ရှီရှန်း ( ႐ွီ႐ွန္း) Book 3...

By Hanpandora

475K 68.4K 747

ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ႐ွီ႐ွန္း arc 11 က​ေန စတင္တာပါ arc... More

💜💙
Arc 11.1
Arc 11.2
Arc 11.3
Arc 11.4
Arc 11.5
Arc 11.6
Arc 11.7
Arc 11.8
Arc 11.9
Arc 11.10
Arc 11.11
Arc 11.12
Arc 11.13
Arc 11.14
Arc 11.15
Arc 11.16
Arc 11.17
Arc 11.18
Arc 11.19
Arc 11.20
Arc 10.21
Arc 11.22
Arc 11.23
Arc 11.24
Arc 11.25
Arc 11.26
Arc 11.27
Arc 11.28
Arc 11.29
Arc 11.30
Arc 11.31 END
Extra 1
Extra 2
Arc 12.1
Arc 12.2
Arc 12.3
Arc 12.4
Arc 12.5
Arc 12.6
Arc 12.7
Arc 12.8
Arc 12.9
Arc 12.10
Arc 12.11
Arc 12.12
Arc 12.13
Arc 12.14
Arc 12.15
Arc 12.16
Arc 12.17
Arc 12.18
Arc 12.19
Arc 12.20
Arc 12.21
Arc 12.22
Arc 12.23
Arc 12.24
Arc 12.25
Arc 12.26
Arc 12.27
Arc 12.28
Arc 12.29
Arc 12.30
Arc 12.31
Arc 12.32
Arc 12.33
Arc 12.34
Arc 12.35
Arc 12.36
Arc 12.37
Arc 12.38
Arc 12.39
Arc 12.40END
Arc 12 Extra
Arc 13.1
Arc 13.2
Arc 13.3
Arc 13.4
Arc 13.5
Arc 13.6
Arc 13.7
Arc 13.8
Arc 13.9
Arc 13.10
Arc 13.11
Arc 13.12
Arc 13.13
Arc 13.14
Arc 13.15
Arc 13.16
Arc 13.18
Arc 13.19
Arc 13.20
Arc 13.21
Arc 13.22
Arc 13.23
Arc 13.24
Arc 13.25
Arc 13.26
Arc 13.27
Arc 13.28
Arc 13.29
Arc 13.30
Arc 13.31
Arc 13.32
Arc 13.33
Arc 13.34
Arc 13.35
Arc 13.36 END
ကျန့်ကျန်း SPECIAL EPISODE
Arc 14.1
Arc 14.2
Arc 14.3
Arc 14.4
Arc 14.5
Arc 14.6
Arc 14.7
Arc 14.8
Arc 14.9
Arc 14.10
Arc 14.11
Arc 14.12
Arc 14.13
Arc 14.14
Arc 14.15
Arc 14.16
Arc 14.17
Arc 14.18
Arc 14.19
Arc 14.20
Arc 14.21
Arc 14.22
Arc 14.23
Arc 14.24
Arc 14.25
Arc 14.26
Arc 14.27
Arc 14.28
Arc 14.29
Arc 14.30
Arc 14.31
Arc 14.32
Arc 14.33
Arc 14.34 END
Arc 15.1
Arc 15.2
Arc 15.3
Arc 15.4
Arc 15.5
Arc 15.6
Arc 15.7
Arc 15.8
Arc 15.9
Arc 15.10
Arc 15.11
Arc 15.12
Arc 15.13
Arc 15.14
Arc 15.15
Arc 15.16
Arc 15.17
Arc 15.18
Arc 15.19
Arc 15.20
Arc 15.21
Arc 15.22
Arc 15.23
Arc 15.24
Arc 15.25

Arc 13.17

2.4K 345 2
By Hanpandora

Unicode

ဘန်း!
ဖူယိယွင်လဲကျသွားပြီး သူ့ရဲ့အဖြူရောင်အ ၀တ်များဟာ သွေးများနဲ့ နီစွတ်နေပြီ  လေထုထဲမှာလည်း သွေးနံ့များလွင့်ပျံ့လာ​လေတယ်

ရှီရှန်းက​တော့ ပြိုင်ကွင်း​ပေါ်ကို ပျံ၀ဲဆင်းလာပြီး သူမရဲ့ စကတ်ရှည်ဟာလည်း ပန်းတစ်ပွင့်ကဲ့သို့ ​ဝေ့ဝဲနေ​လေတယ် သူမရဲ့ဓားရှည်ဟာ သွေးများနဲ့ စွန်းထင်း​နေပြီး ကွင်းမျက်နှာပြင်ပေါ် ​ထောက်လိုက်တဲ့မကြာမီမှာ သွေးအိုင်ငယ်တစ်ခုကို ဖန်တီးလိုက်တယ်

"၀ူကျန်း ... " ဖူယိယွင်က သူ့ရင်ဘတ်ကိုဆုပ်ထားပြီး သူမကို​မော့ကြည့်လိုက်တယ်

ရှီရှန်းရဲ့ ခေါင်းက သူ့ကို ငုံ့ကြည့်နေသကဲ့သို့အနည်းငယ်နိမ့်သွား​ပေမယ့်လည်း သူမမျက်လုံးထဲမှာ သူ့ကိုယ်သူမမြင်ရဘူး

သူမဟာ သက်မဲ့၊ သက်မဲ့အရာဝတ္ထုတစ်ခုကိုကြည့်နေပုံနဲ့ တူ​နေတယ်

သူမဟာ ဒီကမ္ဘာရဲ့ တစ်ဦးတည်းသော အုပ်စိုးသူ ဖြစ်​နေသကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံးကလည်း ရီ​ဝေ​နေ​လေတယ်

ဖူယိယွင်ဟာ ဒီအတွေးကြောင့် အံ့အားသင့်သွားတယ်  သူ့ခေါင်းထဲ ဘာကြောင့် ဒီလို ထင်မိသွားမှန်းသူမသိဘူး

"၀ူကျန်း၊ မင်းက သိုင်းလောကတစ်ခုလုံးနဲ့ရန်သူ ဖြစ်ချင်တာလား " ကွင်းအောက်​ခြေက လူအုပ်ကြီးက  ဖူယိယွင်ကို ကယ်တင်ဖို့အတွက် သူမရဲ့ အာရုံစိုက်မှုရအောင် အော်ဟစ်လိုက်တယ်

ရှီရှန်းက သူတို့ကိုသဘာဝကျစွာပဲ အခွင့်အရေးမပေး​လေဘူး။ ထိုလူအော်သံပြီးတာနဲ့ သူမရဲ့ဓားက ဖူယိယွင်ရဲ့ ရင်ဘတ်ထဲကို နစ်ဝင်သွားတယ်

