11.12
Arc 11.13
Arc 11.14
Arc 11.15
Arc 11.16
Arc 11.17
Arc 11.18
Arc 11.19
Arc 11.20
Arc 10.21
Arc 11.22
Arc 11.23
Arc 11.24
Arc 11.25
Arc 11.26
Arc 11.27
Arc 11.28
Arc 11.29
Arc 11.30
Arc 11.31 END
Extra 1
Extra 2
Arc 12.1
Arc 12.2
Arc 12.3
Arc 12.4
Arc 12.5
Arc 12.6
Arc 12.7
Arc 12.8
Arc 12.9
Arc 12.10
Arc 12.11
Arc 12.12
Arc 12.13
Arc 12.14
Arc 12.15
Arc 12.16
Arc 12.17
Arc 12.18
Arc 12.19
Arc 12.20
Arc 12.21
Arc 12.22
Arc 12.23
Arc 12.24
Arc 12.25
Arc 12.26
Arc 12.27
Arc 12.28
Arc 12.29
Arc 12.30
Arc 12.31
Arc 12.32
Arc 12.33
Arc 12.34
Arc 12.35
Arc 12.36
Arc 12.37
Arc 12.38
Arc 12.39
Arc 12.40END
Arc 12 Extra
Arc 13.1
Arc 13.2
Arc 13.3
Arc 13.4
Arc 13.5
Arc 13.6
Arc 13.7
Arc 13.8
Arc 13.9
Arc 13.10
Arc 13.11
Arc 13.12
Arc 13.13
Arc 13.14
Arc 13.15
Arc 13.16
Arc 13.17
Arc 13.18
Arc 13.19
Arc 13.21
Arc 13.22
Arc 13.23
Arc 13.24
Arc 13.25
Arc 13.26
Arc 13.27
Arc 13.28
Arc 13.29
Arc 13.30
Arc 13.31
Arc 13.32
Arc 13.33
Arc 13.34
Arc 13.35
Arc 13.36 END
ကျန့်ကျန်း SPECIAL EPISODE
Arc 14.1
Arc 14.2
Arc 14.3
Arc 14.4
Arc 14.5
Arc 14.6
Arc 14.7
Arc 14.8
Arc 14.9
Arc 14.10
Arc 14.11
Arc 14.12
Arc 14.13
Arc 14.14
Arc 14.15
Arc 14.16
Arc 14.17
Arc 14.18
Arc 14.19
Arc 14.20
Arc 14.21
Arc 14.22
Arc 14.23
Arc 14.24
Arc 14.25
Arc 14.26
Arc 14.27
Arc 14.28
Arc 14.29
Arc 14.30
Arc 14.31
Arc 14.32
Arc 14.33
Arc 14.34 END
Arc 15.1
Arc 15.2
Arc 15.3
Arc 15.4
Arc 15.5
Arc 15.6
Arc 15.7
Arc 15.8
Arc 15.9
Arc 15.10
Arc 15.11
Arc 15.12
Arc 15.13
Arc 15.14
Arc 15.15
Arc 15.16
Arc 15.17
Arc 15.18
Arc 15.19
Arc 15.20
Arc 15.21
Arc 15.22
Arc 15.23
Arc 15.24
Arc 15.25
Arc 13.20
1.9K 254 4
By Hanpandora
Unicode
အများစုကငြိမ်ပြီး နယ်​မြေကိုစူးစမ်း​လေ့လာနေကြချိန်မှာ အချို့က​တော့ အရင်ဆုံး ​တောင်​ပေါ်တက်သွားကြတယ်
မွန်းလွဲပိုင်းလောက်မှာ​တော့ တောင်ပေါ်မှာပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်သွားခဲ့တယ်။
ပထမပေါက်ကွဲမှုပြီး​တော့ မကြာခင်မှာပဲ ​နောက်တစ်ကြိမ်ထပ်မံပေါက်ကွဲခဲ့ပြီး ​တောင်ကုန်းတစ်ခုလုံးတုန်ခါသွားကာ စတင်ပြိုလဲကျသွား​တော့တယ်
လူတွေအားလုံးထိတ်လန့်တကြားနဲ့ထွက်ပြေးကုန်ကြတယ်။
