Chapter - 39 (A)

2.5K 287 23
                                    

Chapter – 39 (a)

"တကယ်လို့ မင်း မြန်မာပြည်ထဲ ရောက်ခဲ့ရင် .. ရွှေစပါးအုံးကို သတိထားပါ။" ဒါက ယဲ့ဇီရှောက် ရွှီရွှီကို ပြောပြ သတိပေးချင်သည့် စကားလုံးများ ဖြစ်သည်။

ရွှေစပါးအုံး ဆိုသည်က မြန်မာနိုင်ငံထဲမှာ ရှိသည့် စပါးအုံးအကြီးစား မျိုးစိတ်တစ်ခု ဖြစ်သည်။ အကောင်အရွယ်အစားကြီးကာ၊ ရက်စက်ပြီး၊ အင်အားကြီးသလို အပြောက်အကွက် တွေကလည်း လှပလွန်းသည်။

သူ ပြောပုံအရဆိုလျှင် ရွှီရွှီကတော့ ထို ရွှေစပါးအုံး ဆိုသည့် ပစ်မှတ်သည် သတိပေးချက် တစ်ခုသာ ဖြစ်ပေလိမ့်မည်။ ရှင်းရှင်းလင်းလင်း ပြောသည် မဟုတ်သောကြောင့် ထိုအချက်က သံသယဝင်စရာ ဖြစ်နေသည်။

ရွှေစပါးအုံးဆိုသည်မှာ လူတစ်ယောက်၏ လျှို့ဝှက်အမည်သာ ဖြစ်လိမ့်မည်။ သို့ပေမဲ့ တရုတ်နှင့် မြန်မာကြားရှိ ဝေမျှထားသည့် သတင်းအချက်အလက်များ ထဲတွင်တော့ ရွှီရွှီ ဘာမှ ရှာမတွေ့မိ ..

ကျီပိုင်က ထိုသတင်းကို သူ့အထက်လူကြီးများထံ တင်ပြပြီးဖြစ်သည်၊ တရုတ်-မြန်မာ နယ်စပ်ရဲဌာနမှ ပြန်ဖြေပေးလာသည်က သူတို့လည်း ထိုအချက်ကို မသိပါ ဟူ၍..

နွေးထွေးသည့် နေရောင်နှင့် နူးညံ့သည့် လေပြေလေညှင်းများ တိုက်ခတ်နေသော တနင်္လာနေ့ မွန်းလွဲပိုင်းတွင် .. ရွှီရွှီကတော့ သူ့စားပွဲမှာပင် စာရွက်စာတမ်းများနှင့် အလုပ်များနေခဲ့သည်။

ရုတ်တရက် ဌာနဦးစီးမှုးမှ တွေ့ချင်သည်ဟု ဖုန်းဆက်ခေါ်လာသည်။

ဦးစီးမှုး၏ မျက်နှာမှာ ခပ်တည်တည် အသွင် ရှိနေပြီး၊ အလေးအနက် မျက်နှာထားဖြင့် ရွှီရွှီထံသို့ စာရွက်တစ်ထပ် ကမ်းပေးလာသည်။ ရွှီရွှီ ယူကြည့်လိုက်တော့၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မှုခင်းတပ်ဖွဲ့ တစ်ခု တည်ထောင်ခြင်းနှင့်၊ ပြည်သူ့လုံခြုံရေးဗျူရိုမှ ညွှန်ကြားချက် အချက်အလက်များ ဖြစ်နေသည်။

"အစ်ကိုကြီးလု .. နာမည်အရင်း ဇျောင်ရှောက်လု ၊ တရုတ်ပြည် အရှေ့မြောက် ဘက်ပိုင်းကပဲ" ဦးစီးမှုးက တည်တင်းနေတဲ့ မျက်နှာထားဖြင့် ပြောလာသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now