ၾကင္ယာေတာ္ေရွာင္၏လက္စားေခ်ျခင...

Oleh NanThancho

518K 58.6K 1.7K

ေရွာင္က်န္႔ : စိတ္မပူနဲ႔ မင္းတို႔ေတြကို ဒီအစ္ကိုေလးက ေကာင္းေကာင္းလက္စားေခ်မွာ ဇာတ္လိုက္ကို လည္း အလြတ္မေပးဘူး ... Lebih Banyak

part - 1 (Z+U)
part -2 (Z+U)
part - 3 (Z+U)
part - 4 (Z+U)
part - 5 (Z+U)
part - 6 (Z+U)
part -7 (Z+U)
part - 8 (Z+U)
part - 9 (Z+U)
part - 10 (Z+U)
part - 11 (Z+U)
part - 12 (Z+U)
part - 13 (Z+U)
part - 14 (Z+U)
part - 15 (Z+U)
part - 16 (Z+U)
part - 17 ( Z+U )
part - 18 ( Z+U ) 🔞🚨🚫
part - 19 ( Z+U )
part - 20 ( Z+U )
part - 21 ( Z+U )
part - 22 ( Z+U )
part - 23 ( Z+U )
part - 24
part - 25
part - 26
part - 27
part - 28
part - 29
part - 30
part - 31
part - 32
part - 33
part - 34
part - 35
part - 36
part - 37
part - 38
part - 39
(အသိေပး စာ / အသိပေး စာ)
part - 40
part - 41
part - 42
part - 43
part - 44
part - 46
part - 47
part - 48
part - 49
စာဖတ္သူတို႔အား ေပးစာ / စာဖတ်သူတို့အား ပေးစာ
part - 50
part - 51
part. 52
ဝန္ခံျခင္း / ဝန်ခံခြင်း
part. 53
part - 54
part - 55
part. 56
part. 57
part. 58
59.
စာဖတ္သူတို႔အား ေပးစာ
60.
61.
62.
63.
64.
65.
66.
67.
68.
69.
70.
71.
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87 (end)

part - 45

4.7K 576 21
Oleh NanThancho

[Zawgyi]

 

စိမ္းစိုသာယာတဲ့ ေတာင္ေပၚက ေက်ာက္စိမ္း နန္းေတာ္

 

ေနာက္ဆံုးေတာ့ ဝမ္ရိေပၚ သည္ ေရွာင္က်န္႔ ကို ေပြ႕ခ်ီရင္းနဲ႕ ေတာ္ဝင္နယ္ေျမ၏ ဝကၤပါ ကို ေက်ာ္ျဖတ္လာၿပီး ေတာ္ဝင္နယ္ေျမ၏ ဂိတ္တံခါးကို ေစာင့္ၾကပ္တဲ့ အေစာင့္ဂိုဏ္းသားေတြရိွရာကို ေရာက္ရိွသြားသည္။ သူတို႔ေနာက္မွာ ဦးေလးလု က ေျခလွမ္းမကြာ လိုက္လာသည္။

ေတာ္ဝင္နယ္ေျမ အဝင္လမ္းကို ဂိုဏ္းသံုးဂိုဏ္း၏ တပည့္ေလးေတြကို ႏွစ္ေယာက္စီ တာဝန္ေပးၿပီး အတူတကြ ေစာင့္ၾကပ္ေစသည္။ အခု လမွာ ေက်ာက္စိမ္းႏွင္းဆီ ဂိုဏ္းက တာဝန္ေပးခံရတဲ့ လူကေတာ့ တပည့္ဂိုဏ္းသား လုခိုင္ နဲ႕ ဝမ္ယို႔ တို႔ျဖစ္ပါသည္။ သူတို႔က အျခား ဂိုဏ္း ႏွစ္ဂိုဏ္းျဖစ္တဲ့ တပည့္ဂိုဏ္းသား ေတြနဲ႔ အေရာတဝင္ မလုပ္ဘဲ တည္ၿငိမ္စြာ နဲ႕ နယ္ေျမ အဝင္လမ္းကို ေစာင့္ၾကည့္ေရး ေမွ်ာ္စင္မွာ ေစာင့္ၾကပ္ေနသည္။ သူတို႔နဲ႔ အတူ နတ္မိမယ္ဂိုဏ္းက တပည့္ေလး ႏွစ္ဦး နဲ႕ နတ္ဆိုးဂိုဏ္း က တပည့္ေလး ႏွစ္ဦးကလည္း ေမ်ွာ္စင္မွာ ရိွတဲ့ ကိုယ့္ေနရာကေန အဝင္လမ္းကို ေစာင့္ၾကပ္ၾကသည္။ သူတို႔ေတြ ေစာင့္ၾကပ္တဲ့ ကာလပတ္လံုး အျပင္ေလာကမွာ ရိွတဲ့ ဂိုဏ္းသားေတြ ဝင္လာတာကို မေတြ႕သလို က်ဴးေက်ာ္သူေတြကိုလည္း မေတြ႕ရလို႔ အရမ္းကို ပ်င္းရိစြာ နဲ႕ ျဖစ္ေနတုန္း ေတာ္ဝင္နယ္ေျမ၏ အဝင္လမ္းကို ဝင္လာတဲ့ လူသံုးေယာက္ကို ေတြ႕ရေတာ့ ခ်က္ခ်င္းဘဲ သတိထားၿပီး တာဝန္ေက်စြာနဲ႔ လူခြဲၿပီး တာဝန္ရိွတဲ့ လုခိုင္ က လူစိမ္းသံုးေတြကို သြားေရာက္စစ္ေဆးေတာ့သည္။

ဝမ္ရိေပၚ က ေရွာင္က်န္႔ ကို ေပြ႕ခ်ီထားၿပီး သူတို႔ဆီကို ကိုယ္ေဖာ့သိုင္း နဲ႕ လာေနတဲ့ လူကို အကဲခတ္လိုက္သည္။ ေက်ာက္စိမ္းႏွင္းဆီဂိုဏ္းက အစိမ္းေရာင္ ဝတ္စံုကို ေတြ႕ရေတာ့ ဦးေလးလုကို ေခါင္းညိတ္ ျပၿပီး သူတို႔အနားေရာက္လာတဲ့လူကို တည္ၿငိမ္စြာ ၾကည့္လိုက္သည္။ ဦးေလးလု က ေရွ႕ထြက္ၿပီး အနားေရာက္လာတဲ့လူငယ္ကို ၿပံဳးျပၿပီး ေခၚလိုက္၏။

" လုခိုင္... "

လုခိုင္ က လူစိမ္းနားကို ေရာက္ေတာ့ သူရင္းနီးတဲ့ လူ၏ အေခၚကို ၾကားရေတာ့ ေပ်ာ္ရႊင္စြာ ေခၚလိုက္သည္။

" ဦးေလးလု..."

