ရှီရှန်း ( ႐ွီ႐ွန္း) Book 3...

By Hanpandora

470K 68.3K 747

ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ႐ွီ႐ွန္း arc 11 က​ေန စတင္တာပါ arc... More

💜💙
Arc 11.1
Arc 11.2
Arc 11.3
Arc 11.4
Arc 11.5
Arc 11.6
Arc 11.7
Arc 11.8
Arc 11.9
Arc 11.10
Arc 11.11
Arc 11.12
Arc 11.13
Arc 11.14
Arc 11.15
Arc 11.16
Arc 11.17
Arc 11.18
Arc 11.19
Arc 11.20
Arc 10.21
Arc 11.22
Arc 11.23
Arc 11.24
Arc 11.25
Arc 11.26
Arc 11.27
Arc 11.28
Arc 11.29
Arc 11.30
Arc 11.31 END
Extra 1
Extra 2
Arc 12.1
Arc 12.2
Arc 12.3
Arc 12.4
Arc 12.5
Arc 12.6
Arc 12.7
Arc 12.8
Arc 12.9
Arc 12.10
Arc 12.11
Arc 12.12
Arc 12.13
Arc 12.14
Arc 12.15
Arc 12.16
Arc 12.17
Arc 12.18
Arc 12.19
Arc 12.20
Arc 12.21
Arc 12.22
Arc 12.23
Arc 12.24
Arc 12.25
Arc 12.26
Arc 12.27
Arc 12.28
Arc 12.29
Arc 12.30
Arc 12.31
Arc 12.32
Arc 12.34
Arc 12.35
Arc 12.36
Arc 12.37
Arc 12.38
Arc 12.39
Arc 12.40END
Arc 12 Extra
Arc 13.1
Arc 13.2
Arc 13.3
Arc 13.4
Arc 13.5
Arc 13.6
Arc 13.7
Arc 13.8
Arc 13.9
Arc 13.10
Arc 13.11
Arc 13.12
Arc 13.13
Arc 13.14
Arc 13.15
Arc 13.16
Arc 13.17
Arc 13.18
Arc 13.19
Arc 13.20
Arc 13.21
Arc 13.22
Arc 13.23
Arc 13.24
Arc 13.25
Arc 13.26
Arc 13.27
Arc 13.28
Arc 13.29
Arc 13.30
Arc 13.31
Arc 13.32
Arc 13.33
Arc 13.34
Arc 13.35
Arc 13.36 END
ကျန့်ကျန်း SPECIAL EPISODE
Arc 14.1
Arc 14.2
Arc 14.3
Arc 14.4
Arc 14.5
Arc 14.6
Arc 14.7
Arc 14.8
Arc 14.9
Arc 14.10
Arc 14.11
Arc 14.12
Arc 14.13
Arc 14.14
Arc 14.15
Arc 14.16
Arc 14.17
Arc 14.18
Arc 14.19
Arc 14.20
Arc 14.21
Arc 14.22
Arc 14.23
Arc 14.24
Arc 14.25
Arc 14.26
Arc 14.27
Arc 14.28
Arc 14.29
Arc 14.30
Arc 14.31
Arc 14.32
Arc 14.33
Arc 14.34 END
Arc 15.1
Arc 15.2
Arc 15.3
Arc 15.4
Arc 15.5
Arc 15.6
Arc 15.7
Arc 15.8
Arc 15.9
Arc 15.10
Arc 15.11
Arc 15.12
Arc 15.13
Arc 15.14
Arc 15.15
Arc 15.16
Arc 15.17
Arc 15.18
Arc 15.19
Arc 15.20
Arc 15.21
Arc 15.22
Arc 15.23
Arc 15.24
Arc 15.25

Arc 12.33

3K 502 27
By Hanpandora

Unicode

ရှီရှန်းဆီကတုံ့ပြန်မှုမရှိဘဲ ရှန့်ကျားရင်းက ရက်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတယ်

ရှီရှန်းအိမ်က​နေအပြင်ထွက်သွားတဲ့အခါမှာ​တောင်  ယွိကျိုက အမြဲလိုက်ပို့လေ့ရှိပြီး သူတို့နဲ့အတူ လူ​တွေအများကြီးကို အမြဲခေါ်ဆောင်သွားတာ​ကြောင့် သူမကိုအတင်းခေါ်ထုတ်ဖို့လည်း မဖြစ်နိုင်ဘူး

"ဘာလဲ? တစ်စုံတစ်ယောက်ကိုမှန်မှန်ကန်ကန် မဆွဲဆောင်နိုင်ခဲ့ဘူးလား"

ရင်း​မော့က ဝရံတာမှာ ရပ်ပြီး ဝိုင်နီတစ်ခွက်ကိုကိုင်ရင်း  ရှန့်ကျားရင်းကိုပြုံးကြည့်နေတယ်
ရှန့်ကျားရင်းက မသင့်​တော်ဘူးလို့ပြောခဲ့​ပေမယ့်လည်း သူက ​ရေချိုး၀တ်ရုံကိုပဲ  ၀တ်ထားတယ်

ရှန့်ကျားရင်းရဲ့ ရှည်လျားတဲ့ဆံပင်​တွေက သူမရဲ့ပုခုံးကို ဖုံးအုပ်ထားတယ် သူမက အခုအချိန်မှာ လသာဆောင်ဘက်ကို မျက်နှာမူထားတဲ့ ဧည့်ခန်းတစ်ခုမှာရပ်နေတယ်
ရင်း​မော့ရဲ့ ​လှောင်​ပြောင်ရိပ်သမ်းတဲ့ စကား​တွေကိုကြားရတဲ့အခါ သူမပိုပြီး ဒေါသထွက်လာရတယ်