သူမဟာသူမရဲ့ဓားကိုသူ့ရဲ့ရင်ဘတ်မှာတစ်ဝိုက်လှည့်လိုက်ပြီး ဖူယိယွင် ရဲ့မျက်နှာကိုဖြူဖျော့သွားစေခဲ့တယ်။ သူ့ရဲ့ အဖြူရောင်အဝတ်အစား​တွေက​နေ သွေး​တွေစိမ့်ထွက်လာပြီး ရင်ဘတ်တစ်ခုလုံးနီရဲကာသေဆုံးသွား​တော့မ​ယောင် ထင်ရတယ်

ရှီရှန်း ကသူမရဲ့ဓားကိုပြန်ထုတ်လိုက်ပြီးသူ့ကိုထပ်ထိုးဖို့ကြံစည်နေတယ်၊ ​​အဲ့ဒီအချိန်မှာပဲ သူမနောက်​ကျောကို မ​ရေမတွက်နိုင်တဲ့အရာ​၀တ္ထုငယ်တွေအများကြီး ဦးတည်ပျံသန်းလာသလို အသံတွေကိုကြားလိုက်ရတယ်။
သူမလှည့်ပြီး ဓားကိုဝှေ့ယမ်းလိုက်တဲ့အခါ မရေမတွက်နိုင်လှစွာ​သော ငွေရောင်အပ်ငယ်များက မြေပေါ်ကိုပြုတ်ကျသွားကြတယ်

ဒါပေမယ့် ရှီရှန်း တစ်ဖက်ကို ပြန်လှည့်လိုက်တဲ့အခါ တစ်​ယောက်​ယောက်က ဖူယိယွင်ကို ကယ်ဆယ်သွားပုံရတယ် မြေပြင်ပေါ်ရှိသွေးစွန်းများကသာ တစ်ချိန်ကဒီနေရာမှာ ဒဏ်ရာရခဲ့သူရှိဖူးကြောင်း ညွှန်ပြ​​နေတယ်

သူတို့က ရှီရှန်း ကိုမတိုက်နိုင်ဘူးဆိုတာသိတာနဲ့ လူတိုင်းဆုတ်ခွာသွားကြတယ်

ကျန့်ကျန်းဟာ စင်​ပေါ်မှာနွမ်းနယ်စွာရပ်ရင်း သူတို့ပြိုင်ဘက်​တွေ ဆုတ်ခွာသွားတာကိုကြည့်​နေတယ် သူ့လက်တွေ မသယ်နိုင်​လောက်​အောင် အရမ်းပင်ပန်းနေပြီ

"၀ူကျန်း၊ မင်းကသံနဲ့လုပ်ထားတာလား"
သူကလှည့်ကြည့်ပြီးစင်ပေါ်မှာရပ်နေတဲ့အမျိုးသမီးကိုမေးတယ်။ သူမဟာ ​မောဟိုက်ခြင်းမရှိဘဲ ဒီတိုက်ပွဲမှာ ​လော​လောလတ်လတ်ကမှ သဲကြီးမဲကြီး တိုက်ခိုက်ထားတဲ့လူမဟုတ်သလို ပြီးပြည့်စုံစွာ မားမားမတ်မတ်ရပ်နေခဲ့တယ်

ရှီရှန်းက စင်မြင့်ပေါ်က​နေ ခုန်ဆင်းလာ​ပြီး ​ပြောလိုက်တယ် "ဒီငတုံးတွေကငါ့အဆင့်နဲ့ဘယ်လိုတူနိုင်မလဲ"

ငကြွားရှီရှန်း လိုင်းတက်လာပြီ

"ချီး " ကျန့်ကျန်း ရှီရှန်း ကိုသတိပေးလိုက်တယ် "မြန်မြန်ထွက်သွားကြစို့၊ ဒီလူတွေပြန်လာရင်ဘယ်လိုလုပ်မလဲ"

ရှီရှန်းက သူမဓားကိုမှီကာ မလှုပ်ဘဲနေလိုက်တယ် 'ဟုတ်တယ်၊ ငါနည်းနည်းစိတ်ကုန်သွားပြီခဏလောက်အနားယူရမယ် '

ကျန့်ကျန်းက သူမ မလှုပ်မယှက်ဖြစ်နေတာကိုကြည့်​နေတယ် "အရူးမ၊ သွားကြစို့..မင်းသူတို့နဲ့တိုက်ချင်သေးလား.. ငါပြောနေတယ်၊ ​​ငါ့မှာ အားတစ်စက်မှမရှိ​တော့ဘူး! "

ရှီရှန်က သူ့ကိုစူး၀ါးစွာ စိုက်ကြည့်လိုက်တယ်  'မင်း​သေချင်နေတာလား?'

"မင်းအတွက်မဟုတ်ရင်ငါသူတို့နဲ့ရန်ဖြစ်ရမလား"
ကျန့်ကျန်း က နဲနဲတုန်လှုပ်သွားတယ်  ခဏအကြာမှာသူကဆက်​ပြောတယ်  "အခက်အခဲဆိုတာ ဝေမျှသင့်တယ်​လေ"

'ငါ့ရဲ့ရာထူးကိုခိုးဖို့ဘယ်သူပြောလဲ။ ဒါ့အပြင်မင်းကဒီလောက်လွယ်လွယ်ကူကူနဲ့ တိုက်ပွဲစတတ်တာကို ငါဘယ်လိုလုပ်သိမှာလဲ '

ရှီရှန်းက မထွက်သွားခင် ငါးမိနစ်​လောက် အနားယူခဲ့တယ်
ကျန့်ကျန်းက သူမ​နောက်ကို အမြန်လိုက်သွားခဲ့တယ်

​တောက်ပလ​ရောင် ရွာက​နေ ထွက်ခွာပြီးနောက် ရှီရှန်းက လမ်းကြောင်းတစ်ခုကိုအမှတ်တမဲ့ရွေးပြီး ဆက်သွားခဲ့တယ်

သူမက စမ်းချောင်းငယ်တစ်ခုအနားက​နေ ဖြတ်ကျော်လာတဲ့အခါ ခနရပ်တန့်ကာ ​ရေထဲခုန်ဆင်းပြီး အ၀တ်အစားများနှင့်အရာအားလုံးကိုဆေးကြောလိုက်တယ် သူမမှာ ​သွေး​တွေ စွန်း​နေတာကြောင့် အဲ့ဒါကို ဆေးကြောလိုက်ပြီး မကြာခင် ရေကအနီရောင်ပြောင်းသွားခဲ့တယ်

သူမကိုယ်ကိုသန့်ရှင်းရေးလုပ်ပြီးနောက်စမ်းချောင်းက​နေထွက်လာပြီး အတွင်းစိတ်ထဲမှာ နောက်ဆုံးကျန်ရှိ​နေတဲ့ စွမ်းအင်အကုန်လုံးကို သုံးပြီး ခြောက်သွေ့အောင်လုပ်ခဲ့တယ်

