ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...

By LEAF277

345K 46.6K 2K

I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... More

Description
/1/ Edited
/1/အဆက် edited
~2~edided
/2/အဆက် edided
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/42/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)

/27/

3.6K 537 47
By LEAF277

Unicode

လူငယ်ရဲ့ မိသားစုနာမည်က ကောင်း၊သူ့နာမည်က ကျွင့်ရှန်း။

သူ့ဦးထုတ်ကိုချွတ်လိုက်တော့ အနည်းငယ်နူးညံ့သိမ်မွေ့တဲ့ မျက်နှာက ထွက်ပေါ်လာသည်။ယဉ်ကျေးပြီး ရှိုးတိုးရှန်းတန်း ဖြစ်နေ၏။

အဘွားရဲ့ နာမည်ကတော့ သဘာ၀ကျစွာပဲ အမေးခဲ့တဲ့အတွက် "အဘွား " ဟု ခေါ်ရုံသာ ။

" ငါတို့မှာ စွမ်းရည်မရှိပါဘူး၊ ငါတို့က သာမန်လူတွေပါ"

ကောင်းကျွင့်ရှန်း က ထိုင်ခုံပေါ်တွင် ထိုင်နေပြီး စွမ်းအားပြည့်တဲ့ နီးယန်နဲ့ ရင်ဆိုင်ရတော့ အနည်းငယ်စိုးရိမ်နေ၏။

ကမ္ဘာပျက်ကပ်နေ့များတွင် မည်သည့် စွမ်းရည်မှမရှိဘဲ အသက်ရှင်သန်နိုင်ဖို့ ခက်ခဲလှသည်။ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အား သို့မဟုတ် အသက်ရှင်သန်ရေးအတွက် တိုက်ခိုက်နိုင်မှု သို့မဟုတ်ပါက ကောင်းမွန်တဲ့ ကံတရား ရှိသည်မှ လွဲ၍ပင်။

သိသိသာသာကို ကောင်းကျွင့်ရှန်းက ကံကောင်းမှုကို ပိုင်ဆိုင်ထားတဲ့ သူမျိုးဖြစ်၏။

"ကျွန်တော် ၊ ကျွန်တော်တို့က မြောက်ပိုင်းအခြေစိုက်စခန်းကို သွားမလို့ပါ"

ကောင်းကျွင့်ရှန်က သေနတ်တစ်လက်ကိုင်ထားတဲ့ နီးယန်ကို စိုးရိမ်ထိတ်လန့်နေပုံရပြီး သူစကားပြောတဲ့အခါ နေရခက်နေသည်။

နောက်ပိုင်းစကားမှာ အလွန်နူးညံ့သော်လည်း အနည်းငယ် အလျှင်စလို နိုင်နေ၏။" ကျွန်တော်က ကျွန်တော့်ကောင်မလေးနဲ့ ကွဲသွားလို့ ၊သူမကို ရှာချင်တာ ပါ"။ စိုးရိမ်ကြောင့်ကြမှုက အတော်လေး သိသာလို့နေ၏။

စားပွဲပေါ်တွင် လက်တစ်ဖက်တင်ကာ နီးယန်‌ဘေးမှာ ထိုင်နေတဲ့ လုရှီမင်က သူ့ရဲ့ကျောက်စိမ်းဖြူ လက်‌ချောင်းတွေကို ခပ်ဖွဖွခေါက်နေ၏။သူ့အသံက အတော်လေး ကြည်လင်နေပေမယ့် ထိုအသံရဲ့ အောက်မှာ ကောင်းကျွင့်ရှန်းဟာ ပိုလို့ပင် စိုးရိမ်လာ၏။

"မင်းကောင်မလေးက မြောက်ပိုင်းအခြေစိုက်စခန်းမှာလား?"

လုရှီမင် ရုတ်တရက် မေးလာသည်။

အမျိုးသားရဲ့အသံက အရမ်းကောင်းပေမယ့် စားပွဲပေါ်ကို ဒရမ် စည်းချက်လိုမျိုး ခေါက်သံကို ကြားနေရတော့ ကောင်းကျွင့်ရှန်း စိတ်သက် တောင့်သက်သာဖြစ်တယ်လို့ မခံစားရပေ။ထို အစား သူ့ဆီ အရှိန်ပြင်းစွာ တိုးဝင်လာသော ဖိအားများကိုသာ ခံစားရသည်။

ကောင်းကျွင့်ရှန်း က သူ့ခံစားချက်တွေကို ချောမွေ့အောင် ကြိုးစားရင်း ခေါင်းခါကာ ပြောလိုက်သည်။"ကျွန်တော့်ကောင်မလေး ဘယ်မှာလဲဆိုတာ မသိပါဘူး၊ ဒါပေမယ့် မြောက်ပိုင်းအခြေစိုက်စခန်းမှာရှိတဲ့ နတ်ဘုရားက ဘာမေးခွန်းမေးမေး သိနိုင်တယ်တဲ့ " ကောင်းကျွင့် ရှန်းရဲ့မျက်လုံးများ ကြည်လင်တောက်ပလို့လာသည်။

နီးယန်က မျက်မှောင်ကြုတ်လိုက်ပြီး လုရှီမင်နဲ့ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်၏။

"ဒီလိုမျိုး နင်ကြားဖူးလား"

"မကြားဖူးဘူး"

သူတို့နှစ်ယောက် မျက်လုံးချင်းဆိုင် စကားပြောပြီးနောက် နီးယန်က မေးလိုက်သည်။"ရှင် ဘယ်လိုသိခဲ့တာလဲ?"

"အရင်နေ့က တောင်ပိုင်းအခြေစိုက်စခန်းကနေ မြောက်ပိုင်းအခြေစိုက်စခန်းကို ပြောင်းရွေ့နေတဲ့ လူတွေနဲ့ ဆုံခဲ့တယ်၊ သူတို့ ပြောခဲ့တာ"

ဆိုတော့ ဒါက မြောက်ပိုင်း သို့မဟုတ် တောင်ပိုင်းအခြေစိုက် စခန်းဖြစ်စေ လူအများကြီး ဒီအကြောင်းကို သိပြီးလောက်ပြီပေါ့။

အခုထိ မသိသေးတာဆိုလို့ သူတို့သာ။

နီးယန်က ခဏလောက်ချင့်ချိန်တွေးတောလိုက်ပြီး ခြံဝင်းထဲမှာ ပါကင်ထိုးထားတဲ့ ကောင်းကျွင့်ရှန်း ကားကို ကြည့်လိုက်ကာ ပြုံးလိုက်၏။" ဟုတ်ပြီလေ၊ ငါတို့လည်း မြောက်ပိုင်းအခြေစိုက်စခန်းကိုသွားမှာ "

ကောင်းကျွင့်ရှန်း က ချက်ချင်းပဲ ထရပ်လိုက်ကာ ပျော်ရွှင်စွာ ပြောလိုက်၏။"ကောင်းတာပေါ့၊ အတူသွားကြရအောင်လေ"

သူ ယနေ့ထိ အသက်ရှင်နေနိုင်သည်မှာ ကံကောင်းခြင်းကြောင့် ဖြစ်သည်ကို ကောင်းကျွင့်ရှန်း သိပါသည်။

ဒါပေမယ့် သူ့ရှေ့က လူတွေကတော့ ခြားနားပါ၏။သူတို့က သူတို့၏ ခွန်အားကြောင့် ယနေ့ထိတိုင် အသက်ရှင်နေနိုင်တာ ဖြစ်ရမည်။

သူတို့နဲ့သာ သွားမယ်ဆိုရင် အသက်ရှင်ဖို့အခွင့်အရေး ပိုများမည် ဖြစ်၏။

သူ့အကြည့်က အရပ်မြင့်မြင့်နှင့် သပ်သပ်ရပ်ရပ်ရှိသော နီးယန်နှင့် သန်မာထွားကြိုင်းသော ရှောင်ယွီကို ကြည့်ကာ သူတို့က ဒီအဖွဲ့ရဲ့ ခေါင်းဆောင်များဖြစ်သည်ဟု ကောက်ချက်ချလိုက်သည်။

ကျန်တဲ့ နှစ်ယောက်ကတော့ ...

နူးညံ့ဖြူဖွေးသောမိန်းကလေးက ဆိုဖာပေါ်တွင် ထိုင်နေ၏။သွယ်လျသော မျက်ခုံးများက တစ်ဝက်လောက် ညွှတ်ကျနေကာ သူမမျက်လုံးများက အမြဲတမ်း အစိုဓာတ် ပြည့်နေပုံရသည်။ထူထဲသော မျက်တောင်များ ဖုံးအုပ်ထားပြီး ခေါင်းအနည်းငယ် ငုံ့ထားကာ သနားချင့်စဖွယ် ပုံစံဖြင့် ရှိနေ၏။

သူမက ခွေးသေးသေးလေးတစ်ကောင်ကို ကိုင်ထားသည်။

တစ်ချက်ကြည့်ရုံဖြင့် သူမက ကြင်နာတတ်သူဆိုတာ သိနိုင်သည် ... အဟွတ် (ချောင်းဆိုးသံ)။

သူနဲ့ စကားပြောဖူးတဲ့သူက ဖြည်းဖြည်းချင်း လျှောက်သွားပြီး ခွေးပေါက်လေးကို ဖက်လိုက်ကာ မိန်းမငယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်၍ သူမအတွက် ခွေးမွှေးတွေကို တစ်ခုချင်း သန့်ရှင်းပေးနေသည် ။

အမျိုးသားက နူးညံ့သိမ်မွေ့ခြင်း၊ တင့်တယ်ခြင်းဖြင့် မွေးဖွားကြီးပြင်းခဲ့ပြီး ပထမ အကြည့်တစ်ချက်မှာတင် သူက နွေဦးလေပြေ ကဲ့သို့သော မြင့်မြတ်သော လေထုအား လူတွေကို ပေးစွမ်းနိုင်သည်။

ဒါပေမယ့် ကောင်းကျွင့်ရှန်းရဲ့ စိတ်က တခြားသူတွေထက် ပိုပြီး နူးညံ့သိမ်မွေ့တာကြောင့် အမျိုးသားဟာ တကယ်တော့ သူ့အရိုးအသွေးထဲမှာကို အလွန်တရာ ဥပေက္ခာပြုသူဖြစ်ကြောင်း သူမြင်နေနိုင်သည်။

မိန်းမငယ်လေးကို ကြည့်လိုက်တဲ့အချိန်မှသာ ရှားရှားပါးပါး ဖူးဖူးမှုတ် အလိုလိုက်မှုကို ပြလိမ့်မည်။

ဒီမိန်းမငယ်လေးက လှလှပပ မွေးဖွားကြီးပြင်းခဲ့တာကို သူပြောနိုင်ပါ၏။

နီးယန်လည်း လှပြီးသားဖြစ်ပါသည်။

သို့သော်ငြား မိန်းမငယ်လေးက ပို၍ သက်တောင့်သက်သာဖြစ်မှု၊ ပို၍ နူးညံ့မှု၊ ပို၍ နွေးထွေးမှု ကို ခံစားရစေ၏။

လူတွေက ရင်းနှီးလိုတဲ့ ခံစားချက် ထွက်ပေါ်လာရုံကလွဲပြီး မတက်နိုင်ကြပါ။

မင်းက သူမကို အချိန်တိုင်း ဆုပ်ကိုင်ထားပြီး မင်းရင်ခွင်ထဲတွင် ထည့်ထားဖို့သာ ဆန္ဒရှိနေလိမ့်မည်။

ကောင်းကျွင့်ရှန်း ဒီလိုတွေးနေတုန်း သူ့ရှေ့က အမျိုးသားကလည်း ဘောလုံးလိုမျိုး ဝတ်ထားတဲ့ မိန်းမငယ်လေးကို ကောက်ကိုင်လိုက်ကာ သူ့ပေါ်တွင် ထားလိုက်၏။

သူ့ပုံစံက အတော်လေး ပိန်ပါးပေမယ့် သူမကို သက်သက်သာသာလေး ကောက်ကိုင်လာသည်မှာ ထင်းရှားနေသည်။

ကောင်းကျွင့် ရှန်း တွေးမိလိုက်၏။ကောင်မလေးက ဝရုံပဲ ဝတာ (ဝရုံပဲ ၀ပြီး မလေး တာ) ဖြစ်နိုင်သည်။

စုရွမ်ရွမ်: ရှင်ပဲ ဝတာ ၊ ရှင်တို့ တစ်မိသားစုလုံးဝတာ !

အေးမြတဲ့ နေရောင်ကြား မိန်းမငယ်လေးက ခေါင်းနည်းနည်း မော့လိုက်ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အမျိုးသားကို စကားပြောနေပုံရ၏။

နေရောင် အစက်အပြောက်တွေက ပျံ့ကြဲဖြာ ကျနေသည်။

သူမပြသနေတဲ့ နူးညံ့မှု၊ ဖြူစင်သန့်ရှင်းမှု၊ မသိနားမလည်မှုတို့က ဒီကမ္ဘာပျက်ကပ်ကြီးနဲ့ မကိုက်ညီလှပါချေ။ သူမက ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ပြီး ကမ္ဘာပျက်ကပ်၏ အညစ်အကြေးများကြောင့် အမည်းစက် မစွန်းထင်းသည်မှာ သိသာလှပါ၏။

ဒါပေမယ့် ထိုဖြူစင်သန့်ရှင်းမှုက သူမကိုယ်ပိုင် (စိတ်ဝိဉာဉ်)ဆီမှ လာခြင်းဖြစ်သည်။

အရိုးများထဲမှကို ဖြာထွက်နေပုံရ၏။

ကမ္ဘာပျက်ကပ်က အဆုံးစွန်သော အနက်ရောင်ဆိုရင်၊ သူမကတော့ အဆုံးစွန်သော အဖြူရောင်ဖြစ်သည်။

အဲ့ဒီ မြူစိုင်းသော မျက်လုံးများ၏ အကြည့်တစ်ချက်သာလိုအပ်ပြီး ဟင်းလင်းပြင်ထဲသို့ လွတ်မြောက်သွားသကဲ့သို့ ခံစားရလိမ့်မည်။

အစိမ်းရောင် တောင်တန်းတွေ၊ နှစ်လို့ဖွယ်ကောင်းမှုနှင့် တိုက်စားတက်သော ပန်းရနံ့များက လူတွေရဲ့ ပူဆွေးသောက အားလုံးကို မေ့ပျောက်စေပြီး ခဏတာ ငြိမ်သက်အေးချမ်းမှု ကို ရစေ၏။

ကောင်းကျွင့်ရှန်း စုရွမ်ရွမ်ကို ကြည့်လိုက်၍ မတက်နိုင်စွာ အနည်းငယ် ရယ်စရာကောင်းသလိုဖြစ်မိ၏။

အသက်ကယ်ကြိုးတစ်မျှင်ကို တောင်းတနေတဲ့ ချောက်ကမ်းပါးပေါ်တွင် တွဲလောင်းကျနေသော လူလိုမျိုး။

ငရဲတွင်းနက်တွင်းနက်ကြီးထဲတွင် သူ့ရှေ့ရှိ အလင်းရောင်ကို လိုက်ဖမ်းနေတဲ့သူလိုမျိုး။

စုရွမ်ရွမ်ဘေးတွင် ထိုင်နေတဲ့ လုရှီမင်က ခွေးဆံပင်အနည်းငယ်ကို သူ့လက်ချောင်းများဖြင့် ကောက်ကိုင်လိုက်သည်။

နက်မှောင်သောမျက်လုံးများက နစ်မြုပ်နေ၏။

ခွေးပေါက်လေးက တအီအီ အသံပြုကာ ဆိုဖာ အောက်တွင် ပုန်းနေပြီး အမြှီးကို သာ ထုတ်ဖော်ထားတော့သည်။

"မင်းဆံပင်တွေ ထပ်ဖြန့်ချရဲရင် ရိတ်ပစ်မယ်" အမျိုးသားရဲ့ အသံက အလွန်ပင် နူးညံ့နေပြီး အကြောင်း မသိသူကတော့ အချစ်အကြောင်း ပြောနေတာလို့ ထင်ကြလိမ့်မည်။

သူ့မှာ အကောင်းဆုံးမျက်နှာရှိနေပြီး သူ့အမူအရာတောင်မှ အလွန်နူးညံ့နေတာကြောင့် ပင်။

စုရွမ်ရွမ်က မသိစိတ်အရ သူမဆံပင်ကိုကာကွယ်ဖို့ လက်ထုတ်လိုက်၏။

နောက်တော့ လုရှီမင်က သူမခေါင်းကို ထိလာ၏။

အမျိုးသားက နို့မဖြတ်ရသေးသော ခွေးပေါက်လေးအား အရှက်မဲ့စွာ ခြိမ်းခြောက်ကာ တုန်တုန်ယင်ယင်ဖြစ်နေသော မိန်းမငယ်လေးကို နှစ်သိမ့်ပေးပြီး ဘေးဘက်မှာရပ်နေတဲ့ ကောင်းကျွင့်ရှန်း ကို လှည့်ကြည့်လိုက်သည်။

စုရွမ်ရွမ်ကိုကြည့်နေတဲ့ ကောင်းကျွင့်ရှန်းရဲ့အမြင်ကို ပိတ်ဆို့လိုက်၏။

သူ့မျက်လုံးများ မှိတ်သွားကာ တစ်ကိုယ်လုံး အေးစက်သွားပေ၏။

ဒီထိတ်လန့်စရာ မြင်ကွင်းက ကောင်းကင်ဘုံမှ ငရဲသို့ ကျသွားတာနဲ့ မခြားနားလှပေ။

သူတို့အားလုံးက လူသားမျက်လုံးတွေဆိုတာ ထင်ရှားပါသည်။

အဘယ်ကြောင့် မျက်ဝန်းတစ်စုံက အရမ်းဖြူစင်သန့်ရှင်းနေပြီး၊ မျက်ဝန်းတစ်စုံက ဒီလိုဖြစ်နေရပါသနည်း။

ထိုလှပသော မက်မွန်ပွင့်မျက်ဝန်းများမှ သိသိသာသာ လျှံထွက်နေသော ပြင်းထန်သော ခံစား ချက်များသည် သူ့ အရေပြားအား ထိုးဖောက်လျက် သူ့လည်ချောင်းအား စူးရှစွာ ထိုးဖောက်သွားနိုင်သည်။

ထုံစုံတွဲက ဆိုဖာပေါ်တွင် အတူ ထိုင်နေကြပြီး ကောင်းကင်ဘုံ နှင့် ငရဲခွဲခြားလျက် ရှိနေသလိုပင်။

သို့သော်လည်း ထိုနှစ်ယောက်၏ ပင်ကိုစရိုက်မှာ ထူးထူးခြားခြား ပင် ထူးကဲစွာ ပေါင်းဆုံလို့နေကြ၏။

နေ့နဲ့ည တည်ရှိမှု အလား။

မရှိမဖြစ်လိုမျိုး။

"ကောင်းပြီ"

နီးယန်က အပြုံးတစ်ခုနဲ့အတူ တုံ့ပြန်ဖြေကြားလာ၏။

စုရွမ်ရွမ်က လုရှီမင်ကို တိတ်တိတ်လေး ပြောလိုက်သည်။"သူမက ကားကိုပဲ သုံးချင်တာနေမှာ "

နီးယန် : အဲ့ သောက်စကားတွေကို ငါကြားနေရတယ်။

ကောင်းကျွင့်ရှန်း က နှဖူးပေါ်က ချွေးအေးများနှင့်အတူ ချက်ချင်း သတိပြန်လည်လာခဲ့သည်။သူက အင်တင်တင်ဖြင့် သူ့အတွေးကို ပြန်ရုပ်သိမ်းလိုက်ပြီး အဘွားကို ကြည့်လိုက်သည်။"အဘွား၊ ကျွန်တော်တို့ အတူသွားကြရအောင်လေနော်၊အဆင်ပြေမလား?"

