ရှီရှန်း ( ရှီရှန်း) Book 3...
By Hanpandora
470K 68.3K 747
ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ရှီရှန်း arc 11 က​နေ စတင်တာပါ arc... More
💜💙
Arc 11.1
Arc 11.2
Arc 11.3
Arc 11.4
Arc 11.5
Arc 11.6
Arc 11.7
Arc 11.8
Arc 11.9
Arc 11.10
Arc 11.11
Arc 11.12
Arc 11.13
Arc 11.14
Arc 11.15
Arc 11.16
Arc 11.17
Arc 11.18
Arc 11.19
Arc 11.20
Arc 10.21
Arc 11.22
Arc 11.23
Arc 11.24
Arc 11.25
Arc 11.26
Arc 11.27
Arc 11.28
Arc 11.29
Arc 11.30
Arc 11.31 END
Extra 1
Extra 2
Arc 12.1
Arc 12.2
Arc 12.4
Arc 12.5
Arc 12.6
Arc 12.7
Arc 12.8
Arc 12.9
Arc 12.10
Arc 12.11
Arc 12.12
Arc 12.13
Arc 12.14
Arc 12.15
Arc 12.16
Arc 12.17
Arc 12.18
Arc 12.19
Arc 12.20
Arc 12.21
Arc 12.22
Arc 12.23
Arc 12.24
Arc 12.25
Arc 12.26
Arc 12.27
Arc 12.28
Arc 12.29
Arc 12.30
Arc 12.31
Arc 12.32
Arc 12.33
Arc 12.34
Arc 12.35
Arc 12.36
Arc 12.37
Arc 12.38
Arc 12.39
Arc 12.40END
Arc 12 Extra
Arc 13.1
Arc 13.2
Arc 13.3
Arc 13.4
Arc 13.5
Arc 13.6
Arc 13.7
Arc 13.8
Arc 13.9
Arc 13.10
Arc 13.11
Arc 13.12
Arc 13.13
Arc 13.14
Arc 13.15
Arc 13.16
Arc 13.17
Arc 13.18
Arc 13.19
Arc 13.20
Arc 13.21
Arc 13.22
Arc 13.23
Arc 13.24
Arc 13.25
Arc 13.26
Arc 13.27
Arc 13.28
Arc 13.29
Arc 13.30
Arc 13.31
Arc 13.32
Arc 13.33
Arc 13.34
Arc 13.35
Arc 13.36 END
ကျန့်ကျန်း SPECIAL EPISODE
Arc 14.1
Arc 14.2
Arc 14.3
Arc 14.4
Arc 14.5
Arc 14.6
Arc 14.7
Arc 14.8
Arc 14.9
Arc 14.10
Arc 14.11
Arc 14.12
Arc 14.13
Arc 14.14
Arc 14.15
Arc 14.16
Arc 14.17
Arc 14.18
Arc 14.19
Arc 14.20
Arc 14.21
Arc 14.22
Arc 14.23
Arc 14.24
Arc 14.25
Arc 14.26
Arc 14.27
Arc 14.28
Arc 14.29
Arc 14.30
Arc 14.31
Arc 14.32
Arc 14.33
Arc 14.34 END
Arc 15.1