ဦးေလးလု က သူ၏ ဦးေလးျဖစ္ၿပီး ဂိုဏ္း ရဲ႕ အေရးပါတဲ့ ေခါင္းေဆာင္ပိုင္းက လူတစ္ဦး ျဖစ္ေသးသည္။ သူက ဦးေလးလု ကို ႏႈတ္ဆက္ၿပီး ဦးေလး နဲ႕ ပါလာတဲ့ လူေတြကို ၾကည့္လိုက္သည္။ ထိုအခါ သူေတြ႕ရတာက ေအးစက္ၿပီး ေခ်ာေမာတဲ့ လူငယ္ တစ္ဦး က ေခ်ာေမာလွပတဲ့ လူငယ္ေလးကို ေပြ႕ခ်ီကာ သူ႕ကို တည္ၿငိမ္စြာ ၾကည့္ေနသည္ ကို ေတြ႕ရသည္။ သူက ေအးစက္ၿပီး ေခ်ာေမာတဲ့ လူငယ္ကိုၾကည့္ၿပီး ေတြ႕ဖူးတယ္လို႔ ခံစားရသည္။

" လုခိုင္ နန္းဆက္ မင္းသားေလး ကို ေတြ႕တာနဲ႔ ဦးၫြတ္ၿပီး အ႐ိုေသေပးရတယ္ ဆိုတာ ေမ့ေနၿပီလား " ဦးေလးလု က သူ႕သခင္ေလး ကို ေၾကာင္ၾကည့္ေနတဲ့ လုခိုင္ ကို သတိေပးလိုက္သည္။ ေက်ာက္စိမ္းႏွင္းဆီဂိုဏ္း ၏ အေျခခံ စည္းကမ္းက ဘယ္ကိုေရာက္ေရာက္ ဂိုဏ္းခ်ဳပ္၏ နန္းမ်ဳိးဆက္ ကို ေတြ႕တာနဲ႔ အ႐ိုေသေပးရတယ္။

လုခိုင္ က ဦးေလးလုရဲ႕စကားကို ၾကားရေတာ့ ဝမ္ရိေပၚ ကို အ႐ိုေသေပးကာ ဦးၫြတ္လိုက္သည္။

" လုခိုင္ မင္းသားေလး ကို အ႐ိုေသေပးပါတယ္ "

ဝမ္ရိေပၚ က အသိမွတ္ျပဳတဲ့ အေနနဲ႔ ေခါင္းညိတ္ ျပၿပီး သူခ်ီထားတဲ့ ေရွာင္က်န္႔ ကို ၾကည့္လိုက္သည္။

သူေလးက သူ႕လက္ကေန ခ်ေပးဖို႔ ပါးစပ္လႈပ္ၿပီး အသံတိတ္ေျပာေနတာကို ေတြ႕ရေတာ့ သူ ေခါင္းခါျပလိုက္သည္။ ဒီခရီးက လမ္းေတြၾကမ္းေတာ့ သူ႕က်န္႔က်န္႔ က ပင္ပန္းေနမွာ ဒါေၾကာင့္ သူက ေကာင္းမြန္တဲ့ လက္တြဲေဖာ္အေနနဲ႔ ၾကင္နာစြာ သူေလးကို ေပြ႕ခ်ီၿပီး အဆင္ေျပစြာနဲ႔ ေက်ာက္စိမ္းႏွင္းဆီ ဂိုဏ္းရဲ႕နန္းေတာ္ ထိ ေခၚေဆာင္သြားရမည္။

" ေကာင္းၿပီ လုခိုင္ ငါတို႔အတြက္ ျမင္းကို စီဆင္ေပး "

ဦးေလးလု က လုခိုင္ ကို သူ႕သခင္ေလး နဲ႕ ၾကင္ယာေတာ္ ေလး အတြက္ ျမင္းကို စီဆင္ခိုင္းလိုက္သည္။ တကယ္ဆို ျမင္းလွည္းကို လိုခ်င္ေပမဲ့ အခ်ိန္ခါေၾကာင့္ အလြယ္ရႏိုင္တဲ့ ျမင္းကိုသာ ေတာင္းလိုက္သည္။

" ဟုတ္ကဲ့ ေကာင္းပါၿပီ "

လုခိုင္ က သိုင္းပညာ အဆင့္ျမင့္ တဲ့ ဦးေလးလု နဲ႕ မင္းသားေလး တို႔က နန္းေတာ္ ကို နာရီဝက္ နဲ႕ ေရာက္ေအာင္သြားႏိုင္တာကို ဘာေၾကာင့္မ်ား  ျမင္းကိုအလိုရိွလဲဆိုတာ မေမးေတာ့ဘဲ ျမင္းကို စီဆင္ေပးလိုက္သည္။

သန္မာလွပတဲ့ ျမင္းျဖဴႏွစ္ေကာင္က ဝမ္ရိေပၚ တို႔ေရွ႕မွာ ေရာက္လာသည္။ ျမင္းျဖဴ ေတြကို ျမင္ရတာနဲ႔ ေရွာင္က်န္႔ က တစ္ကိုယ္ေတာ္စီးခ်င္စိတ္ ျဖစ္လာေပမဲ့ ဝမ္ရိေပၚ က သူ႕ကို ျမင္းျဖဴေပၚတင္ေပးၿပီး ခါးကို ဖက္ထားၿပီး ကေလးလို ထိန္းထားတာကို ႀကံဳရေတာ့ ရင္ထဲမွာ အသံတိတ္ၿပီး ငိုေႂကြးမိသည္။ ဘာလို႔လဲ ဝမ္ရိေပၚ မင္းက အရမ္းႀကီး ပိုလာၿပီေနာ္။