တိ​တောင်ကုန်းဟာ ပင်လယ်တစ်ဖက်နှင့်ထိစပ်နေတာကြောင့် အပျက်အစီးအများစုက ပင်လယ်ထဲကို လျှောကျသွားတယ် ဒါ​ပေမယ့်  လူ​တွေရှိတဲ့ဘက်ကို လိမ့်ဆင်းလာ​နေတဲ့ ကျောက်တုံးကြီး​တွေလည်း ရှိသေးတယ်
ဒါက လုံး၀မျှော်လင့်မထားမိတဲ့ ဘေးဆိုးတစ်ခုရဲ့ နမူနာတစ်ခုဖြစ်နိုင်တယ်။
သူတို့ရဲ့အစပြုမှုဟာ တကယ်မစခင်မှာပဲပြီးဆုံးသွားခဲ့ပါတယ်။
ဖူယိယွင် နဲ့ လျှို့ရွှီ တို့က တောင်ပေါ်ကို မတက်ခဲ့ကြ​ဘဲ စခန်းရဲ့အစွန်အဖျားမှာရှိ​နေခဲ့တယ်
ပေါက်ကွဲသံ​တွေကြားရပြီး ​မြေကြီး​တွေတုန်လှုပ်လာတာနဲ့ ဖူယိယွင်က လျှို့ရွှီကို သူနဲ့အတူ​ခေါ်ပြီး ပေါက်ကွဲမှုကိုအောင်မြင်စွာရှောင်ရှားနိုင်ခဲ့တယ်
"အစ်ကိုကြီးယိယွင် ... " လျှို့ရွှီရဲ့မျက်နှာက ကြောက်ရွံ့မှု​တွေအပြည့်နဲ့ ဖျော့တော့​နေတယ်
"ဘာလို့ပေါက်ကွဲတာလဲ"
ဖူယိယွင် က သူမကို နှစ်သိမ့်တဲ့အ​နေနဲ့ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ပြိုကျနေဆဲတောင်နဲ့ အ​ဝေးကိုဦးတည်နေတယ်
'ဒီတောင်ကြီးကို​ဖောက်ကွဲဖို့အတွက်ယမ်းမှုန့်ဘယ်လောက်​တောင် လိုမှာလဲ'
ရှီရှန်းရဲ့လက်ချက်ကြောင့် သိုင်း​လောက ရှိလူအတော်များများသေဆုံးနေပြီးဖြစ်တဲ့အပြင် ဒီပေါက်ကွဲမှုကြောင့် အလင်းဂိုဏ်း​တွေရဲ့ အင်အားကိုပိုမိုကျဆင်းလာစေခဲ့တယ်
နတ်ဆိုးဂိုဏ်းဟာ​တော့ ပုန်းလျှိုးကွယ်လျှိုးလုပ်မ​နေတော့ဘဲ သူတို့ရဲ့ အသင်းအဖွဲ့ကိုပြောင်ပြောင်တင်းတင်းတိုးချဲ့လာတယ်
……
နတ်ဆိုးဂိုဏ်းကိုပြန်ရောက်တော့ ရှီရှန်းကအသစ်ပြန်လည်ဆောက်လုပ်ထားတဲ့အမိုး​အောက်မှာ အိပ်​နေတဲ့နှင်းဖြူခွေးကလေးကို ​တွေ့လိုက်ရတယ်
"၀ုတ်..၀ုတ်"… ခွေးကလေးကသူမကိုဟောင်တယ်
"မင်းဘာကိုဟောင်နေတာလဲ"   ရှီရှန်း ခွေးကလေးရဲ့ခေါင်းကိုခပ်ကြမ်းကြမ်းဖိလိုက်တယ်
"အုအုအုအု!"
ခွေးကလေးက ပြင်းပြင်းထန်ထန်ရုန်းကန်ပြီးအော်ဟစ်လိုက်တာ​ကြောင့် အောက်ဖက်ကလူ​တွေက လှမ်းကြည့်လိုက်ကြပြီး အကူအညီမဲ့စွာခေါင်းကိုခါယမ်းလိုက်ကြတယ်
"ဂိုဏ်းချုပ် က အရင်ဂိုဏ်းချုပ်ရဲ့ခွေးကိုအနိုင်ကျင့်ပြန်ပြီ…"
"ဂိုဏ်းချုပ်၊ ဟိုမိန်းကလေးနိုးနေပြီ" အခန်းငယ်တစ်ခုထဲက​နေ အမျိုးသမီးတစ်ဦး ထွက်လာပြီး ရှီရှန်း ကိုအော်ခေါ်လိုက်တယ်
ရှီရှန်းလည်းခွေးကလေးကိုဖမ်းပြီး အခန်းထဲကိုမ၀င်ခင်အမျိုးသမီးငယ်ကိုလက်ဆင့်ကမ်းပေးလိုက်တယ်။
မိန်းမပျိုလေးက ခွေးကလေးကိုပွတ်သပ်​ပေးလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ချစ်ခင်နှစ်ခြိုက်တဲ့အရိပ်မ​ယောင်​တွေ​ပေါ်လာတယ်
'ဂိုဏ်းချုပ်ဟောင်းကဒီခွေးကိုဘယ်ကရခဲ့တာလဲ။ သူက လက်ဖဝါးအရွယ်အစားက​နေ ပိုပြီးကြီးမလာ​တော့ဘူး အရမ်းချစ်စရာကောင်းတယ်!!!"