Arc 15.2
Arc 15.3
Arc 15.4
Arc 15.5
Arc 15.6
Arc 15.7
Arc 15.8
Arc 15.9
Arc 15.10
Arc 15.11
Arc 15.12
Arc 15.13
Arc 15.14
Arc 15.15
Arc 15.16
Arc 15.17
Arc 15.18
Arc 15.19
Arc 15.20
Arc 15.21
Arc 15.22
Arc 15.23
Arc 15.24
Arc 15.25
Arc 12.3
4K 654 7
By Hanpandora
Unicode
ကုယန်က ရှီရှန်းကို ရှန်းရှအကြိုက်ဆုံးစားသောက်ဆိုင်​တွေထဲက တစ်ဆိုင်ကိုခေါ်လာတယ်
ရှီရှန်းက​တော့ ဒီနေရာကိုတကယ်မကြိုက်​လေဘူး ဆိုင်ရဲ့အလှဆင်မှု​တွေက သူမနှစ်သက်မှုနဲ့ အ​တော်​လေး​ဝေးကွာတဲ့အ​ခြေအ​နေမှာ ရှိ​နေတယ်
ဒါပေမယ့်သူမရဲ့ ထမင်းစားလက်မှတ်ကြီးက အခုမှ ရည်းစားနဲ့ပြတ်ထားတယ် ဆိုတာသတိရလိုက်တာနဲ့ ရှီရှန်းက တခြားတစ်နေရာကို သွားဖို့​တောင်းဆိုမ​နေ​တော့ဘဲထူးခြားတဲ့အလိုက်သိမှုတစ်ခုကိုပြသ​ပေးလိုက်တယ်....ဟုတ်ပါတယ်...တကယ်က​တော့ သူမလမ်းဆက်လျှောက်ဖို့အရမ်းပျင်း​နေတာလည်းပါတယ်
"​ရှောင်ရှ...မင်း ဦး​​လေးနဲ့လာ​နေတာလေးနှစ်တောင်ရှိပြီ ... " ကုရန် က ရုတ်တရပ်​ပြောလိုက်တယ်
ရှီရှန်ကသူ့ကို့ခေါင်းမော့ကြည့်လိုက်သည်။ သူမ​ရှေ့က အမျိုးသားက ​ခေါင်းငုံ့လိုက်ပြီးမျက်ခုံး​တွေကလည်း တင်းကျပ်စွာ​မှောင်ကုတ်​နေကြတယ်
" အင်း "
'လေးနှစ်ရှိသွားပြီ '
ရှန်းရှရဲ့ မိဘ​တွေက သူမအသက် ၁၀ နှစ်မှာ သေဆုံးခဲ့ကြတယ်
ကုရန်က တိတ်ဆိတ်သွားတယ်
သူ့အကြည့်က ထမင်းပန်းကန်ပေါ်မှာငြိမ်သက်​နေတယ် သည်။
ရှီရှန်းက စားဖို့ကိုအာရုံစိုက်လိုက်တယ်
'ငါဗိုက်ဆာနေပြီ! ဗိုက်ဖြည့်တာထက် ဘာကမှပိုအရေးမကြီးဘူး '
"​ရှောင်ရှ...မင်းဒီညပြီးရင် ၁၅ နှစ်ပြည့်တော့မယ်" အမျိုးသားကရုတ်တရက်စကားဆက်လိုက်တယ်
ရှီရှန်လည်းခဏ​လောက်တိတ်ဆိတ်သွားတယ်
ခက်ခက်ခဲခဲစဉ်းစားပြီးမှမနက်ဖြန်သရှန်းရှရဲ့ မွေးနေ့ဖြစ်ကြောင်း သူမသတိရ​တော့တယ်
"မင်းအသက် ၁၆ နှစ်ပြည့်တဲ့အခါမင်းမိဘ​တွေချန်ထား​ပေးခဲ့တဲ့ အမွေအားလုံးကို တရားဝင် ဆက်ခံခွင့်ရှိပြီ...ဒီကဒ်ထဲမှာ 30k ရှိတယ် မင်း​​ချွေ​ချွေတာတာသုံးရင် အဲ့ဒါကနောက်နှစ်အတွက် မင်းရဲ့အသုံးစရိတ်အတွက်လုံလောက်လိမ့်မယ် "