ေရွာင္က်န္႔ ၏ ရင္တြင္း ငိုေႂကြးမႈ နဲ႕ အတူ ဝမ္ရိေပၚ က ခ်စ္ရသူနဲ႔ ျမင္းကို ေက်ာက္စိမ္းႏွင္းဆီ နန္းေတာ္ ဘက္ကို ဦးတည္ကာ စီးသြားလိုက္သည္။ ဦးေလးလု က လုခိုင္ နဲ႕ တာဝန္က် ဂိုဏ္းတပည့္ေလးေတြကို ႏႈတ္ဆက္လိုက္ျပီး သခင္ျဖစ္သူေနာက္ လိုက္သြားလိုက္သည္။

လုခိုင္ နဲ႕ တာဝန္က် ဂိုဏ္းသားတို႔က ထြက္သြားတဲ့ ျမင္းေတြဘက္ကို တဆံုးထိၾကည့္ၿပီး မင္းသားေလး ဝမ္ရိေပၚ နဲ႕ ျမင္းအတူ စီးသြားတဲ့ ေခ်ာေမာလွပတဲ့ လူငယ္ေလးကို အေၾကာင္းကို ေတြးလိုက္ၾကသည္။

ျမင္းကို နာရီနီးပါး နဲ႕ အခ်ိန္ၾကာေအာင္ စီးနင္း ရင္းနဲ႔ ေရွာင္က်န္႔ က ေက်ာက္စိမ္း နန္းေတာ္ တစ္ခုလို အေဆာက္အံု ကို စိမ္းစိုသာယာတဲ့ ေတာင္ေပၚတစ္ခုမွာ ေတြ႕ျမင္ရသည္။ သူတို႔က ေတာင္ေျခေရာက္ေတာ့ ဝမ္ရိေပၚ က သူ႕ကို ျမင္းေပၚက ဂ႐ုတစိုက္ ခ်ေပးၿပီး ျပန္ခ်ီလိုက္ေတာ့ ေတာင္တက္ၿပီး ေတာင္ေပၚ႐ႈခင္းေတြကို ႐ႈစားခ်င္တဲ့ ေရွာင္က်န္႔ ရဲ႕ စိတ္ေလးဟာ ဝမ္ရိေပၚ ရဲ႕ ႏူးညံ့တဲ့ အၾကည့္နဲ႔ ဂ႐ုစိုက္မႈ ၾကားမွာ ႏွေျမာတသစြာျဖင့္ ေရစုန္ေမွ်ာေတာ့သည္။

ဦးေလးလုသည္ ေတာင္ေျခမွာ ရိွၾကတဲ့ အေစာင့္ဂိုဏ္းသားေတြနဲ႕ ေျပာဆိုၿပီးေတာ့ ဝမ္ရိေပၚဟာ အေစာင့္ဂိုဏ္းသားေတြ၏ အ႐ိုေသေပးမႈ နဲ႕ ခ်စ္ရသူ ကို ေပြ႕ခ်ီကာ ကိုယ္ေဖာ့သိုင္းကို အသံုးျပဳၿပီး ေတာင္တက္လမ္း ေလွကားေတြကို တက္သြားေတာ့သည္။

အေစာင့္ဂိုဏ္းသားေတြကေတာ့ အရင္ခါေတြနဲ႔ မတူဘဲ တတ္ႂကြစြာ နဲ႕ လ်င္ျမန္စြာ ေလွကားကို တက္သြားတဲ့ မင္းသားေလး ကို ၾကည့္ၿပီး အံ့အားသင့္သြားရသည္။အရင္ကဆို မင္းသားေလး က ေတာင္ေပၚမွာ ရိွတဲ့ နန္းေတာ္ ကို ေရာက္မွာမႀကိဳက္လို႔ ပ်င္းရိစြာ နဲ႕ တစ္လွမ္းခ်င္း တက္ေနၾကေလ။ အခုမွ ဘာေတြေၾကာင့္ သရဲလိုက္သလို ေျပးတက္ရတာလဲ။

အေစာင့္ဂိုဏ္းသားေတြကေတာ့ သူတို႔ မင္းသားေလး က သူ႕ၾကင္ယာေတာ္ ေလး ကို ေအးေအးေဆးေဆး နဲ႕ သက္သာစြာ အနားေပးယူေစခ်င္လို႔ နန္းေတာ္ကို အျမန္ေရာက္ခ်င္တာကို မသိတဲ့ တစ္ကိုယ္တည္းသမား ေတြမို႔ ခ်စ္ရသူ ကို ဂ႐ုစိုက္လြန္းတဲ့ သူတို႔ မင္းသားေလးကို နားမလည္ပါ။ နားလည္တဲ့ ဦးေလးလု မွာ သူ႕ကို လွည့္မၾကည့္ႏိုင္ေအာင္ ျဖစ္ေနတဲ့ သူ႕သခင္ေလးကို ခ်ဥ္လာၿပီေလ။

+++++++

ၿမိဳ႕စား တုဖုန္း ရဲ႕ အိမ္ေတာ္မွာ မု႐ုန္ယြဲ႕ က လံုရိဖုန္း နဲ႕ မ်က္ႏွာခ်င္းဆိုင္နဲ႕ တစ္ေယာက္ ကို တစ္ေယာက္ မေျပမလည္ ထိုင္ၾကည့္ေနၾကသည္။ သူတို႔က သေဘာထားခ်င္း မတိုက္ဆိုင္ေတာ့ဘူး။

မု႐ုန္ယြဲ႕ က ဝမ္ရိေပၚ နားကေန ေရွာင္က်န္႔ ကို ဖမ္းဆီးၿပီး လံုရိဖုန္း ကို အေဝးေခၚသြားခိုင္းသည္။ လံုရိဖုန္း က ေရွာင္က်န္႔ ကို စိတ္ဝင္စားေသာ္လည္း အ႐ူးအမူး နဲ႕ ဝမ္ရိေပၚဆီကေန လုယူၿပီး သူ႕ကို ေရွာင္က်န္႔ စိတ္နာေအာင္ မလုပ္သင့္တဲ့အေနနဲ႕ အခုတေလာ သူ႕အေၾကာင္းကို ေၾကာက္စရာေကာင္းတဲ့ အျမန္ႏုန္းနဲ႔ ေဖာ္ထုတ္ကေလာ္ေနတဲ့ ဝမ္ရိေပၚကို သြားျပီး မ႐ႈပ္သင့္သည္ကို ေကာင္းေကာင္းနားလည္သည္။ ေနာက္တခုက ဝမ္ရိေပၚ က သူ႕အေၾကာင္းကို ေတာ္ေတာ္မ်ားမ်ားကို ေသခ်ာေအာင္ သိေနေပမဲ့ ဝမ္ရိေပၚ အေၾကာင္းကို သူက မွန္ကန္ေအာင္ ခန္႔မွန္းႏိုင္တဲ့အေျခေနမွာဘဲ ရိွေနေသးတယ္။ သူတို႔က အခ်ိန္ၾကာေအာင္ အေမွာင္ထဲမွာ တိုက္ခိုက္ေပမဲ့ ဝမ္ရိေပၚ က သူ႕အေၾကာင္းကို ပိုမိုၿပီး ရွင္းလင္းစြာ သိေနတယ္။