ကျန့်ကျန်းလည်း သူ့ခွေးကလေးကို​ရေချိုး​ပေးဖို့ စမ်းချောင်းဘေးမှာ ထိုင်ချလိုက်တယ်

ရှီရှန်းက ခွေးကလေးကိုသံသယဖြစ်စွာကြည့်လိုက်တယ်  'အခုသူ့ကို ဘယ်လို​ခေါ်ခဲ့​တော့မှာလဲ'

ခွေးကလေးဟာ ရေထဲမှာ ပတ်လည်လန်သွားပြီး ကျန့်ကျန်းရဲ့ မျက်နှာပေါ်ကို ရေစက်​တွေ စင်သွား​စေတယ်

'ဒီအရူး ... '
……

အဲ့ဒီရှုပ်ထွေးတဲ့တိုက်ပွဲကို  သိုင်း​လောကကြီးရဲ့ ပြသနာအစလို့ခေါ်ခဲ့ကြတယ်

ရှီရှန်ဟာ လုံးဝမထိခိုက်ဘဲကျန်ရစ်ခဲ့​ပေမယ့် အလင်းဂိုဏ်းအ​တော်များများက​တော့ သူတို့ရဲ့အင်အားတစ်ဝက်ကျော်ကိုဆုံးရှုံးခဲ့ရပြီး ဖူယိယွင် တောင်မှဒဏ်ရာအပြင်းအထန်ရခဲ့တယ်။
လျှို့ရွှီဟာ ဆေးများထည့်ထားတဲ့ ပန်းကန်လုံးကို ယူပြီး ကုတင်ဘေးမှာ ထိုင်ကာနွေး​နွေးထွေး​ထွေး​ပြောတယ် "အစ်ကိုကြီး ယိယွင် .. ရှင် ဆေးသောက်ဖို့အချိန်ကျပြီ"

ဖူယိယွင်က ကုတင်ပေါ်မှီပြီး လျှို့ရွှီကို ကြည့်လိုက်တဲ့အခါ သူ့ရဲ့ အေးစက်နေတဲ့ အမူအယာက အနည်းငယ်​နွေး​ထွေးလာတယ် သူကပြုံးကာဆိုတယ် "အစေခံတွေရှိတယ်​လေ..ဘာလို့မင်းကိုယ်တိုင်လာပို့ရပြန်တာလဲ"
လျှို့ရွှီ ရဲ့ မျက်နှာက အနည်းငယ်နီမြန်းသွားပြီး ရှက်ရွံ့တဲ့ အသံဖြင့်ပြောတယ် "ကျွန်မက  အစ်ကိုကြီး ယိယွင် ကို ကိုယ်တိုင်ဂရုစိုက်ချင်လို့ပါ"

"ဒီရက်ပိုင်းတွေမင်းအတွက်ခက်တယ်"
ဖူယိယွင် က လျှို့ရွှီရဲ့ လက်ကိုဆုပ်ကိုင်လိုက်လိုက်တယ်

"ကျွန်မ စိတ်ထဲမထားပါဘူး ..ကျွန်မက ရှင်နဲ့ အတူရှိ​နေရရင်ကို ပျော်ပါတယ် "
လျို့ရွှီကနူးနူးညံ့ညံ့ပြုံးတယ် "အစ်ကိုကြီး ယိယွင် ရှင့်ရဲ့ဆေးကိုသောက်လိုက်အုံး၊ မဟုတ်ရင် အေးသွားလိမ့်မယ်"

ဖူယိယွင်ရဲ့ မျက်လုံးထဲမှာ နူးညံ့သိမ်မွေ့မှုအရိပ်အယောင်တစ်ခုပေါ်လာပြီး သူကသူမထံမှပန်းကန်လုံးကိုယူကာ တစ်ခါတည်း ​မော့ချလိုက်တယ်

လျို့ရွှီက  အခန်းထဲက​နေ မထွက်သွားခင် ဖူယိယွင် နဲ့ အနည်းငယ်အချိန်ဖြုန်းနေခဲ့တယ်

ရှန့်ရှင်းယန်က ဖူယိယွင် ကို စစ်ဆေးဖို့ သမား​တော် ​ခေါ်လာတဲ့အချိန် သူမအဝေးကြီးကိုမရောက်​သေးဘူး။ လျို့ရွှီက ပုန်းနေလိုက်တယ်

"သခင်​လေးဖူက အရင်တစ်ခါက အဆိပ်ဒဏ်က ပျောက်ကင်းသွားပြီဆို​ပေမယ့်လည်းသူ့ခန္ဓာကိုယ်မှာ အကျွင်းအကျန်အချို့ကျန်ရှိနေသေးတယ် ဒီ​လောက်ပြင်းထန်တဲ့ ဒဏ်ရာကိုခံစားပြီးတဲ့အခါ လုံး၀ပြန်လည်ကောင်းဖို့ ခက်ခဲလိမ့်မယ်" သမား​တော်က လေးနက်စွာ ​ပြောလိုက်တယ်

ရှန့်ရှင်းယန်ကအသံနိမ့်နဲ့ပြောတယ် "သူ့ကိုကုသဖို့နည်းလမ်းရှိပါသလား။ ကျေးဇူးပြုပြီးပြောပါ"

ဖူယိယွင်ရဲ့ အဖေက ရှန့်ရှင်းယန်ရဲ့  သူငယ်ချင်းဟောင်းတစ် ဦး ဖြစ်တာကြောင့်သူ့ကို ဒီနေရာမှာ ဘယ်လိုပြသနာမျိုးမှ ခံစားခွင့်ပြုနိုင်မှာမဟုတ်ဘူး

"ငါဆေးဘက်ဝင်ပစ္စည်းအမျိုးအစားအများကြီးလိုအပ်တယ် ... "

ရှန့်ရှင်းယန်တစ်ခါမှပင်မကြားဖူးတဲ့ ​ဆေးနာမည်များစွာကို သမား​တော်က စာရင်းပြု​ပေးခဲ့တယ်
"ဆေးဖက်ဝင်ပစ္စည်း​တွေနဲ့တင် မလုံလောက်ဘူး  ရွှေသဲလည်းလိုအပ်​သေးတယ် ​ဆေး၀ိဇ္ဇာဖွားဖွားမှာ ​ရွှေသဲ  အချို့ ပိုင်ဆိုင်ထားတယ်လို့ ငါကြားဖူးတယ်..ဒါပေမယ့်သူမဆုံးသွားပြီဆို​တော့ ​ရွှေသဲ​တွေက သူ့တပည့် ၀ူကျန်း လက်ထဲမှာရှိလိမ့်မယ်"

"ရွှေသဲဆိုတာဘာလဲ" ဖူယိယွင်ရဲ့ ဒဏ်ရာ၀ူကျန်းလက်ချက် ဖြစ်တာ​ကြောင့် ​ဆေးကုသမယ့် ပစ္စည်းကို ထုတ်​​ပေးစရာအ​ကြောင်းတော့မရှိဘူး

