ရှီရှန်း ( ႐ွီ႐ွန္း) Book 3...

De Hanpandora

477K 68.4K 749

ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ႐ွီ႐ွန္း arc 11 က​ေန စတင္တာပါ arc... Mai multe

💜💙
Arc 11.1
Arc 11.2
Arc 11.3
Arc 11.4
Arc 11.5
Arc 11.6
Arc 11.7
Arc 11.9
Arc 11.10
Arc 11.11
Arc 11.12
Arc 11.13
Arc 11.14
Arc 11.15
Arc 11.16
Arc 11.17
Arc 11.18
Arc 11.19
Arc 11.20
Arc 10.21
Arc 11.22
Arc 11.23
Arc 11.24
Arc 11.25
Arc 11.26
Arc 11.27
Arc 11.28
Arc 11.29
Arc 11.30
Arc 11.31 END
Extra 1
Extra 2
Arc 12.1
Arc 12.2
Arc 12.3
Arc 12.4
Arc 12.5
Arc 12.6
Arc 12.7
Arc 12.8
Arc 12.9
Arc 12.10
Arc 12.11
Arc 12.12
Arc 12.13
Arc 12.14
Arc 12.15
Arc 12.16
Arc 12.17
Arc 12.18
Arc 12.19
Arc 12.20
Arc 12.21
Arc 12.22
Arc 12.23
Arc 12.24
Arc 12.25
Arc 12.26
Arc 12.27
Arc 12.28
Arc 12.29
Arc 12.30
Arc 12.31
Arc 12.32
Arc 12.33
Arc 12.34
Arc 12.35
Arc 12.36
Arc 12.37
Arc 12.38
Arc 12.39
Arc 12.40END
Arc 12 Extra
Arc 13.1
Arc 13.2
Arc 13.3
Arc 13.4
Arc 13.5
Arc 13.6
Arc 13.7
Arc 13.8
Arc 13.9
Arc 13.10
Arc 13.11
Arc 13.12
Arc 13.13
Arc 13.14
Arc 13.15
Arc 13.16
Arc 13.17
Arc 13.18
Arc 13.19
Arc 13.20
Arc 13.21
Arc 13.22
Arc 13.23
Arc 13.24
Arc 13.25
Arc 13.26
Arc 13.27
Arc 13.28
Arc 13.29
Arc 13.30
Arc 13.31
Arc 13.32
Arc 13.33
Arc 13.34
Arc 13.35
Arc 13.36 END
ကျန့်ကျန်း SPECIAL EPISODE
Arc 14.1
Arc 14.2
Arc 14.3
Arc 14.4
Arc 14.5
Arc 14.6
Arc 14.7
Arc 14.8
Arc 14.9
Arc 14.10
Arc 14.11
Arc 14.12
Arc 14.13
Arc 14.14
Arc 14.15
Arc 14.16
Arc 14.17
Arc 14.18
Arc 14.19
Arc 14.20
Arc 14.21
Arc 14.22
Arc 14.23
Arc 14.24
Arc 14.25
Arc 14.26
Arc 14.27
Arc 14.28
Arc 14.29
Arc 14.30
Arc 14.31
Arc 14.32
Arc 14.33
Arc 14.34 END
Arc 15.1
Arc 15.2
Arc 15.3
Arc 15.4
Arc 15.5
Arc 15.6
Arc 15.7
Arc 15.8
Arc 15.9
Arc 15.10
Arc 15.11
Arc 15.12
Arc 15.13
Arc 15.14
Arc 15.15
Arc 15.16
Arc 15.17
Arc 15.18
Arc 15.19
Arc 15.20
Arc 15.21
Arc 15.22
Arc 15.23
Arc 15.24
Arc 15.25

Arc 11.8

3.4K 527 0
De Hanpandora

Unicode

တစ်စုံတစ်ယောက်က အမြန်ဆုံးအလျင်နဲ့ ရှီရှန်းဆီကို သေရည်တစ်အိုးကမ်း‌ပေးလိုက်တယ်

ရှီရှန်းက အမျိုးသမီးရဲ့ မေးစေ့ကိုညှစ်ပြီး ပါးစပ်ကို အတင်းအကျပ်ဖွင့်စေလိုက်ကာ သေရည်အိုးကို အဆက်မပြတ်လောင်းထည့်တော့တယ်

"အဟွတ်..အဟွတ်..ဂလု.."

ခန်းမထဲမှာ ရှီရှန်းလက်ထဲက အမျိုးသမီးရဲ့ သေရည်ကို အသဲအသန်မျိုချနေရတဲ့အသံကိုပဲ ကြားနေရပြီး ဘယ်သူတစ်ဦးတစ်ယောက်ကမှ အသက်တောင်ကျယ်ကျယ်မရှုရဲကြဘူး..

အိမ်ရှေ့စံနဲ့ ကျန့်ဇီတို့တောင်မှ ရှီရှန်းရဲ့ လက်ရဲဇာတ်ရဲအပြုအမူကြောင့် အံ့အားသင့် ထိတ်လန့်နေကြတယ်

'အမတ်ချုပ်ကြီး ရူးသွားပြီလား..'

လင်းယွဲ့ကတော့ ထိုင်နေရာကတောင် မထဘဲ ရှီရှန်းရဲ့ ပုံရိပ်ကို အကဲခတ်နေတယ်

သူမရဲ့ မျက်နှာက ပုံမှန်အတိုင်း တည်တည်တံ့တံ့သာဖြစ်ပြီး ခါတိုင်းလိုပဲ သီးသန့်ဆန်တဲ့ အရှိန်အဝါတွေ လွှမ်းခြုံထားတယ် အပေါ်ယံမျက်နှာထားကိုကြည့်ပြီး ဘယ်သူကမှ သူမဒေါသထွက်နေတယ်လို့ ထင်နိုင်ကြမှာမဟုတ်ဘူး..ဒါပေမယ့် ခံစားချက်ကတော့..ဒီခန်းမထဲက အခြားလူတွေပါမက သူတောင် သူမဒေါသအကြီးအကျယ်ထွက်နေမှန်း ခံစားမိတယ်

ရှီရှန်းက အမျိုးသမီးရဲ့ပါးစပ်ထဲကို သေရည်အိုးပေါင်းများစွာလောင်းထည့်လို့အပြီးမှာတော့ သူမရဲ့မေးစေ့ကို လွှတ်ပေးလိုက်ပြီး မျက်နှာကို သုံးလေးချက်လောက်ပုတ်လိုက်တယ် "သောက်ချင်သေးလား.."