သူကေတာ့ ဝမ္ရိေပၚ က ဘယ္သူဘယ္ဝါ ဆိုတာကို စံုစမ္းရတာ အရမ္းကို မလြယ္ပါ။ ဝမ္တိုင္းျပည္ ရဲ႕ အိမ္ေရွ႕စံ ေယာက်္ားေလး ၾကင္ယာေတာ္ ရိွတာနဲ႔ ယံုၾကည္မႈ ဘဏ္တိုက္ကို ပိုင္ဆိုင္တဲ့ သခင္ဆိုတာရယ္ သိုင္းပညာ ေတာ္တာရယ္ နဲ႕ သိုင္းေလာက ရဲ႕ ထိပ္ဆံုးမွာ ရပ္တည္ေနတဲ့ စာေပ က်မ္းဂန္ ေတြကို ႏွစ္သက္လြန္းသည့္ စာေပပညာရွင္ စာေပသိုင္းသမား လန္ခမ္း၊ ခြန္အားႀကီးတဲ့ လူငယ္သိုင္းသမားေလး လုဖန္း၊ ေသြးေအးဓား က်န္းဟုန္ နဲ႕ လက္နက္တိုက္ရွင္ ဖက္တီး ေကာင္းဖန္႔ တို႔ေတြ၏ မိတ္ဆြျဖစ္တာကို ဘဲ သိရတယ္။ ဒါေပမဲ့ ဝမ္ရိေပၚ က ေသြးႏွင္းဆီးႏွင္းခဲ ေဆးပင္ကို ရယူႏိုင္တဲ့ အစြမ္းရိွမွေတာ့ သူ႕အေတြးထဲမွာ ၾကားဖူးတဲ့ ေက်ာက္စိမ္းႏွင္းဆီဂိုဏ္းက မင္းသားေလးကို သတိရသြားသည္။ ဂိုဏ္း ကို အုပ္ခ်ဳပ္တဲ့ အရာကို စိတ္မဝင္စားဘဲ အျပင္ေလာကမွာ အေတြ႕အႀကံဳ ရွာဖို႔ ဂိုဏ္းမ်ဳိးဆက္ ၏ အျပင္ဂိုဏ္းသား အျဖစ္နဲ႔ ေနတဲ့ ေက်ာက္စိမ္းႏွင္းဆီ ဂိုဏ္းရဲ႕ မင္းသားေလး တစ္ဦး ရိွသည္။  မေျပာတတ္ဘူး အဲဒီလူက ဝမ္ရိေပၚ ျဖစ္နိုင္ေျခ ရိွတယ္။

ေရွာင္က်န္႔ ကို ႏွစ္သက္ေပမဲ့ မထိရဲတဲ့ လံုရိဖုန္း ေၾကာင့္ မု႐ုန္ယြဲ႕ မွာ အေတာ္ကို အႀကံအိုက္ေနသည္။ သူမ ေစာင့္ရတာကို စိတ္မရွည္ေတာ့ပါ အကယ္၍ လံုရိဖုန္း က အခ်ိန္ ဆြဲေနမယ္ဆို သူမသာ ေရွာင္က်န္႔ ကို ဝမ္ရိေပၚ နားက ေပ်ာက္ကြယ္ေအာင္ လုပ္ေတာ့မယ္။

လံုရွင္း နင္က ေရွာင္က်န္႔ ကို မထိရဲေတာ့ ငါကပဲ ဝမ္ရိေပၚ ဆီကေန ေရွာင္က်န္႔ ကို ေပ်ာက္ကြယ္ေအာင္လုပ္ရမွာေပါ့...

ေရွာင္က်န္႔ ေပ်ာက္သြားရင္ ဝမ္ရိေပၚ က သူမအတြက္ ဘဲ ျဖစ္ေတာ့မယ္။ထိုအေတြးနဲ႔ ကိုယ့္ကိုယ္ကို အားေပးၿပီး မု႐ုန္ယြဲ႕ က လံုရိဖုန္း ကို ၿပံဳးျပၿပီး ေျပာလိုက္သည္။

" လံုရွင္း ငါ နတ္မိမယ္ဂိုဏ္း ကို ျပန္ေတာ့မယ္ "

" မင္း နတ္မိမယ္ဂိုဏ္း ကို ျပန္ေတာ့မယ္လား "

" ဟုတ္တယ္ ဒါေၾကာင့္ နင့္ကို ႏႈတ္ဆက္တာ... ငါ သိုင္းပညာ ကို ဒီထက္မက ကြၽမ္းက်င္တဲ့အဆင့္ေရာက္ေအာင္ က်င့္ခ်င္တယ္... ၿပီးမွ ဝမ္ရိေပၚ အေၾကာင္းကို ေတြးေတာ့မယ္... အခု ငါ အဆင့္ျမင့္ သထက္ ျမင့္တဲ့ သိုင္းသမား ျဖစ္ခ်င္တယ္... ငါ ဂိုဏ္းခ်ဳပ္ ျဖစ္ဖို႔အတြက္ မွ်တစြာ ၿပိဳင္ပြဲဝင္မယ္... ဒါေတြက ငါ့အတြက္ အေရးႀကီးတယ္ အခ်စ္ ကို ေနာက္မွ စဥ္းစားဖို႔ လုပ္ေတာ့မယ္ "