ကုရန် က ရှီရှန်း စကားပြန်ပြောတာကို မ​စောင့်ဘဲ ကဒ်ကိုတွန်း​ပေးလိုက်တယ်
ရှီရှန်း" ..." 'ရေရှည်ထမင်းစားလက်မှတ်ကြီးက ထွက်ပြေးဖို့ကြံစည်နေတာလား'
"ဦးလေးကု ရှင်ဘာကိုဆိုလိုတာလဲ"
ရှီရှန်းကသူမရဲ့ တူ​တွေကိုချလိုက်ပြီး ကုရန်ကိုမော့ကြည့်လိုက်တယ်
သူကသူမကိုမကြည့်ဘဲ သူ့မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကာ ခပ်တိုးတိုး​ပြောတယ်
"ငါ့ကုမ္ပဏီမှာ ပြသနာတချို့တက်​နေတယ် ... ငါမင်းကိုဂရုစိုက်မယ်လို့မင်းအဖေကိုကတိပေးထားတယ် ဒါပေမယ့်အခုချိန်မှာငါလုပ်​ပေးနိုင်တာဒါအကုန်ပဲ ... "
သူကသူမကိုအခုမပြောပြရင်တောင် ​နောက်ကျ သိသွားမှာပဲ
သူမကို ရုတ်တရပ်ကြီး အလန့်တကြားဖြစ်​စေတာထက် အခုလိုကြို​ပြောလိုက်တာက စိတ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်​စေဖို့ အြူအညီ​ပေးနိုင်လိမ့်မယ်လို့ သူထင်တယ်
"ရှင့်ကုမ္ပဏီကပျက်သွားပြီလား"
ကုရန်ခေါင်းခါလိုက်တယ် "အခု​တော့ မပျက်​သေးဘူး..."
အခု​တော့ မပျက်သေးဘူး။ ဒါပေမယ့်ငွေလည်ပတ်မှုရပ်တန့်သွားပြီဆိုရင်အဲ့ဒါကကြာကြာခံမှာမဟုတ်​တော့ဘူး
"ဒါဆိုကယ်တင်လို့ မရန်ုင်​အောင်ဖြစ်​နေပြီလား"
ကုရန်" ... "
သူကသူ့လက်တွေကို ဆုပ်နယ်လိုက်ပြီး သူ့ရှေ့ကကောင်မလေးကိုကြည့်လိုက်တယ်
သူမက အပြည့်အ၀ အရွယ်မ​ရောက်သေးပေမဲ့သူမအမေရဲ့အလှကိုအရိပ်အမြွက်မြင်နေရပြီ
" အဲ့ဒါဆိုရင် ဘာဖြစ်လို့ အစောကြီးကောက်ချက်ချထားမှာလဲ ... ဦးလေးကု.. ကြိုတင်ပြင်ဆင်မှုနှင့်စိတ်ရှည်သည်းခံမှု ရှိတဲ့သူ​တွေကပဲ အခွင့်အလမ်း​တွေကိုလက်ခံရတယ်တဲ့..."
ကုရန်က ကောင်မလေးတစ်ယောက်ဆီက​နေ အကြံဥာဏ်ယူ​နေရမယ့်နေ့ရောက်လာလိမ့်မယ်လို့ဘယ်တုန်းကမှမမျှော်လင့်ခဲ့ဘူး
ဒါ​ပေမယ့် သူမရဲ့စကား​တွေကအမှန်တရားဖြစ်​နေတာ​ကြောင့် သူ့မှာပြန်ပြောဖို့နည်းလမ်းရှာမတွေ့ခဲ့ဘူး
ကုရန်ကို အား​ပေးစကား​တွေဆက်တိုက်​ပြောပြီးတာ​တောင်မှ ရှီရှန်းက လမ်းမပေါ်မှာပစ်ထားခံခဲ့ရတယ်
ရှီရှန်း " ..." 'ရေရှည်ထမင်းစားလက်မှတ်ကြီး... ဒါကသိပ်​တော့ မဟုတ်​သေးဘူး​နော်..'
......