" *ဂေ့!..* " အမျိုးသမီးက လေချဉ်တစ်ချက်တက်လိုက်ပြီး ကြောက်လန့်တကြား အသဲအသန် ခေါင်းရမ်းပြတယ်

"ခွမ်း!!.." ရှီရှန်းက အနားက သေရည်အိုးအလွတ်တွေကို ကန်လိုက်တာကြောင့် သေရည်အိုးတွေ အစိတ်စိတ်အမြွှာမြွှာကွဲသွားကြပြီး အထဲမှာ ကျန်နေတဲ့ သေရည်အနည်းငယ်က ကြမ်းပြင်ပေါ်ကို ဖိတ်စင်သွားတယ်

ရှီရှန်းက သေရည်အိုးအကွဲစတွေကြားမှာရပ်ရင်း အသံတစ်သံထွက်ဖို့တောင်ကြောက်နေကြပုံရတဲ့ အမျိုးသမီးထုကြီးကို အေးစက်စွာ ဝှေ့ကြည့်လိုက်တယ်

"ပါးစပ်သရမ်းနေတဲ့လူတွေ..မင်းတို့ဘာသာ သောက်ကြမလား..ဒီအမတ်ချုပ်က ကူပေးရအုံးမလား.."

တစ်စုံတစ်ယောက်က remote control ကိုသုံးပြီး pauseခလုတ်ကိုနှိပ်ထားတဲ့ အတိုင်းပဲ ခန်းမထဲမှာ တိတ်ဆိတ်မှုကသာ ကြီးစိုးနေတယ်

ခနအကြာမှာတော့ တစ်ယောက်ယောက်က ကြောက်ရွံ့တုန်လှုပ်စွာပြန်ဖြေတယ် "ကျွန်မတို့ဘာသာ သောက်..သောက်ပါ့မယ်..သေရည်သွားယူစမ်း..မြန်မြန်.."

"အမျက်မထွက်ပါနဲ့..အမတ်ချုပ်.."

အစေခံတွေက သေရည်အိုး အမြောက်အများယူလာပေးတဲ့ အချိန်မှာတော့ မိန်းမထုကြီးက သူ့ထက်ငါ အလုအယက် သွားသောက်ကြတော့တယ်

မင်းကြီးတောင်ကြောက်ရတဲ့ အမတ်ချုပ်ကို သူတို့ကဘယ်လိုလုပ်ပြီး အာခံရဲရမှာလဲ..

"ကိုယ့်အဆင့်အတန်းကိုယ်မမေ့ကြနဲ့..သူ့အဆင့်အတန်းကိုလည်း မမေ့နဲ့.." ရှီရှန်းက ဒီစကားနှစ်ခွန်းကိုပြောခဲ့ကာ ဝတ်ရုံလက်ဖျားကို အေးစက်စွာ ခါပြီး ခန်းမထဲကနေ ထွက်သွားတယ်

သူမရဲ့ စကားကြောင့် လူတိုင်းက ပိုပြီး ထိတ်လန့်သွားကြတယ်

ဒီညမှာ သူတို့တွေ သေရည်သောက်တာလွန်သွားခဲ့ကြတယ် သူတော်စင်လင်းယွဲ့ရဲ့ ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး သူက သာမန်အမျိုးသားတစ်ယောက်မဟုတ်ဘဲ ဧကရီကိုယ်တော်တိုင်ရိုသေလေးစားရပြီး အမတ်ချုပ်ကတောင် ကိုယ်တိုင်ကိုယ်ကျ  သွားဖိတ်ခေါ်ထားရတဲ့ ဝမ်ယွမ်တောင်ကသူတော်စင်တစ်ပါးဖြစ်တယ် ဆိုတာကို မေ့လျော့သွားခဲ့ကြတယ်

သူတို့က စိတ်ထဲကပါပါမပါပါ လင်းယွဲ့ကို သေသေချာချာ ပြန်တောင်းပန်လိုက်ကြတယ်  ဘယ်လိုပဲ ဖြစ်ဖြစ်အခုချိန်မှာ သူတို့က အရက်မူးနေကြတာဖြစ်ပြီး လင်းယွဲ့ကလည်း ငယ်ငယ်ရွယ်ရွယ်ပုံစံလေးဖြစ်နေတော့ သူတို့က သူ့ကို သိပ်ပြီးအထင်မကြီးကြဘူးလေ

"ဆရာသခင် လင်းယွဲ့..ကျွန်မ မင်းကို ပြန်လိုက်ပို့ပေးပါ့မယ်.." အိမ်ရှေ့စံက အမြန်ရောက်လာပြီး ပြောလိုက်တယ် " ဒီနေ့ကိစ္စအတွက် မင်းအတွက် တရားမျှတမှုရှာပေးဖို့ ကျွန်မ တော်ဝင်မယ်တော်ကို ပြောပေးပါ့မယ်..စိတ်မပူပါနဲ့.."

'ဒီအရူးတွေ..အတင့်ရဲလို့ ငါ သဘောကျနေတဲ့သူကို ရိသဲ့သဲ့လုပ်ရဲတယ်ပေါ့..'

"သူတော်စင် လင်းယွဲ့..ကျွန်မလိုက်ပို့ပေးတာက ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်.."ကျန့်ဇီက သူ့ကို အိမ်ရှေ့စံနဲ့ နှစ်ယောက်တည်း လွှတ်ပေးလိုက်ဖို့ စိတ်မချနိုင်ဘူး..အိမ်ရှေ့စံက သူ့ကို တစ်ခုခုကြံလိုက်ရင် ဘယ်လိုလုပ်မလဲ..

လင်းယွဲ့က နှစ်ယောက်လုံးကို အကြည့်လွှဲပြီး သူ့ဘာသာသူထွက်သွားတယ် သူ့လမ်းမှာရှိနေတဲ့သူတွေလည်း အမြန်ဖယ်ပေးလိုက်ကြပြီး ကျန့်ဇီနဲ့ အိမ်ရှေ့စံလည်း အမြန်လိုက်သွားကြတယ်

ဒါပေမယ့် လမ်းမှာ အိမ်ရှေ့စံက မင်းကြီးရဲ့ ဆင့်ခေါ်စာရောက်လာတာကြောင့် လင်းယွဲ့ကို ကျန့်ဇီနဲ့ပဲ လွှတ်ပေးလိုက်ရတယ်

"ဆရာသခင်..အရင်တစ်ခါက ဖြစ်ခဲ့တဲ့ကိစ္စကို ကျွန်မတောင်းပန်ပါတယ်..အဲ့တုန်းက တကယ်မသိလိုက်လို့ပါ.."ကျန့်ဇီက လင်းယွဲ့ကို အလေးအနက်အမူအရာနဲ့ တောင်းပန်စကားဆိုလိုက်တယ်

ဒါပေမယ့် လင်းယွဲ့ကတော့ အသိစိတ်လွတ်လုနီးပါးအခြေအနေမှာ ရောက်နေပြီး သူ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခုလောင်ကျွမ်းနေသလိုခံစားနေရတယ် သူက စိတ်စွမ်းအင်ကိုသုံးပြီး အပူဓာတ်ကို ဖိနှပ်ဖို့ကြိုးစားကြည့်ပေမယ့် အသုံးမဝင်ဘူး..

