နှုတ်ဆက်

3.5K 275 17
                                    

နှုတ်ဆက်

ရေးးးးး ... completed ဆိုတဲ့ စာလုံးလေးတွေ ထပ်ဖြည့်ဖို့ တစ်အုပ် တိုးပြီ။

ဒီတစ်ခါတော့ များများစားစား မပြောတော့ပါဘူး။ ရှေ့ဆုံးမှာ ပြောထားခဲ့တဲ့ အတိုင်း ရှေ့မှာ ဘာသာပြန်နေတဲ့သူ ရှိဖူးလို့ သူ့ဆီမှာ collab လို့ ရမလား သွားမေးတယ်။ သူက မရေးဖြစ်တော့ဘူးဆိုတော့ ကိုယ် ယူရေးလိုက်တယ်။

ဒီ ခရုလေးကို ပြန်ရေးချင်ရတဲ့ အဓိက အကြောင်းက မြန်မာနိုင်ငံအစအနလေး ပါနေလို့ပါပဲ။ ကိုယ်သာ အီး စကေးလ် မကောင်းတာ၊ သူများတွေ ပြည်ပကလူတွေ မြန်မာနိုင်ငံအကြောင်း ရေးတာကို ဘာသာပြန်ထားတာမျိုးများ ဖတ်ရရင် သိပ်သဘောကျတာ၊ ဒါနဲ့ ကြီးကြီး မကိုင်နိုင်လို့၊ သေးသေးက စကိုင်ကြည့်လိုက်တာပါ။

ဖတ်တုန်းက အပြီးထိတောင် မဖတ်ဘဲ အကိုကြီးလု အထိ ဖတ်ပြီး ပြန်ရေးမယ် တကဲကဲ .. စိတ်ဆောင်နေတာ။ ရေးရင်း နောက်ပိုင်းတွေ ဆက်ဖတ်တော့မှ အဓမ္မမှုတွေ၊ အဲ့ဒါ ကိုယ် မရေးချင်ဆုံးပဲ။ ထားပါတော့လေ ..အဲ့ဒါက ..

နောက်တစ်ခုကတော့ ရဲ ဌာနနဲ့ ရာထူး အဆင့်၊ အခေါ်အဝေါ်တွေ .. ကိုယ် လုံးဝ မသိဘူး။ ကိုယ့်ဖုန်းထဲက note pad မှာ ရှာဖွေပြီး သိမ်းထားတယ်။ မရေးခင် ဒါတော့ သိသင့်တယ်၊ ဖတ်မယ်ပေါ့လေ။ ဒါပေမဲ့ ဘာလို့လည်း မသိဘူး၊ ဇော်ဂျီတွေ၊ ယူနီကုတ်တွေသာ ပြောင်းသွားတယ် ။ ဖတ်ချင်စိတ် နည်းနည်းမှ မရှိဘူး။ ဒါနဲ့ပဲ ရာထူးတွေကို ရမ်းသမ်း ရေးတော့တာ။ ယူတို့ တွေ့မှာပါ .. ရဲမှုး ဖြစ်လိုက်၊ စခန်းမှုး ဖြစ်လိုက်တွေလေ။ အဲ့ဒီလို ပေါ့ပေါ့ဆဆ လုပ်ထားမိတဲ့အတွက် စိတ်မရှိပါနဲ့လို့။

နောင် စိတ်ကူးရလို့ ဖတ်ဖြစ်ရင် ပြန်လိုက်ပြင်ပါ့မယ်လို့ ..

အခုတော့ မဟုတ်သေးဘူး .. ဟဲဟဲ ..

ကဲ စာဖတ်ပေးသူလေးတွေအားလုံး ကျေးဇူး အထူးတင်ပါတယ်လို့၊ မ vote လည်းပဲ viewer တက်တာ မြင်ရုံနဲ့တင် အားရှိသူမို့ .. နောက်ထပ် ရေးနေတာလေးတွေလည်း အကြိုက်တွေ့တာလေးများရှိရင် ဖတ်ပေးကြပါလို့ ...

See U ..

🎉 You've finished reading ချစ်မိသွားတဲ့ ခရုလေး (Unicode) Completed 🎉
ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now