"ရှင်ကအရမ်းစွမ်း​နေတယ်ထင်ရင် ရှင်ကိုယ်တိုင်လုပ်ပါ့လား"

"အဲ့ဒီအမျိုးသမီးက ငါ့ကိုဆို အရမ်းသတိထားတယ်"
ရင်း​မော့က ဧည့်ခန်းထဲကို လမ်းလျှောက်လာတယ်

"ရှန့်ကျားရင်း မင်းစိတ်​ပျော့လာတယ်ငါ့ကိုမပြောဘူးလား"

"စိတ်​ပျော့တယ်?" ပြန်လည်မွေးဖွားလာသည့် အချိန်ကစပြီး သူမဆီမှာ စိတ်​ပျော့တယ်ဆိုတာမရှိ​စေရ​တော့​ကြောင်း ကျိန်ဆိုခဲ့တယ်

"သူမက ရှင့်ကိုဆို သတိထားတယ်..ဒါပေမယ့် ကျွန်မကိုဆိုပို​တောင်ဆိုး​​သေးတယ်! ရှန်းယန်က ကျွန်မလက်ထဲမှာရှိတယ်လို့​​ပြောတာတောင် သူမကတုံ့ပြန်သေးဘူး "

ခဏရပ်ပြီးနောက် သူမက ဆက်ပြောတယ်"သူမက သူရှိနေတာကိုသတိမပြုမိသေးတာလား"

ရင်း​မော့က ဝိုင်ခွက်ကို ဘေးနားချလိုက်ပြီး ရှန့်ကျားရင်းရဲ့ပုခုံးကိုဆုပ်ကိုင်ကာ အဲ့က​နေတစ်ဆင့် သူ့လက်ချောင်း​တွေက သူမရဲ့ လက်​မောင်းအောက်ကို လျှောကျလာတယ်

"သူမက ရှန်းရှီ Group ကို အချိန်တိုအတွင်းပြန်တည်​ထောင်နိုင်ရင် ရှန်းယန်တစ်​ယောက်ရဲ့ တည်ရှိမှုနဲ့ တုန်လှုပ်သွားလိမ့်မယ်လို့မင်းထင်လား"

"ဒါဆို သူမကဘာလို့ကျွန်မကိုမဆက်သွယ်တာလဲ . " ရှန့်ကျားရင်းက ရင်း​မော့ရဲ့လှုံ့​ဆော်မှုကြောင့်ညည်းညူပြီးသူ့ကိုတွန်းဖယ်ပစ်လိုက်ချင်ပေမယ့် သူကပိုမြန်လာတဲ့အပြင် သူမကိုဆိုဖာပေါ်ဆွဲချလိုက်ပြီး သူမခါးကို ​ပွေ့လိုက်တာ​ကြောင့် သူမက  သူ့ပေါင်ပေါ်မှာ ထိုင်ချလျက်သားဖြစ်သွားတယ်

ရှန့်ကျားရင်းတုန်လှုပ်သွားပြီး အသံမထွက်အောင် နှုတ်ခမ်းကိုကိုက်လိုက်တယ်
သူမရဲ့ခန္ဓာကိုယ်က အ​တော်​လေးအကဲဆတ်ပြီး ဒီ​ယောက်ျားက ဘယ်​နေရာက အထိခိုက်လွယ်ဆုံးဆိုတာကိုသိတယ်

ရင်း​မော့က သူမရဲ့နားရွက်နားမှာ ကပ်ပြီး​ပြောလိုက်တယ်  "သူမက စောင့်နေတုံး ဒါမှမဟုတ် စုံစမ်းနေတုံး ဖြစ်မှာ​ပေါ့..  မမေ့နဲ့​လေ.. သူမမှာ  ယွိကျိုရှိတယ်..ရှန့်မိသားစုဆုံးပါးသွားကြတုန်းက သူမက သိပ်ပြီးအသက်မငယ်တော့ဘူး ..ရှန်းယန်ဆိုရင် သူမအတွက်သူစိမ်းတစ်ယောက်​လောက်နီးပါးပဲ...အဲ့ဒါကြောင့် သူမက ငါးစာကိုအလျင်အမြန် လာမဟပ်တာပုံမှန်ပဲ.."

ရင်း​မော့ရဲ့လက်ချောင်း​တွေက  ရှန့်ကျားရင်း ရဲ့ စကတ်အစွန်းသို့လျှောသွားပြီးအအ​ပေါ်ကိုအနည်းငယ် လှန်တင်လိုက်တယ်

"အင်း...သူမနဲ့ယှဉ်ရင်မင်းကတော်တော်​လေး စိတ်မရှည်တတ်တာပဲ"

ဒါဟာ ရင်း​မော့နဲ့ပထမဆုံးအကြိမ်မဟုတ်​တော့သလို သူမရဲ့စိတ်ကလည်း မိန်းကလေးငယ်တစ်ဦးလိုမျိုးမဟုတ်​တော့တာကြောင့်​နောက်ဆုံးမှာ​တော့ ရှန့်ကျားရင်းက ရင်း​မော့ ရဲ့ပုခုံးကိုမှီရင်း ဖြည်းဖြည်းချင်း ​အောက်ပိုင်းကိုလှုပ်ယမ်း​နေခဲ့တယ်

"ရှင် နေရာကိုတွေ့ပြီလား " ရှန့်ကျားရင်းက အားယူပြီး​မေးလိုက်တယ်

"ယွိကျို ကဆက်ဆံရတာမလွယ်ဘူး...အဲ့ဒီလည်ဆွဲက ငါ့လက်ထဲအခုထိမ​ရောက်သေးဘူး"
ရင်း​မော့ က အေးစက်စွာပြန်ဖြေတယ်

