Chapter - 23

2.1K 294 3
                                    

Chapter (23)

"ရွှီရွှီ .. ငါ့ရဲ့ ချစ်သူကပဲ ငါ့ကို ချုပ်ကိုင်လို့ ရမှာ။ ငါ့ရဲ့ အလုပ်သင်တပည့်ကတော့ မရဘူးလေ" ဒီစကားကို ပြောပြီးနောက်၊ ကျီပိုင်က ရွှီရွှီရဲ့ တည်ငြိမ်မှုကို စူးစိုက်ကြည့်နေ၏။

ရွှီရွှီကလည်း သူ့ကို ပြန်ကြည့်လာကာ၊ နောက်တော့ ရှင်းလင်းတဲ့အဖြေမျိုး ပေးလာ၏။

"ကျမ ဆရာကို မချုပ်ကိုင်ထားချင်ပါဘူး"

ကျီပိုင်က ရွှီရွှီရဲ့ နူးညံ့၊ တောက်ပနေတဲ့ မျက်ဝန်းအစုံကို ကြည့်နေမိကာ၊ သူ့ရင်ထဲမှာ မကျေလည်မှုတစ်ခု လှိုက်တက်လာတာကို ခံစားသိနေရသည်။ သည်မိန်းကလေးက ရင်ထဲ ရှိတဲ့အတိုင်း ထုတ်ပြောတတ်သူမို့၊ သူ တကယ်ပဲ မိမိကို လုံးဝ စိတ်ဝင်စားမှု မရှိလို့သာ နေမှာပါ။

ဒီလို စိတ်ကသိကအောက် ဖြစ်စရာ အတွေးတွေက တဖြည်းဖြည်းချင်း လှိုက်တက်လာပြီး၊ ခံစားချက်မဲ့သည့် မျက်နှာထားဖြင့် ကိုင်ထားတဲ့ စီးကရက်ကို နောက်ထပ် တစ်ဖွာ ရှိုက်လိုက်သည်၊

မျှော်လင့်မထားစွာ၊ ရွှီရွှီက ဆက်ပြောလာသည်။

"ဆရာ .. ကျမက ဆရာ့ကို စိတ်ပူလို့ ပြောတာပါ"

ရွှီရွှီ ဒီစကားပြောလိုက်ချိန်မှာ သူ့အသွင်က အလေးအနက်ထားမှုနှင့် စိတ်ရင်းကို မြင်နေရစေသည်။ သူက ဒီလို မိမိရဲ့ စိတ်ရင်းကို စတင်ဖော်ထုတ် ပြောတာမျိုးကို နေသားမကျသေးပုံဖြင့် သူ့ရဲ့ ဖြူဝင်းတဲ့ အသားအရေမှာ နီမြန်းနေလေသည်။

ကျီပိုင် ခဏတာမျှ တိတ်ဆိတ်သွားမိပြီး၊ နောက်တော့ ရုတ်တရက် လှိုက်လှိုက်လှဲလှဲ ပြုံးမိသည်။

သူ့ စီးကရက်ကို ပြာခွက်ထဲ ထိုးချေကာ သည်မိန်းကလေးဘက် စွေကြည့်မိသည်။

"ဟုတ်ပြီလေ .. ငါ မင်းစကားကို နားထောင်ပါ့မယ်"

ရွှီရွှီသည်လည်း ခပ်ဖွဖွ ပြုံးလာကာ ခုနက စကားကို ထပ်ဖြည့်လာသည်။

"တကယ်တော့ စိတ်ဖိစီးမှု ဖြေလျော့တဲ့ နည်းလမ်းတွေ အများကြီး ရှိနေတာပဲ။ ဆေးလိပ်သောက်ပြီး ဖြေလျော့တယ်ဆိုတာက ကျန်းမာရေးနဲ့ မညီတဲ့ နည်းလမ်းကြီးပါ။ ဆရာလည်း ဒါကို သိမယ်ထင်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့က တကယ်တော့ သိပ်မခက်ပါဘူး"

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now