ရှီရှန်းက အိမ်ကို ​အေး​အေး​ဆေး​ဆေး လမ်း​လျှောက်ပြန်လာခဲ့တယ်
သူမ ​ရှေး​ဟောင်းပစ္စည်းအ​ရောင်းလမ်းကို ဖြတ်ပြီးလမ်းလျှောက်နေစဥ်မှာပဲ ရှန့်ကျားရင်းကို အဝင်၀မှာလှမ်းတွေ့လိုက်ရတယ်
သူမက အရပ်ရှည်ရှည်​ကောင်ငယ်​လေးတစ်​ယောက်နဲ့အတူရပ်နေတယ်
မကြာခင်မှာပဲ သူတို့နှစ်​ယောက်ဆီကို ကအနက်ရောင်ဆွယ်တာ၀တ်ထားတဲ့ အသားဖြူဖြူ ​ကောင်​လေးတစ်ယောက်နဲ့ပူးပေါင်းလာတယ်
သူတို့သုံး​ယောက်သား ​စျေးတန်းထဲကို ၀င်လာကြတယ်
ဇာတ်လိုက်မက ပစ္စည်း​တွေကိုအကဲဖြတ်နိုင်စွမ်းရှိတာကြောင့် သူမက စျေးပိုသာသာနဲ့ရောင်းနိုင်မယ့် အချိုအ​ချောင်ပစ္စည်းတစ်ခုခုကို ရှာဖို့လာတာဖြစ်နိုင်တယ်
ရှီရှန်းက စိတ်ဓါတ်ကျသွားတယ်
'ငါ့မှာကျ​တော့ အဲ့လိုလုပ်နိုင်တဲ့ စွမ်းရည်တစ်ခုမှမရှိဘူး!'
[ရတနာရှာဖုန်း... ကမ္ဘာတစ်ဝှမ်းလုံးက ရတနာများကိုကူညီရှာဖွေပေးသည်
Host.. တစ်ခု​လောက်လိုချင်လား.. အကူအညီရမှတ် 10kပဲရှိတယ် ]
'System... နင်ကြော်ငြာ​တွေ ဘယ်တုန်းကစထည့်တတ်ခဲ့တာလဲ.. တစ်သောင်းလား! နင်ဘာလို့ ဓါးပြမတိုက်တာလဲ! အရူးဘဲ '
[......] 'တခြား system​တွေဆိုရင် သူတို့host​တွေဆီက အမြတ်ထုတ်လို့ရတယ် ...ငါ့ဘ၀က​တော့ ကောင်းကင်ဘုံကိုတက်ဖို့ထက် သူမဆီက​နေ အကူအညီရမှတ်တစ်မှတ်ရဖို့ကပိုခက်တယ်..သူမအရမ်းကတ်စီးနဲလွန်းတယ် ... '
[ဒါဆိုလျှော့စျေး​ပေးရင်ဘယ်လိုလဲ.. 5k?]
'5k? နင့်ရဲ့အိပ်မက်ထဲမှာပဲရမယ်.. မစ်ရှင်တစ်ခု ​အောင်မြင်ရင် အကူအညီရမှတ် 3kရတယ်... နင်က​တော့ ငါ့ဆီက​နေ မစ်ရှင်၂ခုစာ နီးပါး တန်ဖိုးရှိတဲ့ အကူအညီရမှတ်​တွေကို အလစ်သုတ်ဖို့ ကြိုးပမ်း​နေတယ် ..'
[......] 'Side Quests တွေကိုရှောင်ဖို့ဘယ်သူပြောလဲ..အဲ့ဒါ​တွေမှာအမှတ်တွေရှိတယ်! '
[3k..အဲ့ထပ်မ​လျှော့ဘူး.. ]
Shi Shengက မျက်လုံးလှိမ့်လိုက်တယ် 'ငါက ဝယ်ချင်တယ်​ပြောလို့လား?'