"ဆရာသခင်..မင်း အဆင်ပြေရဲ့လား.." ကျန့်ဇီက သူမအရှေ့ကလျှောက်နေတဲ့သူ တုန်တုန်ရီရီဖြစ်နေပြီး အချိန်မရွေးလဲကျလုနီးပါးဖြစ်နေတာကို သတိထားမိသွားတယ် သူမက သူ့ကို လှမ်းတွဲပေးလိုက်တဲ့အချိန်မှာပဲ အလန့်တကြားပြောမိသွားတယ် "မင်းကိုယ်က ဘာလို့ အရမ်းပူနေရတာလဲ.."

လင်းယွဲ့က အင်္ကျီကော်လံစကို ဆွဲကိုင်စပြုတယ် "အရမ်းပူတယ်.."

လင်းယွဲ့က သူ့ကို ကူတွဲပေးထားတဲ့သူဆီကနေ အအေးဓာတ်ကို ခံစားမိတယ် အဲ့ဒီအအေးဓာတ်ကေကြာင့် သူ့ကို ထူးဆန်းတဲ့ ညည်းသံတွေ ထွက်လာစေတယ်

ကျန့်ဇီက တစ်ခုခုကို တွေးမိသွားပုံပေါ်ပြီး မျက်နှာပျက်သွားတယ် 'သူတို့တွေ သိပ်အတင့်ရဲလွန်းနေကြတာပဲ..'

"ဆရာသခင်..ခနလောက် သည်းခံပါ.." ကျန့်ဇီက ပတ်ဝန်းကျင်ကို လူမရှိကြောင်း သေချာအောင် အကဲခတ်လိုက်ပြီး အနီးအနားက ကျောက်တောင်အတုဆီ ဦးတည်လိုက်တယ်

အခုချိန်မှာ လင်းယွင်က အသိလွတ်နေပြီး သူ့တစ်ကိုယ်လုံး မီးလောင်နေသလိုခံစားနေရတာကြောင့် အနားမှာရှိတဲ့ အအေးဓာတ်ဆီကိုသာ ပိုပြီးတိုးကပ်ဖို့ ကြိုးစားနေတယ်

..................

ရှီရှန်းက ဉယျာဉ်ထဲက ကျောက်တောင် အတုပေါ်မှာ လှဲအိပ်နေတယ် သူမလည်း သေရည်တေွ အများကြီးသောက်ထားတာကြောင့် နေလို့ သိပ်မကောင်းဘူး..ညလေညှင်းက သူမခံစားနေရတဲ့ မသက်မသာဖြစ်မှုကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေတယ်

တစ်နေရာကနေ တိုးညှင်းတဲ့အသံတွေကို ကြားလိုက်ရတာကြောင့် ရှီရှန်းက မျက်မှောင်ကျုတ်မိလိုက်တယ် 'ငါ့ကို ခနလောက်ပဲ တိတ်တိတ်ဆိတ်ဆိတ်ပေးနေလို့မရဘူးလား..'

ရှီရှန်းက နေရာကနေထွက်သွားဖို့လုပ်လိုက်ပေမယ့် အောက်ကိုတစ်ချက်ကြည့်မိသွားတဲ့အချိန်မှာ ခနလောက်ရပ်သွားတယ် သူမကကျောက်တောင်ပေါ်မှာ ရှိနေတာဖြစ်လို့ အောက်ကလူတွေက သူမရှိနေတာကို သတိမထားမိဘဲ သူမကတော့ အောက်ကို အကုန်လုံးလှမ်းမြင်နေရတယ်

ကျန့်ဇီက လင်းယွဲ့ကို ကျောက်တောင်နံရံမှာ မှီထားပြီး သူ့အဝတ်တွေကို ချွတ်နေတယ်

'လင်းယွဲ့က ဇာတ်လိုက်မနဲ့ ဇယားရှုပ်နေတယ်တဲ့လား..သေစမ်း..သူက ငါ့ဖုန်းစီလေး မဖြစ်နိုင်ဘူး..'

ရှီရှန်းက လှည့်ထွက်သွားဖို့ ပြင်လိုက်တယ်

"ပူတယ်.." စကားသံတစ်သံက ရှီရှန်းရဲ့ ခြေလှမ်းတွေကို ရပ်တန့်သွားစေပြီး မျက်နှာအမူအရာလည်းပြောင်းသွားတယ်

အောက်ကအခြေအနေကို သေသေချာချာကြည့်ပြီးသွားတဲ့အခါမှာတော့ ရှီရှန်းက လင်းယွဲ့အသိလွတ်နေမှန်း သတိထားမိသွားတယ်

ကျန်ဇီက လင်းယွဲ့ရဲ့ အပြင်ဝတ်ရုံကို ချွတ်တော့မယ့်အချိန်မှာပဲ အနောက်နေ သစ်ရွက်ခြောက်တွေကို တစ်ယောက်ယောက်နင်းလိုက်တဲ့ အသံကို ကြားလိုက်ရတယ်

အန္တရာယ်ကို အလိုအလျောက်တုန့်ပြန်တဲ့အနေနဲ့ ကျန့်ဇီက လင်းယွဲ့ကို ဖက်ပြီး ခပ်ဝေးဝေးကို ခုန်ရှောင်လိုက်ပေမယ့် သူမ နောက်ကျသွားတယ်

ပုခုံးမှာ စူးရှတဲ့နာကျင်မှုကို ခံစားလိုက်ရပြီး သူမလက်ထဲက လူကိုလည်း လုယူခံလိုက်ရတယ်

ကျန့်ဇီက မြေပြင်ပေါ်ကို ပုံပျက်ပန်းပျက်လဲကျသွားတယ်  မှိန်ဖျော့တဲ့ လရောင်အောက်မှာ သူမက အရှေ့မှာရပ်နေတဲ့လူကို သေသေချာချာမြင်လိုက်ရတယ်

"ကျွင်းလီယုန်.."

