Chapter - 34

2.2K 295 6
                                    

(Note: ဒီနေ့မှ တခြား english translation တစ်ခုနဲ့ ယှဉ်ဖတ်ကြည့်မိတော့ အခုလက်ရှိ သူတို့ ရောက်နေတဲ့ ပြည်နယ်ကို စီချွမ် ပြည်နယ်လို့ ရေးထားတာ တွေ့တယ်၊ ကိုယ် ယူရေးနေတဲ့ ဆီမှာက ရှန်းချွမ် လို့ ရေးထားတာ.. ရေးလက်စနဲ့ပဲ ဆက်ရေးပါ့မယ်နော်)


Chapter – 34

မနက်အစောပိုင်းမှာ အုပ်ကြွပ်မိုးများပေါ် မိုးသည်းထန်စွာ ရွာချသည်မို့ မြို့တစ်ခွင်လုံး သိပ်သည်း ပိတ်မှောင် နေသည်။

ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေး ဗျူရိုရှိ အစည်းအဝေးခန်းတွင် မှုခင်းရဲတပ်ဖွဲ့မှ အဓိက တာဝန်ရှိသူ အဖွဲ့ဝင်များ နက်မှောင်နေသည့် စားပွဲရှည်ကြီးကို ပတ်ဝိုင်းကာ ထိုင်လျက် ရှိနေကြသည်။

သည် စီမံချက်၏ အနှစ်ချုပ်ရလဒ်ကတော့ ကျေနပ်စရာ ကောင်းသည်၊ ဒီရက်အနည်းငယ် အတွင်းမှာပင်၊ စုစုပေါင်း သံသရှိသူ ၃၀ ခန့်နှင့် နစ်နာသူ ဒုက္ခသည် အယောက် ၄၀ ကျော် ကယ်တင်နိုင်ခဲ့သည်။ တစ်ခုတည်းသော ပြဿ နာက အစ်ကိုကြီးလု အရိပ်အငွေ့လို ပျောက်ဆုံး သွားခဲ့ခြင်းသာ ဖြစ်သည်။ ထိုအမျိုးသမီး ဘယ်သို့ ခြေရာဖျောက်သွားသည်ဆိုသည်ကို ဘယ်လိုမှ သဲလွန်စ ရှာမရ။

ပြည်သူ့လုံခြုံရေး ဌာနမှ အမိန့်ချမှတ်၍ ပြည်နယ်အနှံ့ ဖမ်းဆီးမိန့်ထုတ်ကာ ထိုအမျိုးသမီးကို လက်ရဖမ်းနိုင်ရန် ဝန်ထမ်း အင်အားသုံး မည် ဖြစ်သည်။ ကျီပိုင် ဦးဆောင်သည့် စီမံချက် အတွက်ကတော့၊ သူတို့ရဲ့ လုပ်ဆောင်ရန် တာဝန်ဟာ လတ်တလောအတွက်တော့ ပြီးဆုံးပြီ ဖြစ်သည်။ ထို့ကြောင့် အသီးသီး မူလ အလုပ်များ ပြန်လည်လုပ်ကိုင်ကာ၊ နောက်ထပ် ညွှန်ကြားလာမည့် အမိန့်များကို စောင့်ဆိုင်းနေကြရပေမည်။

ကျီပိုင်က အကြမ်းဖျင်းမျှ သုံးသပ်ချက် တင်ပြပြီးနောက်၊ ဒါရိုက်တာလျို က သူ့ကို စကား အနည်းငယ်ပြောရန် ဖိတ်ကြားခြင်း ခံရ၏။

ဒါရိုက်တာလျိုရင်းက စည်းကမ်းကြီးသူ ဖြစ်သည်။ ဒါကို ပြည်နယ်ဆိုင်ရာ ပြည်သူ့ လုံခြုံရေးဌာန ရှိ ဝန်ထမ်းများကြား သိရှိကြပြီး ဖြစ်သည်မို့၊ ဒီတစ်ကြိမ်သည်လည်း ကင်းလွတ်ခွင့်ရမည် မဟုတ်ပေ။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now