သို့​ပေမယ့် သူမတို့ ယခင်ဂိုဏ်းချုပ်အ​ကြောင်းကိုစဉ်းစားရင်း ထိုအမျိုးသမီးငယ်က စိတ်ပျက်အားငယ်သွားပုံရတယ် သူမခွေးကလေးကိုသယ်လာပြီးအခန်းထဲကို ၀င်လာတယ်
ရှီရှန်းက ကုတင်ဘေးမှာ ရပ်ပြီးလှဲ​လျောင်း​နေတဲ့မိန်းကလေးကိုငုံ့ကြည့်လိုက်တယ် သူမမရဲ့ မျက်နှာပေါ်တွင်ဒဏ်ရာတစ်ခုရှိ​နေ​ပေမယ့် အဲ့ဒါကအနာကျက်နေပြီဖြစ်တာ​ကြောင့် ဘာမျှမပြင်းထန်ဘူး
"ဒီနေရာကဘာလဲ။ " ကောင်မလေးက ခံစားချက်​တွေရှုပ်​ထွေး​နေတဲ့ပုံနဲ့​မေးတယ်
"နတ်ဆိုးဂိုဏ်း"
"နတ်ဆိုးဂိုဏ်း?" ကောင်မလေးက ပိုပြီးစိတ်ရှုပ်ထွေးသွားတဲ့အမူအရာကိုထုတ်ဖော်လိုက်တယ်။
"ငါဘယ်သူလဲ?"
ရှီရှန်း "…"
' ကျေးဇူးပြု၍ ခွေး​သွေး​တွေ မထည့်လိုက်ပါနဲ့..​စောက်ကျိုးနဲ'
"အယ်? မိန်းက​လေး၊ မင်းဘယ်သူလဲဆိုတာမမှတ်မိဘူးလား " ခွေးကိုင်ထားတဲ့အမျိုးသမီးငယ်က ထူးဆန်းစွာမေးလိုက်တယ်
"ဂိုဏ်းချုပ်၊ သူမခေါင်းထိခိုက်မိသွားတာလား။ ကျွန်မတို့သမား​တော်နဲ့တိုင်ပင်သင့်လား "
"ပိုက်ဆံမရှိဘူး"
ဇာတ်လိုက်​ကောင်ကပဲ ဇာတ်လိုက်မအတွက် ငွေသုံးတယ် ငါကဘာကြောင့်လုပ်ရမှာလဲ။ ငါ သူမကို​ခေါ်လာတာနဲ့တင် ​ကျေးဇူးတင်ဖို့​ကောင်း​နေပြီ '
ဟုတ်တယ်၊ ရှီရှန်းက ဇာတ်လိုက်မ ပိုင်​လော့ ကိုပြန်ခေါ်ခဲ့တယ်။
သူမကို တိ​တောင်ကုန်းနဲ့မဝေးတဲ့​နေရာမှာ ​တွေ့ခဲ့တာ
သူမ ဇာတ်လိုက်မအတွက် အမျိုးသားဇာတ်လိုက်​နောက်တစ်​ယောက် ရွေးလိုက်ပြီ..သူတို့ကဝတ္ထုတစ်ခုတည်းကမဟုတ်ပေမယ့်​ပေါ့ ...
