ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း...
By LEAF277
345K 46.6K 2K
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao... More
Description
/1/ Edited
/1/အဆက် edited
~2~edided
/2/အဆက် edided
~3~
/3/အဆက်
/4/
/4/အဆက်
/5/
/5/အဆက်
/6/
/6/အဆက်
/7/
/7/အဆက်
/8/
/8/အဆက်
/9/
/9/အဆက်
/10/
/11/
/12/
/12/အဆက်
/13/အဆက်
/14/
/14/အဆက်
/15/
/15/အဆက်၁
/15/အဆက်၂
/16/
/16/အဆက်
/17/
/17/အဆက်
/18/
/18/အဆက်
/18/အဆက် ၁
/19/
/19/အဆက်
/19/အဆက်၁
/20/
/20/အဆက်
/20/အဆက်၁
/21/
/21/အဆက်
/21/အဆက်၁
/22/
/22/အဆက်
/23/
/23/အဆက်
/24/
/24/အဆက်
/25/
/26/
/27/
/28/
/29/
/30/
/31/
/32/
/33/
/34/
/35/
/36/
/37/
/38/
/39/
/40/
/41/
/42/
/43/
/44/
/45/
/46/
/47/
/48/
/49/
/50/
Extra (1)
Extra (2)
Extra (3)
Extra (4)
Extra (5)
Extra (6)
/13/
4K 606 13
By LEAF277
🍁 Unicode 🍁
လုရှီမင်က ဖျားနေခဲ့ပြီး သူ့ရဲ့ အဖြူရောင်မျက်နှာက ပါးလွှာနူးညံ့ကာ အနီရောင်သန်းနေသည်။
သူက စုရွမ်ရွမ်လက်ကိုမှီထားပြီး အားနည်း သနားချင့်စဖွယ်ကောင်းကာ အကူညီမဲ့နေသည် ။အမျိုးသားက အလွန်ချောမောကြည့်ကောင်းနေပြီး တစ်ဝက်စိုထိုင်းနေသော အနက်ရောင်ဆံပင်နဲ့အတူ ပိန်ပါးသောခန္ဓာကိုယ်က စောင်အောက်တွင်ထုပ်ပိုးထားသည်။
"ဒါက အဖျားပျောက်ဆေး"
နီးယန် အနားက ဆရာဝန်ဆီမှ အဖျားပျောက်ဆေးယူလာခဲ့၏။
စုရွမ်ရွမ် ချက်ချင်းဘဲ အ‌ဖျားပျောက်ဆေးကို လုရှီမင်ပါးစပ်ထဲသို့ သိပ်ထည့်လိုက်သည်။
သို့သော်လည်း အမျိုးသားက သူ့ပါးစပ်ကို မဖွင့်‌ေပ။‌ေရွးချယ်စရာမရှိဘဲ စုရွမ်ရွမ် ဆေးကို ခက်ခက်ခဲခဲ သိပ်ထည့်လိုက်သည်။
"အား!"