အဘွားက ထိုင်နေရင်းဖြင့် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ကာ ပြုံးမြဲအတိုင်း ပြုံးနေ၏။"ငါကအိုနေပါပြီ၊ တစ်ယောက်တည်း ဆိုတော့ ဘယ်သွားသွား အတူတူပါပဲ၊ ဒီအဘွားအိုကြီးကို ၀န်ထုတ်ဝန်ပိုးလို့ မထင်သ၍ပေါ့"

"မဟုတ်ဘူး၊အဘွား "

ကောင်းကျွင့်ရှန်းက စိုးရိမ်ကြောင့်ကြစွာ ခေါင်းခါလိုက်ပြီး အကူအညီရရန် နီးယန်ကို ကြည့်လိုက်သည်။

နီးယန်က သဘောမတူမှာကို ကြောက်နေပုံရ၏။

သူဆုံးဖြတ်ပြီးပြီ။ နီးယန်က သူ့ကို အဘွားကို ခေါ်သွားဖို့ ခွင့်မပြုရင် သူလည်း မသွားတော့ဘူး။

ကောင်းကျွင့်ရှန်းက အတော်လေး ကြင်နာတက်လိမ့်မယ်လို့ နီးယန် မမျှော်လင့်ထားပေ။ထို့ကြောင့် သူမ ခေါင်းညိတ်လိုက်ပြီး အဘွားကို ပြောလိုက်သည်။"အခန်းထဲမှာ လမ်းလျှောက် တုတ်တစ်ချောင်းရှိတယ်ဆိုတာ မှတ်မိပြီ၊ အဲ့ဒါက အဘွားနဲ့ သင့်တော်တယ်၊ လမ်းက ခလုတ်ကန်သင်းတွေ ရှိတော့ ကျေးဇူးပြုပြီး သည်းခံပေးပါအုံး"

ကောင်းကျွင့်ရှန်း က ချက်ချင်းပဲ ကျေးဇူးတင်မှုကို ဖော်ပြလာ၏။

ဒီလူတွေက လူကောင်းတွေပဲ။

သူက စိတ်လှုပ်ရှားစွာ ကျေးဇူးတင်လိုက်ပြီးတော့ ခေါင်းငုံ့လိုက်၍ လုရှီမင်ကို စိုးထိတ်စွာ ကြည့်လိုက်သည်၊၊

အထက်တန်း ဇာတိ လိုမျိုး တင့်တယ်တဲ့ ဒီလူက ရုပ်ရည်ကြည့် အကောင်းဆုံး ဖြစ်သင့်ပေမယ့် ဘာကြောင့်မှန်းမသိ အန္တရာယ်ရှိသော ခံစားချက်ကို အမြဲ ခံစားနေရသည်။

သူ့ပုံစံက သိသိသာသာကို ... အားနည်းနေတာကို ။

သူ့ (ကောင်းကျွင့်ရှန်း) ကို တောင် ရိုက်နိုင်မယ့်ပုံ မပေါ်ပါဘူး။

🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️

သူတို့ မထွက်ခွာမီ သူတို့အားလုံးဟာ ဗီလာထဲရှိ ရှာလို့ရနိုင်သမျှ ပစ္စည်းတိုင်းကို ရှာဖွေခဲ့ကြသည်။

စုရွမ်ရွမ်က ခွေးပေါက်လေးဖြင့် လှည့်ပတ်သွားနေ၏။

ရုတ်တရက် စုရွမ်ရွမ် နှင့် အတူ ခွေးပေါက်လေးက ဒုန်းစိုင်းပြေးသွား၏။

ထိုနေရာက စုရွမ်ရွမ်နဲ့ လုရှီမင်တို့ နေခဲ့တဲ့ အခန်းဖြစ်ပြီး ဗီရိုဆီသို့ အရှိန်ပြင်းစွာ ရိုက်ခက်သွားသည်။

စုရွမ်ရွမ်က စူးစမ်းလိုမှုဖြင့် အထဲကို ကြည့်လိုက်၏။

အထဲမှာ ဘာရတနာတွေများ ဝှက်ထားလဲ?

နီးယန်ဆီမှ သင်ယူထားသည့်အတိုင်း တံခါးကို ခေါက်လိုက်သည်။

အထဲမှာ အလွတ်ဖြစ်နေလား၊ ဖြစ်မနေဘူးလားဆိုတာ သူမ မပြောနိုင်ပေ။

အဆုံးမှာတော့ ခွေးပေါက်လေးက ကြံ ခြေထောက် လေးချောင်းဖြင့် ကျောက်ဖရုံသီး ခန္ဓာကိုယ်ကို ထောက်ကန် ကာ သူ့ရဲ့ နူးညံ့တဲ့ စည်ပိုင်း လိုခန္ဓာကိုယ်ကို အမှီပြုပြီး ဗီရိုအောက်မှ တစ်ခုခုကို ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်သည်။

၎င်းက မှတ်စုစာအုပ်တစ်အုပ်ပင်။

ထိုပေါ်တွင် ကုတ်နံပါတ် တစ်ခုလည်း ရှိနေ၏။

စုရွမ်ရွမ် ကြိုးစားကြည့်လိုက်သည်။

မှားသွား၏။

သူမထပ်ကြိုးစားကြည့်ပေမယ့် မှားနေဆဲပင်။

ထားလိုက်တော့၊ မလုပ်တော့ဘူး။

စုရွမ်ရွမ်သည် မှတ်စုစာအုပ်ကို လွယ်အိတ်လေးထဲ ထိုးထည့်လိုက်ပြီး ခွေးပေါက်လေးကို ဦးဆောင်ကာ အပြင်ထွက်သွားတော့သည်။

ကောင်းကျွင့်ရှန်းရဲ့ ကားက ကားမောင်းသူထိုင်ခုံအပါအဝင် ထိုင်ခုံ ငါးခုရှိသည်။

ယခု သူတို့မှာ လူကြီး ခြောက်ယောက်၊ ကလေးတစ်ယောက်နှင့် ခွေးနှစ်ကောင် ရှိနေ၏။

ဇွန်ဘီ ခွေးကို နောက်ဘက်ကန့်ထဲတွင် ထား, ထားသည်။

နီးယန်က ခွေးပေါက်လေးကို ဖက်ထားလိုက်၏။

ရှောင်ယွီကတော့ ဘေဘီ ရှောင်ကို ဖက်ထားသည်။

လုရှီမင်က စုရွမ်ရွမ်ကို သူ့ပေါ်တွင် သယ်ထားလိုက်၏။

အဘွားက ယာဉ်မောင်းသူ ဘေးထိုင်ခုံတွင် ထိုင်ပြီး ကောင်းကျွင့်ရှန်း ကတော့ ကားမောင်းရန် တာဝန်ယူထားသည်။

ကောင်းကျွင့်ရှန်းရဲ့ ကားမောင်း ကျွမ်းကျင်မှုက နီးယန်လောက် မကောင်းပေမယ့် သူလည်း ဆိုးတော့ မဆိုးပေ။

အရေးအကြီးဆုံးအချက်မှာ သူတို့တွင် ယခု ကားမောင်းနိုင်သူ သုံးယောက်ရှိနေပြီး နီးယန်နဲ့ ရှောင်ယွီတို့လည်း အနားယူနိုင်နေသည်။

"အိုး ငါ့မှာ အဖျားနည်းနည်း ရှိနေတာလားမသိဘူး"

နီးယန်က လက်ဆန့် ထုတ်ကာ နူးညံ့ ထိခိုက်လွယ်သော သူမနဖူးကို ပွတ်သပ်လိုက်ပြီး သတိမထားမိစွာ ရှောင်ယွီရဲ့ ကြီးမားတုတ်ခိုင်သော လက်မောင်းကို ကြည့်လိုက်သည်။

အိုး၊ ဒီတုတ်ခိုင်တဲ့ လက်မောင်းကို ကြည့်ပါအုံး။

ခွေးပေါက်လေးက "ဝုတ် "ဟုအော်ကာ သူ့ရဲ့ ကြံ ခြေထောက်ကို ထုတ်ပြလာ၍ နီးယန် သူ့ကို ရိုက်ချလိုက်၏။

ရှောင်ယွီ ပေါ်မှာထိုင်နေတဲ့ ဘေဘီရှောင်က ထုံထုံထိုင်းထိုင်းအမူအရာဖြင့် ကြက်ခြေထောက် သနပ်ကို ဆက်လက် ကိုက်ဝါးနေ၏။

ရှောင်ယွီက ဘေဘီ ရှောင်ကို လက်တစ်ဖက်ဖြင့် ထိန်း ကိုင်ထားပြီး တခြားလက်တစ်ဖက်ဖြင့် သူ့အိတ်ထဲက တစ်ခုခုကို နှိုက်ထုတ်ကာ ဆိုလာ၏။"ငါ့မှာ အဖျားပျောက်ဆေး ရှိတယ်။"

နီးယန် ပြောချင်တာက ဘာအဖျားပျောက်ဆေးလဲ၊ ကျွန်မက ရှင့်ကို လိုချင်တာ ဟူ၍။

သို့သော်လည်း အမျိုးသမီးတစ်ယောက် ဖြစ်သည့်အတွက် သူမက ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိသင့်သည်ဟု နီးယန် ခံစားရသည်။

"အဆင်ပြေပါတယ်၊ ကျွန်မခုခံနိုင်ပါတယ်"

"နီးယန်က အရမ်းကျန်းမာ ဖျက်လတ် တာ"စုရွမ်ရွမ် စကားပြောပြီးနောက် လုရှီမင်ကလည်း ပျင်း တွဲစွာ ပြောလိုက်သည်။"သူမက ကားမောင်း ပြိုင်နေကျလို့ ကိုယ်ကြားမိတယ်"

နီးယန်သည် အားနည်းတဲ့ စုံတွဲကို စူးစူးဝါးဝါး လိုက်ပြီး သူမပါးစပ် ဖွင့်လိုက်ပေမယ့် ဘာသတိပေးစကားမှ ထွက်မလာပေ။"နင်တို့ စကားမပြောလည်း ဘယ်သူ့မှ နင်တို့ကို ဆွံ့အ နေတယ်လို့ သဘောမထားဘူး "

စုရွမ်ရွမ်က စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။"ကြက်သားစားချင်လား?"

နီးယန် : ...

နီးယန်လည်း တိုက်စစ်ဘက်ကို ပြောင်းလိုက်ပြီး လုရှီမင်ဘက်ကို လှည့်လိုက်၏။

"လုရှီမင်၊ နင်လည်းပဲ ကားဘယ်မောင်းရမလဲ သင်သင့်တယ်။

လုရှီမင်က စုရွမ်ရွမ်ကို လက်တစ်ဖက်ဖြင့်ဖက်ထားပြီး ကားပြတင်းပေါက်ကို မှီထားသည်။

နီးယန်ရဲ့စကားကို ကြားတော့ အမျိုးသားက ရုတ်ခြည်း မျက်လွှာချလိုက်ကာ ကြည်လင်သော အသံဖြင့် ပြောလာသည်။"ကျွန်တော် မလုပ်နိုင်ဘူး"

ယောက်ျားစစ်စစ်တွေက မလုပ်နိုင်ဘူးဆိုတဲ့ စကားမပြောဘူး!

စုရွမ်ရွမ်က သူမရဲ့ တည်ရှိမှုကို အခိုင်အမာ ဖော်ပြလာသည်။"ကားဘယ်လိုမောင်းရမလဲ ကျွန်မသိတယ် !"

နီးယန် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင် ကတည်းက စုရွမ်ရွမ်ရဲ့ အကြံပြုချက်ကို လိမ္မာပါးနပ်စွာ ငြင်းဆိုလိုက်သည်။

"ငါ အခုထိ မသေချင်သေးဘူး"

ဒါက အရမ်းများ တိုက်ရိုက်ဆန်သွားလား?ဒါပေမယ့် သူမ မသေချင်သေးဘူးလေ။

သူတို့အားလုံး သူမရဲ့ ပင်ကို စွမ်းရည်ကို မနာလိုဖြစ်နေသည်အား တွေးမိကာ စုရွမ်ရွမ် သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်တော့၏။

ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ရတာ အရမ်းအထီးကျန်တာပဲ။

စုရွမ်ရွမ်သည် လက်တစ်ဖက်ဖြင့် သူမပါးအား ထောက်ကာ အပြင်ဘက်မှမြင်ကွင်းအား ငေးကြည့်နေလိုက်တော့၏။

သိပ်သည်းသောနှင်းများ အဆက်မပြက် ကျဆင်းနေပြီး လမ်းပေါ်တွင် နှင်းအပုံလိုက် သာမက ထူထဲသော ရေခဲလွှာ တစ်ခုပါရှိနေလေသည်။

ကောင်းကျွင့်ရှန်းရဲ့ကားက တီကောင်လို တွန့်လိမ်ကောက်ကွေ့သွားနေကာ ခဏလောက် မောင်းနင်နေသေးပြီး တစ်ယောက်ယောက်က ကားပေါ်မှဆင်းကာ နှင်းတွေ ဖယ်ပြီး လမ်းရှင်းဖို့ လိုအပ်နေပေသည်။

နောက်ဆုံးတော့ ရိုးရှင်းစွာပဲ အားလုံး ကားပေါ်က ဆင်းလိုက်ကြတော့သည်။

ကောင်းကျွင့်ရှန်းသာလျှင် ကားပေါ်တွင် တစ်ယောက်တည်း ထိုင်နေပြီး ရှေ့က နှင်းတွေ နည်းလောက် ကော်ပြီးတဲ့အခါ ရှေ့သို့ နည်းနည်းလောက် တိုးမောင်းနေ၏။

ကားက မကျေမနပ်ဖြင့် "pupu " ဟူသော မြည်သံများ ထွက်ပေါ်နေသည်။

" အရမ်းနှေးလွန်းတယ်၊ တစ်ခုခုသာရှိရင် ချက်ချင်း ကော်ထုတ်ပစ်နိုင်ပြီ" နီးယန်က မတ်မတ်ရပ်ကာ အဆုံးမဲ့နှင်းတွေကို ကြည့်ပြီး ညည်းညူလိုက်၏။

နှမြောစရာပဲ။ သူမစွမ်းရည်က နှင်းကို ဖယ်ထုတ်ဖို့ အသုံးမဝင်ဘူး။

နှင်းတွေက ပျောက်ကွယ်မသွားပဲ ကောင်းကင်မှ ထပ်၍ ထပ်၍ပင် ကျဆင်းလာလေ၏။

နှင်းက အရမ်းထူလွန်းသောကြောင့် ဇွန်ဘီတွေတောင်မှ ပျောက်ကွယ်ကုန်သည်။

စုရွမ်ရွမ်က အဘွားအိုနှင့်အတူ နှင်းလူသား ဘေးတွင် ဆောင့်ကြောင့်ထိုင်နေ၏။

နှင်းလူသားပေါ်တွင် အရင်ဆုံး ဦးထုတ်တစ်လုံး ထားလိုက်ကာ နောက်တော့ မျက်လုံးနှစ်ဖက်တပ်လိုက်သည်။

ဝိုး ကြည့်ပါအုံး၊ သူမရဲ့ ကျွမ်းကျင်တဲ့ လက်ရာကို ကြည့်ပါအုံး!

"ရွမ်ရွမ်၊ ကစားမနေနဲ့။မင်းလက်တွေ အေးခဲသွားလိမ့်မယ်၊ ဂရုစိုက် "

လုရှီမင်က လူကို ကောက်မလိုက်သည်။

ကောင်းကျွင့်ရှန်းလည်း ကားမောင်းလို့မရသေးဘူးဟု ခံစားရတာကြောင့် နှင်း အတူတူ ကော်ထုတ်ရန် ကားပေါ်မှ ဆင်းလာခဲ့သည်။

ဒီမြင်ကွင်းကို ကြည့်ပြီး သူက ချက်ချင်းပဲ မနာလိုစွာ ပြောလိုက်သည်။"မင်းတို့ ဆက်ဆံရေးက တကယ်ကောင်းတာပဲ" ခဏ ရပ်တန့်ပြီးနောက် သူက ထပ်ပြောလာသည်။"ကျွန်တော့်ကောင်မလေးကလည်း အရမ်းချစ်ဖို့ကောင်းတယ်"

လုရှီမင်သည် ကောင်းကျွင့်ရှန်း၏ မျက်လုံးများကိုကြည့်ကာ ရုတ်တရက် မဲမှောင်သွား၏။

ကောင်းကျွင့် ရှန်းသည် သူ့ဆံပင်များ ထောင်သွားပြီး၊ သူဦးရေခွံ ထုံကျင်သွားတာကို အလိုလို ခံစားမိလိုက်သည်။

သူ သူဘာမှားပြောမိလို့လဲ?

ဒီနေ့ခေတ် လူတွေက အသက်အန္တရာယ် ခြိမ်းခြောက်မှု ကို တောင် ခံနိုင်ရည်ရှိရမည်လား?

ရုတ်တရက် နှင်းလူသားကြီးက စတင်ပြီး လှုပ်ခါလာသည်။

စုရွမ်ရွမ်က လျှင်မြန်စွာပဲ ပြေးသွားလိုက်ပြီး နှင်း လူသားရဲ့ခေါင်းကို ထိန်းထားလိုက်သည်။

နှင်း လူသားက ပြင်းပြင်းထန်ထန် ရုန်းကန်နေ၍ စုရွမ်ရွမ် ကြိုးကြိုးစားစား ဖိချထားကာ အကူအညီ တောင်းလိုက်၏။"ဒါက ပြေးတော့မယ်!"

အဘွားအိုက လမ်းလျှောက်ထုတ်ကို ကိုင်ကာ နှင်းလူသားကို ရိုက်ချလိုက်၏။

နှင်းလူသားက ခဏလောက် ငြိမ်သက်သွားပြီးနောက်တော့ ရူးသွပ်စွာ ရုန်းကန်တော့သည်။

အဘွားနှင့် စုရွမ်ရွမ်က ဆောင့်ကြောင့် ထိုင်ပြီး နှင်းလူသားနဲ့ ကစားနေတုန်း နီးယန်ရောက်လာ၏။"မကစားနဲ့တော့၊နှင်း ဝိုင်းကော်ထုတ်! "

သူမက သူမလက်ထဲက ပုံးကို စုရွမ်ရွမ်ကို ပေးလိုက်သည်။

"အိုး"

စုရွမ်ရွမ်က ပုံးကို သနားစဖွယ်လေးကိုင်ထားပြီး နောက်တော့ ပုံးကို နှင်းလူသားခေါင်းပေါ်တင်ပေးလိုက်သည်။

အရမ်းအေးနေတာဖြစ်ရမယ်၊ ဒါကြောင့် ရွှေ့ချင်နေတာ။

မမျှော်လင့်ထားစွာ ပုံးလဲ နေရာချပြီ ရော နှင်း လူသားက ခုန်ထွက်လာ၏။

ထိုကိုယ်ပေါ်တင်နေတဲ့ နှင်းတွေက တဖွဲဖွဲ ပြုတ်ကျသွားပြီး ဟောင်းနွမ်းနေတဲ့ အဝတ်စားထွက်ပေါ်လာသည်။

၎င်းရဲ့ ခေါင်းက ပေပါ ပေါက်ထဲ ထိုးဝင်လျက် ရှိနေ၏။

သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဗလုံးဗထွေး အသံများ ပျံ့နှံ့လာသည်။

အိုး ၊ အဲ့ဒါ ဇွန်ဘီပဲ။

စုရွမ်ရွမ်က ချက်ချင်းပဲ ရှင်တို့ အရင်ပြေး၊ ကျွန်မ အဲ့ဒါကိုတားထားမယ်! ဟု ပြောလိုက်၏။

ထို့နောက် ချက်ချင်းပင် နှင်းထဲ လဲကျသွားတော့သည်။ ဆွဲထုတ်ဖို့လိုအပ်သောပုံစံမျိုး ဖြစ်၏။

"အဲ့ဒါ ဇွန်ဘီပဲ၊ အားလုံး ကားထဲဝင်ကြ !"

ထူထဲ ကျယ်ပြန့်သော နှင်းပြင်တစ်လျှောက် များစွာသော ဇွန်ဘီ ခေါင်းတွေ ပေါ်ထွက်လာတာ သူတို့ မြင်လိုက်ရသည်။

သူတို့အစားအစာအတွက် တစ်မီတာထက် နက်သောနှင်းထဲမှ ခက်ခက်ခဲခဲ လှုပ်ရှားနေကြ၏။

သူတို့သည် ဟောင်းနွမ်းစုတ်ပြတ်နေပြီး မျက်လုံးများထှိုင်းမှိုင်းနေကြသည်။ဒီလိုအေးခဲလှသော ဆောင်းရာသီတွင်ပင် ဇွဲမလျှော့ကြ။အပိုင်း ရာနှင့်ချီပြီးသော်လည်း သိုးကိုမစားသေးသည့် မီးခိုးရောင် ဝံပုလွေ၏ ကြိုးစားအားထုတ်မှုစိတ်ဓာတ်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ သင်ယူထိုက်ပေ၏!

"ကျွန်မ ခွေး!"

စုရွမ်ရွမ်က စိတ်လှုပ်ရှားစွာဖြင့် ကားတံခါးကိုဖွင့်ကာ သူမခွေးကို ထွက်ရှာတော့သည်။

" အရူးမ၊ ပြန်လာခဲ့စမ်း!"

နီးယန်က အော်ပြောလိုက်၏။

စုရွမ်ရွမ် အသံကြားတဲ့ ဇွန်ဘီခွေးက နှင်းတောထဲမှာ ခုန်ထွက်လာပြီး သူ့ပါးစပ်တွင် သူ့သားအား ကိုက် ချီ ထားကာ ချက်ချင်းပြန်ရောက်လာသည်။

စုရွမ်ရွမ်က လက်ဆန့်ထုတ်ကာ ဇွန်ဘီ ခွေးရဲ့ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး နောက်တော့ သူမနောက်ပြန်ပြုတ်ကျသွားတော့သည်။

စုရွမ်ရွမ်: ???