ရှန့်ရှင်းယန်က သက်ပြင်းချလိုက်တယ်  'ဒီကိစ္စတွေအားလုံးပြီးသွားရင် အဲ့ဒီလူတွေငါ့ကိုအပြစ်ပုံချမှာကိုငါကြောက်တယ်'

"ဒါဟာ ပိုး​ကောင်အမျိုးအစားတစ်ခုပါ  အဲ့ဒါကို ​ရွှေသဲ​တွေကြားမှာ ​မွေးမြူဖို့ လိုအပ်တာ​ကြောင့် ​ရွှေသဲပိုးကောင်လို့ ​ခေါ်တယ် "

လျို့ရွှီဟာ ဆက်နားမထောင်ဘဲမကြည်မသာအမူအရာနဲ့ ထွက်သွားတယ်

သူမသတိမထားမိတဲ့တစ်ဖက်မှာတော့ ပိုင်​လော့ဟာလည်း ဒီရှုပ်ထွေးတဲ့စကား၀ိုင်းကို ခိုးနားထောင်နေမှန်းသတိမပြုမိခဲ့ဘူး။

……

အဓိကအဖြစ်အပျက်​တွေ တစ်ခုပြီးတစ်ခု က သိုင်းလောကကို  တုန်လှုပ်စေခဲ့တယ်

နတ်ဆိုးဂိုဏ်းဟာ ပိုင်ရှင် ပြောင်းလဲသွားခဲ့ပြီး သူတို့ရဲ့ဂိုဏ်းအုပ်အသစ်ဟာ နာမည်ကျော်စုန်းမ ၀ူကျန်းဖြစ်တယ်

သူမရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက မဟာမိတ်များစုရုံးမှုကိုအနှောင့်အယှက်ဖြစ်စေပြီး သူရဲကောင်းများစွာသေဆုံးစေခဲ့ကာ သိုင်း​လောက တစ်ခုလုံးမတည်မငြိမ်ဖြစ်သွားစေတယ်။

အကောင်းနဲ့အဆိုးကြားကတိုက်ပွဲကစခဲ့ပြီ

အ​မှောင်ဂိုဏ်းများကို မကြာသေးမီက အာဏာအပ်နှင်းထားတဲ့ ​သွေးသတ်ဖြတ်သူဂိုဏ်းက  ဦးဆောင်ခဲ့ပြီး နတ်ဆိုးဂိုဏ်းက​တော့  ဒီပဋိပက္ခကိုစတင်ခဲ့သူဟာ သူတို့မဟုတ်တဲ့အတိုင်း ငြိမ်သက်​နေ​လေတယ်

ရှီရှန်းက အ​ခြေစိုက်စခန်းမှာရှိတဲ့ အိမ်​တွေ ပြုပြင်​နေခြင်းကို ကြီးကြပ်နေတယ် အပြင်လောကမှာလူတွေဘာလုပ်နေတယ်ဆိုတာကိုလိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဖို့ သူမမှာ အချိန်ပို မရှိဘူး

ကုယွီက​တော့ အိမ်တစ်အိမ်ရဲ့​ခေါင်မိုး​ပေါ်မှာ သဘာဝစွမ်းအားများစုပ်ယူဖို့ မတ်တပ်ရပ်နေ​တုန်း ထင်ဖုန်းက ခွေးတစ်ကောင်လို ပင်ပန်းလာတယ်

ရှီရှန်းက ခေါင်းကိုမော့ပြီးနေရောင်အောက်မှာ စွဲမက်ဖွယ်ကောင်းတဲ့အသွင်နဲ့ရပ်​နေတဲ့ ကုယွီကိုကြည့်လိုက်တယ်  'ဒီလူဟာတကယ်ပဲဝိညာဉ်တစ်ခုအသွင်ပြောင်းသွား​တော့မှာလား '

"ဂိုဏ်းချုပ်..ကျွန်​တော့်ကိုကူဖို့ ကုယွီကို ခေါ်​ပေးစမ်းပါဗျာ.." ထင်ဖုန်းက ရှီရှန်း ကိုညည်းညူတယ် "ကျွန်​တော်ကအိမ်တွေကိုပြုပြင်ရမယ့်အပြင် လူတိုင်းရဲ့နေ့စဉ်လိုအပ်တဲ့အရာတွေကိုစီမံရ​သေးတယ်.. ကျွန်​တော့်ကို ဘယ်နကိုယ်ခွဲ​စေချင်​နေတာလဲ"

"သူကမင်းတို့ဂိုဏ်းချုပ်ဟောင်းရဲ့စကကိုတောင်နားမထောင်ဘူး..ငါ​ပြောတာကိုဘယ်လိုနားထောင်မလဲ "

ဂိုဏ်းချုပ်ဟောင်းက​တော့ လက်ရှိမှာ သူ့ခွေးကို လမ်းလျှောက်ထွက်​ပေးနေတယ် သူ့အ​ကြောင်း​ပြောသံကြားတဲ့အခါ ကျန့်ကျန်းက ​ပြေးလာတယ် " သူနဲ့သွားတိုက်ပါ မင်းအနိုင်ရရင် မင်းအတွက်သူ့ကိုအလုပ်ခိုင်းနိုင်ရုံတင်မကဘူး မင်းအတွက် အိပ်ရာကို​တောင် နွေး​အောင်လုပ်ပေးလိမ့်မယ်"

ရှီရှန်းက ကျန့်ကျန်း ကိုထူးဆန်းတဲ့အကြည့်တစ်ခုပေးလိုက်တယ် "ဒါဆို ... မင်းကမင်းရဲ့တပည့်ကိုမတိုက်နိုင်ဘူးလား"

"ကောင်းပြီ..ဂိုဏ်းချုပ်ဟောင်း..မင်း ဖူယိယွင်  ကိုစိန်ခေါ်ဖို့ယုံကြည်မှု​တွေ ဘယ်က​​နေရခဲ့လဲ..ကောလဟာလတွေပြောနေတဲ့တိုင်းမင်းကအံ့သြစရာကောင်းတယ်လို့ မင်းကိုယ်မင်း တကယ်ထင်လား"

ကျန့်ကျန်းရဲ့ အမူအရာက အေးခဲသွားပြီးမြေကြီးပေါ်က ခွေးကလေးကို ငုံ့ကြည့်လိုက်တယ် "လာပါ ​ကျန်းဇီ​လေး ဟိုဘက်ကို သွားရအောင် "

ရှီရှန်းရဲ့ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ကျန့်ကျန်းရဲ့ ၀တ်ရုံလည်ပင်းကို ဆုပ်ကိုင်လိုက်တယ် "မင်းဒါကိုဘယ်လိုခေါ်လိုက်တယ်?"

