Unicode
သိပ်မကြာခင်မှာပဲ ရှီရှန်းက မမျှော်လင့်ထားတဲ့ ဖုန်းခေါ်တာကို ရလိုက်တယ်
သူမကိုပိုပြီးတော့တောင် အံအားသင့်သွားစေတယ်
ဘာသာရပ်ကို ချိန်းပစ်လိုက်ပြီ
သူမမေဂျာက ကွန်ပျူတာသိပ္ပံဖြစ်သွားပြီ
'ဘာကြီးနေနေ ငါကတော့ဂရုမစိုက်ဘူး ငါ့မေဂျာကိုပြောင်းတဲ့အထိ လုပ်စရာလိုလို့လားဟင်...ပြီးတော့ ငါ့ကိုလည်းအရင်မေးသင့်တယ်မဟုတ်လား ဒတိယနှစ်တောင်ရောက်နေပြီလေငါက'
ဒါကို ဘယ်သူလုပ်ခဲ့တယ်ဆိုတာ စဥ်းစားစရာတောင်မလိုပါဘူး
ချောင်ဖူက သူ့လုပ်ငန်းနဲ့သူ ရပ်တည်နေတာဖြစ်ပြီးတော့ ချောင်မူကတော့
ပညာရေးနယ်ပယ်မှာ အလုပ်လုပ်တဲ့သူဖြစ်တယ် ဒါကြောင့် သူမမှာ အဆက်အသွယ်တွေ အများကြီးရှိတယ် ရှီရှန်းရဲ့ မေဂျာကို ချိန်းပေးလိုက်ဖို့က သူမအတွက်တော့အသာလေးပဲ
'ဒါပေမယ့် လည်းသူကဘာလို့ သိပ္ပံကွန်ပျူတာကိုမှ ရွေးလိုက်ရတာလဲ, ငါ့ကိုယောကျ်ားလေးတွေ ကြားထဲ ထွန်းထွန်းတောက်စေချင်နေတာလား'
ကွန်ပျူတာ သိပ္ပံပညာက သူမရဲ့ ကျွမ်းကျင်ဘာသာပဲ ဒါကြောင့် ရှီရှန်းအတွက်ကျောင်းတက်စရာမလိုဘူး ဒါကြောင့် ရှီရှန်းက မတက်မှာသေချာသွားပြီ
ဒါကြောင့်လည်း ချောင်မူက သူမကိုနေ့စဥ်ဖုန်းခေါ်ပြီး မပြီးဆုံးနိုင်တဲ့ စာစောင်တွေပို့တယ်
အဆုံးမှာတော့ ချောင်မူက သူမကို ကျောင်းမတက်ရင် အိမ်မပြန်လာဖို့ပါ ပြောလိုက်တယ်
'မပြန်ရတော့ရောဘာဖြစ်လဲ, ငါကပြန်ချင်နေတယ်ဆိုတော့'
.........
"ငါဒီနေ့ ပါမောက္ခကိုတွေ့လိုက်တယ် သူကအတော်လေး ရုပ်ချောတာပဲ!"
"သူကလေ အကြားအမြင်ရနေတယ်လို့တောင် ကောလောဟာလတွေထွက်သေးတယ်သူစာသင်နေရင် ဘယ်သူမှ ဖုန်းမကိုင်ရဲဘူးတဲ့"
"သူကအရမ်းခန့်တာပဲ ဒါပေမယ့်ငါတော့ သူအတန်းမတက်ဘူး.... အလှလေးက...တက်စရာမလိုဘူး"
ရှီရှန်းကသူတို့နဲ့ ခပ်ဝေးဝေးမှာထိုင်နေပြီးသူတို့အတင်းပြောနေကြတာကို ကြည့်နေတယ်
"အာ...ဟုတ်သားပဲ နင်တို့တွေ ထျန်းကျင်းချန်က ဘယ်သူ့ကိုကြိုက်နေတာလဲဆိုတာကိုရော သိကြလား"
မိန်းကလေးတစ်ယောက်က ခေါင်းစဥ်လွှဲလိုက်တယ်
"ဘယ်သူလဲဘယ်သူလဲ.... ငါသိတဲ့သူလား"
ကောင်မလေးတစ်ယောက်က အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်
"ဘဏ္ဍာရေး မေဂျာက ချောင်ချန်းချန်းတဲ့"
"သူမလား? ...သူမက ဘွဲ့လွန်ရနေပြီလေ"
ကောင်မလေးတစ်ယောက်က ဝင်ပြောတယ်
"အဲတာဆို သူက ထျန်းကျင်းချန်ထက်အသက်ကြီးမှာပေါ့"
"ဟုတ်တယ်.....ထျန်းကျင်းချန် က ရင့်ကျက်တဲ့ ပုံစံကို ကြိုက်တာလေ"
ဖောင်း!!!....