ဇွန်ဘီတွေက လက်တစ်ကမ်းစာ နီးကပ်လာပြီး နီးယန်က လည်း သူတို့ကို ပစ်ဖို့ အသင့်ဖြစ်နေသည်။

ဒါပေမယ့် နှင်းက အရမ်းထူတာကြောင့် သူတို့မှာကား ထဲတွင် ပိတ်မိနေပြီး လုံးဝ မရွေ့နိုင်ကြပေ။

ယခုတွက်ကြည့်ရသော် ဇွန်ဘီခွေးနှင့် ဟိုဟိုသည် သည် ခုန်ပေါက်နေတဲ့ စုရွမ်ရွမ်က တကယ့်ကို အလားအလာ အကောင်းဆုံး ဖြစ်နေတာ ပါလား?

စုရွမ်ရွမ်က ဇွန်ဘီ ခွေးကို စီးနင်းကာ သူမက အားတက်သရော နှင့် ရူးပေါပေါ အော်ဟစ်နေသည်။

ဇွန်ဘီ ခွေးက ပိုပိုကြီးလာကာ နှင်းတောထဲတွင် လှပသော နေ့ရက်ကို ခံစားရန် စုရွမ်ရွမ်ကို ခေါ်ဆောင်သွားလေ၏။

သူခုန်လိုက်တဲ့အခါ အရမ်းကို မြင့်တက်သွားသည်။

ဇွန်ဘီ ခွေးရဲ့ ခေါင်းပေါ်တက်နင်းကာ ဟမ်းစတား တစ်ကောင်လိုမျိုး ထုရိုက်နေလေ၏။

"အား ~အား ~ ဝိုး ~ "

စုရွမ်ရွမ်: ငါ့ IQ နဲ့ ငါ လောင်းရဲတယ်။

ဒီတစ်ခေါက် ငါသေလိမ့်မယ်!

သူမ အာရုံပြန်ရလာသောအခါ သူမနောက်တွင် ဇွန်ဘီ များရှိနေကြောင်း ရုတ်ခြည်း တွေ့လိုက်ရသည်။

အိုး၊ သူမရဲ့ ချစ်လှစွာသော ကောင်လေးတွေ။

စုရွမ်ရွမ်ရဲ့ ချစ်လှစွာသော ချစ်စရာလေးတွေက စည်သွပ် ငါးသေတ္တာလိုမျိုး၊ ဝန်ပင့်ယာဉ် လိုမျိုး အတူတကွ ဖျစ်ညှစ်ကာ သူတို့သွားတဲ့လမ်းတစ်လျှောက် နှင်းတွေကို ကော်ထုတ်သွားကြသည်။

ဇွန်ဘီခွေးက ရုတ်တရက် အရှိန် မြန်လာခဲ့၏။

ပြေးဖို့ပြင်နေတဲ့ အစားအစာကို မြင်တော့ သူတို့နောက် က ဇွန်ဘီ များလည်း အရှိန်တင်လာကြသည်။

ဤသည်က ခံနိုင်ရည်ရှိမှု၏ ယှဉ်ပြိုင်ပွဲဖြစ်၏။

ဇွန်ဘီခွေးက ပို၍ပို၍ ဝေးလံစွာ ပြေးလေပြီး ဇွန်ဘီ အုပ်က ပို၍ပို၍ ဝေးလံစွာ နောက်မှလိုက်လေသည်။

အားလုံးမှာ သူ့တို့ ခန္ဓာကိုယ်ကို အသုံးပြုပြီး လှမ်းကို ရှင်းလင်းနေတဲ့ ဇွန်ဘီတွေကို ဗလာဖြစ်စွာ ကြည့်နေကြပြီး သူတို့ မျက်လုံးထဲတွင် ရှောခ့်ရမှုများ ထင်ဟပ်နေ၏။"သူမ၊ သူမက ဇွန်ဘီတွေကို သွေးဆောင်ဖို့ သူမကိုယ်သူမ အသုံးပြုနေတာလား?" ကောင်းကျွင့်ရှန်းမျက်လုံးထဲတွင် မျက်ရည်များလည်လာရ၏။

ကိုယ်ကျိုးမငဲ့ အနစ်နာခံတဲ့ စိတ်ဓာတ်ပဲ !

နီးယန်မျက်နှာသေဖြင့် ပြောလိုက်သည်။:"အများကြီး တွေးမနေနဲ့၊ သူမက ငတုံးပဲ "

ကောင်းကျွင့်ရှန်း : ...

"ကားမောင်းထွက်ရအောင်" ကား ပြတင်းပေါက်နားတွင် ထိုင်ကာ ကျောပိုးအိတ်နဲ့ ကစားနေတဲ့ အမျိုးသားက သူ့လက်ထဲက ပုဆိန်ကို ဖြည်းညင်းစွာ ဖြေလျော့လိုက်သည်။

ကောင်းကျွင့်ရှန်းက ကားစတင်မောင်းထွက်လိုက်၏။

လမ်းရဲ့ အရှေ့တော်တော်ဝေးဝေးမှာ ဇွန်ဘီအုပ်ကြောင့် ရှင်းလင်းနေပြီဖြစ်သည်။

ကောင်းကျွင့်ရှန်းရဲ့ ကားအလျှင်သည် ဇွန်ဘီ အုပ်၏ လမ်းရှင်း နှုန်းကို အမှီ မလိုက်နိုင်သည်အား နီးယန် သဘောမတွေ့ပါချေ။

သူတို့ ဘယ်လောက်ကြာကြာ မောင်းခဲ့ရလဲ မသိ၊ သူတို့ရှေ့တွင် လမ်းခွဲ ဆယ်ခုရှိနေသည်။

စုရွမ်ရွမ်သည် ဇွန်ဘီများကို ဖယ်ရှားပြီးသွားသောအခါ အကောင်းတိုင်းရှိနေတဲ့ သူမရဲ့ လက်တွေနဲ့ ခြေထောက်တွေကို ကြည့်လိုက်ပြီး ဘာကြောင့်မှန်းမသိသူမ အိုင်ကျူ စော်ကားခံနေရသလို ခံစားနေရ၏။

သူမ IQ ကို နောက်ဘယ်တော့မှ မကျိန်ဆဲတော့ဘူး။

မတော်တဆ သူမ ငတုံး ဖြစ်လာမှဖြင့်။

ဇွန်ဘီခွေးက ပင်ပန်းနွမ်းနယ်လာပြီး ပုံမှန်အရွယ်အစား ဖြစ်လာသည်။

နီးယန်သည် "ငါတော့ ဒီလို ထိုးနှက်ချက်မျိုးကို သည်းမခံနိုင်တော့ဘူး" ဟူသော အမူအရာဖြင့် ဇွန်ဘီခွေးပေါ်ရှိနေတဲ့ စုရွမ်ရွမ်ကို နောက်ပြန် တွန်းကာ လုရှီမင်ဆီ ထိုးထည့်လိုက်သည်။

စုရွမ်ရွမ်က လုရှီမင် ရင်ခွင်ထဲတွင် ကွေးကွေးလေး ရှိနေပြီး သုံးမိလောက်ကြာတော့ ဟောက်သံ ထွက်လာ၍ ကြောက်မက်ဖွယ်ကောင်းစွာ လေးမိနစ်၏ ပထမ စက္ကန့်တွင် အိပ်မောကျသွားလေတော့သည်။

လုရှီမင်က စုရွမ်ရွမ်ကို ဦးထုတ်ဖြင့် ဖုံးအုပ်ထားလိုက်သည်။

သူက လေကြောင့် အနီရောင်သန်းနေသည့် သူမမျက်နှာလေးကို ဖျစ်ညှစ်လိုက်သည်။

မိန်းမငယ်လေးက သက်တောင့် သက်သာ မရှိသဖြင့် တအီအီ အသံထွက်နေပြီး မသိစိတ်အရ ကျင့်သားရစွာ သူ့ရင်ခွင်ထဲ တိုးဝင်လာ၏။

အေးစက်သောနှင်းများနှင့် ခြားနားစွာ အမျိုးသားတစ်ယောက်ရဲ့ ရင်းနှီးသော ရနံ့လေး ရှိနေသည်။

သူ့ရင်ခွင်ထဲမှာ ကွေးကွေးလေးရှိနေတဲ့ မိန်းမငယ်လေးကို ကြည့်ကာ အမျိုးသား၏နှုတ်ခမ်းများ သတိမထားမိစွာ အနည်းငယ် ကော့တက်သွား၏။

"ရှေ့မှာ တခုခုရှိနေပုံရတယ်"

ရှောင်ယွီက စစ်သုံးမှန်ဘီလူးကိုယူပြီး ကားပြတင်းအပြင်ဘက် လမ်းကိုကြည့်လိုက်သည်။"လမ်း အတားအဆီးတစ်ခုပဲ၊ အဲ့ပေါ်မှာ သင်္ကေတ တစ်ခုလည်း ချိတ်ထားတယ်၊အခြေစိုက်စခန်းတစ်ခု ရှိပုံပဲ"

"ဒီနားမှာ အခြေစိုက်စခန်းရှိတာလား?"

နီးယန်က ကားဆက်မောင်းဖို့ အသံတိုးတိုးနှင့် ပြောလိုက်သည်။

ယခုတွင် အေးခဲနေပြီး နှင်းများလည်း ကျဆင်းနေ၏။သူတို့မှာ အမှန်တကယ်ကို အခြေစိုက်စခန်းတစ်ခု လိုအပ်နေသည်။

သို့သော်လည်း ဒီအခြေစိုက်စခန်းက သူတို့ မျှော်လင့်ထားသည်နှင့် အနည်းငယ်ကွာခြားပေ၏။

🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️

အခြေစိုက်စခန်းက သေးငယ်တဲ့နေတဲ့ နေရာတစ်ခုဖြစ်ပြီး၊ သေးငယ်တဲ့အရွယ်အစားမျှသာ ရှိသည်။

စီမံအုပ်ချုပ်မှုကလည်း အနည်းငယ် လျော့တိလျော့ရဲဖြစ်နေ၏။သာမန်လူတွေမို့လို့ ဖြစ်နိုင်ပါသည်။

"ငါတို့က လူကောင်းတွေပါ"

ရှောင်ယွီရဲ့ မျက်နှာက ကားပြတင်းပေါက်မှ ထွက်ပေါ်လာသည်။

အခြေစိုက်စခန်းဝင်ပေါက်ကလူတွေက နိုးနိုးကြားကြားဖြင့် ချက်ချင်းပဲ သူတို့သေနတ်တွေကို မြှောက်လိုက်ကြသည်။

နီးယန်က မှုန်ရီ မှုန်ဝါးပုံစံနဲ့ နိုးနေပြီဖြစ်တဲ့ စုရွမ်ရွမ်ကိုဆွဲခေါ်ကာ ကားပြတင်းပေါက်ပေါ်တွင် သူမမျက်နှာကို ဖိလိုက်၏။

သူမ မျက်နှာကို သုံးမယ်!

မိန်းမငယ်လေးရဲ့ နူးညံ့ သွယ်လျသောပုံရိပ်လေးက ကားပြတင်းပေါက်ကို မှီကာ ပါးစပ်ကိုဖုံးအုပ်၍ သမ်းဝေ လိုက်သည်။

ပါးလွှာသော မြူခိုးလွှာ တစ်ထပ်က ထိုမျက်လုံးများထဲ ရစ်သိုင်းလာ၏။

ပင်လယ်ရေမှော်လိုမျိုး အနက်ရောင်ဆံပင်တွေက နီရဲရဲပါးပေါ်တွင် ကျဆင်းလျက် နူးညံ့သိမ်မွေ့မှု ကို ပေါ်လွင်စေသည်။

နီးယန်က စုရွမ်ရွမ်ရဲ့နူးညံ့သော မျက်နှာကို ကြည့်လိုက်ပြီး တိတ်တဆိတ် တံတွေးမျိုချလိုက်သည်။

ဘာကြောင့် ဒီအမျိုးသမီးက ပိုပိုပြီး လှလာတယ်လို့ ထင်နေရတာလဲ?

တစ်ချက်ကြည့်လိုက်ရုံဖြင့် အံ့အားသင့်စေသည်ကို ကျင့်သားရနေပမယ့် ယခုတွင်လည်း လူတွေအား စွဲလမ်းစေနိုင်သေးပေ၏။

နီးယန်ရဲ့ မျက်လုံးထဲတွင် နတ်သမီး အဖြစ်မှ မင်စာလေးအဖြစ် ကူးပြောင်းသွားခဲ့၍လား သို့မဟုတ် တိုင်းပြည်နှင့် လူမျိုးကို ဘေးဥပဒ်ဖြစ်စေနိုင်သည့် စုရွမ်ရွမ်က သမ်းဝေနေရင်း အပြင်ဘက်က လူကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက်၍လား တော့ မသိ။

ထိုလူများမှာ ပါးစပ်ဟောင်းလောင်းဖွင့်ထားကြလျက် သွားရည်များမှာကျရုံဖြင့် အေးခဲသွားကြသည်။

အလှတရားအား အသုံးပြုပြီးနောက် ကားဟာ အခြေစိုက်စခန်းသို့ ချောမွေ့စွာ ဝင်ရောက်သွားခဲ့သည်။

အခြေစိုက်စခန်း မန်နေဂျာက သူတို့ကို ခရီးဦးကြိုပြုရန် လူကိုယ်တိုင် ထွက်လာသည်။

သူက အသက်သုံးဆယ်အရွယ် ယောကျာ်း တစ်ယောက် ဖြစ်သည်။

သူက စုရွမ်ရွမ်ကို တစ်ချက်ကြည့်ပြီး မျက်လုံးများလက်ခနဲ တောက်ပသွား၏။

သို့သော်ငြား ထိုအကြည့်က တခြားတစ်ယောက်ရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းမှု ကို တမ်းတမ်းစွဲ ချစ်နေသလိုမျိုး ကြည့်နေတာမဟုတ်ပဲ ...
ဝက်ကို ကြည့်နေတဲ့ အကြည့်မျိုးပေ။

"ကျွန်တော်တို့ အမျိုးသမီးနဲ့ ကလေးတွေကို ကြိုဆိုပါတယ်၊ ကမ္ဘာပျက်ကပ်မှာ မိန်းမနဲ့ ကလေးတွေကို ပထမဦးစားပေး ဂရုစိုက်ရပါမယ်။မိန်းမနဲ့ ကလေးတွေက ပထမဦးစားပေးပဲနော် "

မန်နေဂျာက စိတ်အားထက်သန်စွာဖြင့် သူတို့အခြေစိုက်စခန်းရဲ့ ဆောင်ပုဒ်ကို ကြွေးကြော် အော်ပြောနေသည်။

တချို့က နည်းနည်း ပိုရှည်နေ၏။

"ကျွန်တော်တို့ကို ရိက္ခာပေးဖို့ မလိုပါဘူး" မန်နေဂျာက ခေါင်းခါကာ ပြောလိုက်သည်။"မလိုပါဘူး"

ထို့နောက် သူက အုပ်စုထဲက အငယ်ဆုံး ဘေဘီ ရှောင်ကို ကြည့်လိုက်သည်။

သူက သူ့အိတ်ကပ်ထဲက သကြားလုံးတစ်လုံးထုတ်လိုက်ပြီး ဘေဘီ ရှောင်ကို ပေး၍ ကျီဆယ်လိုက်၏။

"ဦးလေးက မင်းကို သကြားလုံးပေးမယ်၊ မင်းက ဦးလေးကို တစ်ကိုက်ပေး ကိုက်မယ်မို့လား?" (ကိုက်တာက အသားကို စားတာကို ပြောတာပါနော်၊ လူသားစားတာမျိုး)

ဘေဘီရှောင်က သူ့ပါးစပ်လေးကို ဖွင့်လာ၏။

ရှောင်ယွီက ချက်ချင်းပဲ သူ့ရဲ့ ဖုန်တက်နေတဲ့ ဖဲသားစကို ထုတ်လိုက်သည်။

ဘေဘီရှောင်ရဲ့ပါးစပ်လေး ပြန်ပိတ်သွားလေသည်။

မန်နေဂျာက ရယ်မောပြီး ပြောလိုက်သည်။"ဟား ဟား ဟား ၊ဦးလေးက နောက်တာပါကွာ၊ လာ၊ သကြားလုံးစား " သကြားလုံးကို ဘေဘီ ရှောင်ပါးစပ်ထဲထည့်ပေးလိုက်သည်။

ဘေဘီရှောင်: အရသာမရှိဘူး!

ထို့နောက် ကြက်ခြေထောက်သနပ်ကိုသာ ဆက်လက်ဝါးနေတော့၏။

မန်နေဂျာ :...

အားလုံးမှာ အခြေစိုက်စခန်းတွင် ယာယီတည်းခိုကြ၏။

ဒီလူတွေက ဧည့်ဝတ်ကျေပွန်ကြပြီး သူတို့ရဲ့ ဖန်လုံအိမ်တွင်းစိုက်ပျိုးသော ဟင်းသီးဟင်းရွက်တွေကိုတောင် နီးယန်ကို ပေးလိုက်သေး၏။

ဒီကမ္ဘာပျက်ကပ်၌ ဖန်လုံအိမ်ထဲတွင်တော့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်သေးတာက တကယ့်ကို အံ့သြဖို့ ကောင်းပေသည်။

စုရွမ်ရွမ်သည် ရှောင့်ချင့်ဆိုင်ဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်ပြီး သူမရဲ့ လက်လေးကိုထုတ်ကာ ထပ်ကာထပ်ကာ ထိကြည့်လိုက်၏။

{ရှောင့်ချင့်ဆိုင်-မုန်ညင်းပါတဲ့🥬}

"စုရွမ်ရွမ်၊ မလှုပ်နဲ့ "

နီးယန် သတိပေးလိုက်သည်။

"အိုး"

စုရွမ်ရွမ်သည် ခိုးယူထားတဲ့ အစိမ်းရောင်အသီးအရွက်ကို ပြန်ထား, ထားလိုက်သည်။

နေထိုင်ရာ နေရာ သိပ်မကြီးသောကြောင့် အခန်းအနည်းသာလျှင် အပိုရှိပေ၏။

အားလုံးမှာ အစား,စားဖို့ ကန်တင်း သို့ သွားကြသည်။

ရှောင်ယွီသည် စုရွမ်ရွမ်ဆီ ရှောင်ပေါင်ပေါင်ကို အပ်နှံထားတာကြောင့် အလွန်ပင် စိတ်အေးသက်သာရှိနေ၏။

စုရွမ်ရွမ်သည် နီးယန်က သူပုံးနဲ့ အတူ အဝေးကို လျှောက်သွားတာကို စောင့်ကြည့်နေလေ၏။

သူမက နတ်သမီးပုံပြင်စာအုပ်ကို ထုတ်ပြီး ဘေဘီ ရှောင်ကို ပုံပြောပြနေလိုက်သည်။"ကြည့်ပါဦး၊ဒါက ပုဆိန်လေးရဲ့ ဦးနှောက်! ရက်စက်တဲ့ ရှောင်ရွှီ!စိတ်ကြီးတဲ့ မိန်! ရွှံ့လူး ရှောင်ဖူ!နာကျင်နေတဲ့ ရှောင်ဟိုင်! ဒေါသကြီးတဲ့ လည်ပင်းကြီး !စပါးအုံးကြီးရဲ့ ဖိနပ် ! သနားစရာ ကြောင်ကြီး !
Dan Dinghuo ..." ( ဘာတွေမှန်း မြူ လည်း မသိပါဘူး၊ ပုံပြင်ထဲက ဇာတ်ကောင်တွေ ထင်တာပဲ )

ထမင်းစားပြီး ပြန်လာတဲ့နီးယန်က စုရွမ်ရွမ်ရဲ့ပုံးကို သူမကို ပေးလိုက်၏။"ဘာတွေဖက်နေတာလဲ၊ ကလေးကို ထူးထူးဆန်းဆန်းတွေ သင်ပေးမနေနဲ့ "

စုရွမ်ရွမ်က လျှာချော်ပြီး ပြောလိုက်မိသည်။"စားစရာတွေ "

နီးယန် : " ... နင်က ကမ္ဘာအဆင့်မီ ချက်ပြုတ်နည်းတွေကို သိတယ်ပေါ့၊ ဒါက တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကာကွယ်စောင့်ရှောက်ထားတဲ့ မျိုးသုန်းလုနီးပါး ဖြစ်နေတဲ့ သတ္တဝါတွေ မဟုတ်လား?"

စုရွမ်ရွမ် တံတွေး ခက်ခက်ခဲခဲ မျိုချလိုက်သည်။"အရသာရှိ သင့်တယ်၊မဟုတ်ရင် ဘယ်လိုလုပ် မျိုးသုန်းပျောက်ကွယ်သွားနိုင်မှာလဲ?

ဒီလိုပြောပြီးနောက် စုရွမ်ရွမ်က စတင် စားသောက်တော့သည်။

သူမ ဒီနေ့ အရမ်း ဂျီးများနေပြီး အမှိုက်ပုံးထဲသို့ အသားတွေ သွန်ပစ်လိုက်၏။

စုရွမ်ရွမ်ရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး နီးယန်က အံ့ဩသွားသည်။"နင် တကယ်ကြီး အသားမစားဘူးလား?"

