Chapter - 33

2.3K 279 9
                                    

Chapter – 33

ကျီပိုင်ရဲ့ ကိုယ်ခန ္ဓာ အလွန်အမင်း နွမ်းနယ်နေပြီမို့ .. သူ့မှာ အိပ်မက်ကမ္ဘာထဲပင် ရောက်နေပေပြီ။

သူ့ အိပ်မက်ထဲတွင် နေရောင်ခြည်ဖြာကျနေရာ မြေပြင်မှာ ရေကန်တစ်ကန်ရှေ့ရှိ ထီးရိပ်အောက်မှာ ထိုင်နေလေပြီး၊ သူ့ဘေးမှာတော့ ယိမ်းနွဲ့နေသော မြက်ပင်လေးများ နှင့်အတူ ငါးမြှားတံတစ်ချောင်း ရှိနေသည်။ သေးသွယ်သော မိန်းကလေးပုံရိပ်လေးက ခြေဖျားထောက်ကာ ဒူးကွေးထိုင်နေလေပြီး သူ့ခေါင်းက ကိုယ်ပေါ် ကိုင်းညွတ်နေကာ၊ သူ့ကျောပြင်ကိုသာ မြင်နေရစေ၏။ ထိုမိန်းကလေးက တစုံတရာ ပြုလုပ်နေပုံရပြီး တင်းတင်း .. တောင်တောင် .. ဟွားဟွား ..လားလား အသံများလည်း ထွက်လာနေသည်။ ဆူလိုက်တာ..

ခဏနေတော့ ထိုအမျိုးသမီးလေးက တဖြည်းဖြည်း ခေါင်းလှည့်ကြည့်လာကာ သူ့ထံ ကြီးမားသည့် တစ်ခုခုကို ပစ်ပေးလာ၏။ ငွေရောင် ငါးကြီးတစ်ကောင်..

"ဆရာ .. အမှုလိုက်ဖို့ အများကြီး ကြိုးစားခဲ့တယ်၊ ဒီမှာ ဆရာ့အတွက် ငါး.."

ရွှီရွှီ ငါးဖမ်းနေတာကိုး...

ငါးရဲ့ ကြေးခွံတွေက မိမိရဲ့လက်ပေါ် ပွတ်တိုက်သွားကာ စွတ်စိုသည့် ယားကျိကျိ အထိအတွေ့ကို ဖြစ်ပေါ်စေသည်။

ခေါင်းငုံ့ကာ လက်ထဲမှ သေလုဆဲ ငါးကို ကြည့်မိသည်၊ နောက် ရွှီရွှီဘက် ပြန်ကြည့်မိကာ ..

"ငါ ဒါကို မစားဘူး"

ရွှီရွှီက အံ့သြသွားပုံရကာ ခေါင်းလေးစောင်းပြီး ဇဝေဇဝါ ပြန်မေးလာ၏။

"ဘာလို့လဲ"

မိန်းကလေးရဲ့ နက်မှောင်ကာ တောက်ပနေလေတဲ့ မျက်ဝန်းဆီကို စေ့စေ့ကြည့်ကာ ပြန်ဖြေပေးလိုက်၏။

"ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ကိုပဲ စားချင်တာလေ၊ ငါ လည်း ငါးတော့ မစားချင်ပါဘူး"

"အို.."

သူ့ဘာသာလည်း တွေးနေမိသည်။ ..ရွှီရွှီ .. ဆရာက မင်းကို စားချင်တာ၊ ဒါလည်း သိပ်မကြာတော့ဘူး .. ဖြစ်လာတော့မှာ..

"ကပ္ပတိန်ကျီ .. မသွားသေးဘူးမလား ..၊ အမ် .. ဘာလို့ တံခါးက သော့ပိတ်ထားတာလဲ"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now