ရှီရှန်းက သူမခန္ဓာကိုယ်ကို ဖက်တွယ်လာတဲ့လက်ကို ဖြုတ်ချလိုက်ပြီး လင်းယွဲ့ကို ကျောက်တောင်နံရံမှာ ပြန်မှီစေလိုက်တယ်

ချွစ်!...

"ကျွင်းလီယုန်..မင်းဘာလုပ်မလို့လဲ.." သူမဆီကို ဖြည်းဖြည်းချင်းလျှောက်လာတဲ့ ရှီရှန်းကို ကြည့်ရင်း ကျန့်ဇီက ကိုယ့်ကိုကိုယ်ဖိအားပေးပြီး တည်ငြိမ်တဲ့ပုံစံဖမ်းလိုက်တယ် "ကျွင်းလီယုန်..မင်း ပြစ်မှုကျူးလွန်ချင်နေတာလား.."

ရှီရှန်းက ကျန့်ဇီကို ငုံ့မိုးကြည့်ရင်း ကောက်ကျစ်စွာပြုံးလိုက်တယ် " ဒီနေရာမှာ ငါမင်းကို သတ်လိုက်မယ်ဆိုရင်တောင် ဘယ်သူသိမှာမို့လို့လဲ.."

ကျန့်ဇီရဲ့မျက်လုံးထဲမှာ ထိတ်လန့်မှုတွေ ဖြတ်ပြေးသွားတယ် သူမက ဘာအနှောင့်အယှက်မှမရှိအောင် လူပြတ်တဲ့ ဒီနေရာကို သေသေချာချာရွေးခဲ့တာ..ကျွင်းလီယုန်နဲ့ လာတိုးမိလိမ့်မယ်လို့ ဘယ်လိုလုပ် ထင်မိမှာလဲ..

"ကျွင်းလီယုန်..မင်း.." ရှီရှန်းက ဘာမှဆက်နားထောင်မနေတော့ဘဲ သူမဓါးကိုမြှောက်ကာ ကျန့်ဇီကို ခုတ်ချလိုက်တယ်

ဒါပေမယ့် ရှီရှန်းက သူမဓါးကို ပြင်းထန်တဲ့ စွမ်းအားတစ်မျိုးက တွန်းကန်နေတာကို ခံစားမိလိုက်တယ် သူမက တစ်ကိုယ်လုံးမှာ ရှိတဲ့ အင်အားအကုန်သုံးပြီး ဓါးကို ဖိချလိုက်တယ်

ထန်!..

ရှီရှန်းရဲ့ ဓါးလမ်းကြောင်းက ရုတ်တရပ်ပြောင်းသွားပြီး ကျန့်ဇီရဲ့ ပုခုံးနားကဖြတ်ကာ မြေကြီးကိုစိုက်မိသွားတယ်

"ဝှစ်ချ်..!ဝှစ်ချ်..!" မြောက်များစွာသော လက်နက်ပုန်းတွေ ရုတ်တရပ်ဝင်လာပြီး သူမနဲ့ ကျန့်ဇီကြားမှာ လူစုခွဲလိုက်တယ်

 ရှီရှန်း သတိလွတ်သွားတဲ့ အချိန်ခနမှာပဲ အနက်ရောင်ရိပ်တစ်ရိပ်က ကျန့်ဇီကို ချီပြီး ခြေလှမ်းအနည်းငယ်လောက်ခုန်ကာ ညအမှောင်ထဲမှာ ဝင်ရောက်ပျောက်ကွယ်သွားတယ်

"သေစမ်း!.." ရှီရှန်းက သူမရဲ့ဓါးနဲ့ အနားက ကျောက်တောင်ကို ခုတ်ချလိုက်တယ်

'တကယ်ကို ဇာတ်လိုက်မ ပီသပါပေတယ် ဘယ်အချိန်ပဲဖြစ်ဖြစ် လာကယ်မယ့်လူတွေကတော့ ရှိနေတာပဲနော်..'

"ပူတယ်.."

ရှီရှန်းက ဓါးကို ပြန်သိမ်းလိုက်ပြီး လင်းယွဲ့အနားကို ပြန်သွားလိုက်တယ် သူ့ဝတ်ရုံက ကျန့်ဇီလက်ချက်နဲ့ရော သူ့ဘာသာသူ ဆွဲထားတာတွေကြောင့်ရော ပွင့်ဟနေပြီး ဆွဲဆောင်မှုရှိပြီးလှပတဲ့ ရင်ညွန့်ရိုးတွေ ပေါ်နေတယ်

ရှီရှန်းက မဲမှောင်နေတဲ့ မျက်နှာထားနဲ့ သူ့ဝတ်ရုံကိုသေသေချာချာပြန်ဆွဲစိပေးလိုက်ပြီး ပွေ့ချီကာ နန်းတော်ထဲကနေ ထွက်လာခဲ့လိုက်တယ်

အမတ်ချုပ်အိမ်တော်မှာတော့ ရင်းယွဲ့နဲ့ သိုက်ယွဲ့က အမျိုးသားတစ်ယောက်ကို ပွေ့ပြီး ပြန်ရောက်လာတဲ့ သူတို့သခင်မကို အလန့်တကြားကြည့်နေကြတယ်

'သခင်မက ဘယ်ကယောက်ျားကို ခေါ်လာတာလဲ..'

"သမားတော်သွားပင့်.."

သိုက်ယွဲ့ သမားတော်သွားပင့်တဲ့ အချိန်မှာ ရင်းယွဲ့က ရှီရှန်းနဲ့ အတူ အခန်းထဲကို လိုက်ဝင်လာခဲ့တယ် ရှီရှန်းက သူမပွေ့ထားတဲ့ အမျိုးသားကို ကုတင်ပေါ်ချပေးလိုက်တဲ့အခါမှပဲ ရင်းယွဲ့က သူ့မျက်နှာကို သေသေချာချာကြည့်မိလိုက်ပြီး ပိုလန့်သွားတယ်

"သခင်မ..." ရင်းယွဲ့ရဲ့စကားတွေက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတယ် "ဘယ်..ဘယ်လိုလုပ်ပီး သူတော်စင်လေးကို ပြန်ခေါ်လာရတာလဲ.."

'သခင်မက သူတော်စင်လေးကို ကြိုဆိုတဲ့ ညစာစားပွဲကို သွားတာမဟုတ်ဖူးလား..ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေနဲ့ ပြန်ခေါ်လာရတာလဲ..ပြီးတော့ သူ့ကို ကြည့်ရတာလည်း အတော်လေး သတိလွတ်နေသလိုပဲ..'