စုရွမ်ရွမ်က မျက်နှာလေးရှုံ့တွပြီး မကျေမနပ်ပြောလိုက်သည်။"ဘာလို့လဲ မသိဘူး ၊ ဒီအသား တုံးတွေကြည့်ရင် နေမကောင်းဖြစ်ပြီး အန်ချင်လိုခံစားရတယ်၊ အဲ့ဒါက ပုပ်နေတာ ဖြစ်ရမယ်"

နီးယန်က စုရွမ်ရွမ်ကို ကြည့်ရင်း ရုတ်တရက် မျက်လုံးများ နက်ရှိုင်းလာသည်။

"နင် နုံးချိပြီး အစားကြူး နေလား၊ မကြာသေးခင်က ကိုယ်အလေးချိန်တိုးလာတယ်လို့ ခံစားရလား?"

စုရွမ်ရွမ် အလေးအနက် တွေးကြည့်လိုက်သည်။"ဟင့်အင်း"

စကားပြောပြီးတော့ သူမ အိပ်ချင်လာပြန်သည်။

မတက်နိုင်ဘူး၊အိပ်ရင်းနဲ့ပဲ စားတာပေါ့။

နီးယန်သည် စုရွမ်ရွမ်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး မကြာသေးခင်က စုရွမ်ရွမ်ကို ပိုပိုပြီး ကပ်တွယ်လာတဲ့ ဘေဘီရှောင်ကို ကြည့်လိုက်ကာ ရုတ်တရက် သူမနှလုံးသားတွင် ပေါ်လွင်ထင်ရှားသော အတွေးတစ်ခု ဖြစ်တည်လာတော့၏။

ထို့နောက် ခေါင်းငုံ့လိုက်ပြီး သူမပန်းကန်ထဲက အသားကို ကြည့်လိုက်သည်။

ဘာကြောင့်မှန်းမသိသော အကြောင်းပြချက်တချို့ကြောင့် သူမလည်း ဒီအသားကိုပုပ်နေတယ်ဟု ခံစားနေရသည်။

တဖက်တွင်၊ အမျိုးသားများ က သူတို့ရဲ့ နေ့လည်စာဘူးနဲ့ ၀င်လာကြသည်။

သူတို့က အသား မရကြပေ။

"အသားက အမျိုးသမီးနဲ့ ကလေးတွေအတွက်ပဲ " လို့ ရှောင်ယွီ ပြောလိုက်၏။

ကောင်းကျွင့်ရှန်းကလည်း သဘောတူ ခေါင်းညိတ်လိုက်ပြီး သိသိသာသာကို အတွေးချင်းတူနေသည်။

အဘွားကိုက သူမ မဝါးနိုင်ဘူးဟု ပြောလိုက်သည်၊

လုရှီမင်က ပိုပြီးတော့ တောင် ရိုးရှင်းပါ၏။ "ဒီနေ့ စားချင်စိတ် မရှိဘူး"

နီးယန်၏ အကြည့်က လုရှီမင်ပေါ်ကျရောက်သွားပြီး ခဏလောက် အံ့ဩနေကာ သက်ပြင်းတစ်ချက်ချလိုက်၏။

ခဏလောက် အိပ်မောကျပြီးနောက် ခဏလောက်နိုးလာကာ ခဏလောက် စားပြီးနောက်မှာ နီးယန်ရဲ့အကြည့်ကို စုရွမ်ရွမ် မြင်ပြီး နီးယန်က သူ့မကောင်လေးနဲ့ ချစ်မိသွားပြီလားဟု တွေးတောမိသွားသည်။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

အားလုံးက အခြေစိုက်စခန်းတွင် သုံးရက်အကြာ နေခဲ့၏။

စုရွမ်ရွမ်က သူမ ရှာတွေ့ထားတဲ့လျှို့ဝှက်ချက်ကို လုရှီမင်နှင့် အတူ မျှဝေလိုက်သည်။"နီးယန်က ကျွန်မကိုချစ်မိနေတာလို့ ကျွန်မထင်တယ်"

အမျိုးသားက မျက်ခုံးပင့်လိုက်၏။"အိုး ?"

စုရွမ်ရွမ် ပြောလိုက်သည်။"ကျွန်မကို မယုံတာ သိပါတယ်၊ ကျွန်မ ရှင့်ကို သက်သေပြမယ်"

သူမက လမ်းပေါ် ပြေးသွားလိုက်၏။

ရှောင်ယွီ နဲ့ စကားပြောနေတဲ့ နီးယန်က ပြေး ချလာပြီး သူမကို နားရွက်ဆွဲလိုက်သည်။"ဂရုစိုက်စမ်း !လဲကျသွားရင် ဘယ်လိုလုပ်မလဲ !"

စုရွမ်ရွမ်က ငိုချလာပြီး သူမတို့က မဖြစ်နိုင်ဘူးဟု ပြောလိုက်၏။

နီးယန် :နင်ဘာ သောက် အတွေးတွေ တွေးနေတာလဲ။

နီးယန်က သူမရဲ့ စိတ်ဆိုးမာန်ဆိုး ခံစားချက်ကို အကောင်းဆုံး ချုပ်တည်းထားပြီး သူမကို နှစ်သိမ့်လိုက်၏။"ဒီနေ့ ဗိုက် ပြည့်လား?"

ရုတ်တရက် နူးညံ့သွားတဲ့ နီးယန်ရဲ့ မျက်နှာချင်းဆိုင်တွင် စုရွမ်ရွမ်တ သူမဗိုက်လေးကိုထိလိုက်၏။"စားတာလား ၊ ကျွန်မ ဗိုက်ပြည့်ပါတယ်"

" မသက်မသာ ခံစားရလား?"

"ဟင့်အင်း "

စုရွမ်ရွမ်သည် ပိုပြီးတော့ ကြက်သီးမွှေးညှင်း ထသလို ခံစားလာရ၏။

နောက်ဆုံးတော့ နီးယန်က စုရွမ်ရွမ်ကို လွှတ်ပေးလိုက်ပြီး လုရှီမင်ဆီသို့ လျှောက်သွားလိုက်သည်။

"ငါနင်နဲ့ ပြောစရာရှိတယ်"

လုရှီမင်က နီးယန်နဲ့ အတူ အပြင်သို့ ဖြည်းဖြည်းချင်း လျှောက် ထွက်သွားသည်။

စုရွမ်ရွမ်က ရှောင်ယွီ နဲ့ အတူ ရပ်နေခဲ့ရင်း လူနှစ်ယောက်ရဲ့ နောက်ကျောကို ကြည့်ကာ ဘာကြောင့်မှန်းမသိပေမယ့် ရှင်းပြ၍ မရနိုင်စွာ အနည်းငယ် ချဉ်စုပ်စုပ်ခံစားလိုက်ရ၏။

ဗိုက်နေတာ ဖြစ်ရမယ်။

ပိုစားတာပေါ့။

ကော်ရစ်တာတွင် နီးယန်နဲ့ လုရှီမင်သာ ရှိနေ၏။

နီးယန်က ရင်ဘက်ပတ်လည်တွင် လက်တင်ထား ပြီး (လက်ပိုက်ထားပြီး) စိတ်ဆိုးမာန်ဆိုးဖြင့် စီးကရက်ထုတ်ပြီး မီးညှိကာ တစ်ဝက်လောက်သောက်ပြီးနောက်မှ ပြောလိုက်သည်။"ဘာကြောင့် အတိုင်းအတာ မရှိရတာလဲ?"

လုရှီမင်က နံရံကိုမှီထားလျက် သူ့ဆံပင်ရှည်တွေက ပခုံးထိရောက်နေ၏။

အမျိုးသားက ခေါင်းအနည်းငယ် မော့လာတော့ သူ့အနက်ရောင် ဆံပင်တွေက နှုတ်ခမ်းထောင့်သို့ ထိခတ်သွား လှပ ကွေးညွတ်သောလည်ပင်းနောက်ပိုင်းကို ပေါ်လွင်စေသည်။

အမျိုးသားရဲ့ စိတ်နေသဘောထားက မြင့်မြတ်ကာ သိမ်မွေ့နူးညံ့နေ၏။

" အတိုင်းအတာ?"

လုရှီမင်က နှုတ်ခမ်းပါးကိုဖွင့်လိုက်ပြီး ပြတင်းပေါက်ကိုလည်း ဖွင့်လိုက်သည်။

နီးယန်မှာ အေးစက်မှုကြောင့်တုန်ယင်သွားပြီး သူမ လက်ထဲက စီးကရက်မှာ ချက်ချင်းအေးခဲသွားသည်။

ဒေါသထွက်စွာဖြင့် စီးကရက်ကို အဝေး လွှတ်ပစ်လိုက်၏။

"ရွမ့်ရွမ့်မှာ ကိုယ်ဝန်ရှိနေပြီ။" လုရှီမင်၏ မျက်လုံးများမှာ တခဏချင်းအတွင်း ကျဆင်းသွားပြီး သူ့ဆီက ရုတ်တရက် ထွက်ပေါ်လာတဲ့ ရန်လိုမှုမှာ သူ့နောက် က အဆုံးမဲ့ နှင်းများကြောင့် ဖိနှိပ်ခံထားရသည်။

ဒါက ပထမဆုံးအကြိမ်အဖြစ် အမျိုးသားရဲ့ ကြီးမားတဲ့ စိတ် အပြောင်းအလဲကို နီးယန် မြင်လိုက်ရခြင်းပင်။

နီးယန်ရဲ့ မျက်လုံးထဲတွင် အားနည်းတဲ့ကြက်ကလေးက ဤကမ္ဘာပျက်ကပ်ထဲတွင် ဒေါသထွက်ရန် ခွန်အားပင် မရှိသောကြောင့်ပေ။

မည်မျှ အားနည်းတဲ့ ယောက်ျားဖြစ်ပါစေ၊သူ့တွင်လည်း ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာရှိ၏။

ဥပမာဆိုရသော်၊ သူတို့ ဦးထုတ်စိမ်း အစောင်းခံရသောအခါမျိုးတွင် ပင်။

သူမ လျှို့ဝှက်ချက်ကြီး တချို့ရှာတွေ့လိုက်ရသလို ခံစားလိုက်ရ၏။

"ဒါဆို ဘာလဲ နင့်ကလေး မဟုတ်ဘူးလား?"

"ဟမ့်" လုရှီမင်က နှာမှုတ်လိုက်ပြီး သူ့နောက် က ပုဆိန်လေးကို ရွှေ့လိုက်သည်။

" ဒါဆို ဘာလဲ အရူးမလေးက နင်နဲ့ပဲ အမြဲအတူရှိနေတာလေ၊ တခြားယောက်ျားတွေ ရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ... ဘာလဲ?

"ဟမ့်" လုရှီမင် က ထပ်ပြီး နှာမှုတ်လိုက်ပြန်၏။

နိီးယန် ချွေးအေးများ တရိပ်ရိပ် ထွက်လာတော့သည်။

ပြတင်းပေါက် အပြင်ဘက်မှ တိုက်သည့် လေကတော့ အရမ်းအေးလွန်းသည်ဟု သူမခံစားနေရဆဲပင်။

အခုတော့ လေက လုံလောက်အောင် မပြင်းသေးဟု ခံစားလိုက်ရ၏။သူမကို ပါ တစ်ပါတည်း သိမ်းကျုံးတိုက်သွားရင် ပိုကောင်းပေမည်။

တဖက်တွင် စုရွမ်ရွမ်က တိတ်တိတ်လေးနောက်မှ လိုက်လာခဲ့၏။

လှိုင်းထန်နေသည်ဟု ထင်ရသော လုရှီမင် မျက်လုံးများနှင့် တွေ့ဆုံလိုက်ရသည်။

သူမ ချောင်းကြည့်ရုံရှိသေးမိသွားခဲ့၏။

စုရွမ်ရွမ် ညင်သာစွာ ချောင်းဆိုးလျက် မကျေမနပ်ပြောလိုက်သည်။"ကျွန်မက ဆံပင် အခြောက်ခံချင်လို့ အပြင်ထွက်လာရုံပဲ ၊ ဘာမှမကြားလိုက်ဘူး "

စုရွမ်ရွမ် ရုတ်တရက် အရမ်းဒေါသထွက်လာရ၏။

ပြတင်းပေါက်ကို သူမရလက်သီးသေးသေးလေးနဲ့ ပြင်းပြင်းထန်ထန် ထုလိုက်သည်။

နီးယန်က ဆိုလာသည်။"ကြည့် ၊ နုံးချိတယ်၊ အစားကြူးတယ်၊ စိတ်အတက်အကျများတယ်၊ သံသယဖြစ် တက်တယ်၊ ပြီးတော့ ဒေါသကြီးတယ်၊ အိုင်ကျူ လည်း နည်း ..."

အိုး သူမရဲ့ အိုင်ကျူက မြင့်ကို မမြင့်တာ ပါလေ၊ ကျစရာ ကို မရှိတော့ဘူး။

" ဒါတွေအားလုံးက ကိုယ်ဝန်ဆောင်တွေရဲ့ လက္ခဏာတွေပဲ။ " အမျိုးသားက မျက်လုံးများ မှေး ကျဉ်းလိုက်ကာ ရှေ့ကို လျှောက်သွားပြီး "ကလစ်"ဟူသောအသံနှင့်အတူ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။

စုရွမ်ရွမ်ဆီ လေတိုက်ခက်သွားတာကြောင့် သူမမျက်နှာပုံပျက်လုနီးပါး ဖြစ်သွားရ၏။

စကားပြောဖို့ ပါးစပ် ဖွင့်လိုက်ပေမယ့် လေအေးတွေ လျှင်မြန်စွာ ပြည့်လာတာကြောင့် နှင်းပွင့်များပါးစပ်အပြည့်ဖြစ်လာတော့သည်။

အေးခဲမှုကြောင့် တုန်ယင်နေတဲ့ စုရွမ်ရွမ်: ငါ့ကို မကျေမနပ်ဖြစ်နေတယ်ထင်တယ်။

မနေ့ညက အိပ်ရာထဲမှာ မုန်ညင်းခိုးစားလို့ ဒေါသထွက်နေတာလား?

ရှင့််ကို အိတ်တစ်အိတ်မျှဝေဖို့ ပြဿနာကြီးပဲလေ။

အမျိုးသားက လက်ဆန့်ထုတ်ကာ စုရွမ်ရွမ်ပါးလေးအား ဆွဲလိုက်သည်။

အရမ်းအေးခဲနေပြီဖြစ်တဲ့ စုရွမ်ရွမ်ကို စိုက်ကြည့်နေ၏။

ကိုယ့်လူ၊ ကျွန်မကို ဒါလုပ်ဖို့ ဖိအားမပေးပါနဲ့!

ကျွန်မကို လွှတ်၊ ကျွန်မကို လွှတ်!

အမျိုးသားက ပိုပြီးတော့ ပြင်းပြင်းထန်ထန် ဖျစ်ညှစ်လာ၏။

စုရွမ်ရွမ်လည်း ရှင်အရင် စကားပြောပြီးရင် ကျွန်မတစ်ယောက်တည်း ကစားပါရစေ ဟု မျက်ရည် အပြည့်နဲ့ ပြောလိုက်၏။

အမျိုးသားရဲ့ မျက်နှာက ပိုပိုပြီး မဲမှောင်လာကာ မထင်မရှား ဖြစ်လာ၏။

အေးစက်သောနှင်းများက သူ့ပတ်လည်တွင် ဝန်းရံနေလေသည်။

ဒါဘယ်လို ဒေါသကြီးလဲ !

အိတ်နှစ်အိတ် ခွဲပေးဖို့ က ပြဿနာကြီးပဲ။

အို .......အိုကေ၊ ကျွန်မ မုန်ညင်းခိုးမိတာ ပြဿနာကြီးပါပဲ၊ ကျွန်မ ရှင့် ပစ္စည်း မခိုးတော့ပါဘူး။

▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️


Zawgyi

လူငယ္ရဲ႕ မိသားစုနာမည္က ေကာင္း၊သူ႕နာမည္က ကြၽင့္ရွန္း။

သူ႕ဦးထုတ္ကိုခြၽတ္လိုက္ေတာ့ အနည္းငယ္ႏူးညံ့သိမ္ေမြ႕တဲ့ မ်က္ႏွာက ထြက္ေပၚလာသည္။ယဥ္ေက်းၿပီး ရွိုးတိုးရွန္းတန္း ျဖစ္ေန၏။

အဘြားရဲ႕ နာမည္ကေတာ့ သဘာ၀က်စြာပဲ အေမးခဲ့တဲ့အတြက္ "အဘြား " ဟု ေခၚ႐ုံသာ ။

" ငါတို႔မွာ စြမ္းရည္မရွိပါဘူး၊ ငါတို႔က သာမန္လူေတြပါ"

ေကာင္းကြၽင့္ရွန္း က ထိုင္ခုံေပၚတြင္ ထိုင္ေနၿပီး စြမ္းအားျပည့္တဲ့ နီးယန္နဲ႕ ရင္ဆိုင္ရေတာ့ အနည္းငယ္စိုးရိမ္ေန၏။

ကမာၻပ်က္ကပ္ေန႕မ်ားတြင္ မည္သည့္ စြမ္းရည္မွမရွိဘဲ အသက္ရွင္သန္နိုင္ဖို႔ ခက္ခဲလွသည္။ေကာင္းမြန္တဲ့ ႐ုပ္ပိုင္းဆိုင္ရာ ခြန္အား သို႔မဟုတ္ အသက္ရွင္သန္ေရးအတြက္ တိုက္ခိုက္နိုင္မႈ သို႔မဟုတ္ပါက ေကာင္းမြန္တဲ့ ကံတရား ရွိသည္မွ လြဲ၍ပင္။

သိသိသာသာကို ေကာင္းကြၽင့္ရွန္းက ကံေကာင္းမႈကို ပိုင္ဆိုင္ထားတဲ့ သူမ်ိဳးျဖစ္၏။

"ကြၽန္ေတာ္ ၊ ကြၽန္ေတာ္တို႔က ေျမာက္ပိုင္းအေျခစိုက္စခန္းကို သြားမလို႔ပါ"

ေကာင္းကြၽင့္ရွန္က ေသနတ္တစ္လက္ကိုင္ထားတဲ့ နီးယန္ကို စိုးရိမ္ထိတ္လန႔္ေနပုံရၿပီး သူစကားေျပာတဲ့အခါ ေနရခက္ေနသည္။

ေနာက္ပိုင္းစကားမွာ အလြန္ႏူးညံ့ေသာ္လည္း အနည္းငယ္ အလွ်င္စလို နိုင္ေန၏။" ကြၽန္ေတာ္က ကြၽန္ေတာ့္ေကာင္မေလးနဲ႕ ကြဲသြားလို႔ ၊သူမကို ရွာခ်င္တာ ပါ"။ စိုးရိမ္ေၾကာင့္ၾကမႈက အေတာ္ေလး သိသာလို႔ေန၏။

စားပြဲေပၚတြင္ လက္တစ္ဖက္တင္ကာ နီးယန္‌ေဘးမွာ ထိုင္ေနတဲ့ လုရွီမင္က သူ႕ရဲ႕ေက်ာက္စိမ္းျဖဴ လက္‌ေခ်ာင္းေတြကို ခပ္ဖြဖြေခါက္ေန၏။သူ႕အသံက အေတာ္ေလး ၾကည္လင္ေနေပမယ့္ ထိုအသံရဲ႕ ေအာက္မွာ ေကာင္းကြၽင့္ရွန္းဟာ ပိုလို႔ပင္ စိုးရိမ္လာ၏။

"မင္းေကာင္မေလးက ေျမာက္ပိုင္းအေျခစိုက္စခန္းမွာလား?"

လုရွီမင္ ႐ုတ္တရက္ ေမးလာသည္။

အမ်ိဳးသားရဲ႕အသံက အရမ္းေကာင္းေပမယ့္ စားပြဲေပၚကို ဒရမ္ စည္းခ်က္လိုမ်ိဳး ေခါက္သံကို ၾကားေနရေတာ့ ေကာင္းကြၽင့္ရွန္း စိတ္သက္ ေတာင့္သက္သာျဖစ္တယ္လို႔ မခံစားရေပ။ထို အစား သူ႕ဆီ အရွိန္ျပင္းစြာ တိုးဝင္လာေသာ ဖိအားမ်ားကိုသာ ခံစားရသည္။

ေကာင္းကြၽင့္ရွန္း က သူ႕ခံစားခ်က္ေတြကို ေခ်ာေမြ႕ေအာင္ ႀကိဳးစားရင္း ေခါင္းခါကာ ေျပာလိုက္သည္။"ကြၽန္ေတာ့္ေကာင္မေလး ဘယ္မွာလဲဆိုတာ မသိပါဘူး၊ ဒါေပမယ့္ ေျမာက္ပိုင္းအေျခစိုက္စခန္းမွာရွိတဲ့ နတ္ဘုရားက ဘာေမးခြန္းေမးေမး သိနိုင္တယ္တဲ့ " ေကာင္းကြၽင့္ ရွန္းရဲ႕မ်က္လုံးမ်ား ၾကည္လင္ေတာက္ပလို႔လာသည္။

နီးယန္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး လုရွီမင္နဲ႕ တစ္ေယာက္ကိုယ္တစ္ေယာက္ ၾကည့္လိုက္၏။

"ဒီလိုမ်ိဳး နင္ၾကားဖူးလား"

"မၾကားဖူးဘူး"

သူတို႔ႏွစ္ေယာက္ မ်က္လုံးခ်င္းဆိုင္ စကားေျပာၿပီးေနာက္ နီးယန္က ေမးလိုက္သည္။"ရွင္ ဘယ္လိုသိခဲ့တာလဲ?"