အနောက်မှာ ထိုင်နေတဲ့မိန်းကလေးက စားပွဲကို ရိုက်ပြီး ထသွားတယ်
အတင်းပြောနေတဲ့ မိန်းကလေးတွေကလည်း အသံလာရာကို လှည့်ကြည့်မိကြတယ်
"သူမလား ချောင်ချန်းချန်းဆိုတာ"
"သူမပဲ"
"ကြည့်ရတာတော့ လှပါတယ်"
"လှတော့ရော ဘာဖြစ်လဲ ထျန်းကျင်းချန်ထက်ပဲ အသက်ကကြီးနေပြီကို"
"နွားအိုမြက်နုကြိုက်နေတာလေ"
ချောင်ချန်းချန်းက ဒီဘက်ကိုလှည့်လိုက်် သူမလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတာကြောင့် ဖြူဖတ်ေနပြီ
ပတ်ဝန်းကျင်က အသံတွေက သူမကိုဒေါသထွက်စေတယ် ထျန်းကျင်ချန်လိုက်နေတာ သူမဆိုတာသိကတည်းက ကျောင်းသူတွေက သူမကိုအသက်နဲ့ပတ်သတ်ပြီး ကဲ့ရဲ့ကြတာမပြီးတော့ဘူး သူမကိုယ်တိုင်ကပဲ အပြစ်ကြီးကြီးမားမားတစ်ခု ကျူးလွန်ထားသလို ပြောဆိုနေကြတယ်
ချောင်ချန်းချန်း တစ်ယောက်အတွေးနယ်ပယ်ထဲမှာ လမ်းပျောက်နေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူမနောက်ကနေပေါ်လာပြီးတော့ ရင်ခွင်ထဲဆွဲထည့်လိုက်တယ် ပြီးတော့ ကော်ဖီဆိုင်ကို ထွက်လာတယ်
လူတိုင်းရဲ့အကြည့်တွေက ထူးဆန်းသွားတယ်
ချောင်ချန်းချန်းအတွက်တော့ သူကဘယ်သူဆိုတာ လှည့်ကြည့်နေစရာကို မလိုဘူး ဒါကြောင့် ထျန်းကျင်းချန်ကို ဖယ်ထုတ်လိုက်တယ်
"ဂျူနီယာ ချန်, ယောကျ်ားလေးနဲ့မိန်းကလေးဆိုတာ ဝေးဝေးနေရတယ်"
ချောင်ချန်းချန်းက သူနဲ့ဝေးအောင် ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး ပြောတယ်
ဒီရက်ပိုင်းမှာ ထျန်းကျင်းချန်က သူမရဲ့ပြုအမူတွေကြောင့် စိတ်မသက်မသာဖြစ်ရပေမယ့်ဘာလို့မှန်းမသိဘူး သူစ်တ်မထိန်းနိုင်တော့ဘူး ဒါကြောင့်ရှေ့ကိုတိုးလာတယ်သူမကို ဆွဲပြီးဖက်နမ်းလိုက်တယ်
"ဝါး...."
အသံအကျယ်ကြီးပဲ လူအုပ်ထဲကထွက်လာတယ်
ဖျောင်း!!