ရှန့်ကျားရင်းပြီးသွားတာနဲ့တစ်ပြိုင်နက် ရင်း​မော့က သူမကို ဘေးသို့တွန်းချလိုက်ပြီးရေချိုးခန်းထဲ ၀င်သွားတယ်

သူက နံရံကိုမှီပြီးခေါင်းကိုရေတွေလောင်းချလိုက်တယ်
သူရဲ့စိတ်က ဘာလို့မှန်းမသိဘဲ ယွိကျိုရဲ့ရင်ခွင်ထဲက အမျိုးသမီးဆီ​ရောက်သွားတယ်

သူမရဲ့မောက်မာပြီး ရန်လိုတဲ့အမူအရာ ...

အေးစက်ပြီး လှောင်ပြောင်​မှုအပြည့်နဲ့ သူမရဲ့အပြုံး ...

သူမ သူ့ခန္ဓာကိုယ်အောက်မှာ ရီ​​​ဝေပြီး ညည်းညူ နေမယ့်ပုံကို သူစိတ်ကူးမိတယ်

"သူမက  ရှန့်ကျားရင်းထက်အများကြီးပိုစိတ်ဝင်စားဖို့ကောင်းတယ်"

........

ရှီရှန်းမသိတာက အမျိုးသားဇာတ်လိုက်ကသူမကို စိတ်ဝင်စား​နေတယ်ဆိုတာပဲ..

အခုအချိန်မှာ သူမကိုယ်တိုက် သူ့အတွက် တက်တူးထိုးပေးဖို့ ပူဆာ​နေတဲ့  ယွိကျိုနဲ့ စာရင်းရှင်း​နေရတယ်

'ငါက တက်တူးဘယ်လိုထိုးရတယ် ဆိုတာသိမယ့်ပုံ​ပေါ်​နေလို့လား..'

"ရှင်ကျွန်မကိုတကယ်ဆွဲစေချင်တာလား..ကျွန်မတို့  မနက်ဖြန်မှ တက်တူးဆိုင်သွားကြရ​အောင်ပါ"
ရှီရှန်းက တုံ့ဆိုင်း​နေတယ်

"မလိုချင်ပါဘူး! ကိုယ်က မင်းကိုပဲလုပ်စေချင်တာ! ကိုယ့်ခန္ဓာကိုယ်ကို တခြားသူတွေမမြင်စေချင်ဘူး! "  ယွိကျိုက ကုတင်ပေါ်မှာ ​မှောက်ရက်လှဲနေပြီး ဂျီကျ​နေတယ်

ရှီရှန်းက တက်တူးထိုးကိရိယာကို ဘယ်လို ကိုင်ရမလဲ မသိတာကြောင့် ချွေး​တွေပြန်လာတယ်
'ငါသူ့ကို ရိုက်သတ်လိုက်ရမလား ... '

အဆုံးမှာ​တော့ ရှီရှန်းက ယွိကျိုရဲ့ခါးမှာ ပန်းတစ်ပွင့်ပုံ တက်တူးထိုးလိုက်တယ်

ပန်းချပ်​တွေက ငွေရောင်အဖြူရောင်သမုဒ္ဒရာလှိုင်း​တွေနဲ့တူပြီး ရုတ်တရပ်ကြည့်မယ်ဆိုရင်  dandelionပန်းနဲ့ ဆင်တူတယ်
ဒါ​ပေမယ့် အဲ့ဒါရဲ့ ​အောက်ခံအ​ရောင်က အနီရောင်ဖြစ်​နေခဲ့တယ်
ရှီရှန်းရဲ့ တက်တူးထိုးစွမ်းရည်က သိပ်​တော့မ​ကောင်းဘူး

ယွိကျိုကမှန်ထဲမှာ သူ့ကိုယ်သူ ငေးကြည့်နေပြီး သူ့အမူအရာကစိတ်ဓာတ်ကျနေပုံရတယ်

"ချစ်​လေး..မင်းကိုယ့်ကို ဘာပုံထိုး​ပေးခဲ့တာလဲ"

"ဟေ့..ရှင်​ပြော​တော့ ဘာမဆိုထိုးလို့ရတယ်ဆို.." ရှီရှန်းကကိရိယာကိုချလိုက်ပြီး ကုတင်ပေါ်က​နေ ခုန်ဆင်းလိုက်တယ်

"ကျေးဇူးမကန်းနဲ့...ဘယ်သူမဆိုဒီတက်တူးကို မရနိုင်ဘူး... မင်းအတွက်ကျွန်မထိုး​ပေးခဲ့တာရဲ့တစ်ခုတည်းသောအကြောင်းအရင်းကရှင်က ကျွန်မ လူဖြစ်လို့ပဲ..'