"ရေနည်းနည်းလောက်သွားခပ်.." ရှီရှန်းက ရင်းယွဲ့ကို စိုက်ကြည့်ပြီး အမိန့်ပေးလိုက်တယ်

ရင်းယွဲ့က ဘာမှဆက်မမေးရဲတော့ဘဲ  ရေသာသွားခပ်လိုက်တယ်

...............

Translated by dora💜 and mia💙

Zawgyi

တစ္စုံတစ္ေယာက္က အျမန္ဆုံးအလ်င္နဲ႔ ႐ွီ႐ွန္းဆီကို ေသရည္တစ္အိုးကမ္း‌ေပးလိုက္တယ္

႐ွီ႐ွန္းက အမ်ိဳးသမီးရဲ႕ ေမးေစ့ကိုညႇစ္ၿပီး ပါးစပ္ကို အတင္းအက်ပ္ဖြင့္ေစလိုက္ကာ ေသရည္အိုးကို အဆက္မျပတ္ေလာင္းထည့္ေတာ့တယ္

"အဟြတ္..အဟြတ္..ဂလု.."

ခန္းမထဲမွာ ႐ွီ႐ွန္းလက္ထဲက အမ်ိဳးသမီးရဲ႕ ေသရည္ကို အသဲအသန္မ်ိဳခ်ေနရတဲ့အသံကိုပဲ ၾကားေနရၿပီး ဘယ္သူတစ္ဦးတစ္ေယာက္ကမွ အသက္ေတာင္က်ယ္က်ယ္မ႐ႈရဲၾကဘူး..

အိမ္ေ႐ွ႕စံနဲ႔ က်န္႔ဇီတို႔ေတာင္မွ ႐ွီ႐ွန္းရဲ႕ လက္ရဲဇာတ္ရဲအျပဳအမူေၾကာင့္ အံ့အားသင့္ ထိတ္လန္႔ေနၾကတယ္

'အမတ္ခ်ဳပ္ႀကီး ႐ူးသြားၿပီလား..'

လင္းယြဲ႕ကေတာ့ ထိုင္ေနရာကေတာင္ မထဘဲ ႐ွီ႐ွန္းရဲ႕ ပုံရိပ္ကို အကဲခတ္ေနတယ္

သူမရဲ႕ မ်က္ႏွာက ပုံမွန္အတိုင္း တည္တည္တံ့တံ့သာျဖစ္ၿပီး ခါတိုင္းလိုပဲ သီးသန္႔ဆန္တဲ့ အ႐ွိန္အဝါေတြ လႊမ္းျခဳံထားတယ္ အေပၚယံမ်က္ႏွာထားကိုၾကည့္ၿပီး ဘယ္သူကမွ သူမေဒါသထြက္ေနတယ္လို႔ ထင္ႏိုင္ၾကမွာမဟုတ္ဘူး..ဒါေပမယ့္ ခံစားခ်က္ကေတာ့..ဒီခန္းမထဲက အျခားလူေတြပါမက သူေတာင္ သူမေဒါသအႀကီးအက်ယ္ထြက္ေနမွန္း ခံစားမိတယ္

႐ွီ႐ွန္းက အမ်ိဳးသမီးရဲ႕ပါးစပ္ထဲကို ေသရည္အိုးေပါင္းမ်ားစြာေလာင္းထည့္လို႔အၿပီးမွာေတာ့ သူမရဲ႕ေမးေစ့ကို လႊတ္ေပးလိုက္ၿပီး မ်က္ႏွာကို သုံးေလးခ်က္ေလာက္ပုတ္လိုက္တယ္ "ေသာက္ခ်င္ေသးလား.."

" *ေဂ့!..* " အမ်ိဳးသမီးက ေလခ်ဥ္တစ္ခ်က္တက္လိုက္ၿပီး ေၾကာက္လန္႔တၾကား အသဲအသန္ ေခါင္းရမ္းျပတယ္

"ခြမ္း!!.." ႐ွီ႐ွန္းက အနားက ေသရည္အိုးအလြတ္ေတြကို ကန္လိုက္တာေၾကာင့္ ေသရည္အိုးေတြ အစိတ္စိတ္အႁမႊာႁမႊာကြဲသြားၾကၿပီး အထဲမွာ က်န္ေနတဲ့ ေသရည္အနည္းငယ္က ၾကမ္းျပင္ေပၚကို ဖိတ္စင္သြားတယ္

႐ွီ႐ွန္းက ေသရည္အိုးအကြဲစေတြၾကားမွာရပ္ရင္း အသံတစ္သံထြက္ဖို႔ေတာင္ေၾကာက္ေနၾကပုံရတဲ့ အမ်ိဳးသမီးထုႀကီးကို ေအးစက္စြာ ေဝွ႔ၾကည့္လိုက္တယ္

"ပါးစပ္သရမ္းေနတဲ့လူေတြ..မင္းတို႔ဘာသာ ေသာက္ၾကမလား..ဒီအမတ္ခ်ဳပ္က ကူေပးရအုံးမလား.."

တစ္စုံတစ္ေယာက္က remote control ကိုသုံးၿပီး pauseခလုတ္ကိုႏွိပ္ထားတဲ့ အတိုင္းပဲ ခန္းမထဲမွာ တိတ္ဆိတ္မႈကသာ ႀကီးစိုးေနတယ္

ခနအၾကာမွာေတာ့ တစ္ေယာက္ေယာက္က ေၾကာက္႐ြံ႕တုန္လႈပ္စြာျပန္ေျဖတယ္ "ကြၽန္မတို႔ဘာသာ ေသာက္..ေသာက္ပါ့မယ္..ေသရည္သြားယူစမ္း..ျမန္ျမန္.."

"အမ်က္မထြက္ပါနဲ႔..အမတ္ခ်ဳပ္.."

အေစခံေတြက ေသရည္အိုး အေျမာက္အမ်ားယူလာေပးတဲ့ အခ်ိန္မွာေတာ့ မိန္းမထုႀကီးက သူ႕ထက္ငါ အလုအယက္ သြားေသာက္ၾကေတာ့တယ္

မင္းႀကီးေတာင္ေၾကာက္ရတဲ့ အမတ္ခ်ဳပ္ကို သူတို႔ကဘယ္လိုလုပ္ၿပီး အာခံရဲရမွာလဲ..

