Chapter - 60

1.8K 187 2
                                    


Chapter – 60

ကျယ်ပြော မြင့်မားလှသည့် တောင်တန်းများ၊ စိမ်းစိုနေသော မြက်ခင်းပြင်များ နှင့် အဆုံးမရှိသော မြေပြင်ကျယ် .. တို့ ရှိနေသော်လည်း တောင်တက်လမ်းမကြီးထက်မှာတော့ အခါတိုင်းလို အေးချမ်း မနေတော့။

ဘလာဘလာ ရုပ်သံ၊ ဘလာဘလာ သတင်းစာ အစရှိသည့် တံဆိပ်များ ပါသော ကားများ ဆက်တိုက် ဖြတ်သန်း သွားလာနေကြသည်။ နောက်ထပ်က တက္ကသိုလ် ကျောင်းသားများလည်း ရှိနေကာ စက်ဘီးဖြင့်တမျိုး၊ လမ်းလျှောက်၍ တသွယ် တောင်တက်လမ်းဆီ ဦးတည်နေကြသည်မို့ ပတ်ဝန်းကျင် အနေအထား တစ်ခုလုံးက ဆူညံကာ ရုတ်ရုတ်သဲသဲ ရှိနေရသည်။

-

ကျီပိုင်က မျက်မှောင်ကုပ်နေသည်။

"ဘာလို့ ဒီလိုတွေ ဖြစ်နေတာလဲ"

ကျောင်းဟန် ဖုန်းပြောနေသည်ကို ခပ်မြန်မြန် လတ်စသတ်ကာ ပြန်ဖြေပေးလာ၏။

"ကျတော်လည်း အခုမှ သတင်းသိရတာ။ ဒီနေရာကို လာတဲ့ ကျောင်းသားတစ်စုက အလောင်းကို အရင် စတွေ့တာ၊ သေဆုံးသူကလည်း ကောလိပ်ကျောင်းသူ တစ်ယောက်ပဲ။ ဒီသတင်းက တမြို့လုံး ပြန့်နေပြီ။ တက္ကသိုလ်တချို့က ကျောင်းသားအုပ်စုတွေကလည်း ရှာဖွေမှုမှာ ပူးပေါင်းပါဝင်ပေးမယ်တဲ့ ။ တ.ဟူ တို့လည်း သူတို့ကို တားဖို့ ကြိုးစားနေကြတယ်။"

ရဲ အရာရှိများက တောင်ခြေနားတွင် လူအများကို တားနေကြသော်လည်း သူတို့ မရောက်ခင်ကတည်းက တောင်ပေါ် တက်သွားကြသူများမှာ မနည်းလှပြီ။ တောင်ပတ်လမ်း ကျဉ်းကျဉ်းလေးထဲ ဗန်ကားများ၊ ကျောင်းသားအုပ်စုများဖြင့် ပြည့်နေသည်ကို ဘယ်နေရာကြည့်ကြည့် မြင်တွေ့နေရသည်လေ။

ကျီပိုင်နှင့် တခြားအမှုလိုက်ရဲများ မှုခင်းနေရာသို့ ရောက်လာချိန်က မွန်းလွဲချိန်ပင် ဖြစ်နေပေပြီ။ ကန့်သတ်နယ်မြေအဖြစ် တားဆီးထားတဲ့ စည်းအပြင်ဘက်တွင် စောင့်ဆိုင်းနေသော သတင်းထောက်များ၊ ကျောင်းသားများဖြင့် အုံခဲနေ၏။ ကျီပိုင်တို့ လာသည်ကို မြင်တော့ ဆလိုက်မီးများ လင်းလက်လာသလို၊ ကျောင်းသားများကလည်း အော်ဟစ်ကြ၏။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now