Unicode
လုရှီမင်သည် စုရွမ်ရွမ်ကို ကော်ရစ်တာဆီ မ,သွားလိုက်သည်။
သူမ မြေပြင်ပေါ်သို့ ဆင်းခွင့်မရမီ သူမကိုယ်ပေါ်မှ နှင်းများကို ရှင်းလင်းသွားစေရန် လေထဲတွင် မြှောက်ထားခံရ၏။
စုရွမ်ရွမ်သည် လေးလေးနက်နက်တွေးနေရင်း ဝန်ဆောင်မှုကို နှစ်သက်စွာ ခံစားကာ သူမရဲ့ နူးညံ့သော မေးစေ့လေးကို တွေးဆဆ ထိလိုက်သည်။
အချိန်ခရီးသွား တစ်ဦးအနေဖြင့် သူမ ဝတ္ထုများစွာကို ဖတ်ဖူးခဲ့သည်။
အစကတော့ဘ သူမက အမြှောက်စာ ဇာတ်ကောင်လေးတစ်ယောက်ပဲလို့ ထင်ထားခဲ့၏။ ဒါပေမယ့် အခုတော့ သူမက တကယ့် နတ်ဘုရားမ ဖြစ်ရမည်ဟု ခံစားနေရသည်။သူမက နတ်ဘုရားဆီက အချစ်ခံရသူမျိုး ဖြစ်ပြီး ပြိုင်ဘက်ကင်းစွမ်းအားတောင်မှ ရှိနေနိုင်သည်။
သူမက အခက်အခဲတွေကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင် လရောင်ကို ထိတွေ့ကိုင်တွယ်နိုင်လိမ့်မည်!
သူရဲကောင်းက အလွန်သန်မာသော်လည်း သူမက ပိုသန်မာသူဆိုတာ စုရွမ်ရွမ် သိသည်!
လာစမ်းပါ ! လေပြင်းကို ရင်ဆိုင်မယ်! စိတ်မမှန်တဲ့သူ!
စုရွမ်ရွမ်သည် လုရှီမင်ဘယ်ဘက်သို့ အရင် လျှောက်သွားလိုက်တော့ အမျိုးသားက အရပ်မြင့်လွန်းတယ်ဟု ခံစားရသည်။
ထို့နောက် သူမ လုရှီမင်ရဲ့ ညာဘက်သို့ လျှောက်သွားတော့လည်း အမျိုးသားက အရပ်မြင့်လွန်း နေသေးတယ်ဟု ခံစားရ၏။
ကိစ္စမရှိဘူး၊ သူက အနာဂတ်မှာ ခါးကုန်းသွားနိုင်တယ် !
သူမရဲ့ အခွင့်အာဏာကို ချက်ချင်းပြသရန်အလို့ငှာ စုရွမ်ရွမ်သည် လက်ချောင်းလေးကို ဆန့်ထုတ်လိုက်ပြီး လုရှီမင် လက်မောင်းကိုထိုးလိုက်ကာ အဓိပ္ပာယ်ပြည့်ဝစွာ ပြောလိုက်သည်။"သွား၊ ကျွန်မအတွက် နှင်းလူသားလုပ်ပေး"
ငါက နည်းနည်း လူဆိုး ဆန်နေမယ်ဆိုတာ ငါသိတယ်။
အနာဂတ်ကျရင် ပိုပြီး လူဆိုး ဆန်လိမ့်မယ်! ဟီးဟီး ဟီး
လုရှီမင်သည် သူမကို ငုံ့ကြည့်လိုက်၏။
မိန်းမငယ်လေးက အရည်လဲ့သော မျက်ဝန်းများဖြင့် ကြည့်နေပြီး သူမမျက်တောင်များက ညွှတ်ကျနေကာ သူမရဲ့ ဖြူဖွေးသောမျက်နှာက အနီရောင်အလွှာတစ်ထပ်ရှိနေသည်။
အဖျားကြောင့် ဖြစ်သော ဇီဝကမ္မ မျက်ရည်များက ထိုလှပသော မျက်ဝန်းများထဲ ရစ်သိုင်းနေသည်။
ဒီလို သနားစရာ အသွင်အပြင်လေးကို မြင်ရတော့ တကယ့်ကို ငြင်းဆိုဖို့ရာ တောင့်မထားနိုင်တော့ပေ။
လုရှီမင် လှည့်ထွက်သွားလိုက်သည်။
သူက သူမရဲ့ ရောင်ဝါကို အထင်ကြီးသွားတာဖြစ်ရမည်ဟု အောင်ပွဲခံကာ တွေးလိုက်၏။သူမမှာ အလွန်အမင်း စွမ်းအားပြည့်တဲ့ စွမ်းရည် ရရှိလာတော့မှာ သိတဲ့အတွက် သူ့ဘဝလေးလုံခြုံရန် သူမကို နာခံရတော့သည်။
စုရွမ်ရွမ်သည် ဂုဏ်ယူစွာဖြင့် မေး ပင့်လိုက်၏။သူမသည် ခေါင်မိုးကိုပင် မ,နိုင်ပြီး ဘုရားသခင်အလိုလိုက်ဖျက်ဆီးထားသော မိန်းကလေးတစ်ယောက် ဖြစ်နေသည်မှာ ပို၍ပင် သေချာလို့နေ၏။
တစ်ဖက်တွင် အမျိုးသားက လက်ဖဝါး အရွယ်နှင်းလူသားကို သပ်သပ်ရပ်ရပ်ဖွဲ့စည်းပြုလုပ်လိုက်သည်။
နှင်းလူသားလေးက မုန်လာဥနီတွေနဲ့ ပြုလုပ်ထားသော မျက်လုံး၊ နှာခေါင်းနဲ့အတူ လက်ရာမြောက်ကာ ချစ်ဖို့ကောင်းနေ၏။
စုရွမ်ရွမ် မျက်လုံးများ တောက်ပသွားပြီး မုန်လာဥနီများကို စားပစ်လိုက်သည်။
နှင်းလူသားလေးမှာ ချက်ချင်းပင် မျက်လုံးနှင့် နှာခေါင်းမရှိသော နှင်းလူသားလေးဖြစ်လာ၏။
အမျိုးသားရဲ့ အမူအရာပျက်သွားသည်။
စုရွမ်ရွမ်သည် နှင်းလူသားလေးကို လုရှီမင် လက်ထဲ ပြန်တွန်းထည့်လိုက်၏။"ကောင်းပြီ၊ပစ်လိုက်တော့၊ အို အိုး အို့ ပ်ချ် ..."
အမျိုးသားက နှင်းလူသားလေး ကို သူမလက်ထဲပြန်ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။"ကိုယ်ဘာကိုယ်ကိုင်ထား"
ဟမ်?
စုရွမ်ရွမ်သည် သူမရဲ့ ဘော့စ် အခွင့်အာဏာကို စိန်ခေါ်ခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
သူမသည် မျက်ဝန်းကြီးများဖြင့် လုရှီမင်ကိုစိုက်ကြည့်လျက် သူမရဲ့ ဒေါသအကြည့်ကို လုရှီမင်ကို ကြိုးစားဖော်ပြလိုက်သည်။
အမျိုးသားက သူမရဲ့ ခေါင်းလေးကို လက်ဆန့်ထုတ်ကာ ထိလိုက်၏။သူ့မျက်နာတွင် အပြုံးတစ်ခုရှိနေသော်လည်း အတော်လေး မနွေးထွေးလှကာ စုရွမ်ရွမ် လက်ထဲက နှင်းလူသားထက်ပင် အေးစက်နေ၏။"ကိုယ်လိုချင်တဲ့ နှင်းလူသားကို ကိုင်ထားပေးပါအုံး"
စုရွမ်ရွမ် စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည် ။ သူမ ဒေါသထွက်တော့မယ်! ကိုယ့်လူ၊ ရှင် ကျွန်မရဲ့ ဒေါသကို တောင့်မခံနိုင်ပါဘူး!
အမျိုးသားရဲ့မျက်နှာဟာ မပြောင်းလဲပြုံးမြဲပြုံးနေပေမယ့် သူ့နှုတ်ခမ်းထောင့်က အနည်းငယ်အောက် သို့ကျလာကာ နူးညံ့ညင်သာသော အသံဖြင့် ပြောလိုက်၏။"မင်းကောင်းကောင်းကိုင်ထားမယ် မို့လား?
စုရွမ်ရွမ်တုန်ယင်နေလေသည်။သူရဲကောင်းတစ်ယောက် ဖြစ်တဲ့ သူမက ဒီသေးငယ်တဲ့ ရှုံးနှိမ့်မှု ကို ခံနိုင်ရည်ရှိရမည်ဟု ခံစားရသည်။သူ့ကို သင်ကြားပေးဖို့ သူမ စွမ်းရည်ရတဲ့အထိ စောင့်လိုက်ပါမည်။ကောင်းကင် ဘယ်လောက် မြင့်တယ်ဆိုတာ ဒီလူမသိသေးသည့်အတွက် ဒါက သိပ်နှောက်မကျသေးပါ။
"ဒါက ဒါက အရမ်းအေးလွန်းတယ်" မိန်းမငယ်လေးက သူမရဲ့ အေးခဲနေတဲ့ လက်ကို မကျေမနပ် လေမှုတ်နေ၏။
အမျိုးသားက သူ့လက်ထဲမှ လက်အိတ်တစ်စုံ ထုတ်လိုက်ပြီး စုရွမ်ရွမ်လက်ကို အားကြီးနဲ့ ၀တ်ပေးလိုက်သည်။
စုရွမ်ရွမ် " ...QAQ ဒါက ဒါက အရည်ပျော်သွားလိမ့်မယ် ..."
"ဒါဆို အရည်ပျော်တဲ့အထိ ကိုင်ထား"
နှင်းလူသားသယ်ထားတဲ့ စုရွမ်ရွမ်လက်ဟာ ထုံကျင်နေသည်။ : ... ကိုယ့်လူ , ရှင်နောင် တရလိမ့်မယ်၊ ကျွန်မ ရှင့်ကို ပေးဆပ်ရအောင်လုပ်မယ်!
ဟေး အေးလိုက်တာ ...
နှင်းလူသားလေးကို ကိုင်ထားတဲ့စုရွမ်ရွမ်ဟာ ခွေးပေါက်လေးကို ခေါ်သွားရင်း လုရှီမင်နဲ့အတူ ဘေဘီ ရှောင်ကို သွားရှာကြတော့သည်။
❄️❄️❄️❄️❄️❄️
အခြေစိုက်စခန်းက ကြီးလည်းမကြီးသလို သေးလည်း မသေးသောကြောင့် ခွေးပေါက်လေးက ပတ်ဝန်းကျင်ကို အနံ့ခံရှာဖွေလိုက်သည်။
သို့သော်လည်း နှင်းက အရမ်းထူလွန်းပုံရပြီး ဘေဘီရှောင်ရဲ့ အနံ့ကို ဖုံးအုပ်ပစ်လိုက်သည်။
ခွေးပေါက်လေးက အချိန်အကြာကြီးရှာဖွေခဲ့ပေမယ့် ရှာမတွေ့ခဲ့ပေ။
အခြေစိုက်စခန်းတွင် ရုတ်တရက်ဖုတ်ကောင်များ ပေါ်လာခြင်းနှင့်အတူ နောက်ဆက်တွဲအနေဖြင့် အခြေစိုက်စခန်း တစ်ခုလုံး အလွန်ရှုပ်ထွေးသွား၏။
တစ်နေ့အကြာ ရှာဖွေပြီးနောက် ကောင်းကျွင့်ရှန်းမှာ အရမ်းပင်ပန်းသွား၍ ဆိုဖာပေါ်တွင် တစ်ချက် ငိုက်မျဉ်း သွားခဲ့သည်။
ပတ်ဝန်းကျင်တွင် တစ်ယောက်မှ မရှိပေ။
အဘွားအိုက ကောင်းကျွင့်ရှန်း ဘေးတွင် ထိုင်နေခဲ့ပြီး သူမခြုံနေတဲ့ စောင်နဲ့ သူ့ကို ခြုံပေးလိုက်သည်။
ထို့နောက် သူမက ရှေ့သို့ကိုင်းပြီး သူမရဲ့ ပါးလွှာကြမ်းရှတဲ့ လက်တွေနဲ့ သူနှဖူးကို ထိကိုင်လိုက်ကာ ခဏလောက် ပွက်သပ်နေပြီးနောက် ရပ်တန့်လိုက်သည်။
နူးညံ့သော ထိတွေ့မှုနှင့်အတူ ကောင်းကျွင့်ရှန်းရဲ့ နဖူးပေါ် အနမ်းတစ်ခု ကျရောက်လာပြီး သူမ ချက်ချင်း လှည့်ထွက်လာတော့သည်။
သူမက အသက်ကြီးနေသော်လည်း ကောင်းကျွင့် ရှန်းကို ကြည့်တဲ့အခါ သူမမျက်လုံးများက ပုံမှန်မဟုတ်စွာ တောက်ပနေတက်သည်။
ညကောင်းကင်ယံတွင်ရှိသည့် အတောက်ပဆုံးကြယ်လေးလိုမျိုး။
အဘွားအို ခေါင်းလှည့်လိုက်တော့ ခွေးနှင့်အတူ မဝေးတဲ့နေရာမှာ ရပ်နေတဲ့ စုရွမ်ရွမ်ကို မြင်လိုက်ရသည်။သူမက နှုတ်ခမ်း လက်တင်ကာ "တိတ်တိတ်နေပါ့မယ်" ဆိုတဲ့ လက်ဟန်ပြလာသည်။
စုရွမ်ရွမ်သည် ခွေးပေါက်လေးကို ဦးဆောင်ကာ လှည့်ထွက်သွားတော့၏။
ဒါက တကယ့်ကို မိခင်ဆန်တဲ့ အချစ်ပဲ။
မိခင်ဆန်သော အချစ် ဖျော်ဖြေမှုအား နှစ်သက်နေပြီးနောက် တစ်ယောက်သောသူကို ရှာဖို့ ခွေးကိုခေါ်ကာ ဆက်သွားတော့သည်။
သူရဲကောင်းက နံရံကိုမှီကာ ပေါင်မုန့်ခြောက်စားနေသည်။
သူက အစား ဂျီးများသောကြောင့် သူ ပေါင်မုန့်ခြောက်စားနေတာကို မြင်ရသည်က စုရွမ်ရွမ်အတွက် ရှားပါသော မြင်ကွင်းပေ။
စုရွမ်ရွမ်ရှေ့သို့ ရောက်သွားသည်။
ဟုတ်ပါသည်။ စုရွမ်ရွမ် မြင်နေရတာက ပေါင်မုန့်ခြောက်တစ်ခု မဟုတ်ပါ! အရမ်း အရမ်း အရမ်း လက်ဆတ်တဲ့ သားညှပ်ပေါင်မုန့် ဖြစ်၏!
အိုး တကယ်ကြီး အာလူးလေးတွေ ရှိနေတယ်!
လူတစ်ယောက်နဲ့ ခွေးတစ်ကောင်ရဲ့ မျက်လုံးများ ဟာ မနာလို သွားရေယို တဲ့ အရိပ်ယောင်များ ထင်ဟပ်ပေါ်လွင်နေ၏။
လုရှီမင်က ငုံ့ကြည့်လာပြီး သူ ကိုက်ထားတဲ့ သားညှပ်ပေါင်မုန့်ကို စုရွမ်ရွမ် ပါးစပ်ထဲထည့်လိုက်သည်။
စုရွမ်ရွမ်, ထိုပေါ်က ရှုပ်ထွေးနေတဲ့ သွားရာကို ကြည့်လိုက်သည်။
သူမ ချောင်း နည်းနည်း ဆိုးလိုက်၏။"ကျွန်မ တခြား တစ်ခု လိုချင်တယ်... အု အမ် ..."
စုရွမ်ရွမ် ပါးစပ်ထဲ အထည့်ခံလိုက်ရတဲ့ သားညှပ်ပေါင်မုန့်ဟာ တစ်ကိုက်စာတည်းဖြင့် ပျောက်ဆုံးသွားသည်။
ချစ်စရာ ခွေးပေါက်လေးက စိတ်ပျက်သော အကြည့်များ ပြသလာသည်။
ချစ်စရာ ရောင်းတဲ့နေရာမှာ တကယ်ကြီးရှုံးသွားခဲ့တာလား?
သားညှပ်ပေါင်မုန့်က ဆက်ကနဲ ထိုးထည့်ခံလိုက်ရသည်။
လုရှီမင်၏ ကြမ်းတမ်းသောနည်းလမ်းကြောင့် စုရွမ်ရွမ် မတရားခံရသလို ခံစားလိုက်ရသည်။
အမျိုးသားက သူမရဲ့ မေးလေးကို ကိုင်လိုက်ပြီး နောက်ထပ် ရေတိုက်လိုက်၏။
နွေဦး စိတ်ဝိဉာဉ် ရေက နည်းနည်းချိုတာပဲ။
မဆိုးပါဘူး။
သူရဲကောင်းရဲ့ဝန်ဆောင်မှုကို စုရွမ်ရွမ် အလွန်ပင် ကျေနပ်မှုရရှိနေပါသည်။
သူ့ကို အနာဂတ်ကျရင် သူမရဲ့ ပန်းကန် ဆေးခွင့်ပေးလိုက်ပါ့မယ်လေ။
"ဗိုက်ပြည့်ပြီလား?"