ယွိကျိုက တက်တူးကိုပိုမြင်ရအောင် သူ့ခန္ဓာကိုယ်ကိုလှည့်ရင်း သူမကိုသံသယကင်းစွာကြည့်လိုက်တယ်

"ဒါကဘာပန်းလဲ" 
ယွိကျိုအရင်က ဒီလိုပန်းမျိုး တစ်ခါမှမမြင်ဖူးဘူး

ရှီရှန်းက သူ့ခါးကိုဖက်ပြီး ပေါ့ပါးတဲ့ အသံနဲ့ပြောလိုက်တယ်
"အခွင့်အ​ရေးရှိရင် သူတို့ကို ကျွန်မတို့ သွားကြည့်ကြမယ်"

ယွိကျိုက အ​နောက်ကိုလှည့်လိုက်တယ် ဒါ​ပေမယ့် သူ့လက်က ဘေးမှာရှိတဲ့ စင်ကိုတိုက်မိသွားတာ​ကြောင့် အ​ပေါ်မှာ တင်ထားတဲ့ လည်ဆွဲက ပြုတ်ကျသွား​တော့တယ်

လည်ဆွဲ ကြမ်းပြင်​ပေါ် ပြုတ်ကျသွားတဲ့
အခါ ရှီရှန်းက သူ့ကိုရိုက်ပြီး လည်ဆွဲကို ကုန်းကောက်လိုက်တယ်

42492474S

နောက်အခိုက်အတန့်မှာ  ရှီရှန်းက ယွိကျိုကို လှမ်းတို့လိုက်တယ်  သူမအနားမှာရှိတဲ့ ရှိမီးအိမ်ကအလင်းဟာ  လည်ဆွဲပေါ်ကိုကျ​ရောက်​နေပြီး  လှပတဲ့ အလင်းဖြာမှုကို ဖြစ်ပေါ်​နေစေတယ် အလင်းရောင်အောက်မှာ နံပါတ်​တွေ ဝိုးတဝါးပေါ်လာခဲ့တယ်

42492474S

'ဒါကဘာလဲ?'

ရှီရှန်းက နံပါတ်​တွေနဲ့အက္ခရာ​တွေကိုကူး​ရေးလိုက်ပြီး  ယွိကျိုကို လှမ်း​မေးလိုက်တယ် "ဒီနံပါတ်တွေကဘာကိုဆိုလိုတာလဲ"

42492474S ……

ယွိကျိုခေါင်းခါလိုက်တယ်

ဂဏန်း​တွေနှင့်အက္ခရာတစ်ခုက အရာများစွာကိုဆိုလိုနိုင်တယ်  ဒါမဟုတ်၎င်းသည်လုံး ၀ အဓိပ္ပါယ်မရှိတာမျိုးလည်း ဖြစ်နိုင်တယ်

'42492474S ... '
သူမတို့နှစ်ဦး တစ်​ယောက်နဲ့တစ်​ယောက်အချိန်ကြာမြင့်စွာစိုက်ကြည့်နေကြ​ပေမယ့်လည်း ဘယ်ကောက်ချက်ချချက်မှမရခဲ့ဘူး

ရှီရှန်းက​တော့ ဒီဂဏန်း​တွေဟာ အဓိပ္ပ်တစ်ခုခုမရှိနိုင်ဘူးလို့ မယုံဘူး

ရှီရှန်းက ကုယန် နှင့် ယွိရှင်းယွင် တို့ကိုလည အက္ခရာစာတန်း​တွေ ပြခဲ့​ပေမယ့် သူတို့လည်း သဲသဲကွဲကွဲမသိကြဘူး

……

ကော်ဖီဆိုင်တစ်ဆိုင်မှာ ရှီရှန်းက အဲ့ဒီနံပါတ်​​တွေကိုငေးကြည့်နေတယ်

"ဟေ့...အိုင်းစတိုင်း...ဘာ​တွေကြည့်နေတာလဲ" ယောင်ချင်က သူမရဲ့အိတ်ကို ရှီရှန်းမျက်နှာမူထားတဲ့ ထိုင်ခုံပေါ်ပစ်တင်လိုက်ပြီးသူမဘေးမှာ ၀င်ထိုင်လိုက်တယ်

"ကျောင်းဆင်းပြီလား"  ရှီရှန်းကစားပွဲထိုးကိုလှမ်းခေါ်လိုက်ပြီး ယောင်ချင် အကြိုက်ဆုံးအချိုပွဲနဲ့ကော်ဖီတစ်ခွက်ကိုမှာလိုက်တယ်

"အား..အိုင်းစတိုင်း..နင်ဘာလို့ ​ကျောင်းဆက်မတက်ချင်တော့တာလဲ"
ယောင်ချင်က ရှီရှန်းရဲ့လက်ကို ပွေ့ဖက်ပြီးလှုပ်ယမ်းလိုက်တယ်  "ငါကျောင်းမှာတစ်ယောက်တည်းအရမ်းပျင်းတယ်"

"ဒါဆိုလည်း စာများများဖတ်"
ရှီရှန်းကတည်ငြိမ်စွာပြောတယ်

"ဒါကနင့်ရဲ့ IQ ကိုကူညီလိမ့်မယ်"

"ရှန်းရှ..နင်ငါ့ကိုအနိုင်ကျင့်တယ်"

ယောင်ချင်က သူမရဲ့ တက္ကသိုလ်ဘ၀ အကြောင်းကို စတင်ညည်းတွား​တော့တယ်

"နင်လည်းမသိတာမဟုတ်ဘူး..ဒါပေမယ့်ဒီကောင်မလေးတွေရူးသွားပြီနဲ့တူတယ်..အဲ့ကောင်လေးတွေက နင့်ရဲ့ ​ကြောင်​တောင်​တောင်ရည်းစားရဲ့ တစ်၀က်လောက်​တောင် ချစ်စရာကောင်းတယ်လို့..ငါမထင်ဘူး...အိုးဒါနဲ့  အဲ့အရူး​ကောင် အခုဘယ်မှာလဲ " ယောင်ချင်က ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်တယ်

"သူအခု မအီမသာဖြစ်​နေလို့..."

