Chapter - 50

2.8K 245 8
                                    

Chapter – 50

အမျိုးသား သုံးဦးတို့ ထိုင်မိကြချိန်၊ ကျီပိုင် အချက်လှမ်းပြတာကို သိတဲ့ ရွှီရွီှက ပိုပြီး လုံလုံခြုံခြုံရှိတဲ့ အဝတ်မျိုး လဲဝတ်ဖို့ ထွက်သွားလေသည်။ သို့သော်လည်း ရွှီကျွမ်းရဲ့ အကဲဖြတ်စွမ်းရည် အပြည့်ရှိနေသော အကြည့်တို့အား ရှောင်လွှဲခြင်းငှာ မတတ်နိုင်။ သူက ဘာစကားမှ မပြောဘဲ ၊ ခပ်စူးစူး စိုက်ကြည့်နေသည်က သူ့အဝတ်များကို ဝတ်ဆင်ထားသော ကျီပိုင် ထံကိုသာ။

ခဏနေတော့ ရွှီရွှီ စိတ်ငြိမ်အောင် ထားပြီး ကျီပိုင်ကို ဖခင်နှင့် တရားဝင် မိတ်ဆက်ပေးရ၏။

"အဖေ .. ဒါက သမီးရဲ့ ချစ်သူ .. ကျီပိုင်ပါ။"

ကျီပိုင်က ချက်ချင်းပဲ လက်ဆန့်လိုက်ပြီး..

"ဟယ်လို .. အန်ကယ်.."

သူတို့ သုံးယောက်လုံး ဖေဖေရွှီ ကိုသာ ကြည့်နေမိကြသည်။

ဖေဖေရွှီကတော့ အိပ်ခန်းဆီမှ ရှုပ်ပွနေသည်ကို သတိမထားမိသကဲ့သို့ ကျီပိုင်ကို အတန်ငယ် ပြုံးပြကာ ခေါင်းဆတ်ပြလာသည်။

"ဟယ်လို .. မင်းက ရဲယူနစ်ထဲက ရွှီရွှီရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပဲဆို။"

ခုနတုန်းက အနေရခက်ဖွယ် ဖြစ်နေတဲ့ အနေအထားကြီးက ချက်ချင်းပင် ပြောင်းလဲလာကာ ကျီပိုင်သည်လည်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေနိုင်လာပြီ ဖြစ်သည်။ သည်တော့မှသာ ရွှီရွှီလည်း စိတ်အေးပြီး အကုန်လုံးအတွက် လက်ဖက်ရည် ပေးရန် ထွက်လာခဲ့လိုက်သည်။ ရွှီကျွမ်းကတော့ ညီမဖြစ်သူရဲ့ မျက်နှာထက်မှ ပြုံးပျော်ပျော် အမူအရာကို မြင်မိသည်မို့ သူ့ကိုယ်သူ ပြန်ထိန်းထားလိုက်ရသည်။

ရေနွေးတစ်အိုး ယူကာ ပြန်ရောက်လာချိန်တွင် သူ့အဖေက ကျီပိုင်ကို မေးနေသံ ကြားရသည်။

"အော် .. မင်းက ပေကျင်း က လာတာကိုး .. မိဘတွေက ဘာများ လုပ်ကိုင်ကြသလဲ"

ဒါသည် သူ့အဖေက သူများ၏ အတွင်းရေးကို နှိုက်နှိုက်ချွတ်ချွတ် သိချင်နေ၍ မဟုတ်၊ သို့သော်လည်း ယဉ်ကျေးသည့်မိသားစု အသိုင်းအဝိုင်းမှ လာသူ၊ ကြင်ကြင်နာနာ ချစ်တတ်သည့် ဖခင်တစ်ယောက်သာ ဖြစ်သည်မို့ သမီးဖြစ်သူ၏ လက်တွဲဖော်အကြောင်း ပိုသိချင်၍သာ ဖြစ်သည်။ ထို့ကြောင့် စကားကို ကွေ့ပတ်ပြောမနေတော့..

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now