လံုရိဖုန္း က သူမေျပာတာကို မယံုခ်င္ပါ။ သူသိတဲ့ မု႐ုန္ယြဲ႕ က လိုခ်င္တာကို ရေအာင္ ယူတတ္တယ္ ဘယ္ေတာ့မွ အ႐ံႈးမေပးတတ္တဲ့ အက်င့္ရိွသူေလ။ သူမ၏ လိုခ်င္တာကို နည္းမ်ဳိးစံုသံုးၿပီး ယူတတ္တဲ့ ထိုအက်င့္ေလးေၾကာင့္ သူက သူမကို အခ်ိန္တခုထိ စြဲလမ္းရသည္မလား။ အခု သူမက ဝမ္ရိေပၚစိတ္ကို မရေသးခင္ ဝမ္ရိေပၚ နဲ႕ နီးစပ္ေအာင္ လုပ္ဖို႔ ဒီမွာ မေနဘဲ နတ္မိမယ္ဂိုဏ္း ကို ျပန္မယ္ဆိုတာ သူ မယံုႏိုင္ေအာင္ျဖစ္ေနတယ္။ သူမ ၏ စကားနဲ႔ ပတ္သတ္ၿပီး သူ တခုခု လြဲေနတယ္လို႔ ခံစားရတယ္။

မု႐ုန္ယြဲ႕ က လံုရိဖုန္း ရဲ႕ မယံုႏိုင္တဲ့ အမူယာကို ေတြ႕ေပမဲ့ သူမသည္ ၿပံဳးၿပံဳးေလးနဲ႕ ၾကည့္လိုက္သည္။ ထားေတာ့ သူမက ဝမ္ရိေပၚ ကို လိုခ်င္ရင္ သူ႕ကို ပိုင္ဆိုင္ႏိုင္တဲ့ အရည္ခ်င္း ကို ျပည့္စံုေအာင္ လုပ္ရမယ္။ ၿပီးမွ ေရွာင္က်န္႔ ကို
ဝမ္ရိေပၚ ကိုယ္တိုင္ မလိုခ်င္လာေအာင္ လုပ္ေပးမယ္။ သူမက လိုခ်င္တာကို နည္းမ်ဳိးစံုသံုးၿပီး ရေအာင္ယူတတ္သည္။ ဒါက မု႐ုန္ယြဲ႕ ဆိုတဲ့ သူမေလ။

============================================

[Unicode]

စိမ်းစိုသာယာတဲ့ တောင်ပေါ်က ကျောက်စိမ်း နန်းတော်

 

နောက်ဆုံးတော့ ဝမ်ရိပေါ် သည် ရှောင်ကျန့် ကို ပွေ့ချီရင်းနဲ့ တော်ဝင်နယ်မြေ၏ ဝင်္ကပါ ကို ကျော်ဖြတ်လာပြီး တော်ဝင်နယ်မြေ၏ ဂိတ်တံခါးကို စောင့်ကြပ်တဲ့ အစောင့်ဂိုဏ်းသားတွေရှိရာကို ရောက်ရှိသွားသည်။ သူတို့နောက်မှာ ဦးလေးလု က ခြေလှမ်းမကွာ လိုက်လာသည်။

တော်ဝင်နယ်မြေ အဝင်လမ်းကို ဂိုဏ်းသုံးဂိုဏ်း၏ တပည့်လေးတွေကို နှစ်ယောက်စီ တာဝန်ပေးပြီး အတူတကွ စောင့်ကြပ်စေသည်။ အခု လမှာ ကျောက်စိမ်းနှင်းဆီ ဂိုဏ်းက တာဝန်ပေးခံရတဲ့ လူကတော့ တပည့်ဂိုဏ်းသား လုခိုင် နဲ့ ဝမ်ယို့ တို့ဖြစ်ပါသည်။ သူတို့က အခြား ဂိုဏ်း နှစ်ဂိုဏ်းဖြစ်တဲ့ တပည့်ဂိုဏ်းသား တွေနဲ့ အရောတဝင် မလုပ်ဘဲ တည်ငြိမ်စွာ နဲ့ နယ်မြေ အဝင်လမ်းကို စောင့်ကြည့်ရေး မျှော်စင်မှာ စောင့်ကြပ်နေသည်။ သူတို့နဲ့ အတူ နတ်မိမယ်ဂိုဏ်းက တပည့်လေး နှစ်ဦး နဲ့ နတ်ဆိုးဂိုဏ်း က တပည့်လေး နှစ်ဦးကလည်း မျှော်စင်မှာ ရှိတဲ့ ကိုယ့်နေရာကနေ အဝင်လမ်းကို စောင့်ကြပ်ကြသည်။ သူတို့တွေ စောင့်ကြပ်တဲ့ ကာလပတ်လုံး အပြင်လောကမှာ ရှိတဲ့ ဂိုဏ်းသားတွေ ဝင်လာတာကို မတွေ့သလို ကျူးကျော်သူတွေကိုလည်း မတွေ့ရလို့ အရမ်းကို ပျင်းရိစွာ နဲ့ ဖြစ်နေတုန်း တော်ဝင်နယ်မြေ၏ အဝင်လမ်းကို ဝင်လာတဲ့ လူသုံးယောက်ကို တွေ့ရတော့ ချက်ချင်းဘဲ သတိထားပြီး တာဝန်ကျေစွာနဲ့ လူခွဲပြီး တာဝန်ရှိတဲ့ လုခိုင် က လူစိမ်းသုံးတွေကို သွားရောက်စစ်ဆေးတော့သည်။

ဝမ်ရိပေါ် က ရှောင်ကျန့် ကို ပွေ့ချီထားပြီး သူတို့ဆီကို ကိုယ်ဖော့သိုင်း နဲ့ လာနေတဲ့ လူကို အကဲခတ်လိုက်သည်။ ကျောက်စိမ်းနှင်းဆီဂိုဏ်းက အစိမ်းရောင် ဝတ်စုံကို တွေ့ရတော့ ဦးလေးလုကို ခေါင်းညိတ် ပြပြီး သူတို့အနားရောက်လာတဲ့လူကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ဦးလေးလု က ရှေ့ထွက်ပြီး အနားရောက်လာတဲ့လူငယ်ကို ပြုံးပြပြီး ခေါ်လိုက်၏။

" လုခိုင်... "

လုခိုင် က လူစိမ်းနားကို ရောက်တော့ သူရင်းနီးတဲ့ လူ၏ အခေါ်ကို ကြားရတော့ ပျော်ရွှင်စွာ ခေါ်လိုက်သည်။

" ဦးလေးလု..."