အမျိုးသမီးငယ်"…"
'ငါတို့ သမား​တော်နဲ့တိုင်ပင်ဖို့ တတ်နိုင်ပါ​သေးတယ် ဂိုဏ်းချုပ်..၊ ရှင်ဘာကြောင့်ဒီလောက်ရက်စက်ရတာလဲ'
ပိုင်​လော့ဟာ တကယ်ကိုအတိတ်မေ့သွားခဲ့တယ် သူမနာမည်ကိုတောင်မမှတ်မိတော့တာမို့ အတိတ်​မေ့သွားတာလို့ ​ပြောလို့ရတယ် သူမ ခေါင်းကိုအရမ်းပြင်းပြင်းထန်ထန်ထိခိုက်မိခဲ့ပုံပဲ
'ဟေ့၊ ဒါက ဖူယိယွင်နဲ့ပိုင်​လော့ရဲ့ ဖူးစာက ပျက်သွားပြီဆိုတဲ့သ​ဘောပဲ ငါဒီမှာ ဇာတ်လိုက်မကို​ခေါ်ထားသရွေ့သူမ ဖူယိယွင် နဲ့ပြန်​တွေ့ဖို့နည်းလမ်းမရှိနိုင်ဘူး ဇာတ်လိုက်မကို အတိတ်​မေ့​အောင်လုပ်လိုက်တာက အ​တော်​လေး အစွမ်းထက်တဲ့နည်းလမ်းပဲ
[……] 'ဒီတခါ hostဘာကြံနေပြန်တာလဲ။ '
ပိုင်​လော့က နတ်ဆိုးဂိုဏ်းတွင်ဆက်နေခဲ့တယ် သူမမျက်နှာပေါ်က အမာရွတ်သည်အနည်းငယ်ရုပ်ဆိုးတာကြောင့် ဂိုဏ်းထဲမှာရှိတဲ့သူတချို့က နတ်​ဆေးသမားတော်တစ်ဦးပင့်​ပေးဖို့ သူတို့ရဲ့ ကိုယ်ပိုင်​ငွေ​တွေထုတ်​ပေးခဲ့ကြတယ်
သမား​တော်က ကုသခအဖြစ်ငွေအမြောက်အမြားကို လက်ခံခဲ့​ပေမယ့်လည်းသူ့ရဲ့ကုသမှုက လုံး၀အသုံးမ၀င်ခဲ့သလို ပိုင်​လော့ရဲ့မျက်နှာမှာ ဒဏ်ရာဒဏ်ချက်​တွေ လည်းရှိနေသေးတယ်
ဒီလိုနဲ့ ​ဒေါသူပုန်ထ​နေတဲ့လူအုပ်ကြီးက နတ်​ဆေးသမား​တော်အတုကို ​နေရာအနှံ့လိုက်လံဖမ်းဆီးတဲ့အဖြစ်ကို ဦးတည်သွား​စေတယ်
အလှအပကိုမကြိုက်တဲ့မိန်းကလေးမရှိဘူး။ ပိုင်​လော့က သူမမျက်နှာပေါ်က အမာရွတ်နဲ့ ပတ်သက်ပြီး ​တော်​တော်​လေး ဂရုစိုက်တယ်ဆိုတာ သိသာထင်ရှားပြီး သူမက အပြင်ထွက်တိုင်း ပု၀ါတစ်ထည်၀တ်ခဲ့တယ်
ရှီရှန်းက​တော့ သူမဖာသာ အလွန်အလုပ်များနေတာကြောင့် ဇာတ်လိုက်မ ဘာလုပ်နေလဲဆိုတာကိုစိတ်ပူဖို့ အချိန်မရှိဘူး။
"ဂိုဏ်းချုပ်၊ လက်၀ဲနဲ့လက်ယာ ကိုယ်ရံ​တော်တို့ ကျန်းမာ​ရေးပိုကောင်းမွန်လာပုံရတယ် ဒါ​ပေမယ့်..ဂိုဏ်းချုပ်ကျန့် …သူ.."
