Chapter - 41 (B)

2.1K 221 1
                                    

Chapter – 41 (B)

အမှန်တကယ်တော့ တရုတ်ဘက်မှ ရဲအရာရှိများအနေဖြင့် ဤနေရာမှာတော့ လုပ်ပိုင်ခွင့်အာဏာ မရှိသည်မို့ စစ်ဆင်ရေးအဖွဲ့ အနေဖြင့် ခက်ခဲလှတဲ့ တာဝန်ကို ယူထားရသလို ရှိနေရသည်၊ ဒေသခံ ရဲများကိုလည်း ဘယ်လို ဖမ်းဆီးမှုမျိုးမှ ပြုလုပ်ခိုင်း၍ မရသည်မို့၊ သည်လို အခက်တွေ့နေရစဉ်မှာ ထိုလူများကို ရပ်တန့်စေဖို့ရာ ကချင်စစ်သားများကိုသာ သုံးခဲ့ရသည်။ စစ်တပ်နှင့် ဂိုဏ်းစတားများသည် ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်ကြသည် ဆိုပေမဲ့ နှစ်ဖက် အချင်းချင်းလည်း အပြန်အလှန် ရွံ့နေကြသည်မို့ ဘယ်သူကိုမှ မဖမ်းကြတာပင်။

ကျီပိုင်က ဆိုင်ရှင်၏ အမူအရာကို စောင့်ကြည့်နေရာမှ ဆက်ပြောလိုက်သည်။

"ဒီနေ့ .. သူတို့လုပ်ရပ် မအောင်မြင်သွားဘူး။ ဒါပေမဲ့ နောက်တခါ ပြန်လာလိမ့်ဦးမယ် ဆိုတာ သေချာတယ်။ ခင်ဗျား ကျတော်တို့နဲ့ ပူးပေါင်းကူညီမှသာ နောင်မှာ အပူအပင်ကင်းကင်းနဲ့ ငွေဆက်ရှာလို့ ရနိုင်မှာ။"

ကျိုးချိန်ပေါ် တစ်ယောက် အတွေးများဖြင့် ငြိမ်ကျသွားပြီးနောက် ကျီပိုင်ကို ရုတ်ခနဲ မော့ကြည့်လာသည်။

"ကျတော် အစစ်ခံပေးပါ့မယ်။ ကျတော့်ဘဝမှာ ဒီလောက် များများ ဆုံးရှုံးရတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ အရာရှိကြီး -ကျတော်တို့ သူတို့အားလုံးကို ဖမ်းမိမှ ဖြစ်မယ်။"

ကျိုးချိန်ပေါ်က ထွက်ဆိုချက်သာ ပြုသည်မဟုတ်၊ သူ့ကဲ့သို့ တရုတ်ဂိုဏ်းများ၏ အနိုင်ကျင့်ခံရသော အခြား ကုန်သည်များကိုလည်း ထုတ်ပြောအောင် ညှိနှိုင်းပေးပါမည်ဟု ဆိုလာသည်။ စစ်ဆင်ရေးအဖွဲ့တော့ အပျော်လွန်နေကြပြီ ..။ စွင့်ဖူ က စစ်ဆေးမှု ဆက်လုပ်ကြမည့် သူတို့ကို ညွှန်ကြားချက်များ ထပ်ပေးလာသည်၊ သက်သေအထောက်အထားများ ပိုရလာစေရန်၊ ကျိုးချိန်ပေါ်၏ အသက်နှင့် ပိုင်ဆိုင်မှုများကို ဂိုဏ်းများကြောင့် ထိခိုက်နစ်နာခြင်း မခံရစေရန် လျှို့ဝှက် အကာအကွယ်ပေးဖို့ ဖြစ်သည်။

ကျိုးချိန်ပေါ်ကို သူ့နေရာသို့ ပြန်ပို့ပေးပြီးနောက် ကျီပိုင် တည်းခိုဆောင်ကို ပြန်လာချိန်မှာ ည ၈ နာရီပင် ကျော်ပေပြီ။ ထိုညမှာ တိုက်ခတ်နေသည့် ညလေညင်းက ညင်သာလှသည်၊ သို့သော် မြေပြင်မှ အပူငွေ့ကြောင့် နွေးထွေးနေစေသလိုပင်။ ရွှီရွှီရဲ့ အခန်းဘက်မှ လင်းနေဆဲ ဖြစ်သည့် အလင်းရောင်ကို မော့ကြည့်မိကာ၊ ပြုံးမိပြီး မိမိ အခန်းရှိရာဆီ ပြန်ဝင်သွားလိုက်သည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedTahanan ng mga kuwento. Tumuklas ngayon