"ပြည့်ပြီ"
စုရွမ်ရွမ်သည် နီရဲရဲပါးလေးနဲ့ အတူ ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။
သူမက အစ်ကိုကြီး (big boss) တစ်ယောက်ဖြစ်နေသော်လည်း သူမက ကလေးပဲ ရှိသေးသည်။
ဒီပြိုင်ဘက်ကင်း ပြောင်းလဲနေတဲ့ ခန္ဓာကိုယ် အသွင်ပြောင်းမှုနဲ့ ရင်ဆိုင်နေရတော့ သူ့ကို ရိုက်နိုင်ဖို့ သူမအတွက် အချိန်ယူရပေအုံးမည်။
"ဒါပေမယ့် ကိုယ်တော့ ဗိုက်ဆာတယ်"အမျိုးသားက ခေါင်းစောင်းကာ သူ့နောက်တွင် ဖြာကျလျက်ရှိသော နေရောင်နှင့်အတူ သူမကို ကြည့်လာ၏။(အဓိပ္ပာယ် နှစ်ခွပါ၊ ပေါက်တယ်မလား ဟင်း ဟင်း)
နွေးထွေးသောနေရောင်ခြည်က စုရွမ်ရွမ်မျက်လုံးထဲတွင် ချိတ်ဆွဲလျက်ရှိသည်။
စုရွမ်ရွမ်သည် အထိတ်တလန့် တုန်ယင်သွားပြီး သူမနှလုံးထပ် ဖောက်လာသလို ခံစားလိုက်ရသည်။
သူမ သကြားလုံးတစ်လုံးကို ဖြည်းဖြည်းချင်းထုတ်လိုက်၏။
အမျိုးသားရဲ့ မျက်လုံးများထဲ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
စုရွမ်ရွမ်က သူမရဲ့ အဖိုးတန်ရတနာများ(မုန့်များ) အားလုံးကို ချက်ချင်း ထုတ်လိုက်၏။
ဒါပေမယ့် အမျိုးသားက မကျေမနပ် ဖြစ်နေသေးပြီး နံစော်နေတဲ့ ဖိနပ်တစ်ရံ ကဲ့သို့သော မျက်နှာထားချိတ်ဆွဲထားသည်။
"အဲ့ဒါတွေ မဟုတ်ရင် ရှင် ဒါကို စားနိုင်ပါတယ်"
စုရွမ်ရွမ်သည် ခွေးပေါက်လေးကို လုရှီမင် ရှေ့ထိုးပေးလိုက်၏။
ခွေးပေါက်လေး: ကျွန်တော်က လူမဟုတ်ဘူး။ ဒါပေမယ့် မင်းကတော့ တကယ့်ခွေးတစ်ကောင်ပဲ။
အမျိုးသားရဲ့ မျက်နှာက ပိုပြီးတော့တောင် ရုပ်ဆိုးလာသည်။
အမျိုးသားက တိတ်ဆိတ်စွာ ဆူငေါက်လိုက်၏။ :"အရူး"
ထို့နောက် သူ လှည့်ထွက်သွားတော့သည်။
စုရွမ်ရွမ်: ???
အမျိုးသားရဲ့ နောက်ကျောနဲ့ ရင်ဆိုင်လိုက်ရ၏။
စုရွမ်ရွမ်သည် သူမနဲ့ ခုနှစ်ထပ်ရှိတဲ့ အင်္ကျီလက်များကို အားနဲ့ တွန်းတင်လိုက်သည်။
ထို့နောက် သူမလက်ကောက်ဝတ်ကို ဝှေ့ယမ်းလိုက်ကာ ရက်စက်စွာ ပြောလိုက်သည်။: ကိုယ့်လူ၊ ရှင်တော့ သွားပြီ !
ရှေ့တွင် လျှောက်နေတဲ့ အမျိုးသားက ရုတ်တရက် ရပ်လိုက်ပြီး နောက်လှည့်ကြည့်လာသည်။
စုရွမ်ရွမ် ချက်ချင်းပဲ နံရံကို ထိုးနေသလိုပြုမူကာ အလိုအလျောက် သူမကိုယ်သူမ အပြစ်ပေးလိုက်သည်
"ဒီကိုလာ"
"အိုး"
ကိုယ့်လူ၊ ရှင်နောင်တရလိမ့်မယ်!
❄️❄️❄️❄️❄️❄️
ညတာရှည်က ပြီးသွားလေပြီ။
ဇွန်ဘီများ၏ လှုပ်ရှားမှုကလည်း တဖြည်းဖြည်း လျော့ကျလာ၏။
စုရွမ်ရွမ်သည် ပြတင်းပေါက်တွင် နေနေပြီး တက်ကြွထက်သန်စွာ ကြိုးစားနေသည်။
လာစမ်းပါ!ပူစပ်စပ် ကြက်လေး!သခင်စုရဲ့ စွမ်းရည်ကို မင်းကို မြည်းစမ်းခွင့်ပေးပါရစေ !
သို့သော်လည်း ပြတင်းပေါက်က အရမ်းမြင့်နေသောကြောင့် စုရွမ်ရွမ်သည် အပေါ်ကို မတက်နိုင်ပဲ သူမကြေငြာချက်မှာ ကျရှုံးသွား၏။
အရင်ဆုံး မင်းတို့ကို အသက်ရှင်ခွင့်ပေးထားအုံးမယ်!
စုရွမ်ရွမ်သည် နူးညံ့စွာ သီချင်းညည်းနေရင်း ငါ့ကို စောင့်နေ ၊ပူစပ်စပ် ကြက်လေးဟု ပြောလိုက်သည်။
ထို့နောက်တော့ လုရှီမင်က သူမကို နောက်မှဆွဲချလိုက်တော့၏။
ဇွန်ဘီ:သိသိသာသာကို ညတုန်းက ငါ့ကိုချစ်စရာလေးလို့ခေါ်တာပါ!ဇွန်ဘီတွေကိုလှည့်စားတဲ့ မျက်နှာပြောင်းလဲတက်တဲ့ မိန်းမ!
ဘေဘီရှောင်ကို ရှာလို့မတွေ့ကြသေးပေ။
စုရွမ်ရွမ်နဲ့ လုရှီမင်တို့က အခြေစိုက်စခန်းပတ်ပတ်လည်ကို ခွေးပေါက်လေးအား ဦးဆောင် ခေါ်သွားသည်။
လမ်းကြားလေးထဲ ဖြတ်သွားတဲ့အချိန်တွင် သူမသည် အရပ်ရှည်ရှည် လူတစ်စု၏ တားဆီးခြင်း ခံလိုက်ရ၏။
"ယိုး အလှလေး အသေးလေး"
ရှင့်ရဲ့ ခွေးမျက်လုံးက ကန်းနေတာလား !သူမရဲ့ ဘယ်နေရာက သေးနေလို့လဲ !
စုရွမ်ရွမ်က သူမရင် ဘက်ကို အတင်းတွန်းထုတ်လိုက်သည်။
တစ်ကိုယ်လုံးက ဒိုးလုံး (ဘောလုံး) လိုမျိုး ၀၀ကစ်ကစ်လေးဖြစ်နေသည်။
ခေါင်းလေးသည် ပင်ဂျာကင်အင်္ကျီ သုံးထပ် အောက်မြုပ်ဝင်နေပြီး လက်ဝါး အရွယ်လောက်သာ ကြီးတဲ့ မျက်နှာလေးသာ ပေါ်လွင်နေသည်။
သူမရဲ့ လှုပ်ရှားမှုကြောင့် ဦးထုတ်က ပွင့်ချပ်လိုမျိုး အလွှာလိုက် ပွင့်အာလာကာ သူမရဲ့ လှပသော မျက်နှာလေး ပေါ်လွင်လာသည်။
ထိုယောက်ျားသားများမှာ ရူးသွပ်ကုန်၏။
သူတို့က ကျီဆယ်ရုံသာ ကျီဆယ်ခြင်းဖြစ်သည်။
ထိုကဲ့သို့သော အလှလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားဖို့ မမျှော်လင့်ထားခဲ့ပေ။
အခုတော့ သူတို့စိတ်ကို ပြောင်းလိုက်ကြပြီ ဖြစ်သည်။
သူတို့ လုယက်ဖို့ အဆင်သင့်ဖြစ်နေလေပြီ !
မိန်းမငယ်လေးက နည်းနည်းအေးနေပုံရပြီး ခွေးကို ကိုင်ထားက နေရာတွင်ပင် မဝံ့မရဲ ရပ်နေသည်။
နှင်းထဲတွင် သူမရဲ့ လှပသော နှုတ်ခမ်းနဲ့ မျက်ဝန်းကြီးများမှာ နီရဲနေပြီး သူမ အသားရည်မှာ ဘာဘီရုပ်ကဲ့သို့ ဖြူဖွေးကြည်လင်နေသည်။
သူမရဲ့ မျက်ခုံး၊ မျက်လုံးပေါ်တွင် ဆီးနှင်းလွှာတစ်ထပ် သိပ်သည်းနေပြီး လူတစ်ကိုယ်လုံးက နှင်းထဲမှ ရေခဲ အလှလေးတစ်ယောက်လိုမျိုး ဖြစ်နေသည်။
ထိုလူများ တံတွေးမျိုချလိုက်ကြ၏။
သူတို့က အခြေစိုက်စခန်းထဲမှ ရှေ့ပြေးစေလွှတ်ခံရသော ယာယီတပ်ဖွဲ့ဖြစ်သည်။
မန်နေဂျာက ပျောက်ဆုံးနေသောကြောင့် ရုတ်တရက် ဇွန်ဘီများ ချိုးဖြတ်၀င်လာကာ ဇွန်ဘီများကို သတ်ဖို့နဲ့ အခြေစိုက် စခန်း တံတိုင်းကို ပြင်ဆင်ဖို့ရန် အခြေစိုက်စခန်းရှိ ယောက်ျား အနည်းငယ်ကို ဆင့်ခေါ်ခဲ့သည်။
ဒီလူတွေက စွန့်စားဖို့ မရဲဝံ့ကြသောကြောင့် ဒီနေရာတွင် ပုန်းနေကာ အပြင်မထွက်ခင် တခြားသူတွေ အလုပ်ပြီးအောင် စောင့်ချင်ကြသည်။ဒီလို အလှလေးနဲ့ လာဆုံစည်းဖို့တော့ မမျှော်လင့်ထားခဲ့ပေ။
စုတ်ပြဲနေတဲ့ အိတ်ကို သယ်ဆောင်ထားတဲ့ အမျိုးသားက စိတ်မရှည်သော အကြည့်ဖြင့် နောက်မှ ရောက်လာသည်။
ထိုမျက်လုံးများက သူ့ရှေ့က လူတွေပေါ် သိမ်းကျုံး ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင်တော့ ဖုံးကွယ်၍မရနိုင်သော ရန်လိုမှုများ သိသာထင်ရှားနေသည်။"သွားတော့ "
စုရွမ်ရွမ်သည် သူ့နှာခေါင်းကို နူးညံ့သိမ်မွေ့တဲ့ မျက်လုံးများနှင့် နှလုံးသားဖြင့်ကြည့်လိုက်သည်။(မော့ကြည့်တော့ နှာခေါင်းပဲ မြင်ရတယ်)
ငယ်ရွယ်တဲ့အစ်ကိုကြီးတစ်ယောက် ဖြစ်နေတဲ့အတွက် သူမက သူမရဲ့ ခွန်အားကို မပြသနိုင်သေးပေ။
ပိန်ပိန်ပါးပါး၊ ဆံပင်ရှည်နဲ့ လုရှီမင်ကို မြင်တော့ ထိုလူများဆီမှ ရယ်သံများ ထွက်လာကြသည်။
"အိုး ဒီယောက်ျားမဟုတ်၊မိန်းမ မဟုတ်က ဘာလဲ?"
အမျိုးသားက မျက်လုံးများ မှေးကျဉ်းသွားသည်။"ယောက်ျားမဟုတ် မိန်းမ မဟုတ်?"
စုရွမ်ရွမ် တံတွေး ခက်ခက်ခဲခဲ မျိုချလိုက်သည်။
ဆိုလိုသည်က သူမ အစ်ကိုကြီးဖြစ်နေလျှင်ပင်စွမ်းရည်မရှိပါက သူ့ကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။
အမျိုးသား သူ့အိတ်ထဲမှ သူ့ရဲ့ ချစ်လှစွာသော ပုဆိန်လေးကို ဆွဲထုတ်လိုက်သည်။
ပုဆိန်လေးက ထက်ရှစွာဖြင့် အရောင်ထနေ၏။
ပုဆိန်ရဲ့ကိုယ်ထည်မှလည်း မွေးပျံ့တဲ့ ဘေဘီလိုးရှင်းနံ့ ထွက်ပေါ်နေသည်။
ပုဆိန်လေး ထုတ်နေတာကို မြင်တော့ ထိုလူတွေက ဆက်လက် ရယ်မောနေ၏။
"ဟားဟား ဟားဟား ငါတို့ကို ဘာဘီရုပ်နောက်တစ်ရုပ် ပေးမလို့လား ဟား ဟား ဟား ..."ထိုလူများက သူတို့ ခါးတွေ မကိုင်းနိုင်လောက်အောင်ပင် အော်ဟစ်ရယ်မောနေကြ၏။
မကြာမီမှာပဲ သူတို့ ခါးတွေ ရှိတော့မှ မဟုတ်ဘူးဆိုတာတော့ သူတို့မသိကြပေ။
စုရွမ်ရွမ်သည် ဒီအဖြစ်ဆိုးကို တားဆီးဖို့ တစ်ခုခုလုပ်ရမည်ဟု ခံစားမိသည်!
ထို့ကြောင့် သူမ ချက်ချင်းပဲ ခွေးပေါက်လေးကို ခေါ်ကာ ပြေးတော့သည်။
အစ်ကိုကြီးတစ်ယောက်ဖြစ်တဲ့ သူမက အားနည်းသူတွေရဲ့ စစ်ပွဲကြား ဘယ်တော့မှ ဝင်ပါမှာ မဟုတ်ပေ။
သူမ ဘယ်လောက်ဝေးဝေးပြေးခဲ့လဲ စုရွမ်ရွမ် မသိပေ။
သွေးတွေ သူမကိုယ်ပေါ် မစင်ရုံတမယ်ပဲ၊ဟုတ်တယ်မဟုတ်လား?
"Aww!"
ရုတ်တရက် ခွေးပေါက်လေးက ထူထဲတဲ့ နှင်းတွေကို ကြည့်ကာ အော်လိုက်သည်။
သို့သော်လည်း သူက အရမ်းသေးကွေးလွန်းတာကြောင့် စုရွမ်ရွမ်ကို မြုပ်လုနီးပါး ဖြစ်စေသည့် နှင်းပြင်ထဲကို မသွားပေ။ထို့ကြောင့် ကော်ရစ်တာကို ခပ်မြန်မြန် ပတ်၍သာ ပြေးသွားလိုက်သည်။
စုရွမ်ရွမ် ဖက်ဖို့ လုပ်လိုက်ပေမယ့် ဖက်မထားနိုင်ပေ။
"နင့်ကို ကြည့်စမ်း၊ တစ်နေ့လုံး တစွတ်စွတ် စားနေတာ ဘာအသုံးဝင်လဲ !"
စုရွမ်ရွမ်သည် ခပ်တိုးတိုး ဆူပူ ကျိန်းမောင်းလိုက်ရင်း ခွေးပေါက်လေးကို သူမပခုံးပေါ်တွင် မြဲမြဲမြံမြံ သယ်ဆောင်ကာ နှင်းထဲသို့ ခြေလှမ်း ချလိုက်သည်။
"ဘုန်း" ဟုမြည်ကာ လူရော ခွေးပါလဲကျသွားတော့၏။
စုရွမ်ရွမ်: ငါ့ကို ကြည့်စမ်း၊ အများကြီး စားသောက်နေတာ ဘာအသုံးဝင်လဲ။
စုရွမ်ရွမ်သည် နှင်းများကို ပြင်းပြင်းထန်ထန် လှုပ်ရှားကာ ဖယ်ထုတ်လိုက်သည်။
သူမသည် နူးညံ့ပျော့ပျောင်းသော နှင်းများကို တွန်းဖယ်လိုက်၏။
ရုတ်တရက် ခွေးပေါက်လေးက ဟောင်နေပြန်၏။
စုရွမ်ရွမ် အံ့အားသင့်စွာ ပြောလိုက်သည်။"ဒီမှာလား?ဒီမှာလား?"
စုရွမ်ရွမ်က အလုပ်ကြိုးစားလိုက်ကာ သိပ်မကြာခင်မှာပဲ ကြက်ခြေထောက် သနပ်ကို ပစ်ပေးလိုက်သည်။
ခွေးပေါက်လေးက ပျော်ရွှင်စွာပဲ ယူသွားကာ ဆက်ပြီး ဝုတ်ဝုတ် ဟောင်နေ၏။
စုရွမ်ရွမ်သည် နှင်းတွေကို ခက်ခက်ခဲခဲ အဝေးတွန်းထုတ်လိုက်ပြီး ရေခဲနှင့် နှင်းများကြောင့် သူမ လက်အိတ်ဟာ စိုစွတ် အေးခဲလာသည်။လက်အိတ်များမှာ အေးစက် တောင့်ခဲနေပြီး ကွေးလို့တောင် မရတော့ပေ။
သူမ လက်အိတ်ချွတ်မှသာလျှင် ဖြစ်နိုင်တော့သည်။ ထို့နောက် သူမလက်များကို နှင်းထဲ ထိုးထည့်က ဆက်လက်၍ နှင်းများ ဖယ်ထုတ်လိုက်၏။
လှုပ်ရှားမှု ကို ကြားလိုက်ကြတဲ့ ရှောင်ယွီ နဲ့ နီးယန်က အပြေးအလွှားရောက်လာကြသည်။
နှင်းများက နက်ရှိုင်းသိပ်သည်း လို့နေ၏။
ရက်နည်းနည်းနှင့် ညအတော်များများ ကြာအောင် တူးရလိမ့်မည်။
သူတို့သုံးယောက်သာ အတူတူးရင် လုပ်ဆောင်မှု က တကယ့်ကို အများကြီး ပိုမြန်ဆန်ပေမယ့် သူတို့ တချို့နေရာတွေ တူးလို့ မပြီးသေးခင်မှာပဲ တဖက်မှ ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာသည်။
"ဇွန်ဘီတွေ ဝင်လာကြပြီ!တံတိုင်းက ပျက်စီးသွားပြီး ! အားလုံး အမျိုးသမီး အဆောင်ထဲဝင်ပြီး ပုန်းကြ!"