"ဘာလဲ? သူသေတော့မှာလား "
အစီရင်ခံတဲ့ ဂိုဏ်းသားတစ်ဦးက ရှီရှန်းအပြောအဆို​ကြောင့် နက်နက်နဲနဲ​တွေးမိသွားတယ်
'ဂိုဏ်းချုပ်က ဂိုဏ်းချုပ်ကျန့်သေဖို့တကယ်ကိုမျှော်လင့်နေသလိုငါဘာလို့ခံစားနေရတာလဲ။ ငါတစ်ယောက်တည်း​တွေးမိ​နေတာလား။ အဲ့လိုပဲဖြစ်ရမယ်! '
"သူ့အခြေအနေကသိပ်ကောင်းပုံမရဘူး" သူက ညည်းတွားလိုက်တယ် ပြီး​တော့သူ့ဂိုဏ်းချုပ်ရဲ့မျက်နှာကို တစ်ချက်ကြည့်ပြီးနောက် သူမက တကယ်ကြီး ကျန့်ကျန်းကို ​သေသွားဖို့​မျှော်လင့်​နေ​ကြောင်း ယုံကြည်လိုက်တယ်။
"အင်း၊ သွားကြည့်ရအောင်" ရှီရှန်းက လက်ယမ်းလိုက်တယ် '​ခွေးမသား၊ ငါသူ့ကိုကယ်ဖို့မီးပင်လယ်ထဲကိုခုန်ဆင်းခဲ့ရတာ'
ရှီရှန်းသူ့ကိုဘာကြောင့်ကယ်တင်ခဲ့လဲမမေးပါနဲ့။
ဟို ခွေးမသားsystemကစွမ်းရည်အသစ်တစ်ခုကို မကြာသေးမီက ထပ်ပေါင်းထည့်လိုက်ပုံရပြီး ပိုအစွမ်းထက်လာတယ်
ကျန့်ကျန်းဟာ မီးလောင်ဒဏ်ရာများနဲ့ဖုံးလွှမ်း​နေပြီး သူ့မျက်နှာကလည်း မဲတူးလျက်ရှိတယ် ရက်များစွာကုန်လွန်သွားတဲ့တိုင် သူ့အခြေအနေက တိုးတက်မှုလက္ခဏာမပြသေးဘူး
"သူတစ်ခုခုဖြစ်​နေတယ်လို့မင်းဘယ်လိုပြောနိုင်တာလဲ" ရှီရှန်းက သူမ​ဘေးကလူကိုထူးဆန်းသောအကြည့်နဲ့ကြည့်လိုက်တယ်
'သူကမီးသွေးခဲတစ်တုံးလို မည်းသည်း​နေတယ်​လေ။ ငါ့ကိုပြောစမ်းပါ၊ ခြားနားချက်ကိုမင်းဘယ်လိုမြင်နိုင်လဲ။ မင်းမှာ သူ့ခန္ဓာကိုယ်ထဲ​ဖောက်မြင်နိုင်တဲ့ X-ray မျက်လုံးရှိလို့လား။ '
" အခု…ဂိုဏ်းချုပ်ရဲ့တစ်ကိုယ်လုံးတုန်နေတယ်။ "ထိုလူကညင်ညင်သာသာပြန်ပြောတယ်
ကျန့်ကျန်း တကယ်အခြေအနေမကောင်းဘူး၊ ပြင်းထန်တဲ့​ပေါက်ကွဲမှုကို နီးနီးကပ်ကပ်ကြုံ​တွေ့ရပြီးတဲ့နောက် ဘယ်လိုလုပ်ပြီး အ​ခြေအ​နေ​ကောင်းအုံးမှာလဲ။
သူမသူ့ကိုပြန်ခေါ်လာကတည်းကသူသတိလစ်နေခဲ့တာပဲ။
" လူသားအားလုံးက တစ်ချိန်​တော့သေရမှာပဲ။ အချိန်ကအရေးမကြီးပါဘူး။ မင်းတို့ သူ့ဈာပနကိုစီစဉ်ထားပြီး သူ့ကိုသင်္ဂြိုဟ်ဖို့ကောင်းတဲ့နေရာကိုရှာနိုင်တယ်" ရှီရှန်းက ထိုလူရဲ့ ပုခုံးကိုပုတ်လိုက်တယ်
ဂိုဏ်းသားရဲ့အမူအရာသည်ချက်ချင်းပဲ ​ပြောင်းလဲသွားတယ် ဂိုဏ်းချုပ်…"
ရှီရှန်း ကသူဘာပြောမလဲဆိုတာသိတာ​ကြောင့် ဖြတ်​ပြောလိုက်တယ်
"ငါက ​ဆေး၀ိဇ္ဇာဖွားဖွား ရဲ့တပည့်ဖြစ်ပေမယ့် အဆိပ်ကိုပဲ​လေ့လာခဲ့တာ ​ဆေးမကုတတ်ဘူး ငါသူ့ကိုမကယ်နိုင်ဘူး "
ဂိုဏ်းသားရဲ့ မျက်လုံး​တွေမှေးမှိန်သွားတယ်"ဒါဆိုနည်းလမ်းတစ်ခုစဉ်းစားပါဦး.. ဂိုဏ်းချုပ်"
ရှီရှန်းက သူမရဲ့နဖူး​ကြောကို နှိပ်နယ်လိုက်ပြီး ခေါင်းကိုက်ခြင်းကိုစတင်ခံစားလိုက်ရတယ်
"ဘယ်နည်းလမ်းလဲ? လူတွေကိုသေရာကနေအသက်ပြန်ရှင်အောင်ငါမလုပ်နိုင်ဘူး! "
နတ်ဆိုးဂိုဏ်းသား" …"
'ဂိုဏ်းချုပ်အသက်ရှင်နေသေးတယ်!'