ခက်ခက်ခဲခဲ ဖိအားပေးခြင်း၏ အကျိူဆက်ကတော့ စုရွမ်ရွမ်မှာ အမျိုးသား၏ ကိုက်ခြင်းခံလိုက်ရ၏။
Huh Huh
စိတ်ဓာတ်ကျစွာဖြင့် သူမလက်လေးပေါ်က ကိုက်ရာကို လေမှုတ်လိုက်၏။လုရှီမင်ကိုက်လည်းဘဲ ပြင်းပြင်းပြပြသည်းခံလိုက်ကာ လူကို စတင်ချော့မြူလိုက်သည်။
"ဒါက အဖျားပျောက်ဆေး၊သောက်လိုက်နော်"
အမျိုးသားက မျက်လုံးများပိတ်ထားပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။အိမ်မက်ဆိုးမက်နေသလိုပင်။
နူညံ့သိမ့်မွေ့သော အပူချိန်နဲ့လက်တစ်ဖက်က သူ့ကိုထိတွေ့နေတာကို သူခံစားမိ၏ ။နူးညံ့သော ငှက်သိုက်မုန့်လေးလိုပင်။ အသံ‌ေလးကလည်း ကောင်မွန်လှပြီး ချိုချိုမြိန်မြိန်လေးနဲ့ စူးရှနေ၏။
ထိုအသံလေးမှာ သက်တောင့်သက်သာ ရှိသောကြောင့် လုရှီမင်မှာ နိုးထဖို့ရန်မလိုလားပေ။
သူက နေရာတွင်အိပ်နေခဲ့ရုံသာမက သူဘေးပတ်လည်က ဝါဂွမ်းလို ဗလုံးဗထွေး အသံလေးကြောင့်လည်းဖြစ်၏။
စုရွမ်ရွမ် သူ့ပါးစပ်ကို မဝံ့မရဲဆိတ်လိုက်သည်။အမျိုးသားက သူ့သွားများကို စေ့ထားပြီး ဖွင့်ဖို့ငြင်းဆန်နေ၏။
အံ့ဩစရာသတိရှိမှုကြီးဘဲ ။
စုရွမ်ရွမ် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး လက်ထုတ်လိုက်ကာ လုရှီမင်နှာခေါင်းကို ညှစ်လိုက်သည်။
လုရှီမင်:...သူ ပါးစပ်ဖွင့်လာရတော့၏။
စုရွမ်ရွမ် ပျော်ရွှင်စွာဖြင့် အဖျားပျောက်ဆေးအား ထည့်လိုက်‌ေလသည်။
ဆေးသောက်ပြီးနောက် အမျိုးသား၏ အဖျားမှာ သိသိသာသာ လျှော့ကျသွား‌၏။
တကယ်တမ်းတွင်ဝောာ့ စုရွမ်ရွမ်က လုံးဝကို စိုးရိမ်မနေပေ။လုရှီမင်တွင် မှော်ရေကန်ရှိသောကြောင့် သူက သူ့ကိုယ်သူ ထိုထဲတွင် စိမ်ထားလိုက်လျှင် အရာအားလုံး အဆင်ပြေသွားလိမ့်မည်သာ။
လုရှီမင် spaceထဲက မှော်ရေကန်တွင် တိတ်တဆိတ် သွားစိမ်ခွင့်ရရန်၊ စုရွမ်ရွမ် လှုပ်ရှားလိုက်ကာ စောင်တစ်ထည်ကို ယူလိုက်ပြီး လုရှီမင်ကိုယ်ကို ကာလိုက်သည်။ဂရုတစိုက်ဖြင့် ခေါင်းမှ ခြေဖျားထိ ကာလိုက်၏။
နီးယန်:"ဘာလို့စောင်အဖြူ ခြုံပေးတာလဲ?"
စုရွမ်ရွမ်:သူက အဖြူကြိုက်တယ်လေ။
နီးယန်: "ဘာလို့ သူ့မျက်နှာကိုပါဖုံးထားတာလဲ?"
စုရွမ်ရွမ် ခေါင်းနှိမ့်လိုက်ကာ လှဲ‌ေနသောသူအားကြည့်လိုက်၏။လုရှီမင် ကို အဖြူရောင်အဝတ်ဖြင့် ဖုံးအုပ်ထားသည်။ သူမ ခဏလောက်တွေးနေပြီး ပြောလိုက်၏ "ကျွန်မ ကြိုလေ့ကျင့်နေတာ"
ဖြစ်နိုင်တာက အနာဂတ်တွင် သူမကိုယ်သူမ အဖြူရောင်အဝတ်ဖြင့် ဖုံးအုပ်နိုင်ရမည်။
နီးယန်:......