ကော်ဖီဆိုင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်
ထျန်းကျင်းချန် ကသူ့မျက်နှာကိုလက်နဲ့ကိုင်ထားတယ် သူ့မျက်လုံးတွေက မယုံကြည်နိုင်မှုတွေပြည့်နေတယ်
ချောင်ချန်းချန်းက နောက်ကိုပြန်ဆုတ်သွားတယ် သူမမျက်နှာကလည်းဖြူဖျော့နေတယ်ပြီးတော့ လှည့်ထွက်သွားတယ်
ထျန်းကျင်းချန်က သူမနောက်ကနေ မျက်နှာမဲ ကြီးနဲ့လိုက်လာတယ်
ရှီရှန်းကတော့ ထျန်းကျင်းချန် ဇာတ်လိုက်မကို နမ်းကတည်းက ကောက်ဖီဆိုင်ကနေထွက်သွားတာဖြစ်တယ်
ချောင်ချန်းချန်းက ခေါင်းထဲဘာမှမရှိတော့တာကြောင့် သူမအာရုံမစိုက်မိဘူး ဒါကြောင့်လည်း ခလုတ်တိုက်မိပြီး ရှီရှန်းရှေ့ကို လဲကျတော့တယ်
"အား"
လူအုပ်ထဲကနေ စူးရှတဲ့အသံတစ်ခု ထွက်လာတယ် တစ်ယောက်ယောက်က ရှီရှန်းကို လှမ်းဆွဲဖို့ကြိုးစားပေမယ့် သူလွှဲသွားတယ်
'ဒီမှာရှိနေတဲ့ ေလှကားကအထစ်နှစ်ဆယ်လောက်တောင်ရှိနေတာနော်...!
ဒီကနေပြုတ်ကျရင် ငါလေးတော့ ရက်နှစ်ဆယ်လောက် အိပ်ရာထဲ နှစ်ပါးသွားတော့မှာပဲ'
ရှီရှန်းက ပြုတ်ကျသွားတဲ့အချိန်မှာ တစ်ယောက်တည်းသောသူကိုပဲ ခေါင်းထဲရှိတယ်
'အဲ့ဒီ စာရေးဆရာမကတော့ တစ်ကယ်ကို ခွေးစိတ်ပေါက်နေတာပဲ'
'ဖြစ်လိုက်ရင်လည်း ဒါမျိုးအကွက်တွေကြီး ရိုးလွန်းလို့ အီနေပြီ အခြားအကွက်လေး ပြောင်းသုံးစမ်းပါ!!'
သူမ မျက်နှာနဲ့ ကြမ်းပြင်နဲ့ ရိုက်မိတော့မယ့်အချိန်မှာ တစ်စုံတစ်ယောက် ပေါ်ထွက်လာပြီး သူမခါးကိုဖမ်းလိုက်တယ် ဟန်ချက်ညီအောင်ပြုပေးရှာတယ်
ရှီရှန်း"....."
ရှီရှန်းက သူမကိုဖမ်းလိုက်တဲ့သူကို ကြည့်နေမိတယ် သူကကောင်လေးတစ်ယောက်ပဲ ဒါပေမဲ့အဲ့လောက်ကြီး အရှိန်အဝါမရှိဘူး
'မျှော်လင့်ထားသလိုပါပဲ....ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်က ပြုတ်ကျတဲ့အချိန်လှမ်းထိန်းပေးရင် မြင်ရတတ်တယ်ဆိုတာ လိမ်ပြောကြတာပဲ'
သူမဇာတ်လိုက်မကို ကြည့်လိုက်တော့ ချန်းချန်းက အလန်းစားကောင်လေးရဲ့ ရင်ခွင်ထဲမှာဖြစ်နေပြီ
'အင်း...နင်ကတော့ဇာတ်လိုက်ဆိုတော့ ဘယ်တူပါ့မလဲ'
"ကျေးဇူးပါ"
ရှီရှန်းက မတ်တပ်ထပြီး ကောင်လေးကိုကျေးဇူးတင်လိုက်တယ်
ကောင်လေးက ရှက်သွေးဖြာသွားပြီး ပြုံးပြတယ်
"မလိုပါဘူး ဗျာ, နောက်တစ်ကြိမ်သတိထားပါ".