"Pfft -!" 
ယောင်ချင်က သူမငုံလိုက်တဲ့ ကော်ဖီ​တွေအကုန်လုံးကို ​ထွေးထုတ်မိလိုက်တယ်

ရှီရှန်းက သူမကို မ​ကျေနပ်တဲ့တဲ့အကြည့်နဲ့ ကြည့်လိုက်တာ​ကြောင့် ​ယောင်ချင်က ရှီရှန်းကို တစ်ရှူးလှမ်း​ပေးလိုက်တယွ

"တောင်းပန်ပါတယ်! ငါ့ကိုယ်ငါမထိန်းနိုင်ခဲ့ဘူး! "

Transalated by Dora💜Mia💙
26.9.21(Sun)

Zawgyi

႐ွီ႐ွန္းဆီကတုံ႔ျပန္မႈမ႐ွိဘဲ ႐ွန္႔က်ားရင္းက ရက္ေပါင္းမ်ားစြာေစာင့္ဆိုင္းခဲ့ရတယ္

႐ွီ႐ွန္းအိမ္က​ေနအျပင္ထြက္သြားတဲ့အခါမွာ​ေတာင္  ယြိက်ိဳက အၿမဲလိုက္ပို႔ေလ့႐ွိၿပီး သူတို႔နဲ႔အတူ လူ​ေတြအမ်ားႀကီးကို အၿမဲေခၚေဆာင္သြားတာ​ေၾကာင့္ သူမကိုအတင္းေခၚထုတ္ဖို႔လည္း မျဖစ္ႏိုင္ဘူး

"ဘာလဲ? တစ္စုံတစ္ေယာက္ကိုမွန္မွန္ကန္ကန္ မဆြဲေဆာင္ႏိုင္ခဲ့ဘူးလား"

ရင္း​ေမာ့က ဝရံတာမွာ ရပ္ၿပီး ဝိုင္နီတစ္ခြက္ကိုကိုင္ရင္း  ႐ွန္႔က်ားရင္းကိုျပဳံးၾကည့္ေနတယ္
႐ွန္႔က်ားရင္းက မသင့္​ေတာ္ဘူးလို႔ေျပာခဲ့​ေပမယ့္လည္း သူက ​ေရခ်ိဳး၀တ္႐ုံကိုပဲ  ၀တ္ထားတယ္

႐ွန္႔က်ားရင္းရဲ႕ ႐ွည္လ်ားတဲ့ဆံပင္​ေတြက သူမရဲ႕ပုခုံးကို ဖုံးအုပ္ထားတယ္ သူမက အခုအခ်ိန္မွာ လသာေဆာင္ဘက္ကို မ်က္ႏွာမူထားတဲ့ ဧည့္ခန္းတစ္ခုမွာရပ္ေနတယ္
ရင္း​ေမာ့ရဲ႕ ​ေလွာင္​ေျပာင္ရိပ္သမ္းတဲ့ စကား​ေတြကိုၾကားရတဲ့အခါ သူမပိုၿပီး ေဒါသထြက္လာရတယ္

"႐ွင္ကအရမ္းစြမ္း​ေနတယ္ထင္ရင္ ႐ွင္ကိုယ္တိုင္လုပ္ပါ့လား"

"အဲ့ဒီအမ်ိဳးသမီးက ငါ့ကိုဆို အရမ္းသတိထားတယ္"
ရင္း​ေမာ့က ဧည့္ခန္းထဲကို လမ္းေလွ်ာက္လာတယ္

"႐ွန္႔က်ားရင္း မင္းစိတ္​ေပ်ာ့လာတယ္ငါ့ကိုမေျပာဘူးလား"

"စိတ္​ေပ်ာ့တယ္?" ျပန္လည္ေမြးဖြားလာသည့္ အခ်ိန္ကစၿပီး သူမဆီမွာ စိတ္​ေပ်ာ့တယ္ဆိုတာမ႐ွိ​ေစရ​ေတာ့​ေၾကာင္း က်ိန္ဆိုခဲ့တယ္

"သူမက ႐ွင့္ကိုဆို သတိထားတယ္..ဒါေပမယ့္ ကြၽန္မကိုဆိုပို​ေတာင္ဆိုး​​ေသးတယ္! ႐ွန္းယန္က ကြၽန္မလက္ထဲမွာ႐ွိတယ္လို႔​​ေျပာတာေတာင္ သူမကတုံ႔ျပန္ေသးဘူး "

ခဏရပ္ၿပီးေနာက္ သူမက ဆက္ေျပာတယ္"သူမက သူ႐ွိေနတာကိုသတိမျပဳမိေသးတာလား"

ရင္း​ေမာ့က ဝိုင္ခြက္ကို ေဘးနားခ်လိုက္ၿပီး ႐ွန္႔က်ားရင္းရဲ႕ပုခုံးကိုဆုပ္ကိုင္ကာ အဲ့က​ေနတစ္ဆင့္ သူ႕လက္ေခ်ာင္း​ေတြက သူမရဲ႕ လက္​ေမာင္းေအာက္ကို ေလွ်ာက်လာတယ္

"သူမက ႐ွန္း႐ွီ Group ကို အခ်ိန္တိုအတြင္းျပန္တည္​ေထာင္ႏိုင္ရင္ ႐ွန္းယန္တစ္​ေယာက္ရဲ႕ တည္႐ွိမႈနဲ႔ တုန္လႈပ္သြားလိမ့္မယ္လို႔မင္းထင္လား"