                             ∆∆∆
လက်နက်ကိုင်ကားမှာ ပြင်ဆင်ပြီးသော်လည်း ကျန်းရှုက သေသွားသောကြောင့် အဖွဲ့တွင် ခေါင်းဆောင်မရှိတော့ပေ။
လက်နက်ကိုင်စစ်သာများမှာ သေနတ်များနှင့်အတူ  သူတို့လုပ်ချင်တာ ဘာဖြစ်ဖြစ် စတင်ပြုလုပ်ကြဝောာ့သည်။
"အရင် ကျန်းရှုရှိတုန်းကဆိုရင် ငါတို့ တစ်နေ့ကို ပေါင်မုန့် သုံးချပ်ရသေးတယ်။ဒါပေမယ့် ခုဝောာ့ တစ်နေ့ကို တစ်ချပ်ပဲရတော့တယ် ။ဒါက ငါတို့ကို ငတ်ပြီးတော့ သေစေချင်တာလား?" တစ်စုံတစ်ယောက်မှ မကျေမနပ်ညည်းညူလိုက်၏။
စုရွမ်ရွမ် သူမလက်ထဲမှ ပေါက်မုန့်ကို ဖဲ့လိုက်ပြီး လုရှီမင် ပါးစပ်ထဲသို့ထိုးသိပ်လိုက်၏။
"အဆင်ပြေပါတယ်၊ ရှင်က ကောင်းကောင်းနေမကောင်းဘူး ၊ပိုပြီးတော့စား"
လုရှီမင်က ထိုကဲ့သို့ နှိမ့်ကျသော ပေါင်မုန့်ကို ဘယ်တော့မစားပေ။ထိုကြောင့် သူက ထိုပေါင်မုန့်များကို သူမကို အမြဲတမ်းကျွေးခဲ့သည် ။
နောက်ဆုံးတွင်‌ေတာ့ စုရွမ်ရွမ် လက်စားချေဖို့ အခွင့်ရေးရခဲ့ပြီး ပေါင်မုန့်ကို သူ့ပါးစပ်ထဲသို့ တက်တက်ကြွကြွ ထည့်လိုက်သည်။
အမျိုးသားက အားနည်းစွာမှီနေခဲ့ပြီး သူ့မျက်လုံးများကို မြှင့်ကာ စုရွမ်ရွမ်ကို ကြည့်‌ေနခဲ့သည်။
မိန်းမငယ်လေးက သူမ၏ အရည်လဲ့နေသောမျက်ဝန်းများကို ဖွင့်ထားပြီး သန်းခေါင်ယံ၏ ကြယ်လေးများလို လှပနေလေ၏။
လုရှီမင်က သူ့လက်ကို ထုတ်လိုက်ကာ စုရွမ်ရွမ်ခေါင်းကိုကိုင်လိုက်ပြီး စားလက်စ ပေါင်မုန့်တစ်ဝက်ကို စုရွမ်ရွမ်ပါးစပ်ထဲသို့ အရှိန်ပြင်းစွာ ထည့်လိုက်သည်။
"Um..."
"ရှင် ဗိုက်မစာဘူးလား"
ပေါင်မုန့်မှာ သူ့တံတွေးတွေ ရှိနေဆဲဖြစ်သည်။စုရွမ်ရွမ်မှာ မစားချင်ပေမယ့် ရွေးချယ်စရာမရှိပဲ စားလိုက်ရ၏။
စုရွမ်ရွမ်: (╥﹏╥)
သူမဘေးတွင် ခွေးစာကျွေးနေတဲ့ အတွဲကိုကြည့်လိုက်ပြီး နီးယန်ပြောလိုက်သည်"နင်တို့နှစ်ယောက်လုံးကို လူ‌တစ်ယောက်လို စဉ်းစားဆုံးဖြတ်နိုင်ရမယ်လို့ မပြောခဲ့ဘူးလား?"
ဘာလို့ရှင်က အရမ်းမနှစ်မြို့သလို ကြည့်နေတာလဲ?
စုရွမ်ရွမ် ပေါင်မုန့်ကို မြိုချလိုက်ပြီး သူမ မျက်လုံးတွင် မျက်ရည်များပေါက်ကွဲထွက်လာကာ "ကျွန်မ ထိမိယုံလေးတင်ပဲ"
လုရှီမင်က တစ်နေ့တာ အနားယူပြီးနောက် သူ့ကျန်းမာရေးမှာ အများကြီးတိုးတက်လာသည်။
ကိုယ်ပေါ်တွင် လတ်ဆတ်သော ရေငွေ့များနှင့်အတူ သူက စုရွမ်ရွမ်ဘေးတွင် ထိုင်နေခဲ့သည်။သူက လန်းဆန်းမှုနှင့် စိုပြည်နေပုံရ၏။
သူက သူ့ Space ထဲသို့ လျှို့ဝှက်စွာသွားခဲ့တာဖြစ်ရမည်ကို စုရွမ်ရွမ်သိသည်။
ကျန်းရှု၏ခန္ဓာကိုယ်မှာ လွှတ်ပစ်ခြင်းခံလိုက်ရ၏။
လုရှီမင် နီးယန်ကို မေးလိုက်သည် "ဘာလို့ ကုန်လှောင်ရုံက မီးလှောင်သွားတာလဲ?"
