Chapter - 74 (Bonus)

3.7K 226 7
                                    

Chapter – 74 (Bonus)

မှုခင်းရဲ တစ်ယောက်၏ အလုပ်က အင်မတန် အလုပ်များသော်လည်း၊ ပိတ်ရက်တွေမှာတော့ ကျီပိုင်ရဲ့ အအားလပ်ဆုံး အချိန်များ ဖြစ်နေတတ်သည်။ ဒါကြောင့်ပင် သူက ရွှီရွှီ နှင့် ထိတွေ့ရဖို့ မလောတာ ဖြစ်သည်။

သောကြာနေ့ .. ည ၉ နာရီမှာ သူတို့ နှစ်ယောက် အိပ်ရာဝင်ဖို့ ပြင်သည်။ နောက်ပိုင်းမှာတော့ .. ညသန်းခေါင် ကျော်လွန်ပြီးသည့် အချိန်မှာ "ပြီးပြီ" ရယ်လို့ ရွှီရွှီ က ပြောလာသည်။ သူ့ကို ဖက်ထားသည့် ကျီပိုင်ကတော့ နောက်ထပ် လိုချင်နေဆဲ၊ အင်အားတွေ ရှိနေဆဲ ၊ ရွှီရွှီမှာတော့ ရှေ့ဆက်ရန်ပင် အားမရှိတော့။ သည်တော့ ကျီပိုင်မှာ လက်လျော့လိုက်ရတော့သည်။

အခုတော့ မိမိရင်ဘတ်ပေါ် လှဲရင်း ၊ အတွေးထဲ နစ်နေပုံရသော အကောင်ပေါက်လေး ကို ငုံ့ကြည့်ရင်း သူ သက်ပြင်းချမိသည်။

" ဘာဖြစ်လို့လဲ"

ရွှီရွှီက ရှက်ကိုးရှက်ကန်းဟန်ဖြင့် ရယ်သည်။

" ကျမတို့ ဇွဲကို ပြောပါတယ် .. ကျမတို့ နှစ်ရက် ဆက်တိုက် ဆက်ဆံနိုင်တယ်လို့ တွေးလို့ ရတာပေါ့နော့"

အလို .. မိမိ အိပ်မက်များ မက်နေသလား။ သည်မိန်းကလေးက မိမိကို နှစ်ရက် ဆက်တိုက် မနားမနေ Pa..Pa..Pa ဖို့ ဖိတ်ခေါ်နေလေတာလား..

သူ အံ့သြသွားမိပေမဲ့လည်း၊ သူ့အတွက် ဒါက ကိစ္စမရှိ။ ထို့ကြောင့် ချက်ချင်းပင် အကောင်ပေါက်လေးကို ဆွဲလှည့်ပြီး မိမိအောက်သို့ ပို့လိုက်၏။

"သိပ်ကောင်းတဲ့ အကြံပဲ။ တို့တွေ မနက်ဖြန်မှာလည်း ဘာမှ လုပ်စရာ မရှိဘူး၊ သဘက်ခါမှာလည်း မရှိဘူး။ ကိုယ်တို့ အပြင်ကို ဖုန်းဆက်မှာစားပြီး ..."

ရွှီရွှီက လန့်သွားပြီး သူ့ကို တွန်းဖယ်၏။

"ဘာတွေ လျှောက်တွေးနေတာလဲ။ ရှင်ပြောတာတွေ နည်းနည်းမှ မရယ်ရဘူး။" သူက နံရံရှိ နာရီကို လှမ်းပြရင်းမှ ..

"ကြည့်လေ .. ကျမတို့ မနေ့ညက စခဲ့ကြတယ်။ အခု မနက် အစောပိုင်း ဖြစ်နေပြီ။ ဒါကိုက နှစ်ရက် ဖြစ်နေပြီ မဟုတ်ဘူးလား"

ကျီပိုင်မှာ အံကြိတ်ကာ သက်ပြင်းသံ ကျယ်ကျယ်သာ ချမိရတော့သည်။

-

ပြီးပါပြီ

...................

Saturday , 23 Nov , 2019

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now