Chapter - 63 (A)

1.6K 189 0
                                    


(ဆင်တုပ်ကွေးကောင်းမှု နဲ့ ကိုယ် စာ ကောင်းကောင်း မရိုက်နိုင်သေးဘူး။ တကယ်ဆို ဇော်ဂျီ၊ ယူနီ ပြောင်းလိုက်ရင် တိုင်ပတ်မှာ စိုးလို့ ဒီလ မကုန်ခင် အပြတ်ဖြတ်ဖို့ တွေးထားခဲ့တာ.. အခုတော့ အဲ့လို ဖြစ်သွားတယ်။ နောက်မှ များများ ဖတ်ကြပါတော့)

Chapter – 63 (A)

ရွှီရွှီ နိုးထလာချိန်တွင် သူ့ခေါင်းထက်၌ ချိတ်ဆွဲထားသည့် အဝါရောင် မီးသီးငယ်လေးတစ်လုံး နှင့် မြင်နေကျမဟုတ်သော အရောင်မှိုင်းမှိုင်း မျက်နှာကျက် ကို တွေ့လိုက်ရသည်။

ကျီပိုင်က ကုတင်ဘေးရှိ ထိုင်ခုံတစ်လုံးမှာ အိပ်ပျော်နေလေပြီး ညစ်ပတ်နေသည့် အဝတ်များသာ ဝတ်ထားဆဲ ..။ ပြတင်းပေါက် အပြင်ဘက်မှာတော့ ကောင်းကင်ယံက အမှောင်ဘက်လုကာ မှိုင်းပျနေလေသည်က လရောင်ကျရောက်နေသည့် သူ့မျက်နှာကို ပို၍ပင် ခန့်ညားချောမွေ့နေစေသလို ရှိသည်။

အချိန်က အာရုဏ်တက်ချိန် ရောက်ပြီမို့ လေထုက အလွန်ပင် အေးမြနေသည်။ ရွှီရွှီရဲ့ လည်ချောင်းထဲက အနည်းငယ် ခြောက်သွေ့နေပြီး၊ မထိန်းနိုင်တော့ဘဲ ချောင်းဆိုးမိသည်၊ သို့သော် စောင်ဖြင့်ကာ ကာ အသံတိုးဖို့ ကြိုးစားလိုက်သည်။

ကျီပိုင်၏ မျက်ဝန်းများက ချက်ချင်းပင် ပွင့်လာကာ ရွှီရွှီဘက် လှည့်လာပြီး အေးစက်နေတဲ့ မျက်နှာသေးသေးလေးကို သူ့လက်ကြီးများဖြင့် ဖေးမလာသည်။

"မင်း နိုးလာပြီလား "

ထို့နောက် .. ရေတစ်ခွက် ငှဲ့ပေးသည်။

"သိပ် ထူးခြားတာမျိုးတော့ မဟုတ်ပါဘူး။ မင်းရဲ့ ကိုယ်ထဲက သွေးတွင်း သကြားဓါတ် နည်းနေလို့ပါ၊ ဒါကြောင့် အကြောဆေး သွင်းထားရတာ။ ကိုယ်တို့ အခု ရောက်နေတာက ကျေးရွာ ကျန်းမာရေးစင်တာ ထဲမှာလေ။ မနက်ဖြန်ကျရင်တော့ ကိုယ်တို့ လင်းမြို့ကို ပြန်ကြတာပေါ့။"

"အင်း .." ရွှီရွှီ ထထိုင်ပြီး၊ ရေခွက်ကို လှမ်းယူသည်။ ရေနွေးနွေးက လည်ချောင်းတလျှောက် စီးဆင်းသွားတော့မှ နေလို့ ပိုကောင်းလာသလို ရှိသည်။

ကျီပိုင်က ထိုင်ခုံကို ကုတင်နှင့် ပိုနီးအောင် ဆွဲယူကာ ရွှီရွှီအား သူ့မျက်ဝန်းနက်များဖြင့် စိုက်ကြည့်နေ၏။ အတန်ကြာတော့မှ .. သူ ဆက် မထိန်းထားနိုင်တော့သလို .. ပြုံးပြလာသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now