[Tn/ ဒီမှာ ​ခွေးက​လေးရဲ့ နာမည်က ကျန်း* က ၀ူကျန်းရဲ့ ကျန်း* နဲ့ တူ​နေလို့ပါ😁
ကျန့်ကျန်းရဲ့ ကျန်းနဲ့ မတူပါဘူး]

Transalated  by Dora💜 Mia💙

Zawgyi

ဘန္း!
ဖူယိယြင္လဲက်သြားၿပီး သူ႕ရဲ႕အျဖဴေရာင္အ ၀တ္မ်ားဟာ ေသြးမ်ားနဲ႔ နီစြတ္ေနၿပီ  ေလထုထဲမွာလည္း ေသြးနံ႔မ်ားလြင့္ပ်ံ႕လာ​ေလတယ္

႐ွီ႐ွန္းက​ေတာ့ ၿပိဳင္ကြင္း​ေပၚကို ပ်ံ၀ဲဆင္းလာၿပီး သူမရဲ႕ စကတ္႐ွည္ဟာလည္း ပန္းတစ္ပြင့္ကဲ့သို႔ ​ေဝ့ဝဲေန​ေလတယ္ သူမရဲ႕ဓား႐ွည္ဟာ ေသြးမ်ားနဲ႔ စြန္းထင္း​ေနၿပီး ကြင္းမ်က္ႏွာျပင္ေပၚ ​ေထာက္လိုက္တဲ့မၾကာမီမွာ ေသြးအိုင္ငယ္တစ္ခုကို ဖန္တီးလိုက္တယ္

"ဝူက်န္း ... " ဖူယိယြင္က သူ႕ရင္ဘတ္ကိုဆုပ္ထားၿပီး သူမကို​ေမာ့ၾကည့္လိုက္တယ္

႐ွီ႐ွန္းရဲ႕ ေခါင္းက သူ႕ကို ငုံ႔ၾကည့္ေနသကဲ့သို႔အနည္းငယ္နိမ့္သြား​ေပမယ့္လည္း သူမမ်က္လုံးထဲမွာ သူ႕ကိုယ္သူမျမင္ရဘူး

သူမဟာ သက္မဲ့၊ သက္မဲ့အရာဝတၳဳတစ္ခုကိုၾကည့္ေနပုံနဲ႔ တူ​ေနတယ္

သူမဟာ ဒီကမ႓ာရဲ႕ တစ္ဦးတည္းေသာ အုပ္စိုးသူ ျဖစ္​ေနသကဲ့သို႔ ပတ္ဝန္းက်င္ တစ္ခုလုံးကလည္း ရီ​ေဝ​ေန​ေလတယ္

ဖူယိယြင္ဟာ ဒီအေတြးေၾကာင့္ အံ့အားသင့္သြားတယ္  သူ႕ေခါင္းထဲ ဘာေၾကာင့္ ဒီလို ထင္မိသြားမွန္းသူမသိဘူး

"ဝူက်န္း၊ မင္းက သိုင္းေလာကတစ္ခုလုံးနဲ႔ရန္သူ ျဖစ္ခ်င္တာလား " ကြင္းေအာက္​ေျခက လူအုပ္ႀကီးက  ဖူယိယြင္ကို ကယ္တင္ဖို႔အတြက္ သူမရဲ႕ အာ႐ုံစိုက္မႈရေအာင္ ေအာ္ဟစ္လိုက္တယ္

႐ွီ႐ွန္းက သူတို႔ကိုသဘာဝက်စြာပဲ အခြင့္အေရးမေပး​ေလဘူး။ ထိုလူေအာ္သံၿပီးတာနဲ႔ သူမရဲ႕ဓားက ဖူယိယြင္ရဲ႕ ရင္ဘတ္ထဲကို နစ္ဝင္သြားတယ္

သူမဟာသူမရဲ႕ဓားကိုသူ႕ရဲ႕ရင္ဘတ္မွာတစ္ဝိုက္လွည့္လိုက္ၿပီး ဖူယိယြင္ ရဲ႕မ်က္ႏွာကိုျဖဴေဖ်ာ့သြားေစခဲ့တယ္။ သူ႕ရဲ႕ အျဖဴေရာင္အဝတ္အစား​ေတြက​ေန ေသြး​ေတြစိမ့္ထြက္လာၿပီး ရင္ဘတ္တစ္ခုလုံးနီရဲကာေသဆုံးသြား​ေတာ့မ​ေယာင္ ထင္ရတယ္

႐ွီ႐ွန္း ကသူမရဲ႕ဓားကိုျပန္ထုတ္လိုက္ၿပီးသူ႕ကိုထပ္ထိုးဖို႔ၾကံစည္ေနတယ္၊ ​​အဲ့ဒီအခ်ိန္မွာပဲ သူမေနာက္​ေက်ာကို မ​ေရမတြက္ႏိုင္တဲ့အရာ​၀တၳဳငယ္ေတြအမ်ားႀကီး ဦးတည္ပ်ံသန္းလာသလို အသံေတြကိုၾကားလိုက္ရတယ္။
သူမလွည့္ၿပီး ဓားကိုေဝွ႔ယမ္းလိုက္တဲ့အခါ မေရမတြက္ႏိုင္လွစြာ​ေသာ ေငြေရာင္အပ္ငယ္မ်ားက ေျမေပၚကိုျပဳတ္က်သြားၾကတယ္

ဒါေပမယ့္ ႐ွီ႐ွန္း တစ္ဖက္ကို ျပန္လွည့္လိုက္တဲ့အခါ တစ္​ေယာက္​ေယာက္က ဖူယိယြင္ကို ကယ္ဆယ္သြားပုံရတယ္ ေျမျပင္ေပၚ႐ွိေသြးစြန္းမ်ားကသာ တစ္ခ်ိန္ကဒီေနရာမွာ ဒဏ္ရာရခဲ့သူ႐ွိဖူးေၾကာင္း ၫႊန္ျပ​​ေနတယ္

သူတို႔က ႐ွီ႐ွန္း ကိုမတိုက္ႏိုင္ဘူးဆိုတာသိတာနဲ႔ လူတိုင္းဆုတ္ခြာသြားၾကတယ္

က်န္႔က်န္းဟာ စင္​ေပၚမွာႏြမ္းနယ္စြာရပ္ရင္း သူတို႔ၿပိဳင္ဘက္​ေတြ ဆုတ္ခြာသြားတာကိုၾကည့္​ေနတယ္ သူ႕လက္ေတြ မသယ္ႏိုင္​ေလာက္​ေအာင္ အရမ္းပင္ပန္းေနၿပီ

