Extra - Bonus - Two

2K 174 0
                                    

Extra – Bonus – Two

၂။ လက်ထပ် မှတ်ပုံတင်ခြင်း

နောက်တစ်နေ့ မနက်မှာတော့ သူတို့ နှစ်ယောက် မြို့တော်အုပ်ချုပ်ရေးဗျူရို သို့ သွားကြသည်။

အဆောက်အဦ အပြင်ဘက်သို့ ပြန်ထွက်လာချိန်မှာတော့ သူတို့ ရဲ့ လက်ထဲတွင် အနီရောင် စာအုပ်ငယ်လေး ကိုယ်စီ ကိုင်ဆောင်ကာ မျက်နှာက မထိန်းချုပ်နိုင်တော့သလို ပြုံးဖြီးဖြီး..

သူတို့ ကားထဲ ဝင်ထိုင်မိချိန်မှာ - ကျီပိုင်က ပြောလာသည်။

"ကိုယ့် အဖေနဲ့ အမေကို ဖုန်းဆက်လိုက်ဦးမယ်။"

ရွှီရွှီက ခေါင်းညိတ်သည်။

"ဒါပေ့ါ .. ဆက်ရမှာပေါ့။"

ကျီပိုင်တို့ ဒီရက်ထဲမှာ လက်ထပ်မှတ်ပုံတင်မည့် အကြောင်း သူ့ မိသားစုဝင်တွေကို ပြောပြထားပြီးသား ဖြစ်သည်။ ဒီနေ့ကတော့ သူ့အတွက် ဆုလဒ်ရသလို ဖြစ်နေလေတော့၊ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဖုန်းဆက်လိုက်သည်။

"အမေ .. ရွှီရွှီနဲ့ ကျတော် လက်ထပ် မှတ်ပုံတင်ခဲ့ပြီ။ အင်း .. ဒီရက်ထဲ ကျတော်လည်း အလုပ် သိပ်မများပါဘူး။ နေလည်း ကောင်းပါတယ်။ ရွှီရွှီရောပဲ။ အဖေရော .. နေကောင်းလား .. ကျတော် သူနဲ့ ပြောဦးမယ်။"

ခဏနေတော့ သူက ရွှီရွှီကို ဖုန်းလွှဲပေးလာသည်။

"ကိုယ့် အဖေက မင်း နဲ့ စကားပြောချင်လို့တဲ့။"

ရွှီရွှီက ပြုံးရယ်ကာ ဖုန်းကို လှမ်းယူသည်။

"ဦးလေး .."

ဖေဖေကျီ တောင်မှ ဘာမှ မပြောရသေးခင်၊ ကျီပိုင်က ရွှီရွှီရဲ့ နှာခေါင်းလေးကို ဖျစ်ညှစ်လာပြီး..

" အခေါ်အဝေါ်လေးတော့ ပြောင်းသင့်ပြီလေ.."

ရွှီရွှီရဲ့ မျက်နှာ ပူလာသလို ရှိသည်။ ဒီလောက် အချိန်တိုလေးနဲ့တော့ သူ့အဖေကို ပြောင်းခေါ်ဖို့ အကျင့် မရသေး။

ဖေဖေကျီက ကျီပိုင်ပြောလိုက်သည့် စကားကို ကြားသွားပြီး ရယ်နေတော့သည်။

" အချိန်ယူပါ။ အေးအေးပေါ့ .. အခုနောက်ပိုင်း သမီး ကောင်းကောင်းရော စားရဲ့လား .. ရွှီလေး ..။ ကိစ္စရှိရင် ကျီပိုင် ကို အကုန်လုပ်ခိုင်း၊ သမီးက ကိုယ့်ကျန်းမာရေးကိုပဲ ဂရုစိုက်။"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now