ဦးလေးလု က သူ၏ ဦးလေးဖြစ်ပြီး ဂိုဏ်း ရဲ့ အရေးပါတဲ့ ခေါင်းဆောင်ပိုင်းက လူတစ်ဦး ဖြစ်သေးသည်။ သူက ဦးလေးလု ကို နှုတ်ဆက်ပြီး ဦးလေး နဲ့ ပါလာတဲ့ လူတွေကို ကြည့်လိုက်သည်။ ထိုအခါ သူတွေ့ရတာက အေးစက်ပြီး ချောမောတဲ့ လူငယ် တစ်ဦး က ချောမောလှပတဲ့ လူငယ်လေးကို ပွေ့ချီကာ သူ့ကို တည်ငြိမ်စွာ ကြည့်နေသည် ကို တွေ့ရသည်။ သူက အေးစက်ပြီး ချောမောတဲ့ လူငယ်ကိုကြည့်ပြီး တွေ့ဖူးတယ်လို့ ခံစားရသည်။

" လုခိုင် နန်းဆက် မင်းသားလေး ကို တွေ့တာနဲ့ ဦးညွတ်ပြီး အရိုသေပေးရတယ် ဆိုတာ မေ့နေပြီလား " ဦးလေးလု က သူ့သခင်လေး ကို ကြောင်ကြည့်နေတဲ့ လုခိုင် ကို သတိပေးလိုက်သည်။ ကျောက်စိမ်းနှင်းဆီဂိုဏ်း ၏ အခြေခံ စည်းကမ်းက ဘယ်ကိုရောက်ရောက် ဂိုဏ်းချုပ်၏ နန်းမျိုးဆက် ကို တွေ့တာနဲ့ အရိုသေပေးရတယ်။

လုခိုင် က ဦးလေးလုရဲ့စကားကို ကြားရတော့ ဝမ်ရိပေါ် ကို အရိုသေပေးကာ ဦးညွတ်လိုက်သည်။

" လုခိုင် မင်းသားလေး ကို အရိုသေပေးပါတယ် "

ဝမ်ရိပေါ် က အသိမှတ်ပြုတဲ့ အနေနဲ့ ခေါင်းညိတ် ပြပြီး သူချီထားတဲ့ ရှောင်ကျန့် ကို ကြည့်လိုက်သည်။

သူလေးက သူ့လက်ကနေ ချပေးဖို့ ပါးစပ်လှုပ်ပြီး အသံတိတ်ပြောနေတာကို တွေ့ရတော့ သူ ခေါင်းခါပြလိုက်သည်။ ဒီခရီးက လမ်းတွေကြမ်းတော့ သူ့ကျန့်ကျန့် က ပင်ပန်းနေမှာ ဒါကြောင့် သူက ကောင်းမွန်တဲ့ လက်တွဲဖော်အနေနဲ့ ကြင်နာစွာ သူလေးကို ပွေ့ချီပြီး အဆင်ပြေစွာနဲ့ ကျောက်စိမ်းနှင်းဆီ ဂိုဏ်းရဲ့နန်းတော် ထိ ခေါ်ဆောင်သွားရမည်။

" ကောင်းပြီ လုခိုင် ငါတို့အတွက် မြင်းကို စီဆင်ပေး "

ဦးလေးလု က လုခိုင် ကို သူ့သခင်လေး နဲ့ ကြင်ယာတော် လေး အတွက် မြင်းကို စီဆင်ခိုင်းလိုက်သည်။ တကယ်ဆို မြင်းလှည်းကို လိုချင်ပေမဲ့ အချိန်ခါကြောင့် အလွယ်ရနိုင်တဲ့ မြင်းကိုသာ တောင်းလိုက်သည်။

" ဟုတ်ကဲ့ ကောင်းပါပြီ "

လုခိုင် က သိုင်းပညာ အဆင့်မြင့် တဲ့ ဦးလေးလု နဲ့ မင်းသားလေး တို့က နန်းတော် ကို နာရီဝက် နဲ့ ရောက်အောင်သွားနိုင်တာကို ဘာကြောင့်များ  မြင်းကိုအလိုရှိလဲဆိုတာ မမေးတော့ဘဲ မြင်းကို စီဆင်ပေးလိုက်သည်။

သန်မာလှပတဲ့ မြင်းဖြူနှစ်ကောင်က ဝမ်ရိပေါ် တို့ရှေ့မှာ ရောက်လာသည်။ မြင်းဖြူ တွေကို မြင်ရတာနဲ့ ရှောင်ကျန့် က တစ်ကိုယ်တော်စီးချင်စိတ် ဖြစ်လာပေမဲ့ ဝမ်ရိပေါ် က သူ့ကို မြင်းဖြူပေါ်တင်ပေးပြီး ခါးကို ဖက်ထားပြီး ကလေးလို ထိန်းထားတာကို ကြုံရတော့ ရင်ထဲမှာ အသံတိတ်ပြီး ငိုကြွေးမိသည်။ ဘာလို့လဲ ဝမ်ရိပေါ် မင်းက အရမ်းကြီး ပိုလာပြီနော်။

ရှောင်ကျန့် ၏ ရင်တွင်း ငိုကြွေးမှု နဲ့ အတူ ဝမ်ရိပေါ် က ချစ်ရသူနဲ့ မြင်းကို ကျောက်စိမ်းနှင်းဆီ နန်းတော် ဘက်ကို ဦးတည်ကာ စီးသွားလိုက်သည်။ ဦးလေးလု က လုခိုင် နဲ့ တာဝန်ကျ ဂိုဏ်းတပည့်လေးတွေကို နှုတ်ဆက်လိုက်ပြီး သခင်ဖြစ်သူနောက် လိုက်သွားလိုက်သည်။

လုခိုင် နဲ့ တာဝန်ကျ ဂိုဏ်းသားတို့က ထွက်သွားတဲ့ မြင်းတွေဘက်ကို တဆုံးထိကြည့်ပြီး မင်းသားလေး ဝမ်ရိပေါ် နဲ့ မြင်းအတူ စီးသွားတဲ့ ချောမောလှပတဲ့ လူငယ်လေးကို အကြောင်းကို တွေးလိုက်ကြသည်။

