Chapter - 17

2.2K 308 5
                                    

Chapter (17)

ရွှီရွှီ အနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာတဲ့ ခြေသံကို ကြားရပြီးနောက် မိမိ မြင်ဖူးနေကျ အနက်ရောင်ရှပ် နှင့် ရေးရေးမျှ စွဲကျန်နေသော ဆေးရွက်ကြီးနံ့ ကို အရင် သတိပြုမိလိုက်သည်။ နောက်တော့ သူ့ကို တွေ့လိုက်ပြီးနောက် ရွှီရွှီမှာ ချက်ချင်းပဲ စိတ်တည်ငြိမ်သွားရသည်။ မိမိခေါင်းထဲမှ လှိုင်းထနေတဲ့ ခံစားချက်တွေက နေရောင်အောက်မှ မြူခိုးတွေလို လျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ငါ ယောင်းမုန်ကို ဘာတွေပြောလိုက်မိတာလဲ။ ငါ့ရဲ့ စိတ်ထွက်ပေါက်အနေနဲ့ တစ်ခြားတစ်ယောက်ပေါ် ပုံချလိုက်မိတာပဲ။

သူ ကျီပိုင်ရဲ့ သားရေရှုးဖိနပ်ကိုသာ ငေးကြည့်နေမိပြီးမှ တိုးဖွဖွ ပြောလိုက်သည်။

"ကျမ သူ့ကို တောင်းပန်လိုက်ပါ့မယ်"

ကျီပိုင်က "အိုကေလေ.. ဘာဖြစ်နေတာလဲ"

ရွှီရွှီ ငြိမ်နေမိသည်။ ဒူးပေါ်ထောက်တင်ထားတဲ့ လက်တွေမှာ လက်သီး ကျစ်ကျစ်ဆုပ်ထား၏။ ဟုတ်သည်ပေါ့ .. ကျီပိုင်ကတော့ ဒီလို အသေးစိတ်လေးတွေကိုတောင် မလွတ်သွားစေရ။

"အမှုဖြစ်တဲ့ နေရာမှာတုန်းက ယဲ့ဇီရှီ ချစ်သူရှိတဲ့အကြောင်း ဘယ်လိုကြောင့် မပြောနိုင်ရတာလဲ"

ရွှီရွှီ လန့်သွားကာ၊ အဖြေတစ်ခု မြန်မြန်ပေးလာ၏။

"ကျမ မသိဘူး။ ကျမ ဒီအချက်ကို တမင်ဖုံးထားတယ်လို့များ ထင်နေလို့လား။"

ကျီပိုင်က အပေါ်စီးမှ ငေးကြည့်နေမိသည်။

"မင်း ဘယ်သိမလဲ။ ဘာလို့လဲဆိုတော့ မင်းရဲ့ မသိစိတ်က သူ့မှာ တိတ်တိတ်ပုန်းချစ်သူ ရှိနေတာကို မယုံနိုင်အောင် ဖြစ်နေတာလေ။ ဒါကြောင့် မင်း မမြင်တော့တာပေ့ါ။"

ရွှီရွှီ ခဏတာလောက် နှုတ်ဆိတ်နေမိပြီးမှ

"ဆောရီး၊ နောက်တစ်ခါ အဲ့လို မဖြစ်စေရပါဘူး"

တကယ်တော့ မှုခင်းဖြစ်ရာနေရာမှာ (လျို့ဝှက်ချစ်သူ)ဆိုတဲ့ အကြောင်း ပြောစဉ်ကတည်းက မိမိ လစ်ဟာသွားတဲ့ အချက်တွေကို သတိပြုမိပြီး ဖြစ်သည်။ သို့ပေမဲ့ ကျီပိုင် ထုတ်မပြောခင်အထိ ဒါကို သိပ်မတွေးခဲ့လိုက်မိပေ။ မိမိရဲ့ စိတ်ခံစားချက်တွေက မိမိရဲ့ အကဲဖြတ်မှုအပေါ် သက်ရောက်သွားသည်ဆိုတာ ချက်ချင်းပဲ နားလည်လိုက်မိပြီ။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now