"ကိုယ့္အဆင့္အတန္းကိုယ္မေမ့ၾကနဲ႔..သူ႕အဆင့္အတန္းကိုလည္း မေမ့နဲ႔.." ႐ွီ႐ွန္းက ဒီစကားႏွစ္ခြန္းကိုေျပာခဲ့ကာ ဝတ္႐ုံလက္ဖ်ားကို ေအးစက္စြာ ခါၿပီး ခန္းမထဲကေန ထြက္သြားတယ္

သူမရဲ႕ စကားေၾကာင့္ လူတိုင္းက ပိုၿပီး ထိတ္လန္႔သြားၾကတယ္

ဒီညမွာ သူတို႔ေတြ ေသရည္ေသာက္တာလြန္သြားခဲ့ၾကတယ္ သူေတာ္စင္လင္းယြဲ႕ရဲ႕ ႐ုပ္ရည္သြင္ျပင္ကိုၾကည့္ၿပီး သူက သာမန္အမ်ိဳးသားတစ္ေယာက္မဟုတ္ဘဲ ဧကရီကိုယ္ေတာ္တိုင္႐ိုေသေလးစားရၿပီး အမတ္ခ်ဳပ္ကေတာင္ ကိုယ္တိုင္ကိုယ္က်  သြားဖိတ္ေခၚထားရတဲ့ ဝမ္ယြမ္ေတာင္ကသူေတာ္စင္တစ္ပါးျဖစ္တယ္ ဆိုတာကို ေမ့ေလ်ာ့သြားခဲ့ၾကတယ္

သူတို႔က စိတ္ထဲကပါပါမပါပါ လင္းယြဲ႕ကို ေသေသခ်ာခ်ာ ျပန္ေတာင္းပန္လိုက္ၾကတယ္  ဘယ္လိုပဲ ျဖစ္ျဖစ္အခုခ်ိန္မွာ သူတို႔က အရက္မူးေနၾကတာျဖစ္ၿပီး လင္းယြဲ႕ကလည္း ငယ္ငယ္႐ြယ္႐ြယ္ပုံစံေလးျဖစ္ေနေတာ့ သူတို႔က သူ႕ကို သိပ္ၿပီးအထင္မႀကီးၾကဘူးေလ

"ဆရာသခင္ လင္းယြဲ႕..ကြၽန္မ မင္းကို ျပန္လိုက္ပို႔ေပးပါ့မယ္.." အိမ္ေ႐ွ႕စံက အျမန္ေရာက္လာၿပီး ေျပာလိုက္တယ္ " ဒီေန႔ကိစၥအတြက္ မင္းအတြက္ တရားမွ်တမႈ႐ွာေပးဖို႔ ကြၽန္မ ေတာ္ဝင္မယ္ေတာ္ကို ေျပာေပးပါ့မယ္..စိတ္မပူပါနဲ႔.."

'ဒီအ႐ူးေတြ..အတင့္ရဲလို႔ ငါ သေဘာက်ေနတဲ့သူကို ရိသဲ့သဲ့လုပ္ရဲတယ္ေပါ့..'

"သူေတာ္စင္ လင္းယြဲ႕..ကြၽန္မလိုက္ပို႔ေပးတာက ပိုေကာင္းလိမ့္မယ္လို႔ ထင္ပါတယ္.."က်န္႔ဇီက သူ႕ကို အိမ္ေ႐ွ႕စံနဲ႔ ႏွစ္ေယာက္တည္း လႊတ္ေပးလိုက္ဖို႔ စိတ္မခ်ႏိုင္ဘူး..အိမ္ေ႐ွ႕စံက သူ႕ကို တစ္ခုခုၾကံလိုက္ရင္ ဘယ္လိုလုပ္မလဲ..

လင္းယြဲ႕က ႏွစ္ေယာက္လုံးကို အၾကည့္လႊဲၿပီး သူ႕ဘာသာသူထြက္သြားတယ္ သူ႕လမ္းမွာ႐ွိေနတဲ့သူေတြလည္း အျမန္ဖယ္ေပးလိုက္ၾကၿပီး က်န္႔ဇီနဲ႔ အိမ္ေ႐ွ႕စံလည္း အျမန္လိုက္သြားၾကတယ္

ဒါေပမယ့္ လမ္းမွာ အိမ္ေ႐ွ႕စံက မင္းႀကီးရဲ႕ ဆင့္ေခၚစာေရာက္လာတာေၾကာင့္ လင္းယြဲ႕ကို က်န္႔ဇီနဲ႔ပဲ လႊတ္ေပးလိုက္ရတယ္

"ဆရာသခင္..အရင္တစ္ခါက ျဖစ္ခဲ့တဲ့ကိစၥကို ကြၽန္မေတာင္းပန္ပါတယ္..အဲ့တုန္းက တကယ္မသိလိုက္လို႔ပါ.."က်န္႔ဇီက လင္းယြဲ႕ကို အေလးအနက္အမူအရာနဲ႔ ေတာင္းပန္စကားဆိုလိုက္တယ္

ဒါေပမယ့္ လင္းယြဲ႕ကေတာ့ အသိစိတ္လြတ္လုနီးပါးအေျခအေနမွာ ေရာက္ေနၿပီး သူ႕ခႏၶာကိုယ္ထဲမွာ တစ္ခုခုေလာင္ကြၽမ္းေနသလိုခံစားေနရတယ္ သူက စိတ္စြမ္းအင္ကိုသုံးၿပီး အပူဓာတ္ကို ဖိႏွပ္ဖို႔ႀကိဳးစားၾကည့္ေပမယ့္ အသုံးမဝင္ဘူး..

"ဆရာသခင္..မင္း အဆင္ေျပရဲ႕လား.." က်န္႔ဇီက သူမအေ႐ွ႕ကေလွ်ာက္ေနတဲ့သူ တုန္တုန္ရီရီျဖစ္ေနၿပီး အခ်ိန္မေ႐ြးလဲက်လုနီးပါးျဖစ္ေနတာကို သတိထားမိသြားတယ္ သူမက သူ႕ကို လွမ္းတြဲေပးလိုက္တဲ့အခ်ိန္မွာပဲ အလန္႔တၾကားေျပာမိသြားတယ္ "မင္းကိုယ္က ဘာလို႔ အရမ္းပူေနရတာလဲ.."

လင္းယြဲ႕က အက်ႌေကာ္လံစကို ဆြဲကိုင္စျပဳတယ္ "အရမ္းပူတယ္.."

လင္းယြဲ႕က သူ႕ကို ကူတြဲေပးထားတဲ့သူဆီကေန အေအးဓာတ္ကို ခံစားမိတယ္ အဲ့ဒီအေအးဓာတ္ေကၾကာင့္ သူ႕ကို ထူးဆန္းတဲ့ ညည္းသံေတြ ထြက္လာေစတယ္

က်န္႔ဇီက တစ္ခုခုကို ေတြးမိသြားပုံေပၚၿပီး မ်က္ႏွာပ်က္သြားတယ္ 'သူတို႔ေတြ သိပ္အတင့္ရဲလြန္းေနၾကတာပဲ..'