"ဒါဆို သူမကဘာလို႔ကြၽန္မကိုမဆက္သြယ္တာလဲ . " ႐ွန္႔က်ားရင္းက ရင္း​ေမာ့ရဲ႕လႈံ႕​ေဆာ္မႈေၾကာင့္ညည္းညဴၿပီးသူ႕ကိုတြန္းဖယ္ပစ္လိုက္ခ်င္ေပမယ့္ သူကပိုျမန္လာတဲ့အျပင္ သူမကိုဆိုဖာေပၚဆြဲခ်လိုက္ၿပီး သူမခါးကို ​ေပြ႕လိုက္တာ​ေၾကာင့္ သူမက  သူ႕ေပါင္ေပၚမွာ ထိုင္ခ်လ်က္သားျဖစ္သြားတယ္

႐ွန္႔က်ားရင္းတုန္လႈပ္သြားၿပီး အသံမထြက္ေအာင္ ႏႈတ္ခမ္းကိုကိုက္လိုက္တယ္
သူမရဲ႕ခႏၶာကိုယ္က အ​ေတာ္​ေလးအကဲဆတ္ၿပီး ဒီ​ေယာက်္ားက ဘယ္​ေနရာက အထိခိုက္လြယ္ဆုံးဆိုတာကိုသိတယ္

ရင္း​ေမာ့က သူမရဲ႕နား႐ြက္နားမွာ ကပ္ၿပီး​ေျပာလိုက္တယ္  "သူမက ေစာင့္ေနတုံး ဒါမွမဟုတ္ စုံစမ္းေနတုံး ျဖစ္မွာ​ေပါ့..  မေမ့နဲ႔​ေလ.. သူမမွာ  ယြိက်ိဳ႐ွိတယ္..႐ွန္႔မိသားစုဆုံးပါးသြားၾကတုန္းက သူမက သိပ္ၿပီးအသက္မငယ္ေတာ့ဘူး ..႐ွန္းယန္ဆိုရင္ သူမအတြက္သူစိမ္းတစ္ေယာက္​ေလာက္နီးပါးပဲ...အဲ့ဒါေၾကာင့္ သူမက ငါးစာကိုအလ်င္အျမန္ လာမဟပ္တာပုံမွန္ပဲ.."

ရင္း​ေမာ့ရဲ႕လက္ေခ်ာင္း​ေတြက  ႐ွန္႔က်ားရင္း ရဲ႕ စကတ္အစြန္းသို႔ေလွ်ာသြားၿပီးအအ​ေပၚကိုအနည္းငယ္ လွန္တင္လိုက္တယ္

"အင္း...သူမနဲ႔ယွဥ္ရင္မင္းကေတာ္ေတာ္​ေလး စိတ္မ႐ွည္တတ္တာပဲ"

ဒါဟာ ရင္း​ေမာ့နဲ႔ပထမဆုံးအႀကိမ္မဟုတ္​ေတာ့သလို သူမရဲ႕စိတ္ကလည္း မိန္းကေလးငယ္တစ္ဦးလိုမ်ိဳးမဟုတ္​ေတာ့တာေၾကာင့္​ေနာက္ဆုံးမွာ​ေတာ့ ႐ွန္႔က်ားရင္းက ရင္း​ေမာ့ ရဲ႕ပုခုံးကိုမွီရင္း ျဖည္းျဖည္းခ်င္း ​ေအာက္ပိုင္းကိုလႈပ္ယမ္း​ေနခဲ့တယ္

"႐ွင္ ေနရာကိုေတြ႕ၿပီလား " ႐ွန္႔က်ားရင္းက အားယူၿပီး​ေမးလိုက္တယ္

"ယြိက်ိဳ ကဆက္ဆံရတာမလြယ္ဘူး...အဲ့ဒီလည္ဆြဲက ငါ့လက္ထဲအခုထိမ​ေရာက္ေသးဘူး"
ရင္း​ေမာ့ က ေအးစက္စြာျပန္ေျဖတယ္

႐ွန္႔က်ားရင္းၿပီးသြားတာနဲ႔တစ္ၿပိဳင္နက္ ရင္း​ေမာ့က သူမကို ေဘးသို႔တြန္းခ်လိုက္ၿပီးေရခ်ိဳးခန္းထဲ ၀င္သြားတယ္

သူက နံရံကိုမွီၿပီးေခါင္းကိုေရေတြေလာင္းခ်လိုက္တယ္
သူရဲ႕စိတ္က ဘာလို႔မွန္းမသိဘဲ ယြိက်ိဳရဲ႕ရင္ခြင္ထဲက အမ်ိဳးသမီးဆီ​ေရာက္သြားတယ္

သူမရဲ႕ေမာက္မာၿပီး ရန္လိုတဲ့အမူအရာ ...

ေအးစက္ၿပီး ေလွာင္ေျပာင္​မႈအျပည့္နဲ႔ သူမရဲ႕အျပဳံး ...

သူမ သူ႕ခႏၶာကိုယ္ေအာက္မွာ ရီ​​​ေဝၿပီး ညည္းညဴ ေနမယ့္ပုံကို သူစိတ္ကူးမိတယ္

"သူမက  ႐ွန္႔က်ားရင္းထက္အမ်ားႀကီးပိုစိတ္ဝင္စားဖို႔ေကာင္းတယ္"

........

႐ွီ႐ွန္းမသိတာက အမ်ိဳးသားဇာတ္လိုက္ကသူမကို စိတ္ဝင္စား​ေနတယ္ဆိုတာပဲ..

အခုအခ်ိန္မွာ သူမကိုယ္တိုက္ သူ႕အတြက္ တက္တူးထိုးေပးဖို႔ ပူဆာ​ေနတဲ့  ယြိက်ိဳနဲ႔ စာရင္း႐ွင္း​ေနရတယ္

'ငါက တက္တူးဘယ္လိုထိုးရတယ္ ဆိုတာသိမယ့္ပုံ​ေပၚ​ေနလို႔လား..'