"ဝူက်န္း၊ မင္းကသံနဲ႔လုပ္ထားတာလား"
သူကလွည့္ၾကည့္ၿပီးစင္ေပၚမွာရပ္ေနတဲ့အမ်ိဳးသမီးကိုေမးတယ္။ သူမဟာ ​ေမာဟိုက္ျခင္းမ႐ွိဘဲ ဒီတိုက္ပြဲမွာ ​ေလာ​ေလာလတ္လတ္ကမွ သဲႀကီးမဲႀကီး တိုက္ခိုက္ထားတဲ့လူမဟုတ္သလို ၿပီးျပည့္စုံစြာ မားမားမတ္မတ္ရပ္ေနခဲ့တယ္

႐ွီ႐ွန္းက စင္ျမင့္ေပၚက​ေန ခုန္ဆင္းလာ​ၿပီး ​ေျပာလိုက္တယ္ "ဒီငတုံးေတြကငါ့အဆင့္နဲ႔ဘယ္လိုတူႏိုင္မလဲ"

ငႂကြား႐ွီ႐ွန္း လိုင္းတက္လာၿပီ

"ခ်ီး " က်န္႔က်န္း ႐ွီ႐ွန္း ကိုသတိေပးလိုက္တယ္ "ျမန္ျမန္ထြက္သြားၾကစို႔၊ ဒီလူေတြျပန္လာရင္ဘယ္လိုလုပ္မလဲ"

႐ွီ႐ွန္းက သူမဓားကိုမွီကာ မလႈပ္ဘဲေနလိုက္တယ္ 'ဟုတ္တယ္၊ ငါနည္းနည္းစိတ္ကုန္သြားၿပီခဏေလာက္အနားယူရမယ္ '

က်န္႔က်န္းက သူမ မလႈပ္မယွက္ျဖစ္ေနတာကိုၾကည့္​ေနတယ္ "အ႐ူးမ၊ သြားၾကစို႔..မင္းသူတို႔နဲ႔တိုက္ခ်င္ေသးလား.. ငါေျပာေနတယ္၊ ​​ငါ့မွာ အားတစ္စက္မွမ႐ွိ​ေတာ့ဘူး! "

႐ွီ႐ွန္က သူ႕ကိုစူး၀ါးစြာ စိုက္ၾကည့္လိုက္တယ္  'မင္း​ေသခ်င္ေနတာလား?'

"မင္းအတြက္မဟုတ္ရင္ငါသူတို႔နဲ႔ရန္ျဖစ္ရမလား"
က်န္႔က်န္း က နဲနဲတုန္လႈပ္သြားတယ္  ခဏအၾကာမွာသူကဆက္​ေျပာတယ္  "အခက္အခဲဆိုတာ ေဝမွ်သင့္တယ္​ေလ"

'ငါ့ရဲ႕ရာထူးကိုခိုးဖို႔ဘယ္သူေျပာလဲ။ ဒါ့အျပင္မင္းကဒီေလာက္လြယ္လြယ္ကူကူနဲ႔ တိုက္ပြဲစတတ္တာကို ငါဘယ္လိုလုပ္သိမွာလဲ '

႐ွီ႐ွန္းက မထြက္သြားခင္ ငါးမိနစ္​ေလာက္ အနားယူခဲ့တယ္
က်န္႔က်န္းက သူမ​ေနာက္ကို အျမန္လိုက္သြားခဲ့တယ္

​ေတာက္ပလ​ေရာင္ ႐ြာက​ေန ထြက္ခြာၿပီးေနာက္ ႐ွီ႐ွန္းက လမ္းေၾကာင္းတစ္ခုကိုအမွတ္တမဲ့ေ႐ြးၿပီး ဆက္သြားခဲ့တယ္

သူမက စမ္းေခ်ာင္းငယ္တစ္ခုအနားက​ေန ျဖတ္ေက်ာ္လာတဲ့အခါ ခနရပ္တန္႔ကာ ​ေရထဲခုန္ဆင္းၿပီး အ၀တ္အစားမ်ားႏွင့္အရာအားလုံးကိုေဆးေၾကာလိုက္တယ္ သူမမွာ ​ေသြး​ေတြ စြန္း​ေနတာေၾကာင့္ အဲ့ဒါကို ေဆးေၾကာလိုက္ၿပီး မၾကာခင္ ေရကအနီေရာင္ေျပာင္းသြားခဲ့တယ္

သူမကိုယ္ကိုသန္႔႐ွင္းေရးလုပ္ၿပီးေနာက္စမ္းေခ်ာင္းက​ေနထြက္လာၿပီး အတြင္းစိတ္ထဲမွာ ေနာက္ဆုံးက်န္႐ွိ​ေနတဲ့ စြမ္းအင္အကုန္လုံးကို သုံးၿပီး ေျခာက္ေသြ႕ေအာင္လုပ္ခဲ့တယ္

က်န္႔က်န္းလည္း သူ႕ေခြးကေလးကို​ေရခ်ိဳး​ေပးဖို႔ စမ္းေခ်ာင္းေဘးမွာ ထိုင္ခ်လိုက္တယ္

႐ွီ႐ွန္းက ေခြးကေလးကိုသံသယျဖစ္စြာၾကည့္လိုက္တယ္  'အခုသူ႕ကို ဘယ္လို​ေခၚခဲ့​ေတာ့မွာလဲ'

ေခြးကေလးဟာ ေရထဲမွာ ပတ္လည္လန္သြားၿပီး က်န္႔က်န္းရဲ႕ မ်က္ႏွာေပၚကို ေရစက္​ေတြ စင္သြား​ေစတယ္

'ဒီအ႐ူး ... '
……

အဲ့ဒီ႐ႈပ္ေထြးတဲ့တိုက္ပြဲကို  သိုင္း​ေလာကႀကီးရဲ႕ ျပသနာအစလို႔ေခၚခဲ့ၾကတယ္

႐ွီ႐ွန္ဟာ လုံးဝမထိခိုက္ဘဲက်န္ရစ္ခဲ့​ေပမယ့္ အလင္းဂိုဏ္းအ​ေတာ္မ်ားမ်ားက​ေတာ့ သူတို႔ရဲ႕အင္အားတစ္ဝက္ေက်ာ္ကိုဆုံး႐ႈံးခဲ့ရၿပီး ဖူယိယြင္ ေတာင္မွဒဏ္ရာအျပင္းအထန္ရခဲ့တယ္။
လွ်ိဳ႕႐ႊီဟာ ေဆးမ်ားထည့္ထားတဲ့ ပန္းကန္လုံးကို ယူၿပီး ကုတင္ေဘးမွာ ထိုင္ကာေႏြး​ေႏြးေထြး​ေထြး​ေျပာတယ္ "အစ္ကိုႀကီး ယိယြင္ .. ႐ွင္ ေဆးေသာက္ဖို႔အခ်ိန္က်ၿပီ"