"ဆရာသခင္..ခနေလာက္ သည္းခံပါ.." က်န္႔ဇီက ပတ္ဝန္းက်င္ကို လူမ႐ွိေၾကာင္း ေသခ်ာေအာင္ အကဲခတ္လိုက္ၿပီး အနီးအနားက ေက်ာက္ေတာင္အတုဆီ ဦးတည္လိုက္တယ္

အခုခ်ိန္မွာ လင္းယြင္က အသိလြတ္ေနၿပီး သူ႕တစ္ကိုယ္လုံး မီးေလာင္ေနသလိုခံစားေနရတာေၾကာင့္ အနားမွာ႐ွိတဲ့ အေအးဓာတ္ဆီကိုသာ ပိုၿပီးတိုးကပ္ဖို႔ ႀကိဳးစားေနတယ္

..................

႐ွီ႐ွန္းက ဉယ်ာဥ္ထဲက ေက်ာက္ေတာင္ အတုေပၚမွာ လွဲအိပ္ေနတယ္ သူမလည္း ေသရည္ေတြ အမ်ားႀကီးေသာက္ထားတာေၾကာင့္ ေနလို႔ သိပ္မေကာင္းဘူး..ညေလညႇင္းက သူမခံစားေနရတဲ့ မသက္မသာျဖစ္မႈကို ျဖည္းျဖည္းခ်င္း ေျဖေလွ်ာ့ေပးေနတယ္

တစ္ေနရာကေန တိုးညႇင္းတဲ့အသံေတြကို ၾကားလိုက္ရတာေၾကာင့္ ႐ွီ႐ွန္းက မ်က္ေမွာင္က်ဳတ္မိလိုက္တယ္ 'ငါ့ကို ခနေလာက္ပဲ တိတ္တိတ္ဆိတ္ဆိတ္ေပးေနလို႔မရဘူးလား..'

႐ွီ႐ွန္းက ေနရာကေနထြက္သြားဖို႔လုပ္လိုက္ေပမယ့္ ေအာက္ကိုတစ္ခ်က္ၾကည့္မိသြားတဲ့အခ်ိန္မွာ ခနေလာက္ရပ္သြားတယ္ သူမကေက်ာက္ေတာင္ေပၚမွာ ႐ွိေနတာျဖစ္လို႔ ေအာက္ကလူေတြက သူမ႐ွိေနတာကို သတိမထားမိဘဲ သူမကေတာ့ ေအာက္ကို အကုန္လုံးလွမ္းျမင္ေနရတယ္

က်န္႔ဇီက လင္းယြဲ႕ကို ေက်ာက္ေတာင္နံရံမွာ မွီထားၿပီး သူ႕အဝတ္ေတြကို ခြၽတ္ေနတယ္

'လင္းယြဲ႕က ဇာတ္လိုက္မနဲ႔ ဇယား႐ႈပ္ေနတယ္တဲ့လား..ေသစမ္း..သူက ငါ့ဖုန္းစီေလး မျဖစ္ႏိုင္ဘူး..'

႐ွီ႐ွန္းက လွည့္ထြက္သြားဖို႔ ျပင္လိုက္တယ္

"ပူတယ္.." စကားသံတစ္သံက ႐ွီ႐ွန္းရဲ႕ ေျခလွမ္းေတြကို ရပ္တန္႔သြားေစၿပီး မ်က္ႏွာအမူအရာလည္းေျပာင္းသြားတယ္

ေအာက္ကအေျခအေနကို ေသေသခ်ာခ်ာၾကည့္ၿပီးသြားတဲ့အခါမွာေတာ့ ႐ွီ႐ွန္းက လင္းယြဲ႕အသိလြတ္ေနမွန္း သတိထားမိသြားတယ္

က်န္ဇီက လင္းယြဲ႕ရဲ႕ အျပင္ဝတ္႐ုံကို ခြၽတ္ေတာ့မယ့္အခ်ိန္မွာပဲ အေနာက္ေန သစ္႐ြက္ေျခာက္ေတြကို တစ္ေယာက္ေယာက္နင္းလိုက္တဲ့ အသံကို ၾကားလိုက္ရတယ္

အႏၲရာယ္ကို အလိုအေလ်ာက္တုန္႔ျပန္တဲ့အေနနဲ႔ က်န္႔ဇီက လင္းယြဲ႕ကို ဖက္ၿပီး ခပ္ေဝးေဝးကို ခုန္ေ႐ွာင္လိုက္ေပမယ့္ သူမ ေနာက္က်သြားတယ္

ပုခုံးမွာ စူး႐ွတဲ့နာက်င္မႈကို ခံစားလိုက္ရၿပီး သူမလက္ထဲက လူကိုလည္း လုယူခံလိုက္ရတယ္

က်န္႔ဇီက ေျမျပင္ေပၚကို ပုံပ်က္ပန္းပ်က္လဲက်သြားတယ္  မွိန္ေဖ်ာ့တဲ့ လေရာင္ေအာက္မွာ သူမက အေ႐ွ႕မွာရပ္ေနတဲ့လူကို ေသေသခ်ာခ်ာျမင္လိုက္ရတယ္

"ကြၽင္းလီယုန္.."

႐ွီ႐ွန္းက သူမခႏၶာကိုယ္ကို ဖက္တြယ္လာတဲ့လက္ကို ျဖဳတ္ခ်လိုက္ၿပီး လင္းယြဲ႕ကို ေက်ာက္ေတာင္နံရံမွာ ျပန္မွီေစလိုက္တယ္

ခြၽစ္!...

"ကြၽင္းလီယုန္..မင္းဘာလုပ္မလို႔လဲ.." သူမဆီကို ျဖည္းျဖည္းခ်င္းေလွ်ာက္လာတဲ့ ႐ွီ႐ွန္းကို ၾကည့္ရင္း က်န္႔ဇီက ကိုယ့္ကိုကိုယ္ဖိအားေပးၿပီး တည္ၿငိမ္တဲ့ပုံစံဖမ္းလိုက္တယ္ "ကြၽင္းလီယုန္..မင္း ျပစ္မႈက်ဴးလြန္ခ်င္ေနတာလား.."

႐ွီ႐ွန္းက က်န္႔ဇီကို ငုံ႔မိုးၾကည့္ရင္း ေကာက္က်စ္စြာျပဳံးလိုက္တယ္ " ဒီေနရာမွာ ငါမင္းကို သတ္လိုက္မယ္ဆိုရင္ေတာင္ ဘယ္သူသိမွာမို႔လို႔လဲ.."