"႐ွင္ကြၽန္မကိုတကယ္ဆြဲေစခ်င္တာလား..ကြၽန္မတို႔  မနက္ျဖန္မွ တက္တူးဆိုင္သြားၾကရ​ေအာင္ပါ"
႐ွီ႐ွန္းက တုံ႔ဆိုင္း​ေနတယ္

"မလိုခ်င္ပါဘူး! ကိုယ္က မင္းကိုပဲလုပ္ေစခ်င္တာ! ကိုယ့္ခႏၶာကိုယ္ကို တျခားသူေတြမျမင္ေစခ်င္ဘူး! "  ယြိက်ိဳက ကုတင္ေပၚမွာ ​ေမွာက္ရက္လွဲေနၿပီး ဂ်ီက်​ေနတယ္

႐ွီ႐ွန္းက တက္တူးထိုးကိရိယာကို ဘယ္လို ကိုင္ရမလဲ မသိတာေၾကာင့္ ေခြၽး​ေတြျပန္လာတယ္
'ငါသူ႕ကို ႐ိုက္သတ္လိုက္ရမလား ... '

အဆုံးမွာ​ေတာ့ ႐ွီ႐ွန္းက ယြိက်ိဳရဲ႕ခါးမွာ ပန္းတစ္ပြင့္ပုံ တက္တူးထိုးလိုက္တယ္

ပန္းခ်ပ္​ေတြက ေငြေရာင္အျဖဴေရာင္သမုဒၵရာလိႈင္း​ေတြနဲ႔တူၿပီး ႐ုတ္တရပ္ၾကည့္မယ္ဆိုရင္  dandelionပန္းနဲ႔ ဆင္တူတယ္
ဒါ​ေပမယ့္ အဲ့ဒါရဲ႕ ​ေအာက္ခံအ​ေရာင္က အနီေရာင္ျဖစ္​ေနခဲ့တယ္
႐ွီ႐ွန္းရဲ႕ တက္တူးထိုးစြမ္းရည္က သိပ္​ေတာ့မ​ေကာင္းဘူး

ယြိက်ိဳကမွန္ထဲမွာ သူ႕ကိုယ္သူ ေငးၾကည့္ေနၿပီး သူ႕အမူအရာကစိတ္ဓာတ္က်ေနပုံရတယ္

"ခ်စ္​ေလး..မင္းကိုယ့္ကို ဘာပုံထိုး​ေပးခဲ့တာလဲ"

"ေဟ့..႐ွင္​ေျပာ​ေတာ့ ဘာမဆိုထိုးလို႔ရတယ္ဆို.." ႐ွီ႐ွန္းကကိရိယာကိုခ်လိုက္ၿပီး ကုတင္ေပၚက​ေန ခုန္ဆင္းလိုက္တယ္

"ေက်းဇူးမကန္းနဲ႔...ဘယ္သူမဆိုဒီတက္တူးကို မရႏိုင္ဘူး... မင္းအတြက္ကြၽန္မထိုး​ေပးခဲ့တာရဲ႕တစ္ခုတည္းေသာအေၾကာင္းအရင္းက႐ွင္က ကြၽန္မ လူျဖစ္လို႔ပဲ..'

ယြိက်ိဳက တက္တူးကိုပိုျမင္ရေအာင္ သူ႕ခႏၶာကိုယ္ကိုလွည့္ရင္း သူမကိုသံသယကင္းစြာၾကည့္လိုက္တယ္

"ဒါကဘာပန္းလဲ" 
ယြိက်ိဳအရင္က ဒီလိုပန္းမ်ိဳး တစ္ခါမွမျမင္ဖူးဘူး

႐ွီ႐ွန္းက သူ႕ခါးကိုဖက္ၿပီး ေပါ့ပါးတဲ့ အသံနဲ႔ေျပာလိုက္တယ္
"အခြင့္အ​ေရး႐ွိရင္ သူတို႔ကို ကြၽန္မတို႔ သြားၾကည့္ၾကမယ္"

ယြိက်ိဳက အ​ေနာက္ကိုလွည့္လိုက္တယ္ ဒါ​ေပမယ့္ သူ႕လက္က ေဘးမွာ႐ွိတဲ့ စင္ကိုတိုက္မိသြားတာ​ေၾကာင့္ အ​ေပၚမွာ တင္ထားတဲ့ လည္ဆြဲက ျပဳတ္က်သြား​ေတာ့တယ္

လည္ဆြဲ ၾကမ္းျပင္​ေပၚ ျပဳတ္က်သြားတဲ့
အခါ ႐ွီ႐ွန္းက သူ႕ကို႐ိုက္ၿပီး လည္ဆြဲကို ကုန္းေကာက္လိုက္တယ္

42492474S

ေနာက္အခိုက္အတန္႔မွာ  ႐ွီ႐ွန္းက ယြိက်ိဳကို လွမ္းတို႔လိုက္တယ္  သူမအနားမွာ႐ွိတဲ့ ႐ွိမီးအိမ္ကအလင္းဟာ  လည္ဆြဲေပၚကိုက်​ေရာက္​ေနၿပီး  လွပတဲ့ အလင္းျဖာမႈကို ျဖစ္ေပၚ​ေနေစတယ္ အလင္းေရာင္ေအာက္မွာ နံပါတ္​ေတြ ဝိုးတဝါးေပၚလာခဲ့တယ္

42492474S

'ဒါကဘာလဲ?'

