Chapter - 72 (Bonus - Two)

2.1K 191 3
                                    

2. နိဂုံး

မျက်တောင် တစ်ခတ်အတွင်းမှာပင် တစ်နှစ် ဆိုသော အချိန်က ကုန်လွန်သွားခဲ့ပြီ။

ရွှီကျွမ်းတို့ ကုမဏီ၏ နှစ်ပတ်လည် ညစာစားပွဲ ..

ကျင်းပသည့် နေရာက မြို့တော်ထဲရှိ အကောင်းဆုံး ဟိုတယ် ထဲတွင် ဖြစ်သည်။ ညနေခင်း အစောပိုင်းပင် ရှိသေးသော်လည်း အပြင်မှာ လမ်းမီးများပင် ထွန်းထားပြီ ၊ ကျယ်ဝန်းလှသည့် ခန်းမကျယ်ကြီးထဲမှာတော့ ဝတ်ကောင်းစားလှများနှင့် ဧည့်သည်များ၊ တလက်လက် တောက်ပနေသည့် အလင်းရောင်များဖြင့် ပြည့်နေလေပြီး၊ ရွှင်မြူးစွာ စကားပြောဆိုနေကြသံများဖြင့် ညံနေ၏။

ကျီပိုင်နှင့် ရွှီရွှီ တို့သည်လည်း အစ်ကိုဖြစ်သူကို အားပေးရန် ပွဲတက်လာကြသည်၊ သူတို့ရဲ့ ကလေးကိုတော့ ပျော်ပျော်ကြီး တာဝန်ယူချင်နေသည့် ဖေဖေရွှီ နဲ့ ခဏ ထားခဲ့၏။

ရွှီကျွမ်းက သူ၏ အလှဆုံး အတွင်းရေးမှုးမလေးနှင့် လက်ချင်းတွဲကာ ခန်းမကျယ်ထဲ လျှောက်သွားနေသည်။ ဧည့်သည်များကို လိုက်လံ နှုတ်ဆက်နေစဉ် တချိန်လုံး သူ့မျက်နှာက အစဉ် ပြုံးချိုနေ၏။ ကျီပိုင်နှင့် ရွှီရွှီ တို့ကတော့ ခန်းမ၏ ထောင့်နားရှိ တိတ်ဆိတ်သည့် နေရာကို ရှာကာ ဝင်ထိုင်ကြပြီး၊ ထိုနားတွင်ပင် တစ်ယောက်နဲ့ တစ်ယောက် တီးတိုးစကားပြောကြကာ တစ်ယောက်နှင့် တစ်ယောက် အဖော်ပြုရင်း ပျော်ရွှင်နေကြသည်။ ထိုသို့ ရှိစဉ် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ခန်းမ အလယ်မှ သူတို့ရှိရာသို့ လျှောက်လာ၏။ ထိုလူကို မမြင်ရခင်မှာပင် အသံကို အရင်ကြားရ၏။

" ကျီ အစ်ကိုသုံး ၊ မရီး ၊ ဘာလို့ ဒီနားမှာ လာပုန်းနေကြတာတုန်း"

ဒါကတော့ ရှုဟန် ရယ်ပါ။

ကျီပိုင်က ရွှီရွှီကို ဖက်ထားသည့် လက်ကို လွှတ်ပေးလိုက်ပြီး၊ ရှုဟန်နှင့် ဝိုင်ခွက်ချင်း တို့ထိလိုက်သည်။

" မင်း ဘယ်တုန်းက လင်းမြို့ကို ရောက်နေတာလဲ"

ရှုဟန်က ပြုံးရင်း ပြန်ဖြေပေးလာ၏။

" ကျတော် ဒီမှာ လာကစားတာလေ။ မရီးလေး .. ကျတော့် သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လို့ ခဏလောက် အစ်ကိုသုံးကို ခေါ်သွားမယ်နော်"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now