Chapter - 51 (B)

2.1K 224 1
                                    

Chapter – 51 (B)

"ကိုယ့် အဘွားပေးခဲ့တာ.. နောက် သူတို့နဲ့ သွားတွေ့တဲ့ အချိန်ကျရင် ဒါကို ဝတ်ထားနော်။"

ရွှီရွှီ ငြိမ်သက်သွားသည်၊ ကျီပိုင် ပြောပုံအရဆို .. သည်လက်ကောက်က အနာဂတ် မြေးချွေးမလောင်းအတွက် ရည်ရွယ်ပုံ ရသည်။

"ဒါက တန်ဖိုးကြီးလွန်းတယ်။ ကျမကို အခု ပေးထားလို့ မသင့်တော် သေးဘူး ထင်တယ်။"

ကျီပိုင်အနေနဲ့ ချစ်သူလေး ဘာကို စိတ်ပူနေသလဲဆိုတာကို နားလည်ပါသည်။ သူတို့ နှစ်ယောက် တွဲဖြစ်သည်က လပိုင်းမျှသာ ရှိသေးသည်ဆိုတော့ သည်လို မိသားစုရဲ့ အနာဂတ် ချွေးမလောင်းကိုသာ ပေးရမည့် လက်ဆောင်မျိုးကို ပေးဖို့ရာ စောလွန်းသေးသည် ဆိုရမည်။

သို့ပေမဲ့လည်း ကျီပိုင်၏ အမြင်ကတော့ ၊ ယနေ့မှာ ချစ်သူလေးရဲ့ ဖခင်ဖြစ်သူနဲ့ ဆုံတွေ့ခဲ့ရသည်၊ ဒါကြောင့်မို့ မိမိဘက်မှလည်း အလေးထားမှုကို ပြန်ပြသဖို့ လိုမည်ဟု ခံစားမိသည်။ ဒါပေမဲ့ တခြား ဘက်မှ ကြည့်လျှင်တော့...

သူတို့နှစ်ယောက်ဟာ တကယ်ပဲ ဘဝလက်တွဲဖော် ဖြစ်လာလာ၊ မလာလာ .. အနာဂတ်မှာ ဘယ်လိုအခြေအနေပင် ကြုံတွေ့ပါစေ.. သူ မျှော်လင့်မိသည်က .. သူ့အသက် ၃၀ နီးပါးလောက်အထိ သိမ်းထားရတဲ့ ဒီလက်ကောက်ဟာ ယခု မိမိရှေ့မှာ ရှိနေတဲ့ မိန်းကလေးရဲ့ ပိုင်ဆိုင်မှုအဖြစ် အဆုံးသတ်သွားစေချင်မိတာပင်။

ဒါ့အပြင် သူတို့နှစ်ယောက် အတူ အိုမင်းသွားကြဖို့ ရာခိုင်နှုန်းက ဒီလောက် များနေတာ၊ သူတို့နှစ်ယောက်ကြား ကွဲကွာစေမည့် အကြောင်းမျိုး စဉ်းစားကြည့်လို့တောင်မရ။

သည်တော့ ရိုးရှင်းတဲ့ အဖြေတစ်ခုသာ ပေးမိသည်။

"အခုက ဘယ်ခေတ်မို့လို့လဲ၊ ဒါတွေ လျှောက်တွေးနေစရာ မလိုပါဘူး။ နောက်ပြီး၊ မင်းပြောတယ် မလား၊ ဒါက အချစ်သင်္ကေတ လို့၊ ဒါဆို ကောင်းကောင်း သိမ်းထားလိုက်တော့ပေါ့။"

သူ ပြောတဲ့စကားကြောင့် ရွှီရွှီ လက်ခံထားလိုက်သည်။ သို့သော်လည်း လက်ကောက်ကို ကြည့်မိစဉ်မှာ လုံးဝန်းပြီး ချောမွေ့နေတဲ့ ကျောက်စိမ်းကွင်းလေးက .. တစ်ခု တွေးမိစေသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now