ဖူယိယြင္က ကုတင္ေပၚမွီၿပီး လွ်ိဳ႕႐ႊီကို ၾကည့္လိုက္တဲ့အခါ သူ႕ရဲ႕ ေအးစက္ေနတဲ့ အမူအယာက အနည္းငယ္​ေႏြး​ေထြးလာတယ္ သူကျပဳံးကာဆိုတယ္ "အေစခံေတြ႐ွိတယ္​ေလ..ဘာလို႔မင္းကိုယ္တိုင္လာပို႔ရျပန္တာလဲ"
လွ်ိဳ႕႐ႊီ ရဲ႕ မ်က္ႏွာက အနည္းငယ္နီျမန္းသြားၿပီး ႐ွက္႐ြံ႕တဲ့ အသံျဖင့္ေျပာတယ္ "ကြၽန္မက  အစ္ကိုႀကီး ယိယြင္ ကို ကိုယ္တိုင္ဂ႐ုစိုက္ခ်င္လို႔ပါ"

"ဒီရက္ပိုင္းေတြမင္းအတြက္ခက္တယ္"
ဖူယိယြင္ က လွ်ိဳ႕႐ႊီရဲ႕ လက္ကိုဆုပ္ကိုင္လိုက္လိုက္တယ္

"ကြၽန္မ စိတ္ထဲမထားပါဘူး ..ကြၽန္မက ႐ွင္နဲ႔ အတူ႐ွိ​ေနရရင္ကို ေပ်ာ္ပါတယ္ "
လ်ိဳ႕႐ႊီကႏူးႏူးညံ့ညံ့ျပဳံးတယ္ "အစ္ကိုႀကီး ယိယြင္ ႐ွင့္ရဲ႕ေဆးကိုေသာက္လိုက္အုံး၊ မဟုတ္ရင္ ေအးသြားလိမ့္မယ္"

ဖူယိယြင္ရဲ႕ မ်က္လုံးထဲမွာ ႏူးညံ့သိမ္ေမြ႕မႈအရိပ္အေယာင္တစ္ခုေပၚလာၿပီး သူကသူမထံမွပန္းကန္လုံးကိုယူကာ တစ္ခါတည္း ​ေမာ့ခ်လိုက္တယ္

လ်ိဳ႕႐ႊီက  အခန္းထဲက​ေန မထြက္သြားခင္ ဖူယိယြင္ နဲ႔ အနည္းငယ္အခ်ိန္ျဖဳန္းေနခဲ့တယ္

႐ွန္႔႐ွင္းယန္က ဖူယိယြင္ ကို စစ္ေဆးဖို႔ သမား​ေတာ္ ​ေခၚလာတဲ့အခ်ိန္ သူမအေဝးႀကီးကိုမေရာက္​ေသးဘူး။ လ်ိဳ႕႐ႊီက ပုန္းေနလိုက္တယ္

"သခင္​ေလးဖူက အရင္တစ္ခါက အဆိပ္ဒဏ္က ေပ်ာက္ကင္းသြားၿပီဆို​ေပမယ့္လည္းသူ႕ခႏၶာကိုယ္မွာ အကြၽင္းအက်န္အခ်ိဳ႕က်န္႐ွိေနေသးတယ္ ဒီ​ေလာက္ျပင္းထန္တဲ့ ဒဏ္ရာကိုခံစားၿပီးတဲ့အခါ လုံး၀ျပန္လည္ေကာင္းဖို႔ ခက္ခဲလိမ့္မယ္" သမား​ေတာ္က ေလးနက္စြာ ​ေျပာလိုက္တယ္

႐ွန္႔႐ွင္းယန္ကအသံနိမ့္နဲ႔ေျပာတယ္ "သူ႕ကိုကုသဖို႔နည္းလမ္း႐ွိပါသလား။ ေက်းဇူးျပဳၿပီးေျပာပါ"

ဖူယိယြင္ရဲ႕ အေဖက ႐ွန္႔႐ွင္းယန္ရဲ႕  သူငယ္ခ်င္းေဟာင္းတစ္ ဦး ျဖစ္တာေၾကာင့္သူ႕ကို ဒီေနရာမွာ ဘယ္လိုျပသနာမ်ိဳးမွ ခံစားခြင့္ျပဳႏိုင္မွာမဟုတ္ဘူး

"ငါေဆးဘက္ဝင္ပစၥည္းအမ်ိဳးအစားအမ်ားႀကီးလိုအပ္တယ္ ... "

႐ွန္႔႐ွင္းယန္တစ္ခါမွပင္မၾကားဖူးတဲ့ ​ေဆးနာမည္မ်ားစြာကို သမား​ေတာ္က စာရင္းျပဳ​ေပးခဲ့တယ္
"ေဆးဖက္ဝင္ပစၥည္း​ေတြနဲ႔တင္ မလုံေလာက္ဘူး  ေ႐ႊသဲလည္းလိုအပ္​ေသးတယ္ ​ေဆး၀ိဇၨာဖြားဖြားမွာ ​ေ႐ႊသဲ  အခ်ိဳ႕ ပိုင္ဆိုင္ထားတယ္လို႔ ငါၾကားဖူးတယ္..ဒါေပမယ့္သူမဆုံးသြားၿပီဆို​ေတာ့ ​ေ႐ႊသဲ​ေတြက သူ႕တပည့္ ဝူက်န္း လက္ထဲမွာ႐ွိလိမ့္မယ္"

"ေ႐ႊသဲဆိုတာဘာလဲ" ဖူယိယြင္ရဲ႕ ဒဏ္ရာဝူက်န္းလက္ခ်က္ ျဖစ္တာ​ေၾကာင့္ ​ေဆးကုသမယ့္ ပစၥည္းကို ထုတ္​​ေပးစရာအ​ေၾကာင္းေတာ့မ႐ွိဘူး

႐ွန္႔႐ွင္းယန္က သက္ျပင္းခ်လိုက္တယ္  'ဒီကိစၥေတြအားလုံးၿပီးသြားရင္ အဲ့ဒီလူေတြငါ့ကိုအျပစ္ပုံခ်မွာကိုငါေၾကာက္တယ္'

"ဒါဟာ ပိုး​ေကာင္အမ်ိဳးအစားတစ္ခုပါ  အဲ့ဒါကို ​ေ႐ႊသဲ​ေတြၾကားမွာ ​ေမြးျမဴဖို႔ လိုအပ္တာ​ေၾကာင့္ ​ေ႐ႊသဲပိုးေကာင္လို႔ ​ေခၚတယ္ "

လ်ိဳ႕႐ႊီဟာ ဆက္နားမေထာင္ဘဲမၾကည္မသာအမူအရာနဲ႔ ထြက္သြားတယ္

သူမသတိမထားမိတဲ့တစ္ဖက္မွာေတာ့ ပိုင္​ေလာ့ဟာလည္း ဒီ႐ႈပ္ေထြးတဲ့စကားဝိုင္းကို ခိုးနားေထာင္ေနမွန္းသတိမျပဳမိခဲ့ဘူး။