"အရင္ေန႕က ေတာင္ပိုင္းအေျခစိုက္စခန္းကေန ေျမာက္ပိုင္းအေျခစိုက္စခန္းကို ေျပာင္းေ႐ြ႕ေနတဲ့ လူေတြနဲ႕ ဆုံခဲ့တယ္၊ သူတို႔ ေျပာခဲ့တာ"

ဆိုေတာ့ ဒါက ေျမာက္ပိုင္း သို႔မဟုတ္ ေတာင္ပိုင္းအေျခစိုက္ စခန္းျဖစ္ေစ လူအမ်ားႀကီး ဒီအေၾကာင္းကို သိၿပီးေလာက္ၿပီေပါ့။

အခုထိ မသိေသးတာဆိုလို႔ သူတို႔သာ။

နီးယန္က ခဏေလာက္ခ်င့္ခ်ိန္ေတြးေတာလိုက္ၿပီး ၿခံဝင္းထဲမွာ ပါကင္ထိုးထားတဲ့ ေကာင္းကြၽင့္ရွန္း ကားကို ၾကည့္လိုက္ကာ ၿပဳံးလိုက္၏။" ဟုတ္ၿပီေလ၊ ငါတို႔လည္း ေျမာက္ပိုင္းအေျခစိုက္စခန္းကိုသြားမွာ "

ေကာင္းကြၽင့္ရွန္း က ခ်က္ခ်င္းပဲ ထရပ္လိုက္ကာ ေပ်ာ္႐ႊင္စြာ ေျပာလိုက္၏။"ေကာင္းတာေပါ့၊ အတူသြားၾကရေအာင္ေလ"

သူ ယေန႕ထိ အသက္ရွင္ေနနိုင္သည္မွာ ကံေကာင္းျခင္းေၾကာင့္ ျဖစ္သည္ကို ေကာင္းကြၽင့္ရွန္း သိပါသည္။

ဒါေပမယ့္ သူ႕ေရွ႕က လူေတြကေတာ့ ျခားနားပါ၏။သူတို႔က သူတို႔၏ ခြန္အားေၾကာင့္ ယေန႕ထိတိုင္ အသက္ရွင္ေနနိုင္တာ ျဖစ္ရမည္။

သူတို႔နဲ႕သာ သြားမယ္ဆိုရင္ အသက္ရွင္ဖို႔အခြင့္အေရး ပိုမ်ားမည္ ျဖစ္၏။

သူ႕အၾကည့္က အရပ္ျမင့္ျမင့္ႏွင့္ သပ္သပ္ရပ္ရပ္ရွိေသာ နီးယန္ႏွင့္ သန္မာထြားႀကိဳင္းေသာ ေရွာင္ယြီကို ၾကည့္ကာ သူတို႔က ဒီအဖြဲ႕ရဲ႕ ေခါင္းေဆာင္မ်ားျဖစ္သည္ဟု ေကာက္ခ်က္ခ်လိဳက္သည္။

က်န္တဲ့ ႏွစ္ေယာက္ကေတာ့ ...

ႏူးညံ့ျဖဴေဖြးေသာမိန္းကေလးက ဆိုဖာေပၚတြင္ ထိုင္ေန၏။သြယ္လ်ေသာ မ်က္ခုံးမ်ားက တစ္ဝက္ေလာက္ ၫႊတ္က်ေနကာ သူမမ်က္လုံးမ်ားက အၿမဲတမ္း အစိုဓာတ္ ျပည့္ေနပုံရသည္။ထူထဲေသာ မ်က္ေတာင္မ်ား ဖုံးအုပ္ထားၿပီး ေခါင္းအနည္းငယ္ ငုံ႕ထားကာ သနားခ်င့္စဖြယ္ ပုံစံျဖင့္ ရွိေန၏။

သူမက ေခြးေသးေသးေလးတစ္ေကာင္ကို ကိုင္ထားသည္။

တစ္ခ်က္ၾကည့္႐ုံျဖင့္ သူမက ၾကင္နာတတ္သူဆိုတာ သိနိုင္သည္ ... အဟြတ္ (ေခ်ာင္းဆိုးသံ)။

သူနဲ႕ စကားေျပာဖူးတဲ့သူက ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားၿပီး ေခြးေပါက္ေလးကို ဖက္လိုက္ကာ မိန္းမငယ္ေလးကို သူ႕ရင္ခြင္ထဲ ဆြဲသြင္းလိုက္၍ သူမအတြက္ ေခြးေမႊးေတြကို တစ္ခုခ်င္း သန႔္ရွင္းေပးေနသည္ ။

အမ်ိဳးသားက ႏူးညံ့သိမ္ေမြ႕ျခင္း၊ တင့္တယ္ျခင္းျဖင့္ ေမြးဖြားႀကီးျပင္းခဲ့ၿပီး ပထမ အၾကည့္တစ္ခ်က္မွာတင္ သူက ေႏြဦးေလေျပ ကဲ့သို႔ေသာ ျမင့္ျမတ္ေသာ ေလထုအား လူေတြကို ေပးစြမ္းနိုင္သည္။

ဒါေပမယ့္ ေကာင္းကြၽင့္ရွန္းရဲ႕ စိတ္က တျခားသူေတြထက္ ပိုၿပီး ႏူးညံ့သိမ္ေမြ႕တာေၾကာင့္ အမ်ိဳးသားဟာ တကယ္ေတာ့ သူ႕အရိုးအေသြးထဲမွာကို အလြန္တရာ ဥေပကၡာျပဳသူျဖစ္ေၾကာင္း သူျမင္ေနနိုင္သည္။

မိန္းမငယ္ေလးကို ၾကည့္လိုက္တဲ့အခ်ိန္မွသာ ရွားရွားပါးပါး ဖူးဖူးမႈတ္ အလိုလိုက္မႈကို ျပလိမ့္မည္။

ဒီမိန္းမငယ္ေလးက လွလွပပ ေမြးဖြားႀကီးျပင္းခဲ့တာကို သူေျပာနိုင္ပါ၏။

နီးယန္လည္း လွၿပီးသားျဖစ္ပါသည္။

သို႔ေသာ္ျငား မိန္းမငယ္ေလးက ပို၍ သက္ေတာင့္သက္သာျဖစ္မႈ၊ ပို၍ ႏူးညံ့မႈ၊ ပို၍ ေႏြးေထြးမႈ ကို ခံစားရေစ၏။

လူေတြက ရင္းႏွီးလိုတဲ့ ခံစားခ်က္ ထြက္ေပၚလာ႐ုံကလြဲၿပီး မတက္နိုင္ၾကပါ။

မင္းက သူမကို အခ်ိန္တိုင္း ဆုပ္ကိုင္ထားၿပီး မင္းရင္ခြင္ထဲတြင္ ထည့္ထားဖို႔သာ ဆႏၵရွိေနလိမ့္မည္။

ေကာင္းကြၽင့္ရွန္း ဒီလိုေတြးေနတုန္း သူ႕ေရွ႕က အမ်ိဳးသားကလည္း ေဘာလုံးလိုမ်ိဳး ဝတ္ထားတဲ့ မိန္းမငယ္ေလးကို ေကာက္ကိုင္လိုက္ကာ သူ႕ေပၚတြင္ ထားလိုက္၏။

သူ႕ပုံစံက အေတာ္ေလး ပိန္ပါးေပမယ့္ သူမကို သက္သက္သာသာေလး ေကာက္ကိုင္လာသည္မွာ ထင္းရွားေနသည္။

ေကာင္းကြၽင့္ ရွန္း ေတြးမိလိုက္၏။ေကာင္မေလးက ဝ႐ုံပဲ ဝတာ (ဝ႐ုံပဲ ၀ၿပီး မေလး တာ) ျဖစ္နိုင္သည္။

စု႐ြမ္႐ြမ္: ရွင္ပဲ ဝတာ ၊ ရွင္တို႔ တစ္မိသားစုလုံးဝတာ !

ေအးျမတဲ့ ေနေရာင္ၾကား မိန္းမငယ္ေလးက ေခါင္းနည္းနည္း ေမာ့လိုက္ကာ တြန႔္ဆုတ္တြန႔္ဆုတ္ျဖင့္ အမ်ိဳးသားကို စကားေျပာေနပုံရ၏။

ေနေရာင္ အစက္အေျပာက္ေတြက ပ်ံ့ႀကဲျဖာ က်ေနသည္။

သူမျပသေနတဲ့ ႏူးညံ့မႈ၊ ျဖဴစင္သန႔္ရွင္းမႈ၊ မသိနားမလည္မႈတို႔က ဒီကမာၻပ်က္ကပ္ႀကီးနဲ႕ မကိုက္ညီလွပါေခ်။ သူမက ေကာင္းမြန္စြာ ႀကီးျပင္းလာခဲ့ၿပီး ကမာၻပ်က္ကပ္၏ အညစ္အေၾကးမ်ားေၾကာင့္ အမည္းစက္ မစြန္းထင္းသည္မွာ သိသာလွပါ၏။

ဒါေပမယ့္ ထိုျဖဴစင္သန႔္ရွင္းမႈက သူမကိုယ္ပိုင္ (စိတ္ဝိဉာဥ္)ဆီမွ လာျခင္းျဖစ္သည္။

အရိုးမ်ားထဲမွကို ျဖာထြက္ေနပုံရ၏။

ကမာၻပ်က္ကပ္က အဆုံးစြန္ေသာ အနက္ေရာင္ဆိုရင္၊ သူမကေတာ့ အဆုံးစြန္ေသာ အျဖဴေရာင္ျဖစ္သည္။

အဲ့ဒီ ျမဴစိုင္းေသာ မ်က္လုံးမ်ား၏ အၾကည့္တစ္ခ်က္သာလိုအပ္ၿပီး ဟင္းလင္းျပင္ထဲသို႔ လြတ္ေျမာက္သြားသကဲ့သို႔ ခံစားရလိမ့္မည္။

အစိမ္းေရာင္ ေတာင္တန္းေတြ၊ ႏွစ္လို႔ဖြယ္ေကာင္းမႈႏွင့္ တိုက္စားတက္ေသာ ပန္းရနံ႕မ်ားက လူေတြရဲ႕ ပူေဆြးေသာက အားလုံးကို ေမ့ေပ်ာက္ေစၿပီး ခဏတာ ၿငိမ္သက္ေအးခ်မ္းမႈ ကို ရေစ၏။

ေကာင္းကြၽင့္ရွန္း စု႐ြမ္႐ြမ္ကို ၾကည့္လိုက္၍ မတက္နိုင္စြာ အနည္းငယ္ ရယ္စရာေကာင္းသလိုျဖစ္မိ၏။

အသက္ကယ္ႀကိဳးတစ္မွ်င္ကို ေတာင္းတေနတဲ့ ေခ်ာက္ကမ္းပါးေပၚတြင္ တြဲေလာင္းက်ေနေသာ လူလိုမ်ိဳး။

ငရဲတြင္းနက္တြင္းနက္ႀကီးထဲတြင္ သူ႕ေရွ႕ရွိ အလင္းေရာင္ကို လိုက္ဖမ္းေနတဲ့သူလိုမ်ိဳး။

စု႐ြမ္႐ြမ္ေဘးတြင္ ထိုင္ေနတဲ့ လုရွီမင္က ေခြးဆံပင္အနည္းငယ္ကို သူ႕လက္ေခ်ာင္းမ်ားျဖင့္ ေကာက္ကိုင္လိုက္သည္။

နက္ေမွာင္ေသာမ်က္လုံးမ်ားက နစ္ျမဳပ္ေန၏။

ေခြးေပါက္ေလးက တအီအီ အသံျပဳကာ ဆိုဖာ ေအာက္တြင္ ပုန္းေနၿပီး အျမႇီးကို သာ ထုတ္ေဖာ္ထားေတာ့သည္။

"မင္းဆံပင္ေတြ ထပ္ျဖန႔္ခ်ရဲရင္ ရိတ္ပစ္မယ္" အမ်ိဳးသားရဲ႕ အသံက အလြန္ပင္ ႏူးညံ့ေနၿပီး အေၾကာင္း မသိသူကေတာ့ အခ်စ္အေၾကာင္း ေျပာေနတာလို႔ ထင္ၾကလိမ့္မည္။

သူ႕မွာ အေကာင္းဆုံးမ်က္ႏွာရွိေနၿပီး သူ႕အမူအရာေတာင္မွ အလြန္ႏူးညံ့ေနတာေၾကာင့္ ပင္။

စု႐ြမ္႐ြမ္က မသိစိတ္အရ သူမဆံပင္ကိုကာကြယ္ဖို႔ လက္ထုတ္လိုက္၏။

ေနာက္ေတာ့ လုရွီမင္က သူမေခါင္းကို ထိလာ၏။

အမ်ိဳးသားက နို႔မျဖတ္ရေသးေသာ ေခြးေပါက္ေလးအား အရွက္မဲ့စြာ ၿခိမ္းေျခာက္ကာ တုန္တုန္ယင္ယင္ျဖစ္ေနေသာ မိန္းမငယ္ေလးကို ႏွစ္သိမ့္ေပးၿပီး ေဘးဘက္မွာရပ္ေနတဲ့ ေကာင္းကြၽင့္ရွန္း ကို လွည့္ၾကည့္လိုက္သည္။

စု႐ြမ္႐ြမ္ကိုၾကည့္ေနတဲ့ ေကာင္းကြၽင့္ရွန္းရဲ႕အျမင္ကို ပိတ္ဆို႔လိုက္၏။

သူ႕မ်က္လုံးမ်ား မွိတ္သြားကာ တစ္ကိုယ္လုံး ေအးစက္သြားေပ၏။

ဒီထိတ္လန႔္စရာ ျမင္ကြင္းက ေကာင္းကင္ဘုံမွ ငရဲသို႔ က်သြားတာနဲ႕ မျခားနားလွေပ။

သူတို႔အားလုံးက လူသားမ်က္လုံးေတြဆိုတာ ထင္ရွားပါသည္။

အဘယ္ေၾကာင့္ မ်က္ဝန္းတစ္စုံက အရမ္းျဖဴစင္သန႔္ရွင္းေနၿပီး၊ မ်က္ဝန္းတစ္စုံက ဒီလိုျဖစ္ေနရပါသနည္း။

ထိုလွပေသာ မက္မြန္ပြင့္မ်က္ဝန္းမ်ားမွ သိသိသာသာ လွ်ံထြက္ေနေသာ ျပင္းထန္ေသာ ခံစား ခ်က္မ်ားသည္ သူ႕ အေရျပားအား ထိုးေဖာက္လ်က္ သူ႕လည္ေခ်ာင္းအား စူးရွစြာ ထိုးေဖာက္သြားနိုင္သည္။

ထုံစုံတြဲက ဆိုဖာေပၚတြင္ အတူ ထိုင္ေနၾကၿပီး ေကာင္းကင္ဘုံ ႏွင့္ ငရဲခြဲျခားလ်က္ ရွိေနသလိုပင္။

သို႔ေသာ္လည္း ထိုႏွစ္ေယာက္၏ ပင္ကိုစရိုက္မွာ ထူးထူးျခားျခား ပင္ ထူးကဲစြာ ေပါင္းဆုံလို႔ေနၾက၏။

ေန႕နဲ႕ည တည္ရွိမႈ အလား။

မရွိမျဖစ္လိုမ်ိဳး။

"ေကာင္းၿပီ"

နီးယန္က အၿပဳံးတစ္ခုနဲ႕အတူ တုံ႕ျပန္ေျဖၾကားလာ၏။

စု႐ြမ္႐ြမ္က လုရွီမင္ကို တိတ္တိတ္ေလး ေျပာလိုက္သည္။"သူမက ကားကိုပဲ သုံးခ်င္တာေနမွာ "

နီးယန္ : အဲ့ ေသာက္စကားေတြကို ငါၾကားေနရတယ္။

ေကာင္းကြၽင့္ရွန္း က ႏွဖူးေပၚက ေခြၽးေအးမ်ားႏွင့္အတူ ခ်က္ခ်င္း သတိျပန္လည္လာခဲ့သည္။သူက အင္တင္တင္ျဖင့္ သူ႕အေတြးကို ျပန္႐ုပ္သိမ္းလိုက္ၿပီး အဘြားကို ၾကည့္လိုက္သည္။"အဘြား၊ ကြၽန္ေတာ္တို႔ အတူသြားၾကရေအာင္ေလေနာ္၊အဆင္ေျပမလား?"

အဘြားက ထိုင္ေနရင္းျဖင့္ တည္ၿငိမ္စြာ ေခါင္းညိတ္လိုက္ကာ ၿပဳံးၿမဲအတိုင္း ၿပဳံးေန၏။"ငါကအိုေနပါၿပီ၊ တစ္ေယာက္တည္း ဆိုေတာ့ ဘယ္သြားသြား အတူတူပါပဲ၊ ဒီအဘြားအိုႀကီးကို ၀န္ထုတ္ဝန္ပိုးလို႔ မထင္သ၍ေပါ့"

"မဟုတ္ဘူး၊အဘြား "

ေကာင္းကြၽင့္ရွန္းက စိုးရိမ္ေၾကာင့္ၾကစြာ ေခါင္းခါလိုက္ၿပီး အကူအညီရရန္ နီးယန္ကို ၾကည့္လိုက္သည္။

နီးယန္က သေဘာမတူမွာကို ေၾကာက္ေနပုံရ၏။

သူဆုံးျဖတ္ၿပီးၿပီ။ နီးယန္က သူ႕ကို အဘြားကို ေခၚသြားဖို႔ ခြင့္မျပဳရင္ သူလည္း မသြားေတာ့ဘူး။

ေကာင္းကြၽင့္ရွန္းက အေတာ္ေလး ၾကင္နာတက္လိမ့္မယ္လို႔ နီးယန္ မေမွ်ာ္လင့္ထားေပ။ထို႔ေၾကာင့္ သူမ ေခါင္းညိတ္လိုက္ၿပီး အဘြားကို ေျပာလိုက္သည္။"အခန္းထဲမွာ လမ္းေလွ်ာက္ တုတ္တစ္ေခ်ာင္းရွိတယ္ဆိုတာ မွတ္မိၿပီ၊ အဲ့ဒါက အဘြားနဲ႕ သင့္ေတာ္တယ္၊ လမ္းက ခလုတ္ကန္သင္းေတြ ရွိေတာ့ ေက်းဇူးျပဳၿပီး သည္းခံေပးပါအုံး"

ေကာင္းကြၽင့္ရွန္း က ခ်က္ခ်င္းပဲ ေက်းဇူးတင္မႈကို ေဖာ္ျပလာ၏။

ဒီလူေတြက လူေကာင္းေတြပဲ။

သူက စိတ္လႈပ္ရွားစြာ ေက်းဇူးတင္လိုက္ၿပီးေတာ့ ေခါင္းငုံ႕လိုက္၍ လုရွီမင္ကို စိုးထိတ္စြာ ၾကည့္လိုက္သည္၊၊

အထက္တန္း ဇာတိ လိုမ်ိဳး တင့္တယ္တဲ့ ဒီလူက ႐ုပ္ရည္ၾကည့္ အေကာင္းဆုံး ျဖစ္သင့္ေပမယ့္ ဘာေၾကာင့္မွန္းမသိ အႏၲရာယ္ရွိေသာ ခံစားခ်က္ကို အၿမဲ ခံစားေနရသည္။

သူ႕ပုံစံက သိသိသာသာကို ... အားနည္းေနတာကို ။

သူ႕ (ေကာင္းကြၽင့္ရွန္း) ကို ေတာင္ ရိုက္နိုင္မယ့္ပုံ မေပၚပါဘူး။

🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️

သူတို႔ မထြက္ခြာမီ သူတို႔အားလုံးဟာ ဗီလာထဲရွိ ရွာလို႔ရနိုင္သမွ် ပစၥည္းတိုင္းကို ရွာေဖြခဲ့ၾကသည္။

စု႐ြမ္႐ြမ္က ေခြးေပါက္ေလးျဖင့္ လွည့္ပတ္သြားေန၏။

႐ုတ္တရက္ စု႐ြမ္႐ြမ္ ႏွင့္ အတူ ေခြးေပါက္ေလးက ဒုန္းစိုင္းေျပးသြား၏။

ထိုေနရာက စု႐ြမ္႐ြမ္နဲ႕ လုရွီမင္တို႔ ေနခဲ့တဲ့ အခန္းျဖစ္ၿပီး ဗီရိုဆီသို႔ အရွိန္ျပင္းစြာ ရိုက္ခက္သြားသည္။

စု႐ြမ္႐ြမ္က စူးစမ္းလိုမႈျဖင့္ အထဲကို ၾကည့္လိုက္၏။

အထဲမွာ ဘာရတနာေတြမ်ား ဝွက္ထားလဲ?

