Chapter - 51 (A)

2.4K 226 0
                                    

Chapter – 51 (A)

နေ့ခင်းပိုင်းမှာတော့ ကျီပိုင် သူတို့ကို နှုတ်ဆက် ပြန်သွားသည်။ သူ့ကို ရွှီရွှီက အောက်ထပ်သို့ လိုက်ပို့ပေးရင်း၊ မနေ့ညက ဖြစ်ပျက်ပုံကို နှစ်ယောက်သား ပြန်တွေးမိကြတော့ .. ရယ်ချင်နေမိသော်လည်း၊ နှုတ်ဆက်စကားသာ ပြောရတော့သည်။

" ဒါဆို .. နောက်မှ ဖုန်းဆက်လိုက်တော့နော်" ရွှီရွှီက သူ့ကို တာ့တာ ပြလိုက်သည်။

ကျီပိုင်က သူ့လက်ကို လှမ်းဆွဲကာ ချစ်သူလေးကို ရင်ခွင်ထဲ ဆွဲယူလိုက်သည်။

လှေကား အတက်အဆင်း နေရာမို့ လူအများအပြား ရှိနေပေမဲ့၊ ကျီပိုင်က ထိုလူများကို ဂရုမစိုက်နေ၊ ခေါင်းငုံ့ကာသာ ရွှီရွှီရဲ့ မျက်ဝန်းများထဲ စူးစိုက်ကြည့်နေလေသည်။

"မင်းတို့ မိသားစုက အရမ်းကောင်းကြတာပဲ"

"ဒါပေ့ါ"

ကျီပိုင်၏ မျက်ဝန်းများက အပျော်ကြောင့် တောက်ပနေသည်။

"ခုနတုန်းက မင်းအဖေနဲ့ ကိုယ် ပြောခဲ့ပြီးပြီ။ နိုဝင်ဘာပိတ်ရက် ကျရင် ကိုယ် ပေကျင်းပြန်တဲ့အခါ အတူလိုက်ခဲ့၊ ကိုယ့်မိသားစုနဲ့ တွေ့ရအောင်လို့"

ရွှီရွှီက သူ့ကိုသာ နှုတ်ဆိတ်စွာ ကြည့်နေသည်။

ယနေ့ မိမိရဲ့ မိသားစုဝင်များနှင့် တွေ့ခဲ့ပြီးပြီမို့ အပြန်အလှန်အနေဖြင့် သူ ဒီလို ပြောလာခြင်းဖြစ်သည်ဆိုတာ သိနေသည်။

"ဒီနေ့ ကျမ အဖေနဲ့ အစ်ကို့ကို မထင်မှတ်ဘဲ တွေ့ဆုံလိုက်ရလို့ လား၊ ဒီအတွက်တော့ စိတ်မပူပါနဲ့၊ ကျမတို့ အဲ့လောက် လောစရာ မလိုပါဘူး"

ကျီပိုင်၏ အပြုံးတို့ လက်သွားသည်။

"ဒါက အနှေးနဲ့ အမြန် ဖြစ်လာမှာပဲလေ။"

ရွှီရွှီရဲ့ မျက်နှာက နောက်တဖန် နီမြန်းလာပြန်သည်။

"နိုဝင်ဘာ ရောက်ဖို့ လ နည်းနည်း လိုသေးတာပဲ။ အဲ့တော့မှ ကျမတို့ ထပ်ပြောကြတာပေါ့။"

ကျီပိုင်မှာ ရွှီရွှီ ရဲ့ ငြင်းဆန်မှုအတွက် ဘယ်လိုမှ မနေ။ သူတို့နှစ်ယောက် စတွဲတာကလည်း သိပ်မကြာသေးတော့၊ တစ်ဖက်မိဘတွေနဲ့ တွေ့ဖို့ ဆိုတာ သူတို့ တွေးတောင် မတွေးကြည့်ရသေး။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now