ပြီးတော့ စကားဆက်ပြောဖို့ သူ့မှာအချိန်မရှိတာကြောင့် အဲ့နေရာကနေလှည့်ထွက်ခဲ့တယ်
အပေါ်မှာတော့ မိန်းကလေးအုပ်လိုက်ကြီးတစ်စု ရှိနေပြီး ကိုယ့်သဘောကျတဲ့ အိုင်ဒေါလ်ကို ကြည့်နေသလားအောက်မေ့ရတယ်
သူမခေါင်းမော့ပြီး ဇာတ်လိုက်မကို ခုချိန်ထိကိုင်ထားသေးတဲ့ သူကိုကြည့်လိုက်တယိ
သူမက သူ့အောက်မှာ ရောက်နေတာကြောင့် ကြည့်မိတဲ့မြင်ကွင်းမှာဆို ထိုလူက အရပ်ရှည်ပြီး ခန့်ညားနေမှာပဲ နေရောင်ခြည်က သူ့ကိုဖုံးအုပ်ထားတာကြောင့် ရွှေပြားအုပ်ထားသလို အရှိန်အဝါတွေ ပေါ်ထွက်နေတယ်
'အေားကြည့်ကြပါဦး သူလေးက တစ်ကယ့်ကိုနတ်ဘုရားလေးတစ်ပါးပါလား နေပါဦး သူ့ကိုငါမြင်ဖူးနေသလိုပဲ... အော် ဟိုပါမောက္ခပါလား'
ရှီရှန်းက မှတ်မိတာနဲ့ သူကိုကြည့်နေမိတယ် ပါမောက္ခကလည်း သူမကိုအေးစက်စက်အကြည့်တွေနဲ့ပြန်ကြည့်နေတယ်
သူဖမ်းထားတဲ့ ချောင်ချန်းချန်းကို လွှတ်ချလိုက်ပြီး ရှီရှန်းဆီလျှောက်လာတယ်
ရှီရှန်းက အလျှင်အမြန်အပေါ်ကို ပြေးတက်သွားပြီး လူကြားထဲတိုးတော့တယ် ချငိကောက လှမ်းဖမ်းလိုက်ပေမယ့် သူ့လက်ထဲဘာမှ ပါမလာဘူး
ချင်ကော"....."
ချင်ကောက သူမကိုတားဖို့လုပ်တော့မယ်ဆိုတာသိတာကြောင့် ရှီရှန်းက ဇာတ်လိုက်မဆီ ဦးတည်ပြေးတယ်
ချောင်ချန်းချန်းကတော့ ခုချိန်ထိ ကြောင်တောင်တောင်ဖြစ်နေတုန်း
"မမ"
ရှီရှန်းက သူမကို ယုတ်မာတဲ့အပြုံးကြီးနဲ့ ခေါ်လိုက်တယ်
"ရှောင်ချူး"
အခုမှ ဇာတ်လိုက်မရဲ့ ပုံမှန်အသိစိတ်ပြန်ဝင်လာတယ်
"အဆင်ပြေရဲ့လား ဒဏ်ရာရသွားသေးလား"
ချောင်ချန်းချန်းက သူမနှုတ်ခမ်းကို စေ့လိုက်တယ် ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ် သူမကအမှားလုပ်တာဖြစ်ပေမယ့် လူအုပ်ကြားထဲမှာတော့ မျက်နှာရချင်သေးတယ်
သူမဝင်တိုက်မိတဲ့ သူက သူ့ညီမဖြစ်နေတာကြောင့် သူမပုံမှနိအတိုင်းပြီးသွားဖို့တွေးလိုက်တယ်
သူမရှေ့ရပ်နေတဲ့ လူရဲ့ပုံစံကတော့ မဖြစ်နိုင်ဘူးလို့ဖော်ပြနေတယ်
ချောင်ချန်းချန်းက တိုးတိုးတိတ်တိတ်ပြောတယ်
"တောင်းပန်ပါတယ်"
"ဘာကြီး....မကြားရဘူးနော်"
ရှီရှန်းရဲ့ပုံရိပ်က မကောင်းဆိုးဝါးပုံစံဖြစ်နေပြီး ဇာတ်လိုက်မကို အကျပ်ရိုက်အောင်လုပ်နေပြီ
ဘာကြီးနေနေ စာရေးဆရာမကို ပညာပြရတာပေါ့ သူမကိုသတ်ဖို့တောင်ကြိုးစားခဲ့တာပဲ ဒီလောက်ကတော့ ပြဿနာမဖြစ်ဘူးမလား
"ရှောင်ချူး...."