"ကုန်လှောင်ရုံမှာ မီးလောင်လွယ်တဲ့ပစ္စည်းတွေအများကြီးရှိတယ်လေ"နီးယန် ပြောသည်။"ဖြစ်နိုင်တာက တစ်ယောက်ယောက် ဂရုမစိုက်လို့ ဖြစ်မှာပေါ့"
တစ်ယောက်ယောက်က အရမ်းသတိကင်းမဲ့တာ မဖြစ်နိုင်ဘူး။မီးတွေက ကျန်းရှုကို သေတဲ့အထိ လောင်သွားခဲ့တယ်။ဒါက တကယ် ထူးဆန်းတာဘဲ။ သိသိသာသာကို တစ်ယောက်ယောက်က ကျန်းရှုကို အန္တရာယ်ပေးချင်ခဲ့တာဘဲ။ ဘယ်လိုဖြစ်ဖြစ် အခြေစိုက်စခန်းမှာ ကျန်းရှုက ရန်သူအများကြီးကို ဖန်တီးထားတော့ သူ့ကို ဘယ်သူသတ်သွားတယ်ဆိုတာက ပြောဖို့ မဖြစ်နိုင်ဘူး။
"ကျွန်တော်တို့ကုန်ကြမ်းဆီ နယ်မြေကို သွားရမှာလား?"
လမ်းတစ်လျှောက်၊ ဇွန်ဘီလှိုင်းနှင့် ကုန်လှောင်ရုံ မီးလောင်ပြီးနောက် ရိက္ခာအများကြီး မကျန်တော့ပေ။
ကုန်ကြမ်းဆီပမာဏ အနည်းငယ်သာလျှင် ပြန်ပြီး လှဲလှယ်နိုင်လိမ့်မည်။
နီးယန် ပြောလိုက်သည်" ငါတို့ ဒီတောင် ရောက်နေပြီဘဲ၊ ငါတို့ ကြိုးစားကြည့်ရမယ် "
နီးယန်က ဒီကိစ္စအပေါ် နောက်ဆုံးစကားမပြောရသေးပေမယ့် ၊ လက်နက်ကိုင် စစ်သားများကလည်း အဖွဲ့နှစ်ဖွဲ့ခွဲဖို့ ဆုံးဖြတ်ခဲ့သည်။
အဖွဲ့တစ်ခုက အသက်ရှင်ကျန်ရစ်ချင်သည်ဟု ပြောပြီး အဖွဲ့တစ်ခုက ကုန်ကြမ်းဆီနယ်မြေကို သွားဖို့ ပြောသည်။
လက်နက်ကိုင်စစ်သားများ၏ အဖွဲ့နှစ်ခုမျက်နှာချင်းဆိုင်တွင် နီးယန်က သူမအင်အားကို ဖျော်ဖြေလိုက်တော့ လူတိုင်းမှာ တိတ်ဆိတ်သွားသည်။
ထို့နောက် လူတိုင်းက တညီတညွှတ်တည်း ကုန်ကြမ်းဆီနယ်မြေသို့သွားရန် ဆုံးဖြတ်ခဲ့ကြ၏။
လက်ရက်ကိုင်ကားကို အချိန်အကြာကြီး မောင်းနှင်ပြီးနောက် ကုန်ကြမ်းဆီ နယ်မြေသို့ ရောက်ရှိကြသည်။
"ငါတို့ ဒီမှာ "နီးယန်နက်ရှိုင်းစွာ ပြောလိုက်၏။
စုရွမ်ရွမ် နီးယန်၏ အကြည့်နောက်သို့ လိုက်ပြီး ကြည့်လိုက်သည်။
ကုန်ကြမ်းဆီ နယ်မြေ၏ သင်္ကေတမှာ အရှေ့လေးတွင်ရှိလေ၏။
ကုန်ကြမ်းဆီနယ်မြေမှာ သေးငယ်ပြီး ဆီထွက်စိုက်ခင်းတစ်ခုသာလျှင်ရှိသည်။သို့ရာတွင် ထိုသေးငယ်သောစိုက်ခင်းမှာ လူအများအတွက် စားသောက်ဖို့ လုံလောက်၏။