……

အဓိကအျဖစ္အပ်က္​ေတြ တစ္ခုၿပီးတစ္ခု က သိုင္းေလာကကို  တုန္လႈပ္ေစခဲ့တယ္

နတ္ဆိုးဂိုဏ္းဟာ ပိုင္႐ွင္ ေျပာင္းလဲသြားခဲ့ၿပီး သူတို႔ရဲ႕ဂိုဏ္းအုပ္အသစ္ဟာ နာမည္ေက်ာ္စုန္းမ ဝူက်န္းျဖစ္တယ္

သူမရဲ႕ အစုလိုက္အျပဳံလိုက္သတ္ျဖတ္ျခင္းက မဟာမိတ္မ်ားစု႐ုံးမႈကိုအေႏွာင့္အယွက္ျဖစ္ေစၿပီး သူရဲေကာင္းမ်ားစြာေသဆုံးေစခဲ့ကာ သိုင္း​ေလာက တစ္ခုလုံးမတည္မၿငိမ္ျဖစ္သြားေစတယ္။

အေကာင္းနဲ႔အဆိုးၾကားကတိုက္ပြဲကစခဲ့ၿပီ

အ​ေမွာင္ဂိုဏ္းမ်ားကို မၾကာေသးမီက အာဏာအပ္ႏွင္းထားတဲ့ ​ေသြးသတ္ျဖတ္သူဂိုဏ္းက  ဦးေဆာင္ခဲ့ၿပီး နတ္ဆိုးဂိုဏ္းက​ေတာ့  ဒီပဋိပကၡကိုစတင္ခဲ့သူဟာ သူတို႔မဟုတ္တဲ့အတိုင္း ၿငိမ္သက္​ေန​ေလတယ္

႐ွီ႐ွန္းက အ​ေျခစိုက္စခန္းမွာ႐ွိတဲ့ အိမ္​ေတြ ျပဳျပင္​ေနျခင္းကို ႀကီးၾကပ္ေနတယ္ အျပင္ေလာကမွာလူေတြဘာလုပ္ေနတယ္ဆိုတာကိုလိုက္ၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ဖို႔ သူမမွာ အခ်ိန္ပို မ႐ွိဘူး

ကုယြီက​ေတာ့ အိမ္တစ္အိမ္ရဲ႕​ေခါင္မိုး​ေပၚမွာ သဘာဝစြမ္းအားမ်ားစုပ္ယူဖို႔ မတ္တပ္ရပ္ေန​တုန္း ထင္ဖုန္းက ေခြးတစ္ေကာင္လို ပင္ပန္းလာတယ္

႐ွီ႐ွန္းက ေခါင္းကိုေမာ့ၿပီးေနေရာင္ေအာက္မွာ စြဲမက္ဖြယ္ေကာင္းတဲ့အသြင္နဲ႔ရပ္​ေနတဲ့ ကုယြီကိုၾကည့္လိုက္တယ္  'ဒီလူဟာတကယ္ပဲဝိညာဥ္တစ္ခုအသြင္ေျပာင္းသြား​ေတာ့မွာလား '

"ဂိုဏ္းခ်ဳပ္..ကြၽန္​ေတာ္႕ကိုကူဖို႔ ကုယြီကို ေခၚ​ေပးစမ္းပါဗ်ာ.." ထင္ဖုန္းက ႐ွီ႐ွန္း ကိုညည္းညဴတယ္ "ကြၽန္​ေတာ္ကအိမ္ေတြကိုျပဳျပင္ရမယ့္အျပင္ လူတိုင္းရဲ႕ေန႔စဥ္လိုအပ္တဲ့အရာေတြကိုစီမံရ​ေသးတယ္.. ကြၽန္​ေတာ္႕ကို ဘယ္နကိုယ္ခြဲ​ေစခ်င္​ေနတာလဲ"

"သူကမင္းတို႔ဂိုဏ္းခ်ဳပ္ေဟာင္းရဲ႕စကကိုေတာင္နားမေထာင္ဘူး..ငါ​ေျပာတာကိုဘယ္လိုနားေထာင္မလဲ "

ဂိုဏ္းခ်ဳပ္ေဟာင္းက​ေတာ့ လက္႐ွိမွာ သူ႕ေခြးကို လမ္းေလွ်ာက္ထြက္​ေပးေနတယ္ သူ႕အ​ေၾကာင္း​ေျပာသံၾကားတဲ့အခါ က်န္႔က်န္းက ​ေျပးလာတယ္ " သူနဲ႔သြားတိုက္ပါ မင္းအႏိုင္ရရင္ မင္းအတြက္သူ႕ကိုအလုပ္ခိုင္းႏိုင္႐ုံတင္မကဘူး မင္းအတြက္ အိပ္ရာကို​ေတာင္ ေႏြး​ေအာင္လုပ္ေပးလိမ့္မယ္"

႐ွီ႐ွန္းက က်န္႔က်န္း ကိုထူးဆန္းတဲ့အၾကည့္တစ္ခုေပးလိုက္တယ္ "ဒါဆို ... မင္းကမင္းရဲ႕တပည့္ကိုမတိုက္ႏိုင္ဘူးလား"

"ေကာင္းၿပီ..ဂိုဏ္းခ်ဳပ္ေဟာင္း..မင္း ဖူယိယြင္  ကိုစိန္ေခၚဖို႔ယုံၾကည္မႈ​ေတြ ဘယ္က​​ေနရခဲ့လဲ..ေကာလဟာလေတြေျပာေနတဲ့တိုင္းမင္းကအံ့ၾသစရာေကာင္းတယ္လို႔ မင္းကိုယ္မင္း တကယ္ထင္လား"

က်န္႔က်န္းရဲ႕ အမူအရာက ေအးခဲသြားၿပီးေျမႀကီးေပၚက ေခြးကေလးကို ငုံ႔ၾကည့္လိုက္တယ္ "လာပါ ​က်န္းဇီ​ေလး ဟိုဘက္ကို သြားရေအာင္ "

႐ွီ႐ွန္းရဲ႕ မ်က္လုံးမ်ားက က်ဥ္းေျမာင္းသြားၿပီး က်န္႔က်န္းရဲ႕ ၀တ္႐ုံလည္ပင္းကို ဆုပ္ကိုင္လိုက္တယ္ "မင္းဒါကိုဘယ္လိုေခၚလိုက္တယ္?"

[Tn/ ဒီမွာ ​ေခြးက​ေလးရဲ႕ နာမည္က က်န္း* က ဝူက်န္းရဲ႕ က်န္း* နဲ႔ တူ​ေနလို႔ပါ😁
က်န္႔က်န္းရဲ႕ က်န္းနဲ႔ မတူပါဘူး]

Transalated  by Dora💜 Mia💙

Continue Reading

You'll Also Like

236K 35.4K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...
16K 1.9K 32
Totally Credited to original author
1M 122K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...