မြင်းကို နာရီနီးပါး နဲ့ အချိန်ကြာအောင် စီးနင်း ရင်းနဲ့ ရှောင်ကျန့် က ကျောက်စိမ်း နန်းတော် တစ်ခုလို အဆောက်အုံ ကို စိမ်းစိုသာယာတဲ့ တောင်ပေါ်တစ်ခုမှာ တွေ့မြင်ရသည်။ သူတို့က တောင်ခြေရောက်တော့ ဝမ်ရိပေါ် က သူ့ကို မြင်းပေါ်က ဂရုတစိုက် ချပေးပြီး ပြန်ချီလိုက်တော့ တောင်တက်ပြီး တောင်ပေါ်ရှုခင်းတွေကို ရှုစားချင်တဲ့ ရှောင်ကျန့် ရဲ့ စိတ်လေးဟာ ဝမ်ရိပေါ် ရဲ့ နူးညံ့တဲ့ အကြည့်နဲ့ ဂရုစိုက်မှု ကြားမှာ နှမြောတသစွာဖြင့် ရေစုန်မျှောတော့သည်။

ဦးလေးလုသည် တောင်ခြေမှာ ရှိကြတဲ့ အစောင့်ဂိုဏ်းသားတွေနဲ့ ပြောဆိုပြီးတော့ ဝမ်ရိပေါ်ဟာ အစောင့်ဂိုဏ်းသားတွေ၏ အရိုသေပေးမှု နဲ့ ချစ်ရသူ ကို ပွေ့ချီကာ ကိုယ်ဖော့သိုင်းကို အသုံးပြုပြီး တောင်တက်လမ်း လှေကားတွေကို တက်သွားတော့သည်။

အစောင့်ဂိုဏ်းသားတွေကတော့ အရင်ခါတွေနဲ့ မတူဘဲ တတ်ကြွစွာ နဲ့ လျင်မြန်စွာ လှေကားကို တက်သွားတဲ့ မင်းသားလေး ကို ကြည့်ပြီး အံ့အားသင့်သွားရသည်။အရင်ကဆို မင်းသားလေး က တောင်ပေါ်မှာ ရှိတဲ့ နန်းတော် ကို ရောက်မှာမကြိုက်လို့ ပျင်းရိစွာ နဲ့ တစ်လှမ်းချင်း တက်နေကြလေ။ အခုမှ ဘာတွေကြောင့် သရဲလိုက်သလို ပြေးတက်ရတာလဲ။

အစောင့်ဂိုဏ်းသားတွေကတော့ သူတို့ မင်းသားလေး က သူ့ကြင်ယာတော် လေး ကို အေးအေးဆေးဆေး နဲ့ သက်သာစွာ အနားပေးယူစေချင်လို့ နန်းတော်ကို အမြန်ရောက်ချင်တာကို မသိတဲ့ တစ်ကိုယ်တည်းသမား တွေမို့ ချစ်ရသူ ကို ဂရုစိုက်လွန်းတဲ့ သူတို့ မင်းသားလေးကို နားမလည်ပါ။ နားလည်တဲ့ ဦးလေးလု မှာ သူ့ကို လှည့်မကြည့်နိုင်အောင် ဖြစ်နေတဲ့ သူ့သခင်လေးကို ချဉ်လာပြီလေ။

+++++++

မြို့စား တုဖုန်း ရဲ့ အိမ်တော်မှာ မုရုန်ယွဲ့ က လုံရိဖုန်း နဲ့ မျက်နှာချင်းဆိုင်နဲ့ တစ်ယောက် ကို တစ်ယောက် မပြေမလည် ထိုင်ကြည့်နေကြသည်။ သူတို့က သဘောထားချင်း မတိုက်ဆိုင်တော့ဘူး။

မုရုန်ယွဲ့ က ဝမ်ရိပေါ် နားကနေ ရှောင်ကျန့် ကို ဖမ်းဆီးပြီး လုံရိဖုန်း ကို အဝေးခေါ်သွားခိုင်းသည်။ လုံရိဖုန်း က ရှောင်ကျန့် ကို စိတ်ဝင်စားသော်လည်း အရူးအမူး နဲ့ ဝမ်ရိပေါ်ဆီကနေ လုယူပြီး သူ့ကို ရှောင်ကျန့် စိတ်နာအောင် မလုပ်သင့်တဲ့အနေနဲ့ အခုတလော သူ့အကြောင်းကို ကြောက်စရာကောင်းတဲ့ အမြန်နုန်းနဲ့ ဖော်ထုတ်ကလော်နေတဲ့ ဝမ်ရိပေါ်ကို သွားပြီး မရှုပ်သင့်သည်ကို ကောင်းကောင်းနားလည်သည်။ နောက်တခုက ဝမ်ရိပေါ် က သူ့အကြောင်းကို တော်တော်များများကို သေချာအောင် သိနေပေမဲ့ ဝမ်ရိပေါ် အကြောင်းကို သူက မှန်ကန်အောင် ခန့်မှန်းနိုင်တဲ့အခြေနေမှာဘဲ ရှိနေသေးတယ်။ သူတို့က အချိန်ကြာအောင် အမှောင်ထဲမှာ တိုက်ခိုက်ပေမဲ့ ဝမ်ရိပေါ် က သူ့အကြောင်းကို ပိုမိုပြီး ရှင်းလင်းစွာ သိနေတယ်။