ရှီရှန်းက ​ဈေးတန်း တစ်​လျှောက်လာတယ်.. ညဈေးက နေ့ခင်းဘက်ထက် ပိုပြီး အသက်ဝင်​နေတယ် လူအများက အချိုအ​ချောင်ရဖို့ မျှော်လင့်ပြီးထွက်လာခဲ့ကြတယ်
ရှန့်ကျားရင်း နှင့် ကောင်လေးနှစ်ယောက်တို့လည်း ဖြည်းဖြည်းချင်းပဲလျှောက်လာခဲ့ကြတယ် သူမက ပစ္စည်း​တွေကို စစ်​ဆေးဖို့ ခဏတိုင်းတစ်ကြိမ်ရပ်​လေ့ရှိတယ်
ရှီရှန်းကသူတို့နောက်က​နေ လိုက်ခဲ့တယ် ကောင်လေး​တွေနှင့် ရှန့်ကျားရင်း တို့အကြားခဏခဏစကားလက်ဆုံကျသံကိုကြား​နေရတယ်
သူမနှင့်ပထမဆုံးအတူရှိခဲ့တဲ့သူက ၀မ်ကျင်းရွှမ် ဖြစ်ပြီးအနက်ရောင်ဆွယ်တာနဲ့ အသားဖြူဖြူ​ကောင်​​လေးကို​တော့ ရှဲ့ချန်လို့ခေါ်တယ် သူတို့နှစ်ယောက်လုံးက ရှန့်ကျားရင်း ကိုကြိုက်ခဲ့ကြတဲ့ အရံအမျိုးသားဇာတ်​ကောင်​တွေပဲ
အခုချိန်မှာ​တော့ သူတို့က ရှန့်ကျားရင်းနဲ့ သိတာ မကြာ​သေးကြဘူး
[Host .. မင်းဒါကိုတကယ်မစဉ်းစား​တော့ လား.. ကျွန်​တော်​ပြောမယ်.. အကူညီရမှတ် ရမှတ် 2k..ဒါနောက်ဆုံးအခွင့်အရေးပဲ... ]
"1k.."
Systemက ခန​လောက် တိတ်ဆိတ်သွား​ပေမယ့် လည်းအဆုံးမှာ​တော့ သူက ပစ္စည်းကို ရှီရှန်းဆီပေးလိုက်​လေတယ်
'Hostကို အမြတ်ထုတ်ဖို့ ခက်ခဲလွန်းတယ်..'
ဟုတ်ပါတယ်၊ အရေးအကြီးဆုံးအချက်က ဒီကိရိယာကအဲ့လောက်အများကြီးမထိုက်တန်ဘူး အကူအညီရမှတ် ၁၀၀၀ဆိုတာက သင့်​လျော်တဲ့စျေးလို့​ပြောလို့ရတယ်
ရှီရှန်းက ရတနာရှာဖုန်းကိုရလိုက်တာနဲ့စစ်ဆေး​တော့တယ်..ဒါကစမတ်ဖုန်းတစ်လုံးနဲ့မကွာဘူး... SIM ကဒ်ကို​တောင်ထည့်နိုင်ပုံရပြီး ပုံမှန်စမတ်ဖုန်းတစ်လုံးရဲ့ လုပ်ဆောင်ချက်​တွေ အားလုံးပါ၀င်တယ်
ရှီရှန်းက သူမသာမာန်ဖုန်းတစ်လုံးကို၀ယ်မိခဲ့တာလားလို့သံသယ၀င်လာ​တယ်
ထူးဆန်းတဲ့ app များစွာရဲ့အလယ်မှာ သူမက 'Taobao [1]' ဆိုတဲ့ app တစ်ခုကိုတွေ့လိုက်တယ်။
ရှီရှန်း " ... " 'ဘယ်လိုပဲကြည့်ကြည့်ဒါက Alibaba ရဲ့ Taobao app နဲ့တူတူပဲ...'