နီးယန္ဆီမွ သင္ယူထားသည့္အတိုင္း တံခါးကို ေခါက္လိုက္သည္။

အထဲမွာ အလြတ္ျဖစ္ေနလား၊ ျဖစ္မေနဘူးလားဆိုတာ သူမ မေျပာနိုင္ေပ။

အဆုံးမွာေတာ့ ေခြးေပါက္ေလးက ႀကံ ေျခေထာက္ ေလးေခ်ာင္းျဖင့္ ေက်ာက္ဖ႐ုံသီး ခႏၶာကိုယ္ကို ေထာက္ကန္ ကာ သူ႕ရဲ႕ ႏူးညံ့တဲ့ စည္ပိုင္း လိုခႏၶာကိုယ္ကို အမွီျပဳၿပီး ဗီရိုေအာက္မွ တစ္ခုခုကို ခက္ခက္ခဲခဲ ဆြဲထုတ္လိုက္သည္။

၎က မွတ္စုစာအုပ္တစ္အုပ္ပင္။

ထိုေပၚတြင္ ကုတ္နံပါတ္ တစ္ခုလည္း ရွိေန၏။

စု႐ြမ္႐ြမ္ ႀကိဳးစားၾကည့္လိုက္သည္။

မွားသြား၏။

သူမထပ္ႀကိဳးစားၾကည့္ေပမယ့္ မွားေနဆဲပင္။

ထားလိုက္ေတာ့၊ မလုပ္ေတာ့ဘူး။

စု႐ြမ္႐ြမ္သည္ မွတ္စုစာအုပ္ကို လြယ္အိတ္ေလးထဲ ထိုးထည့္လိုက္ၿပီး ေခြးေပါက္ေလးကို ဦးေဆာင္ကာ အျပင္ထြက္သြားေတာ့သည္။

ေကာင္းကြၽင့္ရွန္းရဲ႕ ကားက ကားေမာင္းသူထိုင္ခုံအပါအဝင္ ထိုင္ခုံ ငါးခုရွိသည္။

ယခု သူတို႔မွာ လူႀကီး ေျခာက္ေယာက္၊ ကေလးတစ္ေယာက္ႏွင့္ ေခြးႏွစ္ေကာင္ ရွိေန၏။

ဇြန္ဘီ ေခြးကို ေနာက္ဘက္ကန႔္ထဲတြင္ ထား, ထားသည္။

နီးယန္က ေခြးေပါက္ေလးကို ဖက္ထားလိုက္၏။

ေရွာင္ယြီကေတာ့ ေဘဘီ ေရွာင္ကို ဖက္ထားသည္။

လုရွီမင္က စု႐ြမ္႐ြမ္ကို သူ႕ေပၚတြင္ သယ္ထားလိုက္၏။

အဘြားက ယာဥ္ေမာင္းသူ ေဘးထိုင္ခုံတြင္ ထိုင္ၿပီး ေကာင္းကြၽင့္ရွန္း ကေတာ့ ကားေမာင္းရန္ တာဝန္ယူထားသည္။

ေကာင္းကြၽင့္ရွန္းရဲ႕ ကားေမာင္း ကြၽမ္းက်င္မႈက နီးယန္ေလာက္ မေကာင္းေပမယ့္ သူလည္း ဆိုးေတာ့ မဆိုးေပ။

အေရးအႀကီးဆုံးအခ်က္မွာ သူတို႔တြင္ ယခု ကားေမာင္းနိုင္သူ သုံးေယာက္ရွိေနၿပီး နီးယန္နဲ႕ ေရွာင္ယြီတို႔လည္း အနားယူနိုင္ေနသည္။

"အိုး ငါ့မွာ အဖ်ားနည္းနည္း ရွိေနတာလားမသိဘူး"

နီးယန္က လက္ဆန့္ ထုတ္ကာ ႏူးညံ့ ထိခိုက္လြယ္ေသာ သူမနဖူးကို ပြတ္သပ္လိုက္ၿပီး သတိမထားမိစြာ ေရွာင္ယြီရဲ႕ ႀကီးမားတုတ္ခိုင္ေသာ လက္ေမာင္းကို ၾကည့္လိုက္သည္။

အိုး၊ ဒီတုတ္ခိုင္တဲ့ လက္ေမာင္းကို ၾကည့္ပါအုံး။

ေခြးေပါက္ေလးက "ဝုတ္ "ဟုေအာ္ကာ သူ႕ရဲ႕ ႀကံ ေျခေထာက္ကို ထုတ္ျပလာ၍ နီးယန္ သူ႕ကို ရိုက္ခ်လိဳက္၏။

ေရွာင္ယြီ ေပၚမွာထိုင္ေနတဲ့ ေဘဘီေရွာင္က ထုံထုံထိုင္းထိုင္းအမူအရာျဖင့္ ၾကက္ေျခေထာက္ သနပ္ကို ဆက္လက္ ကိုက္ဝါးေန၏။

ေရွာင္ယြီက ေဘဘီ ေရွာင္ကို လက္တစ္ဖက္ျဖင့္ ထိန္း ကိုင္ထားၿပီး တျခားလက္တစ္ဖက္ျဖင့္ သူ႕အိတ္ထဲက တစ္ခုခုကို ႏွိုက္ထုတ္ကာ ဆိုလာ၏။"ငါ့မွာ အဖ်ားေပ်ာက္ေဆး ရွိတယ္။"

နီးယန္ ေျပာခ်င္တာက ဘာအဖ်ားေပ်ာက္ေဆးလဲ၊ ကြၽန္မက ရွင့္ကို လိုခ်င္တာ ဟူ၍။

သို႔ေသာ္လည္း အမ်ိဳးသမီးတစ္ေယာက္ ျဖစ္သည့္အတြက္ သူမက ပိုၿပီး ထိန္းထိန္းသိမ္းသိမ္း ရွိသင့္သည္ဟု နီးယန္ ခံစားရသည္။

"အဆင္ေျပပါတယ္၊ ကြၽန္မခုခံနိုင္ပါတယ္"

"နီးယန္က အရမ္းက်န္းမာ ဖ်က္လတ္ တာ"စု႐ြမ္႐ြမ္ စကားေျပာၿပီးေနာက္ လုရွီမင္ကလည္း ပ်င္း တြဲစြာ ေျပာလိုက္သည္။"သူမက ကားေမာင္း ၿပိဳင္ေနက်လိဳ႕ ကိုယ္ၾကားမိတယ္"

နီးယန္သည္ အားနည္းတဲ့ စုံတြဲကို စူးစူးဝါးဝါး လိုက္ၿပီး သူမပါးစပ္ ဖြင့္လိုက္ေပမယ့္ ဘာသတိေပးစကားမွ ထြက္မလာေပ။"နင္တို႔ စကားမေျပာလည္း ဘယ္သူ႕မွ နင္တို႔ကို ဆြံ႕အ ေနတယ္လို႔ သေဘာမထားဘူး "

စု႐ြမ္႐ြမ္က စိုးရိမ္စိတ္ျဖင့္ ေျပာလိုက္သည္။"ၾကက္သားစားခ်င္လား?"

နီးယန္ : ...

နီးယန္လည္း တိုက္စစ္ဘက္ကို ေျပာင္းလိုက္ၿပီး လုရွီမင္ဘက္ကို လွည့္လိုက္၏။

"လုရွီမင္၊ နင္လည္းပဲ ကားဘယ္ေမာင္းရမလဲ သင္သင့္တယ္။

လုရွီမင္က စု႐ြမ္႐ြမ္ကို လက္တစ္ဖက္ျဖင့္ဖက္ထားၿပီး ကားျပတင္းေပါက္ကို မွီထားသည္။

နီးယန္ရဲ႕စကားကို ၾကားေတာ့ အမ်ိဳးသားက ႐ုတ္ျခည္း မ်က္လႊာခ်လိဳက္ကာ ၾကည္လင္ေသာ အသံျဖင့္ ေျပာလာသည္။"ကြၽန္ေတာ္ မလုပ္နိုင္ဘူး"

ေယာက္်ားစစ္စစ္ေတြက မလုပ္နိုင္ဘူးဆိုတဲ့ စကားမေျပာဘူး!

စု႐ြမ္႐ြမ္က သူမရဲ႕ တည္ရွိမႈကို အခိုင္အမာ ေဖာ္ျပလာသည္။"ကားဘယ္လိုေမာင္းရမလဲ ကြၽန္မသိတယ္ !"

နီးယန္ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ မေသခ်င္ ကတည္းက စု႐ြမ္႐ြမ္ရဲ႕ အႀကံျပဳခ်က္ကို လိမၼာပါးနပ္စြာ ျငင္းဆိုလိုက္သည္။

"ငါ အခုထိ မေသခ်င္ေသးဘူး"

ဒါက အရမ္းမ်ား တိုက္ရိုက္ဆန္သြားလား?ဒါေပမယ့္ သူမ မေသခ်င္ေသးဘူးေလ။

သူတို႔အားလုံး သူမရဲ႕ ပင္ကို စြမ္းရည္ကို မနာလိုျဖစ္ေနသည္အား ေတြးမိကာ စု႐ြမ္႐ြမ္ သက္ျပင္းရွည္ႀကီး မႈတ္ထုတ္လိုက္ေတာ့၏။

ဉာဏ္ႀကီးရွင္တစ္ေယာက္ ျဖစ္ရတာ အရမ္းအထီးက်န္တာပဲ။

စု႐ြမ္႐ြမ္သည္ လက္တစ္ဖက္ျဖင့္ သူမပါးအား ေထာက္ကာ အျပင္ဘက္မွျမင္ကြင္းအား ေငးၾကည့္ေနလိုက္ေတာ့၏။

သိပ္သည္းေသာႏွင္းမ်ား အဆက္မျပက္ က်ဆင္းေနၿပီး လမ္းေပၚတြင္ ႏွင္းအပုံလိုက္ သာမက ထူထဲေသာ ေရခဲလႊာ တစ္ခုပါရွိေနေလသည္။

ေကာင္းကြၽင့္ရွန္းရဲ႕ကားက တီေကာင္လို တြန႔္လိမ္ေကာက္ေကြ႕သြားေနကာ ခဏေလာက္ ေမာင္းနင္ေနေသးၿပီး တစ္ေယာက္ေယာက္က ကားေပၚမွဆင္းကာ ႏွင္းေတြ ဖယ္ၿပီး လမ္းရွင္းဖို႔ လိုအပ္ေနေပသည္။

ေနာက္ဆုံးေတာ့ ရိုးရွင္းစြာပဲ အားလုံး ကားေပၚက ဆင္းလိုက္ၾကေတာ့သည္။

ေကာင္းကြၽင့္ရွန္းသာလွ်င္ ကားေပၚတြင္ တစ္ေယာက္တည္း ထိုင္ေနၿပီး ေရွ႕က ႏွင္းေတြ နည္းေလာက္ ေကာ္ၿပီးတဲ့အခါ ေရွ႕သို႔ နည္းနည္းေလာက္ တိုးေမာင္းေန၏။

ကားက မေက်မနပ္ျဖင့္ "pupu " ဟူေသာ ျမည္သံမ်ား ထြက္ေပၚေနသည္။

" အရမ္းေႏွးလြန္းတယ္၊ တစ္ခုခုသာရွိရင္ ခ်က္ခ်င္း ေကာ္ထုတ္ပစ္နိုင္ၿပီ" နီးယန္က မတ္မတ္ရပ္ကာ အဆုံးမဲ့ႏွင္းေတြကို ၾကည့္ၿပီး ညည္းၫူလိုက္၏။

ႏွေျမာစရာပဲ။ သူမစြမ္းရည္က ႏွင္းကို ဖယ္ထုတ္ဖို႔ အသုံးမဝင္ဘူး။

ႏွင္းေတြက ေပ်ာက္ကြယ္မသြားပဲ ေကာင္းကင္မွ ထပ္၍ ထပ္၍ပင္ က်ဆင္းလာေလ၏။

ႏွင္းက အရမ္းထူလြန္းေသာေၾကာင့္ ဇြန္ဘီေတြေတာင္မွ ေပ်ာက္ကြယ္ကုန္သည္။

စု႐ြမ္႐ြမ္က အဘြားအိုႏွင့္အတူ ႏွင္းလူသား ေဘးတြင္ ေဆာင့္ေၾကာင့္ထိုင္ေန၏။

ႏွင္းလူသားေပၚတြင္ အရင္ဆုံး ဦးထုတ္တစ္လုံး ထားလိုက္ကာ ေနာက္ေတာ့ မ်က္လုံးႏွစ္ဖက္တပ္လိုက္သည္။

ဝိုး ၾကည့္ပါအုံး၊ သူမရဲ႕ ကြၽမ္းက်င္တဲ့ လက္ရာကို ၾကည့္ပါအုံး!

"႐ြမ္႐ြမ္၊ ကစားမေနနဲ႕။မင္းလက္ေတြ ေအးခဲသြားလိမ့္မယ္၊ ဂ႐ုစိုက္ "

လုရွီမင္က လူကို ေကာက္မလိုက္သည္။

ေကာင္းကြၽင့္ရွန္းလည္း ကားေမာင္းလို႔မရေသးဘူးဟု ခံစားရတာေၾကာင့္ ႏွင္း အတူတူ ေကာ္ထုတ္ရန္ ကားေပၚမွ ဆင္းလာခဲ့သည္။

ဒီျမင္ကြင္းကို ၾကည့္ၿပီး သူက ခ်က္ခ်င္းပဲ မနာလိုစြာ ေျပာလိုက္သည္။"မင္းတို႔ ဆက္ဆံေရးက တကယ္ေကာင္းတာပဲ" ခဏ ရပ္တန႔္ၿပီးေနာက္ သူက ထပ္ေျပာလာသည္။"ကြၽန္ေတာ့္ေကာင္မေလးကလည္း အရမ္းခ်စ္ဖို႔ေကာင္းတယ္"

လုရွီမင္သည္ ေကာင္းကြၽင့္ရွန္း၏ မ်က္လုံးမ်ားကိုၾကည့္ကာ ႐ုတ္တရက္ မဲေမွာင္သြား၏။

ေကာင္းကြၽင့္ ရွန္းသည္ သူ႕ဆံပင္မ်ား ေထာင္သြားၿပီး၊ သူဦးေရခြံ ထုံက်င္သြားတာကို အလိုလို ခံစားမိလိုက္သည္။

သူ သူဘာမွားေျပာမိလို႔လဲ?

ဒီေန႕ေခတ္ လူေတြက အသက္အႏၲရာယ္ ၿခိမ္းေျခာက္မႈ ကို ေတာင္ ခံနိုင္ရည္ရွိရမည္လား?

႐ုတ္တရက္ ႏွင္းလူသားႀကီးက စတင္ၿပီး လႈပ္ခါလာသည္။

စု႐ြမ္႐ြမ္က လွ်င္ျမန္စြာပဲ ေျပးသြားလိုက္ၿပီး ႏွင္း လူသားရဲ႕ေခါင္းကို ထိန္းထားလိုက္သည္။

ႏွင္း လူသားက ျပင္းျပင္းထန္ထန္ ႐ုန္းကန္ေန၍ စု႐ြမ္႐ြမ္ ႀကိဳးႀကိဳးစားစား ဖိခ်ထားကာ အကူအညီ ေတာင္းလိုက္၏။"ဒါက ေျပးေတာ့မယ္!"

အဘြားအိုက လမ္းေလွ်ာက္ထုတ္ကို ကိုင္ကာ ႏွင္းလူသားကို ရိုက္ခ်လိဳက္၏။

ႏွင္းလူသားက ခဏေလာက္ ၿငိမ္သက္သြားၿပီးေနာက္ေတာ့ ႐ူးသြပ္စြာ ႐ုန္းကန္ေတာ့သည္။

အဘြားႏွင့္ စု႐ြမ္႐ြမ္က ေဆာင့္ေၾကာင့္ ထိုင္ၿပီး ႏွင္းလူသားနဲ႕ ကစားေနတုန္း နီးယန္ေရာက္လာ၏။"မကစားနဲ႕ေတာ့၊ႏွင္း ဝိုင္းေကာ္ထုတ္! "

သူမက သူမလက္ထဲက ပုံးကို စု႐ြမ္႐ြမ္ကို ေပးလိုက္သည္။

"အိုး"

စု႐ြမ္႐ြမ္က ပုံးကို သနားစဖြယ္ေလးကိုင္ထားၿပီး ေနာက္ေတာ့ ပုံးကို ႏွင္းလူသားေခါင္းေပၚတင္ေပးလိုက္သည္။

အရမ္းေအးေနတာျဖစ္ရမယ္၊ ဒါေၾကာင့္ ေ႐ႊ႕ခ်င္ေနတာ။

မေမွ်ာ္လင့္ထားစြာ ပုံးလဲ ေနရာခ်ၿပီ ေရာ ႏွင္း လူသားက ခုန္ထြက္လာ၏။

ထိုကိုယ္ေပၚတင္ေနတဲ့ ႏွင္းေတြက တဖြဲဖြဲ ျပဳတ္က်သြားၿပီး ေဟာင္းႏြမ္းေနတဲ့ အဝတ္စားထြက္ေပၚလာသည္။

၎ရဲ႕ ေခါင္းက ေပပါ ေပါက္ထဲ ထိုးဝင္လ်က္ ရွိေန၏။

သူ႕လက္ကို ေဝွ႕ယမ္းလိုက္ၿပီး ဗလုံးဗေထြး အသံမ်ား ပ်ံ့ႏွံ႕လာသည္။

အိုး ၊ အဲ့ဒါ ဇြန္ဘီပဲ။

စု႐ြမ္႐ြမ္က ခ်က္ခ်င္းပဲ ရွင္တို႔ အရင္ေျပး၊ ကြၽန္မ အဲ့ဒါကိုတားထားမယ္! ဟု ေျပာလိုက္၏။

ထို႔ေနာက္ ခ်က္ခ်င္းပင္ ႏွင္းထဲ လဲက်သြားေတာ့သည္။ ဆြဲထုတ္ဖို႔လိုအပ္ေသာပုံစံမ်ိဳး ျဖစ္၏။

"အဲ့ဒါ ဇြန္ဘီပဲ၊ အားလုံး ကားထဲဝင္ၾက !"

ထူထဲ က်ယ္ျပန႔္ေသာ ႏွင္းျပင္တစ္ေလွ်ာက္ မ်ားစြာေသာ ဇြန္ဘီ ေခါင္းေတြ ေပၚထြက္လာတာ သူတို႔ ျမင္လိုက္ရသည္။

သူတို႔အစားအစာအတြက္ တစ္မီတာထက္ နက္ေသာႏွင္းထဲမွ ခက္ခက္ခဲခဲ လႈပ္ရွားေနၾက၏။

သူတို႔သည္ ေဟာင္းႏြမ္းစုတ္ျပတ္ေနၿပီး မ်က္လုံးမ်ားထွိုင္းမွိုင္းေနၾကသည္။ဒီလိုေအးခဲလွေသာ ေဆာင္းရာသီတြင္ပင္ ဇြဲမေလွ်ာ့ၾက။အပိုင္း ရာႏွင့္ခ်ီၿပီးေသာ္လည္း သိုးကိုမစားေသးသည့္ မီးခိုးေရာင္ ဝံပုေလြ၏ ႀကိဳးစားအားထုတ္မႈစိတ္ဓာတ္ႏွင့္ပင္ ႏွိုင္းယွဥ္နိုင္သည္။ သင္ယူထိုက္ေပ၏!

"ကြၽန္မ ေခြး!"

စု႐ြမ္႐ြမ္က စိတ္လႈပ္ရွားစြာျဖင့္ ကားတံခါးကိုဖြင့္ကာ သူမေခြးကို ထြက္ရွာေတာ့သည္။

" အ႐ူးမ၊ ျပန္လာခဲ့စမ္း!"

နီးယန္က ေအာ္ေျပာလိုက္၏။

စု႐ြမ္႐ြမ္ အသံၾကားတဲ့ ဇြန္ဘီေခြးက ႏွင္းေတာထဲမွာ ခုန္ထြက္လာၿပီး သူ႕ပါးစပ္တြင္ သူ႕သားအား ကိုက္ ခ်ီ ထားကာ ခ်က္ခ်င္းျပန္ေရာက္လာသည္။

စု႐ြမ္႐ြမ္က လက္ဆန႔္ထုတ္ကာ ဇြန္ဘီ ေခြးရဲ႕ ဦးေခါင္းကို ပြတ္သပ္ေပးလိုက္ၿပီး ေနာက္ေတာ့ သူမေနာက္ျပန္ျပဳတ္က်သြားေတာ့သည္။

စု႐ြမ္႐ြမ္: ???