ဤသီးနှံစိုက်ခင်းပိုင်ရှင်မှာ ကုသန်းဟုခေါ်သည် ။သူမကြားတာတော့ ထိုသူတွင် စိတ်စွမ်းရည်ရှိတယ်ဟု။လူအများအဆိုအရ၊ ထိုသူမှာ လူဖျင်းတစ်ယောက်ဖြစ်သည်။
သူက အလှလေးများကို ရှာဖွေစုစောင်းရတာ နှစ်သက်ပြီး၊ အမျိုးသမီးများကိုမြှင့်တင်ပေးကာ ၊ သူမတို့က သူ့ကို ကလေးမွေးဖွားပေးရသည်။
သူတို့ခေါ်တာက: သန္ဓေဆောင်မိခင်ဟူ၍။
နီးယန် သူမ မျက်လုံးကိုနှိမ့်လိုက်ပြီး စုရွမ်ရွမ်မျက်နှာကိုကြည့်လိုက်သည်။
ရုတ်တရက် သူမလက်ကိုထုတ်လိုက်ပြီး စုရွမ်ရွမ်မျက်ပေါ်တွင် ကျောက်မီးသွေး အထပ်ထပ်ကို အားမာန်ပါပါ သုတ်လိုက်၏။
"ငါတို့ သုံးရက်နေရလိမ့်မယ်၊ နင် ဝှက်ထားရမယ် မျက်နှာကို ပြလို့မဖြစ်ဘူး၊နားလည်လား?" ကြက်မအိုကြီး နီးယန်က စိုးရိမ်စွာပြောလိုက်သည်။
စုရွမ်ရွမ် ခေါင်းညိတ်လိုက်၏။
                            ∆∆∆
ကုန်ကြမ်းဆီ‌နယ်မြေ၏ ဘော့စ်မှာ ကုသန်း ဖြစ်ပြီး စိတ်စွမ်းရည်ရှိသူဖြစ်သည်။
သူမကြားတာတော့ မင်းက သူ့မျက်လုံးကို ဖျက်ကနဲကြည့်လိုက်တာနဲ့ ၊မင်းက ရှုပ်ထွေးသွားလိမ့်မည်ဟု။
စုရွမ်ရွမ် စိတ်ညို့နိုင်သော စွမ်းရည်ကို တိုက်ခိုက်ဖို့ အသုံးပြုတဲ့ ကုသန်းကို သတိရသွား၏။
ယခု ၎င်းကို အရည်အချင်းရှိသော တိုးတက်မှုအဖြစ်မှတ်ယူနိုင်သည်။
ကုသန်းက ကိုယ်တိုင်တွေ့ဆုံဖို့ မလာခဲ့ဘဲ၊ ကုန်ကြမ်းဆီနယ်မြေမှ ဒုတိယခေါင်းဆောင်က သူတို့ကို လက်ခံတွေ့ဆုံခဲ့သည်။
သူတို့ကိုပါ ထည့်တွက်လျှင်၊ တခြားအခြေစိုက်၏ခန်းများမှလည်း ကုန်ကြမ်းဆီလှဲလှယ်ရန်လာကြ၏။
လူတိုင်းမှာ ရောထွေးနေပြီး အရမ်းဆူညံနေသည်။
ဒုတိယခေါင်းဆောင်ကို ရှန်းဝိန် ဟုခေါ်သည်။
ငါကြားတာတော့ သူက ကုသန်းယောက်ဖတဲ့။စွမ်းရည်မရှိပေမယ့် သူ့ခွန်အားပေါ်မှာ မှီခိုတဲ့သူမျိုးဘဲ။
စုရွမ်ရွမ် လူတိုင်း၏ ခြေလှမ်းနောက်က လိုက်ကာ သူမ၏ခေါင်းက လိုက်လံစူးစမ်းနေပြီး သီးနှံစိုက်ခင်းတစ်ခုကို မြင်လိုက်၏။
မင်းတို့သိပါတယ်၊ ယခုတွင် သီးနှံစိုက်ခင်းမှာ ကြုံတောင့်ကြုံခဲလေ ။
ပိုပြီး ဝင့်ဝင့်ကြွားကြွားပြောရလျှင် ၎င်းမှာ မုန်လာဥစိုက်ခင်းတစ်ခု ဖြစ်နေသေးသည်လေ!