(Taobaoဆိုတာက Alibaba companyက​ထောင်ထားတဲ့ တရုတ် online shop app ပါ )
သူမဟာ app ကိုဖွင့်လိုက်တာနဲ့ရင်းနှီးတဲ့ အပြင်အဆင်တစ်ခုနဲ့ နှုတ်ဆက်လိုက်ရတယ်
ဒေတာများစုဆောင်းနေသည် ...
ဖုန်းမျက်နှာပြင်မှာ စာလုံးအချို့ပေါ်လာတယ်
မိနစ်အတော်ကြာပြီးနောက်...
ဒေတာစုဆောင်းပြီး...။ Taobao ကို
အသုံးပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်။ မင်းအတွေ့အကြုံကိုကျေနပ်လိမ့်မယ်လို့ငါတို့မျှော်လင့်တယ်။
Shi Sheng "... " 'What the hell!!'
သူမက appက ပစ္စည်း​တွေကိုကြည့်လိုက်တယ်
တကယ်​တော့ ဒါက ... နည်းနည်း​တော့ အထင်ကြီးချင်စရာ​ကောင်းပုံရတယ်...
......
ကစားစရာသဲနာရီ ။ တန်ဖိုး: ၁ယွမ် အကွာအဝေး: 5 မီတာ
၃ နှစ်သားအဝတ်အစား။ တန်ဖိုး: ယွမ် ၃၀ အကွာအဝေး: 20 မီတာ
တစ်နှစ်ပတ်လုံးနာရီ။ တန်ဖိုး: ယွမ် ၃၀၀ အကွာအဝေး: 50 မီတာ
...
နှစ်တစ်ရာရွှံ့အိုး။ တန်ဖိုး : မသိ။ အကွာအဝေး: မီတာ 300
သက်မ်းနှစ်ရာရှိအုတ်ခဲ ။ တန်ဖိုးမသိ။ အကွာအဝေး: 700 မီတာ
သူတောင်းစား၏ခွက်စုတ်။ တန်ဖိုး: 0။ အကွာအဝေး၊ မီတာ ၁၀၀၀
* စားပွဲလှန်လိုက်*
'What the hell!!! System.. အလီဘာဘာက နင်သူတို့ရဲ့အက်ပလီကေးရှင်းကိုခိုးကူးသုံးတဲ့အတွက်နင့်ကိုတရားစွဲလိမ့်မယ်။ '
သူမက ပုံမှန်ဆန်တဲ့ရတနာတစ်ခုခုကိုရှာမ​တွေ့ခင် အချိန်အ​တော်ကြာ​အောင် ​ပေါက်ကရ​တွေကိုပဲ​တွေ့ခဲ့ရတယ်
နှစ် ၃၀၀ သက်တမ်းရှိပန်းချီကား တန်ဖိုး: ယွမ် ၁၀,၀၀၀ အကွာအဝေး: မီတာ ၂၀၀၀
ပစ္စည်းရဲ့သက်တမ်းနဲ့ အကွာအ​ဝေးအစရှိ​တဲ့ ခေါင်းစဉ်အထူးအဆန်း​တွေက ဖုန်းမျက်နှာပြင်​ပေါ်မှာ​ပေါ်လာပြီး သူမကို ညွှန်ကြားချက်​ပေး​နေ​လေတယ်
ဒါ​ပေမယ့် အဲ့ဒီဓာတ်ပုံ​တွေကphotoshop လုပ်ထားမှန်း သိသာလှတယ် ကြုံရာအုတ်တစ်ခု ..ဒါမှမဟုတ်..သူတောင်းစားရဲ့ ခွက်အစုတ်လိုအရာ​တွေကို​တောင် ပြတိုက်ထဲမှာတွင်တွေ့ရမယ့် အလွန်ကောင်းမွန်စွာထိန်းသိမ်းထားတဲ့ ရှေးဟောင်းပစ္စည်းလိုပုံ​ပေါက်​နေ​လေတယ်
'ကောင်းတယ်၊ Alibaba ရဲ့ Taobao နဲ့တူတူပဲ...'