သူကတော့ ဝမ်ရိပေါ် က ဘယ်သူဘယ်ဝါ ဆိုတာကို စုံစမ်းရတာ အရမ်းကို မလွယ်ပါ။ ဝမ်တိုင်းပြည် ရဲ့ အိမ်ရှေ့စံ ယောကျ်ားလေး ကြင်ယာတော် ရှိတာနဲ့ ယုံကြည်မှု ဘဏ်တိုက်ကို ပိုင်ဆိုင်တဲ့ သခင်ဆိုတာရယ် သိုင်းပညာ တော်တာရယ် နဲ့ သိုင်းလောက ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ စာပေ ကျမ်းဂန် တွေကို နှစ်သက်လွန်းသည့် စာပေပညာရှင် စာပေသိုင်းသမား လန်ခမ်း၊ ခွန်အားကြီးတဲ့ လူငယ်သိုင်းသမားလေး လုဖန်း၊ သွေးအေးဓား ကျန်းဟုန် နဲ့ လက်နက်တိုက်ရှင် ဖက်တီး ကောင်းဖန့် တို့တွေ၏ မိတ်ဆွဖြစ်တာကို ဘဲ သိရတယ်။ ဒါပေမဲ့ ဝမ်ရိပေါ် က သွေးနှင်းဆီးနှင်းခဲ ဆေးပင်ကို ရယူနိုင်တဲ့ အစွမ်းရှိမှတော့ သူ့အတွေးထဲမှာ ကြားဖူးတဲ့ ကျောက်စိမ်းနှင်းဆီဂိုဏ်းက မင်းသားလေးကို သတိရသွားသည်။ ဂိုဏ်း ကို အုပ်ချုပ်တဲ့ အရာကို စိတ်မဝင်စားဘဲ အပြင်လောကမှာ အတွေ့အကြုံ ရှာဖို့ ဂိုဏ်းမျိုးဆက် ၏ အပြင်ဂိုဏ်းသား အဖြစ်နဲ့ နေတဲ့ ကျောက်စိမ်းနှင်းဆီ ဂိုဏ်းရဲ့ မင်းသားလေး တစ်ဦး ရှိသည်။  မပြောတတ်ဘူး အဲဒီလူက ဝမ်ရိပေါ် ဖြစ်နိုင်ခြေ ရှိတယ်။

ရှောင်ကျန့် ကို နှစ်သက်ပေမဲ့ မထိရဲတဲ့ လုံရိဖုန်း ကြောင့် မုရုန်ယွဲ့ မှာ အတော်ကို အကြံအိုက်နေသည်။ သူမ စောင့်ရတာကို စိတ်မရှည်တော့ပါ အကယ်၍ လုံရိဖုန်း က အချိန် ဆွဲနေမယ်ဆို သူမသာ ရှောင်ကျန့် ကို ဝမ်ရိပေါ် နားက ပျောက်ကွယ်အောင် လုပ်တော့မယ်။

လုံရှင်း နင်က ရှောင်ကျန့် ကို မထိရဲတော့ ငါကပဲ ဝမ်ရိပေါ် ဆီကနေ ရှောင်ကျန့် ကို ပျောက်ကွယ်အောင်လုပ်ရမှာပေါ့...

ရှောင်ကျန့် ပျောက်သွားရင် ဝမ်ရိပေါ် က သူမအတွက် ဘဲ ဖြစ်တော့မယ်။ထိုအတွေးနဲ့ ကိုယ့်ကိုယ်ကို အားပေးပြီး မုရုန်ယွဲ့ က လုံရိဖုန်း ကို ပြုံးပြပြီး ပြောလိုက်သည်။

" လုံရှင်း ငါ နတ်မိမယ်ဂိုဏ်း ကို ပြန်တော့မယ် "

" မင်း နတ်မိမယ်ဂိုဏ်း ကို ပြန်တော့မယ်လား "

" ဟုတ်တယ် ဒါကြောင့် နင့်ကို နှုတ်ဆက်တာ... ငါ သိုင်းပညာ ကို ဒီထက်မက ကျွမ်းကျင်တဲ့အဆင့်ရောက်အောင် ကျင့်ချင်တယ်... ပြီးမှ ဝမ်ရိပေါ် အကြောင်းကို တွေးတော့မယ်... အခု ငါ အဆင့်မြင့် သထက် မြင့်တဲ့ သိုင်းသမား ဖြစ်ချင်တယ်... ငါ ဂိုဏ်းချုပ် ဖြစ်ဖို့အတွက် မျှတစွာ ပြိုင်ပွဲဝင်မယ်... ဒါတွေက ငါ့အတွက် အရေးကြီးတယ် အချစ် ကို နောက်မှ စဉ်းစားဖို့ လုပ်တော့မယ် "

လုံရိဖုန်း က သူမပြောတာကို မယုံချင်ပါ။ သူသိတဲ့ မုရုန်ယွဲ့ က လိုချင်တာကို ရအောင် ယူတတ်တယ် ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ အကျင့်ရှိသူလေ။ သူမ၏ လိုချင်တာကို နည်းမျိုးစုံသုံးပြီး ယူတတ်တဲ့ ထိုအကျင့်လေးကြောင့် သူက သူမကို အချိန်တခုထိ စွဲလမ်းရသည်မလား။ အခု သူမက ဝမ်ရိပေါ်စိတ်ကို မရသေးခင် ဝမ်ရိပေါ် နဲ့ နီးစပ်အောင် လုပ်ဖို့ ဒီမှာ မနေဘဲ နတ်မိမယ်ဂိုဏ်း ကို ပြန်မယ်ဆိုတာ သူ မယုံနိုင်အောင်ဖြစ်နေတယ်။ သူမ ၏ စကားနဲ့ ပတ်သတ်ပြီး သူ တခုခု လွဲနေတယ်လို့ ခံစားရတယ်။

မုရုန်ယွဲ့ က လုံရိဖုန်း ရဲ့ မယုံနိုင်တဲ့ အမူယာကို တွေ့ပေမဲ့ သူမသည် ပြုံးပြုံးလေးနဲ့ ကြည့်လိုက်သည်။ ထားတော့ သူမက ဝမ်ရိပေါ် ကို လိုချင်ရင် သူ့ကို ပိုင်ဆိုင်နိုင်တဲ့ အရည်ချင်း ကို ပြည့်စုံအောင် လုပ်ရမယ်။ ပြီးမှ ရှောင်ကျန့် ကို
ဝမ်ရိပေါ် ကိုယ်တိုင် မလိုချင်လာအောင် လုပ်ပေးမယ်။ သူမက လိုချင်တာကို နည်းမျိုးစုံသုံးပြီး ရအောင်ယူတတ်သည်။ ဒါက မုရုန်ယွဲ့ ဆိုတဲ့ သူမလေ။

============================================

Lanjutkan Membaca

Kamu Akan Menyukai Ini

1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...
3.9M 265K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
688 52 5
Yizhan system fic လေးပါ 😉😉 Start Date - May. 3. 2023 ( Wed ) End Date - ???
119K 9.4K 60
❌Not translation❌ ❗Own-creation(ကိုယ်ပိုင်စိတ်ကူးဖြင့်ရေးသားခြင်းဖြစ်သည်။)❗ Unicode 💜💜💜WZCဆိုတဲ့ Uni studentတစ်ယောက် LHKဆိုတဲ့ IDOLကိုအရမ်းကြိုက်တ...