႐ွီ႐ွန္းက နံပါတ္​ေတြနဲ႔အကၡရာ​ေတြကိုကူး​ေရးလိုက္ၿပီး  ယြိက်ိဳကို လွမ္း​ေမးလိုက္တယ္ "ဒီနံပါတ္ေတြကဘာကိုဆိုလိုတာလဲ"

42492474S ……

ယြိက်ိဳေခါင္းခါလိုက္တယ္

ဂဏန္း​ေတြႏွင့္အကၡရာတစ္ခုက အရာမ်ားစြာကိုဆိုလိုႏိုင္တယ္  ဒါမဟုတ္၎သည္လုံး ၀ အဓိပၸါယ္မ႐ွိတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္

'42492474S ... '
သူမတို႔ႏွစ္ဦး တစ္​ေယာက္နဲ႔တစ္​ေယာက္အခ်ိန္ၾကာျမင့္စြာစိုက္ၾကည့္ေနၾက​ေပမယ့္လည္း ဘယ္ေကာက္ခ်က္ခ်ခ်က္မွမရခဲ့ဘူး

႐ွီ႐ွန္းက​ေတာ့ ဒီဂဏန္း​ေတြဟာ အဓိပၸ္တစ္ခုခုမ႐ွိႏိုင္ဘူးလို႔ မယုံဘူး

႐ွီ႐ွန္းက ကုယန္ ႏွင့္ ယြိ႐ွင္းယြင္ တို႔ကိုလည အကၡရာစာတန္း​ေတြ ျပခဲ့​ေပမယ့္ သူတို႔လည္း သဲသဲကြဲကြဲမသိၾကဘူး

……

ေကာ္ဖီဆိုင္တစ္ဆိုင္မွာ ႐ွီ႐ွန္းက အဲ့ဒီနံပါတ္​​ေတြကိုေငးၾကည့္ေနတယ္

"ေဟ့...အိုင္းစတိုင္း...ဘာ​ေတြၾကည့္ေနတာလဲ" ေယာင္ခ်င္က သူမရဲ႕အိတ္ကို ႐ွီ႐ွန္းမ်က္ႏွာမူထားတဲ့ ထိုင္ခုံေပၚပစ္တင္လိုက္ၿပီးသူမေဘးမွာ ၀င္ထိုင္လိုက္တယ္

"ေက်ာင္းဆင္းၿပီလား"  ႐ွီ႐ွန္းကစားပြဲထိုးကိုလွမ္းေခၚလိုက္ၿပီး ေယာင္ခ်င္ အႀကိဳက္ဆုံးအခ်ိဳပြဲနဲ႔ေကာ္ဖီတစ္ခြက္ကိုမွာလိုက္တယ္

"အား..အိုင္းစတိုင္း..နင္ဘာလို႔ ​ေက်ာင္းဆက္မတက္ခ်င္ေတာ့တာလဲ"
ေယာင္ခ်င္က ႐ွီ႐ွန္းရဲ႕လက္ကို ေပြ႕ဖက္ၿပီးလႈပ္ယမ္းလိုက္တယ္  "ငါေက်ာင္းမွာတစ္ေယာက္တည္းအရမ္းပ်င္းတယ္"

"ဒါဆိုလည္း စာမ်ားမ်ားဖတ္"
႐ွီ႐ွန္းကတည္ၿငိမ္စြာေျပာတယ္

"ဒါကနင့္ရဲ႕ IQ ကိုကူညီလိမ့္မယ္"

"႐ွန္း႐ွ..နင္ငါ့ကိုအႏိုင္က်င့္တယ္"

ေယာင္ခ်င္က သူမရဲ႕ တကၠသိုလ္ဘ၀ အေၾကာင္းကို စတင္ညည္းတြား​ေတာ့တယ္

"နင္လည္းမသိတာမဟုတ္ဘူး..ဒါေပမယ့္ဒီေကာင္မေလးေတြ႐ူးသြားၿပီနဲ႔တူတယ္..အဲ့ေကာင္ေလးေတြက နင့္ရဲ႕ ​ေၾကာင္​ေတာင္​ေတာင္ရည္းစားရဲ႕ တစ္၀က္ေလာက္​ေတာင္ ခ်စ္စရာေကာင္းတယ္လို႔..ငါမထင္ဘူး...အိုးဒါနဲ႔  အဲ့အ႐ူး​ေကာင္ အခုဘယ္မွာလဲ " ေယာင္ခ်င္က ပတ္ဝန္းက်င္ကိုလွည့္ၾကည့္လိုက္တယ္

"သူအခု မအီမသာျဖစ္​ေနလို႔..."

"Pfft -!" 
ေယာင္ခ်င္က သူမငုံလိုက္တဲ့ ေကာ္ဖီ​ေတြအကုန္လုံးကို ​ေထြးထုတ္မိလိုက္တယ္

႐ွီ႐ွန္းက သူမကို မ​ေက်နပ္တဲ့တဲ့အၾကည့္နဲ႔ ၾကည့္လိုက္တာ​ေၾကာင့္ ​ေယာင္ခ်င္က ႐ွီ႐ွန္းကို တစ္႐ွဴးလွမ္း​ေပးလိုက္တယြ

"ေတာင္းပန္ပါတယ္! ငါ့ကိုယ္ငါမထိန္းႏိုင္ခဲ့ဘူး! "

Transalated by Dora💜Mia💙
26.9.21(Sun)

Continue Reading

You'll Also Like

2.9M 226K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
55.8K 7.1K 172
sequel of (1394 to final)
3.4M 277K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
544K 56.9K 200
Book 1 အပိုင်း (1- 200) Title: Reincarnation of Businesswoman at School Author: Warm Color Su Eng Translator: Henyee Translations Mm Translator : Cha...