အော်ပြောသံနှင့် အတူ အော်ဟစ်မြည်ဟည်းနေသော အဝေးတစ်နေရာမှ ဇွန်ဘီအုပ်လှိုင်းလုံးကြီးကို မြင်တွေ့လာရသည်။"ho ho ho ho" ကိုက်ရဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေကြ၏။
"ရှင်တို့ အရင်ဝင်နှင့်၊ဒါတွေကို ကျွန်မဖြေရှင်းလိုက်မယ်"
စုရွမ်ရွမ် အသံက တူးထားတဲ့ နှင်းချိုင့်တွင်းထဲမှ ထွက်ပေါ်လာ၏။
ထို့နောက် သူမသည် ထိုတွင်းထဲမှ ခုန်ထွက်မလာနိုင်ပဲ အကြာကြီး ခုန်တက်နေရ၏။
နီးယန် ထရပ်လိုက်ပြီး သူမသေနတ်ကို ထုတ်လိုက်သည်။
တစ်ချက်တစ်ကောင်နှုန်းဖြင့် ပစ်ခက်လိုက်၏။
စုရွမ်ရွမ်: ကောင်းပြီ၊ ကျွန်မရှေ့မှာ ဖျော်ဖြေဖို့ ရှင့်ကို အခွင့်ရေးပေးလိုက်မယ်။
ဇွန်ဘီတွေ အများကြီး ဖြစ်လာကြသည်။
နီးယန်တွင် ကျည်ဆံကုန်သွား၏။
သူမစွမ်းရည်ကို သုံးရုံကလွဲ၍ နည်းလမ်းမရှိတော့ပေ။
လျှပ်စီး စွမ်းရည်ထွက်ပေါ်လာလာချင်းပဲ ဇွန်ဘီ အမြောက်အများကို သိမ်းကျုံး လှည်းကျင်း ပစ်လိုက်သည်။
သို့သော်လည်း နီးယန်ရဲ့စွမ်းရည်က အရမ်းအားနည်းလွန်းနေသေး၏။
ကံကောင်းထောက်မစွာ သူမ အားအင်ကုန်ခမ်းခါနီးမှာပဲ ရှောင်ယွီ ဘက်မှ အံ့အားသင့်စွာ အော်ပြောလိုက်သည်။"တူးပြီ!"
ကလေးရဲ့ ဖိနပ်တစ်ဖက်သာလျှင် နှင်းတွင်းထဲပေါ်လာ၏။
ဒါက ဘေဘီ ရှောင်ရဲ့ ဖိနပ်ဆိုတာ ရှောင်ယွီ သိနေသည်။
ရှောင်ယွီက အောက်ဘက် ထိ ဆက်တူးထုတ်လိုက်၏။နောက်တော့ နှင်းထဲတွင် ဇောက်ထိုးစိုက်နေသည့် ဘေဘီ ရှောင်ကို သူရှာတွေ့လိုက်တော့သည်။
စုရွမ်ရွမ် သက်ပြင်း မချပဲ မနေနိုင်တော့ပါ။ ဒါက တကယ့်ကို မှော်ဆန်သော အရာပါပေ။
"မြန်မြန်! ဇွန်ဘီတွေရောက်လာပြီ!"
နီးယန်က ဖြူစုပ်ကာ အားနည်းလာလေသည်။
ဒီအချိန်မှာတော့ ပစ်ချက် ကြီးကြီးတစ်ခု လိုနေပြီဟု စုရွမ်ရွမ် ချက်ချင်းပြောလိုက်သည်။
သူမ နှင်းတွင်းထဲမှ ပြန်တက်နိုင်ဖို့ ရုန်းကန် ထရပ်လိုက်ပေမယ့် ထမရပ်နိုင်တော့ပေ။
သူမ ကြိုးကြိုးစားစား ထရပ်နေသေးပေမယ့် မရပ်နိုင်တုန်းပင်။
သူမက ငယ်ရွယ်သေးသည်။သူမနှလုံးရောဂါကလည်း မကုသရသေး။ဘာကြောင့်များသူမ ခြေထောက်က ပါ ထပ်ကျိုးသွားရတာလဲ?
ဇွန်ဘီများက အစုလိုက်အပြုံလိုက်ဖြစ်လာကာ သူတို့ပတ်ပတ်လည် ဝန်းရံလာတော့သည်။
သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ ခွေးပေါက်လေးက စုရွမ်ရွမ် နောက်တွင် ပုန်းလိုက်ကာ ကြောက်ရွံ့ထိတ်လန့်သော ငိုသံထွက်လာသည်။
"အာဝူး..........."
ဘာမှ ကောင်းတာ မရှိဘူး!
ရှောင်ယွီက တူးထုတ်လို့မပြီးသေးပေ။
နီးယန်သည် ရှောင်ယွီကို လှည့်ကြည့်လိုက်ပြီး သွားကြိတ်ကာ အော်ပြောလိုက်သည်။
"နင့် ခေါင်းကို ဖက်ထား"
စုရွမ်ရွမ်သည် သူမ ခေါင်းကို လျှင်မြန်စွာ ဖက်လိုက်ပြီး ခွေးပေါက်လေးကိုလည်း ဖက်လိုက်ကာ သူမကို သူမ နှင်းထဲ ပစ်သွင်းလိုက်သည်။
"အုန်း" (မိုးခြိမ်းသံ)
ကြီးမားတဲ့ မိုးကြိုးတစ်ချက်ပြီးနောက် ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွား၏။
စုရွမ်ရွမ် သတိကြီးကြီးဖြင့် ခေါင်းနည်းနည်းဖော်ကြည့်လိုက်တော့ သူမပတ်ပတ်လည်မှာရှိတဲ့ ချစ်စရာလေးများအားလုံး ရုပ်အလောင်းအဖြစ် ပြောင်းသွားကြောင်း မြင်လိုက်ရသည်။
အိုး၊ သူမရဲ့ သနားစရာ ဘေဘီလေးတွေ။
နီးယန် နှစ်လှမ်းလောက် ဒယီးဒယိုင်လျှောက်ပြီးနောက် သူမခန္ဓာကိုယ်က လှုပ်ခါ လဲကျသွားတော့သည်။
ရှောင်ယွီသည် လက်တစ်ဖက်နဲ့ ဘေဘီ ရှောင်ကို ဖမ်းထားလိုက်၏။
ဒါက နီးယန် စွမ်းအားအလွန်အကျွံ သုံးလိုက်၍ ဖြစ်သည်။
ရှောင်ယွီသည် နီးယန်ကို ဘယ်ဘက်လက်ဖြင့် ကူညီလိုက်ပြီး ရှောင်ပေါင်ပေါင်ကို ညာဘက်လက်ဖြင့် ကိုင်ထားကာ လူတွေကို ကော်ရစ်တာသို့ ခေါ်သွားလိုက်သည်။
စုရွမ်ရွမ်:??? ဟေး ၊ မဟုတ်ဘူးလေ၊ အစ်ကိုကြီး၊ ရှင့်ရဲ့ ဘော့စ်က ဒီမှာဒူးထောက်နေသေးတယ်လေ၊ ဟေး ?
စုရွမ်ရွမ် အရမ်းနာကျင်သွားရ၏။
ရုတ်တရက် ခြေတံရှည်တစ်စုံက မျက်လုံးထဲပေါ်လာသည်။
လတ်ဆတ်သော သွေးနံ့ကို သယ်ဆောင်ထားဆဲဖြစ်သည့် အမျိုးသားက ကိုယ်ကို ကိုင်းကာ လှမ်းကြည့်တာ သည်။
"အူးးးး၊ ကျွန်မ ခြေထောက်ကျိုးသွားပြီ ..."
မိန်းမငယ်လေးက "ရှင်ဘယ်လို ရောက်လာတာလဲ?" ဟူသော သနားစရာပုံစံလေးနဲ့အတူ အလွန်အမင်း မကျေမနပ်ပုံစံဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေ၏။
မျက်လုံးများက မျက်ရည်တွေနဲ့ နီရဲနေပြီး လုရှီမင်သာ စကား တစ်ခွန်းပြောလိုက်သ၍ သူမက ငိုတော့မည့်ပုံ ပေါ်နေသည်။
ဘစ်ဘော့စ်တစ်ယောက်အနေဖြင့် အားနည်းချက်ကို မှန်ကန်စွာထုတ်ပြခြင်းက ပြိုင်ဘက်ကို စိတ်ရှုပ်ထွေးစေနိုင်သည်လေ။
အမျိုးသားက လက်ဆန့် ထုတ်လာကာ သူမမျက်နှာကို သုတ်ပေးလိုက်သည်။
သူ့ရဲ့ သွေးစွန်းထင်းနေတဲ့ လက်တွေနဲ့ သူမရဲ့လှပသော မျက်နှာလေးကို ထိလိုက်တော့ နီနီရဲရဲ ဇီးပန်းပွင့်လေးက နှင်းပြင်ထဲ ပွင့်လန်းလာခဲ့သည်။
အမျိုးသားက သူမကို မြေပြင်မှ မ,လိုက်ပြီး သူ့လက်မောင်းထဲ သယ်ဆောင်လိုက်သည်။နောက်တော့ သူမခြေသလုံးကို ညှစ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။"ဘာမှမဖြစ်ပါဘူးကွာ၊ ခြေထောက် ထုံသွားရုံပဲ"
ဘယ်သူကများ ဒီလို နူးညံ့တဲ့ အရာလေးတွေကို မကြိုက်မှာလဲ။
အထူးသဖြင့် ဒီလို အေးစက်လှတဲ့ ကမ္ဘာပျက်ကပ်ကြီးမှာပေါ့။
အရမ်း နွေးထွေးတယ်။ပူပြင်းတယ်။ နူးညံ့တယ်။
စုရွမ်ရွမ်သည် ရက်စက်သော အပြုံးနဲ့အတူ လုရှီမင် ရင်ခွင်ထဲတွင် မြုပ်နှံလိုက်၏။
မင်းကြည့်၊ ဒီစိတ်မမှန်တဲ့သူက သူမလှည့်စားတာ ခံလိုက်ရပြန်ပြီ။
အိုး၊ သူမက ဘုရားသခင်ရဲ့ အရိပ်အောက်မှ စောင်မခြင်း ခံထားရတဲ့ အမျိုးသမီးပဲ။
စမက်ကျလွန်းလိုက်တာ !
❄️❄️❄️❄️❄️❄️
ဇွန်ဘီတွေ အများကြီး ဖြစ်လာတာကြောင့် အားလုံးမှာ အမျိုးသမီး အဆောင်ထဲတွင် စုဝေးနေလိုက်ကြသည်။
ဒီနေရာတွင်သာ သံတံခါးတစ်ခုရှိပြီး အပြင်ဘက်မှ ဇွန်ဘီများကို ယာယီအားဖြင့် ဟန့်တားထားနိုင်သည်။
အမျိုးသမီး အဆောင်ထဲ ၀င်ရောက်လာတဲ့ ခွေးပေါက်လေးက ပျော်ရွှင်စွာ ပတ်ပြေးနေသေးသည်။
နီးယန်သည် ခွေးထိန်းကြိုးကို ဖမ်းဆွဲပြီး ခွေးပေါက်လေးကို စုရွမ်ရွမ်ဆီ ပြန်ခေါ်သွားချင်ပေမယ့် ဘယ်ကရောက်လာမှန်းမသိသော ခွေးရဲ့ မမြင်ရသော ခွန်အားကြောင့် အံ့သြသွားရသည်။ထိုခွန်အားကြောင့် နီးယန်မှာ ကတိမ်းကပါး ဖြစ်သွားပြီး ရှေ့သို့တည့်တည့်ပြေးလိုက်သွားရသည်။
ငါးမိနစ်အကြာ ပြေးပြီး နောက်ဆုံးမှာတော့ နီးယန် ခွေးပေါက်လေးကို ရပ်တန့်နိုင်ခဲ့ပြီး သူမရှေ့မှ သံတံခါးကို တွေ့လိုက်ရသည်။
ဒီအဆောက်အဦးက မြေတိုက်ခန်းနှင့် တူနေ၏။
နီးယန် မျက်မှောင်ကြုတ်ကာ နားထောင်ကြည့်လိုက်တော့ အထဲမှာ လှုပ်ရှားမှုတချို့ရှိ ပုံရသည်။
သူမ ဓားမြောင်တစ်လက် ထုတ်လိုက်ပြီး သံတံခါးပေါ်က သော့ကို ကလော်ထုတ်လိုက်သည်။
" ကျွီ"
သံတံခါးပွင့်သွား၏။
အထဲတွင် နို့နံ့နဲ့အတူ အနံ့အသက်ဆိုးတွေ ရှိနေ၏။
နီးယန် မသိစိတ်အရ သူမပါးစပ်နဲ့နှာခေါင်းကို ကာလိုက်သည်။
အထဲတွင် မှောင်မဲနေပြီး ဘာမှမမြင်ရပေ။
နီးယန် ဖလက်ရှ်မီးထုတ်လိုက်တော့ ချက်ချင်းပဲ ထိတ်လန့်အံ့သြသွားရသည်။
အထဲက လှောင်အိမ်တစ်ခုချင်းဆီထဲတွင် အမျိုးသမီးများကို ထည့်ထားပြီး နွားများကဲ့သို့ နို့ထုတ်ယူနေသည်။
သူတို့အားလုံးထဲက အများစုမှာ ကိုယ်ဝန်ဆောင်များ ဖြစ်ကြ၏။
နီးယန်က ထိတ်လန့်အံ့အားသင့်နေလျက် အထဲတွင် ထိုကဲ့သို့ မြင်ကွင်းများ မမျှော်လင့်ထားသည်မှာ သိသာထင်ရှားနေသည်။
သူမ အထဲသို့ တုန်တုန်ယင်ယင် လျှောက်လှမ်းသွားပြီး ချက်ချင်း ရပ်တန့်လိုက်သည်။
အနောက်မှ တစ်ယောက်ယောက် ရောက်လာ၏။
အဲ့ဒါက ကိုယ်ဝန်ဆောင် အမျိုးသမီးအုပ်ကြီးဖြစ်သည်။
သူတို့က မြေတိုက်ခန်းထဲတွင် ဒဏ်ရာအတွက် ဆေးရလို့ ရငြား ရှာဖွေကြည့်ချင်ခဲ့သည်။
ဒါပေမယ့် နီးယန်ရဲ့ နောက်မှ ဒီလို မြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ ကြောက်ရွံ့ထိတ်လန့်သွားကြပြီး တချို့ဆို ထိတ်လန့်မှုကြောင့် မြေပြင်ပေါ် ထိုင်ချမိမတက် ဖြစ်သွားကြသည်။
မြေတိုက်ခန်း၌ အမျိုးသမီးများကို ပိတ်လှောင်ထားခဲ့သည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများအား အသုံးပြု၍ လတ်ဆတ်သော နို့ရည်ထုတ်လုပ်ဖို့ပင်။
ဒီဖြစ်စဉ်က လျှင်မြန်စွာပဲ ကိုယ်ဝန်ဆောင် အမျိုးသမီး အဆောင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
မန်နေဂျာမှလွဲ၍ ဒီမြေအောက်ခန်းတွင် ဘယ်သူမှ မရှိဖူးခဲ့ကြောင်း တစ်ယောက်ယောက်က ထောက်ပြလိုက်သည်။
ထို့ကြောင့် ဒီကိစ္စက မန်နေဂျာ လုပ်တာဖြစ်ရမည်။
ဒါပေမယ့် အခု မန်နေဂျောက ဘယ်မှာလဲ!