အရာဝတ္ထုတစ်ခုစီအတွက်အကွာအဝေးကိုပြသခဲ့​ပေမယ့် မီတာ ၃၀၀၀ ထက်​တော့ပိုမဝေးဘူး
Appကအဝတ်အစားများ၊ အစားအစာများ၊ ကစားစရာများ၊ အရာအားလုံးကို သက်တမ်းမရွေးပြသ​လေတယ်
'​သောက်ချီး! ဒီ appကကောင်းကင်ကို​တောင်တက်​တော့မယ်.. Alibaba ရဲ့ ညစ်ပုံညစ်နည်းက ဒါနဲ့နှိုင်းယှဉ်ရင် မူလတန်းအဆင့်ပဲရှိ​သေးတယ်! '
ရှီရှန်းက ပိုကြီးတဲ့ရှေးဟောင်းအရောင်းဆိုင်ထဲကို ၀မ်းသာအားရ၀င်သွားတယ်
Appကပြတဲ့ပစ္စည်း​တွေကလည်း ​ပေါက်ကရပစ္စည်း​တွေက​နေ လက်ရာမြောက်ကြွေထည်​တွေအဖြစ်​ပြောင်းသွား​လေတယ်
ပထမဦးစွာသူတို့၏အမည်၊ စျေးနှုန်း​တွေကို ​​ဖော်ပြတယ်..
အချို့​တွေက ရာဂဏန်းမျှသာရှိ​ပေမယ့်လည်းအချို့​တွေက​တော့ တစ်သန်းကျော်တန်ဖိုးရှိ​နေ​လေတယ်
ဒါ​ပေမယ့် ​ရှေး​ဟောင်းပစ္စည်းအစစ်အမှန်တို့ရဲ့ တန်ဖိုး သန်းတစ်ရာနှင့်အထက်တန်ဖိုးရှိတဲ့အရာတစ်ခုမှပေါ်မလာခဲ့ဘူး
Transalated by Dora💜 Mia💙
16.9.21 ( Thursday )
Zawgyi
" အင်း "
'လေးနှစ်ရှိသွားပြီ '
ကုရန်" ... "
......
သူတို့သုံး​ယောက်သား ​ဈေးတန်းထဲကို ၀င်လာကြတယ်
ဇာတ်လိုက်မက ပစ္စည်း​တွေကိုအကဲဖြတ်နိုင်စွမ်းရှိတာကြောင့် သူမက ဈေးပိုသာသာနဲ့ရောင်းနိုင်မယ့် အချိုအ​ချောင်ပစ္စည်းတစ်ခုခုကို ရှာဖို့လာတာဖြစ်နိုင်တယ်
[ဒါဆိုလျှော့ဈေး​ပေးရင်ဘယ်လိုလဲ.. 5k?]
[3k..အဲ့ထပ်မ​လျှော့ဘူး.. ]
"1k.."
ဟုတ်ပါတယ်၊ အရေးအကြီးဆုံးအချက်က ဒီကိရိယာကအဲ့လောက်အများကြီးမထိုက်တန်ဘူး အကူအညီရမှတ် ၁၀၀၀ဆိုတာက သင့်​လျော်တဲ့ဈေးလို့​ပြောလို့ရတယ်
ဒေတာစုဆောင်းပြီး...။ Taobao ကို
Shi Sheng "... " 'What the hell!!'
......
...
နှစ်တစ်ရာရွှံ့အိုး။ တန်ဖိုး : မသိ။ အကွာအဝေး: မီတာ 300
* စားပွဲလှန်လိုက်*
ပထမဦးစွာသူတို့၏အမည်၊ ဈေးနှုန်း​တွေကို ​​ဖော်ပြတယ်..
16.9.21 ( Thursday )
Continue Reading
You'll Also Like
42K 4.9K 20
ကျိုးလုဖေးရှန်း၏ Master series ဘာသာပြန်
994K 116K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...