ဇြန္ဘီေတြက လက္တစ္ကမ္းစာ နီးကပ္လာၿပီး နီးယန္က လည္း သူတို႔ကို ပစ္ဖို႔ အသင့္ျဖစ္ေနသည္။

ဒါေပမယ့္ ႏွင္းက အရမ္းထူတာေၾကာင့္ သူတို႔မွာကား ထဲတြင္ ပိတ္မိေနၿပီး လုံးဝ မေ႐ြ႕နိုင္ၾကေပ။

ယခုတြက္ၾကည့္ရေသာ္ ဇြန္ဘီေခြးႏွင့္ ဟိုဟိုသည္ သည္ ခုန္ေပါက္ေနတဲ့ စု႐ြမ္႐ြမ္က တကယ့္ကို အလားအလာ အေကာင္းဆုံး ျဖစ္ေနတာ ပါလား?

စု႐ြမ္႐ြမ္က ဇြန္ဘီ ေခြးကို စီးနင္းကာ သူမက အားတက္သေရာ ႏွင့္ ႐ူးေပါေပါ ေအာ္ဟစ္ေနသည္။

ဇြန္ဘီ ေခြးက ပိုပိုႀကီးလာကာ ႏွင္းေတာထဲတြင္ လွပေသာ ေန႕ရက္ကို ခံစားရန္ စု႐ြမ္႐ြမ္ကို ေခၚေဆာင္သြားေလ၏။

သူခုန္လိုက္တဲ့အခါ အရမ္းကို ျမင့္တက္သြားသည္။

ဇြန္ဘီ ေခြးရဲ႕ ေခါင္းေပၚတက္နင္းကာ ဟမ္းစတား တစ္ေကာင္လိုမ်ိဳး ထုရိုက္ေနေလ၏။

"အား ~အား ~ ဝိုး ~ "

စု႐ြမ္႐ြမ္: ငါ့ IQ နဲ႕ ငါ ေလာင္းရဲတယ္။

ဒီတစ္ေခါက္ ငါေသလိမ့္မယ္!

သူမ အာ႐ုံျပန္ရလာေသာအခါ သူမေနာက္တြင္ ဇြန္ဘီ မ်ားရွိေနေၾကာင္း ႐ုတ္ျခည္း ေတြ႕လိုက္ရသည္။

အိုး၊ သူမရဲ႕ ခ်စ္လွစြာေသာ ေကာင္ေလးေတြ။

စု႐ြမ္႐ြမ္ရဲ႕ ခ်စ္လွစြာေသာ ခ်စ္စရာေလးေတြက စည္သြပ္ ငါးေသတၱာလိုမ်ိဳး၊ ဝန္ပင့္ယာဥ္ လိုမ်ိဳး အတူတကြ ဖ်စ္ညွစ္ကာ သူတို႔သြားတဲ့လမ္းတစ္ေလွ်ာက္ ႏွင္းေတြကို ေကာ္ထုတ္သြားၾကသည္။

ဇြန္ဘီေခြးက ႐ုတ္တရက္ အရွိန္ ျမန္လာခဲ့၏။

ေျပးဖို႔ျပင္ေနတဲ့ အစားအစာကို ျမင္ေတာ့ သူတို႔ေနာက္ က ဇြန္ဘီ မ်ားလည္း အရွိန္တင္လာၾကသည္။

ဤသည္က ခံနိုင္ရည္ရွိမႈ၏ ယွဥ္ၿပိဳင္ပြဲျဖစ္၏။

ဇြန္ဘီေခြးက ပို၍ပို၍ ေဝးလံစြာ ေျပးေလၿပီး ဇြန္ဘီ အုပ္က ပို၍ပို၍ ေဝးလံစြာ ေနာက္မွလိုက္ေလသည္။

အားလုံးမွာ သူ႕တို႔ ခႏၶာကိုယ္ကို အသုံးျပဳၿပီး လွမ္းကို ရွင္းလင္းေနတဲ့ ဇြန္ဘီေတြကို ဗလာျဖစ္စြာ ၾကည့္ေနၾကၿပီး သူတို႔ မ်က္လုံးထဲတြင္ ေရွာခ့္ရမႈမ်ား ထင္ဟပ္ေန၏။"သူမ၊ သူမက ဇြန္ဘီေတြကို ေသြးေဆာင္ဖို႔ သူမကိုယ္သူမ အသုံးျပဳေနတာလား?" ေကာင္းကြၽင့္ရွန္းမ်က္လုံးထဲတြင္ မ်က္ရည္မ်ားလည္လာရ၏။

ကိုယ္က်ိဳးမငဲ့ အနစ္နာခံတဲ့ စိတ္ဓာတ္ပဲ !

နီးယန္မ်က္ႏွာေသျဖင့္ ေျပာလိုက္သည္။:"အမ်ားႀကီး ေတြးမေနနဲ႕၊ သူမက ငတုံးပဲ "

ေကာင္းကြၽင့္ရွန္း : ...

"ကားေမာင္းထြက္ရေအာင္" ကား ျပတင္းေပါက္နားတြင္ ထိုင္ကာ ေက်ာပိုးအိတ္နဲ႕ ကစားေနတဲ့ အမ်ိဳးသားက သူ႕လက္ထဲက ပုဆိန္ကို ျဖည္းညင္းစြာ ေျဖေလ်ာ့လိုက္သည္။

ေကာင္းကြၽင့္ရွန္းက ကားစတင္ေမာင္းထြက္လိုက္၏။

လမ္းရဲ႕ အေရွ႕ေတာ္ေတာ္ေဝးေဝးမွာ ဇြန္ဘီအုပ္ေၾကာင့္ ရွင္းလင္းေနၿပီျဖစ္သည္။

ေကာင္းကြၽင့္ရွန္းရဲ႕ ကားအလွ်င္သည္ ဇြန္ဘီ အုပ္၏ လမ္းရွင္း ႏႈန္းကို အမွီ မလိုက္နိုင္သည္အား နီးယန္ သေဘာမေတြ႕ပါေခ်။

သူတို႔ ဘယ္ေလာက္ၾကာၾကာ ေမာင္းခဲ့ရလဲ မသိ၊ သူတို႔ေရွ႕တြင္ လမ္းခြဲ ဆယ္ခုရွိေနသည္။

စု႐ြမ္႐ြမ္သည္ ဇြန္ဘီမ်ားကို ဖယ္ရွားၿပီးသြားေသာအခါ အေကာင္းတိုင္းရွိေနတဲ့ သူမရဲ႕ လက္ေတြနဲ႕ ေျခေထာက္ေတြကို ၾကည့္လိုက္ၿပီး ဘာေၾကာင့္မွန္းမသိသူမ အိုင္က်ဴ ေစာ္ကားခံေနရသလို ခံစားေနရ၏။

သူမ IQ ကို ေနာက္ဘယ္ေတာ့မွ မက်ိန္ဆဲေတာ့ဘူး။

မေတာ္တဆ သူမ ငတုံး ျဖစ္လာမွျဖင့္။

ဇြန္ဘီေခြးက ပင္ပန္းႏြမ္းနယ္လာၿပီး ပုံမွန္အ႐ြယ္အစား ျဖစ္လာသည္။

နီးယန္သည္ "ငါေတာ့ ဒီလို ထိုးႏွက္ခ်က္မ်ိဳးကို သည္းမခံနိုင္ေတာ့ဘူး" ဟူေသာ အမူအရာျဖင့္ ဇြန္ဘီေခြးေပၚရွိေနတဲ့ စု႐ြမ္႐ြမ္ကို ေနာက္ျပန္ တြန္းကာ လုရွီမင္ဆီ ထိုးထည့္လိုက္သည္။

စု႐ြမ္႐ြမ္က လုရွီမင္ ရင္ခြင္ထဲတြင္ ေကြးေကြးေလး ရွိေနၿပီး သုံးမိေလာက္ၾကာေတာ့ ေဟာက္သံ ထြက္လာ၍ ေၾကာက္မက္ဖြယ္ေကာင္းစြာ ေလးမိနစ္၏ ပထမ စကၠန႔္တြင္ အိပ္ေမာက်သြားေလေတာ့သည္။

လုရွီမင္က စု႐ြမ္႐ြမ္ကို ဦးထုတ္ျဖင့္ ဖုံးအုပ္ထားလိုက္သည္။

သူက ေလေၾကာင့္ အနီေရာင္သန္းေနသည့္ သူမမ်က္ႏွာေလးကို ဖ်စ္ညွစ္လိုက္သည္။

မိန္းမငယ္ေလးက သက္ေတာင့္ သက္သာ မရွိသျဖင့္ တအီအီ အသံထြက္ေနၿပီး မသိစိတ္အရ က်င့္သားရစြာ သူ႕ရင္ခြင္ထဲ တိုးဝင္လာ၏။

ေအးစက္ေသာႏွင္းမ်ားႏွင့္ ျခားနားစြာ အမ်ိဳးသားတစ္ေယာက္ရဲ႕ ရင္းႏွီးေသာ ရနံ႕ေလး ရွိေနသည္။

သူ႕ရင္ခြင္ထဲမွာ ေကြးေကြးေလးရွိေနတဲ့ မိန္းမငယ္ေလးကို ၾကည့္ကာ အမ်ိဳးသား၏ႏႈတ္ခမ္းမ်ား သတိမထားမိစြာ အနည္းငယ္ ေကာ့တက္သြား၏။

"ေရွ႕မွာ တခုခုရွိေနပုံရတယ္"

ေရွာင္ယြီက စစ္သုံးမွန္ဘီလူးကိုယူၿပီး ကားျပတင္းအျပင္ဘက္ လမ္းကိုၾကည့္လိုက္သည္။"လမ္း အတားအဆီးတစ္ခုပဲ၊ အဲ့ေပၚမွာ သေကၤတ တစ္ခုလည္း ခ်ိတ္ထားတယ္၊အေျခစိုက္စခန္းတစ္ခု ရွိပုံပဲ"

"ဒီနားမွာ အေျခစိုက္စခန္းရွိတာလား?"

နီးယန္က ကားဆက္ေမာင္းဖို႔ အသံတိုးတိုးႏွင့္ ေျပာလိုက္သည္။

ယခုတြင္ ေအးခဲေနၿပီး ႏွင္းမ်ားလည္း က်ဆင္းေန၏။သူတို႔မွာ အမွန္တကယ္ကို အေျခစိုက္စခန္းတစ္ခု လိုအပ္ေနသည္။

သို႔ေသာ္လည္း ဒီအေျခစိုက္စခန္းက သူတို႔ ေမွ်ာ္လင့္ထားသည္ႏွင့္ အနည္းငယ္ကြာျခားေပ၏။

🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️

အေျခစိုက္စခန္းက ေသးငယ္တဲ့ေနတဲ့ ေနရာတစ္ခုျဖစ္ၿပီး၊ ေသးငယ္တဲ့အ႐ြယ္အစားမွ်သာ ရွိသည္။

စီမံအုပ္ခ်ဳပ္မႈကလည္း အနည္းငယ္ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေန၏။သာမန္လူေတြမို႔လို႔ ျဖစ္နိုင္ပါသည္။

"ငါတို႔က လူေကာင္းေတြပါ"

ေရွာင္ယြီရဲ႕ မ်က္ႏွာက ကားျပတင္းေပါက္မွ ထြက္ေပၚလာသည္။

အေျခစိုက္စခန္းဝင္ေပါက္ကလူေတြက နိုးနိုးၾကားၾကားျဖင့္ ခ်က္ခ်င္းပဲ သူတို႔ေသနတ္ေတြကို ျမႇောက္လိုက္ၾကသည္။

နီးယန္က မႈန္ရီ မႈန္ဝါးပုံစံနဲ႕ နိုးေနၿပီျဖစ္တဲ့ စု႐ြမ္႐ြမ္ကိုဆြဲေခၚကာ ကားျပတင္းေပါက္ေပၚတြင္ သူမမ်က္ႏွာကို ဖိလိုက္၏။

သူမ မ်က္ႏွာကို သုံးမယ္!

မိန္းမငယ္ေလးရဲ႕ ႏူးညံ့ သြယ္လ်ေသာပုံရိပ္ေလးက ကားျပတင္းေပါက္ကို မွီကာ ပါးစပ္ကိုဖုံးအုပ္၍ သမ္းေဝ လိုက္သည္။

ပါးလႊာေသာ ျမဴခိုးလႊာ တစ္ထပ္က ထိုမ်က္လုံးမ်ားထဲ ရစ္သိုင္းလာ၏။

ပင္လယ္ေရေမွာ္လိုမ်ိဳး အနက္ေရာင္ဆံပင္ေတြက နီရဲရဲပါးေပၚတြင္ က်ဆင္းလ်က္ ႏူးညံ့သိမ္ေမြ႕မႈ ကို ေပၚလြင္ေစသည္။

နီးယန္က စု႐ြမ္႐ြမ္ရဲ႕ႏူးညံ့ေသာ မ်က္ႏွာကို ၾကည့္လိုက္ၿပီး တိတ္တဆိတ္ တံေတြးမ်ိဳခ်လိဳက္သည္။

ဘာေၾကာင့္ ဒီအမ်ိဳးသမီးက ပိုပိုၿပီး လွလာတယ္လို႔ ထင္ေနရတာလဲ?

တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ အံ့အားသင့္ေစသည္ကို က်င့္သားရေနပမယ့္ ယခုတြင္လည္း လူေတြအား စြဲလမ္းေစနိုင္ေသးေပ၏။

နီးယန္ရဲ႕ မ်က္လုံးထဲတြင္ နတ္သမီး အျဖစ္မွ မင္စာေလးအျဖစ္ ကူးေျပာင္းသြားခဲ့၍လား သို႔မဟုတ္ တိုင္းျပည္ႏွင့္ လူမ်ိဳးကို ေဘးဥပဒ္ျဖစ္ေစနိုင္သည့္ စု႐ြမ္႐ြမ္က သမ္းေဝေနရင္း အျပင္ဘက္က လူကို မဂၤလာပါလို႔ ႏႈတ္ဆက္လိုက္၍လား ေတာ့ မသိ။

ထိုလူမ်ားမွာ ပါးစပ္ေဟာင္းေလာင္းဖြင့္ထားၾကလ်က္ သြားရည္မ်ားမွာက်႐ုံျဖင့္ ေအးခဲသြားၾကသည္။

အလွတရားအား အသုံးျပဳၿပီးေနာက္ ကားဟာ အေျခစိုက္စခန္းသို႔ ေခ်ာေမြ႕စြာ ဝင္ေရာက္သြားခဲ့သည္။

အေျခစိုက္စခန္း မန္ေနဂ်ာက သူတို႔ကို ခရီးဦးႀကိဳျပဳရန္ လူကိုယ္တိုင္ ထြက္လာသည္။

သူက အသက္သုံးဆယ္အ႐ြယ္ ေယာက်ာ္း တစ္ေယာက္ ျဖစ္သည္။

သူက စု႐ြမ္႐ြမ္ကို တစ္ခ်က္ၾကည့္ၿပီး မ်က္လုံးမ်ားလက္ခနဲ ေတာက္ပသြား၏။

သို႔ေသာ္ျငား ထိုအၾကည့္က တျခားတစ္ေယာက္ရဲ႕ ရင္သပ္ရႈေမာဖြယ္ေကာင္းမႈ ကို တမ္းတမ္းစြဲ ခ်စ္ေနသလိုမ်ိဳး ၾကည့္ေနတာမဟုတ္ပဲ ...
ဝက္ကို ၾကည့္ေနတဲ့ အၾကည့္မ်ိဳးေပ။

"ကြၽန္ေတာ္တို႔ အမ်ိဳးသမီးနဲ႕ ကေလးေတြကို ႀကိဳဆိုပါတယ္၊ ကမာၻပ်က္ကပ္မွာ မိန္းမနဲ႕ ကေလးေတြကို ပထမဦးစားေပး ဂ႐ုစိုက္ရပါမယ္။မိန္းမနဲ႕ ကေလးေတြက ပထမဦးစားေပးပဲေနာ္ "

မန္ေနဂ်ာက စိတ္အားထက္သန္စြာျဖင့္ သူတို႔အေျခစိုက္စခန္းရဲ႕ ေဆာင္ပုဒ္ကို ေႂကြးေၾကာ္ ေအာ္ေျပာေနသည္။

တခ်ိဳ႕က နည္းနည္း ပိုရွည္ေန၏။

"ကြၽန္ေတာ္တို႔ကို ရိကၡာေပးဖို႔ မလိုပါဘူး" မန္ေနဂ်ာက ေခါင္းခါကာ ေျပာလိုက္သည္။"မလိုပါဘူး"

ထို႔ေနာက္ သူက အုပ္စုထဲက အငယ္ဆုံး ေဘဘီ ေရွာင္ကို ၾကည့္လိုက္သည္။

သူက သူ႕အိတ္ကပ္ထဲက သၾကားလုံးတစ္လုံးထုတ္လိုက္ၿပီး ေဘဘီ ေရွာင္ကို ေပး၍ က်ီဆယ္လိုက္၏။

"ဦးေလးက မင္းကို သၾကားလုံးေပးမယ္၊ မင္းက ဦးေလးကို တစ္ကိုက္ေပး ကိုက္မယ္မို႔လား?" (ကိုက္တာက အသားကို စားတာကို ေျပာတာပါေနာ္၊ လူသားစားတာမ်ိဳး)

ေဘဘီေရွာင္က သူ႕ပါးစပ္ေလးကို ဖြင့္လာ၏။

ေရွာင္ယြီက ခ်က္ခ်င္းပဲ သူ႕ရဲ႕ ဖုန္တက္ေနတဲ့ ဖဲသားစကို ထုတ္လိုက္သည္။

ေဘဘီေရွာင္ရဲ႕ပါးစပ္ေလး ျပန္ပိတ္သြားေလသည္။

မန္ေနဂ်ာက ရယ္ေမာၿပီး ေျပာလိုက္သည္။"ဟား ဟား ဟား ၊ဦးေလးက ေနာက္တာပါကြာ၊ လာ၊ သၾကားလုံးစား " သၾကားလုံးကို ေဘဘီ ေရွာင္ပါးစပ္ထဲထည့္ေပးလိုက္သည္။

ေဘဘီေရွာင္: အရသာမရွိဘူး!

ထို႔ေနာက္ ၾကက္ေျခေထာက္သနပ္ကိုသာ ဆက္လက္ဝါးေနေတာ့၏။

မန္ေနဂ်ာ :...

အားလုံးမွာ အေျခစိုက္စခန္းတြင္ ယာယီတည္းခိုၾက၏။

ဒီလူေတြက ဧည့္ဝတ္ေက်ပြန္ၾကၿပီး သူတို႔ရဲ႕ ဖန္လုံအိမ္တြင္းစိုက္ပ်ိဳးေသာ ဟင္းသီးဟင္း႐ြက္ေတြကိုေတာင္ နီးယန္ကို ေပးလိုက္ေသး၏။

ဒီကမာၻပ်က္ကပ္၌ ဖန္လုံအိမ္ထဲတြင္ေတာ့ ဟင္းသီးဟင္း႐ြက္မ်ား စိုက္ပ်ိဳးနိုင္ေသးတာက တကယ့္ကို အံ့ၾသဖို႔ ေကာင္းေပသည္။

စု႐ြမ္႐ြမ္သည္ ေရွာင့္ခ်င့္ဆိုင္ေဘးတြင္ ေဆာင့္ေၾကာင့္ ထိုင္လိုက္ၿပီး သူမရဲ႕ လက္ေလးကိုထုတ္ကာ ထပ္ကာထပ္ကာ ထိၾကည့္လိုက္၏။

{ေရွာင့္ခ်င့္ဆိုင္-မုန္ညင္းပါတဲ့🥬}

"စု႐ြမ္႐ြမ္၊ မလႈပ္နဲ႕ "

နီးယန္ သတိေပးလိုက္သည္။

"အိုး"

စု႐ြမ္႐ြမ္သည္ ခိုးယူထားတဲ့ အစိမ္းေရာင္အသီးအ႐ြက္ကို ျပန္ထား, ထားလိုက္သည္။

ေနထိုင္ရာ ေနရာ သိပ္မႀကီးေသာေၾကာင့္ အခန္းအနည္းသာလွ်င္ အပိုရွိေပ၏။

အားလုံးမွာ အစား,စားဖို႔ ကန္တင္း သို႔ သြားၾကသည္။

ေရွာင္ယြီသည္ စု႐ြမ္႐ြမ္ဆီ ေရွာင္ေပါင္ေပါင္ကို အပ္ႏွံထားတာေၾကာင့္ အလြန္ပင္ စိတ္ေအးသက္သာရွိေန၏။

စု႐ြမ္႐ြမ္သည္ နီးယန္က သူပုံးနဲ႕ အတူ အေဝးကို ေလွ်ာက္သြားတာကို ေစာင့္ၾကည့္ေနေလ၏။

သူမက နတ္သမီးပုံျပင္စာအုပ္ကို ထုတ္ၿပီး ေဘဘီ ေရွာင္ကို ပုံေျပာျပေနလိုက္သည္။"ၾကည့္ပါဦး၊ဒါက ပုဆိန္ေလးရဲ႕ ဦးေႏွာက္! ရက္စက္တဲ့ ေရွာင္႐ႊီ!စိတ္ႀကီးတဲ့ မိန္! ႐ႊံ႕လူး ေရွာင္ဖူ!နာက်င္ေနတဲ့ ေရွာင္ဟိုင္! ေဒါသႀကီးတဲ့ လည္ပင္းႀကီး !စပါးအုံးႀကီးရဲ႕ ဖိနပ္ ! သနားစရာ ေၾကာင္ႀကီး !
Dan Dinghuo ..." ( ဘာေတြမွန္း ျမဴ လည္း မသိပါဘူး၊ ပုံျပင္ထဲက ဇာတ္ေကာင္ေတြ ထင္တာပဲ )

ထမင္းစားၿပီး ျပန္လာတဲ့နီးယန္က စု႐ြမ္႐ြမ္ရဲ႕ပုံးကို သူမကို ေပးလိုက္၏။"ဘာေတြဖက္ေနတာလဲ၊ ကေလးကို ထူးထူးဆန္းဆန္းေတြ သင္ေပးမေနနဲ႕ "

စု႐ြမ္႐ြမ္က လွ်ာေခ်ာ္ၿပီး ေျပာလိုက္မိသည္။"စားစရာေတြ "

နီးယန္ : " ... နင္က ကမာၻအဆင့္မီ ခ်က္ျပဳတ္နည္းေတြကို သိတယ္ေပါ့၊ ဒါက တိရစာၦန္ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕က ကာကြယ္ေစာင့္ေရွာက္ထားတဲ့ မ်ိဳးသုန္းလုနီးပါး ျဖစ္ေနတဲ့ သတၱဝါေတြ မဟုတ္လား?"