" ကြို့ထိုး~"ခွေးပေါက်လေးက ကြို့ထိုးလိုက်သည်။
တစ်ဖက်တွင် နီးယန်က မြေတိုက်ခန်းထဲတွင် အပိတ်ခံထားရတဲ့အမျိုးသမီးတွေကို ကယ်ဆယ်ဖို့ တစ်ယောက်ယောက်ကို အမြန်ရှာဖွေလိုက်သည်။
ထိုအမျိုးသမီးများမှာ ထွက်လာလာချင်းပဲ သူတို့ရဲ့ကလေးများကို ရှာပေးဖို့ အော်ဟစ်တောင်းဆိုလာကြသည်။
ငိုယိုကာ အော်ဟစ်ဆူညံ့နေပြီး ရူးသွပ် မတက်ဖြစ်နေကြ၏။
မြင်ကွင်းက အလွန်ပင် ပရမ်းပတာ အခြေအနေဖြစ်နေ၏။
နီးယန်နဲ့ ရှောင်ယွီက စည်းကမ်းထိန်းသိမ်းဖို့ အလုပ်ကြိုးစားလိုက်ရသည်။
ရုတ်တရက် နီးယန်မျက်လုံးများ တန့်သွားပြီး လူအုပ်ကို ကျော်ကာ ထောင့်နားမှာ ကွေးနေတဲ့ ဆံပင် အပြာနဲ့အမျိုးသမီးကို နက်ရှိုင်းစွာ ကြည့်လိုက်၏။
အပြာ ဟု အတိအကျ ဆို၍ မရပါ။
ဆံပင်က အရောင်မှိန်သွားသောကြောင့် အပြာနုရောင်ဖြစ်နေသည်။
အမှောင်ထဲတွင် အပြာရောင်ဆံပင်က အလင်းရောင်မှိန်မှိန် တစ်ခုရှိနေပြီး ရုပ်ထွေးနေသော အပြာရောင်ဆံပင်များသည် အပြာရောင် ဘောလုံးကြီးကဲ့သို့ ခြောက်သွေ့လျက်ရှိနေသည်။
နီးယန် အထဲသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။
ထိုအမျိုးသမီးက ရုတ်တရက် ထရပ်လာပြီး အပြင်ထွက်ပြေးချင်ပေမယ့် နီးယန်က သူမလက်မောင်းကို ဆွဲထားလိုက်သည်။
"အမ်း အမ်း အမ်း..." သူမက ရေမသောက်ရတာ အတော်လေးကြာနေသလိုမျိုး ခက်ခက်ခဲခဲ အော်သံ ထွက်လာသည်။
နီးယန် သူမလက်ကို လှုပ်ခါလိုက်ပြီး အမျိုးသမီးရဲ့မျက်နှာပေါ်က ရှုပ်ပွနေတဲ့ ဆံပင်တွေကို ဖယ်ထုတ်လိုက်ကာ ထိုမျက်နှာကို ထုတ်ဖော်လိုက်သည်။
အမျိုးသမီးများတွင် အသားရေကြမ်းတမ်းခြင်း၊ နှုတ်ခမ်း အက်ကွဲခြင်း၊ ထိုင်းမှိုင်းသောမျက်လုံးများရှိကြသည်။
ဒါပေမယ့် သူမက နီးယန်ကို မြင်တော့ သူမမျက်နှာမပြောင်းလဲပဲ မနေနိုင်တော့ပေ။
သူမက လွတ်မြောက်အောင် ရုန်းကန်လိုက်တော့ နီးယန်၏ မြေပေါ် ဖိချခြင်း ခံလိုက်ရသည်။
နီးယန်သည် လက်ထိတ်ထုတ်လိုက်ပြီး အမျိုးသမီးကို လက်ထိတ်ခတ်လိုက်သည်။
"ငါ့ကို လွှတ်စမ်း !" နောက်ဆုံးတော့ အမျိုးသမီးက စကားပြောလာသည်။
နီးယန်က သူမကို ဖိချလိုက်ပြီး သူမမျက်နှာကို ထိုအမျိုးသမီးလည်တိုင်ပေါ် တင်းကျပ်စွာ မြှုပ်နှံလိုက်ကာ စကားမပြောနိုင်လောက်အောင်ကို တစ်ဆို့နေ၏။
တစ်ကိုယ်လုံး တုန်ယင်လို့နေသည်။
"နီးမိန်" အမျိုးသမီးက သူမခေါင်းကို အားမန်ပါပါ လှည့်လာပြီး နီးယန်ဆီ ပစ်ဆောင့်လိုက်သည်။"ငါ့နာမည် မခေါ်နဲ့ "
❄️❄️❄️❄️❄️❄️
မြေတိုက်ခန်းထဲမှ အဖြစ်အပျက်ကို စုရွမ်ရွမ် မသိခဲ့ပါ။
လုရှီမင်က သူမကို အကျဉ်းချထားသောကြောင့်ပင်။
ဟုတ်ပါ၏။ သူမနေခဲ့သော အခန်းထဲတွင် အမှုထမ်းနေခြင်းဖြစ်သည်။
နီးယန်သည် ကန်ငယ်လေးကို ပြင်းပြင်းထန်ထန် ထိုးခွဲခဲ့သော အခန်းဖြစ်၏။
စုရွမ်ရွမ်သည် သူမရဲ့ စွမ်းရည်များကို လေ့ကျင့်နေသည်။
"ဘာ...."
ပင့်ကူမျှင်တစ်မျှင်မှ မရှိဘူး။
"လာ လာ လာ စွမ်းအင်၊ မှော်တိုက်ခိုက်မှု !" မှော်ပညာလည်း မရှိဘူး။
"စပ်လောက်ပြီ~ စပ်လောက်ပြီ~" ပြောင်းလဲခြင်းလည်း မဟုတ်ဘူး။
ဒီတော့ သူမရဲ့ သဘာဝလွန် စွမ်းရည်နဲ့ပတ်သက်ပြီး ဘာက အံ့ဩစရာကောင်းတာလဲ?
စုရွမ်ရွမ် မစောင့်နိုင်တော့ပေ။
သူမတွေးလိုက်သည်။ သူမ စွမ်းရည်ကို နှိုးဆွဖို့ လိုအပ်တာလား?
ဘယ်လို လှုံ့ဆော်ရမလဲ?
အိုး ဇွန်ဘီရှာမယ်။
စုရွမ်ရွမ်သည် ပြတင်းပေါက်ကို ဖွင့်ကာ ချက်ချင်းပဲ ဇွန်ဘီ ရှာဖွေလိုက်သည်။
နေပါဦး၊ ဒါက ဒုတိယထပ်ပဲ။သူမ လှေကားက ဆင်းပြီ ရှာတော့မယ်။
"မင်း ဘာလုပ်နေတာလဲ?"
သူ့ရဲ့ ပုဆိန်လေးကို သုတ်ရင်း ဆိုဖာပေါ်မှာထိုင်နေတဲ့ လုရှီမင်က မျက်မှောင်ကြုတ်လိုက်သည်။
စုရွမ်ရွမ်က လှည့်မကြည့်ပဲ အပြင်သို့ ဒုန်းဆိုင်းပြေးထွက်သွားသည်။
ဘစ်ဘော့စ်ရဲ့ အတွေးကို ရှင့််လို အမှိုက်က နားလည်နိုင်မှာလား?
စုရွမ်ရွမ်သည် ကိုယ်ဝန်ဆောင်မိခင် အဆောင်အပြင်သို့ ပြေးထွက်သွားသည်။
သံတံခါးကြောင့် တားဆီးခံထားရတဲ့ ဇွန်ဘီလေးများကို မြင်လိုက်ရ၏။
အိုး၊ သူမရဲ့ချစ်စရာလေးတွေက အရမ်းချစ်ဖို့ကောင်းနေတုန်းပဲ။
စုရွမ်ရွမ်သည် ချက်ချင်းပင် ပြေးထွက်သွားပြီး သူမရဲ့ချစ်စရာလေးတွေကို ပွေ့ဖက်ဖို့ ပြင်လိုက်သည်။
သို့သော်လည်း သူမ ဆွဲမခံလိုက်ရ၏။
ထို့နောက် သူက သူမကို ဝက်တစ်ကောင်လိုမျိုး ပြန်သယ်သွားသည်။
ပြန်လည်အမှုထမ်းနေရသော စုရွမ်ရွမ်သည် စိတ်ပျက်လက်ပျက် အမူအရာနဲ့ သူမခြေထောက် အချင်းချင်း ပွတ်ကာ အခန်းလေးထဲတွင် ထိုင်နေ၏။
သူမ ခဏလောက် ကြိတ်တွေးနေသည်။
ဇွန်ဘီတွေအပြင် ဘာရှိသေးလဲ?
ဥပမာ စိတ်မမှန်သူကိုရှာပြီး တစ်ခုခုကို ရန်စရမှာလား?
စုရွမ်ရွမ်သည် မျက်လုံးများ တောက်ပသွားပြီး သူမ ရင်ဘက်ကို မတ်မတ်ထားလိုက်ကာ လမ်းလျှောက်သွားလိုက်သည်။
ထို့နောက် သူမလက်ကို ထိုအမျိုးသား နောက်က ဆိုဖာပေါ် ထောက်လိုက်ပေမယ့် လက်က တိုလွန်းတာကြောင့် အမျိုးသားရင်ခွင်ထဲ တိုက်ရိုက်ဝင်သွားသည်။
ကိစ္စမရှိပေ။ကျရှုံးမှု က အောင်မြင်မူ၏ မိခင်ဖြစ်၏။
စုရွမ်ရွမ်သည် အမျိုးသားရဲ့ ရင်ခွင်ထဲတွင် ထိန်း ကိုင်ထားလျက်ရှိနေပြီး တည်ကြည်သော အမူအရာနဲ့ ပြောလိုက်သည်။"လာစမ်း၊ ငါ့ကိုချစ်ဖို့ကောင်းတဲ့ အမူအရာ သရုပ်ဆောင်ပြ"
လုရှီမင်: ...
အမျိုးသားက ပုဆိန်လေးကို ပွတ်သပ်နေပြီး သတိမထားမိစွာ မျက်ခုံးပင့်သွားသည်။
နောက်တော့ ရှေ့သို့ နည်းနည်းကိုင်းကာ အနံ့ခံကြည့်လိုက်၏။
ကောင်းပြီ ၊ သူမ အရက်မူးမနေဘူး။
ထို့နောက် သူက စုရွမ်ရွမ်ရဲ့ နီရဲနေသော မျက်နှာကို ကြည့်လိုက်သည်။
မီးလောင်ကျွမ်းလို့နေ၏။
လုရှီမင်က ခပ်ဖျော့ဖျော့ ပြုံးပြီး ငုံ့ကြည့်လိုက်၏။ "ကိုယ်က ကလေးတစ်ယောက်လို သရုပ်မဆောင်တတ်ဘူး၊ ဒါမှမဟုတ် မင်းကော ဒါကို သရုပ်ဆောင်နိုင်လား?"
ဘေဘီလိုရှင်းခရင်မ် ဖုံးလွှမ်းနေတဲ့ ပုဆိန်လေးက စုရွမ်ရွမ်မျက်နှာနဲ့ အရမ်း နီးကပ်နေသည်။
စုရွမ်ရွမ်သည် နဖူးမှ ခြေဖျားထိ ထိတ်လန့်တုန်လှုပ်သွားပြီး ဆံပင်များထောင်လာ၏။
"ရှင်၊ ရှင် ဘာလို့ နေ့တိုင်းဒေါသကြီးနေရတာလဲ၊ ကျွန်မက စ,ရုံလေးကို ..."
မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူမမှာ အားနည်းချက် မရှိရဘူး!
အစ်ကိုကြီးတစ်ယောက်ဖြစ်တဲ့ သူမက အခက်အခဲတွေကို သည်းမခံနိုင်ဘူးလား?
"အိုး?တကယ်လား?"အမျိုးသားက နှုတ်ခမ်းထောင့်စွန်းကွေးကာ ပြုံးလိုက်သည်။
"အဲဒါဘဲတစ်ကောင်ပဲ" ကလေးလေး~ရှောင်ကွိုင်ကွိုင်~ချစ်စရာ အသေးလေး~
စုရွမ်ရွမ်သည် ချစ်စရာများရောင်းရန် မသိစိတ်အရ အလုပ်ကြိုးစားလိုက်သည်။
သူမ နှုတ်ခမ်းဆူလိုက်ပြီးနောက်မှ သူမက လူရှိုင်းရဲ့ ပုဆိန်လေးအောက်တွင် အညံ့ခံသွားကြောင်း နားလည်သဘောပေါက်တော့သည်။
အမျိုးသားက ဆက်ပြုံးနေ၏။
စုရွမ်ရွမ်သည် ကြင်နာစွာ ဖျောင်းဖျလိုက်၏။"ပုဆိန်လေးနဲ့ မကစားရအောင်၊ ဒါက ထိခိုက်ရှနာ ဖြစ်လွယ်တယ်"
စုရွမ်ရွမ်သည် သူမမျက်နှာကို ထိုးနေတဲ့ ပုဆိန်လေးကို ဂရုတစိုက်ဖယ်ရှားလိုက်ပြီး ပုဆိန်လေးပေါ်က ပေကျံလာတဲ့ ဘေဘီလိုးရှင်းကို သူမမျက်နှာ ပွတ်သပ်လိုက်သည်။
မိန်းမငယ်လေးရဲ့ မျက်နှာက ကောင်းကောင်းပြုတ်ထားတဲ့ ကြက်ဥပြုတ်တစ်လုံးကဲ့သို့ ချောမွေ့နူးညံ့နေ၏။
အမျိုးသား၏ မျက်လုံးများ မဲမှောင်သွားပြီး စုရွမ်ရွမ်ရဲ့ မေးစေ့လေးကို လှမ်းညှစ်လိုက်ကာ သူမကို ဆိုဖာပေါ်ဖိချလိုက်သည်။
စုရွမ်ရွမ်က သူမရဲ့ မျက်ဝန်းကြီးများဖြင့် သူမရှေ့ကလူကို မော့ကြည့်နေ၏။
"ပါးစပ်ဖွင့်"
နီနီရဲရဲ စတော်ဘယ်ရီသီးကြီး တစ်လုံးက အမျိုးသားလက်ပေါ်တွင် ပေါ်လာသည်။
အို ကောင်းလိုက်လေခြင်း၊ ချစ်စရာ ကောင်းလိုက်တာ !
စုရွမ်ရွမ်သည် မျက်လုံးများ တစ်ဖြောင့်တည်း ဖြစ်သွားပြီး သူမဉာဏ်ရည်မှာ လျှင်မြန်စွာ ကျဆင်းသွားကာ သတိမထားမိစွာ ပါးစပ်ဖွင့်လိုက်၏။
ပါးစပ်ထဲက စတော်ဘယ်ရီသီးကြီးမှာ မယုံနိုင်လောက်အောင်ကို ချိုမြိန်နေကာ အရသာ ရှိနေ၏။
"အရသာရှိလား?"
စုရွမ်ရွမ်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည်။
အမျိုးသားရဲ့ နှုတ်ခမ်းထောင့်စွန်းများ ကွေးသွားပြီး သူမ နှုတ်ခမ်းထောင့်က စတော်ဘယ်ရီ ရည်တွေကို သုတ်ပေးလိုက်သည်။အနီရောင် စတော်ဘယ်ရီရည်များက သွေးရောင်ကဲ့သို့ တောက်ပနေကာ ချိုမြိန်သောအရသာဖြင့် ပြည့်နေ၏။
"တကယ့်ကို လှပတာပဲ"
သူမက နဂိုတည်းက ပါရမီရှိပြီး လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်သည်ဟု စုရွမ်ရွမ် ပြောလိုက်သည်။
"ပါးစပ်ဖွင့်" စုရွမ်ရွမ်သည် သူမပါးစပ်ကို ချက်ချင်းဖွင့်လိုက်၏။
ကောင်းပြီ?
သူမရဲ့ ချိုမြိန်တဲ့ စတော်ဘယ်ရီသီးလေးတွေ မဟုတ်ဘူးလား?
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️
Zawgyi
လုရွီမင္သည္ စု႐ြမ္႐ြမ္ကို ေကာ္ရစ္တာဆီ မ,သြားလိုက္သည္။
သူမ ေျမျပင္ေပၚသို႔ ဆင္းခြင့္မရမီ သူမကိုယ္ေပၚမွ ႏွင္းမ်ားကို ရွင္းလင္းသြားေစရန္ ေလထဲတြင္ ျမႇောက္ထားခံရ၏။
စု႐ြမ္႐ြမ္သည္ ေလးေလးနက္နက္ေတြးေနရင္း ဝန္ေဆာင္မႈကို ႏွစ္သက္စြာ ခံစားကာ သူမရဲ႕ ႏူးညံ့ေသာ ေမးေစ့ေလးကို ေတြးဆဆ ထိလိုက္သည္။
အခ်ိန္ခရီးသြား တစ္ဦးအေနျဖင့္ သူမ ဝတၳဳမ်ားစြာကို ဖတ္ဖူးခဲ့သည္။
အစကေတာ့ဘ သူမက အျမႇောက္စာ ဇာတ္ေကာင္ေလးတစ္ေယာက္ပဲလို႔ ထင္ထားခဲ့၏။ ဒါေပမယ့္ အခုေတာ့ သူမက တကယ့္ နတ္ဘုရားမ ျဖစ္ရမည္ဟု ခံစားေနရသည္။သူမက နတ္ဘုရားဆီက အခ်စ္ခံရသူမ်ိဳး ျဖစ္ၿပီး ၿပိဳင္ဘက္ကင္းစြမ္းအားေတာင္မွ ရွိေနနိုင္သည္။
သူမက အခက္အခဲေတြကို ျဖတ္ေက်ာ္ၿပီး ေနာက္ဆုံးတြင္ လေရာင္ကို ထိေတြ႕ကိုင္တြယ္နိုင္လိမ့္မည္!
သူရဲေကာင္းက အလြန္သန္မာေသာ္လည္း သူမက ပိုသန္မာသူဆိုတာ စု႐ြမ္႐ြမ္ သိသည္!
လာစမ္းပါ ! ေလျပင္းကို ရင္ဆိုင္မယ္! စိတ္မမွန္တဲ့သူ!
စု႐ြမ္႐ြမ္သည္ လုရွီမင္ဘယ္ဘက္သို႔ အရင္ ေလွ်ာက္သြားလိုက္ေတာ့ အမ်ိဳးသားက အရပ္ျမင့္လြန္းတယ္ဟု ခံစားရသည္။
ထို႔ေနာက္ သူမ လုရွီမင္ရဲ႕ ညာဘက္သို႔ ေလွ်ာက္သြားေတာ့လည္း အမ်ိဳးသားက အရပ္ျမင့္လြန္း ေနေသးတယ္ဟု ခံစားရ၏။
ကိစၥမရွိဘူး၊ သူက အနာဂတ္မွာ ခါးကုန္းသြားနိုင္တယ္ !
