Chapter - 65

1.7K 178 12
                                    


Chapter – 65

သူတို့ တောင်တန်းများနှင့် နီးကပ်လာသည်နှင့် အပူချိန်က စတင် ကျဆင်းလာသည်။ တောင်ထိပ်ဖျားဆီတိုင်း၌ နှင်းထုလွှာပါးပါးကို လှမ်းမြင်နေနိုင်ပြီး ညနေခင်း အလင်းရောင်ပျပျကြောင့် တောအုပ်ပင် ပိုမို ထူထပ်လာသလို ထင်မြင်ရစေသည်။ ရာသီဥတုက အေးခဲလောက်အောင် အေးစက်လာချိန်မှာ မိုးကုပ်စက်ဝိုင်းကိုလည်း မမြင်နိုင်တော့ပေ။

ကျီပိုင်က အရေးပေါ်ဘရိတ်သုံးကာ ကားကို လမ်းမပေါ် သုံးလမ်းခွဆုံ အနီး ရပ်လိုက်၏။ တ.ဟူက ချက်ချင်းပင် ခုန်ဆင်းလိုက်ပါသော်လည်း မြေပြင်ပေါ်ရှိ ကားဘီးရာများကို ကြည့်ပြီးနောက် နှုတ်ဆိတ်နေမြဲ နေ၏။

ထိုနေရာသည် တောင်ပေါ်လမ်းသို့ ဦးတည်ထားသည့် လမ်းမကျယ်ဖြစ်သည်မို့ ယာဉ်အသွားအလာ များပြားရကား၊ နှင်းများပေါ်မှ ကားဘီးရာများမှာ ဖတ်လို့ မရနိုင်အောင် ရှိနေရကာ တာယာ အမျိုးအစား ခွဲခြားဖို့ ဘယ်လိုမှ မဖြစ်နိုင်ချေ။ သို့သော်လည်း အကယ်၍သာ သူတို့ မျက်ကန်တောတိုး ဝင်သွားကြမည်ဆိုလျှင် ကီလိုမီတာထောင်ပေါင်းများစွာ ထဲ ဖြန့်ကျက်ရှာဖွေရလိမ့်မည်။ တောင်တက်လမ်းများမှာ သီးခြားစီ ဆက်သွယ်ထားသည့်ပြင်၊ အများစုမှာလည်း စောင့်ကြည့်ကင်မရာများ မရှိနေကြ။ လင်ချင်းယန်က ရွှီရွှီကို ဒီလမ်းတွေထဲမှ တစ်ခုဆီ ခေါ်ဆောင်သွားနိုင်ပေသည်။

ဒါတွေအပြင် ကျီပိုင်မှာ တောင်တစ်ကြောလုံး ဖြန့်ရှာနိုင်လောက်သည့် လူအင်အား ရှိသည်ထားဦး၊ ဒီလို ရှာဖို့ ရက်အနည်းငယ်တော့ အချိန်ယူရမည်ပင်၊ အခုတော့ တပ်ကူများက လာနေဆဲပင် ရှိသေးသည်။

တ.ဟူ ကားထဲ ပြန်ဝင်လာပြီးနောက် ကျီပိုင်ရဲ့ နီရဲနေတဲ့ မျက်ဝန်းများထံ အကြည့်ရောက်သွားသည်။ လက်ရှိ အခြေအနေအရ မျှော်လင့်ချက်မဲ့သလို ဖြစ်နေသော်လည်း သည်အတိုင်းတော့ မထားနိုင်၊ ထို့ကြောင့် သူ သေသေချာချာ စဉ်းစားကြည့်ပြီးမှ ကျီပိုင်ကို မေးခွန်းထုတ်မိရသည်။

"ကပ္ပတိန် .. ကျတော်တို့ ဘယ်ဘက်ကို သွားကြမလဲ"

ကျီပိုင်က တောင်တန်းမှောင်ရီရီထံ ငေးကြည့်နေသည်၊ သူ့လက်အစုံက ကားလက်ကိုင်ဘီးကို တင်းတင်းဆုပ်ကာထားသည်မို့ သွေးပင် ကောင်းကောင်း မလျှောက်တော့။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now