စွဲကျန်နေတဲ့ မုန်လာဥဖြူတွေရဲ့ ရနံ့က လေထဲတွင် ပျံ့နှံ့နေပြီး စုရွမ်ရွမ်ကို အားကျမှုဖြင့် သွားရည်ယိုစေသည်။
သူမ တိုးတိုးပြောလိုက်၏"ကျွန်မ မုန်လာဥဆွဲနှုတ်ချင်လိုက်တာ"
နီးယန်က သူမဘေးတွင် လမ်းလျှောက်နေပြီး :နင့်မေဘဲ ဆွဲနှုတ်! ဘာလို့ နင် အပြင်မှာဇွန်ဘီတွေသွားမဆွဲတာလဲ?
ရှန်းဝိန်ပြောသည်"ကျွန်တော်ကြားတာ ခင်ဗျားတို့ထဲက သစ်သားစွမ်းရည်ရှိတဲ့သူတစ်ယောက် သေသွားတယ်ဆို "
"ဟုတ်တယ်"နီးယန်ခေါင်းညိတ်လိုက်သည်။
ရှန်းဝိန်၏ မျက်နှာအမူအရာမှာ အနည်းငယ်ရုပ်ဆိုးလာပုံရပြီး၊ သူပြောလာသည်"အခု မင်းတို့အဖွဲ့ထဲမှာ စွမ်းရည်ရှိတဲ့သူ မရှိဘူးပေါ့"
"ဟုတ်တယ်" နီးယန် သူမစွမ်းရည်ကို မဖော်ထုတ်ပါဘဲ သူမခေါင်းကို ဆက်လက်ညိတ်လိုက်၏။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
🍁 Zawgyi 🍁
"ဒါက အဖျားပျောက်ဆေး"
သို့သော်လည်း အမျိုးသားက သူ့ပါးစပ်ကို မဖွင့်‌ပေ။‌ရွေးချယ်စရာမရှိဘဲ စုရွမ်ရွမ် ဆေးကို ခက်ခက်ခဲခဲ သိပ်ထည့်လိုက်သည်။
"အား!"
ခက်ခက်ခဲခဲ ဖိအားပေးခြင်း၏ အကျိုဆက်ကတော့ စုရွမ်ရွမ်မှာ အမျိုးသား၏ ကိုက်ခြင်းခံလိုက်ရ၏။
Huh Huh
စုရွမ်ရွမ် ပျော်ရွှင်စွာဖြင့် အဖျားပျောက်ဆေးအား ထည့်လိုက်‌လေသည်။
နီးယန်:......
                             ∆∆∆
နောက်ဆုံးတွင်‌တော့ စုရွမ်ရွမ် လက်စားချေဖို့ အခွင့်ရေးရခဲ့ပြီး ပေါင်မုန့်ကို သူ့ပါးစပ်ထဲသို့ တက်တက်ကြွကြွ ထည့်လိုက်သည်။
အမျိုးသားက အားနည်းစွာမှီနေခဲ့ပြီး သူ့မျက်လုံးများကို မြှင့်ကာ စုရွမ်ရွမ်ကို ကြည့်‌နေခဲ့သည်။
"Um..."
"ရှင် ဗိုက်မစာဘူးလား"
စုရွမ်ရွမ်: (╥﹏╥)