သူမရဲ႕ အခြင့္အာဏာကို ခ်က္ခ်င္းျပသရန္အလို႔ငွာ စု႐ြမ္႐ြမ္သည္ လက္ေခ်ာင္းေလးကို ဆန႔္ထုတ္လိုက္ၿပီး လုရွီမင္ လက္ေမာင္းကိုထိုးလိုက္ကာ အဓိပၸာယ္ျပည့္ဝစြာ ေျပာလိုက္သည္။"သြား၊ ကြၽန္မအတြက္ ႏွင္းလူသားလုပ္ေပး"
ငါက နည္းနည္း လူဆိုး ဆန္ေနမယ္ဆိုတာ ငါသိတယ္။
အနာဂတ္က်ရင္ ပိုၿပီး လူဆိုး ဆန္လိမ့္မယ္! ဟီးဟီး ဟီး
လုရွီမင္သည္ သူမကို ငုံ႕ၾကည့္လိုက္၏။
မိန္းမငယ္ေလးက အရည္လဲ့ေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနၿပီး သူမမ်က္ေတာင္မ်ားက ၫႊတ္က်ေနကာ သူမရဲ႕ ျဖဴေဖြးေသာမ်က္ႏွာက အနီေရာင္အလႊာတစ္ထပ္ရွိေနသည္။
အဖ်ားေၾကာင့္ ျဖစ္ေသာ ဇီဝကမၼ မ်က္ရည္မ်ားက ထိုလွပေသာ မ်က္ဝန္းမ်ားထဲ ရစ္သိုင္းေနသည္။
ဒီလို သနားစရာ အသြင္အျပင္ေလးကို ျမင္ရေတာ့ တကယ့္ကို ျငင္းဆိုဖို႔ရာ ေတာင့္မထားနိုင္ေတာ့ေပ။
လုရွီမင္ လွည့္ထြက္သြားလိုက္သည္။
သူက သူမရဲ႕ ေရာင္ဝါကို အထင္ႀကီးသြားတာျဖစ္ရမည္ဟု ေအာင္ပြဲခံကာ ေတြးလိုက္၏။သူမမွာ အလြန္အမင္း စြမ္းအားျပည့္တဲ့ စြမ္းရည္ ရရွိလာေတာ့မွာ သိတဲ့အတြက္ သူ႕ဘဝေလးလုံၿခဳံရန္ သူမကို နာခံရေတာ့သည္။
စု႐ြမ္႐ြမ္သည္ ဂုဏ္ယူစြာျဖင့္ ေမး ပင့္လိုက္၏။သူမသည္ ေခါင္မိုးကိုပင္ မ,နိုင္ၿပီး ဘုရားသခင္အလိုလိုက္ဖ်က္ဆီးထားေသာ မိန္းကေလးတစ္ေယာက္ ျဖစ္ေနသည္မွာ ပို၍ပင္ ေသခ်ာလို႔ေန၏။
တစ္ဖက္တြင္ အမ်ိဳးသားက လက္ဖဝါး အ႐ြယ္ႏွင္းလူသားကို သပ္သပ္ရပ္ရပ္ဖြဲ႕စည္းျပဳလုပ္လိုက္သည္။
ႏွင္းလူသားေလးက မုန္လာဥနီေတြနဲ႕ ျပဳလုပ္ထားေသာ မ်က္လုံး၊ ႏွာေခါင္းနဲ႕အတူ လက္ရာေျမာက္ကာ ခ်စ္ဖို႔ေကာင္းေန၏။
စု႐ြမ္႐ြမ္ မ်က္လုံးမ်ား ေတာက္ပသြားၿပီး မုန္လာဥနီမ်ားကို စားပစ္လိုက္သည္။
ႏွင္းလူသားေလးမွာ ခ်က္ခ်င္းပင္ မ်က္လုံးႏွင့္ ႏွာေခါင္းမရွိေသာ ႏွင္းလူသားေလးျဖစ္လာ၏။
အမ်ိဳးသားရဲ႕ အမူအရာပ်က္သြားသည္။
စု႐ြမ္႐ြမ္သည္ ႏွင္းလူသားေလးကို လုရွီမင္ လက္ထဲ ျပန္တြန္းထည့္လိုက္၏။"ေကာင္းၿပီ၊ပစ္လိုက္ေတာ့၊ အို အိုး အို႔ ပ္ခ်္ ..."
အမ်ိဳးသားက ႏွင္းလူသားေလး ကို သူမလက္ထဲျပန္ထည့္ေပးလိုက္ၿပီး ေျပာလိုက္သည္။"ကိုယ္ဘာကိုယ္ကိုင္ထား"
ဟမ္?
စု႐ြမ္႐ြမ္သည္ သူမရဲ႕ ေဘာ့စ္ အခြင့္အာဏာကို စိန္ေခၚခံလိုက္ရသည္ဟု ခံစားလိုက္ရ၏။
သူမသည္ မ်က္ဝန္းႀကီးမ်ားျဖင့္ လုရွီမင္ကိုစိုက္ၾကည့္လ်က္ သူမရဲ႕ ေဒါသအၾကည့္ကို လုရွီမင္ကို ႀကိဳးစားေဖာ္ျပလိုက္သည္။
အမ်ိဳးသားက သူမရဲ႕ ေခါင္းေလးကို လက္ဆန့္ထုတ္ကာ ထိလိုက္၏။သူ႕မ်က္နာတြင္ အၿပဳံးတစ္ခုရွိေနေသာ္လည္း အေတာ္ေလး မေႏြးေထြးလွကာ စု႐ြမ္႐ြမ္ လက္ထဲက ႏွင္းလူသားထက္ပင္ ေအးစက္ေန၏။"ကိုယ္လိုခ်င္တဲ့ ႏွင္းလူသားကို ကိုင္ထားေပးပါအုံး"
စု႐ြမ္႐ြမ္ စိတ္ဆိုးမာန္ဆိုး ေျပာလိုက္သည္ ။ သူမ ေဒါသထြက္ေတာ့မယ္! ကိုယ့္လူ၊ ရွင္ ကြၽန္မရဲ႕ ေဒါသကို ေတာင့္မခံနိုင္ပါဘူး!
အမ်ိဳးသားရဲ႕မ်က္ႏွာဟာ မေျပာင္းလဲၿပဳံးၿမဲၿပဳံးေနေပမယ့္ သူ႕ႏႈတ္ခမ္းေထာင့္က အနည္းငယ္ေအာက္ သို႔က်လာကာ ႏူးညံ့ညင္သာေသာ အသံျဖင့္ ေျပာလိုက္၏။"မင္းေကာင္းေကာင္းကိုင္ထားမယ္ မို႔လား?
စု႐ြမ္႐ြမ္တုန္ယင္ေနေလသည္။သူရဲေကာင္းတစ္ေယာက္ ျဖစ္တဲ့ သူမက ဒီေသးငယ္တဲ့ ရႈံးႏွိမ့္မႈ ကို ခံနိုင္ရည္ရွိရမည္ဟု ခံစားရသည္။သူ႕ကို သင္ၾကားေပးဖို႔ သူမ စြမ္းရည္ရတဲ့အထိ ေစာင့္လိုက္ပါမည္။ေကာင္းကင္ ဘယ္ေလာက္ ျမင့္တယ္ဆိုတာ ဒီလူမသိေသးသည့္အတြက္ ဒါက သိပ္ေႏွာက္မက်ေသးပါ။
"ဒါက ဒါက အရမ္းေအးလြန္းတယ္" မိန္းမငယ္ေလးက သူမရဲ႕ ေအးခဲေနတဲ့ လက္ကို မေက်မနပ္ ေလမႈတ္ေန၏။
အမ်ိဳးသားက သူ႕လက္ထဲမွ လက္အိတ္တစ္စုံ ထုတ္လိုက္ၿပီး စု႐ြမ္႐ြမ္လက္ကို အားႀကီးနဲ႕ ၀တ္ေပးလိုက္သည္။
စု႐ြမ္႐ြမ္ " ...QAQ ဒါက ဒါက အရည္ေပ်ာ္သြားလိမ့္မယ္ ..."
"ဒါဆို အရည္ေပ်ာ္တဲ့အထိ ကိုင္ထား"
ႏွင္းလူသားသယ္ထားတဲ့ စု႐ြမ္႐ြမ္လက္ဟာ ထုံက်င္ေနသည္။ : ... ကိုယ့္လူ , ရွင္ေနာင္ တရလိမ့္မယ္၊ ကြၽန္မ ရွင့္ကို ေပးဆပ္ရေအာင္လုပ္မယ္!
ေဟး ေအးလိုက္တာ ...
ႏွင္းလူသားေလးကို ကိုင္ထားတဲ့စု႐ြမ္႐ြမ္ဟာ ေခြးေပါက္ေလးကို ေခၚသြားရင္း လုရွီမင္နဲ႕အတူ ေဘဘီ ေရွာင္ကို သြားရွာၾကေတာ့သည္။
❄️❄️❄️❄️❄️❄️
အေျခစိုက္စခန္းက ႀကီးလည္းမႀကီးသလို ေသးလည္း မေသးေသာေၾကာင့္ ေခြးေပါက္ေလးက ပတ္ဝန္းက်င္ကို အနံ႕ခံရွာေဖြလိုက္သည္။
သို႔ေသာ္လည္း ႏွင္းက အရမ္းထူလြန္းပုံရၿပီး ေဘဘီေရွာင္ရဲ႕ အနံ႕ကို ဖုံးအုပ္ပစ္လိုက္သည္။
ေခြးေပါက္ေလးက အခ်ိန္အၾကာႀကီးရွာေဖြခဲ့ေပမယ့္ ရွာမေတြ႕ခဲ့ေပ။
အေျခစိုက္စခန္းတြင္ ႐ုတ္တရက္ဖုတ္ေကာင္မ်ား ေပၚလာျခင္းႏွင့္အတူ ေနာက္ဆက္တြဲအေနျဖင့္ အေျခစိုက္စခန္း တစ္ခုလုံး အလြန္ရႈပ္ေထြးသြား၏။
တစ္ေန႕အၾကာ ရွာေဖြၿပီးေနာက္ ေကာင္းကြၽင့္ရွန္းမွာ အရမ္းပင္ပန္းသြား၍ ဆိုဖာေပၚတြင္ တစ္ခ်က္ ငိုက္မ်ဥ္း သြားခဲ့သည္။
ပတ္ဝန္းက်င္တြင္ တစ္ေယာက္မွ မရွိေပ။
အဘြားအိုက ေကာင္းကြၽင့္ရွန္း ေဘးတြင္ ထိုင္ေနခဲ့ၿပီး သူမၿခဳံေနတဲ့ ေစာင္နဲ႕ သူ႕ကို ၿခဳံေပးလိုက္သည္။
ထို႔ေနာက္ သူမက ေရွ႕သို႔ကိုင္းၿပီး သူမရဲ႕ ပါးလႊာၾကမ္းရွတဲ့ လက္ေတြနဲ႕ သူႏွဖူးကို ထိကိုင္လိုက္ကာ ခဏေလာက္ ပြက္သပ္ေနၿပီးေနာက္ ရပ္တန႔္လိုက္သည္။
ႏူးညံ့ေသာ ထိေတြ႕မႈႏွင့္အတူ ေကာင္းကြၽင့္ရွန္းရဲ႕ နဖူးေပၚ အနမ္းတစ္ခု က်ေရာက္လာၿပီး သူမ ခ်က္ခ်င္း လွည့္ထြက္လာေတာ့သည္။
သူမက အသက္ႀကီးေနေသာ္လည္း ေကာင္းကြၽင့္ ရွန္းကို ၾကည့္တဲ့အခါ သူမမ်က္လုံးမ်ားက ပုံမွန္မဟုတ္စြာ ေတာက္ပေနတက္သည္။
ညေကာင္းကင္ယံတြင္ရွိသည့္ အေတာက္ပဆုံးၾကယ္ေလးလိုမ်ိဳး။
အဘြားအို ေခါင္းလွည့္လိုက္ေတာ့ ေခြးႏွင့္အတူ မေဝးတဲ့ေနရာမွာ ရပ္ေနတဲ့ စု႐ြမ္႐ြမ္ကို ျမင္လိုက္ရသည္။သူမက ႏႈတ္ခမ္း လက္တင္ကာ "တိတ္တိတ္ေနပါ့မယ္" ဆိုတဲ့ လက္ဟန္ျပလာသည္။
စု႐ြမ္႐ြမ္သည္ ေခြးေပါက္ေလးကို ဦးေဆာင္ကာ လွည့္ထြက္သြားေတာ့၏။
ဒါက တကယ့္ကို မိခင္ဆန္တဲ့ အခ်စ္ပဲ။
မိခင္ဆန္ေသာ အခ်စ္ ေဖ်ာ္ေျဖမႈအား ႏွစ္သက္ေနၿပီးေနာက္ တစ္ေယာက္ေသာသူကို ရွာဖို႔ ေခြးကိုေခၚကာ ဆက္သြားေတာ့သည္။
သူရဲေကာင္းက နံရံကိုမွီကာ ေပါင္မုန႔္ေျခာက္စားေနသည္။
သူက အစား ဂ်ီးမ်ားေသာေၾကာင့္ သူ ေပါင္မုန႔္ေျခာက္စားေနတာကို ျမင္ရသည္က စု႐ြမ္႐ြမ္အတြက္ ရွားပါေသာ ျမင္ကြင္းေပ။
စု႐ြမ္႐ြမ္ေရွ႕သို႔ ေရာက္သြားသည္။
ဟုတ္ပါသည္။ စု႐ြမ္႐ြမ္ ျမင္ေနရတာက ေပါင္မုန႔္ေျခာက္တစ္ခု မဟုတ္ပါ! အရမ္း အရမ္း အရမ္း လက္ဆတ္တဲ့ သားညွပ္ေပါင္မုန႔္ ျဖစ္၏!
အိုး တကယ္ႀကီး အာလူးေလးေတြ ရွိေနတယ္!
လူတစ္ေယာက္နဲ႕ ေခြးတစ္ေကာင္ရဲ႕ မ်က္လုံးမ်ား ဟာ မနာလို သြားေရယို တဲ့ အရိပ္ေယာင္မ်ား ထင္ဟပ္ေပၚလြင္ေန၏။
လုရွီမင္က ငုံ႕ၾကည့္လာၿပီး သူ ကိုက္ထားတဲ့ သားညွပ္ေပါင္မုန႔္ကို စု႐ြမ္႐ြမ္ ပါးစပ္ထဲထည့္လိုက္သည္။
စု႐ြမ္႐ြမ္, ထိုေပၚက ရႈပ္ေထြးေနတဲ့ သြားရာကို ၾကည့္လိုက္သည္။
သူမ ေခ်ာင္း နည္းနည္း ဆိုးလိုက္၏။"ကြၽန္မ တျခား တစ္ခု လိုခ်င္တယ္... အု အမ္ ..."
စု႐ြမ္႐ြမ္ ပါးစပ္ထဲ အထည့္ခံလိုက္ရတဲ့ သားညွပ္ေပါင္မုန႔္ဟာ တစ္ကိုက္စာတည္းျဖင့္ ေပ်ာက္ဆုံးသြားသည္။
ခ်စ္စရာ ေခြးေပါက္ေလးက စိတ္ပ်က္ေသာ အၾကည့္မ်ား ျပသလာသည္။
ခ်စ္စရာ ေရာင္းတဲ့ေနရာမွာ တကယ္ႀကီးရႈံးသြားခဲ့တာလား?
သားညွပ္ေပါင္မုန့္က ဆက္ကနဲ ထိုးထည့္ခံလိုက္ရသည္။
လုရွီမင္၏ ၾကမ္းတမ္းေသာနည္းလမ္းေၾကာင့္ စု႐ြမ္႐ြမ္ မတရားခံရသလို ခံစားလိုက္ရသည္။
အမ်ိဳးသားက သူမရဲ႕ ေမးေလးကို ကိုင္လိုက္ၿပီး ေနာက္ထပ္ ေရတိုက္လိုက္၏။
ေႏြဦး စိတ္ဝိဉာဥ္ ေရက နည္းနည္းခ်ိဳတာပဲ။
မဆိုးပါဘူး။
သူရဲေကာင္းရဲ႕ဝန္ေဆာင္မႈကို စု႐ြမ္႐ြမ္ အလြန္ပင္ ေက်နပ္မႈရရွိေနပါသည္။
သူ႕ကို အနာဂတ္က်ရင္ သူမရဲ႕ ပန္းကန္ ေဆးခြင့္ေပးလိုက္ပါ့မယ္ေလ။
"ဗိုက္ျပည့္ၿပီလား?"
"ျပည့္ၿပီ"
စု႐ြမ္႐ြမ္သည္ နီရဲရဲပါးေလးနဲ႕ အတူ ေျခတစ္လွမ္းေနာက္ဆုတ္လိုက္သည္။
သူမက အစ္ကိုႀကီး (big boss) တစ္ေယာက္ျဖစ္ေနေသာ္လည္း သူမက ကေလးပဲ ရွိေသးသည္။
ဒီၿပိဳင္ဘက္ကင္း ေျပာင္းလဲေနတဲ့ ခႏၶာကိုယ္ အသြင္ေျပာင္းမႈနဲ႕ ရင္ဆိုင္ေနရေတာ့ သူ႕ကို ရိုက္နိုင္ဖို႔ သူမအတြက္ အခ်ိန္ယူရေပအုံးမည္။
"ဒါေပမယ့္ ကိုယ္ေတာ့ ဗိုက္ဆာတယ္"အမ်ိဳးသားက ေခါင္းေစာင္းကာ သူ႕ေနာက္တြင္ ျဖာက်လ်က္ရွိေသာ ေနေရာင္ႏွင့္အတူ သူမကို ၾကည့္လာ၏။(အဓိပၸာယ္ ႏွစ္ခြပါ၊ ေပါက္တယ္မလား ဟင္း ဟင္း)
ေႏြးေထြးေသာေနေရာင္ျခည္က စု႐ြမ္႐ြမ္မ်က္လုံးထဲတြင္ ခ်ိတ္ဆြဲလ်က္ရွိသည္။
စု႐ြမ္႐ြမ္သည္ အထိတ္တလန႔္ တုန္ယင္သြားၿပီး သူမႏွလုံးထပ္ ေဖာက္လာသလို ခံစားလိုက္ရသည္။
သူမ သၾကားလုံးတစ္လုံးကို ျဖည္းျဖည္းခ်င္းထုတ္လိုက္၏။
အမ်ိဳးသားရဲ႕ မ်က္လုံးမ်ားထဲ စိတ္ပ်က္လက္ပ်က္ျဖစ္သြားသည္။
စု႐ြမ္႐ြမ္က သူမရဲ႕ အဖိုးတန္ရတနာမ်ား(မုန႔္မ်ား) အားလုံးကို ခ်က္ခ်င္း ထုတ္လိုက္၏။
ဒါေပမယ့္ အမ်ိဳးသားက မေက်မနပ္ ျဖစ္ေနေသးၿပီး နံေစာ္ေနတဲ့ ဖိနပ္တစ္ရံ ကဲ့သို႔ေသာ မ်က္ႏွာထားခ်ိတ္ဆြဲထားသည္။
"အဲ့ဒါေတြ မဟုတ္ရင္ ရွင္ ဒါကို စားနိုင္ပါတယ္"
စု႐ြမ္႐ြမ္သည္ ေခြးေပါက္ေလးကို လုရွီမင္ ေရွ႕ထိုးေပးလိုက္၏။
ေခြးေပါက္ေလး: ကြၽန္ေတာ္က လူမဟုတ္ဘူး။ ဒါေပမယ့္ မင္းကေတာ့ တကယ့္ေခြးတစ္ေကာင္ပဲ။
အမ်ိဳးသားရဲ႕ မ်က္ႏွာက ပိုၿပီးေတာ့ေတာင္ ႐ုပ္ဆိုးလာသည္။
အမ်ိဳးသားက တိတ္ဆိတ္စြာ ဆူေငါက္လိုက္၏။ :"အ႐ူး"
ထို႔ေနာက္ သူ လွည့္ထြက္သြားေတာ့သည္။
စု႐ြမ္႐ြမ္: ???