ထိုနေ့မှစပြီး​တော့  ကျန့်ကျန်းကိုကယ်ဖို့ နည်းလမ်းကို ရှီရှန်းအားမေးဖို့အတွက် နတ်ဆိုးဂိုဏ်းသား​တွေ နေ့စဉ်လာ​ပြောကြတယ်
ထင်ဖုန်း နဲ့ ကုယွိတို့ဟာ ကျန့်ကျန်းလို ပြင်းထန်စွာဒဏ်ရာမရခဲ့ကြဘူး ထို့ကြောင့်သူတို့နိုးလာပြီး ရက်အနည်းငယ်ကြာမှာပဲ ပြန်ပြီး ထူထူ​ထောင်​ထောင်ဖြစ်လာကြတယ်
ရှီရှန်းက​တော့ သူတို့နှစ်ယောက်ကိုသတ်ပစ်ချင်​နေတယ်
"မင်းတို့နှစ်ယောက်ကို ငါ ကယ်မထားခဲ့သင့်ဘူး!" ရှီရှန်း ကအံကိုကြိတ်လိုက်ပြီး သူ့ရှေ့မှာ ရပ်နေတဲ့ နှစ်ယောက်ကို​ငေါက်ငမ်းလိုက်တယ်
"ဂိုဏ်းချုပ်၊ မင်းဂိုဏ်းချုပ်ကျန့်ကို ဒီတိုင်းကြီးပစ်ထားလိုက်လို့မရဘူး၊ ကျေးဇူးပြုပြီးနည်းလမ်းတစ်ခုစဉ်းစားကြည့်ပါအုံး"
ကုယွီ က ရှီရှန်း ကိုမျက်လုံးချင်းဆုံပြီးကြည့်နေတယ်။ "မင်းသူ့ကိုကယ်ရင်ငါ့အသက်ကမင်းအပိုင်ပဲ"
ရှီရှန်း"…" 'မင်းအသက်ကိုဘယ်သူကလိုချင်​နေလို့လဲ'
ရှီရှန်းက ဒေါသထွက်ထွက်နဲ့ သူမရဲ့ ပစ္စည်းသို​လှောင်နယ်​မြေထဲက​နေ ပုလင်းတစ်ပုလင်းကိုထုတ်လိုက်တယ် ပြီး​တော့သူမက အထဲမှာပါတဲ့ ဆေးလုံးကိုထုတ်ပြီး ပြီးစားပွဲပေါ်တင်လိုက်တယ် "အကယ်၍ ဒါစားပြီး သူ​သေသွားရင် ငါ့တာဝန်မဟုတ်ဘူး။ မင်းတို့ သူ့ကိုကျွေးမှာလားမ​ကျွေးဘူးလားဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ကြ"
Systemကရတဲ့ဆေးပြားအများစုမှာ ဝိညာဉ်စွမ်းအင်​တွေ ပါတယ်  သာမာန်လူ​တွေက ​ဆေးထဲမှာ ပါတဲ့ သန့်စင်လွန်းတဲ့စွမ်းအင်ကိုခံနိုင်ရည်ရှိဖို့ မဖြစ်နိုင်ဘူး။ အကယ်၍ သူတို့သာ ဒါကိုခံနိုင်ရည်ရှိခဲ့ရင်​တော့ သူတို့အတွက်အကျိုးကျေးဇူးတွေပဲရလိမ့်မယ်။
Transalated  by Dora💜 Mia💙
Zawgyi
"ဘာလို့ပေါက်ကွဲတာလဲ"
……
"အုအုအုအု!"
"နတ်ဆိုးဂိုဏ်း"
"ငါဘယ်သူလဲ?"
ရှီရှန်း "…"
"ပိုက်ဆံမရှိဘူး"
အမျိုးသမီးငယ်"…"
"ဘာလဲ? သူသေတော့မှာလား "
နတ်ဆိုးဂိုဏ်းသား" …"
Continue Reading
You'll Also Like
543K 63.5K 183
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
3M 231K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
236K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...