Chapter (40)

2.5K 268 22
                                    

Chapter – 40

နေရောင် ပူပူလောင်လောင်ကြောင့် ခြောက်သွေ့နေတဲ့ သစ်ပင်များနှင့် မြက်နွယ်များက လေအဝှေ့မှာ ငြိမ့်ညောင်းစွာ ယိမ်းနွဲ့သွားကြသည်။ မြင်နေရသည်က ကောင်းကင်နှင့် မြေပြင်ကြားဆီမှ အရောင် နှစ်ရောင် ရယ်သာ .. ဦးခေါင်းထက်မှာ အပြာနုရောင်လွင်လွင် .. ခြေအောက်မှာ လတ်ဆတ်တဲ့ စိမ်းမြ မြက်ခင်း..

ရထား တစ်စီး တောင်ကြောထဲမှ ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုနှင့်၊ တောရိုင်းဆန်မှုတို့ကို ကြွေးကြော်သံဖြင့် ထိုးဖောက်ခွင်း လာသည်။

ယနေ့သည် မြန်မာနိုင်ငံ သို့ စစ်ဆင်ရေး လာကြသည့်တပ်ဖွဲ့အတွက် ဒုတိယနေ့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်သို့ မနေ့က ရောက်ခဲ့ကြပြီးနောက်၊ တရုတ်နှင့် မြန်မာဘက်မှ တာဝန်ရှိသူများ စုစည်းတွေ့ဆုံခဲ့ ကြသည်။

တရုတ်ဘက်မှ ရည်ရွယ်ချက်မှာ အစ်ကိုကြီးလုကို ဖမ်းဆီးနိုင်ဖို့သာမဟုတ်၊ ထိုသူ ဦးစီး၊ဦးဆောင် ပြုနေသည့် နယ်စပ် ရာဇဝတ်ဂိုဏ်း တစ်ခုလုံးကိုပါ ဖမ်းဆီးရနိုင်ဖို့ ဖြစ်သည်။ ထို့ကြောင့် စစ်ဆင်ရေးအဖွဲ့အားလုံး ယနေ့မှာ ရထားတစ်စီးဖြင့် အစ်ကိုကြီးလု၏ ရာဇဝတ်ဂိုဏ်း ခိုလှုံနေရာ ကချင်ပြည်နယ်သို့ ထွက်ခွာလာခဲ့ကြတာ ဖြစ်သည်။

ကချင်ပြည်နယ် ဆိုသည်က တရုတ်ပြည်ထဲမှ ပြည်နယ်တို့ ကဲ့သို့ပင်၊ ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့ ရှိနေပြီး၊ လွတ်လပ်သည်။ ထို့ကြောင့် ရဲအရာရှိ နှစ်ယောက် ထပ်ဖြည့်ပေးရုံသာမက၊ ဗမာ့ တာဝန်ရှိသူများက အကြီးတန်း အရာရှိတစ်ယောက်ကို ဒီ စစ်ဆင်ရေး တပ်ဖွဲ့အား ကချင်ပြည်နယ်သို့ လိုက်လံ ပို့ဆောင်ပေးစေခဲ့သည်။ ထိုအရာရှိက စစ်ဆင်ရေးတပ်ဖွဲ့အား ပို့ဆောင်ရန် တပ်ရင်း ၂ ခု မှ စစ်သားများဖြင့် စီစဉ်ပေးလာသည်။

ရထားက မွန်းတည့်ချိန်မှာ ထွက်ခွာလာတာ ဖြစ်ပြီး၊ နောက်နေ့ မနက်မှာ ရောက်ရန် ခန့်မှန်းထားသည်၊ လက်ရှိမှာတော့ အရာရာက စီစဉ်ထားသည့်အတိုင်း ချောချောမွေ့မွေ့ ဖြစ်နေပေသည်။

အချိန်ကြာလာသည်နှင့်အမျှ ည ရောက်လာကာ၊ ရထားခုတ်မောင်းသည့် အသံသာ ကြားနေရတော့သည်။ အလင်းရောင်များ ဖျတ်ခနဲ၊ ဖျတ်ခနဲ လင်းလက်လာတော့မှ သူတို့ ကချင်ပြည်နယ် အစပ်နားကို ရောက်ပြီ ဖြစ်ကြောင်း သတိထားမိရသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now