အမ်ိဳးသားရဲ႕ ေနာက္ေက်ာနဲ႕ ရင္ဆိုင္လိုက္ရ၏။
စု႐ြမ္႐ြမ္သည္ သူမနဲ႕ ခုႏွစ္ထပ္ရွိတဲ့ အကၤ်ီလက္မ်ားကို အားနဲ႕ တြန္းတင္လိုက္သည္။
ထို႔ေနာက္ သူမလက္ေကာက္ဝတ္ကို ေဝွ႕ယမ္းလိုက္ကာ ရက္စက္စြာ ေျပာလိုက္သည္။: ကိုယ့္လူ၊ ရွင္ေတာ့ သြားၿပီ !
ေရွ႕တြင္ ေလွ်ာက္ေနတဲ့ အမ်ိဳးသားက ႐ုတ္တရက္ ရပ္လိုက္ၿပီး ေနာက္လွည့္ၾကည့္လာသည္။
စု႐ြမ္႐ြမ္ ခ်က္ခ်င္းပဲ နံရံကို ထိုးေနသလိုျပဳမူကာ အလိုအေလ်ာက္ သူမကိုယ္သူမ အျပစ္ေပးလိုက္သည္
"ဒီကိုလာ"
"အိုး"
ကိုယ့္လူ၊ ရွင္ေနာင္တရလိမ့္မယ္!
❄️❄️❄️❄️❄️❄️
ညတာရွည္က ၿပီးသြားေလၿပီ။
ဇြန္ဘီမ်ား၏ လႈပ္ရွားမႈကလည္း တျဖည္းျဖည္း ေလ်ာ့က်လာ၏။
စု႐ြမ္႐ြမ္သည္ ျပတင္းေပါက္တြင္ ေနေနၿပီး တက္ႂကြထက္သန္စြာ ႀကိဳးစားေနသည္။
လာစမ္းပါ!ပူစပ္စပ္ ၾကက္ေလး!သခင္စုရဲ႕ စြမ္းရည္ကို မင္းကို ျမည္းစမ္းခြင့္ေပးပါရေစ !
သို႔ေသာ္လည္း ျပတင္းေပါက္က အရမ္းျမင့္ေနေသာေၾကာင့္ စု႐ြမ္႐ြမ္သည္ အေပၚကို မတက္နိုင္ပဲ သူမေၾကျငာခ်က္မွာ က်ရႈံးသြား၏။
အရင္ဆုံး မင္းတို႔ကို အသက္ရွင္ခြင့္ေပးထားအုံးမယ္!
စု႐ြမ္႐ြမ္သည္ ႏူးညံ့စြာ သီခ်င္းညည္းေနရင္း ငါ့ကို ေစာင့္ေန ၊ပူစပ္စပ္ ၾကက္ေလးဟု ေျပာလိုက္သည္။
ထို႔ေနာက္ေတာ့ လုရွီမင္က သူမကို ေနာက္မွဆြဲခ်လိဳက္ေတာ့၏။
ဇြန္ဘီ:သိသိသာသာကို ညတုန္းက ငါ့ကိုခ်စ္စရာေလးလို႔ေခၚတာပါ!ဇြန္ဘီေတြကိုလွည့္စားတဲ့ မ်က္ႏွာေျပာင္းလဲတက္တဲ့ မိန္းမ!
ေဘဘီေရွာင္ကို ရွာလို႔မေတြ႕ၾကေသးေပ။
စု႐ြမ္႐ြမ္နဲ႕ လုရွီမင္တို႔က အေျခစိုက္စခန္းပတ္ပတ္လည္ကို ေခြးေပါက္ေလးအား ဦးေဆာင္ ေခၚသြားသည္။
လမ္းၾကားေလးထဲ ျဖတ္သြားတဲ့အခ်ိန္တြင္ သူမသည္ အရပ္ရွည္ရွည္ လူတစ္စု၏ တားဆီးျခင္း ခံလိုက္ရ၏။
"ယိုး အလွေလး အေသးေလး"
ရွင့္ရဲ႕ ေခြးမ်က္လုံးက ကန္းေနတာလား !သူမရဲ႕ ဘယ္ေနရာက ေသးေနလို႔လဲ !
စု႐ြမ္႐ြမ္က သူမရင္ ဘက္ကို အတင္းတြန္းထုတ္လိုက္သည္။
တစ္ကိုယ္လုံးက ဒိုးလုံး (ေဘာလုံး) လိုမ်ိဳး ၀၀ကစ္ကစ္ေလးျဖစ္ေနသည္။
ေခါင္းေလးသည္ ပင္ဂ်ာကင္အကၤ်ီ သုံးထပ္ ေအာက္ျမဳပ္ဝင္ေနၿပီး လက္ဝါး အ႐ြယ္ေလာက္သာ ႀကီးတဲ့ မ်က္ႏွာေလးသာ ေပၚလြင္ေနသည္။
သူမရဲ႕ လႈပ္ရွားမႈေၾကာင့္ ဦးထုတ္က ပြင့္ခ်ပ္လိုမ်ိဳး အလႊာလိုက္ ပြင့္အာလာကာ သူမရဲ႕ လွပေသာ မ်က္ႏွာေလး ေပၚလြင္လာသည္။
ထိုေယာက္်ားသားမ်ားမွာ ႐ူးသြပ္ကုန္၏။
သူတို႔က က်ီဆယ္႐ုံသာ က်ီဆယ္ျခင္းျဖစ္သည္။
ထိုကဲ့သို႔ေသာ အလွေလးတစ္ေယာက္ကို ကိုယ္ထိလက္ေရာက္ေစာ္ကားဖို႔ မေမွ်ာ္လင့္ထားခဲ့ေပ။
အခုေတာ့ သူတို႔စိတ္ကို ေျပာင္းလိုက္ၾကၿပီ ျဖစ္သည္။
သူတို႔ လုယက္ဖို႔ အဆင္သင့္ျဖစ္ေနေလၿပီ !
မိန္းမငယ္ေလးက နည္းနည္းေအးေနပုံရၿပီး ေခြးကို ကိုင္ထားက ေနရာတြင္ပင္ မဝံ့မရဲ ရပ္ေနသည္။
ႏွင္းထဲတြင္ သူမရဲ႕ လွပေသာ ႏႈတ္ခမ္းနဲ႕ မ်က္ဝန္းႀကီးမ်ားမွာ နီရဲေနၿပီး သူမ အသားရည္မွာ ဘာဘီ႐ုပ္ကဲ့သို႔ ျဖဴေဖြးၾကည္လင္ေနသည္။
သူမရဲ႕ မ်က္ခုံး၊ မ်က္လုံးေပၚတြင္ ဆီးႏွင္းလႊာတစ္ထပ္ သိပ္သည္းေနၿပီး လူတစ္ကိုယ္လုံးက ႏွင္းထဲမွ ေရခဲ အလွေလးတစ္ေယာက္လိုမ်ိဳး ျဖစ္ေနသည္။
ထိုလူမ်ား တံေတြးမ်ိဳခ်လိဳက္ၾက၏။
သူတို႔က အေျခစိုက္စခန္းထဲမွ ေရွ႕ေျပးေစလႊတ္ခံရေသာ ယာယီတပ္ဖြဲ႕ျဖစ္သည္။
မန္ေနဂ်ာက ေပ်ာက္ဆုံးေနေသာေၾကာင့္ ႐ုတ္တရက္ ဇြန္ဘီမ်ား ခ်ိဳးျဖတ္၀င္လာကာ ဇြန္ဘီမ်ားကို သတ္ဖို႔နဲ႕ အေျခစိုက္ စခန္း တံတိုင္းကို ျပင္ဆင္ဖို႔ရန္ အေျခစိုက္စခန္းရွိ ေယာက္်ား အနည္းငယ္ကို ဆင့္ေခၚခဲ့သည္။
ဒီလူေတြက စြန႔္စားဖို႔ မရဲဝံ့ၾကေသာေၾကာင့္ ဒီေနရာတြင္ ပုန္းေနကာ အျပင္မထြက္ခင္ တျခားသူေတြ အလုပ္ၿပီးေအာင္ ေစာင့္ခ်င္ၾကသည္။ဒီလို အလွေလးနဲ႕ လာဆုံစည္းဖို႔ေတာ့ မေမွ်ာ္လင့္ထားခဲ့ေပ။
စုတ္ၿပဲေနတဲ့ အိတ္ကို သယ္ေဆာင္ထားတဲ့ အမ်ိဳးသားက စိတ္မရွည္ေသာ အၾကည့္ျဖင့္ ေနာက္မွ ေရာက္လာသည္။
ထိုမ်က္လုံးမ်ားက သူ႕ေရွ႕က လူေတြေပၚ သိမ္းက်ဳံး ၾကည့္လိုက္ၿပီး သူ႕မ်က္ႏွာေပၚတြင္ေတာ့ ဖုံးကြယ္၍မရနိုင္ေသာ ရန္လိုမႈမ်ား သိသာထင္ရွားေနသည္။"သြားေတာ့ "
စု႐ြမ္႐ြမ္သည္ သူ႕ႏွာေခါင္းကို ႏူးညံ့သိမ္ေမြ႕တဲ့ မ်က္လုံးမ်ားႏွင့္ ႏွလုံးသားျဖင့္ၾကည့္လိုက္သည္။(ေမာ့ၾကည့္ေတာ့ ႏွာေခါင္းပဲ ျမင္ရတယ္)
ငယ္႐ြယ္တဲ့အစ္ကိုႀကီးတစ္ေယာက္ ျဖစ္ေနတဲ့အတြက္ သူမက သူမရဲ႕ ခြန္အားကို မျပသနိုင္ေသးေပ။
ပိန္ပိန္ပါးပါး၊ ဆံပင္ရွည္နဲ႕ လုရွီမင္ကို ျမင္ေတာ့ ထိုလူမ်ားဆီမွ ရယ္သံမ်ား ထြက္လာၾကသည္။
"အိုး ဒီေယာက္်ားမဟုတ္၊မိန္းမ မဟုတ္က ဘာလဲ?"
အမ်ိဳးသားက မ်က္လုံးမ်ား ေမွးက်ဥ္းသြားသည္။"ေယာက္်ားမဟုတ္ မိန္းမ မဟုတ္?"
စု႐ြမ္႐ြမ္ တံေတြး ခက္ခက္ခဲခဲ မ်ိဳခ်လိဳက္သည္။
ဆိုလိုသည္က သူမ အစ္ကိုႀကီးျဖစ္ေနလွ်င္ပင္စြမ္းရည္မရွိပါက သူ႕ကို ကယ္တင္ဖို႔ မျဖစ္နိုင္ေပ။
အမ်ိဳးသား သူ႕အိတ္ထဲမွ သူ႕ရဲ႕ ခ်စ္လွစြာေသာ ပုဆိန္ေလးကို ဆြဲထုတ္လိုက္သည္။
ပုဆိန္ေလးက ထက္ရွစြာျဖင့္ အေရာင္ထေန၏။
ပုဆိန္ရဲ႕ကိုယ္ထည္မွလည္း ေမြးပ်ံ့တဲ့ ေဘဘီလိုးရွင္းနံ႕ ထြက္ေပၚေနသည္။
ပုဆိန္ေလး ထုတ္ေနတာကို ျမင္ေတာ့ ထိုလူေတြက ဆက္လက္ ရယ္ေမာေန၏။
"ဟားဟား ဟားဟား ငါတို႔ကို ဘာဘီ႐ုပ္ေနာက္တစ္႐ုပ္ ေပးမလို႔လား ဟား ဟား ဟား ..."ထိုလူမ်ားက သူတို႔ ခါးေတြ မကိုင္းနိုင္ေလာက္ေအာင္ပင္ ေအာ္ဟစ္ရယ္ေမာေနၾက၏။
မၾကာမီမွာပဲ သူတို႔ ခါးေတြ ရွိေတာ့မွ မဟုတ္ဘူးဆိုတာေတာ့ သူတို႔မသိၾကေပ။
စု႐ြမ္႐ြမ္သည္ ဒီအျဖစ္ဆိုးကို တားဆီးဖို႔ တစ္ခုခုလုပ္ရမည္ဟု ခံစားမိသည္!
ထို႔ေၾကာင့္ သူမ ခ်က္ခ်င္းပဲ ေခြးေပါက္ေလးကို ေခၚကာ ေျပးေတာ့သည္။
အစ္ကိုႀကီးတစ္ေယာက္ျဖစ္တဲ့ သူမက အားနည္းသူေတြရဲ႕ စစ္ပြဲၾကား ဘယ္ေတာ့မွ ဝင္ပါမွာ မဟုတ္ေပ။
သူမ ဘယ္ေလာက္ေဝးေဝးေျပးခဲ့လဲ စု႐ြမ္႐ြမ္ မသိေပ။
ေသြးေတြ သူမကိုယ္ေပၚ မစင္႐ုံတမယ္ပဲ၊ဟုတ္တယ္မဟုတ္လား?
"Aww!"
႐ုတ္တရက္ ေခြးေပါက္ေလးက ထူထဲတဲ့ ႏွင္းေတြကို ၾကည့္ကာ ေအာ္လိုက္သည္။
သို႔ေသာ္လည္း သူက အရမ္းေသးေကြးလြန္းတာေၾကာင့္ စု႐ြမ္႐ြမ္ကို ျမဳပ္လုနီးပါး ျဖစ္ေစသည့္ ႏွင္းျပင္ထဲကို မသြားေပ။ထို႔ေၾကာင့္ ေကာ္ရစ္တာကို ခပ္ျမန္ျမန္ ပတ္၍သာ ေျပးသြားလိုက္သည္။
စု႐ြမ္႐ြမ္ ဖက္ဖို႔ လုပ္လိုက္ေပမယ့္ ဖက္မထားနိုင္ေပ။
"နင့္ကို ၾကည့္စမ္း၊ တစ္ေန႕လုံး တစြတ္စြတ္ စားေနတာ ဘာအသုံးဝင္လဲ !"
စု႐ြမ္႐ြမ္သည္ ခပ္တိုးတိုး ဆူပူ က်ိန္းေမာင္းလိုက္ရင္း ေခြးေပါက္ေလးကို သူမပခုံးေပၚတြင္ ၿမဲၿမဲၿမံၿမံ သယ္ေဆာင္ကာ ႏွင္းထဲသို႔ ေျခလွမ္း ခ်လိဳက္သည္။
"ဘုန္း" ဟုျမည္ကာ လူေရာ ေခြးပါလဲက်သြားေတာ့၏။
စု႐ြမ္႐ြမ္: ငါ့ကို ၾကည့္စမ္း၊ အမ်ားႀကီး စားေသာက္ေနတာ ဘာအသုံးဝင္လဲ။
စု႐ြမ္႐ြမ္သည္ ႏွင္းမ်ားကို ျပင္းျပင္းထန္ထန္ လႈပ္ရွားကာ ဖယ္ထုတ္လိုက္သည္။
သူမသည္ ႏူးညံ့ေပ်ာ့ေပ်ာင္းေသာ ႏွင္းမ်ားကို တြန္းဖယ္လိုက္၏။
႐ုတ္တရက္ ေခြးေပါက္ေလးက ေဟာင္ေနျပန္၏။
စု႐ြမ္႐ြမ္ အံ့အားသင့္စြာ ေျပာလိုက္သည္။"ဒီမွာလား?ဒီမွာလား?"
စု႐ြမ္႐ြမ္က အလုပ္ႀကိဳးစားလိုက္ကာ သိပ္မၾကာခင္မွာပဲ ၾကက္ေျခေထာက္ သနပ္ကို ပစ္ေပးလိုက္သည္။
ေခြးေပါက္ေလးက ေပ်ာ္႐ႊင္စြာပဲ ယူသြားကာ ဆက္ၿပီး ဝုတ္ဝုတ္ ေဟာင္ေန၏။
စု႐ြမ္႐ြမ္သည္ ႏွင္းေတြကို ခက္ခက္ခဲခဲ အေဝးတြန္းထုတ္လိုက္ၿပီး ေရခဲႏွင့္ ႏွင္းမ်ားေၾကာင့္ သူမ လက္အိတ္ဟာ စိုစြတ္ ေအးခဲလာသည္။လက္အိတ္မ်ားမွာ ေအးစက္ ေတာင့္ခဲေနၿပီး ေကြးလို႔ေတာင္ မရေတာ့ေပ။
သူမ လက္အိတ္ခြၽတ္မွသာလွ်င္ ျဖစ္နိုင္ေတာ့သည္။ ထို႔ေနာက္ သူမလက္မ်ားကို ႏွင္းထဲ ထိုးထည့္က ဆက္လက္၍ ႏွင္းမ်ား ဖယ္ထုတ္လိုက္၏။
လႈပ္ရွားမႈ ကို ၾကားလိုက္ၾကတဲ့ ေရွာင္ယြီ နဲ႕ နီးယန္က အေျပးအလႊားေရာက္လာၾကသည္။
ႏွင္းမ်ားက နက္ရွိုင္းသိပ္သည္း လို႔ေန၏။
ရက္နည္းနည္းႏွင့္ ညအေတာ္မ်ားမ်ား ၾကာေအာင္ တူးရလိမ့္မည္။
သူတို႔သုံးေယာက္သာ အတူတူးရင္ လုပ္ေဆာင္မႈ က တကယ့္ကို အမ်ားႀကီး ပိုျမန္ဆန္ေပမယ့္ သူတို႔ တခ်ိဳ႕ေနရာေတြ တူးလို႔ မၿပီးေသးခင္မွာပဲ တဖက္မွ က်ယ္ေလာင္ေသာ ဆူညံသံမ်ား ထြက္ေပၚလာသည္။
"ဇြန္ဘီေတြ ဝင္လာၾကၿပီ!တံတိုင္းက ပ်က္စီးသြားၿပီး ! အားလုံး အမ်ိဳးသမီး အေဆာင္ထဲဝင္ၿပီး ပုန္းၾက!"
