Extra - Lin Qingyan - Part Four

1.4K 151 7
                                    

Extra : Lin Qingyan – Part Four

လင်ချင်းယန် ချက်ချင်းပင် ကားထဲ ဝင်ကာ တောင်ပေါ်ရှိ စံအိမ်သို့ ပြန်လာခဲ့လိုက်သည်။ သူ့ရဲ့ စာဖတ်ခန်းထဲ ဝင်ကာ စက်ကို ဖွင့်လိုက်တော့ ၊ တဖက်မှ ပြောစကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတော့သည်။

ချင်ရှုဟွာရဲ့ ဘဝက မိမိလက်ပေါ်မှာ ရှိနေပြီးသား။ သူနာပြုစုဆောင်မှာလည်း မိမိရဲ့ လူတွေချည်း ထည့်ထားခဲ့သည်၊ အခန်းကိုလည်း အသံဖမ်းစက် တပ်ဆင်ထားခဲ့သည်။

"ကျတော် DNA စစ်ခဲ့ပြီးပြီ" လက်ထောက်ရဲ့ အသံက စိတ်လှုပ်ရှားနေပုံ ရသည်။

"ဥက္ကဌချင် .. ဖုန်းယဲ့က ဥက္ကဌရဲ့သားဆိုတာ သေချာပါတယ်။"

ချင်ရှုဟွာ အတန်ကြာ နှုတ်ဆိတ်သွားသည်။ ဒါသည် လင်ချင်းယန်အတွက် သူ့ရဲ့ ငိုရှိုက်သံကို ပထမဆုံး အကြိမ် ကြားဖူးခြင်း ဖြစ်သည်။

"ဟုတ်ပြီလေ .. ငါ စဉ်းစားကြည့်လိုက်ပါဦးမယ်။ ငါနဲ့ တွေ့ပေးဖို့ သူ့ကို ခေါ်လာပေးပါဦး"

စာကြည့်ခန်းထဲ ထိုင်နေဆဲ ဖြစ်သည့် လင်ချင်းယန် .. စက်ကို ပိတ်ကာ မိုးကြောင့် မှုန်ပျပျဖြစ်နေတဲ့ မှန်ပြတင်းကို ကြည့်ငေးကာ ပြုံးနေလေသည်။

သူက ဒါကို စဉ်းစားကြည့်ပါဦးမယ်တဲ့လား .. သူက ဘာတွေကို စဉ်းစားပြီး ဘာတွေ စီစဉ်ဦးမှာတဲ့လဲ..

နောက်နေ့ မနက်စောစော .. လင်ချင်းယန် သူနာပြုစုဆောင်ကို သွားကာ ချင်ရှုဟွာကို သွားတွေ့၏။ ချင်ရှုဟွာ၏ အသွင်အပြင်က ပုံမှန်အတိုင်းပင်၊ သူ့ကို ပြုံးပြကာ ခြံထဲ လမ်းလျှောက်ဖို့ အပြင်ကို ခေါ်သွားပေးပါဟု တောင်းဆိုလာ၏။ မြက်ခင်းပြင်က မိုးရွာထားသည်မို့ ပိုမို စိမ်းမြနေကာ၊ ဥက္ကဌချင်၏ မျက်နှာသည်လည်း ခါတိုင်းထက် ပိုမို တောက်ပနေသည်။

ဒါက သူ့သားအရင်းကို ပြန်တွေ့လို့တဲ့လား ..

ချင်ရှုဟွာက သူ့ကို ဖုန်းယဲ့အကြောင်း တစိုးတစိမျှ မဟ၊ လင်ချင်းယန်ကလည်း ချင် ရဲ့ မျက်နှာထက်က ဟန်လုပ်ပြုံးကို မကြာမကြာ ကြည့်နေမိသည်။

နောက်နှစ်ရက် ကြာပြီးနောက် သူ၏ စောင့်ကြည့်စက်ထဲမှတဆင့် လက်ထောက်ဖြစ်သူ နောက်တစ်ကြိမ် ထပ်လာသည်ကို တွေ့မြင်လိုက်ရသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now