Chapter - 63 (B)

1.6K 189 0
                                    

Chapter – 63 (B)

ကျီပိုင်နှင့် ရွှီရွှီ တို့ တောင်ပေါ်မှာ ရှိနေကြစဉ် .. ရဲစခန်းမှာ ထွက်ဆိုချက်ပေးနေတဲ့ ယောင်းမုန်ကို လင်ချင်းယန်က အဖော်ပြုပေးနေခဲ့သည်။ နောက်တော့ သူတို့ လင်းမြို့ရှိ အိမ်သို့ ပြန်လာခဲ့ကြ၏။

ယောင်းမုန်တစ်ယောက် ရေချိုးကန်ထဲမှာ အချိန် အတော်ကြာ စိမ်နေမိပြီး၊ တစ်ကိုယ်လုံး အနှံ့ တစ်လက်မ မကျန် သန့်ရှင်းအောင် လုပ်နေမိသည်။ သူ ထပ်လည်း မငိုနိုင်တော့၊ လွန်ခဲ့သည့် ညက ဖြစ်ပျက်ခဲ့သမျှတို့သည် အိပ်မက်တစ်ခု အဖြစ်သာ ဖြစ်စေချင်မိသည်။

အချိန်တွေ ဘယ်လောက် ကုန်သွားပြီလဲ သူ မသိတော့၊ သို့သော် သူ ခေါင်းထောင်ကြည့်မိ ချိန်မှာ တံခါးနား မှီရပ်နေသည့် လင်ချင်းယန်ကို မြင်တွေ့ရသည်။ ချင်းယန်၏ မျက်နှာချောချောမှာ အရင်က သူ တစ်ခါမှ မမြင်ဖူးသော အကြည့်တို့ ရှိနေခဲ့သည်။ စီးကရက်တစ်လိပ်သောက်ရင်း မိမိကို စကား တစ်ခွန်းမှ မဆိုဘဲ ကြည့်နေခဲ့သည်လေ။

ယောင်းမုန် ဘာလုပ်ရမည်မသိ ဖြစ်သွားမိသည်၊ ထို့ကြောင့် ထရပ်ကာသာ သဘက်ဖြင့် ကိုယ်ကို ပတ်ထွေးလိုက်သည်။

အတန်ကြာပြီးနောက် မိမိ အနောက်ဘက်ဆီမှ ချဉ်းကပ်လာသော ခြေသံနှင့်အတူ မိမိကို ကျောဘက်မှ ပွေ့ဖက်လာကာ၊ နမ်းဖို့ ခေါင်းငုံ့လာပါသည့် လင်ချင်းယန် ... သူ၏ အသက်ရှုနှုန်းက ဘာကြောင့်ရယ်မသိ အရှိန်မြန်နေခဲ့သည်၊ သူ့ အနမ်းတို့ကလည်း ပြင်းပြနေသလို၊ သဘက်စကို ဖယ်ကာ လှုပ်ရှားလာသည့် သူ့လက်အစုံတို့က .. သန်မာလွန်းနေသည်။ သူ့ရဲ့ ကြမ်းတမ်းပြီး၊ အားပါသည့် အပြုအမူတို့သည့် ခါတိုင်း ရှိနေကျ ပုံစံနှင့် မတူ ကွဲပြားစွာ..

ယောင်းမုန်၏ ကိုယ်က အနည်းငယ် တုန်သွားမိကာ .. သူ့ကို အမှတ်မထင် တွန်းပစ်မိသည်။

နမ်းနေရာမှ ရပ်သွားကာ မိမိကို သူ့လက်မောင်းတွေကြား ထိန်းပွေ့ထားရင်း မလှုပ်မယှက် ရှိနေ၏။

"မင်းက ကိုယ့်ရဲ့ နတ်သမီးလေး၊ ဘယ်သူမှ မင်းကို မညစ်နွမ်းစေရဘူး။ ထန်းလျန်လည်း သေပြီ၊ သူ မင်းကို ဘာလုပ်ခဲ့ လုပ်ခဲ့၊ ဘာမှ မဖြစ်ခဲ့သလိုမျိုးပဲ မင်းအတွက် ကိုယ် ဆက်ရှိနေပေးမှာ။"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now