လူတွေပိုပိုပြီး စုဝေးလာတာကြောင့် ချောင်ချန်းချန်းက ဒီနေရာကနေဖြစ်နိုင်ရင် ထွက်သွားချင်နေပြီ
ထျန်းကျင်းချန်က လူအုပ်ထဲကနေ အရှိန်အဝါပြင်းစွာ ပေါ်ထွက်လာပြီးတော့ ချန်းချန်းကို ရင်ခွင်ထဲထည့်ထားလိုက်တယ် သူ့ရဲ့ စူးရှတဲ့အကြည့်တွေက ရှီရှန်းဆီရောက်လာတယ်
"ချန်းချန်းက မင်းကိုတောင်းပန်ပြီးပြီလေ ဘာလို့ကိစ္စကိုအကျယ်ချဲ့နေသလဲ"
ရှီရှန်းက သူ့ကိုအရင်ကြည့်တယ်ပြီးတာနဲ့ဘေးကိုတွန်းလိုက်တယ် ရုတ်တရပ်ဆန်လွန်းပြီး သူမတွန်းလိုက်တဲ့ အားကြောင့် ထျန်းကျင်းချန်က လှေကားဘက်ကို ယိုင်သွားတယ် လူအုပ်ရှိနေလို့သာ မဟုတ်ရင် သူတော့ချော်လဲမှာပဲ
"ေအာ်..မတော်လို့နော် တောင်းပန်ပါတယ်"
သူဒေါသမထွက်ခင်မှာ ရှီရှန်းက သူ့ကိုအရင်တောင်းပန်လိုက်တယ်
Transalated by Mia💙
Zawgyi
'ဒါပေမယ့် လည်းသူကဘာလို့ သိပ္ပံကွန်ပျူတာကိုမှ ရွေးလိုက်ရတာလဲ, ငါ့ကိုယောက်ျားလေးတွေ ကြားထဲ ထွန်းထွန်းတောက်စေချင်နေတာလား'
.........
ဖောင်း!!!....
"သူမပဲ"
"ကြည့်ရတာတော့ လှပါတယ်"
ချောင်ချန်းချန်းက ဒီဘက်ကိုလှည့်လိုက် သူမလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတာကြောင့် ဖြူဖတ်နေပြီ
"ဂျူနီယာ ချန်, ယောက်ျားလေးနဲ့မိန်းကလေးဆိုတာ ဝေးဝေးနေရတယ်"
"ဝါး...."
ဖျောင်း!!
"အား"
'ဒီမှာရှိနေတဲ့ လှေကားကအထစ်နှစ်ဆယ်လောက်တောင်ရှိနေတာနော်...!
ရှီရှန်း"....."
"ကျေးဇူးပါ"
ချင်ကော"....."
"မမ"
"ရှောင်ချူး"
"တောင်းပန်ပါတယ်"
"ဘာကြီး....မကြားရဘူးနော်"
"ရှောင်ချူး...."
"အော်..မတော်လို့နော် တောင်းပန်ပါတယ်"
Transalated by Mia💙