Chapter - 13

2.1K 303 14
                                    

Chapter (13)

နောက်တစ်နေ့ ရွှီရွှီ အလုပ်သွားချိန်မှာ မိမိကို မိုးကြိုးထိမှန်သလို ခံစားမိသွားသည်။

ဒါက သန့်စင်ခန်း ခဏလေးသွားပြီး မိမိစားပွဲဆီ ပြန်လာချိန်မှာ အနီရောင်နှင့် အဖြူရောင် နှင်းဆီပန်းစည်းကြီးက မိမိကို ကြိုဆိုနှုတ်ဆက်လိုက်တာကြောင့်ပင်။ ပန်းစည်းမှာ အဝါဖျော့ရောင် စက္ကူပါးလေးနဲ့ ထုပ်ပိုးထားသည်မို့ ကြည့်ရတာ အရမ်းလှပနေစေသည်။

အပေါ်မှာတာ့ ကဒ်သေးသေးလေး တစ်ခုပါပြီး၊ လက်ရေးလှစာလုံးဖြင့် ရေးခြစ်ထားသည်က (မင်းပြောတာ မှန်ပါတယ်၊ တခြားသူရဲ့ အကြိုက်ကိုတော့ သွားထိန်းချုပ်လို့ မရဘူး၊ ပျော်ရွှင်ဖွယ်နေ့လေး ဖြစ်ပါစေ.. ရွှီရွှီ)

ရွှီရွှီ ခဏလောက် တိတ်နေမိသည်၊ နောက်တော့ ပန်းစည်းကြီးကို သယ်ကာ ချောင်ထိုးထားဖို့ နေရာလိုက်ရှာနေ၏။ ရွှီရွှီနဲ့ မျက်နှာချင်းဆိုင် ထိုင်နေသည့် ယောင်းမုန်က ခေါင်းထောင်ကြည့်လာပြီး မေးစေ့ကို လက်ဖြင့်အုပ်ကာ..

"အမှန်အတိုင်းပြောစမ်းပါ.. နင့်မှာ အခု ရည်းစား ရှိနေပြီလား"

သူ မေးလိုက်တော့မှ ရုံးခန်းထဲရှိ လူအားလုံးရဲ့ ခပ်ပြုံးပြုံးမျက်နှာတွေနဲ့ အကြည့်က ရွှီရွှီထံ ကျရောက်လာသည်။

ရွှီရွှီ ခပ်မြန်မြန် ပြန်ဖြေရ၏။ " မရှိပါဘူး"

သို့ပေမဲ့ လက်ထဲမှာက သက်သေအထောက်အထားကြီး ရှိနေပြီးမှတော့ သူတို့ ဘယ်ယုံကြည်ကြပါတော့မလဲ။ ဒါကြောင့် သူတို့တွေက ရွှီရွှီထံမှနေ သူတို့ ပြစ်မှုဆိုင်ရာ ရဲယူနစ်ကြီးရဲ့ သားမက်လေး ဖြစ်လာမဲ့သူရဲ့ နာမည်ကို ဖော်ထုတ်ဖို့ မနားတမ်း ကြိုးစားကြတော့သည်။ ခဏနေတော့မှ ရွှီရွှီ သူတို့ကို အမှန်အတိုင်း ပြောပြရတော့သည်။

"ကျမ ပြီးခဲ့တဲ့အပတ်က ကြင်ဖက်တွေ့ဖို့ သွားခဲ့တယ်၊ အဲ့ဒါ အဆင်မပြေခဲ့ပါဘူး၊ ဒါပေမဲ့ တဖက်လူက နည်းနည်း ခေါင်းမာနေတယ်"

လူအားလုံး ငြိမ်သွားမိသည်။ ဒါက ဘာကြောင့်လဲဆိုတော့ ရွှီရွှီက သူဟာ သန့်စင်ကြည်လင်သူ၊ အပျိုစင်လေးဆိုသည့် ခံစားချက်အမြင်မျိုး လူတိုင်းကို အထင်အမြင်ပေးနေတာကြောင့်ပင်။ ဒါပေမဲ့ အခုတော့ သူလေးက ချစ်သူရည်စားထားဖို့တောင် စဉ်းစားနေပြီတဲ့။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now