ေအာ္ေျပာသံႏွင့္ အတူ ေအာ္ဟစ္ျမည္ဟည္းေနေသာ အေဝးတစ္ေနရာမွ ဇြန္ဘီအုပ္လွိုင္းလုံးႀကီးကို ျမင္ေတြ႕လာရသည္။"ho ho ho ho" ကိုက္ရဖို႔အတြက္ ခက္ခက္ခဲခဲ ႐ုန္းကန္လႈပ္ရွားေနၾက၏။
"ရွင္တို႔ အရင္ဝင္ႏွင့္၊ဒါေတြကို ကြၽန္မေျဖရွင္းလိုက္မယ္"
စု႐ြမ္႐ြမ္ အသံက တူးထားတဲ့ ႏွင္းခ်ိဳင့္တြင္းထဲမွ ထြက္ေပၚလာ၏။
ထို႔ေနာက္ သူမသည္ ထိုတြင္းထဲမွ ခုန္ထြက္မလာနိုင္ပဲ အၾကာႀကီး ခုန္တက္ေနရ၏။
နီးယန္ ထရပ္လိုက္ၿပီး သူမေသနတ္ကို ထုတ္လိုက္သည္။
တစ္ခ်က္တစ္ေကာင္ႏႈန္းျဖင့္ ပစ္ခက္လိုက္၏။
စု႐ြမ္႐ြမ္: ေကာင္းၿပီ၊ ကြၽန္မေရွ႕မွာ ေဖ်ာ္ေျဖဖို႔ ရွင့္ကို အခြင့္ေရးေပးလိုက္မယ္။
ဇြန္ဘီေတြ အမ်ားႀကီး ျဖစ္လာၾကသည္။
နီးယန္တြင္ က်ည္ဆံကုန္သြား၏။
သူမစြမ္းရည္ကို သုံး႐ုံကလြဲ၍ နည္းလမ္းမရွိေတာ့ေပ။
လွ်ပ္စီး စြမ္းရည္ထြက္ေပၚလာလာခ်င္းပဲ ဇြန္ဘီ အေျမာက္အမ်ားကို သိမ္းက်ဳံး လွည္းက်င္း ပစ္လိုက္သည္။
သို႔ေသာ္လည္း နီးယန္ရဲ႕စြမ္းရည္က အရမ္းအားနည္းလြန္းေနေသး၏။
ကံေကာင္းေထာက္မစြာ သူမ အားအင္ကုန္ခမ္းခါနီးမွာပဲ ေရွာင္ယြီ ဘက္မွ အံ့အားသင့္စြာ ေအာ္ေျပာလိုက္သည္။"တူးၿပီ!"
ကေလးရဲ႕ ဖိနပ္တစ္ဖက္သာလွ်င္ ႏွင္းတြင္းထဲေပၚလာ၏။
ဒါက ေဘဘီ ေရွာင္ရဲ႕ ဖိနပ္ဆိုတာ ေရွာင္ယြီ သိေနသည္။
ေရွာင္ယြီက ေအာက္ဘက္ ထိ ဆက္တူးထုတ္လိုက္၏။ေနာက္ေတာ့ ႏွင္းထဲတြင္ ေဇာက္ထိုးစိုက္ေနသည့္ ေဘဘီ ေရွာင္ကို သူရွာေတြ႕လိုက္ေတာ့သည္။
စု႐ြမ္႐ြမ္ သက္ျပင္း မခ်ပဲ မေနနိုင္ေတာ့ပါ။ ဒါက တကယ့္ကို ေမွာ္ဆန္ေသာ အရာပါေပ။
"ျမန္ျမန္! ဇြန္ဘီေတြေရာက္လာၿပီ!"
နီးယန္က ျဖဴစုပ္ကာ အားနည္းလာေလသည္။
ဒီအခ်ိန္မွာေတာ့ ပစ္ခ်က္ ႀကီးႀကီးတစ္ခု လိုေနၿပီဟု စု႐ြမ္႐ြမ္ ခ်က္ခ်င္းေျပာလိုက္သည္။
သူမ ႏွင္းတြင္းထဲမွ ျပန္တက္နိုင္ဖို႔ ႐ုန္းကန္ ထရပ္လိုက္ေပမယ့္ ထမရပ္နိုင္ေတာ့ေပ။
သူမ ႀကိဳးႀကိဳးစားစား ထရပ္ေနေသးေပမယ့္ မရပ္နိုင္တုန္းပင္။
သူမက ငယ္႐ြယ္ေသးသည္။သူမႏွလုံးေရာဂါကလည္း မကုသရေသး။ဘာေၾကာင့္မ်ားသူမ ေျခေထာက္က ပါ ထပ္က်ိဳးသြားရတာလဲ?
ဇြန္ဘီမ်ားက အစုလိုက္အၿပဳံလိုက္ျဖစ္လာကာ သူတို႔ပတ္ပတ္လည္ ဝန္းရံလာေတာ့သည္။
သြားဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ေခြးေပါက္ေလးက စု႐ြမ္႐ြမ္ ေနာက္တြင္ ပုန္းလိုက္ကာ ေၾကာက္႐ြံ႕ထိတ္လန႔္ေသာ ငိုသံထြက္လာသည္။
"အာဝူး..........."
ဘာမွ ေကာင္းတာ မရွိဘူး!
ေရွာင္ယြီက တူးထုတ္လို႔မၿပီးေသးေပ။
နီးယန္သည္ ေရွာင္ယြီကို လွည့္ၾကည့္လိုက္ၿပီး သြားႀကိတ္ကာ ေအာ္ေျပာလိုက္သည္။
"နင့္ ေခါင္းကို ဖက္ထား"
စု႐ြမ္႐ြမ္သည္ သူမ ေခါင္းကို လွ်င္ျမန္စြာ ဖက္လိုက္ၿပီး ေခြးေပါက္ေလးကိုလည္း ဖက္လိုက္ကာ သူမကို သူမ ႏွင္းထဲ ပစ္သြင္းလိုက္သည္။
"အုန္း" (မိုးၿခိမ္းသံ)
ႀကီးမားတဲ့ မိုးႀကိဳးတစ္ခ်က္ၿပီးေနာက္ ပတ္ဝန္းက်င္က တိတ္ဆိတ္ၿငိမ္သက္သြား၏။
စု႐ြမ္႐ြမ္ သတိႀကီးႀကီးျဖင့္ ေခါင္းနည္းနည္းေဖာ္ၾကည့္လိုက္ေတာ့ သူမပတ္ပတ္လည္မွာရွိတဲ့ ခ်စ္စရာေလးမ်ားအားလုံး ႐ုပ္အေလာင္းအျဖစ္ ေျပာင္းသြားေၾကာင္း ျမင္လိုက္ရသည္။
အိုး၊ သူမရဲ႕ သနားစရာ ေဘဘီေလးေတြ။
နီးယန္ ႏွစ္လွမ္းေလာက္ ဒယီးဒယိုင္ေလွ်ာက္ၿပီးေနာက္ သူမခႏၶာကိုယ္က လႈပ္ခါ လဲက်သြားေတာ့သည္။
ေရွာင္ယြီသည္ လက္တစ္ဖက္နဲ႕ ေဘဘီ ေရွာင္ကို ဖမ္းထားလိုက္၏။
ဒါက နီးယန္ စြမ္းအားအလြန္အကြၽံ သုံးလိုက္၍ ျဖစ္သည္။
ေရွာင္ယြီသည္ နီးယန္ကို ဘယ္ဘက္လက္ျဖင့္ ကူညီလိုက္ၿပီး ေရွာင္ေပါင္ေပါင္ကို ညာဘက္လက္ျဖင့္ ကိုင္ထားကာ လူေတြကို ေကာ္ရစ္တာသို႔ ေခၚသြားလိုက္သည္။
စု႐ြမ္႐ြမ္:??? ေဟး ၊ မဟုတ္ဘူးေလ၊ အစ္ကိုႀကီး၊ ရွင့္ရဲ႕ ေဘာ့စ္က ဒီမွာဒူးေထာက္ေနေသးတယ္ေလ၊ ေဟး ?
စု႐ြမ္႐ြမ္ အရမ္းနာက်င္သြားရ၏။
႐ုတ္တရက္ ေျခတံရွည္တစ္စုံက မ်က္လုံးထဲေပၚလာသည္။
လတ္ဆတ္ေသာ ေသြးနံ႕ကို သယ္ေဆာင္ထားဆဲျဖစ္သည့္ အမ်ိဳးသားက ကိုယ္ကို ကိုင္းကာ လွမ္းၾကည့္တာ သည္။
"အူးးးး၊ ကြၽန္မ ေျခေထာက္က်ိဳးသြားၿပီ ..."
မိန္းမငယ္ေလးက "ရွင္ဘယ္လို ေရာက္လာတာလဲ?" ဟူေသာ သနားစရာပုံစံေလးနဲ႕အတူ အလြန္အမင္း မေက်မနပ္ပုံစံျဖင့္ ေျမျပင္ေပၚတြင္ ဒူးေထာက္ေန၏။
မ်က္လုံးမ်ားက မ်က္ရည္ေတြနဲ႕ နီရဲေနၿပီး လုရွီမင္သာ စကား တစ္ခြန္းေျပာလိုက္သ၍ သူမက ငိုေတာ့မည့္ပုံ ေပၚေနသည္။
ဘစ္ေဘာ့စ္တစ္ေယာက္အေနျဖင့္ အားနည္းခ်က္ကို မွန္ကန္စြာထုတ္ျပျခင္းက ၿပိဳင္ဘက္ကို စိတ္ရႈပ္ေထြးေစနိုင္သည္ေလ။
အမ်ိဳးသားက လက္ဆန့္ ထုတ္လာကာ သူမမ်က္ႏွာကို သုတ္ေပးလိုက္သည္။
သူ႕ရဲ႕ ေသြးစြန္းထင္းေနတဲ့ လက္ေတြနဲ႕ သူမရဲ႕လွပေသာ မ်က္ႏွာေလးကို ထိလိုက္ေတာ့ နီနီရဲရဲ ဇီးပန္းပြင့္ေလးက ႏွင္းျပင္ထဲ ပြင့္လန္းလာခဲ့သည္။
အမ်ိဳးသားက သူမကို ေျမျပင္မွ မ,လိုက္ၿပီး သူ႕လက္ေမာင္းထဲ သယ္ေဆာင္လိုက္သည္။ေနာက္ေတာ့ သူမေျခသလုံးကို ညွစ္လိုက္ၿပီး ႏွစ္သိမ့္ေပးလိုက္သည္။"ဘာမွမျဖစ္ပါဘူးကြာ၊ ေျခေထာက္ ထုံသြား႐ုံပဲ"
ဘယ္သူကမ်ား ဒီလို ႏူးညံ့တဲ့ အရာေလးေတြကို မႀကိဳက္မွာလဲ။
အထူးသျဖင့္ ဒီလို ေအးစက္လွတဲ့ ကမာၻပ်က္ကပ္ႀကီးမွာေပါ့။
အရမ္း ေႏြးေထြးတယ္။ပူျပင္းတယ္။ ႏူးညံ့တယ္။
စု႐ြမ္႐ြမ္သည္ ရက္စက္ေသာ အၿပဳံးနဲ႕အတူ လုရွီမင္ ရင္ခြင္ထဲတြင္ ျမဳပ္ႏွံလိုက္၏။
မင္းၾကည့္၊ ဒီစိတ္မမွန္တဲ့သူက သူမလွည့္စားတာ ခံလိုက္ရျပန္ၿပီ။
အိုး၊ သူမက ဘုရားသခင္ရဲ႕ အရိပ္ေအာက္မွ ေစာင္မျခင္း ခံထားရတဲ့ အမ်ိဳးသမီးပဲ။
စမက္က်လြန္းလိုက္တာ !
❄️❄️❄️❄️❄️❄️
ဇြန္ဘီေတြ အမ်ားႀကီး ျဖစ္လာတာေၾကာင့္ အားလုံးမွာ အမ်ိဳးသမီး အေဆာင္ထဲတြင္ စုေဝးေနလိုက္ၾကသည္။
ဒီေနရာတြင္သာ သံတံခါးတစ္ခုရွိၿပီး အျပင္ဘက္မွ ဇြန္ဘီမ်ားကို ယာယီအားျဖင့္ ဟန႔္တားထားနိုင္သည္။
အမ်ိဳးသမီး အေဆာင္ထဲ ၀င္ေရာက္လာတဲ့ ေခြးေပါက္ေလးက ေပ်ာ္႐ႊင္စြာ ပတ္ေျပးေနေသးသည္။
နီးယန္သည္ ေခြးထိန္းႀကိဳးကို ဖမ္းဆြဲၿပီး ေခြးေပါက္ေလးကို စု႐ြမ္႐ြမ္ဆီ ျပန္ေခၚသြားခ်င္ေပမယ့္ ဘယ္ကေရာက္လာမွန္းမသိေသာ ေခြးရဲ႕ မျမင္ရေသာ ခြန္အားေၾကာင့္ အံ့ၾသသြားရသည္။ထိုခြန္အားေၾကာင့္ နီးယန္မွာ ကတိမ္းကပါး ျဖစ္သြားၿပီး ေရွ႕သို႔တည့္တည့္ေျပးလိုက္သြားရသည္။
ငါးမိနစ္အၾကာ ေျပးၿပီး ေနာက္ဆုံးမွာေတာ့ နီးယန္ ေခြးေပါက္ေလးကို ရပ္တန့္နိုင္ခဲ့ၿပီး သူမေရွ႕မွ သံတံခါးကို ေတြ႕လိုက္ရသည္။
ဒီအေဆာက္အဦးက ေျမတိုက္ခန္းႏွင့္ တူေန၏။
နီးယန္ မ်က္ေမွာင္ၾကဳတ္ကာ နားေထာင္ၾကည့္လိုက္ေတာ့ အထဲမွာ လႈပ္ရွားမႈတခ်ိဳ႕ရွိ ပုံရသည္။
သူမ ဓားေျမာင္တစ္လက္ ထုတ္လိုက္ၿပီး သံတံခါးေပၚက ေသာ့ကို ကေလာ္ထုတ္လိုက္သည္။
" ကြၽီ"
သံတံခါးပြင့္သြား၏။
အထဲတြင္ နို႔နံ႕နဲ႕အတူ အနံ႕အသက္ဆိုးေတြ ရွိေန၏။
နီးယန္ မသိစိတ္အရ သူမပါးစပ္နဲ႕ႏွာေခါင္းကို ကာလိုက္သည္။
အထဲတြင္ ေမွာင္မဲေနၿပီး ဘာမွမျမင္ရေပ။
နီးယန္ ဖလက္ရွ္မီးထုတ္လိုက္ေတာ့ ခ်က္ခ်င္းပဲ ထိတ္လန႔္အံ့ၾသသြားရသည္။
အထဲက ေလွာင္အိမ္တစ္ခုခ်င္းဆီထဲတြင္ အမ်ိဳးသမီးမ်ားကို ထည့္ထားၿပီး ႏြားမ်ားကဲ့သို႔ နို႔ထုတ္ယူေနသည္။
သူတို႔အားလုံးထဲက အမ်ားစုမွာ ကိုယ္ဝန္ေဆာင္မ်ား ျဖစ္ၾက၏။
နီးယန္က ထိတ္လန႔္အံ့အားသင့္ေနလ်က္ အထဲတြင္ ထိုကဲ့သို႔ ျမင္ကြင္းမ်ား မေမွ်ာ္လင့္ထားသည္မွာ သိသာထင္ရွားေနသည္။
သူမ အထဲသို႔ တုန္တုန္ယင္ယင္ ေလွ်ာက္လွမ္းသြားၿပီး ခ်က္ခ်င္း ရပ္တန့္လိုက္သည္။
အေနာက္မွ တစ္ေယာက္ေယာက္ ေရာက္လာ၏။
အဲ့ဒါက ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးအုပ္ႀကီးျဖစ္သည္။
သူတို႔က ေျမတိုက္ခန္းထဲတြင္ ဒဏ္ရာအတြက္ ေဆးရလို႔ ရျငား ရွာေဖြၾကည့္ခ်င္ခဲ့သည္။
ဒါေပမယ့္ နီးယန္ရဲ႕ ေနာက္မွ ဒီလို ျမင္ကြင္းမ်ိဳး ျမင္ရလိမ့္မယ္လို႔ ထင္မထားခဲ့ေပ။
ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားမွာ ေၾကာက္႐ြံ႕ထိတ္လန႔္သြားၾကၿပီး တခ်ိဳ႕ဆို ထိတ္လန႔္မႈေၾကာင့္ ေျမျပင္ေပၚ ထိုင္ခ်မိမတက္ ျဖစ္သြားၾကသည္။
ေျမတိုက္ခန္း၌ အမ်ိဳးသမီးမ်ားကို ပိတ္ေလွာင္ထားခဲ့သည္။
ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားအား အသုံးျပဳ၍ လတ္ဆတ္ေသာ နို႔ရည္ထုတ္လုပ္ဖို႔ပင္။
ဒီျဖစ္စဥ္က လွ်င္ျမန္စြာပဲ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး အေဆာင္တစ္ခုလုံးကို ပ်ံ့ႏွံ႕သြားသည္။
မန္ေနဂ်ာမွလြဲ၍ ဒီေျမေအာက္ခန္းတြင္ ဘယ္သူမွ မရွိဖူးခဲ့ေၾကာင္း တစ္ေယာက္ေယာက္က ေထာက္ျပလိုက္သည္။
ထို႔ေၾကာင့္ ဒီကိစၥက မန္ေနဂ်ာ လုပ္တာျဖစ္ရမည္။
ဒါေပမယ့္ အခု မန္ေနေဂ်ာက ဘယ္မွာလဲ!