စု႐ြမ္႐ြမ္ တံေတြး ခက္ခက္ခဲခဲ မ်ိဳခ်လိဳက္သည္။"အရသာရွိ သင့္တယ္၊မဟုတ္ရင္ ဘယ္လိုလုပ္ မ်ိဳးသုန္းေပ်ာက္ကြယ္သြားနိုင္မွာလဲ?

ဒီလိုေျပာၿပီးေနာက္ စု႐ြမ္႐ြမ္က စတင္ စားေသာက္ေတာ့သည္။

သူမ ဒီေန႕ အရမ္း ဂ်ီးမ်ားေနၿပီး အမွိုက္ပုံးထဲသို႔ အသားေတြ သြန္ပစ္လိုက္၏။

စု႐ြမ္႐ြမ္ရဲ႕ လႈပ္ရွားမႈကို ၾကည့္ၿပီး နီးယန္က အံ့ဩသြားသည္။"နင္ တကယ္ႀကီး အသားမစားဘူးလား?"

စု႐ြမ္႐ြမ္က မ်က္ႏွာေလးရႈံ႕တြၿပီး မေက်မနပ္ေျပာလိုက္သည္။"ဘာလို႔လဲ မသိဘူး ၊ ဒီအသား တုံးေတြၾကည့္ရင္ ေနမေကာင္းျဖစ္ၿပီး အန္ခ်င္လိုခံစားရတယ္၊ အဲ့ဒါက ပုပ္ေနတာ ျဖစ္ရမယ္"

နီးယန္က စု႐ြမ္႐ြမ္ကို ၾကည့္ရင္း ႐ုတ္တရက္ မ်က္လုံးမ်ား နက္ရွိုင္းလာသည္။

"နင္ ႏုံးခ်ိၿပီး အစားၾကဴး ေနလား၊ မၾကာေသးခင္က ကိုယ္အေလးခ်ိန္တိုးလာတယ္လို႔ ခံစားရလား?"

စု႐ြမ္႐ြမ္ အေလးအနက္ ေတြးၾကည့္လိုက္သည္။"ဟင့္အင္း"

စကားေျပာၿပီးေတာ့ သူမ အိပ္ခ်င္လာျပန္သည္။

မတက္နိုင္ဘူး၊အိပ္ရင္းနဲ႕ပဲ စားတာေပါ့။

နီးယန္သည္ စု႐ြမ္႐ြမ္ကို ရႈပ္ေထြးေသာ အၾကည့္ျဖင့္ ၾကည့္လိုက္ၿပီး မၾကာေသးခင္က စု႐ြမ္႐ြမ္ကို ပိုပိုၿပီး ကပ္တြယ္လာတဲ့ ေဘဘီေရွာင္ကို ၾကည့္လိုက္ကာ ႐ုတ္တရက္ သူမႏွလုံးသားတြင္ ေပၚလြင္ထင္ရွားေသာ အေတြးတစ္ခု ျဖစ္တည္လာေတာ့၏။

ထို႔ေနာက္ ေခါင္းငုံ႕လိုက္ၿပီး သူမပန္းကန္ထဲက အသားကို ၾကည့္လိုက္သည္။

ဘာေၾကာင့္မွန္းမသိေသာ အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ သူမလည္း ဒီအသားကိုပုပ္ေနတယ္ဟု ခံစားေနရသည္။

တဖက္တြင္၊ အမ်ိဳးသားမ်ား က သူတို႔ရဲ႕ ေန႕လည္စာဘူးနဲ႕ ၀င္လာၾကသည္။

သူတို႔က အသား မရၾကေပ။

"အသားက အမ်ိဳးသမီးနဲ႕ ကေလးေတြအတြက္ပဲ " လို႔ ေရွာင္ယြီ ေျပာလိုက္၏။

ေကာင္းကြၽင့္ရွန္းကလည္း သေဘာတူ ေခါင္းညိတ္လိုက္ၿပီး သိသိသာသာကို အေတြးခ်င္းတူေနသည္။

အဘြားကိုက သူမ မဝါးနိုင္ဘူးဟု ေျပာလိုက္သည္၊

လုရွီမင္က ပိုၿပီးေတာ့ ေတာင္ ရိုးရွင္းပါ၏။ "ဒီေန႕ စားခ်င္စိတ္ မရွိဘူး"

နီးယန္၏ အၾကည့္က လုရွီမင္ေပၚက်ေရာက္သြားၿပီး ခဏေလာက္ အံ့ဩေနကာ သက္ျပင္းတစ္ခ်က္ခ်လိဳက္၏။

ခဏေလာက္ အိပ္ေမာက်ၿပီးေနာက္ ခဏေလာက္နိုးလာကာ ခဏေလာက္ စားၿပီးေနာက္မွာ နီးယန္ရဲ႕အၾကည့္ကို စု႐ြမ္႐ြမ္ ျမင္ၿပီး နီးယန္က သူ႕မေကာင္ေလးနဲ႕ ခ်စ္မိသြားၿပီလားဟု ေတြးေတာမိသြားသည္။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

အားလုံးက အေျခစိုက္စခန္းတြင္ သုံးရက္အၾကာ ေနခဲ့၏။

စု႐ြမ္႐ြမ္က သူမ ရွာေတြ႕ထားတဲ့လွ်ို႔ဝွက္ခ်က္ကို လုရွီမင္ႏွင့္ အတူ မွ်ေဝလိုက္သည္။"နီးယန္က ကြၽန္မကိုခ်စ္မိေနတာလို႔ ကြၽန္မထင္တယ္"

အမ်ိဳးသားက မ်က္ခုံးပင့္လိုက္၏။"အိုး ?"

စု႐ြမ္႐ြမ္ ေျပာလိုက္သည္။"ကြၽန္မကို မယုံတာ သိပါတယ္၊ ကြၽန္မ ရွင့္ကို သက္ေသျပမယ္"

သူမက လမ္းေပၚ ေျပးသြားလိုက္၏။

ေရွာင္ယြီ နဲ႕ စကားေျပာေနတဲ့ နီးယန္က ေျပး ခ်လာၿပီး သူမကို နား႐ြက္ဆြဲလိုက္သည္။"ဂ႐ုစိုက္စမ္း !လဲက်သြားရင္ ဘယ္လိုလုပ္မလဲ !"

စု႐ြမ္႐ြမ္က ငိုခ်လာၿပီး သူမတို႔က မျဖစ္နိုင္ဘူးဟု ေျပာလိုက္၏။

နီးယန္ :နင္ဘာ ေသာက္ အေတြးေတြ ေတြးေနတာလဲ။

နီးယန္က သူမရဲ႕ စိတ္ဆိုးမာန္ဆိုး ခံစားခ်က္ကို အေကာင္းဆုံး ခ်ဳပ္တည္းထားၿပီး သူမကို ႏွစ္သိမ့္လိုက္၏။"ဒီေန႕ ဗိုက္ ျပည့္လား?"

႐ုတ္တရက္ ႏူးညံ့သြားတဲ့ နီးယန္ရဲ႕ မ်က္ႏွာခ်င္းဆိုင္တြင္ စု႐ြမ္႐ြမ္တ သူမဗိုက္ေလးကိုထိလိုက္၏။"စားတာလား ၊ ကြၽန္မ ဗိုက္ျပည့္ပါတယ္"

" မသက္မသာ ခံစားရလား?"

"ဟင့္အင္း "

စု႐ြမ္႐ြမ္သည္ ပိုၿပီးေတာ့ ၾကက္သီးေမႊးညွင္း ထသလို ခံစားလာရ၏။

ေနာက္ဆုံးေတာ့ နီးယန္က စု႐ြမ္႐ြမ္ကို လႊတ္ေပးလိုက္ၿပီး လုရွီမင္ဆီသို႔ ေလွ်ာက္သြားလိုက္သည္။

"ငါနင္နဲ႕ ေျပာစရာရွိတယ္"

လုရွီမင္က နီးယန္နဲ႕ အတူ အျပင္သို႔ ျဖည္းျဖည္းခ်င္း ေလွ်ာက္ ထြက္သြားသည္။

စု႐ြမ္႐ြမ္က ေရွာင္ယြီ နဲ႕ အတူ ရပ္ေနခဲ့ရင္း လူႏွစ္ေယာက္ရဲ႕ ေနာက္ေက်ာကို ၾကည့္ကာ ဘာေၾကာင့္မွန္းမသိေပမယ့္ ရွင္းျပ၍ မရနိုင္စြာ အနည္းငယ္ ခ်ဥ္စုပ္စုပ္ခံစားလိုက္ရ၏။

ဗိုက္ေနတာ ျဖစ္ရမယ္။

ပိုစားတာေပါ့။

ေကာ္ရစ္တာတြင္ နီးယန္နဲ႕ လုရွီမင္သာ ရွိေန၏။

နီးယန္က ရင္ဘက္ပတ္လည္တြင္ လက္တင္ထား ၿပီး (လက္ပိုက္ထားၿပီး) စိတ္ဆိုးမာန္ဆိုးျဖင့္ စီးကရက္ထုတ္ၿပီး မီးညွိကာ တစ္ဝက္ေလာက္ေသာက္ၿပီးေနာက္မွ ေျပာလိုက္သည္။"ဘာေၾကာင့္ အတိုင္းအတာ မရွိရတာလဲ?"

လုရွီမင္က နံရံကိုမွီထားလ်က္ သူ႕ဆံပင္ရွည္ေတြက ပခုံးထိေရာက္ေန၏။

အမ်ိဳးသားက ေခါင္းအနည္းငယ္ ေမာ့လာေတာ့ သူ႕အနက္ေရာင္ ဆံပင္ေတြက ႏႈတ္ခမ္းေထာင့္သို႔ ထိခတ္သြား လွပ ေကြးၫြတ္ေသာလည္ပင္းေနာက္ပိုင္းကို ေပၚလြင္ေစသည္။

အမ်ိဳးသားရဲ႕ စိတ္ေနသေဘာထားက ျမင့္ျမတ္ကာ သိမ္ေမြ႕ႏူးညံ့ေန၏။

" အတိုင္းအတာ?"

လုရွီမင္က ႏႈတ္ခမ္းပါးကိုဖြင့္လိုက္ၿပီး ျပတင္းေပါက္ကိုလည္း ဖြင့္လိုက္သည္။

နီးယန္မွာ ေအးစက္မႈေၾကာင့္တုန္ယင္သြားၿပီး သူမ လက္ထဲက စီးကရက္မွာ ခ်က္ခ်င္းေအးခဲသြားသည္။

ေဒါသထြက္စြာျဖင့္ စီးကရက္ကို အေဝး လႊတ္ပစ္လိုက္၏။

"႐ြမ့္႐ြမ့္မွာ ကိုယ္ဝန္ရွိေနၿပီ။" လုရွီမင္၏ မ်က္လုံးမ်ားမွာ တခဏခ်င္းအတြင္း က်ဆင္းသြားၿပီး သူ႕ဆီက ႐ုတ္တရက္ ထြက္ေပၚလာတဲ့ ရန္လိုမႈမွာ သူ႕ေနာက္ က အဆုံးမဲ့ ႏွင္းမ်ားေၾကာင့္ ဖိႏွိပ္ခံထားရသည္။

ဒါက ပထမဆုံးအႀကိမ္အျဖစ္ အမ်ိဳးသားရဲ႕ ႀကီးမားတဲ့ စိတ္ အေျပာင္းအလဲကို နီးယန္ ျမင္လိုက္ရျခင္းပင္။

နီးယန္ရဲ႕ မ်က္လုံးထဲတြင္ အားနည္းတဲ့ၾကက္ကေလးက ဤကမာၻပ်က္ကပ္ထဲတြင္ ေဒါသထြက္ရန္ ခြန္အားပင္ မရွိေသာေၾကာင့္ေပ။

မည္မွ် အားနည္းတဲ့ ေယာက္်ားျဖစ္ပါေစ၊သူ႕တြင္လည္း ေယာက္်ားတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာရွိ၏။

ဥပမာဆိုရေသာ္၊ သူတို႔ ဦးထုတ္စိမ္း အေစာင္းခံရေသာအခါမ်ိဳးတြင္ ပင္။

သူမ လွ်ို႔ဝွက္ခ်က္ႀကီး တခ်ိဳ႕ရွာေတြ႕လိုက္ရသလို ခံစားလိုက္ရ၏။

"ဒါဆို ဘာလဲ နင့္ကေလး မဟုတ္ဘူးလား?"

"ဟမ့္" လုရွီမင္က ႏွာမႈတ္လိုက္ၿပီး သူ႕ေနာက္ က ပုဆိန္ေလးကို ေ႐ႊ႕လိုက္သည္။

" ဒါဆို ဘာလဲ အ႐ူးမေလးက နင္နဲ႕ပဲ အၿမဲအတူရွိေနတာေလ၊ တျခားေယာက္်ားေတြ ရွိဖို႔ဆိုတာ မျဖစ္နိုင္ပါဘူး ... ဘာလဲ?

"ဟမ့္" လုရွီမင္ က ထပ္ၿပီး ႏွာမႈတ္လိုက္ျပန္၏။

နိီးယန္ ေခြၽးေအးမ်ား တရိပ္ရိပ္ ထြက္လာေတာ့သည္။

ျပတင္းေပါက္ အျပင္ဘက္မွ တိုက္သည့္ ေလကေတာ့ အရမ္းေအးလြန္းသည္ဟု သူမခံစားေနရဆဲပင္။

အခုေတာ့ ေလက လုံေလာက္ေအာင္ မျပင္းေသးဟု ခံစားလိုက္ရ၏။သူမကို ပါ တစ္ပါတည္း သိမ္းက်ဳံးတိုက္သြားရင္ ပိုေကာင္းေပမည္။

တဖက္တြင္ စု႐ြမ္႐ြမ္က တိတ္တိတ္ေလးေနာက္မွ လိုက္လာခဲ့၏။

လွိုင္းထန္ေနသည္ဟု ထင္ရေသာ လုရွီမင္ မ်က္လုံးမ်ားႏွင့္ ေတြ႕ဆုံလိုက္ရသည္။

သူမ ေခ်ာင္းၾကည့္႐ုံရွိေသးမိသြားခဲ့၏။

စု႐ြမ္႐ြမ္ ညင္သာစြာ ေခ်ာင္းဆိုးလ်က္ မေက်မနပ္ေျပာလိုက္သည္။"ကြၽန္မက ဆံပင္ အေျခာက္ခံခ်င္လို႔ အျပင္ထြက္လာ႐ုံပဲ ၊ ဘာမွမၾကားလိုက္ဘူး "

စု႐ြမ္႐ြမ္ ႐ုတ္တရက္ အရမ္းေဒါသထြက္လာရ၏။

ျပတင္းေပါက္ကို သူမရလက္သီးေသးေသးေလးနဲ႕ ျပင္းျပင္းထန္ထန္ ထုလိုက္သည္။

နီးယန္က ဆိုလာသည္။"ၾကည့္ ၊ ႏုံးခ်ိတယ္၊ အစားၾကဴးတယ္၊ စိတ္အတက္အက်မ်ားတယ္၊ သံသယျဖစ္ တက္တယ္၊ ၿပီးေတာ့ ေဒါသႀကီးတယ္၊ အိုင္က်ဴ လည္း နည္း ..."

အိုး သူမရဲ႕ အိုင္က်ဴက ျမင့္ကို မျမင့္တာ ပါေလ၊ က်စရာ ကို မရွိေတာ့ဘူး။

" ဒါေတြအားလုံးက ကိုယ္ဝန္ေဆာင္ေတြရဲ႕ လကၡဏာေတြပဲ။ " အမ်ိဳးသားက မ်က္လုံးမ်ား ေမွး က်ဥ္းလိုက္ကာ ေရွ႕ကို ေလွ်ာက္သြားၿပီး "ကလစ္"ဟူေသာအသံႏွင့္အတူ ျပတင္းေပါက္ကို ဖြင့္လိုက္သည္။

စု႐ြမ္႐ြမ္ဆီ ေလတိုက္ခက္သြားတာေၾကာင့္ သူမမ်က္ႏွာပုံပ်က္လုနီးပါး ျဖစ္သြားရ၏။

စကားေျပာဖို႔ ပါးစပ္ ဖြင့္လိုက္ေပမယ့္ ေလေအးေတြ လွ်င္ျမန္စြာ ျပည့္လာတာေၾကာင့္ ႏွင္းပြင့္မ်ားပါးစပ္အျပည့္ျဖစ္လာေတာ့သည္။

ေအးခဲမႈေၾကာင့္ တုန္ယင္ေနတဲ့ စု႐ြမ္႐ြမ္: ငါ့ကို မေက်မနပ္ျဖစ္ေနတယ္ထင္တယ္။

မေန႕ညက အိပ္ရာထဲမွာ မုန္ညင္းခိုးစားလို႔ ေဒါသထြက္ေနတာလား?

ရွင့္္ကို အိတ္တစ္အိတ္မွ်ေဝဖို႔ ျပႆနာႀကီးပဲေလ။

အမ်ိဳးသားက လက္ဆန႔္ထုတ္ကာ စု႐ြမ္႐ြမ္ပါးေလးအား ဆြဲလိုက္သည္။

အရမ္းေအးခဲေနၿပီျဖစ္တဲ့ စု႐ြမ္႐ြမ္ကို စိုက္ၾကည့္ေန၏။

ကိုယ့္လူ၊ ကြၽန္မကို ဒါလုပ္ဖို႔ ဖိအားမေပးပါနဲ႕!

ကြၽန္မကို လႊတ္၊ ကြၽန္မကို လႊတ္!

အမ်ိဳးသားက ပိုၿပီးေတာ့ ျပင္းျပင္းထန္ထန္ ဖ်စ္ညွစ္လာ၏။

စု႐ြမ္႐ြမ္လည္း ရွင္အရင္ စကားေျပာၿပီးရင္ ကြၽန္မတစ္ေယာက္တည္း ကစားပါရေစ ဟု မ်က္ရည္ အျပည့္နဲ႕ ေျပာလိုက္၏။

အမ်ိဳးသားရဲ႕ မ်က္ႏွာက ပိုပိုၿပီး မဲေမွာင္လာကာ မထင္မရွား ျဖစ္လာ၏။

ေအးစက္ေသာႏွင္းမ်ားက သူ႕ပတ္လည္တြင္ ဝန္းရံေနေလသည္။

ဒါဘယ္လို ေဒါသႀကီးလဲ !

အိတ္ႏွစ္အိတ္ ခြဲေပးဖို႔ က ျပႆနာႀကီးပဲ။

အို .......အိုေက၊ ကြၽန္မ မုန္ညင္းခိုးမိတာ ျပႆနာႀကီးပါပဲ၊ ကြၽန္မ ရွင့္ ပစၥည္း မခိုးေတာ့ပါဘူး။


Continue Reading

You'll Also Like

558K 15.1K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
63.9K 7.5K 172
sequel of (1394 to final)
15.5K 1.3K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...
538K 48.1K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်