က်န္႔ဇီရဲ႕မ်က္လုံးထဲမွာ ထိတ္လန္႔မႈေတြ ျဖတ္ေျပးသြားတယ္ သူမက ဘာအေႏွာင့္အယွက္မွမ႐ွိေအာင္ လူျပတ္တဲ့ ဒီေနရာကို ေသေသခ်ာခ်ာေ႐ြးခဲ့တာ..ကြၽင္းလီယုန္နဲ႔ လာတိုးမိလိမ့္မယ္လို႔ ဘယ္လိုလုပ္ ထင္မိမွာလဲ..

"ကြၽင္းလီယုန္..မင္း.." ႐ွီ႐ွန္းက ဘာမွဆက္နားေထာင္မေနေတာ့ဘဲ သူမဓါးကိုေျမႇာက္ကာ က်န္႔ဇီကို ခုတ္ခ်လိုက္တယ္

ဒါေပမယ့္ ႐ွီ႐ွန္းက သူမဓါးကို ျပင္းထန္တဲ့ စြမ္းအားတစ္မ်ိဳးက တြန္းကန္ေနတာကို ခံစားမိလိုက္တယ္ သူမက တစ္ကိုယ္လုံးမွာ ႐ွိတဲ့ အင္အားအကုန္သုံးၿပီး ဓါးကို ဖိခ်လိုက္တယ္

ထန္!..

႐ွီ႐ွန္းရဲ႕ ဓါးလမ္းေၾကာင္းက ႐ုတ္တရပ္ေျပာင္းသြားၿပီး က်န္႔ဇီရဲ႕ ပုခုံးနားကျဖတ္ကာ ေျမႀကီးကိုစိုက္မိသြားတယ္

"ဝွစ္ခ်္..!ဝွစ္ခ်္..!" ေျမာက္မ်ားစြာေသာ လက္နက္ပုန္းေတြ ႐ုတ္တရပ္ဝင္လာၿပီး သူမနဲ႔ က်န္႔ဇီၾကားမွာ လူစုခြဲလိုက္တယ္

 ႐ွီ႐ွန္း သတိလြတ္သြားတဲ့ အခ်ိန္ခနမွာပဲ အနက္ေရာင္ရိပ္တစ္ရိပ္က က်န္႔ဇီကို ခ်ီၿပီး ေျခလွမ္းအနည္းငယ္ေလာက္ခုန္ကာ ညအေမွာင္ထဲမွာ ဝင္ေရာက္ေပ်ာက္ကြယ္သြားတယ္

"ေသစမ္း!.." ႐ွီ႐ွန္းက သူမရဲ႕ဓါးနဲ႔ အနားက ေက်ာက္ေတာင္ကို ခုတ္ခ်လိုက္တယ္

'တကယ္ကို ဇာတ္လိုက္မ ပီသပါေပတယ္ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ လာကယ္မယ့္လူေတြကေတာ့ ႐ွိေနတာပဲေနာ္..'

"ပူတယ္.."

႐ွီ႐ွန္းက ဓါးကို ျပန္သိမ္းလိုက္ၿပီး လင္းယြဲ႕အနားကို ျပန္သြားလိုက္တယ္ သူ႕ဝတ္႐ုံက က်န္႔ဇီလက္ခ်က္နဲ႔ေရာ သူ႕ဘာသာသူ ဆြဲထားတာေတြေၾကာင့္ေရာ ပြင့္ဟေနၿပီး ဆြဲေဆာင္မႈ႐ွိၿပီးလွပတဲ့ ရင္ၫြန္႔႐ိုးေတြ ေပၚေနတယ္

႐ွီ႐ွန္းက မဲေမွာင္ေနတဲ့ မ်က္ႏွာထားနဲ႔ သူ႕ဝတ္႐ုံကိုေသေသခ်ာခ်ာျပန္ဆြဲစိေပးလိုက္ၿပီး ေပြ႕ခ်ီကာ နန္းေတာ္ထဲကေန ထြက္လာခဲ့လိုက္တယ္

အမတ္ခ်ဳပ္အိမ္ေတာ္မွာေတာ့ ရင္းယြဲ႕နဲ႔ သိုက္ယြဲ႕က အမ်ိဳးသားတစ္ေယာက္ကို ေပြ႕ၿပီး ျပန္ေရာက္လာတဲ့ သူတို႔သခင္မကို အလန္႔တၾကားၾကည့္ေနၾကတယ္

'သခင္မက ဘယ္ကေယာက်္ားကို ေခၚလာတာလဲ..'

"သမားေတာ္သြားပင့္.."

သိုက္ယြဲ႕ သမားေတာ္သြားပင့္တဲ့ အခ်ိန္မွာ ရင္းယြဲ႕က ႐ွီ႐ွန္းနဲ႔ အတူ အခန္းထဲကို လိုက္ဝင္လာခဲ့တယ္ ႐ွီ႐ွန္းက သူမေပြ႕ထားတဲ့ အမ်ိဳးသားကို ကုတင္ေပၚခ်ေပးလိုက္တဲ့အခါမွပဲ ရင္းယြဲ႕က သူ႕မ်က္ႏွာကို ေသေသခ်ာခ်ာၾကည့္မိလိုက္ၿပီး ပိုလန္႔သြားတယ္

"သခင္မ..." ရင္းယြဲ႕ရဲ႕စကားေတြက အထစ္ထစ္အေငါ့ေငါ့ျဖစ္ေနတယ္ "ဘယ္..ဘယ္လိုလုပ္ပီး သူေတာ္စင္ေလးကို ျပန္ေခၚလာရတာလဲ.."

'သခင္မက သူေတာ္စင္ေလးကို ႀကိဳဆိုတဲ့ ညစာစားပြဲကို သြားတာမဟုတ္ဖူးလား..ဘယ္လိုျဖစ္ၿပီး ဒီလိုအေျခအေနနဲ႔ ျပန္ေခၚလာရတာလဲ..ၿပီးေတာ့ သူ႕ကို ၾကည့္ရတာလည္း အေတာ္ေလး သတိလြတ္ေနသလိုပဲ..'

"ေရနည္းနည္းေလာက္သြားခပ္.." ႐ွီ႐ွန္းက ရင္းယြဲ႕ကို စိုက္ၾကည့္ၿပီး အမိန္႔ေပးလိုက္တယ္

ရင္းယြဲ႕က ဘာမွဆက္မေမးရဲေတာ့ဘဲ  ေရသာသြားခပ္လိုက္တယ္

...............

Translated by dora💜 and mia💙

Continuă lectura

O să-ți placă și

494K 43.7K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
29.6K 5K 51
ဘာသာပြန်သူ - စွဲညို့အသင်း
224K 19.8K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024