" ႀကိဳ႕ထိုး~"ေခြးေပါက္ေလးက ႀကိဳ႕ထိုးလိုက္သည္။
တစ္ဖက္တြင္ နီးယန္က ေျမတိုက္ခန္းထဲတြင္ အပိတ္ခံထားရတဲ့အမ်ိဳးသမီးေတြကို ကယ္ဆယ္ဖို႔ တစ္ေယာက္ေယာက္ကို အျမန္ရွာေဖြလိုက္သည္။
ထိုအမ်ိဳးသမီးမ်ားမွာ ထြက္လာလာခ်င္းပဲ သူတို႔ရဲ႕ကေလးမ်ားကို ရွာေပးဖို႔ ေအာ္ဟစ္ေတာင္းဆိုလာၾကသည္။
ငိုယိုကာ ေအာ္ဟစ္ဆူညံ့ေနၿပီး ႐ူးသြပ္ မတက္ျဖစ္ေနၾက၏။
ျမင္ကြင္းက အလြန္ပင္ ပရမ္းပတာ အေျခအေနျဖစ္ေန၏။
နီးယန္နဲ႕ ေရွာင္ယြီက စည္းကမ္းထိန္းသိမ္းဖို႔ အလုပ္ႀကိဳးစားလိုက္ရသည္။
႐ုတ္တရက္ နီးယန္မ်က္လုံးမ်ား တန႔္သြားၿပီး လူအုပ္ကို ေက်ာ္ကာ ေထာင့္နားမွာ ေကြးေနတဲ့ ဆံပင္ အျပာနဲ႕အမ်ိဳးသမီးကို နက္ရွိုင္းစြာ ၾကည့္လိုက္၏။
အျပာ ဟု အတိအက် ဆို၍ မရပါ။
ဆံပင္က အေရာင္မွိန္သြားေသာေၾကာင့္ အျပာႏုေရာင္ျဖစ္ေနသည္။
အေမွာင္ထဲတြင္ အျပာေရာင္ဆံပင္က အလင္းေရာင္မွိန္မွိန္ တစ္ခုရွိေနၿပီး ႐ုပ္ေထြးေနေသာ အျပာေရာင္ဆံပင္မ်ားသည္ အျပာေရာင္ ေဘာလုံးႀကီးကဲ့သို႔ ေျခာက္ေသြ႕လ်က္ရွိေနသည္။
နီးယန္ အထဲသို႔ တစ္လွမ္းခ်င္း ေလွ်ာက္လွမ္းသြားခဲ့သည္။
ထိုအမ်ိဳးသမီးက ႐ုတ္တရက္ ထရပ္လာၿပီး အျပင္ထြက္ေျပးခ်င္ေပမယ့္ နီးယန္က သူမလက္ေမာင္းကို ဆြဲထားလိုက္သည္။
"အမ္း အမ္း အမ္း..." သူမက ေရမေသာက္ရတာ အေတာ္ေလးၾကာေနသလိုမ်ိဳး ခက္ခက္ခဲခဲ ေအာ္သံ ထြက္လာသည္။
နီးယန္ သူမလက္ကို လႈပ္ခါလိုက္ၿပီး အမ်ိဳးသမီးရဲ႕မ်က္ႏွာေပၚက ရႈပ္ပြေနတဲ့ ဆံပင္ေတြကို ဖယ္ထုတ္လိုက္ကာ ထိုမ်က္ႏွာကို ထုတ္ေဖာ္လိုက္သည္။
အမ်ိဳးသမီးမ်ားတြင္ အသားေရၾကမ္းတမ္းျခင္း၊ ႏႈတ္ခမ္း အက္ကြဲျခင္း၊ ထိုင္းမွိုင္းေသာမ်က္လုံးမ်ားရွိၾကသည္။
ဒါေပမယ့္ သူမက နီးယန္ကို ျမင္ေတာ့ သူမမ်က္ႏွာမေျပာင္းလဲပဲ မေနနိုင္ေတာ့ေပ။
သူမက လြတ္ေျမာက္ေအာင္ ႐ုန္းကန္လိုက္ေတာ့ နီးယန္၏ ေျမေပၚ ဖိခ်ျခင္း ခံလိုက္ရသည္။
နီးယန္သည္ လက္ထိတ္ထုတ္လိုက္ၿပီး အမ်ိဳးသမီးကို လက္ထိတ္ခတ္လိုက္သည္။
"ငါ့ကို လႊတ္စမ္း !" ေနာက္ဆုံးေတာ့ အမ်ိဳးသမီးက စကားေျပာလာသည္။
နီးယန္က သူမကို ဖိခ်လိဳက္ၿပီး သူမမ်က္ႏွာကို ထိုအမ်ိဳးသမီးလည္တိုင္ေပၚ တင္းက်ပ္စြာ ျမႇုပ္ႏွံလိုက္ကာ စကားမေျပာနိုင္ေလာက္ေအာင္ကို တစ္ဆို႔ေန၏။
တစ္ကိုယ္လုံး တုန္ယင္လို႔ေနသည္။
"နီးမိန္" အမ်ိဳးသမီးက သူမေခါင္းကို အားမန္ပါပါ လွည့္လာၿပီး နီးယန္ဆီ ပစ္ေဆာင့္လိုက္သည္။"ငါ့နာမည္ မေခၚနဲ႕ "
❄️❄️❄️❄️❄️❄️
ေျမတိုက္ခန္းထဲမွ အျဖစ္အပ်က္ကို စု႐ြမ္႐ြမ္ မသိခဲ့ပါ။
လုရွီမင္က သူမကို အက်ဥ္းခ်ထားေသာေၾကာင့္ပင္။
ဟုတ္ပါ၏။ သူမေနခဲ့ေသာ အခန္းထဲတြင္ အမႈထမ္းေနျခင္းျဖစ္သည္။
နီးယန္သည္ ကန္ငယ္ေလးကို ျပင္းျပင္းထန္ထန္ ထိုးခြဲခဲ့ေသာ အခန္းျဖစ္၏။
စု႐ြမ္႐ြမ္သည္ သူမရဲ႕ စြမ္းရည္မ်ားကို ေလ့က်င့္ေနသည္။
"ဘာ...."
ပင့္ကူမွ်င္တစ္မွ်င္မွ မရွိဘူး။
"လာ လာ လာ စြမ္းအင္၊ ေမွာ္တိုက္ခိုက္မႈ !" ေမွာ္ပညာလည္း မရွိဘူး။
"စပ္ေလာက္ၿပီ~ စပ္ေလာက္ၿပီ~" ေျပာင္းလဲျခင္းလည္း မဟုတ္ဘူး။
ဒီေတာ့ သူမရဲ႕ သဘာဝလြန္ စြမ္းရည္နဲ႕ပတ္သက္ၿပီး ဘာက အံ့ဩစရာေကာင္းတာလဲ?
စု႐ြမ္႐ြမ္ မေစာင့္နိုင္ေတာ့ေပ။
သူမေတြးလိုက္သည္။ သူမ စြမ္းရည္ကို ႏွိုးဆြဖို႔ လိုအပ္တာလား?
ဘယ္လို လႈံ႕ေဆာ္ရမလဲ?
အိုး ဇြန္ဘီရွာမယ္။
စု႐ြမ္႐ြမ္သည္ ျပတင္းေပါက္ကို ဖြင့္ကာ ခ်က္ခ်င္းပဲ ဇြန္ဘီ ရွာေဖြလိုက္သည္။
ေနပါဦး၊ ဒါက ဒုတိယထပ္ပဲ။သူမ ေလွကားက ဆင္းၿပီ ရွာေတာ့မယ္။
"မင္း ဘာလုပ္ေနတာလဲ?"
သူ႕ရဲ႕ ပုဆိန္ေလးကို သုတ္ရင္း ဆိုဖာေပၚမွာထိုင္ေနတဲ့ လုရွီမင္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။
စု႐ြမ္႐ြမ္က လွည့္မၾကည့္ပဲ အျပင္သို႔ ဒုန္းဆိုင္းေျပးထြက္သြားသည္။
ဘစ္ေဘာ့စ္ရဲ႕ အေတြးကို ရွင့္္လို အမွိုက္က နားလည္နိုင္မွာလား?
စု႐ြမ္႐ြမ္သည္ ကိုယ္ဝန္ေဆာင္မိခင္ အေဆာင္အျပင္သို႔ ေျပးထြက္သြားသည္။
သံတံခါးေၾကာင့္ တားဆီးခံထားရတဲ့ ဇြန္ဘီေလးမ်ားကို ျမင္လိုက္ရ၏။
အိုး၊ သူမရဲ႕ခ်စ္စရာေလးေတြက အရမ္းခ်စ္ဖို႔ေကာင္းေနတုန္းပဲ။
စု႐ြမ္႐ြမ္သည္ ခ်က္ခ်င္းပင္ ေျပးထြက္သြားၿပီး သူမရဲ႕ခ်စ္စရာေလးေတြကို ေပြ႕ဖက္ဖို႔ ျပင္လိုက္သည္။
သို႔ေသာ္လည္း သူမ ဆြဲမခံလိုက္ရ၏။
ထို႔ေနာက္ သူက သူမကို ဝက္တစ္ေကာင္လိုမ်ိဳး ျပန္သယ္သြားသည္။
ျပန္လည္အမႈထမ္းေနရေသာ စု႐ြမ္႐ြမ္သည္ စိတ္ပ်က္လက္ပ်က္ အမူအရာနဲ႕ သူမေျခေထာက္ အခ်င္းခ်င္း ပြတ္ကာ အခန္းေလးထဲတြင္ ထိုင္ေန၏။
သူမ ခဏေလာက္ ႀကိတ္ေတြးေနသည္။
ဇြန္ဘီေတြအျပင္ ဘာရွိေသးလဲ?
ဥပမာ စိတ္မမွန္သူကိုရွာၿပီး တစ္ခုခုကို ရန္စရမွာလား?
စု႐ြမ္႐ြမ္သည္ မ်က္လုံးမ်ား ေတာက္ပသြားၿပီး သူမ ရင္ဘက္ကို မတ္မတ္ထားလိုက္ကာ လမ္းေလွ်ာက္သြားလိုက္သည္။
ထို႔ေနာက္ သူမလက္ကို ထိုအမ်ိဳးသား ေနာက္က ဆိုဖာေပၚ ေထာက္လိုက္ေပမယ့္ လက္က တိုလြန္းတာေၾကာင့္ အမ်ိဳးသားရင္ခြင္ထဲ တိုက္ရိုက္ဝင္သြားသည္။
ကိစၥမရွိေပ။က်ရႈံးမႈ က ေအာင္ျမင္မူ၏ မိခင္ျဖစ္၏။
စု႐ြမ္႐ြမ္သည္ အမ်ိဳးသားရဲ႕ ရင္ခြင္ထဲတြင္ ထိန္း ကိုင္ထားလ်က္ရွိေနၿပီး တည္ၾကည္ေသာ အမူအရာနဲ႕ ေျပာလိုက္သည္။"လာစမ္း၊ ငါ့ကိုခ်စ္ဖို႔ေကာင္းတဲ့ အမူအရာ သ႐ုပ္ေဆာင္ျပ"
လုရွီမင္: ...
အမ်ိဳးသားက ပုဆိန္ေလးကို ပြတ္သပ္ေနၿပီး သတိမထားမိစြာ မ်က္ခုံးပင့္သြားသည္။
ေနာက္ေတာ့ ေရွ႕သို႔ နည္းနည္းကိုင္းကာ အနံ႕ခံၾကည့္လိုက္၏။
ေကာင္းၿပီ ၊ သူမ အရက္မူးမေနဘူး။
ထို႔ေနာက္ သူက စု႐ြမ္႐ြမ္ရဲ႕ နီရဲေနေသာ မ်က္ႏွာကို ၾကည့္လိုက္သည္။
မီးေလာင္ကြၽမ္းလို႔ေန၏။
လုရွီမင္က ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးၿပီး ငုံ႕ၾကည့္လိုက္၏။ "ကိုယ္က ကေလးတစ္ေယာက္လို သ႐ုပ္မေဆာင္တတ္ဘူး၊ ဒါမွမဟုတ္ မင္းေကာ ဒါကို သ႐ုပ္ေဆာင္နိုင္လား?"
ေဘဘီလိုရွင္းခရင္မ္ ဖုံးလႊမ္းေနတဲ့ ပုဆိန္ေလးက စု႐ြမ္႐ြမ္မ်က္ႏွာနဲ႕ အရမ္း နီးကပ္ေနသည္။
စု႐ြမ္႐ြမ္သည္ နဖူးမွ ေျခဖ်ားထိ ထိတ္လန႔္တုန္လႈပ္သြားၿပီး ဆံပင္မ်ားေထာင္လာ၏။
"ရွင္၊ ရွင္ ဘာလို႔ ေန႕တိုင္းေဒါသႀကီးေနရတာလဲ၊ ကြၽန္မက စ,႐ုံေလးကို ..."
မဟုတ္ဘူး၊ မဟုတ္ဘူး၊ သူမမွာ အားနည္းခ်က္ မရွိရဘူး!
အစ္ကိုႀကီးတစ္ေယာက္ျဖစ္တဲ့ သူမက အခက္အခဲေတြကို သည္းမခံနိုင္ဘူးလား?
"အိုး?တကယ္လား?"အမ်ိဳးသားက ႏႈတ္ခမ္းေထာင့္စြန္းေကြးကာ ၿပဳံးလိုက္သည္။
"အဲဒါဘဲတစ္ေကာင္ပဲ" ကေလးေလး~ေရွာင္ကြိုင္ကြိုင္~ခ်စ္စရာ အေသးေလး~
စု႐ြမ္႐ြမ္သည္ ခ်စ္စရာမ်ားေရာင္းရန္ မသိစိတ္အရ အလုပ္ႀကိဳးစားလိုက္သည္။
သူမ ႏႈတ္ခမ္းဆူလိုက္ၿပီးေနာက္မွ သူမက လူရွိုင္းရဲ႕ ပုဆိန္ေလးေအာက္တြင္ အညံ့ခံသြားေၾကာင္း နားလည္သေဘာေပါက္ေတာ့သည္။
အမ်ိဳးသားက ဆက္ၿပဳံးေန၏။
စု႐ြမ္႐ြမ္သည္ ၾကင္နာစြာ ေဖ်ာင္းဖ်လိဳက္၏။"ပုဆိန္ေလးနဲ႕ မကစားရေအာင္၊ ဒါက ထိခိုက္ရွနာ ျဖစ္လြယ္တယ္"
စု႐ြမ္႐ြမ္သည္ သူမမ်က္ႏွာကို ထိုးေနတဲ့ ပုဆိန္ေလးကို ဂ႐ုတစိုက္ဖယ္ရွားလိုက္ၿပီး ပုဆိန္ေလးေပၚက ေပက်ံလာတဲ့ ေဘဘီလိုးရွင္းကို သူမမ်က္ႏွာ ပြတ္သပ္လိုက္သည္။
မိန္းမငယ္ေလးရဲ႕ မ်က္ႏွာက ေကာင္းေကာင္းျပဳတ္ထားတဲ့ ၾကက္ဥျပဳတ္တစ္လုံးကဲ့သို႔ ေခ်ာေမြ႕ႏူးညံ့ေန၏။
အမ်ိဳးသား၏ မ်က္လုံးမ်ား မဲေမွာင္သြားၿပီး စု႐ြမ္႐ြမ္ရဲ႕ ေမးေစ့ေလးကို လွမ္းညွစ္လိုက္ကာ သူမကို ဆိုဖာေပၚဖိခ်လိဳက္သည္။
စု႐ြမ္႐ြမ္က သူမရဲ႕ မ်က္ဝန္းႀကီးမ်ားျဖင့္ သူမေရွ႕ကလူကို ေမာ့ၾကည့္ေန၏။
"ပါးစပ္ဖြင့္"
နီနီရဲရဲ စေတာ္ဘယ္ရီသီးႀကီး တစ္လုံးက အမ်ိဳးသားလက္ေပၚတြင္ ေပၚလာသည္။
အို ေကာင္းလိုက္ေလျခင္း၊ ခ်စ္စရာ ေကာင္းလိုက္တာ !
စု႐ြမ္႐ြမ္သည္ မ်က္လုံးမ်ား တစ္ေျဖာင့္တည္း ျဖစ္သြားၿပီး သူမဉာဏ္ရည္မွာ လွ်င္ျမန္စြာ က်ဆင္းသြားကာ သတိမထားမိစြာ ပါးစပ္ဖြင့္လိုက္၏။
ပါးစပ္ထဲက စေတာ္ဘယ္ရီသီးႀကီးမွာ မယုံနိုင္ေလာက္ေအာင္ကို ခ်ိဳၿမိန္ေနကာ အရသာ ရွိေန၏။
"အရသာရွိလား?"
စု႐ြမ္႐ြမ္က ျပင္းျပင္းထန္ထန္ ေခါင္းညိတ္လိုက္သည္။
အမ်ိဳးသားရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းမ်ား ေကြးသြားၿပီး သူမ ႏႈတ္ခမ္းေထာင့္က စေတာ္ဘယ္ရီ ရည္ေတြကို သုတ္ေပးလိုက္သည္။အနီေရာင္ စေတာ္ဘယ္ရီရည္မ်ားက ေသြးေရာင္ကဲ့သို႔ ေတာက္ပေနကာ ခ်ိဳၿမိန္ေသာအရသာျဖင့္ ျပည့္ေန၏။
"တကယ့္ကို လွပတာပဲ"
သူမက နဂိုတည္းက ပါရမီရွိၿပီး လွပတဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္သည္ဟု စု႐ြမ္႐ြမ္ ေျပာလိုက္သည္။
"ပါးစပ္ဖြင့္" စု႐ြမ္႐ြမ္သည္ သူမပါးစပ္ကို ခ်က္ခ်င္းဖြင့္လိုက္၏။
ေကာင္းၿပီ?
သူမရဲ႕ ခ်ိဳၿမိန္တဲ့ စေတာ္ဘယ္ရီသီးေလးေတြ မဟုတ္ဘူးလား?